အရိုးဖြူဇာမဏီနဲ့ ခြေသုံးချောင်းရွှေကျီး
Vol. 48 Ch. 664
ဝမ်ဖုန်းနဲ့အခြားသူများသည် ကျောက်စိမ်းဖြူနန်းတော်ကြီး၏အရှေ့၌ မတ်တပ်ရပ်နေခဲ့ကာ ကောင်းကင်အထက်ရှိ ကြောက်လန့်စရာတိုက်ပွဲကို စူးစိုက်ကြည့်နေခဲ့သည်။ သူတို့၏စိတ်အစဥ်သည် အကြီးအကျယ်တုန်လှုပ်လျက် ရှိချေသည်။ ဝမ်ဖုန်းပင်ဖြစ်စေ၊ လီပိုင်တို့အုပ်စုပင်ဖြစ်စေ သူတို့အားလုံးသည် ပုရွက်ဆိတ်များကဲ့သို့ ခံစားနေခဲ့ရသည်။
ဟုန်မာန်နတ်ဘုရားနယ်ပယ်စွမ်းအားရှင်များ၏အရှေ့တွင် ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်ဟူသမျှသည် ပုရွက်ဆိတ်များသာ ဖြစ်လေသည်။
ထိုပုဂ္ဂိုလ်ကြီးများသည် ကောင်းကင်နှင့်ကမ္ဘာမြေအကြား၌ ကြီးမြတ်သောနတ်ဘုရားများ ဖြစ်ကြချေသည်။
နတ်ဘုရားဟူသည့်စကားလုံးနဲ့ တင်စားခေါ်ဝေါ်သည်ဖြစ်ရာ သူတို့၏စွမ်းအားကလည်း မျှော်လင့်ထားနိုင်သည်ထက် များစွာ ကျော်လွန်နေသည်။
ဒီလိုမှမဟုတ်ပါက အရှေ့ပိုင်းဧကရာဇ်ထိုက်ရိသည် အင်မော်တယ်ဧကရာဇ်အထွတ်အထိပ်၌သာရှိနေသော အရိုးစုကို ဤမျှလောက်အတိုင်းအတာထိ တိုက်ခိုက်ရမှာ မဟုတ်ပါ။
ကောင်းကင်ကိုးထပ်နဲ့ မြောက်များစွာသောကမ္ဘာများအကြားရှိ ကြီးမြတ်သောစွမ်းအားရှင်တစ်ယောက်တစ်ဖြစ်လဲ၊ မိုးကောင်းကင်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ အရိုးစုသည် သူ၏အထွတ်အထိပ်အခြေအနေ၌ မျှော်မှန်း၍မရနိုင်လောက်အောင် အကြွင်းမဲ့စွမ်းအားကြီးပါသည်။ အရိုးစုသာ အထွတ်အထိပ်အခြေအနေတွင် ရှိနေခဲ့လျှင် အရှေ့တိုင်းဧကရာဇ်ထိုက်ယိ၏ အထွတ်အထိပ်အခြေအနေကတောင် ရင်ဆိုင်နိုင်မှာမဟုတ်ဘူးဟု ဝမ်ဖုန်းက တွေးဆနေမိ၏ !
" ဒါက မင်းမှာရှိတာ အကုန်ပဲလား။ "
" အားနည်းလွန်းတယ်......အရမ်းကို အားနည်းလွန်းတယ် "
" ဒါကို ကြီးမြတ်တဲ့စွမ်းအားရှင်လို့ ခေါ်ဆိုတာလား။ တကယ့်ကို ရယ်စရာပဲကွာ! "
ဝမ်ဖုန်းက တွေးတောနေစဥ်တွင် အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ မောက်မာသောအသံက ထျန်းရွှမ်တာအိုနန်းတော်အတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ ၎င်းအသံသည် မိုးကြိုးမုန်တိုင်းကဲ့သို့ လူတိုင်း၏နားစည်များကို ထုံကျင်သွားစေခဲ့သည်။
အဆိုပါစကားလုံးများတွင် ကိန်းဝပ်နေသော အဆုံးအစမဲ့ ယုံကြည်မောက်မာမှုများက ဝမ်ဖုန်းတို့အားလုံးကိုတောင် ရှက်ရွံ့သွားစေခဲ့သည်။
ဝမ်ဖုန်းနဲ့အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်မိလိုက်ကြသည်။ အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ အလွန်တရာမောက်မာသောပုံစံကို တွေ့မြင်ခဲ့ရသည့်အခါ သူတို့နှလုံးသားများက တုန်လှုပ်သွားခဲ့သည်။
ဤအချိန်တွင် အရှေ့တိုင်း၏ဧကရာဇ်ထိုက်ယိသည် ကောင်းကင်အထက်၌ မတ်တပ်ရပ်နေခဲ့ကာ သူ၏ခန္ဓာကိုယ်သည် တောက်ပသောနေမင်းအလား တလှပ်လှပ်ဝင့်ကြွားနေခဲ့သည်။ သူ့ထံမှ ပျံ့လွင့်ထွက်ပေါ်နေသော မျက်စိကျိန်းလောက်သည့် အရှိန်အဝါများက ကမ္ဘာလောကကြီးတစ်ခုလုံးကို အရူးအမူး ခါယမ်းသွားစေခဲ့သည်။
ပြင်းထန်သောစွမ်းအားအဟုန်သည် ပင်လယ်ပြင်ကဲ့သို့ အရပ်လေးမျက်နှာအား တိုက်ခတ်သွားခဲ့သည်။ ကမ္ဘာ့မြေထု၏ ကြီးကျယ်သောပမာဏသည် ပျက်စီးသွားခဲ့ပြီး ထျန်းရွှမ်တာအိုနန်းတော်၏ ဝန်းကျင်တစ်ခွင်သည် အပိုင်းပိုင်း၊ အစစ ပျက်ယွင်းသွားခဲ့ရသည်။
" မင်းက သေချင်နေတာလား "
အရှေ့တိုင်းဧကရာဇ်ထိုက်ယိ၏ မောက်မာသောအသံကြောင့် အရိုးစုသည် ဒေါသတကြီး ဟိန်းဟောက်လိုက်မိသည်။ သူ၏အမျက်ဒေါသဟာ ပြင်းစွာပေါက်ကွဲသောမီးတောင်ကြီးကဲ့သို့ ဖြစ်နေခဲ့ကာ ကောင်းကင်တစ်ခွင်၌ မီးတောက်၊ မီးလျှံများဖြင့် ပြည့်နှက်သွားခဲ့သည်။ ကောင်းကင်ကြီးတစ်ခုလုံးသည် နီရဲလာခဲ့၏။
" ဘုန်း.....! "
အရိုးစု၏ခန္ဓာကိုယ်မှ မိုးကောင်းကင်ကိုဖျက်စီးနိုင်သော ပြင်းထန်သည့်အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့ကာ ကမ္ဘာလောကတစ်ခွက် ဝေ့ဝဲတိုက်ခတ်သွားခဲ့သည်။
ဤအချိန်တွင် အရိုးစုထံမှ ထွက်ပေါ်နေသောစွမ်းအားများသည် ပို၍သန်မာနေခဲ့ကာ မြင့်မြတ်သော နတ်ဘုရားအထွတ်အထိပ်စွမ်းအားရှင်ထက်တောင် များစွာကျော်လွန်နေခဲ့သည်။ ကြီးမြတ်သောစွမ်းအားရှင်တစ်ယောက်ဖြစ်ခဲ့ဖူးသည်နဲ့အညီ သူဆိုသည့်အရိုးစုဟာ ကောင်းကင်၏ကိုယ်စား အမိန့်များပေးအပ်နိုင်ခဲ့သူ ဖြစ်ပါသည်။ ဒါကိုတောင် ဒီလူက သူ့ကို ပျက်ရယ်ပြုရဲတယ်လား!?
" အရိုးဖြူဇာမဏီငှက်၊ မြင့်မြတ်သောခွန်အား!!! "
အရိုးစု၏နှုတ်ဖျားမှ ကျယ်လောင်သောဟစ်ကြွေးသံကြီး ထွက်ပေါ်လာခဲ့ကာ လောကတစ်ခွင် မြည်ဟီးသွားခဲ့သည်။
အဆိုပါပဲ့တင်ထပ်ထွက်ပေါ်လာသော အသံကြီးနဲ့အတူ အရိုးစု၏ခန္ဓာကိုယ်မှမီးကဲ့သို့ရဲရဲနီသော သင်္ကေတများ ထွက်ပေါ်လာခဲ့သည်။ အဆိုပါသင်္ကေတများတွင် စိတ်ဝိညာဥ်များ ပိုင်ဆိုင်ထားခဲ့ပုံပေါ်သည်။ ထိုသင်္ကေတများက အရိုးစု၏ထိန်းချုပ်မှုအောက်တွင် ကခုန်လျက် အရိုးစု၏ပတ်ပတ်လည်၌ ဝဲလွင့်နေခဲ့ကာ အရိုးစုကို အင်မတန်ထိတ်လန့်စရာ ကောင်းလာစေခဲ့သည်။
အမျက်ဒေါသထွက်နေသော နတ်ဆိုးမီးများသည် အရိုးစု၏ပတ်လည်၌ ကခုန်နေခဲ့သည်။ ထျန်းရွှမ်တာအိုနန်းတော်ကြီးတစ်ခုလုံးသည် ရှေးဟောင်းစစ်မြေပြင်အဖြစ် ပြောင်းလဲသွားခဲ့ပုံပေါ်သည်။ တစ္ဆေသရဲများနဲ့ ဝံပုလွေများ၏ အော်ဟစ်သံများသည် အရပ်လေးမျက်နှာ၌ ပဲ့တင်ထပ်လာခဲ့ချေသည်။
" ဘုန်း....! "
အရိုးစု၏ထိန်းချုပ်မှုနဲ့အတူ မီးကဲ့သို့ရဲရဲနီသော သင်္ကေတများသည် ဧရာမဇာမဏီဌက်ကြီးတစ်ကောင်အဖြစ် ပေါင်းစုသွားခဲ့သည်။ သို့သော်လည်း အဆိုပါဇာမဏီငှက်ကြီး၏ပုံစံက အရမ်းကို ထူးဆန်းပါသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးက မီးကဲ့သို့ရဲရဲနီနေသော်လည်း ခန္ဓာကိုယ်ဖွဲ့စည်းပုံကတော့ အရိုးများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ထိုဇာမဏီငှက်ကြီးကို အရိုးအလွှာ၊ အလွှာဖြင့် ဖွဲ့စည်းထားခဲ့သည်။
သင်္ကေတများကို အရိုးဖြင့်ဖွဲ့စည်းပြီး မီးလျှံကို ခန္ဓာကိုယ်အဖြစ်ဖွဲ့စည်းထားသော မီးလျှံဇာမဏီငှက်တစ်ကောင် မွေးဖွားလာခဲ့လေသည်။
အရိုးစု၏မီးခိုးရောင်မျက်ဝန်းများအတွင်း၌ မီးတောက်တစ်ခု ကခုန်နေခဲ့သည်။ သူက အရှေ့တိုင်းဧကရာဇ်ထိုက်ရိကို ပြင်းစွာသောသတ်ဖြတ်ခြင်းအရှိန်အဝါများဖြင့် စူးစိုက်ကြည့်နေခဲ့သည်။
" ဘုန်း.....! "
များမကြာမီတွင် အရိုးစုက လက်ကို ဝှေ့ရမ်းလိုက်သည့်အခါ ဧရာမအရိုးစုဇာမဏီငှက်ကြီးသည် အရှေ့တိုင်းဧကရာဇ်ထိုက်ရိထံသို့ ရုတ်တရက် ပြေးဝင်သွားခဲ့သည်။
" ကျွီး ....! "
ဇာမဏီငှက်၏ စူးစူးရှရှအော်ဟစ်သံက အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့သည်။ အရိုးဖြူဇာမဏီငှက်ကြီး ပြေးထွက်လာသည်နဲ့တပြိုင်နက် ဇာမဏီငှက်၏ကိုယ်ထည်မှ ထိတ်လန့်စရာကောင်းသော မီးတောက်မီးလျှံများလည်း ထွက်ပေါ်လာခဲ့ကာ ထျန်းရွှမ်တာအိုနန်းတော်ကြီးတစ်ခုလုံး၏ အပူချိန်သည် ရုတ်တရက် ထိုးမြင့်သွားခဲ့သည်။
အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ ကာကွယ်ပေးမှုအောက်တွင်တောင် ဝမ်ဖုန်းနဲ့အခြားသူများသည် ချွေးများအဆက်မပြတ် ထွက်နေမိသည်။ သူတို့၏ခန္ဓာကိုယ်များက ထိန်းချုပ်မရနိုင် တုန်ယင်နေခဲ့သည်။ သူတို့၏စိတ်ဝိညာဥ်များကလည်း ထိတ်လန့်စရာကောင်းလောက်အောင် မြင့်မားသောအပူချိန်ကြောင့် လောင်ကျွှမ်းလုမတတ် ဖြစ်နေခဲ့သည်။
ဝမ်ဖုန်း၏လက်ရှိစိတ်ဝိညာဥ်ခွန်အားဖြင့်တောင် ထိုမျှလောက်အပူချိန်ကို တောင့်မခံနိုင်ခဲ့ပါ။
ဝမ်ဖုန်း၏စိတ်ဝိညာဥ်လမ်းစဥ်အတွင်း၌ ကံတရားတာအိုလမ်းစဥ်ပေါင်းစပ်နေခဲ့သော်လည်း လက်ရှိဝမ်ဖုန်း၏ကျင့်ကြံမှုများဖြင့် ကံတရားတာအိုလမ်းစဥ်၏စွမ်းအားကို ဆယ်ပုံတစ်ပုံခန့်တောင် အသုံးမပြုနိုင်သေးပါ။ သူက မြင့်မြတ်သောနတ်ဘုရားအထွတ်အထိပ်လောက်နီးပါးသန်မာတဲ့ အရိုးစုကို ဘယ်လိုလုပ်ရင်ဆိုင်နိုင်ပါ့မလဲ။
" လှည့်ကွက်ကလေးပါပဲ.... "
အရိုးစု၏ထိတ်လန့်စရာတိုက်ကွက်ကို တွေ့မြင်လိုက်ရသော်လည်း အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏အမူအရာမှာ တည်ငြိမ်နေခဲ့သည်။ သူက လေထုအထက်၌ လက်နှစ်ဖက်ကိုနောက်ပစ်လျက် မတ်တပ်ရပ်နေခဲ့သည်။ သူ၏မျက်ဝန်းများအတွင်း၌ အထင်အမြင်သေးမှုများရှိနေခဲ့ကာ လှောင်ရယ်ပြောဆိုခဲ့သည်။
ထိုသို့ပြောဆိုလိုက်ပြီးနောက် ပိုမိုတောက်ပသောရွှေရောင်အလင်းတန်းများသည် အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့သည်။ ထိုက်ရိအရှင်၏ကိုယ်ထည်တစ်ခုလုံးသည် နေမင်းကြီးတစ်စင်းကဲ့သို့ ထင်မှတ်မှားရချေသည်။
အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ခန္ဓာကိုယ်မှလည်း မီးတောက်၊ မီးလျှံများ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ ကိုယ်ပိုင်၊ မြင့်မြတ်သောမီးဖြစ်သည့် နေမင်း၏မီးလျှံ ဖြစ်ချေသည်။
ယန်စွမ်းအင်များပြည့်နှက်နေသော နေမင်း၏မီးလျှံထွက်ပေါ်လာသည့်အခါ အရိုးဖြူဇာမဏီငှက်၏ မီးတောက်မီးလျှံများကတောင် ဖိနှိပ်ခံခဲ့ရသည်။
ကမ္ဘာလောကကြီးတစ်ခုလုံးသည် အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ အိမ်ခြံမြေအဖြစ် ပြောင်းလဲသွားခဲ့ပုံပေါ်သည်။ ပြင်းစွာတောက်ပနေသော ပတ်ဝန်းကျင်၏အပူချိန်သည် အရှေ့တိုင်းဧကရာဇ်ထိုက်ရိခန္ဓာကိုယ်ပေါ်ရှိ နေအလင်းရောင်၏စုပ်ယူခြင်းကို ခံခဲ့ရပုံပေါ်သည်။
" ကျဆင်းစေ! "
မိုးခြိမ်းသံကဲ့သို့ တိုးညှင်းသောရေရွတ်သံတစ်သံသည် အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့သည်။ ယင်းနောက် တပြိုင်နက်တည်းဆိုသလို အရှေ့တိုင်းဧကရာဇ်ထိုက်ရိ ကိုယ်ပေါ်မှထွက်ပေါ်နေသော နေမင်း၏မီးလျှံများသည် ဧရာမ မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
အဆိုပါမကောင်းဆိုးဝါးသည် နေမင်းကို အမှတ်သညှာပြုသော ခြေသုံးချောင်းရွှေကျီးကန်း ဖြစ်ပါသည်!
" အား.....အား......! "
ခြေသုံးချောင်းရွှေကျီး၏ရုပ်ပုံသဏ္ဍာန်ထွက်ပေါ်လာသည်နဲ့အမျှ ထျန်းရွှမ်တာအိုနန်းတော်အတွင်း၌ ကျယ်လောင်သောအော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ ခြေသုံးချောင်းရွှေကျီးထံမှ ထွက်ပေါ်နေသော အရှိန်အဝါများသည် နန်းတော်တစ်ခွင် ပျံ့နှံ့သွားခဲ့သည်။
" ဘုန်း.......! "
ထို့နောက် ဝမ်ဖုန်းတို့၏ထိတ်လန့်နေသော အကြည့်များအောက်တွင် ခြေသုံးချောင်းရွှေကျီးကန်းသည် အရိုးဖြူဇာမဏီငှက်ထံသို့ ရုတ်တရက် ပြေးဝင်သွားခဲ့သည်။ ထိတ်လန့်စရာစွမ်းအားကြီးသည် လေဟာပြင်ကို ထက်ပိုင်းဖြတ်ခဲ့လေသည်။ လေထုအထက်၌ ရှည်လျားကျဥ်းမြောင်းသော အနက်ရောင်အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်နေခဲ့သည်။
" ဘုန်း......! "
စောင့်ကြည့်နေသောမျက်ဝန်းများ၏အောက်တွင် တိုက်ခိုက်မှုကြီးနှစ်ခုသည် ရုတ်တရက်ပွတ်တိုက်မိခဲ့ကာ ထိတ်လန့်ဖွယ်ကောင်းပေါက်ကွဲသံကြီးကို ထွက်ပေါ်စေခဲ့သည်။ ကြီးကျယ်ခမ်းနားသော အသံလှိုင်းများသည် မျက်စိဖြင့်တွေ့မြင်နိုင်သောနှုန်းဖြင့် ပျံ့လွင့်သွားခဲ့ကာ ဝမ်ဖုန်းတို့၏နားစည်များကို နာကြင်သွားစေခဲ့သည်။ သူတို့၏တစ်ကိုယ်လုံးက တုန်ယင်နေပါသည်။
အဆိုပါထိတ်လန့်စရာကောင်းသောအသံလှိုင်းနဲ့အတူ ပြင်းထန်သောစွမ်းအားအဟုန်လည်း ပါဝင်နေခဲ့သည်။ စွမ်းအင်ဖိအားသည် အရှေ့တိုင်းဧကရာဇ်ထိုက်ယိနဲ့ အရိုးစုတို့ကို ဗဟိုပြုလျက် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့သည်။
ကမ္ဘာမြေထုသည် ရုတ်တရက် ပေါက်ကွဲသွားခဲ့ကာ မီးခိုးများ၊ မြူမှုန်များနဲ့ ပြည့်နှက်လာခဲ့သည်။ ထျန်းရွှမ်တာအိုနန်းတော်ကြီးတစ်ခုလုံးသည် အရူးအမူးခါယမ်းနေခဲ့သည်။
သို့သော်လည်း ဝမ်ဖုန်းတို့နောက်ကျောဖက်၌ရှိနေသော ကျောက်စိမ်းဖြူနန်းတော်ကြီးကတော့ အနည်းငယ်တောင် မတုန်ခါခဲ့ပါ။ အဆိုပါနန်းတော်ကြီးကို အမည်မသိသတ္တူတစ်ခုဖြင့် ပြုလုပ်ထားခဲ့သည်။ ဤမျှပြင်းထန်သော ခွန်အား၏အောက်မှာတောင် ၎င်းနန်းတော်ကြီးကို အနည်းငယ်တောင် မလှုပ်ယမ်းစေခဲ့ပါချေ။
" ဘုန်း.....! "
ပြင်းစွာသောဖိအား၏အောက်တွင် ကျရောက်နေခဲ့သော်လည်း အရှေ့တိုင်းဧကရာဇ်ထိုက်ရိနဲ့ အရိုးစုတို့က တိုက်ခိုက်ခြင်းကို မရပ်တန့်ခဲ့ကြပါ။ သူတို့က တစ်ယောက်နဲ့တစ်ယောက် အရူးအမူး တိုက်ခိုက်နေခဲ့ကြသည်။ လေထုအထက်၌ အလင်းတန်းကြီးနှစ်တန်းသည် ရောစပ်လျက်ရှိကာ ထိတ်လန့်ဖွယ်ကောင်းသော ပေါက်ကွဲသံများကလည်း ထျန်းရွှမ်တာအိုနန်းတော်တစ်ခွင်သို့ ပျံ့လွင့်နေခဲ့သည်။