← Chapters

အရိုးစု၏အဆုံးသတ်

Vol. 48 Ch. 666

အရိုးစု၏အဆုံးသတ်

Vol. 48 Ch. 666

ထျန်းရွှမ်တာအိုနန်းတော်၏ အမွေအနှစ်နယ်မြေအတွင်း၌!

“ဘုန်း!

မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီးများသည် အဆက်မပြတ် ထွက်ပေါ်လျက်ရှိကာ ထိတ်လန့်စရာကောင်းသော စွမ်းအင်ဖိအားကလည်း အရပ်လေးမျက်နှာလုံးကို လွင့်စင်ထွက်နေခဲ့သည်!

ကျောက်စိမ်းဖြူနန်းတော်ကြီး၏ထိပ်၌ မတ်တပ်ရပ်နေကြသော ဝမ်ဖုန်းတို့အုပ်စုသည် ချွေးများပင် စိုရွှဲနေကြပြီဖြစ်သည်။ သူတို့၏မျက်ဝန်းများက ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ တစ်စုံတစ်ယောက်က ဤမျှလောက် အစွမ်းထက်နိုင်လိမ့်မည်ဟု သူတို့ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါ။

ဤတိုက်ပွဲသည် ဝမ်ဖုန်းတခြားကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ပထမဆုံးတွေ့ကြုံရသည့် ကြောက်စရာအကောင်းဆုံးတိုက်ပွဲကြီးပင် ဖြစ်ပါတော့သည်။

ဝမ်ဖုန်းသည် တွေးတောင်မတွေးရဲတော့ပါ။ ဒီတိုက်ပွဲသာ မွန်မြတ်ဘုံလောကအတွင်းဖြစ်ပွားခဲ့ပါလျှင် မွန်မြတ်ဘုံလောကကြီးတစ်ခုလုံး တိုက်ရိုက်ပြိုကျသွားပေလိမ့်မည်။ မွန်မြတ်ဘုံလောကအတွင်းရှိ စွမ်းအားကြီးသော ပုဂ္ဂိုလ်များအားလုံးကလည်း ဒီတိုက်ပွဲကြောင့် သေကြေပျက်ဆီးရလိမ့်မည်ဖြစ်သည်။

“ဘုန်း!

ဝမ်ဖုန်းနှင့်အခြားသူများ ထိတ်လန့်နေစဉ်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် ထျန်းရွှမ်တာအိုနန်းတော်အတွင်း ထွက်ပေါ်လာခဲ့သည်။ ၄င်းအသံကြီးနှင့်အတူ မီးခိုးတန်းကြီးတစ်တန်းသည် အထက်အောက်ပြောင်းပြန်လှန်၍ မြေပြင်နှင့်ထိခတ်မိသွားခဲ့သည်။

မိုးကောင်းကင်ယံ၌ ဖုန်မှုန့်များ၊မီးခိုးမှုန်များနှင့် ပြည့်နှက်နေခဲ့သည်။ ပြင်းထန်သော စွမ်းအားများက မြေပြင်ကို ကြီးမားသော တွင်းပေါက်ကြီးကို ဖြစ်ပေါ်စေခဲ့သည်။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အရိုးစုသည် တွင်းပေါက်ကြီးအတွင်း၌ လှဲလျောင်းနေခဲ့သည်။ သူ၏မျက်ဝန်းများက ငေးတိငေးကြောင်ဖြစ်နေခဲ့ကာ နှုတ်ဖျားမှလည်း စကားလုံးများကို ထပ်ခါထပ်ခါ ရေရွတ်နေမိသည်။

ဤအချိန်တွင် အရိုးစုသည် အရမ်းကို စုတ်တိစုတ်ပြတ်ဖြစ်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခွင်၌ နက်မှောင်သော အက်ကွဲကြောင်းများ ရှိနေခဲ့သည်။ သူ့ကိုယ်တွင်းရှိ အရှိန်အဝါကလည်း အရမ်းကို အားနည်းနေခဲ့ကာ အချိန်မရွေး မီးငြိမ်းသွားနိုင်သော ဖယောင်းတိုင်ကဲ့သို့ ဖြစ်နေခဲ့သည်။

မူလက သန်မာသော ဇီဝဓာတ်များသည် တဖြည်းဖြည်း အားနည်းလာခဲ့သည်။ အရိုးစု၏အခြေအနေက အခုအချိန်၌ အရမ်းကို ဆိုးရွားနေတာကို ဝမ်ဖုန်းတို့အားလုံး ခံစားရရှိလိုက်သည်။

အရှေ့တိုင်းဧကရာဇ်ထိုက်ရိကို ပြန်၍လှည့်ကြည့်လိုက်သောအခါ ထိုသူကတော့ အရမ်းကို အစွမ်းထက်နေသေးသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရွှေဝါရောင်အလင်းတမ်းများ ဝင်းဖြာတောက်ပနေခဲ့သည်။ ၄င်း၏ကိုယ်နေဟန်ထားသည် ကောင်းကင်ဘုံကိုးဘုံ၏ဧကရာဇ် ဆင်းသက်လာခဲ့သည့်အလား ထင်ရှားနေခဲ့ကာ လီပိုင်တို့အားလုံးသည် မျက်ရည်ဝဲလာ၍ အကြည့်လွှဲလိုက်ကြသည်။

“ပုရွက်ဆိတ်လို အားနည်းတဲ့လူတစ်ယောက်က ကိုယ့်ကိုကိုယ် မိုးကောင်းကင်ရဲ့ကိုယ်စားလှယ်လို့ ခေါ်ဆိုရဲတာလား။ ရယ်စရာကောင်းလိုက်တာ”

ဧကရာဇ်ထိုက်ရိသည် လေဟာပြင်အတွင်း၌ မတ်တပ်ရပ်နေခဲ့သည်။ သူ၏မျက်နှာ၌ မောက်မာထောင်လွှားမှုများ ရှိနေခဲ့ကာ ကျယ်လောင်စွာအော်ဟစ်ပြောဆိုလိုက်သည်။ အဆိုပါ အထင်အမြင်သေးသော စကားလုံးများသည် ထျန်းရွှမ်တာအိုနန်းတော်အတွင်း ပဲ့တင်ထပ်သွားချေသည်။

“ဒီနတ်ဘုရားက အထွတ်အထိပ်ကို ပြန်ရောက်သွားရင် မင်းကို လက်တစ်ဖက်တည်းနဲ့တောင် ချေမွပစ်လိုက်နိုင်တယ်ကွ”

အရိုးစု၏အမူအယာသည် မလိုလားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူက အရှေ့တိုင်းဧကရာဇ်ထိုက်ရိကို စူးစိုက်ကြည့်လျက် နက်ရှိုင်းသောအသံဖြင့် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏လက်ထဲတွင် ဆိုးဆိုးရွားရွား အဆုံးသတ်ရလိမ့်မည်ကို ဘယ်တုန်းကမှ တွေးထင်မထားခဲ့ပါ။

သူဆိုသည့် ကောင်းကင်ကိုယ်စားလှယ်အရိုးစုသည် ထိုပုဂ္ဂိုလ်၏လက်ထဲတွင် ဘယ်တုန်းကမှ မသေဆုံးခဲ့ပါ။ ထို့အပြင် ထျန်းရွှမ်တာအိုနန်းတော်၏မှော်ဝင်အရှင်နှင့် ထိုပုဂ္ဂိုလ်၏ပေါင်းစပ်ဖိအားအောက်တွင်တောင် အသက်ရှင်နိုင်ခဲ့သည်။ သို့သော်လည်း ယခုအချိန်၌ ထိုပုဂ္ဂိုလ်၏လက်အောက်ငယ်သားတစ်ယောက်က သူ့ကို သေလုမျောပါး ရိုက်နှက်ခဲ့ချေပြီ!

“သူရဲကောင်းတစ်ယောက်က ဘယ်တော့မှ ကြွားဝါမပြောဆိုရဘူး!"

အရိုးစု၏မနှစ်မြို့ဖွယ် အသံကြီးကို ကြားလိုက်ရသည့်အခါ အရှေ့တိုင်းဧကရာဇ်၏အမူအယာမှာ မထီမဲ့မြင်ဖြစ်သွားခဲ့လျက် အေးစက်စွာ ပြောဆိုခဲ့သည်။

”ဘုန်း!

ထိုစကားလုံးများနှင့်အတူ ဧရာမအရှိန်အဝါကြီးသည် အရှေ့တိုင်းဧကရာဇ်ထံမှ ပေါက်ကွဲထွက်လာခဲ့ကာ ထျန်းရွှမ်တာအိုနန်းတော်ကြီးတစ်ခုလုံးကို ခါယမ်းတုန်လှုပ်သွားစေခဲ့သည်။ အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ လက်များသည် မိုးကောင်ကင်ကို မြှောက်တင်နိုင်သော အရှိန်အဝါတို့ကို ဖော်ထုတ်လျက်ရှိသည်။ ခမ်းနားကြီးကျယ်သော စွမ်းအားများသည် အဆိုပါ လက်တစ်စုံအထက်မှ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။

အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ ထိန်းချုပ်မှုအောက်တွင် ကျယ်ပြောနက်ရှိုင်းသောစွမ်းအားများက ဧရာမအလင်းတစ်ခုအဖြစ် ပေါင်းစုသွားခဲ့ကာ မိုးကောင်းကင်နှင့်နေမင်းကို ဖုံးကွယ်နိုင်သော ရွှေရောင်လက်ဖဝါးကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၄င်းလက်ဖဝါးကြီးသည် မိုးကောင်းကင်၏ဓားတစ်စင်းအလား ကောင်းကင်ယံ၌ မြဲမြံစွာ ရပ်တည်နေခဲ့သည်။

အဆိုပါ ရွှေရောင်လက်ဖဝါးကြီး ထွက်ပေါ်လာသည့်အခါ ထျန်းရွှမ်တာအိုနန်းတော်ကြီးတစ်ခုလုံးသည် အဆက်မပြတ် ခါယမ်းလာခဲ့သည်။ ဝမ်ဖုန်းနှင့် အခြားသူများ၏စိတ်ဝိညာဉ်ကတောင် တောင့်တင်းထုံကျင်သွားခဲ့ရသည်။

ရွှေရောင်လက်ဖဝါးကြီး၏ ထိတ်လန့်စရာ စွမ်းအားကို ခံစားလိုက်ရသည့်အခါ အရိုးစု၏ မီးခိုးရောင်မျက်ဝန်းများအတွင်း၌ အကြောက်တရားတို့ ထွက်ပေါ်လာခဲ့သည်။ သူဟာ နှစ်ပေါင်း မရေမတွက်နိုင်လောက်‌အောင် ရှင်သန်နေထိုင်ခဲ့ရသည်။ သူဟာ ကြီးမြတ်သော တိုက်ပွဲကြီးမှာတောင် ဤကဲ့သို့သောခံစားချက်မျိုးကို မခံစားခဲ့ရပါ။ ဤသည်ကား အကြောက်တရားဖြစ်၏။ နှစ်ပေါင်းများစွာကြာမြင့်ပြီးသည့်နောက် သူဟာ အကြောက်တရားကို ထပ်မံ၍ ခံစားလိုက်ရသည်။

ဤတစ်ကြိမ်တွင် သူဟာ သေခြင်းကို တွေ့ကြုံခံစားလိုက်ရချေသည်။ သူသည် ရှေးဟောင်းတိုက်ပွဲကြီးအတွင်း၌ သေလုမြောပါး ရိုက်နှက်ခံခဲ့ရသော်လည်း သေဆုံးလောက်သည့် အကြပ်အတည်းကိုတော့ မတွေ့ကြုံခဲ့ရပါ။ သို့သော်လည်း ယခုတစ်ကြိမ်၌တော့ သူသည် သေမင်း၏အငွေ့အသက်ကို ပြင်းပြင်းပျပျ ခံစားခဲ့ရသည်။

“ဘုန်း!

အရှေ့တိုင်းဧကရာဇ်ထိုက်ရိသည် အရိုးစု၏ခံစားချက်များကို ဂရုမစိုက်ခဲ့ပါ။ သူဟာ ရွှေရောင်လက်ဖဝါးကြီးကို ရုတ်တရက် ဖိနှိပ်ချခဲ့သည်။ ထိတ်လန့်စရာကောင်းသော စွမ်းအားသည် လေဟာပြင်ကို အပိုင်းအပိုင်းအဆဆ ဖြတ်တောက်လျက် အဆုံးအဆမဲ့သော တွင်းပေါက်အက်ကွဲကြောင်းများကိုလည်း ဖြစ်ပေါ်စေခဲ့၏။

“ဘုန်း!

ဧရာမရွှေရောင်လက်ဖဝါးကြီးနှင့် ရင်ဆိုင်နေရသော အရိုးစု၏ မျက်ဝန်းများအတွင်း၌ အကြောက်တရားများသာ ရှိတော့သည်။ သူက အံကိုတင်းတင်းကြိတ်လျက် ကိုယ်တွင်းရှိစွမ်းအားများကို ဖော်ထုတ်လိုက်ကာ အားကုန်သုံး၍ ထိုးသွင်းရန် ပြင်ဆင်လိုက်သည်။

“ဘုန်း!

သို့ပေသိ ရွှေရောင်လက်ဖဝါးကြီး ၏ရှေ့မှောက်တွင် အရိုးစု၏ ခုခံမှုက စက္ကူစတစ်ခုလိုမျိုး ကျိုးပဲ့လွယ်နေခဲ့သည်။ အရိုးစု၏ ကြောက်လန့်နေသော မျက်ဝန်းများအတွင်းသို့ ရွှေရောင်လက်ဖဝါးကြီးသည် ပို၍ပို၍ ကြီးမားလာခဲ့သည်။

ဤကဲ့သို့ သေရေးရှင်ရေးအခိုက်အတန်းတွင် အရိုးစုသည် သူ၏ ကိုယ်ပိုင်အရိုးစုများကို အသုံးပြ၍ အရိုးစုဒိုင်းကာကြီးတစ်ခုကို ဖော်ဆောင်ခဲ့သည်။ သူသည် ဧရာမရွှေရောင်လက်ဖဝါးကြီးကို ခုခံချေပရန် ကြိုးစားခဲ့သော်လည်း အရာအားလုံး အသုံးမဝင်ဖြစ်ခဲ့ရသည်။ ဧရာမလက်ဖဝါးကြီးသည် အရိုးစု၏ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ဖိနှိပ်ချခဲ့သည်။

ထိတ်လန့်စရာကောင်းသော ဖိအားသည် အရိုးစု၏ခန္ဓာကိုယ်တစ်ခုလုံးကို အပြင်းအထန်ခါယမ်းသွားစေခဲ့သည်။ မြေပြင်၌တောင် ကြီးမားသောအက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာစေခဲ့ကာ ထျန်းရွှမ်တာအိုနန်းတော်သည် ဤဖိအားအောက်တွင် အပြည့်အဝပျက်ဆီးသွားခဲ့ရသည်။

မီးခိုးများနှင့် ဖုန်မှုန့်များသည် လေထုထဲတွင် ပျံ့နှံ့လျက်ရှိသည်။ စွမ်းအင်အရှိန်အဝါများသည်လည်း လေထုအောက်တွင် ပျံ့ကြဲလျက်ရှိသည်။ ရွှေရောင်လက်ဖဝါး၏ကြွင်းကျန်ရစ်‌သော အငွေ့အသက်များသည် ပတ်ပတ်လည်ရှိ အရာအားလုံးကို စုတ်ဖြဲပစ်ခဲ့ချေသည်။

အဟွတ်!

ရွှေရောင်လက်ဖဝါးကြီး၏ ပြင်းထန်သော ရိုက်ချက်ကြောင့် အရိုးစု၏ခန္ဓာကိုယ်သည် မြေပြင်၌ ပြားကပ်နေခဲ့သည်။ သူဟာ အနက်‌ရောင်သွေးတစ်လုတ်ကို အန်ထုတ်ခဲ့ရသည်။ အဆိုပါ အနက်ရောင်သွေးများသည် မြေပြင်ကို အက်ဆစ်ကဲ့သို့ တိုက်စားသွားခဲ့ကာ ဧရာမကျွင်းပေါက်ကြီးကို ဖြစ်ပေါ်စေခဲ့သည်။

“ငါက မိုးကောင်ကင်ကို အုပ်စိုးရတဲ့လူတစ်ယောက်ဖြစ်ခဲ့တယ်။ ငါ့ရဲ့အခွင့်အာဏာက မိုးကောင်းကင်နဲ့ ကမ္ဘာမြေကို ဖုံးလွှမ်းနိုင်ခဲ့တယ်။ တစ်နေ့နေ့မှာ မင်းလို ပုရွက်ဆိတ်တစ်ကောင်ရဲ့လက်ထဲမှာ သေဆုံးရလိမ့်မယ်လို့ ငါတွေးမထားမိဘူး”

“တကယ့်ကို ရယ်စရာကောင်းလိုက်တာ”

အရိုးစုသည် ကောင်းကင်ကို မော့ကြည့်လျက် ဟစ်ကြွေးလိုက်မိသည်။ သူဟာ ယခုလို ဆိုးဆိုးရွားရွား သေဆုံးရလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပါ။

အရိုးစု၏ယူကျုံးမရဖြစ်နေသော အမူအယာကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းတို့အားလုံးသည်လည်း စိတ်ခံစားမှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

မိုးကောင်းကင်ကိုယ်စားလှယ်တစ်ယောက် ဖြစ်သည်နှင့်အညီ အရိုးစု၏အဆင့်အတန်းက ကြီးမြင့်လှပါသည်။ သူ၏ဘဝတွင် အဆုံးသတ်ကို မတွေ့မြင်ခဲ့ရပါ။ ဝမ်ဖုန်းတို့သည် ထိုသူ၏ရန်သူများဖြစ်သော်လည်း ဤအချိန်၌ ခံစားမှုတို့ ရောပြွှမ်းနေဆဲဖြစ်သည်။

အရင်ကဆိုပါက ထိုကဲ့သို့ ကြောက်လန့်စရာတည်ရှိမှုကြီးကို သတ်ဖြတ်နိုင်လိမ့်မယ်ဟု ဝမ်ဖုန်းက အဘယ်မှာ တွေးမိမည်နည်း။ အရှေ့တိုင်းဧကရာဇ်ထိုက်ရိသာ ရှိမနေပါက အရိုးစု၏ထိတ်လန့်စရာ စွမ်းအားသည် သူတို့အားလုံးကို လွယ်လင့်တကူ သတ်ဖြတ်ပစ်နိုင်သည်။

တစ်ချိန်တည်းမှာပဲ ဝမ်ဖုန်းသည် အရမ်းကို ပျော်ရွှင်နေမိသည်။ သူ၏မျက်ဝန်းများအတွင်း၌ မျှော်လင့်စောင့်စားမှုများ ရှိနေခဲ့သည်။ အရိုးစုလို စွမ်းအားမြင့်တဲ့လူတစ်ယောက်ကို သတ်ရတဲ့အတွက် သူဘယ်လိုမျိုး ဆုလာဒ်တွေကို ရရှိဉီးမှာလဲ။ တကယ့်ကို သိချင်နေပြီ။

ဤသည်မှာ မိုးကောင်းကင်၏ ကိုယ်စားလှယ်တစ်ယောက်ဖြစ်ချေသည်။ ထိုသူသည် လက်ရှိ၌ အထွတ်အထိပ်အခြေအနေတွင် ရှိမနေသော်လည်း အင်မော်တယ်ဧကရာဇ်အဆင့်၌ ရှိနေဆဲသာ။ သူ၏ အနေအထားသည် မြင့်မြတ်သော နတ်ဘုရား အထွတ်အထိပ်နှင့်တောင် နှိုင်းယှဉ်နိုင်သည်။ ဒါ့အပြင် မြင့်မြတ်သော နတ်ဘုရားအထွတ်အထိပ် စွမ်းအားရှင်များကတောင် သူ့‌လောက်သန်မာနိုင်မှာ မဟုတ်ပါ။

အရိုးစု၏တဖြည်းဖြည်းလျော့နည်းသွားသော အသက်ဓာတ်များကို စူးစိုက်ကြည့်နေရင်း ဝမ်ဖုန်းသည် နှလုံးသားအောက်ခြေမှ လှိုက်တက်လာသော ပျော်ရွှင်မှုများကို ခံစားလိုက်ရသည်။ သူဟာ ကြောက်လန့်စရာကောင်းသော ရန်သူကြီးတစ်‌ယောက်ကို ချေမှုန်းနိုင်ခဲ့လေပြီ။

အရိုးစု၏အသံနှင့်အတူ သူ၏အရိုးကိုယ်ထည်ကလည်း အမှုန့်အဖြစ်ပြောင်းလဲသွားခဲ့ကာ ထျန်းရွှမ်တာအိုနန်းတော်မှ လုံးဝပျောက်ကွယ်သွားခဲ့၏။

“ဘုန်း!

အရိုးစု၏ ခန္ဓာကိုယ်တစ်ခုလုံး လုံးဝပျက်ဆီးသွားသည့်အခါ ထျန်းရွှမ်တာအိုနန်းတော်ကြီးသာမက မိုးကောင်းကင်နှင့် ကမ္ဘာမြေတို့ကပါ တုန်ခါသွားခဲ့သည်။ ထျန်းရွှမ်တာအိုနန်းတော်၏အထက်၌ များစွာသော ပုံရိပ်ယောင်များထွက်ပေါ်လာခဲ့ကာ မွန်မြတ်ဘုံလောကတစ်ခုလုံးကိုပါ ဖုံးလွှမ်းသွားခဲ့၏!

All Chapters