ပျက်ဆီးခြင်းနာရီ ထွက်ပေါ်လာသည်။
Vol. 48 Ch. 669
မြင့်မြတ်သော ကောင်းကင်ကြီးနှင့် သဏ္ဍန်တူသည့် ဧရာမမျက်နှာကြီးဖြင့် ရင်ဆိုင် နေရသော်လည်း အရှေ့တိုင်းဧကရာဇ်ထိုက်ရိက မောက်မာနေသေးသည်။ သန်မာသော ဧကရာဇ်ဖိအားများသည် ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်းတို့အားလုံးသည် အကြည့်လွှဲလိုက်ကြရ၏။
"ကောင်းကင်ကို ဆန့်ကျင်နေတဲ့ပုရွက်ဆိတ်ရေ မင်းက သေချင်နေတာပဲကွ!"
ဧကရာဇ်ထိုက်ရိ၏ အစွမ်းထက်သောပုံစံကြောင့် ဧရာမမျက်နှာကြီးသည် ဒေါသထွက်သွားခဲ့သည်။ အဆိုပါမျက်နှာကြီးက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ မီးတောင်ကြီးပေါက်ကွဲသကဲ့သို့ အမျက်ဒေါသများသည် ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားခဲ့သည်။ ၎င်းဟစ်ကြွေးသံကြီးက ဝမ်ဖုန်းတို့အားလုံးအပေါ် သက်ရောက်မှု ကြီးကြီးမားမားရှိခဲ့ပါ၏။
လျှို့ဝှက်ဆန်းကြယ်သော နေရာအတွင်း တင်ပြင်ချိတ်ထိုင်နေသည့် ဝူ၏ခန္ဓာကိုယ်တစ်ခုလုံးက တဆတ်ဆတ်တုန်ခါနေခဲ့သည်။ သူဟာ အရမ်းကို ဒေါသထွက်နေပါ၏။ သူဟာ အထွတ်အထိပ်အခြေအနေမှာ ရှိနေသော်လည်း အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ မလေးမစား ဆက်ဆံခြင်းကို ခံနေရသည်။ သူဘယ်လိုလုပ် သည်းခံနိုင်ပါ့မလဲ။
လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါကြီးသည် သူ၏ခန္ဓာကိုယ်မှ ဆတိုးထွက်ပေါ်လာခဲ့ကာ လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများကလည်း သူ၏ဘေးနား၌ ရပ်တည်နေခဲ့သည်။ စည်းမျဉ်းများ၏ ချိတ်ဆက်မှုများမှတစ်ဆင့် ထိုသင်္ကေတများသည် ဧရာမမျက်နှာကြီးကို ကောင်းချီးပေးခဲ့သည်။ ဧရာမမျက်နှာကြီးမှ ထွက်ပေါ်နေသော အရှိန်အဝါများသည် ပို၍အားကောင်းလာခဲ့သည်။
"မိုးကောင်းကင်လား။ မင်းကိုယ်မင်း မိုးကောင်းကင်လို့ခေါ်တာ ထိုက်တန်လို့လား။"
"ရယ်စရာကောင်းလွန်းတယ်"
ဝူ၏စကားကို ကြားလိုက်ရသည့်အခါ အရှေ့တိုင်းဧကရာဇ်ထိုက်ရိသည် လှောင်ပြုံးပြုံးလိုက်ပြီး မထီမဲ့မြင် အော်ဟစ်ပြောဆိုလိုက်သည်။
"ဘုန်း!
ထိုသို့ပြောဆိုလိုက်ပြီးနောက် အရှေ့တိုင်းဧကရာဇ်ထိုက်ရိသည် ဝူနှင့် အရည်မရအဖတ်မရ စကားပြောဆိုခြင်း မရှိတော့ပါ။ ခြောက်ခြားစရာ အရှိန်အဝါကြီးသည် သူ့ထံမှ ထွက်ပေါ်လာခဲ့သည်။ ပူပြင်းသော အလင်းကြီးတစ်တန်းကလည်း ဧရာမနေမင်းကြီး သက်ဆင်းလာသကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ ထျန်းရွှမ်တာအိုနန်းတော်အတွင်း၌ ပူပြင်းတောက်လောက်မှု အငွေ့အသက်များသည် ထွက်ပေါ်လာခဲ့၏။ တာအိုနန်းတော်ကြီးတစ်ခုလုံးမှာ လောင်မြိုက်ေနသည့် တောအုပ်ကြီးအလား ဖြစ်နေချေသည်။
"ဘုန်း!
အရှေ့တိုင်းဧကရာဇ်ထိုက်ရိက သူ၏လက်ကို ခါယမ်းလိုက်သည်။ သူ၏လက်ထဲမှ ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ အဆိုပါ ပင်လယ်ပြင်တမျှ နက်ရှိုင်းသော အလင်းတန်းများသည် အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ ထိန်းချုပ်မှုအောက်တွင် မိုးကောင်းကင်ကို ထိုးညွှတ်နေသော ဧရာမဓားတစ်စင်းအဖြစ် ပြောင်းလဲသွားခဲသွားခဲ့သည်။ အဆုံးအဆမဲ့သော ထက်မြမှုအရှိန်အဝါများကလည်း ထွက်ပေါ်လာခဲ့ချေသည်။
"ဘုန်း!
ကောင်းကင်ကို ထိုးညွှန်နေသော ဧရာမဓားကြီး ထွက်ပေါ်လာသည့်အခါ အရှေ့တိုင်းဧကရာဇ်ထိုက်ရိသည် သူ၏လက်ဖဝါးကို မွှေ့ယမ်းလိုက်သည်။ ဧရာမဓားကြီးသည် ရုတ်တရက် ပြေးထွက်သွားခဲ့ကာ ကောင်းကင်ပေါ်ရှိ ဧရာမမျက်နှာကြီးကို ခုတ်ပိုင်းလိုက်သည်။
ထိတ်လန့်ဖွယ်ကောင်းသော ဓားစွမ်းရည်များသည် ပြိုဆင်းကျလာခဲ့ကာ ထျန်းရွှမ်တာအိုနန်းတော်ကြီး၏ မြေပြင်သည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ တာအိုနန်းတော်တစ်ခုလုံးမှာ အပြင်းအထန် ခါယမ်းလာခဲ့သည်။
"ပေါက်ကတ်တရ လှည့်ကွက်ကလေးတွေ!"
"မင်းလို အားနည်းတဲ့ကောင်က ငါ့ရဲ့အရှေ့မှာ အော်ဟစ်နေရဲတာလား"
ဧရာမဓားကြီးကို တွေ့မြင်လိုက်ရသည့်အခါ ဝူ၏ဧရာမမျက်နှာကြီးသည် အထင်အမြင်သေးစွာ ဟစ်ကြွေးပြောဆိုလိုက်သည်။ ဧရာမမျက်နှာကြီး၏ ရှေ့မှောက်၌ ဧရာမလက်ဖဝါးကြီးတစိခု ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် နတ်ဘုရား၏ လက်ဖဝါးကြီးကဲ့သို့ ဧရာမဓားကြီးကို ဆွဲကိုင်လိုက်သည်!
"ဘုန်း!"
ဝမ်ဖုန်းတို့၏ ထိတ်လန့်နေသော မျက်ဝန်းများအောက်တွင် ဧရာမလက်ဖဝါးကြီးနှင့် ဓားကြီးတစ်စင်းသည် တစ်ခုနှင့်တစ်ခုပွတ်တိုက်သွားခဲ့သည်။
ဝမ်ဖုန်းတို့အားလုံးသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဧရာမဓားကြီးသည် ဧရာမလက်ဖဝါးကြီး၏ ချေမွဖျက်ဆီးခြင်းကို ခံခဲ့ရကာ ဘယ်အပျက်အဆီးကိုမှ မဖြစ်ပေါ်စေခဲ့ရပါ။
ဒါကဘာလဲ!?
ဝမ်ဖုန်း၏ မျက်ဝန်းများသည် လှုပ်ရှားသွားခဲ့ပြီး သူ၏နှလုံးသားက အပြင်းအထန် တုန်လှုပ်သွားခဲ့သည်။ အရှေ့တိုင်းဧကရာဇ်ထိုက်ရိသည် သုခဘုံနတ်ဘုရားအထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ကာ သူ၏ တိုက်ပွဲဝင်စွမ်းအားသည် တခြားသုခဘုံနတ်ဘုရားများထက် အလွန်ပင် သာလွန်ပါသည်။ သို့သော်လည်း ဤမျှခွန်အားဖြင့်တောင် ဧရာမမျက်နှာကြီး၏ ရှေ့မှောက်တွင် ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့ကာ လုံးဝ မရင်ဆိုင်နိုင်ခဲ့ပါ။
ဝမ်ဖုန်းသည် အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ မျက်နှာသို့ စူးစိုက်ကြည့်မိလိုက်သည်။ သို့သော်လည်း ဝမ်ဖုန်းဟာ အံ့ဩသွားခဲ့ရသည်။ အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ မျက်နှာပေါ်တွင် ဘယ်အကြောက်တရားမှ ရှိမနေခဲ့ပါ။ သူ၏အမူအယာက ထုံပေပေဖြစ်နေဆဲသာ။ သူဟာရလဒ်ကို အစောကြီးကတည်းက သိနေခဲ့ပြီးပုံပေါ်သည်။
"ဂိုဏ်းချုပ် ပြန်လည်ဆုတ်ခွာပါ"
"ဒီလူက အထွတ်အထိပ်အခြေအနေမှာ ရှိနေတဲ့ ကောင်းကင်ကိုယ်စားလှယ်တစ်ယောက်ဖြစ်မှာကို စိုးရိမ်မိတယ်။ သူ့ရဲ့ခွန်အားက သာမန်မဟုတ်ဘူး။ ဒီဧကရာဇ်က သူနဲ့တိုက်ခိုက်ရင် တာအိုနန်းတော်ကြီးတစ်ခုလုံးက ပျက်ဆီးသွားလိမ့်မယ်"
"အဲ့ဒီစွမ်းအားကို ဒီဧကရာဇ်က ကာကွယ်ပေးရင်တောင်မှ ဂိုဏ်းချုပ်က ထိခိုက်ရဦးမှာပဲ"
ဤအချိန်တွင် အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏အသံသည် ဝမ်ဖုန်း၏ စိတ်အသိအတွင်း၌ ပဲ့တင်ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံး ခါယမ်းသွားခဲ့သည်။ သူ၏ စိတ်အသိအတွင်း၌ ထိတ်လန့်ခြောက်ခြားမှုများ ရှိနေခဲါသည်။
ဒီလိုအခြေအနေမှာတောင် အရှေ့တိုင်းဧကရာဇ်ထိုက်ရိက အဲ့ဒီလူနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ ယုံကြည်ချက်ရှိသေးတာလား။
အရှေ့ပိုင်းဧကရာဇ်ထိုက်ရိက သူထင်ထားတာထက် ကြောက်လန့်စရာကောင်းပုံပေါ်သည်။
ဝမ်ဖုန်း၏ နှလုံးသားက ခါယမ်းနေခဲ့သော်လည်း သူသည် တုံ့ဆိုင်းမနေခဲ့ပါ။ သူဟာလက်ကို ဝှေ့ယမ်းလိုက်ပြီး ဘေးနားတွင်ရှိနေသော လီပိုင်နှင့်အခြားသူများကို ကမ္ဘာဘောလုံးလေးအတွင်းသို့ သိမ်းဆည်းလိုက်သည်။ သူ့တစ်ယောက်တည်းသာ ပြင်ပလောက၌ ကျန်ရှိတော့သည်။
"စနစ် ဂိုဏ်းအမှတ် တစ် ထရီလီလျံကိုအသုံးပြုပြီး ဒီဂိုဏ်းချုပ်ကို ကာကွယ်ပေးပါ"
ထို့နောက် ဝမ်ဖုန်းက မျက်လုံးများကို မှေးကျဉ်းလိုက်ကာ တိတ်ဆိတ်စွာ ပြောဆိုလိုက်သည်။
သာမန်အခြေအနေအောက်တွင် စနစ်၏ အစွမ်းအစကို အသုံးပြရန် ဂိုဏ်းအမှတ်များကို သုံးစွဲဖို့ မလိုအပ်ပါ။ သို့သော်လည်း ဝမ်ဖုန်းလုပ်ဆောင်နိုင်တာထက် ကျော်လွန်သွားခဲ့လျှင် ဂိုဏ်းအမှတ်များကို အသုံးပြုရန် လိုအပ်လေသည်။
ဥပမာအားဖြင့် ဤအချိန်၌ အရှေ့တိုင်းဧကရာဇ်ထိုက်ရိနှင့် ဧရာမမျက်နှာကြီးတို့၏ ပွတ်တိုက်အားသည် ဝမ်ဖုန်းရင်ဆိုင်နိုင်သည့်အရာ ဟုတ်မနေခဲ့ပါ။ သူဟာ စနစ်၏သန့်စင်သည့် အကာအကွယ်စွမ်းအားကို ယူလိုက်ရင်တောင် အဆိုပါ ထိတ်လန့်ဖွယ်တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရဦးမှာဖြစ်သည်။
"ဝုန်း!"
ဝမ်ဖုန်း၏စကားဆုံးသွားသည့်အခါ ဝမ်ဖုန်း၏ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများသည် ထွက်ပေါ်လာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း၌ ၎င်းစွမ်းအားများသည် ဝမ်ဖုန်းခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ကာ ဧရာမချပ်ဝတ်တန်ဆာကြီးတစ်ခုအဖြစ် ကာကွယ်ပေးနေခဲ့သည်။
ချပ်ဝတ်တန်ဆာကြီးဖြစ်ပေါ်လာသည့်အခါ ဝမ်ဖုန်းသည် စိတ်သက်သာရာရမှုကို ခံစားခဲ့ရသည်။ စောနက မသက်မသာဖြစ်နေသော ခံစားမှုနှင့် ပြင်းထန်သောဖိအားကြီးသည် ပျောက်ကွယ်သွားခဲ့သည်။ သူ့အပေါ် ဘယ်သက်ရောက်မှုမှ ရှိမနေတော့ပါ။
ဤအချိန်၌ ကောင်းကင်ပေါ်၌ရှိနေသော ဧရာမမျက်နှာကြီးကလည်း ဝမ်ဖုန်းကို သတိထားမိခဲ့သည်။ သူ၏ ဧရာမမျက်ဝန်းကြီးများမှာ ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။ သူ၏မျက်လုံးအိမ်အတွင်းမှ ခန့်မှန်းရခက်သော အလင်းတန်းတစ်ခု တောက်ပနေခဲ့သည်။
"နတ်ဘုရားရဲ့ သားတော်လား"
လျှို့ဝှက်ဆန်းကြယ်သော နေရာအတွင်းမှ ဝူ၏ ညစ်ညမ်းနေသောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ သူ၏ညီနောင် အရိုးစုသေဆုံးရခြင်းမှာ နတ်ဘုရားသားတော်နဲ့ ဆက်စပ်နေလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပါ။
ဒါက သူ့ကို ရင်နင့်အောင် ခံစားစေခဲ့သည်။ သူသာ အရင်ကသိခဲ့ပါလျှင် ဤနတ်ဘုရားသားတော်ကို သတ်ဖြတ်ရန်အတွက် အရာအားလုံးကို ပြုလုပ်ပေလိမ့်မည်။
ယခုအချိန်၌ နတ်ဘုရားသားတော်သည် ပို၍ပို၍ သန်မာလာခဲ့ကာ သူသတ်ချင်တိုင်း သတ်လို့ရမည့်လူမျိုး မဟုတ်တော့ပါ။
သို့သော်လည်း သူ၏နှလုံးသားအတွင်းရှိ သတ်ဖြတ်လိုသော စိတ်များသည် အနည်းငယ်တောင် အားပျော့မသွားခဲ့ဘဲ ပို၍ပြင်းထန်လာခဲ့သည်။ မူလက သူဝမ်ဖုန်းကို တိုက်လိုက်လိုခြင်းသည် သာမန်နတ်ဘုရားသားတော်တစ်ယောက် ဖြစ်နေ၍သာဖြစ်သည်။ အခုချိန်မှာတော့ သူ၏ညီနောင်အတွက် လက်စားချေလို၍ဖြစ်၏!
ဤအကြောင်းတွေးလိုက်မိသည့်အခါ လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများသည် ဝူ၏ခန္ဓာကိုယ်၌ ပို၍ ဝဲပျံလာခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သော နေရာကြီးတစ်ခုလုံးသည် အဆက်မပြတ် ခါယမ်းနေခဲ့သည်။
ထျန်းရွှမ်တာအိုနန်းတော်၏ နယ်မြေအတ္ငင်း၌ အရှေ့တိုင်းဧကရာဇ်ထိုက်ရိသည် ဝမ်ဖုန်းကို လှမ်း၍ကြည့်ရှုလိုက်သည်။ ဝမ်ဖုန်းပတ်လည်ရှိ ချပ်ဝတ်တန်ဆာ၏ ပြင်းအားကို ခံစားလိုက်မိသည့်အခါ သူဟာ ခေါင်းညိတ်လိုက်ပြီး ဝမ်ဖုန်းကို ထွက်သွားဖို့ ဆက်လက်ပြောဆိုခြင်း မရှိတော့ပါ။
ဂိုဏ်းချုပ်ဖွဲ့စည်းထားသော ချပ်ဝတ်တန်ဆာကြီးသည် သူ၏အားအပြည့်တိုက်ကွက်ဖြင့်တောင် တစ်ချက်တည်းဖြိုခွဲ၍ မရနိုင်ကြောင်း သူခံစားနေရသည်။
ဝမ်ဖုန်းကို စောင့်ရှောက်ပေးစရာမလိုတော့ကြောင်း သိလိုက်ရပြီးနောက် အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ အမူအယာသည် ရုတ်ချည်းကို ပြောင်းလဲသွားခဲ့သည်။ သူဟာ ဦးခေါင်းကိုမေ့ာကြည့်လျက် ဧရာမမျက်နှာကြီးနှင့် အကြည့်ချင်းဆုံလိုက်သည်။
"ပျက်ဆီးခြင်းနာရီ!"
နက်ရှိုင်းသော အော်ဟစ်သံကြီးသည် ဧကရာဇ်ထိုက်ရိ၏ နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့ကာ ထျန်းရွှမ်တာအိုနန်းတော်တစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။
၎င်းပဲ့တင်ထပ် မြည်ဟည်းသံကြီးနှင့်အတူ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါကြီးသည် ဧကရာဇ်ထိုက်ရိထံမှ ထွက်ပေါ်လာခဲ့သည်။ ၎င်းအရှိန်အဝါကြီးပေါ်ထွန်းလာမှုက ထျန်းရွှမ်တာအိုနန်းတော်ကြီးတစ်ခုလုံးကို ခါယမ်းတုံယင်သွားစေခဲ့သည်။
ကောင်းကင်နှင့် ကမ္ဘာမြေပြင်သည် ဤအခိုက်အတန့်၌ လုံးဝရပ်တန့်သွားခဲ့သည်။ အချိန်နှင့် အာကာပြင်ဟာ ဤအရှိန်အဝါအောက်၌ အေးခဲသွားခဲ့သည်။