← Chapters

သူသေတော့မယ်

Vol. 48 Ch. 665

သူသေတော့မယ်

Vol. 48 Ch. 665

အရှေ့တိုင်းဧကရာဇ်ထိုက်ရိနှင့် အရိုးစုတို့အကြားရှိ တိုက်ပွဲကြောင့် ထျန်းရွှမ်တာအိုနန်းတော်၏ နယ်နမိတ်တစ်ခုလုံးသည် အပြင်းအထန် ခါယမ်းနေသည့်အချိန်၌ ဟုန်မန်နတ်ဘုရားဘုံလောကအတွင်းတွင် လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုရှိနေခဲ့သည်။

နတ်ဆိုးစွမ်းအားသည် ရစ်ထွေးလျက်ရှိပြီး မိုးကောင်းကင်က အနီရင့်ရောင် မဲမှောင်နေခဲ့သည်။ ဒါ့အပြင် မှော်ဆန်သောအသံများကို ထုတ်လွှတ်နေသည့် ကြယ်များကလည်း ကောင်းကင်ထက်၌ ဝဲလွင့်နေခဲ့သည်။ ဤနေရာသည် အင်မတန် လျှို့ဝှက်ဆန်းကြယ်၍ ထူးဆန်းလှချေသည်။

ဤလျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းသော နတ်ဆိုးနယ်မြေအတွင်း၌ လူပုဂ္ဂိုလ်တချို့သည် လေထုအတွင်း၌ မတ်တတ်ရပ်နေခဲ့သည်။ သူတို့က အချင်းချင်းဝန်းရံ၍ မတ်တတ်ရပ်နေခဲ့သည်မှာ တစ်ယောက်ကိုတစ်ယောက် စောင့်ကြပ်ပေးနေကြသည့်ပုံပေါ်သည်။

ထိုသူများအကြား၌ ရှိနေသော လူနှစ်ယောက်သည် ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံနတ်ဆိုးနတ်ဘုရားနှင့် ကပ်ဘေးတာအို နတ်ဆိုးနတ်ဘုရားတို့ဖြစ်ကြသည်။

ထိုလူများ၏ အလယ်ဗဟိုတွင်တော့... ပုံရိပ်ယောင်တစ်ခုက ဝဲလွင့်နေခဲ့သည်။

ထိုအရိပ်သည် အင်မတန်မှ ပုံရိပ်ယောင်ဆန်လှသည်။ သေသေချာချာကြည့်ရှုခြင်းမရှိပါက ၎င်းအရိပ်လေးကို ရှင်းလင်းစွာ တွေ့မြင်နိုင်မှာမဟုတ်ပါ။

ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရားနှင့် အခြားသူများထံမှ လျှို့ဝှက်ဆန်းကြယ်သော မှော်ဝင်သင်္ကေတများ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ သင်္ကေတများမှာ အရမ်းကို ဆန်းကြယ်လွန်းပါသည်။ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ် စွမ်းအားရှင်တစ်ယောက်သာ ဒီနေရာမှာရှိနေပါက သူ၏စိတ်ဝိညာဥ်သည် အဆိုပါ မှော်သင်္ကေတများကို စိုက်ကြည့်မိရုံမျှဖြင့် ဖမ်းချုပ်ခံလိုက်ရမှာဖြစ်သည်။

၎င်းမှော်ဝင်သင်္ကေတများသည် ကုသရေးဆေးတစ်မျိုးကဲ့သို့ လေထုအလယ်၌ ရှိနေသောအရိပ်ထံသို့ တဖြည်းဖြည်းစီးဝင်သွားခဲ့သည်။ အရိပ်သည် ပို၍ပို၍ သိပ်သည်းလာခဲ့ကာ အရိပ်၏ကိုယ်ပေါ်တွင်ရှိနေသော အရှိန်အဝါကလည်း ပိုမိုသန်မာလာခဲ့သည်။

"ထျန်းရွှမ်... မင်းဘယ်လိုခံစားရလဲ?"

ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံနတ်ဆိုးနတ်ဘုရားသည် ထိုအရိပ်ကိုစူးစိုက်ကြည့်ခဲ့ပြီး ကျယ်လောင်စွာမေးမြန်းခဲ့သည်။

"အဲ့ဒီအချိန်တုန်းက အရိုးစုရဲ့တိုက်ကွက်က အရမ်းကိုထိတ်လန့်စရာကောင်းတယ်... အဲ့ဒါက ငါ့ရဲ့ခန္ဓာကိုယ်ကို တိုက်ရိုက်ဖျက်ဆီးခဲ့ပြီး ငါ့ရဲ့စိတ်ဝိညာဥ်ကတောင် သုတ်သင်ခံရတော့မလို့... အဲ့ဒီအချိန်တုန်းက သူငါ့ကို ကူညီခဲ့လို့မဟုတ်ရင် ငါသေဆုံးသွားရမှာကို ကြောက်လန့်မိတယ်"

"မင်းတို့က ငါ့ကိုကူညီပေးခဲ့ပေမဲ့ ငါ့ရဲ့အထွတ်အထိပ်ကိုရောက်ဖို့ဆိုရင် အချိန်အရမ်းကြာဦးမှာ"

ရှေးဆန်းပြီး အက်ကွဲနေသော အသံကြီးသည် အရိပ်ထံမှ ထွက်ပေါိလာခဲ့သည်။ ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရားတို့၏ အကြည့်များသည်လေးနက်သွားခဲ့သည်။ လက်ရှိနေရာတွင် ထျန်းရွှမ်တာအိုအရှင်သည် ဒဏ်ရာအပြင်းထန်ဆုံးဖြစ်၏။ သူ၏ စိတ်ဝိညာဥ်ကတောင် ပျောက်ကွယ်လုမတက် ဖြစ်နေခဲ့သည်။ သူတို့အရှင်၏ ကူညီပေးမှုကြောင့်သာမဟုတ်ပါက ထျန်းရွှမ်တာအိုအရှင်သည် လွန်ခဲ့သည့်ကာလကတည်းက သေဆုံးခဲ့ပြီးဖြစ်မှာကို ကြောက်လန့်မိသည်။

"မစိုးရိမ်ပါနဲ့... သခင်မက အထွတ်အထိပ်အခြေအနေကိုပြန်ရောက်ဖို့ ကြာတော့မှာမဟုတ်ဘူး... သခင်မသာ အထွတ်အထိပ်အခြေအနေကို ပြန်ရောက်သွားရင် သခင်မရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ခွန်အားက မင်းကို ကုသပေးနိုင်ပါလိမ့်မယ်"

ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရားသည် မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး နက်ရှိိုင်းသောအသံဖြင့် ပြောဆိုလိုက်သည်။

"အမှန်ပဲ... ငါတို့အားလုံးထဲမှာ ဧကရာဇ်ကလွဲရင် မရီးတော်က အစွန်းအထက်ဆုံးပဲ... ပြီးတော့ ငါတို့အားလုံးက အထွတ်အထိပ်အခြေအနေကို ပြန်ရောက်သေးတာမဟုတ်ဘူး... ဒီလူတွေကို ရင်ဆိုင်ဖို့အတွက် ငါနဲ့မရီးတော်တို့ကတင် လုံလောက်ပါတယ်... မင်းတို့ကတော့ ဒီနေရာမှာ အေးအေးချမ်းချမ်းနဲ့ ပြန်လည်ကုသနေကြ ။ဝမ်ဖုန်းသာ ပြန်ရောက်လာရင် ငါတို့အတွက် တန်ပြန်တိုက်ခိုက်ရမဲ့အချိန်ကို ရောက်လာလိမ့်မယ်"

ဘေးတွင်ရှိနေသော ကပ်ဘေးတာအိုနတ်ဆိုးနတ်ဘုရားက နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်သည်။ အခြားသောစွမ်းအားရှင်များကလည်း အသံမပြုခဲ့ကြသော်ငြား သူတို့၏ မျက်နှာထက်တွင်တော့ အဆုံးစမဲ့သော ယုံကြည်မှုများရှိနေခဲ့သည်။

"မရီးခေါ်လာခဲ့တဲ့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းတပည့်တွေကရော ဘယ်လိုလဲ"

ထျန်းရွှမ်တာအိုအရှင်သည် တစ်ခဏကြာအောင် တွေးဆလိုက်ပြီး ကျယ်လောင်စွာမေးမြန်းလိုက်သည်။

"ဒီလူအိုကြီးက မင်းတို့ကို နှောက်ယှက်မိပါပြီ... အခု ဒီလူအိုကြီးရဲ့ အခြေအနေကလည်း တည်ငြိမ်နေပြီဆိုတော့ မင်းတို့က ဝမ်ဖုန်းနဲ့ သခင်မရဲ့အစီအစဥ်ကို အကောင်းဆုံး ကူညီဖို့ ကြိုးစားကြပါကွာ" ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရားနှင့် အခြားသူများက ပါးစပ်မဖွင့်ရသေးခင်မှာပဲ ထျန်းရွှမ်တာအိုနန်းတော်အရှင်က ဆက်လက်၍ ပြောဆိုလိုက်သည်။

"မစိုးရိမ်ပါနဲ့... ငါတို့တွေ သခင်မရဲ့အစီအစဥ်ကို မနှောင့်နှေးစေရပါဘူး... အဲ့ဒီရှန်ရှန့်ကျုံဂိုဏ်းရဲ့တပည့်တွေကိုတော့ ဒီနတ်ဆိုးက လေ့ကျင့်ပေးဖို့ နတ်ဆိုးတစ်သောင်းလှိုဏ်ဂူထဲကို ပစ်သွင်းလိုက်ပြီ ၊ သူတို့တွေသာ လေ့ကျင့်ရေးပြီးဆုံးသွားရင် အစစ်အမှန် နတ်ဘုရားတွေဖြစ်လာနိုင်လိမ့်မယ်" ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရားက မျက်ဝန်းများကို မေးကျဥ်းလိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်သည်။

"အမ်..."

"ဒါ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

ဒါကိုကြားတော့ ထျန်းရွှမ်တာအိုအရှင်သည် ခေါင်းညိတ်လိုက်သည်။ သူက တစ်စုံတစ်ရာကို ပြောဆိုတော့မည့်အချိန်တွင် တစ်ခုခုအား အာရုံခံမိသွားခဲ့ပုံပေါ်သည်။ သူ၏ စိတ်ဝိညာဥ် ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်လှုပ်သွားခဲ့သည်။ ထိတ်လန့်ချောက်ချားနေသော အသံကြီးသည် ထျန်းရွှမ်တာအိုအရှင်၏ စိတ်ဝိညာဥ်ကိုယ်ထည်မှ ထွက်ပေါ်လာခဲ့သည်။ ၎င်းအသံက ရှိနေကြသော နတ်ဆိုးနတ်ဘုရားများအားလုံး၏ စိတ်အာရုံကို ဆွဲဆောင်ခဲ့သည်။

"ဘာဖြစ်လို့လဲ?"

ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရားတို့အုပ်စုသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး အလောသုံးဆယ်မေးမြန်းလိုက်သည်။ ထျန်းရွှမ်တာအိုအရှင်က ဒီလောက်တောင် စိတ်တုန်လှုပ်နေမှတော့ ကြီးကြီးမားမားတစ်ခုခုဖြစ်သွားတာဖြစ်ရမယ်။

သူတို့အရှင်များကြားတွင် ထျန်းရွှမ်တာအိုအရှင်၏ စိတ်နှလုံးသည် အခိုင်မာဆုံးဖြစ်၏။ ထျန်းရွှမ်တာအိုအရှင်သည် ဟုန်မန်နတ်ဘုရားနယ်ပယ်၌ အသန်မာဆုံးသော နတ်ဘုရားလမ်းစဥ်တစ်ခုကို ကျင့်ကြံခဲ့သည်။

"ဒီအဖိုးကြီးက ထျန်းရွှမ်တာအိုနန်းတော်ထဲမှာ အမှတ်အသားတစ်ခုကို ချန်ထားရစ်ခဲ့တယ်လေ... အခု အဲ့ဒီအမှတ်အသားက နန်းတော်ကြီးထဲမှာ သန်မာတဲ့ စွမ်းအားရှင်နှစ်ယောက် တိုက်ခိုက်နေတယ်လို့ ပြောနေတယ်"

ထျန်းရွှမ်တာအိုအရှင်က အေးစက်စွာပြောဆိုလိုက်သည်။

"အမ်?"

ထျန်းရွှမ်တာအိုအရှင်၏ စကားကိုကြားလိုက်ရသည့်အခါ ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရားတို့အုပ်စုသည် သူ့ကိုလှမ်းကြည့်မိလိုက်သည်။

ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရားက အလျင်အမြန်မေးမြန်းလိုက်သည်။

"အဲ့ဒီစွမ်းအားရှင်က ဘယ်သူလဲ?"

ထျန်းရွှမ်တာအိုအရှင်သည် ထျန်းရွှမ်တာအိုနန်းတော်ကြီးကို နတ်ဘုရားနယ်မြေအား အသုံးပြု၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ သူသာ မသေဆုံးသေးသရွေ့ ထျန်းရွှမ်တာအိုနန်းတော်အတွင်း၌ ဖြစ်ပျက်သမျှအရာအားလုံးကို အာရုံခံနိုင်၏။

"ဒီလူအိုကြီးနဲ့ ဧကရာဇ်ရဲ့ မှော်ဝင်ရတနာကို အသုံးပြုပြီး ဖိနှိပ်ထားခဲ့တာ လူတစ်ယောက်ပဲရှိတယ်"

ထျန်းရွှမ်တာအိုအရှင်၏ စိတ်ဝိညာဥ်ကိုယ်ထည်သည် တုန်လှုပ်သွားခဲ့သည်။

သူ့ထံမှ အေးစက်သောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့ရာ သတ်ဖြတ်လိုသော စကားလုံးများကလည်း ဖြစ်ပေါ်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ နတ်ဆိုးစွမ်းအားများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကြောင့် လွင့်စင်ထွက်သွားခဲ့သည်။

"ဘာ!... အဲ့ဒီကောင် အခုထိမသေသေးဘူးလား"

ထျန်းရွှမ်တာအိုအရှင်၏ စကားကိုကြားလိုက်ရသည့်အခါ ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရားတို့အုပ်စုသည် ထိတ်လန့်သွားခဲ့ကာ အံ့ဩကြီးစွာ ရေရွတ်လိုက်မိသည်။

ထိုကောင်အရိုးစုသည် အရမ်းကို ကံကောင်းနေလိမ့်မည်ဟု သူတို့ထင်မထားခဲ့ပါ။ ထျန်းရွှမ်တာအိုအရှင်နှင့် ဧကရာဇ်၏ မှော်ဝင်ရတနာတို့ စုပေါင်းဖိနှိပ်မှုဖြင့်တောင် ထိုကောင်ကိုမသတ်နိုင်ခဲ့ပါ။

"အဲ့ဒီကောင်က အခုချိန်မှာ အထွတ်အထိပ်အခြေအနေကို ပြန်ရောက်ဦးမှာမဟုတ်ဘူး... ငါတို့ဘာလို့...."

ကပ်ဘေးတာအိုနတ်ဆိုးနတ်ဘုရား၏ မျက်လုံးအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းလာခဲ့ကာ နက်ရှိုင်းသောအသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

သူတို့အားလုံးသည်လည်း အထွတ်အထိပ်အခြေအနေသို့ မရောက်သေးသော်ငြား၊ သူတို့ဘက်တွင် လူများစွာရှိနေသည်။ သူတို့က အထွတ်အထိပ်အခြေအနေမှာရှိမနေဘူးဆိုရင်တောင် အခုမှ အသစ်ထွက်ပေါ်လာတဲ့ အရိုးစုလောက်ကိုတော့ သတ်ဖြတ်ဖို့လုံလောက်ပါတယ်လေ။

"မဟုတ်ဘူး... အဲ့ဒီကောင်က အသတ်ခံရတော့မှာ.."

ရုတ်တရက်ဆိုသလို ထျန်းရွှမ်တာအိုအရှင်၏ မျက်နှာပေါ်၌ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ သူက တိုးညင်းစွာရေရွတ်လိုက်သည်။ သူ၏ စကားလုံးများအတွင်း၌ ပျော်ရွှင်မှုများပါဝင်နေခဲ့သည်။

"ဟမ်... အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? အဲ့ဒီကောင်က ခုမှချိတ်စည်းက ထွက်လာခါစဆိုပေမဲ့ သူရဲ့ခွန်အားကတော့ သာမန်ဟုန်မန်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတွေကိုတောင် သတ်ဖြတ်နိုင်မှာလေ"

ထျန်းရွှမ်တာအိုအရှင်၏ စကားကို ကြားလိုက်ရသည့်အခါ ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရားတို့အုပ်စုသည် ထိတ်လန့်သွားခဲ့ကာ လျင်မြန်စွာ တုံ့ပြန်ပြောဆိုလိုက်သည်။

"ဒီအဖိုးကြီးက ဝမ်ဖုန်းရဲ့အရှိန်အဝါကိုလည်း အာရုံခံမိခဲ့တယ်... အရိုစုနဲ့တိုက်ခိုက်နေတဲ့စွမ်းအားရှင်က ဝမ်ဖုန်းရဲ့ ဝှက်ဖဲပဲ ဖြစ်လိမ့်မယ်"

ထျန်းရွှမ်တာအိုအရှင်သည် ခပ်ဖွဖွပြုံးရယ်လိုက်သည်။ သူ၏စကားလုံးများအတွင်း၌ စိတ်လှုပ်ရှားမှုများပါဝင်နေခဲ့သည်။

"အို?"

ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရားနှင့် အခြားသူများ၏ မျက်လုံးများသည် ဝင်းလက်တောက်ပသွားခဲ့သည် သူတို့မျက်နှာထက်ရှိ အံ့အားသင့်မှုသည် တဖြည်းဖြည်းနှေးကွေးသွားခဲ့သည်။ အဲ့ဒါက ဝမ်ဖုန်းဆိုရင်တော့ ဒီအခြေအနေက ပုံမှန်ပါပဲ။

သူတို့အနက် အစွန်းအထက်ဆုံး ဖြစ်သည့် ဧကရာဇ်ဟောင်းပြန်လည်ဝင်စားခဲ့သည်ဖြစ်ရာ ဝမ်ဖုန်း၏ အမည်နာမသည် ဒဏ္ဍာရီနှင့် မဖြစ်နိုင်သည့်အရာများကို ကိုယ်စားပြုလေသည်။

"ဝမ်ဖုန်းကို ကူညီနေတဲ့စွမ်းအားရှင်က ဘယ်သူလဲဆိုတာကိုရော မင်းအာရုံခံလို့ရလား"

ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံနတ်ဆိုးနတ်ဘုရား၏ မျက်ဝန်းသည် လင်းလက်သွားခဲ့ကာ အလောသုံးဆယ်မေးမြန်းလိုက်သည်။ ထိုလူက အရိုးစုလို ထိတ်လန့်စရာတည်ရှိမှုကိုတောင် သတ်ဖြတ်နိုင်တော့မည်ဖြစ်ရာ အင်မတန်အစွမ်းထက်သူဖြစ်ပေလိမ့်မည်။ အရိုးစုသည် လက်ရှိအခြေအနေ၌ ပြန်လည်ထွက်ပေါ်လာခါစဖြစ်သော်လည်း သူ၏ခွန်အားကို အထင်သေး၍ မရနိုင်ပါ။

"အဲ့ဒီလူက နေကြီးတစ်စင်းလိုပဲ... ဖောက်ထွင်းမမြင်နိုင်ဘူး... အဲ့ဒီလူက လူသားတစ်ယောက်မဟုတ်ဘူးဆိုတာကိုပဲ ငါသိတယ်... သူ့ရဲ့စွမ်းအားက သာမန်လူတွေတောင့်ခံနိုင်ရဲ့အရာမဟုတ်ဘဲ အရမ်းကိုကြောက်လန့်စရာကောင်းလွန်းတယ်"ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံနတ်ဆိုးနတ်ဘုရား၏စကားကိုကြားလိုက်ရသည့်အခါ ထျန်းရွှမ်တာအိုအရှင်သည် ခေါင်းကိုခါယမ်းလိုက်ပြီး တိုးညင်းစွာ ရေရွတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ကတောင် တသိမ့်သိမ့်တုန်လှုပ်နေခဲ့သည်။!

All Chapters