← Chapters

ရွေးချယ်စရာနှစ်ခု

Vol. 107 Ch. 1600

ရွေးချယ်စရာနှစ်ခု

Vol. 107 Ch. 1600

ကြောင်ဖြူလေးသည် မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၏ ရင်ခွင်ထဲကနေ ရုန်းထွက်ချင်နေသည့်အလား သူမသည် မလှမ်းမကမ်းရှိ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ကြည့်နေ၏။

သို့သော်လည်း မျိုးနွယ်စုခေါင်းဆောင် ယွဲ့လောသည် သူမ၏ လက်ဖဝါးထဲသို့ ခွန်အားကို အနည်းငယ်ပို့လွှတ်လိုက်ရုံသာဖြစ်ပြီး ကြောင်ဖြူလေးက ဆတ်ခနဲ တုန်ယင်သွား၏။ သူမက နာကျင်သွားသည့်အမူအရာကို ပြသလာသော်လည်း အသံတစ်ချက်မထွက်ဘဲ အဲ့ဒါကို ကြိတ်ခံနေ၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးက တွေဝေသွားကြ၏။

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့သည် သူမ၏ ရင်ခွင်ထဲရှိ ကြောင်ဖြူလေးအကြောင်းကို ဘာကြောင့်ရုတ်တရက်ပြောလာသလဲ သူတို့က မသိရပေ။

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၏ ရင်ခွင်ထဲရှိ ကြောင်ဖြူလေးသည် သူ၏ တပည့်ကြီး ပေမင်ရွှယ်ဖြစ်ကြောင်းကို နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကသာ သိထားလေသည်။

သူသည် ကြောင်ဖြူလေးကိုတွေ့ခဲ့စဥ်က သူ၏ ရင်ထဲမှာ ဘာ့ကြောင့်ထူးဆန်းသည့် ခံစားချက်ရှိလာခဲ့သလဲ နောက်ဆုံးမှာ နားလည်သွား၏။

အကြောင်းမှာ ကြောင်ဖြူလေး သူ့ကိုကြည့်နေသောအကြည့်သည် ပေမင်ရွှယ် သူ့ကိုကြည့်ခဲ့ဖူးသောအကြည့်နှင့် တူညီနေသောကြောင့်ဖြစ်၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ မဟုတ်သောကြောင့် ပေမင်ရွှယ်ကို ချက်ချင်းမမှတ်မိနိုင်ခဲ့ပေ။

ဒါ့အပြင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် ရင်းနှီးသောအကြည့်တစ်ချက်နှင့် သူမကို ချက်ချင်းတန်းပြီး မှတ်မိနိုင်လိမ့်မည် မဟုတ်ပေ။

လောကမှာ တာအို ၆ မျိုး ရှိလေသည်။

ကောင်းကင်တာအို ၊ လူသားတာအို၊ အဆူရာတာအို ၊ တောကောင်တာအို ၊ ဆာလောင်တစ္ဆေတာအိုနှင့် ငရဲတာအိုတို့ဖြစ်၏။

တာအို ၆ ခုကြားမှာ ပထမ ၃ ခုက နူးညံ့သိမ်မွေ့ပြီး ကြင်နာမှုရှိလေသည်။ သူတို့ကို နားလည်ဆင်ခြင်နိုင်သည်နှင့် သူတို့က အဆင့်မြင့်နတ်ဘုရားစွမ်းအားများဖြစ်လာပေလိမ့်မည်။

နောက်ပိုင်းတာအို ၃ ခုကတော့ နတ်ဆိုးဆန်လေသည်။ သူတို့ကို နားလည်ဆင်ခြင်နိုင်သည်နှင့် သူတို့က သာမန်နတ်ဘုရားစွမ်းအားများဖြစ်လာပေလိမ့်မည်။

သူသည် ထိုတာအို ၆ ခုစလုံးကို နားလည်ဆင်ခြင်နိုင်ပြီး သူတို့ကို အတူတကွပေါင်းစည်းလိုက်မည်ဆိုလျှင် အဲ့ဒါက အန္တိမနတ်ဘုရားစွမ်းအား.. ပြန်ဝင်စားခြင်း လမ်းခြောက်သွယ် ဖြစ်လာပေလိမ့်မည်။

ပေမင်ရွှယ်ကို ကြောင်တစ်ကောင်အဖြစ်ပြောင်းလဲဖို့ မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့အသုံးပြုခဲ့သော နတ်ဘုရားစွမ်းအားက တောကောင်တာအိုမှာ ပါဝင်လေသည်။

အဲ့ဒါကို ထုတ်ဖော်လိုက်သည်နှင့် တောကောင်တာအိုသည် လူသားများကို အမျိုးမျိုးသောတောကောင်များအဖြစ် ပြောင်းလဲစေနိုင်လေသည်။

မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ယောက်သည် လူသားတာအို၏ အဆင့်မြင့်နတ်ဘုရားစွမ်းအားကို မထုတ်ဖော်ပေးသရွေ့ သူတို့ကို လူသားအဖြစ်ပြန်လည်ပြောင်းလဲပေးနိုင်လိမ့်မည် မဟုတ်ပေ။ သူတို့အနေဖြင့် သူတို့၏ ယခင်အခြေအနေကို ပြန်လည်ရရှိဖို့က ခဲယဥ်းပေလိမ့်မည်။

တောကောင်တာအိုသည် နတ်ဆိုးတာအိုများထဲမှ တစ်ခုဖြစ်ပြီး အလွန်တရာဆိုးယုတ်လေသည်။

ဒါ့အပြင်.. မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က မူလနတ္ထိတစ်ယောက်ကို ကိုယ်တိုင်တိုက်ခိုက်ခဲ့ခြင်းဖြစ်လေသည်။

အတိတ်ကာလတုန်းက ဆူဇီမိုသည် မူလနတ္ထိအဆင့်မှာရှိခဲ့စဥ်က သူရင်ဆိုင်ခဲ့ရသော အန္တရာယ်အများဆုံးအခြေအနေသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ အမဲလိုက်ခံရခြင်းဖြစ်ပြီး သူ၏ အသက်ကို ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရ၏။

သို့သော် ယခု... ပေမင်ရွှယ်သည် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရ၏။

ပေမင်ရွှယ်သည် ဤကပ်ဘေးကို သူ့ကြောင့် တွေ့ကြုံခဲ့ရခြင်းဖြစ်ကြောင်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ကောင်းကောင်းသိထားလေသည်။

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့က ကြောင်ဖြူလေး၏ ဂုတ်ကို ညင်သာစွာ ဆုပ်ကိုင်ထားပြီး ပြုံးစစဖြင့် ပြောလိုက်လေသည်။

“ဒီမူလနတ္ထိမိန်းကလေးကို ပေမင်ရွယ်လို့ ခေါ်တယ်ထင်တယ်... အထီးကျန်သိုင်းသခင် နင်သူ့ကို သိတယ်မလား”

“အာ...”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက တစ်စုံတစ်ရာမပြောရသေးခင်မှာပင် ရှောင်းယောင်က အံ့အားတသင့်ရေရွတ်လိုက်၏။

​ရှောင်းယောင်သည် မတ်တတ်ထရပ်ပြီး ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့ကို ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်လိုက်၏။ ယခုအချိန်မှာ သူသည် ရှေ့သို့ပြေးဝင်ပြီး သူမကို အရှင်လတ်လတ်ဝါးမျိုဖို့ထက် ဘာကိုမှ မလိုချင်တော့ပေ။

“နင်ဘာလုပ်နေတာလဲ... ပြန်ထိုင်နေ”

ယင်လန်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး ရှောင်းယောင်ကို နောက်သို့ ပြန်တွန်းပို့လိုက်၏။

“အစ်မ... အဲ့ဒီကြောင်ဖြူလေးကို ကယ်ရမယ်”

ရှောင်းယောင်က အသံတစ်ခုကို အလောတကြီးပို့လွှတ်လိုက်၏။

“အဲ့ဒီကြောင်ဖြူလေးကို အထိခိုက်ခံလို့ မရဘူး”

ယင်လန်က သူမ၏ ခေါင်းကို ခါယမ်းပြလိုက်၏။

“အဲ့ဒီကြောင်ဖြူလေးကို ဘေးကင်းလုံခြုံအောင် ကယ်ဖို့နေနေသာ အဲ့ဒီကြောင်ဖြူမရှိရင်တောင် ငါက မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့ကို အနိုင်မရနိုင်ဘူး”

ရှောင်းယောင်သည် စိုးရွံ့ထိတ်လန့်သော အမူအရာတစ်ခုနှင့်အတူ ပြောလိုက်လေသည်။

“အဲ့ဒါဆိုလည်း....ကလန်ခေါင်းဆောင်ကို အကူညီတောင်းကြည့်ပါလား... သူဆိုရင် ကြောင်ဖြူလေးကို သေချာပေါက်ကယ်တင်နိုင်လိမ့်မယ်”

“အလောတကြီးမလုပ်စမ်းပါနဲ့”

ယင်လန်ကပြောလိုက်၏။

“အခုချိန်မှာ... စိုးရိမ်ပူပန်သင့်ဆုံးသူက နင့်ရဲ့ဆရာပဲ... သူက အရမ်းကိုစွမ်းနေတယ်မလား... သူ့မှာ ဘာဝှက်ဖဲတွေရှိဦးမလဲ ကြည့်ရသေးတာပေါ့”

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၏စကားကို ကြားရပြီးနောက် ပေမင်ရွှယ်သည် အထီးကျန်သိုင်းသခင်နှင့် သေချာပေါက် တစ်နည်းတစ်ဖုံ ပတ်သက်နေမည်ဖြစ်ကြောင်း မျိုးနွယ်စုတစ်သောင်းမှသက်ရှိများက တဖြည်းဖြည်း နားလည်သဘောပေါက်လာကြ၏။

“ပေမင်ရွှယ်က ပေမင်ရှေးတော်ဝင်မိသားစုကနေ လာတဲ့ပုံပဲ... သူမက အထီးကျန်သိုင်းသခင်ရဲ့ တပည့်ကြီးပဲ”

“အား... ငါအခုမှတ်မိပြီ... မကြာသေးခင်နှစ်တွေက သိုင်းတာအိုကို ကျင့်ကြံထားတဲ့ ပြန်ဝင်စားမွန်းစတားတစ်ယောက် ပေါ်ထွက်လာပြီး သူမက အရမ်းကိုသန်မာတယ်... သူမက အထီးကျန်သိုင်းသခင်ရဲ့ အစစ်အမှန် အမွေအနှစ်ကို ဆက်ခံရရှိထားပြီလို့ ပြောကြတယ်”

“မျိုးနွယ်စုခေါင်းဆောင်ယွဲ့လော့က မူလနတ္ထိတစ်ယောက်ကို ကိုယ်တိုင်တိုက်ခိုက်လာတာ မထူးဆန်းတော့ဘူး”

“ပေမင်ရွှယ်က အခု... မျိုးနွယ်စုခေါင်းဆောင်ယွဲ့လော့ရဲ့လက်ထဲမှာ ရောက်နေပြီ... အထီးကျန်သိုင်းသခင်က သူမရဲ့အသက်ကို လျစ်လျူမရှုသရွေ့ သူက သတိကြီးကြီးထားပြီး အပေးအယူပြုလုပ်လာရတော့မယ်”

များစွာသော ကျင့်ကြံသူများက တီးတိုးပြောဆိုလိုက်ကြ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ခေါင်းညိတ်လိုက်၏။

“ပေမင်ရွှယ်က ငါ့ရဲ့တပည့်ကြီးပဲ”

“အို.... ဟုတ်လား”

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့က အံ့အားသင့်သွားသယောင် ဟန်ဆောင်လိုက်၏။

“ဘယ်လောက်တောင်တိုက်ဆိုင်လိုက်သလဲ”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အေးစက်နေသော အမူအရာဖြင့် မျိုးနွယ်စုခေါင်းဆောင်ယွဲ့လော့ကို တိတ်တဆိတ်သာ ကြည့်နေ၏။

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လောက အသံထွက်၍ ရယ်မောလိုက်၏။

“အထီးကျန်သိုင်းသခင်... ဒီမိန်းကလေးရဲ့ ပါရမီအရည်အချင်းက မဆိုးဘူး... အဲ့ဒါကြောင့် ငါက သူမကို မထိခိုက်စေချင်ဘူး... နင်က သူမကို ကာကွယ်ချင်တယ်ဆိုရင် ငါ့ရဲ့တောင်းဆိုမှုတချို့ကို လိုက်လျောပေးရလိမ့်မယ်”

“မပူပါနဲ့... ငါတောင်းဆိုမဲ့အခြေအနေက နင့်အတွက် အခက်မတွေ့စေရဘူး”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်၏။

မျိုးနွယ်စုခေါင်းဆောင်ယွဲ့လော့က ပြုံး၍ ဆက်ပြောလိုက်၏။

“ကဲ ဒီလိုလုပ်လေ... ငါက နှလုံးသားမရှိဘူးလို့တော့ မပြောလိုက်နဲ့... ငါက နင့်ကို ရွေးချယ်စရာနှစ်ခုပေးလိုက်မယ်... နင်က အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုရွေးမလား... နင့်ရဲ့တပည့်ကိုရွေးမလား... နင်က တစ်ခုပဲ ရွေးလို့ရတယ်”

ထိုသို့ပြောပြီးနောက် လူအုပ်ကြီးထဲမှ ရုတ်ရုတ်သဲသဲအသံများ ထွက်ပေါ်လာ၏။

“သူက ဘယ်လိုရွေးချယ်ရမှာလဲ... အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ကျင့်ကြံဖို့ဆိုတာ လွယ်တာမဟုတ်ဘူး... သူက ဘိုးဘေးအဆင့်ကို တင်လှမ်းတော့မယ်... နောက်ပြီး အဲ့ဒါက ဖန်တီးခြင်းကြာပဒုမ္မာပဲ သူက အဲ့ဒါကို ဘယ်လိုလက်လွှတ်နိုင်မှာလဲ”

“ဒါပေမဲ့... သူက အဲ့ဒါကို လက်မလွှတ်လိုရင် သူ့ရဲ့တပည့်ကြီးက သေရလိမ့်မယ်... အထီးကျန်သိုင်းသခင်က အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို ရွေးချယ်မယ်ဆိုရင် သူက သူ့ရဲ့တပည့်အတွက် စိတ်ထဲမှာ မလုံမလဲခံစားနေရလိမ့်မယ်... သူက ပေမင်ရွှယ်ကို မသတ်ခဲ့ပေမဲ့ သူမက သူ့ကြောင့် သေသွားရတာဖြစ်သွားလိမ့်မယ်”

“အဲ့ဒါက အရမ်းကိုယုတ်မာကောက်ကျစ်တဲ့ လှုပ်ရှားကွက်ပဲ... အထီးကျန်သိုင်းသခင်က ဒုက္ခနွံထဲမှာ သူမကို ထားရစ်ခဲ့မယ်ဆိုရင်... သူ့ရဲ့တာအိုနှလုံးသားက ယိမ်းယိုင်သွားလိမ့်မယ်”

“အထီးကျန်သိုင်းသခင်က သူ့ရဲ့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ပျက်စီးခံမလား... သူ့ရဲ့ တာအိုနှလုံးသားကို ဖျက်ဆီးခံမလား ရွေးချယ်ရမလိုဖြစ်နေပြီ”

ဘေးကနေ ရပ်ကြည့်နေသူများသည် မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၏ ယုတ်မာကောက်ကျစ်သော စိတ်ကူးအကြံစည်ကို ပြောနိုင်လေသည်။

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၏ ရင်ခွဲထဲရှိ ကြောင်ဖြူလေးက ရုတ်တရက် ရုန်းကန်လှုပ်ရှားလာ၏။

မျိုးနွယ်စုခေါင်းဆောင်ယွဲ့လော့က သူမ၏ လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်လိုက်လျှင်တောင် ကြောင်ဖြူလေးက ဂရုစိုက်ခြင်းမရှိဘဲ ပြတ်သားသောအကြည့်နှင့်အတူ သူမ၏ အစွမ်းကုန်ရှိသမျှနှင့် ရုန်းကန်လှုပ်ရှားနေ၏။

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၏ လက်သည်းများက ရှည်လျားလေသည်။

ကြောင်ဖြူလေးက ရုန်းကန်လှုပ်ရှားလာသောအခါ သူမ၏ လက်သည်းများက ကြောင်ဖြူလေး၏ ခန္ဓာကိုယ်ထဲသို့ နစ်ဝင်သွားပြီး သွေးများကို စီးထွက်လာစေ၏။

၎င်း၏ နှင်းဖြူရောင်သားမွေးများက သွေးများဖြင့် နီစွေးသွားလေသည်။ သို့သော်လည်း ကြောင်ဖြူလေးသည် မည်သည့်နာကျင်မှုကိုမှ မခံစားရသည့်အလား ၎င်း၏ အစွမ်းကုန်ရှိသမျှဖြင့် ရုန်းကန်လှုပ်ရှားနေဆဲ ဖြစ်၏။

၎င်းက ပိုမိုရုန်းကန်လေလေ သွေးများက ပို၍ စီးကျလာလေလေဖြစ်၏။

သို့သော်လည်း သူမက ရပ်တန့်ဖို့ကို ငြင်းဆန်လေသည်။

မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ လက်ဖဝါးထဲမှာ ဤကြောင်ဖြူလေး၏ ခွန်အားက အရေးမပါအရာမရောက်ဟုထင်ရလေသည်။ သို့သော်လည်း သူမက လက်မလျှော့လိုဘဲ မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၏ လက်ဖဝါးကို ကိုက်လိုက်လေသည်။

သူမ၏ သွားများက ကျိုးသွားမည်ဆိုလျှင် ကုတ်ခြစ်ဖို့အတွက် သူမ၏ လက်သည်းများကို အသုံးပြုရပေလိမ့်မည်။

သူမ၏ လက်သည်းများက ပျက်စီးသွားမည်ဆိုလျှင် ပစ်တိုက်ဖို့အတွက် သူမ၏ ဦးခေါင်းကို အသုံးပြုရပေလိမ့်မည်။

“အား...”

ကျင့်ကြံသူတစ်ယောက်က သက်ပြင်းချလိုက်၏။

“ပေမင်ရွှယ်ရဲ့စိတ်ဓာတ်က ဒီလောက်ထိတောင် မာကြောနေတာပဲ... သူမက အသေပဲခံမယ်... အထီးကျန်သိုင်းသခင်ကို ဒုက္ခမရောက်စေချင်တဲ့ပုံပဲ”

“စီနီယာအစ်မ...”

ရှောင်းယောင်က မတ်တတ်ထရပ်ပြီး သူ၏ အမြင်အာရုံက တဖြည်းဖြည်းဝေဝါးလာကာ အာမေဋိတ်သံတစ်ခုကို အလိုလိုထုတ်ဖော်လိုက်၏။

ရုန်းကန်လှုပ်ရှားနေသော ကြောင်ဖြူလေးကိုကြည့်ရင်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ မျက်လုံးများထဲမှ စိတ်နှလုံးပူဆွေးမှုနှင့် နာကျင်ခံစားရသည့်ပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၏ စိတ်နှလုံးထဲသို့ မသက်မသာခံစားချက်တစ်ခုက တလိပ်လိပ်တိုးဝင်လာ၏။

သူမ၏ ရင်ခွင်ထဲရှိ ကြောင်ဖြူလေးကလည်း အဆက်မပြတ်ရုန်းကန်လှုပ်ရှားနေသည့်အတွက် သူမသည် စိတ်ထဲမှာ မချင့်မရဲခံစားလာရ၏။ သူမ၏ အပြုံးက ပျောက်ကွယ်သွားပြီး သူမ၏ အမူအရာက အေးစက်လာခဲ့၏။

“အထီးကျန်သိုင်းသခင်... ငါနင့်ကို ရွေးချယ်စရာနှစ်ခု ပေးခဲ့ပြီးပြီ... အဲ့ဒါက ခက်ခဲတဲ့ရွေးချယ်မှုတစ်ခုမဟုတ်ဘူး... ဘာကိုစွန့်လွှတ်မလဲဆိုတာကတော့ နင့်အပေါ်မှာပဲမူတည်တယ်... ငါ့ရဲ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်နော်”

သူမက အေးစက်စွာပြောလိုက်၏။

“ဒီကြောင်က ငါ့ကိုဆက်ပြီးစိတ်တိုအောင်လုပ်နေမယ်ဆိုရင်... ငါသူ့ကို သတ်ပစ်လိုက်တော့မယ်”

“ငါ့ရဲ့တပည့်အနေနဲ့ ပေမင်ရွှယ်က မရေမတွက်နိုင်တဲ့ ဆင်းရဲဒုက္ခတွေနဲ့ အန္တရာယ်တွေကို သေချာပေါက်တွေ့ကြုံခံစားရလိမ့်မယ်... ငါသူ့ကိုအရင်ထဲက ပြောခဲ့ပြီးသားပဲ”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက နောက်ဆုံးမှာပြောဆိုလာခဲ့၏။

“ဒါပေမဲ့... အဲ့ဒီဆင်းရဲဒုက္ခတွေက... သိပ်ပြီးတော့ အလွန်အကျူးဖြစ်လို့မရဘူး... ယွဲ့လော့ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်အနေနဲ့ နင်က မူလနတ္ထိတစ်ယောက်ကို ကိုယ်တိုင်တိုက်ခိုက်ခဲ့တယ် အဲ့ဒါက စည်းကျော်လာခဲ့တာပဲ”

“ငါက နင်ပေးတဲ့ ဘယ်ရွေးချယ်မှုကိုမှ မလိုချင်ဘူး”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက မျိုးနွယ်စုခေါင်းဆောင်ယွဲ့လော့ကိုကြည့်ပြီး ခဏမျှရပ်တန့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါ့မှာ တတိယမြောက်ရွေးချယ်မှုရှိတယ်”

All Chapters