← Chapters

စိတ်အေးသက်သာခြင်း

Vol. 48 Ch. 663

စိတ်အေးသက်သာခြင်း

Vol. 48 Ch. 663

အစကနေ အဆုံးထိ အရိုးစုသည် အရှေ့တိုင်းဧကရာဇ်ထိုက်ရိကို အလေးအနက်မှတ်ယူခြင်း မရှိခဲ့ပါ။

ရှေးဉီးကမ္ဘာလောကကြီးအတွင်း၌ သူတော်စင်များအကြား၌ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သည့်အပြင် ရှေးယခင်က ဧကရာဇ်တစ်ပါးဖြစ်ခဲ့သည့် အရှေ့တိုင်းဧကရာဇ်ထိုက်ရိသည် မခံသာနိုင်လောက်အောင် မောက်မာထောင်လွှား၏။ လက်ရှိအချိန်၌ သူသည် သုခဘုံနတ်ဘုရား အထွတ်အထိပ်၌သာ ရှိနေသော်လည်း ကောင်းကင်ကိုယ်စားလှယ်တစ်ဉီးဖြစ်သော အရိုးစုကို အထင်အမြင်သေးနေဆဲဖြစ်၏။

အရိုးစု၏မျက်ဝန်းများသည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အကြီးမြတ်ဆုံး ပုဂ္ဂိုလ်အပေါ်၌ ကျရောက်လျက်ရှိသည်။

"အဟက်!"

အရိုးစုသည် အရှေ့တိုင်းဧကရာဇ်ထိုက်ရိနှင့် ဆက်လက်၍ စကားမပြောချင်တော့ပါ။

အရည်မရ အဖတ်မရစကားများကို ဆက်လက်ပြောဆိုနေခဲ့လျှင် သူ၏တိုက်ပွဲဝင် စိတ်ဝိညာဉ်နှင့် စိတ်အစဉ်က အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအင်အောက် ကျရောက်သွားမှာကို စိုးရိမ်နေမိသည်။ သူက အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏အရှိန်အဝါများက ပိုမိုသန်စွမ်းလာခဲ့သည်။

ကျောက်စိမ်းဖြူနန်းတော်ကြီးအတွင်းရှိ လေထုအခြေအနေသည် အင်မတန် လေးလံလာခဲ့သည်။ ဝမ်ဖုန်းနှင့် အခြားသူများသည် အသက်ကို ဝအောင်မရှုနိုင်တော့ပါ။

အရိုးစု၏မီးခိုးရောင်နှင့် အဖြူရောင် မျက်ဝန်းများသည် အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ရွှေအို‌ရောင်မျက်ဝန်းများနှင့် တိုက်ရိုက်တွေ့ဆုံမိခဲ့သည်။ လေထုအတွင်း၌ မီးဖွားများလွင့်စင်ထွက်လာခဲ့သည်။

"မင်းက သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့!"

ဧကရာဇ်ထိုက်ရိသည် အေးစက်စွာလှောင်ပြောင်ရယ်မောခဲ့သည်။ သူဟာထိုသို့ပြောဆိုလိုက်ပြီးနောက် အရိုးစုထံသို့ တိုးကပ်သွားခဲ့သည်။ ဧကရာဇ်တစ်ပါး၏ မယှဉ်သာနိုင်လောက်သော စွမ်းအားအရှိန်အဝါသည် အရိုးစုအပေါ်ပြင်းထန်စွာ ကျရောက်နေခဲ့သည်။

အရိုးစု၏မီးခိုးရောင်မျက်ဝန်းများအတွင်း၌ သတ်ဖြတ်ချင်လိုစိတ်များ ကိန်းဝပ်လာခဲ့သည်။ သူ၏အမူအယာက အရမ်းကို ခက်ထန်ကြမ်းတမ်းနေ၏။ သူဟာ တစ္ဆေသရဲဆန်လှသော စွမ်းအားများကို ဖော်ထုတ်လိုက်လေသည်။

ဘုန်း!

နောက်ဆုံးတွင် အရှေ့တိုင်းဧကရာဇ်ထိုက်ရိတို့သည် လှုပ်ရှားခဲ့ကြသည်။!

အရိုးဖြူနန်းတော်ကြီး၌ ထိတ်လန့်ဖွယ်ရာ သတ်ဖြတ်ခြင်းအငွေ့အသက်များ ပျံ့နှံ့လျက်ရှိသည်။ ဝမ်ဖုန်းတို့အုပ်စုသည် ထိန်းချုပ်မရ ကြောက်လန့်တုန်လှုပ်သွားခဲ့သည်။

အရိုးစု၏ ခန္ဓာကိုယ်ကြီးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ မကောင်းဆိုးဝါးဆန်သော မြူခိုးထူကြီးကိုလည်း ဖော်ထုတ်ခဲ့လေသည်။ သူ့လက်များအတွင်းရှိ အရိုးဓားကြီးသည် ထက်မြသော အရှိန်အဝါကို သယ်ဆောင်လျှက် အရှေ့တိုင်းဧကရာဇ်ထိုက်ရိထံ ထိုးသွင်းချခဲ့သည်။

ထိတ်လန့်စရာကောင်းသည်ကား အရိုးစုဓား၏ အပေါ်တွင် မှော်စွမ်းအင်သင်္ကေတများရှိနေရုံသာမက မိုးကြိုးများကလည်း လင်းလက်လျှက်ရှိသည်။ ဓားကြီးတစ်ခုလုံးသည် မိုးကြိုးဓားသွားအဖြစ် ပြောင်းလဲသွားခဲ့သည်။ အဆိုပါ အရိုးစုဓားကြီး၏ ထိတ်လန့်‌ဖွယ်ကောင်းသော ပြောင်းလဲမှုအောက်တွင် မိုးကြိုးလျှပ်စီးကွန်ချာများက ပြန့်ပွားထွက်ပေါ်လျက်ရှိသည်။ သူသည် မိုးကြိုးလျှပ်စီးများ ပြည့်နှက်နေသော ဓားကြီးဖြင့် အ‌ရှေ့တိုင်းဧကရာဇ်ထိုက်ရိထံ အဆက်မပြတ် ခုတ်ပိုင်းသွင်းခဲ့သည်။

ဧကရာဇ်ထိုက်ရိသည် အထင်အမြင်သေးစွာ ပြုံးရယ်လိုက်သည်။ သူက လက်ကိုပင့်မလျက် လက်ညှိုးညွှန်တန်းလိုက်သည့်အခါ ရွှေရောင်အလင်းတန်းသည် သူ၏လက်ညှိုးထိပ်မှ ပြေးထွက်သွားခဲ့ပြီး မိုးကြိုးရောင်ဓားသွားကြီးကို တားဆီးပိတ်ပင်ခဲ့လေသည်။ ၄င်းရွှေရောင်အလင်းတန်းသည် ပြိုင်ဘက်ကင်း၍ တဝင်းဝင်းတလက်လက် တောက်ပနေခဲ့သည်!

"ဘုန်း!

ကြီးမားသော ပေါက်ကွဲသံကြီးထွက်ပေါ်လာခဲ့ကာ မီးဖွားများက အရပ်လေးမျက်နှာသို့ လွင့်စင်သွားခဲ့သည်။ ညသန်းခေါင်ယံကောင်းကင်ကဲ့သို့ မည်းမှောင်နေသော ခန်းမအတွင်း၌ မှော်ဆန်သော အလင်းတန်းများ ပေါက်ဖွားလာခဲ့သည်။ ၄င်းမြင်ကွင်းက အင်မတန်မှ ဆန်းကြယ်လှချေသည်!

အရှေ့တိုင်းဧကရာဇ်ထိုက်ရိက အရမ်းကို အစွမ်းထက်နေကြောင်းတွေ့မြင်လိုက်ရသည့်အခါ အရိုးစုနှလုံးသားအတွင်း၌ ဒေါသများမှာ မီးတောင်ကြီးပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ကိုယ်စားလှယ်တစ်ယောက်ဖြစ်သော သူ၏ရှေ့မှောက်တွင် မည်သူကမှ မမောက်မာရဲခဲ့ပါ။ အတိတ်တစ်ချိန်တုန်းကတောင် ဝမ်ဖုန်းက သူ့ကို အခုလို မဆက်ဆံနိုင်ခဲ့ပါချေ!

သူ၏အရိုးစုလက်ချောင်းများသည် မြင့်မြင့်မားမားမြှောက်တင်ခြင်းခံခဲ့ရသည်။ မှော်ဝင်မြူခိုးမြူငွေ့များသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်သိုင်းနေခဲ့ကာ ရုတ်တရက် လက်နှစ်ဖက်အကြား၌ စုရုံးသွားခဲ့သည်။ မီးခိုးရောင် မှော်မြူခိုးထု အတွင်း၌ ထောင်ကျော်သောင်းကျော်သော မိုးကြိုးများက ခြိမ်းခြောက်လျက်ရှိသည်။ ၄င်းမှာ နတ်ဆိုးဘုံအတွင်းရှိ မိုးကြိုးနဂါးများကဲ့သို့ ဖြစ်နေခဲ့သည်။

အရိုးစု၏စွမ်းအင်ပေါင်းစပ်မှုအောက်တွင် ထိတ်လန့်စရာကောင်းသော နတ်ဆိုးစွမ်းအားများနှင့် မိုးကြိုးစွမ်းအားများက ရောနှောသွားခဲ့ကာ ဧရာမထိတ်လန့်ဖွယ်ကောင်းသော နဂါးပုံရိပ်ကြီးကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါနဂါးကြီး၏ကိုယ်ထည်သည် မီးခိုးရောင်ကဲ့သို့ နက်မှောင်နေပြီး နဂါး ၏ခန္ဓာကိုယ်ပေါ်တွင် မိုးကြိုးကဲ့သို့ အပြာရောင်အလင်းတန်းများ ဖြစ်ပေါ်နေခဲ့သည်။ ဝမ်ဖုန်းတို့အားလုံးသည် တံတွေးမြိုချမိလိုက်ကြသည်။

အရိုးစု၏ခွန်အားက အင်‌ေမာ်တယ်ဧကရာဇ်အဆင့်၌ရှိနေသော စွမ်းအားရှင်တိုင်းကို စိတ်ပျက်အားလျော့သွားစေရန် လုံလောက်လေသည်။ ဒါ့အပြင် မြင့်မြတ်သောနတ်ဘုရားအဆင့်အောက်ရှိ ဟုန်မန်နတ်ဘုရားကျင့်ကြံသူများကတောင် အရိုးစုကို အံတုရင်ဆိုင်နိုင်မှာ မဟုတ်ပါ။

အနှီ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကြီးသည် ကမ္ဘာလောကကို ထိတ်လန့်ခြောက်ခြားသွားစေရန် လုံလောက်၏။

ကြီးမားသော နဂါးပုံရိပ်ကြီး၏အောက်တွင် အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ ခန္ဓာကိုယ်မှာ ဖုန်မှုန့်တစ်မှုန်ကဲ့သို့ သေးငယ်နေခဲ့သည်။

"ဒီနတ်ဘုရားရဲ့လက်အောက်မှာ သေဆုံးလိုက်တော့!”

အရိုးစု၏မီးခိုးရောင်မျက်ဝန်းများအတွင်း၌ ရူးနှမ်းမှုများရှိနေခဲ့သည်။ သူက အရူးတစ်ယောက်ကဲ့သို့ ဟစ်ကြွေးလိုက်ကာ ထိတ်လန့်စရာကောင်းသော စွမ်းအားများကို လွှတ်ထုတ်လိုက်သည့်အခါ ဧရာမနဂါးပုံရိပ်ကြီးသည် ထိုက်ရိထံသို့ ဦးတည်ပြေးသွားခဲ့သည်။

"ဝေါင်း!"

နဂါးတစ်ကောင်၏ဟိန်းဟောက်သံသည် ကျောက်စိမ်းဖြူခန်းမတစ်ခုလုံးကို ခါယမ်းသွားစေခဲ့သည်။ရာထောင်ချီသော မိုးကြိုးများ၏အကြား၌ရှိနေသော မိုးကြိုးနဂါးကြီးသည် ပါးစပ်ကြီးကို ဖွင့်ဟလျက် အရှေ့တိုင်းဧကရာဇ်ထိုက်ရိထံသို့ ဟစ်ကြွေးအော်ဟစ်လိုက်သည်။၎င်းက ထိုက်ရိကို တစ်လုတ်တည်းမြိုချပစ်ချင်ခဲ့ပုံပေါ်၏။

အဆိုပါ ပြိုင်ဘက်ကင်းသော စွမ်းအားသည် ဝမ်ဖုန်းတို့အားလုံး၏ ခန္ဓာကိုယ်များကို ကွေးညွတ်သွားစေခဲ့သည်။

ဝမ်ဖုန်းသည် အရှေ့တိုင်းဧကရာဇ်ထိုက်ရိကို လျင်မြန်စွာစူးစိုက်ကြည့်နေခဲ့သည်။ ဒီလိုစွမ်းအားနဲ့ဆိုရင် ဧကရာဇ်ထိုက်ရိကအစစ်အမှန် တိုက်ကွက်ကို ဖော်ထုတ်နိုင်လောက်တယ်မဟုတ်လား။ သူတော်စင်များကြားထဲက နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်တဲ့ ဒီလူက ဘယ်လိုထိတ်လန့်စရာကောင်းတဲ့ စွမ်းအားမျိုးကို ပြသမှာလဲ။

သို့သော်လည်း ဤအခြေအနေတွင်တောင် အရှေ့တိုင်းဧကရာဇ်ထိုက်ရိက တည်ငြိမ်နေလိမ့်ဉီးမည်ဟု ဝမ်ဖုန်းတစ်ယောက်ထင်မထားမိပါ။

ဧကရာဇ်ထိုက်ရိသည် သူ၏လက်ကို အသာအယာ ဆန့်တန်းလိုက်သည်။ ရွှေရောင်တလက်လက်တောက်ပနေသော စွမ်းအားများသည် သူ၏လက်ဖဝါးအတွင်း၌ ဖြစ်ပေါ်လာခဲ့သည်။ ကောင်းကင်ကြီးကိုတောင် မီးမြိုက်လောင်ကျွမ်းစေနိုင်သော အပူရှိန်သည် ကျောက်စိမ်းဖြူခန်းမအတွင်း ပျံ့နှံ့သွားခဲ့ကာ ကျောက်စိမ်းဖြူခန်းမကြီးသည် ပူပြင်းတောက်လောင်လာခဲ့သည်။ လေဟာပြင်ကတောင် ထိုးတက်လာသော အပူရှိန်ကြောင့် တသိမ့်သိမ့်တုန်တက်လာခဲ့၏။

ရောင်စဉ်ရောင်ဝါများထုတ်လွှတ်နေသော ရွှေဝါရောင်အလင်းတန်းကြီးသည် နေမင်း ၏ပကတိအလင်းရောင်အဖြစ် အသွင်ပြောင်းလဲသွားခဲ့ပုံပေါ်သည်။

အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ ထိန်းချုပ်မှု‌အောက်တွင် အစစ်အမှန်နေမင်း၏စွမ်းအားများသည် လက်ဖဝါးအသွင် ပြောင်းလဲသွားခဲ့သည်။ ၄င်းလက်ဖဝါးကို ဧကရာဇ်ထိုက်ရိက တွန်းကန်ခဲ့လေသည်။ ထိတ်လန့်ဖွယ်ကောင်းသော နဂါးကြီးသည် အဆိုပါလက်ဖဝါးကြီး၏ ရိုက်ခတ်ခြင်းကိုခံခဲ့ရသည်။

"ဘုန်း!"

ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် ခန်းမအတွင်း ပဲ့တင်ထပ်သွားခဲ့ကာ ဝမ်ဖုန်းတို့အုပ်စု၏ နားစည်များကို နာကျင်သွား‌ေစခဲ့သည်။ သူတို့၏ဦးခေါင်းများကတောင် ပေါက်ကွဲလုမတတ် ဖြစ်နေခဲ့သည်။

ထိတ်လန့်စရာ နဂါးပုံရိပ်ကြီးသည် မျက်တောင်တစ်ခတ်အတွင်း၌ ဖျက်ဆီးခြင်းခံခဲ့ရသည်။ ကြောက်လန့်စရာကောင်းသော အစစ်အမှန်မီးတောက်နှင့် မိုးကြိုးများက အတူတကွ ရောစပ်နေခဲ့ကြသည်။ ခန်းမအတွင်း၌ အရှေ့တိုင်းဧကရာဇ်ထိုက်ရိနှင့် အရိုးစုတို့သည် မျက်နှာချင်းဆိုင်ရှိနေခဲ့ကြသည်။

သူတို့၏တိုက်ပွဲကို ဗဟိုပြုလျက် ပတ်ဝန်းကျင်လေထုသည် တစ်စစီ ကွဲအက်သွားခဲ့သည်။ ဤပြင်းထန်သော ဖိအား၏အောက်တွင် မှော်မြူခိုးထုများကတောင် လွင့်စင်ထွက်သွားခဲ့သည်။

ကမ္ဘာပျက်ဆီးခြင်းနှင့်တူသော ထိုမြင်ကွင်းက ဝမ်ဖုန်းတို့အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။ အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ကာကွယ်ပေးမှုကြောင့်သာ မဟုတ်ပါက သူတို့သည် ၄င်းတိုက်ပွဲ ၏စွမ်းအင် အကြွင်းအကျန်များနှင့်တောင် သေဆုံးသွားနိုင်သည်!

သို့သော်လည်း အမည်မသိသတ္ထုများဖြင့် ပြုလုပ်ထားသော ကျောက်စိမ်းဖြူနန်းတော်ကြီးသည် အင်အားကြီးသောလူနှစ်ယောက်၏ တိုက်ခိုက်မှုအောက်တွင်တောင် အနည်းငယ်မျှ ပြိုကွဲမသွားခဲ့ပါ။ ဒါက ဝမ်ဖုန်းကို အံ့သြသွားစေခဲ့သည်။

"ဘန်း ဘန်း!"

ဝမ်ဖုန်းက အံ့သြနေချိန်တွင် တိုက်ပွဲမြေပြင်မှ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်းတို့အားလုံးသည် ထိုနေရာသို့ စူးစိုက်ကြည့်မိလိုက်သည်။

အရှေ့တိုင်းဧကရာဇ်ထိုက်ရိနှင့် အရိုးစုတို့သည် အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ အလင်းတန်းတစ်ခုမှာ ရွှေရောင်ဖြစ်နေပြီး နောက်အလင်းတန်းတစ်ခုမှာ အနက်ရောင်ဖြစ်နေခဲ့သည်။ အဆိုပါ အလင်းတန်းကြီးနှစ်ခုသည် ရောယှက်ပူးထွေးလျက် အချိန်အတော်အတန်ကြာအောင် ဆက်တိုက် တိုက်ခိုက်နေခဲ့ကြသည်။

အလင်းတန်းနှစ်ခုပူးကပ်သွားသည့်အခါတိုင်းတွင် အဆုံးအဆမဲ့သော ထိတ်လန့်ဖွယ်စွမ်းအားများ ဖြတ်သန်းသွားခဲ့ကာ ကျောက်စိမ်းဖြူနန်းတော်ကြီးသည် တသိမ့်သိမ့် တုန်ခါသွားရသည်။

"ဘုန်း!

အလင်းတန်းကြီးနှစ်တန်းသည် လေဟာပြင်၌ တိုက်ခိုက်‌ေနကြသည်။ မြေပြင်ပေါ်တွင်လည်း တိုက်ခိုက်ခဲ့ကြသည်။ သူတို့၏ခြေတံလက်တံများအတွက် ကြီးမားသော ခန်းမကြီးကတောင် မလုံ‌လောက်ခဲ့ပုံပေါ်သည်။ ထို့နောက်တွင် အလင်းတန်းနှစ်တန်းသည် နန်းတော်၏အပြင်ဘက်သို့ ပျံသန်းထွက်သွားကြသည်။

မျက်တောင်တစ်ခတ်အတွင်း၌ သူတို့နှစ်ယောက်သည် နန်းတော်အတွင်းမှ ထွက်ခွာသွားခဲ့ကာ ထျန်းရွှမ်တာအိုနန်းတော်၏ အပျက်အဆီးများအကြား၌ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ ကြောက်လန့်ဖွယ်ကောင်းသော စွမ်းအားသည် ကမ္ဘာမြေထုကို အက်ကွဲကြောင်းများ ဖြစ်ပေါ်စေခဲ့ကာ အဆုံးအဆမဲ့ တွင်းပေါက်များကိုလည်း ပေါ်ထွန်းစေခဲ့သည်။

ဒါကိုမြင်တော့ ဝမ်ဖုန်းတို့အုပ်စုကလည်း ကျောက်စိမ်းဖြူနန်းတော်အတွင်းမှ အလျင်စလို ထွက်ခွာလာခဲ့ကြသည်။ သို့သော်လည်း နန်းတော်ကြီးမှ မထွက်ခွာခင်သေးချိန်တွင် ဝမ်ဖုန်းသည် လက်ကို‌ေဝှ့ရမ်း၍ ထျန်းကျိသံလိုက်အိမ်မြှောင်ကို ကမ္ဘာဘောလုံးလေးအတွင်းသို့ ပစ်၍သိမ်းဆည်းလိုက်လေသည်။

အရိုးစုထွက်ပေါ်လာပြီးနောက် ထျန်းကျိသံလိုက်အိမ်မြှောင်သည် ၄င်း၏အစွမ်းအစကို ဆုံးရှုံးသွားခဲ့ပုံပေါ်သည်။ ထိုအရာလေးက အနည်းငယ်တောင် မလှုပ်ရှားရဲတော့ဘဲ ခန်းမ၏ ချောင်တစ်ချောင်၌ တိတ်ဆိတ်စွာ လှဲလျောင်းနေခဲ့သည်။ ထိုပစ္စည်းလေးက ကောင်းကင်ကိုယ်စားလှယ်ဖြစ်သော အရိုးစုကို ကြောက်လန့်နေခဲ့ပုံပေါ်သည်။

ဝမ်ဖုန်းက ထိုမှော်ဝင်ရတနာကို အလွန်အမင်း ‌ဂရုစိုက်ခဲ့၍ မဟုတ်ပါက ထျန်းကျိသံလိုက်အိမ်မြှောင်ရှိနေသေးကြောင်းကိုတောင် မေ့ပျောက်သွားလောက်သည်။

ထျန်းကျိသံလိုက်အိမ်မြှောင်က အရိုးစုကို ကြောက်လန့်ခဲ့ပြီး ၄င်း၏အရှိန်အဝါများကို သိမ်းဆည်းထားခဲ့၍သာ ဝမ်ဖုန်းက ထိုပစ္စည်းကို အလွယ်တကူကောက်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက ဝမ်ဖုန်း၏ အခြေအနေတွင်ဆိုလျှင်တောင် ထိုရတနာပစ္စည်းမျိုးသည် အလွယ်တကူ ကောက်ယူနိုင်မည့် ပစ္စည်းတစ်ခုမဟုတ်ပါချေ!

All Chapters