ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်
Vol. 107 Ch. 1601
သူ့စကားမဆုံးသေးခင်မှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ နောက်ဘက်တွင် တောင်ပံတစ်စုံက ပေါ်ထွက်လာ၏။
တောင်ပံတစ်စုံသည် နတ်ဖီးနစ်၏ တောင်ပံများကဲ့သို့ဖြစ်ပြီး မီးတောက်များဖြင့် လောင်ကျွမ်းနေ၏။ မြားတစ်စင်းကဲ့သို့ ငှက်မွေးတစ်တောင်ချင်းစီသည် ကြည်လင်ဝင်းလက်သောအရောင်အဝါတစ်ခုနှင့်အတူ လောင်ကျွမ်းနေလေသည်။
အခြားသောတောင်ပံတစ်စုံက ပို၍ပင်ကြီးမားပြီး ကျိန်းစပ်နေသော ရွှေရောင်အလင်းများဖြင့် တောက်ပနေကာ ဧရာမရွှေငှက်၏ တောင်ပံများနှင့် အတိအကျတူညီနေ၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက နေရာကနေ ချက်ချင်းပင် ပျောက်ကွယ်သွား၏။
ရွှေရောင်အလင်းတစ်ချက်က ဖျတ်ခနဲလက်သွား၏။
၎င်းပြန်လည်ပေါ်ထွက်လာသောအခါ အဲ့ဒါသည် မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
အဲ့ဒါက အရမ်းကို မြန်ဆန်လွန်းလေသည်။
မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့က ကြိုတင်ပြင်ဆင်ထားသည်ဆိုလျှင်တောင် ထိုအမြန်နှုန်းသည် သူမမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့ပြီဖြစ်၏။
“နင်က အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို မစွန့်လွှတ်ချင်ဘူးဆိုမှတော့... နင့်ရဲ့အကြီးဆုံးတပည့်က နင့်ကြောင့်သေရတာပဲ”
မျိုးနွယ်စုခေါင်းဆောင်ယွဲ့လော့က အော်ငေါက်ပြီး သူမ၏ လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်ကာ သူမ၏ ရင်ခွင်ထဲရှိ ကြောင်ဖြူလေးကို သတ်ဖြတ်ချင်လေသည်။
“ငြိမ်သက်စမ်း”
သွေးနီရွှေရောင်အလင်းက ဆင်းသက်လာသည့်ခဏမှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အသံက ပေါ်ထွက်လာ၏။
ထူးဆန်းသော နတ်ဘုရားစွမ်းအားတစ်ခုက မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့ပေါ်သို့ ဆင်းသက်လာခဲ့၏။
ထိုနတ်ဘုရားစွမ်းအားသည် ဘိုးဘေးအဆင့်သို့ ဝင်ရောက်ပြီးနောက် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ နားလည်ဆင်ခြင်နိုင်ခဲ့သော သာမန်နတ်ဘုရားစွမ်းအား တစ်ခုမျှသာဖြစ်၏။
ထိုနတ်ဘုရားစွမ်းအားပေါ် သူ၏ ထိုးထွင်းသိမြင်မှုသည် ဆေဘာဧကရာဇ်၏ အမွေအနှစ် တည်ငြိမ်ပင်လယ်ကျမ်းမှလာခြင်း ဖြစ်လေသည်။
တည်ငြိမ်ပင်လယ်၏ ဆေဘာစိတ်ဆန္ဒတွင် နတ်ဘုရားစွမ်းအားတစ်ခုပါဝင်လေသည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ဘိုးဘေးအဆင့်သို့ တက်လှမ်းလာခါစဖြစ်ပြီး သူအရင်ဆုံး နားလည်ဆင်ခြင်မိသည်မှာ ထိုနတ်ဘုရားစွမ်းအား၏ အပေါ်ယံအကျဆုံးဖြစ်သော ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်ဖြစ်လေသည်။
“ဟမ့်...”
မျိုးနွယ်စုခေါင်းဆောင်ယွဲ့လော့၏ အမူအရာက ပြောင်းလဲသွား၏။
ထိုနတ်ဘုရားစွမ်းအားသည် သူမ၏ ခန္ဓာကိုယ်ကို ချုပ်နှောင်နိုင်ပြီး သူမက လုံးဝမလှုပ်ရှားနိုင်တော့ပေ။
သို့သော်လည်း ထိုနတ်ဘုရားစွမ်းအားသည် သန်မာခြင်း မရှိပေ။
သူမသည် တစ်ခဏချင်းမှာပင် ထိုနတ်ဘုရားစွမ်းအား၏ လွှမ်းမိုးမှုအောက်ကနေ ရုန်းထွက်နိုင်လေသည်။ သို့သော်လည်း ပြဿနာမှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက အလွန်တရာနီးကပ်နေခြင်းဖြစ်၏။
မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့ကဲ့သို့ ပကတိမဟာယာနတစ်ယောက်ကို နေရာမှာပင် မလှုပ်မယှက်နိုင်အောင် ချုပ်နှောင်ထားနိုင်လိမ့်မည်ဟု နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက မျှော်လင့်မထားပေ။
သူလိုချင်သည်မှာ ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်ဖြင့် မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့ကို တဒင်္ဂမျှ ချုပ်နှောင်ထားဖို့ဖြစ်၏။
ပညာရှင်များကြားတိုက်ပွဲတွက် တဒင်္ဂက အရာရာကိုဆုံးဖြတ်ပေးနိုင်လေသည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာအတွက်တော့... ဤတဒင်္ဂသည် ပေမင်ရွှယ်၏ အသက်ကို ကာကွယ်ပေးနိုင်ရုံသာမက မျိုးနွယ်စုခေါင်းဆောင်ယွဲ့လော့ကိုပါ သတ်ဖြတ်နိုင်လေသည်။
ပကတိမဟာယာနအဆင့်သို့ ကျင့်ကြံထားနိုင်သည်နှင့်အမျှ မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့သည် ကိုင်တွယ်ရလွယ်ကူသော တစ်စုံတစ်ယောက်မဟုတ်ဘဲ ဤပြဿနာက ဘယ်လောက်ကြောက်စရာကောင်းသလဲ ချက်ချင်းပင် နားလည်သဘောပေါက်သွား၏။
သူမသည် အမှားတစ်ခုကို ကျူးလွန်မိသွားပြီး စဦးအရေးနိမ့်သွားသည်ကို သိရှိနားလည်လိုက်၏။
သူမသည် ပေမင်ရွှယ်ကို သတ်ဖြတ်မည်ဆိုလျှင် သူမက အသက်ရှင်ဖို့အတွက် အခွင့်အရေးတစ်ခုရှိချင်မှရှိပေတော့မည်။
မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၏ တုံ့ပြန်မှုက အလွန်တရာမြန်ဆန်ပြီး သူမ၏ ခန္ဓာကိုယ်ကိုပင် စွန့်ခွာလိုက်လေသည်။ သူမ၏ အမြုတေစိတ်ဝိညာဥ်က သူမ၏ ခန္ဓာကိုယ်ကနေ ထွက်ခွာပြီး အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ အဝေးသို့ ပြေးထွက်လိုက်၏။
ဘန်း...
သူမ၏ အမြုတေစိတ်ဝိညာဥ်က သူမ၏ ခန္ဓာကိုယ်ကနေ ထွက်ခွာလိုက်သည့်ခဏမှာပင် သူမ၏ ခန္ဓာကိုယ်သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ပစ်တိုက်ခြင်းခံရပြီး အပိုင်းပိုင်းကြေမွပျက်စီးကာ လတ်ဆတ်သောသွေးများက ပြန့်ကျဲသွား၏။
သူမ၏ အမြုတေစိတ်ဝိညာဥ်က အနည်းငယ်နှေးကွေးသွားမည်ဆိုလျှင် သူမသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ သတ်ဖြတ်ခြင်းကို ခံရနိုင်လေသည်။
မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၏ အမြုတေစိတ်ဝိညာဥ်က အဝေးသို့ပြေးထွက်သွားပြီး သူမ၏ စိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်လိုက်၏။ တစ်ခဏချင်းမှာပင် သူမသည် ပျက်ယွင်းနေသော အမူအရာတစ်ခုနှင့်အတူ သူမ၏ ခန္ဓာကိုယ်ကို နောက်တစ်ဖန် ဆင့်ခေါ်လိုက်၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သူမကို သတ်ဖြတ်ဖို့အတွက် အလောတကြီးရှိမနေပေ။ ထိုအစား... သူက ကြောင်ဖြူလေးကို ဂရုတစိုက်ပွေ့ယူလိုက်၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ စိတ်ဝိညာဥ်အသိစိတ် လှုပ်ရှားသွားသည့်ခဏမှာပင် ပေမင်ရွှယ်ပေါ်ရှိဒဏ်ရာက မြင်နိုင်သော နှုန်းထားဖြင့် သက်သာပျောက်ကင်းလာ၏။
သို့သော်လည်း ပေမင်ရွှယ်ကို သူမ၏ လူသားသွင်ပြင်သို့ ပြန်လည်ရောက်ရှိစေဖို့ နည်းလမ်းများ သူ့မှာမရှိပေ။
တောကောင်တာအိုကို ထုတ်ဖော်လိုက်သည်နှင့် အဲ့ဒါက ပြန်လည်အစားမရနိုင်ပေ။
လူသားတာအို၏ နတ်ဘုရားစွမ်းအားမရှိဘဲ အဲ့ဒါကို ချေဖျက်နိုင်မည့်နည်းလမ်း မရှိပေ။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ကြောင်ဖြူလေးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး မလုံမလဲခံစားနေရ၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ရင်ထဲရှိမလုံမလဲခံစားချက်နှင့် သူ့ကိုယ်သူအပြစ်တင်နေမှုကို အာရုံခံမိသည့်အလား ကြောင်ဖြူလေးက သူမ၏ ခေါင်းကိုငုံ့ပြီး သူ၏ လက်ဖဝါးကို ပွတ်သပ်နေ၏။
“ဒီမှာရှိတဲ့လူတိုင်းပဲ... ခင်ဗျားတို့တွေထဲ ဘယ်သူကများ လူသားတာအို အဆင့်မြင့်နတ်ဘုရားစွမ်းအားကို သိရှိထားသလဲ... ကျုပ် အထီးကျန်သိုင်းသခင်က ဒီမျက်နှာသာပေးမှုကို သေချာပေါက်မှတ်ထားပါ့မယ်”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး ကျယ်လောင်စွာမေးလိုက်၏။
မည်သူကမှ ပြန်မဖြေကြပေ။
တာအို ၆ ခု နတ်ဘုရားစွမ်းအားများကို ဗုဒ္ဓကျောင်းတော်များ၏ နတ်ဘုရားစွမ်းအားအဖြစ် သတ်မှတ်နိုင်ပြီး ဗုဒ္ဓကျောင်းတော်များ၏ နက်ရှိုင်းသောအခြေခံအုတ်မြစ်မရှိပဲ အဲ့ဒါကို နားလည်ဆင်ခြင်နိုင်ဖို့ ခဲယဥ်းလေသည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ညင်သာစွာ ပြောလိုက်၏။
“ပေမင်... ငါ့ရဲ့အစွမ်းအစက အခုချိန်မှာ အကန့်အသတ်ရှိနေတယ်... ငါက နင့်ကိုပြန်ပြီးတော့ အသွင်ပြောင်းမပေးနိုင်သေးဘူး”
“ဒါပေမဲ့... ဘာမှမပူနဲ့ နင့်ကို အနိုင်ကျင့်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် နင့်ရဲ့ဒေါသတွေကို ဖြေဖျောက်နိုင်ဖို့ ငါကူညီပေးနိုင်တယ်”
ထိုသို့ပြောရင်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့ဘက်သို့လှည့်ကာ အေးစက်စွာဖြင့်ပြောလိုက်၏။
“ခွေးမ... နင်ဘယ်လိုတောင် လုပ်ရဲတာလဲ”
ရွှစ်...
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ရှေ့သို့ခုန်တက်ပြီး သူ၏ တောင်ပံလေးဖက်ကိုခတ်ကာ မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့ရှိရာသို့ ပြေးဝင်သွားလေသည်။
“တာအိုရောင်းရင်း ဖေးသွမ်... တာအိုရောင်းရင်း ရှုကျင်း ကျွန်မကိုကူကြဦး”
မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့သည် ထိတ်လန့်သွားပြီး ချက်ချင်းပင် အကူညီတောင်းလိုက်လေသည်။
မျိုးနွယ်စုခေါင်းဆောင် ရှုကျင်း၏ အကြည့်က တဖျတ်ဖျတ်လက်သွားပြီး ရှေ့သို့တက်လှမ်းခြင်းမရှိဘဲ နေရာမှာပင် မတ်တတ်ရပ်နေ၏။
တစ်ဘက်မှာတော့ မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်သည် များစွာစဥ်းစားတွေးတောခြင်းမရှိဘဲ... သူ၏ မူပိုင်ဓမ္မလက်နက်ကို ဆင့်ခေါ်ကာ ကူညီဖို့အတွက် ပြင်ဆင်လိုက်၏။
ထိုစဥ်မှာပင် ကောင်းကင်က မှောင်မည်းသွားပြီး ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုက ဆင်းသက်လာကာ ပဟေဠိနန်းတော်၏ ကောင်းကင်ထက်ကို လွှမ်းခြုံသွားလေသည်။
မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်က အလိုလိုမော့ကြည့်လိုက်၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ပျောက်ကွယ်သွားခဲ့လေပြီ။
သူ၏ နေရာတွင် နဂါးတစ်ကောင်၏ ဦးခေါင်းနှင့် ဖီးနစ်တစ်ကောင်၏ အမြီးပါရှိသော အလွန်ကြီးမားသည့် ဗီဇမျိုးကွဲသားရဲတောကောင်တစ်ကောင်က ရောက်ရှိလာ၏။ ၎င်း၏ ခန္ဓာကိုယ်သည် ချစ်ချစ်တောက်ပူလောင်သော ရွှေရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး ၎င်း၏ လက်သည်းများက အလွန်တရာ ထက်ရှနေ၏။
ထိုသားရဲတောကောင် ဆင်းသက်လာပြီးနောက် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် ထိန်းချုပ်မရနိုင်သော အကြောက်တရားတစ်ခုကို ခံစားလာရပြီး တဆတ်ဆတ်တုန်ယင်သွားကြ၏။
ထိုအော်ရာသည် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးကို မှင်တက်သွားစေဖို့ လုံလောက်လေသည်။
မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီနှင့် အခြားလေးယောက်ပင်လျှင် သူတို့မျက်လုံးထဲရှိ နက်ရှိုင်းသောအကြောက်တရားနှင့်အတူ တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်က ရှေ့သို့ပြေးဝင်တော့မည်ရှိစဥ်မှာပင် သူက ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရ၏။ သူ၏ ခြေလက်များက ပျော့ခွေသွားပြီး သူ၏ အသံက တုန်ယင်စွာ ထွက်ပေါ်လာ၏။
“တ..တဗူး... န..နဂါးဖီးနစ် “
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အစောပိုင်း မဟာယာနအဆင့်မှာသာရှိလေသည်။
သူ၏ တိုက်ခိုက်ရည်ခွန်အားအရ သူ့အနေဖြင့် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို တိုက်ခိုက်ဖို့က မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ သို့သော်လည်း တဗူးများအပေါ် အကြောက်တရားက သူ၏ အရိုးထဲထိ စွဲထင်နေခဲ့သည်မှာ ကြာခဲ့လေပြီ။
သူမပြောနှင့် ကမ္ဘာဦးမျိုးနွယ်များမှ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များပင်လျှင် ကမ္ဘာဦးတဗူးကိုတွေ့မြင်သောအခါ ကြောက်ရွံ့မှုဖြင့် အလိုလိုနောက်သို့ဆုတ်လိုက်ကြ၏။
ထိုအခိုက်အတန့်မှသာလျှင် အထီးကျန်သိုင်းသခင်၏ အစစ်အမှန်ခန္ဓာက နဂါးအစစ်အမှန်ခန္ဓာမဟုတ်ဘဲ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာဖြစ်သည်ကို မျိုးနွယ်စုတစ်သောင်းရှိ သက်ရှိများအားလုံးက နားလည်သဘောပေါက်သွားကြ၏။
ဒီဘက်မျိုးဆက်တွင် ကမ္ဘာဦးတဗူးနှစ်မျိုးက မွေးဖွားပေါ်ထွက်လာခဲ့လေပြီ။
မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ၌ ကမ္ဘာဦးတဗူးသုံးမျိုးစလုံးရှိနေသည်ကို လူတချို့ကလွဲလျှင် အခြားသောသူများက မသိရှိကြသေးပေ။
တဗူးနဂါးဖီးနစ်၏ ကျောပေါ်တွင် ကျေးခွံတချို့က ထောင်ထနေပြီး ဘေးပတ်လည်ရှိ မီးတောက်များကို သွေဖယ်စေဖို့အတွက် စက်ဝိုင်းသဏ္ဌာန်ဖြစ်ပေါ်နေသည်ကို မျက်စိစူးသော ကျင့်ကြံသူများက တွေ့မြင်လိုက်လေသည်။
ထိုစက်ဝိုင်းထဲမှာ ကြောင်ဖြူလေးတစ်ကောင်ရှိလေသည်။ အဲ့ဒါက အထီးကျန်သိုင်းသခင်၏ တပည့်ကြိး ပေမင်ရွှယ်ဖြစ်လေသည်။
“ပေမင်ရွှယ်က တောကောင်တစ်ကောင်အဖြစ်ပြောင်းလဲသွားရတယ်ဆိုရင်တောင် အဲ့ဒါက ထိုက်တန်ပါတယ်”
“အမှန်ပဲ... ဒီလောကမှာ ဘယ်သူကများ တဗူးနဂါးဖီးနစ်ရဲ့ကျောပေါ်ကို တက်စီးနိုင်မှာလဲ”
များစွာသောသက်ရှိများက ရေရွတ်ပြောဆိုလိုက်ကြ၏။
မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်သည် တဗူးနဂါးဖီးနစ်၏ မူလဇာစ်မြစ်ကို မှတ်မိသိရှိသွားပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ စိတ်အာရုံကို ဆွဲဆောင်မိသွားမှာစိုးသည့်အတွက် သူက ခိုးကြောင်ခိုးဝှက်ဖြင့် နောက်သို့ဆုတ်လိုက်၏။
တိုက်ပွဲနယ်မြေတွင် မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၏ ဘေးမှာ တခြားမည်သူမှ မရှိတော့ပေ။
ထိုအခိုက်အတန့်တွင် မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၏ မျက်နှာကလည်း ဖြူဖပ်ဖြူရော်ဖြစ်လာခဲ့၏။
သူမသည် ဤမျှထိကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုကို ရန်စမိသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
“အထီးကျန်သိုင်းသခင်... ဒီနေရာမှာ နားလည်မှုတချို့လွဲသွားတာဖြစ်မှာပါ”
မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့က ကြိုးစား၍ ပြုံးပြပြီး ရှင်းပြဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားလိုက်လေသည်။ စောစောက သူမ၏ လွှမ်းမိုးခြယ်လှယ်မှုနှင့် ယုံကြည်မှုတို့က ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့လေပြီ။
“နင်ငါ့ကို ဘာမှရှင်းပြနေစရာ မလိုဘူး”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက အေးစက်စွာပြောလိုက်၏။
ရုတ်တရက် သူ၏ ပါးစပ်ကိုဖွင့်ဟပြီး သွေးနီရောင်မီးတောက်များကို ထွေးထုတ်လိုက်၏။
အတိအကျဆိုရလျှင် ထိုအရာများက မီးတောက်များမဟုတ်တော့ဘဲ သွေးနီရောင်ချော်ရည်များဖြစ်လေသည်။
ထိုပင်ကိုနတ်ဘုရားစွမ်းအားက ဆင့်ကဲပြောင်းလဲလာပြီးနောက် နဂါးဖီးနစ်မီးတောက်များသည် ပို၍ပင်ကြောက်စရာကောင်းလာခဲ့ပြီဖြစ်ပြီး မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့ပေါ်သို့ ကျဆင်းလာသော တရုန်းရုန်းထကြွနေသည့် ချော်ရည်ပူများအဖြစ် ပြောင်းလဲသွားလေသည်။