← Chapters

မျှော်လင့်မထားသော

Vol. 59 Ch. 871

မျှော်လင့်မထားသော

Vol. 59 Ch. 871

ရှုံးနိမ့်သွားသော ကူရွှင်းကျစ်က ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ထွက်သွားသလို မောပန်းသွားပြီး ဒူးထောက်ကျသွားသည်။

ဤတိုက်ပွဲတွင် သူက အသေအချာကို ရှုံးနိမ့်ခဲ့သည်။

စကြာဝဠာနတ်သစ်ပင်သည် သူ၏ အဆုံးစွန်သော ဝှက်ဖဲဖြစ်သည်။

သူ၏ဂုဏ်အယူရဆုံး ဆင့်ခေါ်မှုဖြစ်သည့် စကြာဝဠာသစ်ပင်သည် အဆုံးသတ်တွင် အိမ်သာတစ်လုံးကိုပင် ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ဟု သူမထင်ခဲ့မိပေ။

ဆိုရလျှင် သူသည် သူ့ရှေ့မှ ချာတိတ်ကို လုံးလုံးလျားလျားကြီး ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။

သူက ထိုချာတိတ်ထက် အရာရာတွင် နိမ့်ကျခဲ့သည်။

ဝမ်လင်းက ကူရွှင်းကျစ်၏ အနီးသို့လျှောက်လာပြီး ပခုံးကို ပုတ်လိုက်သည်။

ရိုးသားစွာဝန်ခံရလျှင် ဝမ်လင်းသည် စကြာဝဠာနတ်သစ်ပင်က သခင်မာ၏ ဆွဲဆောင်မှုကို ခံရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူက သခင်မာကို ဆင့်ခေါ်လိုက်သော်လည်း သခင်မာတွင် လိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည်။

စင်စစ် သူကသခင်မာကို ထပ်မံ ဉာဏ်အလင်းပေးခဲ့သော်လည်း တကယ်တမ်းတွင် သခင်မာသည် စကြာဝဠာနတ်သစ်ပင်လောက် သန်မာသေးပေ။

အဆုံးသတ်တွင် ဤရလဒ်သည် မမျှော်လင့်ထားသော ရလဒ်သာဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ကူရွှင်းကျစ်သည် အလွန်အစွမ်းထက်‌သော ကျင့်ကြံသူတစ်ယောက်ဟု ဆိုရပေမည်။

သူ၏ပကတိကိုယ်ပွားကို ဤအခြေအနေထိ တွန်းအားပေးနိုင်စွမ်းသည် သာမန်လူများ လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ။

စကြာဝဠာ၃ပါးမှ အသိအမှတ်ပြုခြင်းကို ခံထားရသော စကြဝဠာအုပ်ထိန်းသူသည် မျှော်လင့်ထားသည့်အတိုင်းဟုပင် ဆိုရပေမည်။

သို့ရာတွင် ကူရွှင်းကျစ်ကို တွန်းအားပေးလိုက်ခြင်းက မကောင်းဟု ဝမ်လင်း ခံစားရသည်။

စကြာဝဠာကို အကာအကွယ်ပေးသော အုပ်ထိန်းသူတစ်ယောက်ကို သူ့အနေဖြင့် အလေးမထား၍ မဖြစ်ပေ။

ဤရှုံးနိမ့်မှုက ကူရွှင်းကျစ်အတွက် ကြီးမားသောထိုးနှက်မှုဖြစ်လာမည်ကို ဝမ်လင်း စိုးရိမ်မိသည်။

ထို့ကြောင့် စိတ်ဓာတ်ကျနေသည့် ကူရွှင်းကျစ်ကို ကြည့်၍ ဝမ်လင်းက နှစ်သိမ့်မှုအဖြစ် ဆုတစ်ခု ပေးလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။

တကယ်တမ်းတွင် ကူရွှင်းကျစ်သည် လူဆိုး မဟုတ်သလို စကြာဝဠာ ၁၀ ခုတွင် ဩဇာအရှိဆုံး အုပ်ထိန်းသူလည်း ဖြစ်သည်။

ဆိုရလျှင် စကြာဝဠာကို ထိန်းသိမ်းခြင်းသည် ဘာမှမရရှိသည့်အပြင် ခက်ခဲသောအလုပ်တစ်ခုလည်း ဖြစ်သည်။

ထို့အချိန်တွင် ကူရွှင်းကျစ်သည် မြေပြင်ပေါ်တွင် ဒူးထောက်ကျကာ မကျေမနပ် ဖြစ်နေခဲ့သည်။

တိုက်ပွဲက အနိမ့်ဆုံးရလဒ်အနေဖြင့် သရေဖြင့်သာ ပြီးဆုံးမည်ဟု သူထင်ခဲ့သော်လည်း ဤမျှအထိ ဆိုးရွားစွာရှုံးနိမ့်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ချာတိတ်လေး၏ လက် သူ့ပခုံးပေါ်သို့ ရောက်လာသောအခါတွင် ကူရွှင်းကျစ်သည် စိတ်ဝိညာဉ်တစ်ခုလုံး ကြွတက်လာသလို ခံစားလိုက်ရသည်။

ထိုခဏတွင် ကူရွှင်းကျစ်၏ မျက်လုံးများ၌ အနည်းငယ်စိတ်လှုပ်ရှားသည့် အရိပ်အယောင်များကို ဝမ်လင်းက မြင်လိုက်ရသည်။

ထို့နောက်တွင် ကူရွှင်းကျစ်သည် ဝမ်လင်း၏လက်ကိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး စူးစမ်းလိုစိတ်အပြည့်ဖြင့် မေးခွန်းထုတ်လိုက်သည်။

“မင်းငါ့ကိုပြောပြလို့ရမလား.. မင်းဘာလို့ အရမ်းသန်မာနေရတာလဲ”

ဝမ်လင်းက ကူရွှင်းကျစ်ကို စိုက်ကြည့်ကာ တိတ်ဆိတ်နေခဲ့သည်။

တကယ်တမ်းတွင် ဤအဖြေကို သူလည်း သိချင်နေမိသည်။

ဝမ်းနည်းစရာကောင်းသည်မှာ သူကိုယ်တိုင်ပင် အဘယ်ကြောင့် ဤမျှသန်မာနေမှန်း နားမလည်ခြင်းပင်။

စကြာဝဠာ၁၀ခုရှိ မဟာတာအို ၃၀၀၀၀ ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားသည်ကို ယမန်နေ့ကအထိ သူ့ကိုယ်သူ မသိခဲ့ပေ။

လက်ရှိအချိန်တွင် ကူရွှင်းကျစ်၏ နှလုံးသားသည် အလွန်တရာ ပင်ပန်နွမ်းနယ်နေသည်။

ဝမ်လင်းက ကူရွှင်းကျစ်၏ မေးခွန်းကို အဖြေမပေးဘဲ ကောင်းကင်ပြာကြီးကို မော့ကြည့်လိုက်သည်။

ကောင်းကင်တာအိုနယ်မြေ၏ အမိုးခုံးကြီးသည် ကြီးမားကျယ်ပြန့်သော ကြယ်ပင်လယ်ကြီးတစ်ခု ဖြစ်သည်။

“ဟင်း”

ဝမ်လင်းက သက်ပြင်းတစ်ချက် ချလိုက်ကာ ထိုနေရာကနေ ရုတ်ခြည်း ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ထိုမတိုင်ခင် သူသည် ကူရွှင်းကျစ်ကို အားပေးသည့်အနေဖြင့် ဆုတစ်ခုချခဲ့သည်။

ယင်းမှာ အရသာကောင်းမွန်သည့် ခေါက်ဆွဲခြောက်ထုပ် တစ်ထုပ်ဖြစ်၏။

ဝမ်လင်းက သူ့ဆုံးဖြတ်ချက်ကို နောင်တရပြီး ပြန်ယူမိမည်ကိုစိုးသောကြောင့် အလျင်အမြန် ထွက်ခွာသွားခြင်းသာ ဖြစ်သည်။

ကူရွှင်းကျစ်က ခေါက်ဆွဲခြောက်ထုပ်ကို ကိုင်ထားရင်း အချိန်အတော်ကြာ အတွေးထဲ နစ်မျောနေမိသည်။

ဝမ်လင်း ထွက်သွားသည်ကိုမြင်လျှင် ကောင်းကင်တာအို ၆ယောက်သည် ကူရွှင်းကျစ်၏ အနားကိုရောက်လာပြီး ကူရွှင်းကျစ်ကို ဝန်းရံလိုက်ကြသည်။

ခွန်အားကောင်းကင်တာအို “မိတ်ဆွေလေးကူ.. ငါတို့ အတင့်ရဲပြီး မေးခွန်းလေး တစ်ခုလောက် မေးလို့ရမလား”

ကူရွှင်းကျစ်က မော့ကြည့်လိုက်သည်။

“???”

ခွန်အားကောင်းကင်တာအို “မင်းလက်ထဲက ခေါက်ဆွဲခြောက်ထုပ်ကို ငါတို့ဆီ ပေးလို့ရမလား”

ခွန်အားကောင်းကင်တာအို၏ စကားကိုကြားလျှင် ဤခေါက်ဆွဲခြောက်ထုပ်က သာမန်မဟုတ်ကြောင်း ကူရွှင်းကျစ်သဘောပေါက်သွားခဲ့သည်။

ဤခေါက်ဆွဲခြောက်ထုပ်က သာမန်သာဆိုလျှင် ကောင်းကင်တာအို ၆ယောက်က ဂုဏ်သိက္ခာ အကျခံပြီး တောင်းရမ်းနေမည် မဟုတ်ပေ။

တကယ်တမ်းတွင် ကောင်းကင်တာအို၆ဦး ထံ၌ ခေါက်ဆွဲခြောက်ထုပ် အများအပြား ရှိသည်။

သို့ရာတွင် ကူရွှင်းကျစ်၏လက်ထဲမှ ခေါက်ဆွဲခြောက်ထုပ်နှင့် နှိုင်းယှဉ်၍တော့ မရပေ။

အကြောင်းအရင်းမှာ သူတို့ရရှိထားသော ခေါက်ဆွဲခြောက်ထုပ်များသည် ဒိတ်လွန်နေသည့် ခေါက်ဆွဲခြောက်ထုပ်များ ဖြစ်နေသောကြောင့်ပင်။

ဆိုရလျှင် သူတို့ရရှိထားသော ခေါက်ဆွဲခြောက်ထုပ်သည် ကူရွှင်းကျစ်၏ လက်ထဲမှ အထူးဗားရှင်းနှင့် မတူပေ။

ကူရွှင်းကျစ် “ဝမ်းနည်းပါတယ်.. ဒါက စီနီယာကြီးပေးတဲ့အရာဖြစ်လို့ ငါမင်းတို့ကို ပေးမှာမဟုတ်ဘူး”

ထိုစကားကိုကြားလျှင် ကောင်းကင်တာအို၆ယောက်က သက်ပြင်းချလိုက်သည်။

သူတို့က ဤအဖြေကို မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း အနည်းငယ် စိတ်ပျက်သွားခဲ့ကြသည်။

ခွန်အားကောင်းကင်တာအို “ဒါဆို မိတ်ဆွေလေးကူ.. နောက်ထပ် တောင်းဆိုချက်ကိုတော့ သဘောတူနိုင်မလား”

ကူရွှင်းကျစ် “???”

ခွန်အားကောင်းကင်တာအို “ငါမိတ်ဆွေလေးကူရဲ့ လက်ကိုနမ်းချင်တယ်.. မင်းရဲ့လက်က စောစောက အရှင်လင်းရဲ့ လက်ကို ကိုင်လိုက်တယ်မဟုတ်လား”

ထိုတောင်းဆိုချက်ကိုကြားလျှင် ကူရွှင်းကျစ်က ထိတ်လန့်သွားခဲ့သည်။

သူက ခေါက်ဆွဲခြောက်ထုပ်နှင့်အတူ ကောင်းကင်တာအိုနယ်မြေမှ ချက်ချင်း ထွက်ပြေးသွားခဲ့သည်။

သတ္တမ စကြာဝဠာထဲရှိ ကောင်းကင်တာအို ၆ဦးက ဤကဲ့သို့အရူးများ ဖြစ်နေလိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ခွန်အားကောင်းကင်တာအို “မိတ်ဆွေလေးကူ မသွားပါနဲ့ဦး.. ကျေးဇူးပြုပြီးနမ်းပါရစေ.. ဟို မဟုတ်ဘူး.. လက်ကိုနမ်းပါရစေ”

အချိန်ကောင်းကင်တာအို “ဟေး.. ဘာတွေ ဂရုစိုက်နေသေးတာလဲ.. ငါတို့ သူ့ကိုတွန်းလှဲချပြီး သူ့လက်ကို တိုက်ရိုက်နမ်းလို့ရတာပဲ”

သေခြင်းရှင်ခြင်းကောင်းကင်တာအို “နောက်ထပ် တွေဝေမနေကြနဲ့တော့.. ဘော်ဒါတို့ ချက်ချင်း အရေးယူလိုက်ရအောင်”

အပြန်လမ်းတွင် ကူရွှင်းကျစ်သည် ခေါက်ဆွဲခြောက်ကြွပ်ကြော်ထုပ်ကို စားခဲ့သည်။

ရလဒ်အနေဖြင့် ထိုအချိန်မှစ၍ စကြာဝဠာကြီးတွင် ခေါက်ဆွဲခြောက်ကို နှစ်နှစ်ခြိုက်ခြိုက် စွဲလမ်းသည့် နောက်ထပ် လူတစ်ယောက် ပေါ်လာခဲ့သည်။

ဤလူက သူ့ကိုယ်ပိုင်အချိန်ကို ပြန်ရောက်သည့်တိုင် ပလ္လင်ပေါ်တွင် ခေါက်ဆွဲခြောက်ကြွပ်ကြော်များကို မကြာခဏ ခိုးစားနေ၍ သူ့အဖေ၏ အပြစ်ပေးခြင်းကို ခံခဲ့ရသည်။

ဤအတောအတွင်း စကြာဝဠာနတ်သစ်ပင်သည် လူသားအသွင်ဆောင်၍ သခင်မာ၏ ကမ္ဘာတစ်ဝိုက်တွင် ပျော်ရွှင်စွာလည်ပတ်နေခဲ့သည်။

စကြာဝဠာနတ်သစ်ပင်၏ ဝိညာဉ်မှာ အမျိုးသမီးတစ်ဦးဖြစ်သည်။

သူမ၏တစ်ကိုယ်လုံးက စကြာဝဠာနတ်အလင်းများနှင့် ပြည့်နှက်နေသည်။

သူမက ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ရှည်လျားသောဆံနွယ်များကို ရွှေသစ်ရွက်များဖြင့် အလှဆင်ထားသည်။

ထိုကဲ့သို့ လှရက်လွန်းသော မိန်းမပျိုလေးသည် သခင်မာ၏ ချီးကမ္ဘာထဲတွင် ရူးသွပ်စွာလှည့်ပတ် ပြေးလွှားနေခဲ့သည်။

သခင်မာ၏ ကမ္ဘာကြီးက လူများစွာအတွက် မယုံနိုင်လောက်အောင် ရွံရှာဖွယ်ကောင်းသည်။

သို့ရာတွင် စကြာဝဠာနတ်သစ်ပင် အတွက်မူ ရရန်ခက်ခဲသည့် မြေဩဇာ ဖြစ်၏။

သခင်မာက လူသားအသွင်ကို ခံယူလိုက်ပြီး သူ၏ အတွင်းစိတ်ကမ္ဘာထဲသို့ ဝင်ရောက်ကာ စကြာဝဠာနတ်သစ်ပင်အား ပြောလိုက်သည်။

“မိန်းကလေး.. ကျေးဇူးပြုပြီး မင်းဒီမှာမနေသင့်ဘူး”

ထိုအချိန်တွင် မစ္စယုသည် မြေပြင်ပေါ်ရှိ မြေဩဇာများကို စုပ်ယူရန်အတွက် အကိုင်းအခက်များကို ဆန့်ထုတ်လိုက်သည်။

“ငါအစာ ဝဝလင်လင် မစားရတာ အတော်ကြာပြီ.. နင့်ရဲ့နေရာက ကောင်းကင်ဘုံပဲ.. ရူးနေတဲ့သူပဲ ဒီနေရာကနေ ထွက်သွားလိမ့်မယ်”

“မိန်းကလေး.. ဒီညစ်ပတ်တဲ့နေရာက စကြာဝဠာနတ်သစ်ပင်ဖြစ်တဲ့ မင်းရဲ့ အဆင့်အတန်းနဲ့ မကိုက်ညီပါဘူး”

သခင်မာက စိတ်ရှည်ရှည်ဖြင့် သူမကို ဖြောင်းဖြရန် ကြိုးစားလိုက်သည်။

“ဟင့်အင်း.. ငါစကြာဝဠာနတ်သစ်ပင် မဖြစ်ချင်ဘူး.. လူတွေက သစ်ပင်တွေကို ဂရုမစိုက်ကြဘူး.. နင်ငါ့ကို နှင်ထုတ်ဖို့ မစဉ်းစားနဲ့.. နင့်ရဲ့ကမ္ဘာထဲက အညစ်အကြေးတွေကို ဖယ်ရှားဖို့ကူညီပေးနေတဲ့ အတွက် နင်ငါ့ကို ကျေးဇူးတောင်တင်ရမယ်”

သူမက စကားပြောရင်း အကိုင်းအခက်များကို ထပ်မံထုတ်လွှတ်ကာ မြေကြီးထဲသို့ ထိုးထည့်လိုက်သည်။

ထိုအပြုအမူကြောင့် သခင်မာက ရှက်သွားခဲ့သည်။

ဤကဲ့သို့ တစ်ခါမှမကြုံဖူး၍ သခင်မာက တုန်လှုပ်သွားခဲ့သည်။

“မစ္စယု.. မင်း.. မလုပ်နဲ့..”

ဤကဲ့သို့ ချောမောလှပသော မိန်းကလေးက သူ့ကို ခြောက်သွေ့အောင် စုပ်တာမျိုး သူတစ်ခါမှမကြုံဖူးပေ။

မစ္စယုက သခင်မာ၏ ဖြောင်းဖြမှုများကို ဂရုစိုက်မနေခဲ့ပေ။

သူမ၏ အကိုင်းအခက်များက သခင်မာ၏ အတွင်းကမ္ဘာကို အမြစ်တွယ်ကာ အာဟာရများကို စုပ်ယူသွားခဲ့သည်။

“မင်း..”

သခင်မာက သွားများကို အံတင်းတင်း ကြိတ်ထားရသည်။

“နင်တို့ယောက်ျားတွေက ဝက်ခြေထောက်လိုပဲ အရသာရှိတယ်.. အမှန်တကယ်ဆိုရင် နင်လည်း အရမ်းကောင်းနေတယ် မဟုတ်လား”

“အင်း.. မဟုတ်ဘူး.. ငါမလုပ်နိုင်ဘူး.. မစ္စယု ရပ်လိုက်ပါ”

ထိုခဏတွင် မစ္စယုက အပြည့်အဝကျေနပ်သော အမူအရာဖြင့် ပါးစပ်ကို သပ်လိုက်သည်။

သူမ၏ ရွှေရောင်အကိုင်းအခက်များက ပို၍ပင် တောက်ပလာခဲ့သည်။

အပိုင်း(၈၇၁) ပြီး၏

All Chapters