← Chapters

အခန်း (၆၇၆)

Vol. 48 Ch. 676

အခန်း (၆၇၆)

Vol. 48 Ch. 676

ဗုဒ္ဓမိုးကြိုးသွား!

နတ်ဆိုးဗုဒ္ဓကျောင်းဆောင် ကောင်းကင်နန်းတော်၌ အင်အားအကြီးမားဆုံးသော မှော်စွမ်းအင်သုံးခုထဲမှ တစ်ခုဖြစ်သော နတ်ဆိုး‌ဗုဒ္ဓကျောင်းဆောင်၏ အမှန်တကယ် အဆင့်အတန်းမြင့်မားသူများသာလျှင် ကျင့်ကြံခွင့်ရှိသော မှော်စွမ်းအင်ဖြစ်သည်။

နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ မျိုးဆက်သစ်လူငယ်များအတွင်း နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ သခင်လေးဖြစ်သည့် ဤဘုန်းတော်ကြီးသာလျှင် ဗုဒ္ဓမိုးကြိုးသွားကို ကျင့်ကြံနိုင်သည်။

နတ်ဆိုးဗုဒ္ဓကျောင်းတော်သည် ရန်သူအား တစ်ချီတည်းသုတ်သင်ရှင်းလင်းရန်အတွက် ထိုမှော်စွမ်းအင်သုံးမျိုးအား သုံးစွဲလျှင် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်သည်လည်း တုန်လှုပ်ရပေလိမ့်မည်။ ထိုမှော်စွမ်းအင်သုံးမျိုး၍၏သည် အလွန်တရာ အင်အားကြီးမားလှပေသည်။

ဘုန်း!

ဗုဒ္ဓ၏ပုံရိပ်ထွက်ပေါ်လာသည်နှင့်အတူ ဘုန်းတော်ကြီး၏အရှိန်အဝါသည်လည်း ပို၍အားကောင်းလာသည်။ ဦးခေါင်းသုံးလုံးနှင့် လက်၆ချောင်းရှိသည့် ၎င်းဗုဒ္ဓပုံရိပ်သည် နေလုံးကြီးကို လက်တွင်ကိုင်ဆောင်ထားလျက် ခန္ဓာကိုယ်တွင် နဂါးတစ်ကောင်တည်ရှိနေသည်။ ကမ္ဘာလောကတစ်ခုလုံး၏ နတ်ဘုရား၊ဗုဒ္ဓကဲ့သို့ စွမ်းအင်များဖြင့် တောက်ပနေသည်။

၎င်းပုံရိပ်ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာလောကတစ်ခုလုံးမှာ အင်အားကြီးမားလှစွာသော အင်အားတစ်ခု၏ ဖျစ်ညှစ်ခံလိုက်ရသည်ကဲ့သို့ အဆက်မပြတ် တုန်ခါလာခဲ့သည်။ လေဟာပြင်မှာလည်း ပင့်ကူအိမ်ကဲ့သို့ အက်ကွဲရာများစွာ ဖြစ်တည်သွားသည်။

အချင်းဝက် လီတစ်သောင်းခန့်အတွင်းရှိ သစ်ပင်များအားလုံး အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားခဲ့ကာ ကောင်းကင်တစ်ခွင်၌ သစ်သားစများသည် နှင်းကျ‌ဆင်းနေသည့်အလား ပျံ့နှံ့လွင့်မျောကုန်ကြသည်။

ဂျစ်!

ဘုန်းတော်ကြီး၏ တိုက်ကွက်ဖြင့် ဧရာမ‌ဗုဒ္ဓမိုးကြိုးသွားကြီးသည် ဝမ်ဖုန်းသို့ ရုတ်ချည်းဦးတည်တိုက်ခိုက်သည်။

ချက်ချင်းပင် ကြောက်ခမန်းလိလိသောစွမ်းအင်သည် ‌ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးကို တုန်ခါသွားစေခဲ့ပြီး စူးရှတောက်ပစွာသောအလင်းသည် ‌မိုင်ထောင်ချီအကွာအဝေးသို့ ဖြာထွက်ဖုံးလွှမ်းသွားခဲ့သည်။ ဝမ်ဖုန်း ရှိနေသည့်နေရာကို ဗဟိုပြုလျက် အရပ်မျက်နှာအသီးသီးသို့ ဖြာထွက်ရိုက်ခတ်သည်။

အဝေးရှိ ယင်ကော်သည် ကြီးစွာသောဖျက်ဆီးစွမ်းရည်ဖြစ်သည့် မြင်ကွင်းကိုမြင်သောအခါ စိုးရိမ်ပူပန်သွား၍ သူမ၏မျက်လုံးလှလှလေးများဖြင့် ဝမ်ဖုန်းကို ငေးစိုက်ကြည့်လာသည်။ သူမကြောင့် မဟုတ်ခဲ့လျှင် ဝမ်ဖုန်းသည် ဤသို့ကြမ်းကြုတ်ရက်စက်သော တိုက်ကွက်နှင့် ရင်ဆိုင်နေရလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ယင်ကော်သည် ဝမ်ဖုန်း ဘေးအန္တရာယ်ကင်းရန်သာ မျှော်လင့်ပါ၏။

ဘုန်းတော်ကြီးသည် မောဟိုက်စွာ အသက်ရှူသွင်းနေသည့် ဝမ်ဖုန်းကို စူးစိုက်ကြည့်နေ၏။ သူ၏ကျင့်ကြံဆင့်ဖြင့်ပင် ဗုဒ္ဓမိုးကြိုးသွားကို အသုံးပြုရန် မလွယ်ကူခဲ့ချေ။ ၎င်းသည် သူ၏အကြီးမားဆုံးသော ဝှက်ဖဲဟုပင် ဆိုနိုင်၏။ ၎င်း၏ပေါက်ကွဲမှုစွမ်းအင်သည် ကောင်းကင်ဘုံဧကရာဇ်နယ်ပယ်နှင့်ပင် ယှဉ်နိုင်စွမ်းပြီး သာမန်ကောင်းကင်ဘုံဧကရာဇ်နယ်ပယ် ကျင့်ကြံသူတစ်ဦးသည် ထိုပေါက်ကွဲမှုစွမ်းအင်ကို ခုခံဟန့်တားနိုင်လိမ့်မည် မဟုတ်ပေ။

ဤသို့သော စွမ်းအင်အောက်၌ပင် ဝမ်ဖုန်းသည် အကောင်းပကတိအတိုင်း ရှိနေနိုင်ဦးမည်ဟု သူမယုံကြည်ပါချေ။

ဘုန်း!

ဧရာမဗုဒ္ဓမိုးကြိုးကြီးသည် ဝမ်ဖုန်းကို အခက်အခဲမရှိ ဝါးမျိုသွားခဲ့သည်။ အလွန်ပူပြင်းလှ‌စွာသော မီးလျံများသည် ဝမ်ဖုန်းကို အရည်ပျော်ကျ‌သွားစေမည့်အလား လွှမ်းခြုံနေသည်။ ဗုဒ္ဓမိုးကြိုးသွားအတွင်း ဝမ်ဖုန်း ပိတ်မိနေသည်ကိုမြင်သောအခါ ဘုန်းတော်ကြီးသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ မျက်နှာတွင်လည်း တောက်ပသည့်အပြုံး ပြန်လည်ဖြစ်ပေါ်လာသည်။

ဗုဒ္ဓမိုးကြိုးသွားအတွင်း ပိတ်လှောင်ခံလိုက်ရပါက လွတ်မြောက်ရန် မဖြစ်နိုင်ပေ။ လွတ်မြောက်လိုလျှင် ‌ဗုဒ္ဓမိုးကြိုးသွားကို ဖြိုခွဲဖျက်စီးနိုင်မည့်စွမ်းအင်ကို ဖြာထွက်ထုတ်လွတ်ရန် လိုအပ်သည်။ ထို့ကြောင့် ဗုဒ္ဓမိုးကြိုးသွားကို ကျင့်ကြံထားသည့် နတ်ဆိုးဗုဒ္ဓကျောင်းတော်ဂိုဏ်းသားနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသည့် ကျင့်ကြံသူများသည် မည်မျှအင်အားကြီးမားသည်ဖြစ်စေ အသက်ဆုံးရှုံးရန် သေချာသလောက် ဖြစ်ပေသည်။

သို့သော် ခဏကြာပြီးနောက်၌ ဘုန်းတော်ကြီး၏အပြုံးသည် ရုတ်ချည်းပျောက်ကွယ်သွားရကာ စိတ်နှလုံးအတွင်းသို့ ကြောက်ရွံ့ထိတ်လန့်သောခံစားချက်များ တားဆီးမရနိုင်လောက်အောင် တိုးဝင်လာခဲ့သည်။ သူ၏မျက်လုံးခွက်ခွက်တို့သည်လည်း မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်နေသည့်အလားပင်။

ဗုဒ္ဓမိုးကြိုးသွားအတွင်း၌ ဝမ်ဖုန်းသည် တစ်ကိုယ်လုံး အနက်ရောင်မြူခိုးထုများ ဖုံးလွှမ်းနေသည်။ ဝမ်ဖုန်း၏ လက်သီးထက်တွင် အနက်ရောင်အလင်းများ စုဝေးသွားပြီနောက် အားပြင်းပြင်းထိုးချလိုက်သည်။ အလွန်တရာ စိုးမိုးခြယ်လှယ်နိုင်စွမ်းသော လက်သီးထိုးချက်သည် တစ်ဖက်လောကလျိုယင်း၏ လျှို့ဝှက်ဆန်းကြယ်စွမ်းအင်နှင့် ‌ပေါင်းစည်းသွားပြီး စွမ်းအင်များဖြာထွက်ရိုက်ခတ်သည်။

ဘုန်း!

ဝမ်ဖုန်း၏ ကြောက်မက်ဖွယ်ကောင်းလှစွာသော ‌လက်သီးထိုးချက်အောက်၌ ဗုဒ္ဓမိုးကြိုးသွားသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေပျက်စီးသွားခဲ့သည်။ ဝမ်ဖုန်းသည် တစ်စစီကွဲကြေနေသော ဗုဒ္ဓမိုးကြိုးသွားပုံရိပ်ထဲမှ လမ်းလျှောက်ထွက်လာသည်။ မျက်နှာအမူအရာမှာ ရေခဲတမျှ အေးစက်နေလေရာ ဘုန်းတော်ကြီးမှာ အချိန်ခဏမျှ တုန်ရီသွားရ၏။

အတိအကျဆိုရသော် ဝမ်ဖုန်းသည်လည်း ဘာမျှ ထိခိုက်မှု မရှိခဲ့ခြင်း မဟုတ်ပါချေ။ ဗုဒ္ဓမိုးကြိုးသွား၏ မီးလျံများသည် ဝမ်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံး နီမြန်းသွားသည်အထိ လောင်ကျွမ်းစေခဲ့သည်။ ဝမ်ဖုန်း၏ တစ်မူထူးခြားသော တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာကြောင့် မဟုတ်ခဲ့လျှင် သူ၏ခန္ဓာကိုယ်သည် ပူပြင်းသောမီးလျံကြောင့် အငွေ့ပျံသွားပြီးလောက်၏။

ဘုန်း!

ဘုန်းတော်ကြီး၏ ကြောက်ရွံ့ထိတ်လန့်နေသော အကြည့်များအောက်၌ပင် ဝမ်ဖုန်းသည် ဘုန်တော်ကြီး၏ဘေးသို့ ရုတ်ချည်းရောက်ရှိလာသည်။ ထို့နောက် လက်သီးထိုးချက်တစ်ချက် ထုတ်လွှတ်တိုက်ခိုက်၏။

ဘုန်းတော်ကြီးသည် ထိုလက်သီးထိုးချက်ကြောင့် အဝေးသို့လွင့်ထွက်သွားခဲ့သည်။ ဘုန်းတော်ကြီး၏ခန္ဓာကိုယ်သည် ထိုအင်အားကို ခံနိုင်ရည်မရှိ‌ပေ။ ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲကြောင်းများ ဖြစ်ပါ်လာပြီး ၎င်းအက်ကွဲကြောင်းများထဲမှ သွေးများစိမ့်ထွက်လာသည်။ းတစ်ကိုယ်လုံးသည် သွေးချင်းချင်းနီရဲနေ၏။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ဘုန်းတော်ကြီးသည် မြေပြင်သို့ လွင့်စင်ပြုတ်ကျသွားသည်။ မျက်လုံးအစုံမှာ မယုံကြည်နိုင်ကြောင်း သိသာလှသည်။ အဆုံးသတ်ကို လက်မခံနိုင်ဘဲ ဆက်တိုက်ရေရွတ်နေ၏။

သူသည် နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ သခင်လေးဖြစ်သည်။ ၎င်း၏မျိုးဆက်သစ်လူငယ်များသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အတွင်း ပြိုင်ဘက်ကင်းဖြစ်ကြသည်ကို မဆိုထားနှင့် သူကိုယ်တိုင်သည် ထိပ်တန်းမျိုးဆက်သစ်လူငယ်တစ်ဦးဖြစ်သည်။ သို့သော် ဝမ်ဖုန်း၏ရှေ့မှောက်၌ မည်သည့်မှော်စွမ်းအင်ဖြစ်စေ ၊ မည်သည့်လျှို့ဝှက်တိုက်ကွက်များဖြစ်စေ အသုံးဝင်တော့မည် မဟုတ်ပေ။ ဝမ်ဖုန်း၏လက်သီးထိုးချက်နှင့် ရင်ဆိုင်ခဲ့ရခြင်းထက် သူ၏ဘဝတွင် သနားချင့်စဖွယ်ကောင်းသောကိစ္စရပ်ဟူသည် ရှိနိုင်တော့မည် မဟုတ်ပေ။

ဝမ်ဖုန်း၏ အင်အားကြီးမားသည့်ပုံစံကို မြင်တွေ့လိုက်ရသောအခါ ယင်ကော်၏ချယ်ရီနှုတ်ခမ်းလေးများသည် ခပ်ဟဟပွင့်ဟလျက် မျက်နှာလှလှလေးမှာ အံဩတကြီးဖြစ်နေတော့သည်။ သူမ၏ ကြင်နာမှုလေး‌တစ်စကြောင့် ကောက်ယူလာခဲ့သူသည် ထိုဘုန်းတော်ကြီးကိုပင် အနိုင်‌တိုက်ခိုက်နိုင်သည့် အင်အားကြီးမားသူဖြစ်နေခဲ့ပြီး သူမကို အန္တရာယ်မှာ ကယ်တင်ပေးခဲ့လေသည်။

အဲဒီဘုန်းတော်ကြီး!

နတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့သခင်လေး၊ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တစ်ခွင်ရဲ့ ထိပ်တန်းမျိုးဆက်သစ်လူငယ်တွေထဲက တစ်ယောက်က ဒီလိုပဲ ရှုံးနိမ့်သွားမှာလား။

ကံကြမ္မာက အံ့ဩဖို့ကောင်းလိုက်တာနော်။

ယင်ကော်၏ အရည်ရွှန်းလဲ့သောမျက်လုံးကြီးများသည် ဝမ်ဖုန်းကို ကြည့်လျက် စိတ်ထဲမှ ဤသို့ တွေးနေပေသည်။ ‘ငါ့ရဲ့ကြင်နာတတ်တဲ့စိတ်ကို လျစ်လျူရှုပြီး ဝမ်ဖုန်းကိုသာ မကယ်တင်ခဲ့မိရင် ငါတော့ အဲဒီဘုန်းတော်ကြီးရဲ့လက်ထဲကို ရောက်သွားရမှာပဲ’

“အဆုံးသတ်ကြတာပေါ့”

ဝမ်ဖုန်းသည် ယင်ကော်၏ အံ့ဩတုန်လှုပ်နေမှုကို မသိပေ။ ထိုဘုန်းတော်ကြီးကိုသာ အေးစက်စွာကြည့်နေခဲ့သည်။

စကားဆုံးသည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်း၏လက်သီးထက်တွင် နေမင်းတမျှ စူးရှတောက်ပ‌သော အလင်းများစုဝေးဖြာထွက်လာခဲ့သည်။ ဤတစ်ကြိမ်လက်သီးထိုးချက်ဖြင့် ထိုဘုန်းတော်ကြီး၏ဘဝကို အဆုံးသတ်ပေးလိုက်တော့ပေမည်။

“မလုပ်နဲ့! ငါ့ကို မသတ်နဲ့။ ငါက နတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့ သခင်လေးပဲ။ ငါသေသွားခဲ့ရင် နတ်ဆိုးဗုဒ္ဓကျောင်းတော်က မင်းကို အဆုံးမရှိအောင် လိုက်လံသတ်ဖြတ်လိမ့်မယ်။ ထာဝရညဉ့်ယံမြို့မှာ ပုန်းရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး”

ဝမ်ဖုန်းထံမှ အလွန်တရာအေးစက်သော သတ်ဖြတ်လိုခြင်းအငွေ့အသက်ကို ခံစားမိသည်တွင် ဘုန်းတော်ကြီးသည် စိုးရိမ်ထိတ်လန့်သွားလျက် သနားညှာတာပေးပါရန် တောင်းဆိုတော့သည်။

သူဦးညွှတ်လိုက်ရသည့် အခိုက်အတန့်တွင် ဘုန်းတော်ကြီး၏မျက်လုံးထဲ၌ နာကျည်းမုန်းတီးခြင်းများ ဖြတ်ပြေးသွား၏။ သူ၏တစ်ဘဝလုံး၌ မည်သူ့ကိုမျှ ဤသို့ တောင်းပန်တိုးလျှိုးခဲ့ဖူးသည် မဟုတ်ပေ။ ဤသည်မှာ သူ၏ဘဝတွင် အရှက်ရဆုံးသော ဖြစ်ရပ်ကြီး ဖြစ်ပေသည်။

လက်စားချေခြင်းဟူသည် ပြန်လည်ပေးဆပ်ရခြင်းမဟုတ်ခဲ့လျှင် လူသားတစ်ယောက်ဖြစ်မလာခဲ့ဖို့သာ‌ မျှော်လင့်မိပါရဲ့။

အဝေးမှစောင့်ကြည့်နေသည့် ယင်ကော်သည်လည်း တုံ့ပြန်လာခဲ့ပြီး အလျင်စလို ပြေးလာခဲ့ပြီး စိုးရိမ်ပူပန်လျက် ပြောသည်။

“ရှင်သူ့ကိုသတ်လိုက်ရင် ဗုဒ္ဓနတ်ဆိုးကျောင်းတော်ရဲ့ လိုက်လံသတ်ဖြတ်တာကို ခံရလိမ့်မယ်။ သူ့ကိုသတ်တာ ကောင်းကျိုးမရှိနိုင်ဘူး”

“ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် ကောင်းကင်နန်းတော်ကြီး၈ခုထဲက တစ်ခုဖြစ်တဲ့ ‌နတ်ဆိုးဗုဒ္ဓကျောင်းတော်က ပြိုင်ဘက်ကင်းအင်အားကို ပိုင်ဆိုင်တယ်။ သူတို့ကို ပြစ်မှားမိတာနဲ့ သေပြီပဲ။ အင်အားစုကြီးတစ်ခုခုနဲ့ ပူးပေါင်းနိုင်တာမှ မဟုတ်ရင် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တစ်ခုလုံးမှာ ကျွန်မတို့အတွက် နေရာရှိမှာ မဟုတ်တော့ဘူး”

ငတုံးလေးရဲ့ ဒီဘုန်းကြီး ပြန်ကောင်းလာတာနဲ့ ပထမဆုံးလုပ်မယ့်အရာက မင်းကိုညှဉ်းပန်းနှိပ်စက်မှာလေ!

သူမကို ပျက်စီးခြင်းဆိုက်ရောက်စေမည့် တောင်းဆိုချက်ကို ‌တောင်းဆိုလာသည့် ယင်ကော်ကို မြင်သောအခါ ဘုန်းတော်ကြီး၏ မျကိလုံးအစုံ၌ အရိပ်အချို့ ထင်ဟပ်ဖြတ်သန်းသွား၏။

“မင်းက ကြောက်လို့လား”

ဝမ်ဖုန်း မျက်လုံးအနည်းငယ်မှေးကျုံ့၍ ယင်ကော်သို့ကြည့်လျက် ရေရွတ်သည်။

ကျူပင်ခုတ်ရင် ကျူငုတ်မကျန်ခဲ့သင့်ဘူး။ မဟုတ်ရင် နွေဦးလေ‌ပြည် တိုက်ခတ်ပြီးတဲ့အခါ တစ်ဖန်ရှင်သန်လာလိမ့်ဦးမယ်။

တစ်ဖက်လူအား ထိပါးပြစ်မှားခဲ့ပြီးဖြစ်လေရာ ဝမ်ဖုန်းသည် ဘုန်းတော်ကြီးကို အသက်ဆက်ရှင်ရန် ခွင့်မပြုနိုင်ပါချေ။

All Chapters