← Chapters

မိန်းကလေးယု

Vol. 59 Ch. 872

မိန်းကလေးယု

Vol. 59 Ch. 872

သခင်မာက ငိုချင်သော်လည်းမျက်ရည် မကျခဲ့ပေ။

အိမ်သာတစ်ခုဖြစ်သည့်သူက ဝမ်လင်း၏ အိမ်သာရေချိုးခန်းကို အသိစိတ်ဖြင့် နှစ်ပေါင်းများစွာ စောင့်ကြပ်ခဲ့ရသည်။

ထို့ကြောင့် သူက ဝမ်မိသားစုမှ ယောက်ျားလေး အားလုံး၏ တင်ပါးကို မြင်ဖူးခဲ့သည်။

သို့သော် သူ၏ ကိုယ်ထဲသို့ ထဲထဲဝင်ဝင် ထိုးဖောက်ခြင်းမျိုး တစ်ခါမှမဖြစ်ဖူးပေ။

မစ္စယုက ဤကိစ္စနှင့်ပတ်သက်ပြီး ဘာပြဿနာမှ မရှိသည့်ပုံရသည်။

သူမက သခင်မာ၏ အတွင်းကမ္ဘာထဲတွင် ရွှင်မြူးစွာလှည့်ပတ်၍ ပြုံးရွှင်နေခဲ့သည်။

မစ္စယုက အရသာရှိသည့် အစားအစာများ ပြည့်နှက်နေသည့် ရွှေရောင်သောင်ပြင်တွင် လမ်းလျှောက်နေသကဲ့သို့ သူမခြေဖဝါးအောက်ရှိ အာဟာရများကို စုပ်ယူရန်အတွက် အကိုင်းအခက်များကို အနောက်တွင် ဖြန့်ကျက်ထားခဲ့သည်။

“မစ္စယု.. မင်းတကယ်မရပ်သေးဘူးလား”

သခင်မာက မခံစားနိုင်တော့ပေ။

သူ့ခြေထောက်များက မခံနိုင်လောက်အောင် အားနည်းလာခဲ့သည်။

အကြောင်းအရင်းမှာ မစ္စယု၏ စုပ်ယူမှုက အလွန်အားကောင်းသောကြောင့်ပင်။

သခင်မာက နှစ်ပေါင်းများစွာပင် မရေတွက်နိုင်သော အရာများကို လည်ချောင်းထဲသို့ စုပ်ယူခဲ့သည်။

သို့သော် ထိုအရာများကို တစ်စုံတစ်ယောက်က ပြန်လည်စုပ်ယူသွားမည်ဟု သူစိတ်ပင် မကူးခဲ့ဖူးပေ။

မစ္စယုက မျှော်လင့်ထားသည့် အတိုင်းဟုပင် ပြော၍ရသည်။

သတ္တမ စကြာဝဠာရှိ စကြာဝဠာနတ်သစ်ပင်မှ ပေါက်ဖွားလာသော သစ်ပင်ဝိညာဉ်သည် ပျိုးပင်အဖြစ် ရေလောင်းပြီးချိန်မှစ၍ သူမ၏လက်ရှိအခြေအနေထိ ကြီးထွားလာရန်အတွက် အာဟာဓာတ်များ စုပ်ယူရန် သူမ၏ ကြောက်မက်ဖွယ်စွမ်းအားကို အသုံးပြုခဲ့ရသည်။

ဆိုရလျှင် မစ္စယုသည် စကြာဝဠာ ၁၀ခုတွင် အဖွံ့ဖြိုးဆုံးစကြာဝဠာနတ်သစ်ပင် ဖြစ်သည်။

တင်စား၍ ပြောရလျှင် အခြားသော စကြာဝဠာများမှ စကြာဝဠာနတ်သစ်ပင်များက အိုင်တမ်တစ်ခုကို ယခုလေးတင် ဝယ်ယူလိုက်သောအခိုက်တန့်တွင် သတ္တမမြောက်စကြာဝဠာထဲရှိ မစ္စယုသည် အိုင်တမ် ၆ခုကို ဝယ်ယူပြီးသားဖြစ်သည်။

စကြာဝဠာနတ်သစ်ပင်က သခင်မာ၏ ကမ္ဘာထဲတွင် လှည့်ပတ်ပြေးလွှားနေပြီး သခင်မာက သူမ၏ နောက်ကနေ ပြေးလိုက်နေရသည်။

သခင်မာက အားနည်းလုနီးပါးဖြစ်နေသည်ကို သတိပြုမိလျှင် မစ္စယုက နောက်ဆုံးတွင် ရပ်တန့်လိုက်ပြီး သခင်မာ၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

“နင်ကအိမ်သာ.. ငါကနတ်သစ်ပင်.. ငါတို့နှစ်ယောက်က လိုက်ဖက်တဲ့တွေ့ဆုံခြင်းပဲ”

ထိုစကားကြောင့် သခင်မာက ထိတ်လန့်သွားခဲ့သည်။

ဤအရာနှစ်ခုက အမှန်တကယ်ပင် ချိတ်ဆက်မှုရှိနိုင်ပါသလော။

“ငါကူရွှင်းကျစ် နောက်ကိုလိုက်ကတည်းက သူတစ်ခါမှ ငါ့ကို ဝဝလင်လင် မကျွေးခဲ့ဘူး.. နင့်ရဲ့မြေဩဇာက သူ့လောက် မကောင်းပေမဲ့ အနည်းဆုံးတော့ ငါ ဝဝလင်လင် စားလို့ရတယ်”

မစ္စယုက သခင်မာကို ချီးမွမ်းလိုက်သည်။

ကူရွှင်းကျစ်၏ အကြောင်းကိုကြားလျှင် သခင်မာကရုတ်တရက် စပ်စုချင်လာသည်။

“တစ်ခုလောက်မေးလို့ရမလား မစ္စယု.. မင်းဘာလို့ ဒီမစ္စတာကူနောက်ကို လိုက်ဖို့ ရွေးချယ်ခဲ့တာလဲ”

မစ္စယုက အနည်းငယ်ရှက်ရွံစွာဖြင့် ပြုံးလိုက်သည်။

“ငါ့ကိုအများသုံးအိမ်သာ အဖြစ် တိုက်ရိုက် ဆက်ဆံကြတဲ့သူအများစုက မြေဩဇာ မကောင်းကြဘူး.. ဒီအထဲမှာ ကူရွှင်းကျစ်ရဲ့ မြေဩဇာက အရမ်းကောင်းမွန်တာကို ငါရှာဖွေတွေ့ရှိသွားပြီး သူ့နောက်ကိုလိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်.. ဒါပေမဲ့ သူက တစ်လကို တစ်ကြိမ်ပဲ အိမ်သာကို သုံးတယ်လေ.. ဒါက ငါ့အတွက် တကယ်ကို ရူးသွပ်စေတယ်”

သခင်မာ “……….”

ကျင့်ကြံခြင်းအဆင့် မြင့်မားသူများသည် ၎င်းတို့၏ ဇီဝဖြစ်စဉ်များကို ထိန်းချုပ်နိုင်ကြသည်။

ကူရွှင်းကျစ်ကဲ့သို့ စကြာဝဠာ အုပ်ထိန်းသူများသည် အလွန်အလုပ်များကြ၍ အိမ်သာသွားရန် မကြာခဏ မေ့လျော့သွားလေ့ ရှိ၏။

မစ္စယု၏ စကားကိုနားထောင်ရင်း သခင်မာက ကလေးတစ်ယောက်၏ တမ်းတမှုကဲ့သို့ ခံစားလိုက်ရသည်။

“ငါတို့နှစ်ယောက် စာချုပ်ချုပ်လိုက်ရင် မကောင်းဘူးလား.. ဘယ်လိုလဲ”

ထိုစကားကြောင့် သခင်မာက အံ့ဩသွားသည်။

“မင်းနဲ့ငါလား.. ငါက ဉာဏ်အလင်းရရုံလေးပဲရှိတဲ့ မှင်စာလေးပါ”

မစ္စယုက သူမ၏လက်ချောင်းလေးများကို စုပ်ရင်း ပြောလိုက်သည်။

“နင်က ဘာပဲဖြစ်ဖြစ် အရေးမကြီးဘူး.. သေချာတာကတော့ နင်က ငါ့ကို ဝဝလင်လင် ကျွေးနိုင်တဲ့သူ တစ်ယောက် ဆိုတာ ငါကောင်းကောင်းသိတယ်.. ဒါ့ပြင် နင့်ရဲ့နေရာက အမြဲတမ်းအမှိုက်တွေနဲ့ ပြည့်နှက်နေတာကြောင့် ငါ့အတွက် အစာရှာရတာ ပိုသက်သာစေတယ်”

သခင်မာက အသက်ကိုခပ်ပြင်းပြင်းရှူ၍ ပြောလိုက်သည်။

“မစ္စယု.. မင်းငါနဲ့ စာချုပ်ချုပ်လို့မရဘူးလေ.. တစ်စုံတစ်ယောက်နဲ့ စာချုပ်ထပ်ချုပ်ချင်တယ် ဆိုရင် မင်းရဲ့အရင်စာချုပ်ကို ဖျက်ရတာ မဟုတ်လား”

မစ္စယု “ဒါဆိုစာချုပ်ကို အခုပဲ ဖျက်လိုက်တော့မယ်.. ဒါက ကိစ္စကြီးကြီးမားမားလည်း မဟုတ်ပါဘူး”

ထိုစကားကြောင့် သခင်မာက ချွေးများစိုစွတ်လာပြီး အလျင်အမြန် တောင်းပန်လိုက်သည်။

“အဲဒါတော့မဖြစ်ဘူး.. ငါ့သခင်ဆီမှာ ငါအရိုက်ခံရလိမ့်မယ်.. ပြီးတော့ မစ္စယုအနေနဲ့ ငါ့ကိုဒီတစ်သက် ဘယ်တော့မှပြန်တွေ့ရတော့မှာ မဟုတ်ဘူး”

ထိုစကားကြောင့် မစ္စယုက သက်ပြင်းချလိုက်သည်။

“နင့်ရဲ့သခင်က တကယ်ကို စည်းကမ်းတင်းကျပ်တာပဲ.. ကောင်းပြီလေ.. နင့်ရဲ့သခင်နဲ့ ငါညှိနှိုင်းပေးမယ်.. နင့်သခင်က ဘာကြိုက်တတ်လဲ.. သူကြိုက်တာကို ငါလက်ဆောင်ပေးလိုက်မယ်”

သခင်မာ “ခေါက်ဆွဲခြောက်ကြွပ်ကြော်”

“ဒါကလွယ်ပါတယ်”

ထိုသို့ပြောပြီးနောက် မစ္စယုက သူမ၏ မျက်လုံးဖြင့် ခြေဖဝါးအောက်ရှိ နေရာကို စတင်ရှာဖွေတော့သည်။

သခင်မာ “မစ္စယု.. ဘာကိုရှာနေတာလဲ.. ဒီက အညစ်အကြေးတွေမှာ ခေါက်ဆွဲခြောက်ကြွပ်ကြော်ထုပ်တွေ မရှိဘူးလေ”

“ဘယ်သူပြောလဲ.. ဒီမှာကြည့်လေ.. ဒါက ခေါက်ဆွဲခြောက်ကြွပ်ကြော်ပဲ”

ထိုစကားကို ပြောပြီးနောက် မစ္စယုက အမှိုက်တစ်စကို ကောက်ကိုင်၍ ပြောလိုက်သည်။

“တခြားသူတွေက ဒီအမှိုက်တွေကို မခွဲခြားနိုင်ပေမဲ့ ငါကတော့ချက်ချင်းပြောနိုင်တယ်.. ဒါတွေအားလုံးက နင့်အတွက်တော့ အညစ်အကြေးတွေပဲ.. ဒါပေမဲ့ ငါ့မျက်လုံးထဲမှာတော့ သူတို့ကအညစ်အကြေး မဖြစ်ခင်က အစားအသောက်တွေလို အတိုင်းသား မြင်နေရတယ်”

ထိုစကားကြောင့် သခင်မာက တုန်လှုပ် ခြောက်ခြားသွားခဲ့သည်။

“……….”

[ဘာလဲဟ.. ဒီစွမ်းရည်ကြီးက ဘယ်လိုစွမ်းရည်ကြီးလဲ]

ထို့နောက်တွင် မစ္စယုသည် အခြားသော အညစ်အကြေးများကို ဆက်လက် ဖော်ထုတ်တော့သည်။

“ဒီမှာကြည့်.. ဒီအခဲတုံးကြီးက ပူစပ်စပ်ဟော့ပေါ့ပဲ.. ဒီလတ်လတ်ဆတ်ဆတ် အသွင်အပြင်ကတော့ သစ်သီးသုပ်.. နောက်ပြီး ဒါတွေက ကြက်ထမင်းပေါင်း.. အီတလီခေါက်ဆွဲ.. ခြောက်လွှာ အမဲသားဘာဂါ.. သိုးကလေးပေါင်း.. ဝက်ဝံပေါင်မုန့်ပေါင်း.. ကျူပင်ပေါင်း.. ပန်းဘဲကင်.. ဝက်ပေါင်ခြောက်လှော်.. အံ့ဖွယ်ဘဲသား.. ကြက်သားခြောက်.. ဝက်သားခြောက်.. စုန့်ဟွာအမဲအူကြမ်း…”

သခင်မာ “……….”

စနေနေ့ ဩဂုတ်လ ၁၉ရက်သည် နွေရာသီအားလပ်ရက်ကို စတင်ပြီးနောက် ၆ရက်မြောက်နေ့ ဖြစ်သည်။

အလွန်ရင်းနှီးသော လူနာတစ်ဦးသည် အင်မော်တယ်ထုန်ရာ၏ ဂန္ဓမာကျွန်းသို့ ရောက်လာခဲ့သည်။

ထိုလူမှာ လီတျောင်မှလွဲ၍ အခြားသူမဟုတ်ပေ။

ဝမ်လင်း၏ ခေါက်ဆွဲခြောက်ကြွပ်ကြော်ကို အတင်းအကျပ်ကျွေးခံရပြီးနောက်တွင် လီတျောင်သည် မရပ်မနား ဝမ်းလျောကာ ခန္ဓာကိုယ်ပြိုလဲလုနီးပါး ဖြစ်နေသည်။

လက်ရှိအချိန်တွင် လီဟောင်က ကျောင်းထုတ်ခံထားရပြီး လီတျောင်ကိုလည်း ကျောင်းဘုတ်အဖွဲ့ဒါရိုက်တာများက လီရှို့၏ သွေးစုပ်ဖုတ်ကောင် ထိန်းချုပ်ရေးဌာနသို့ ပြန်ပို့ရန် စီစဉ်နေခဲ့သည်။

ထိုအကြောင်းကို ကြိုတင်သတင်းရ၍ လီတျောင်သည် လီဟောင်နှင့်အတူ ထိုညမှာပင် ဂန္ဓမာကျွန်းဆီသို့ ထွက်ပြေးလာခဲ့သည်။

အင်မော်တယ်ထုန်ရာက လီတျောင်ကို မြင်သောအခါ ပိန်ချုံးကျနေသည်ကို တွေ့လိုက်ရ၏။

လီဟောင်က ချက်ချင်းပင် ဒူးထောက်၍ ပြောလိုက်သည်။

“အင်မော်တယ်ထုန်ရာ.. ကျေးဇူးပြုပြီး ငါ့အဖေကို ကယ်တင်ပေးပါဦး.. ငါတို့ ကူကယ်ရာမဲ့ နေပါပြီ.. သင်က ငါတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ပါ”

အစပိုင်းတွင် အင်မော်တယ်ထုန်ရာသည် ၎င်းတို့နှင့် မပတ်သက်ချင်ခဲ့ပေ။

အားလုံးပြီးနောက်တွင် ဤနှစ်ယောက်သည် လင်းကျန်းရန်က ဘလက်လစ် စာရင်းသွင်းထားသော ပုဂ္ဂိုလ်များ ဖြစ်သည်။

သို့ရာတွင် ဆရာဝန်များသည် လူသားဆန်သော စိတ်နှလုံး ရှိကြသည်။

လီတျောင်၏ ဝမ်းပျက်ဝမ်းလျှော ဝေဒနာ ပြင်းပြင်းထန်ထန်ခံစားနေရသော မြင်ကွင်းကို မြင်လိုက်ရလျှင် အင်မော်တယ်ထုန်ရာက အသည်းမမာချင်တော့ပေ။

သူဘာမှမလုပ်လျှင် လီတျောင်က ဝမ်းလျှော၍ သေဆုံးသွားနိုင်ပေသည်။

“မင်းအဖေ ဝမ်းပျက်နေသေးလား”

အင်မော်တယ်ထုန်ရာက မေးလိုက်သည်။

“သူ့စအိုမှာ အဆို့တပ်ထားပေမဲ့လည်း အရမ်းကြီး အဆင်မပြေပါဘူး”

“မင်းအဖေကို ငါကုသနိုင်မလား မသေချာပေမဲ့ သူ့ရဲ့နာကျင်မှုတချို့ကိုတော့ လျော့ပါးသွားအောင် လုပ်ပေးပါ့မယ်’

အင်မော်တယ်ထုန်ရာက လေးနက်သော အမူအရာဖြင့် လီတျောင်ကို စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။

လီဟောင်က ခေါင်းညိမ့်လိုက်သည်။

“ကျောင်းကိစ္စအတွက် စိတ်မကောင်းပါဘူး”

ထိုစကားကိုကြားလျှင် အင်မော်တယ်ထုန်ရာက လီဟောင်ကိုစိုက်ကြည့်လိုက်သည်။

“မင်းတို့နှစ်ယောက် နားမလည်ကြသေးဘူး ထင်တယ်.. မင်းနဲ့မင်းအဖေ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက ရန်မစသင့်တဲ့လူကို ရန်သွားစမိလို့ပဲ”

ထို့နောက်တွင် အင်မော်တယ်ထုန်ရာက လေထဲတွင် စာသုံးလုံး ရေးပြလိုက်သည်။

“မင်းအဖေကို အထဲခေါ်သွားပြီး ဒီစာသုံးလုံးကို အဓိပ္ပါယ်ပေါ်အောင် စဉ်းစားကြည့်.. ဒါက မင်းအဖေရောဂါ အတွက် အသုံးဝင်တဲ့ နည်းလမ်းတစ်ခုပဲ”

လီဟောင်က စာသုံးလုံးကို စူးစိုက်ကြည့်နေခဲ့သည်။

“G…C…M?”

“ဒါကဘာကို ဆိုလိုတာများဖြစ်မလဲ”

(မရပ်မချင်း အီးပါမယ်လို့ပြောတာ)

အပိုင်း(၈၇၂) ပြီး၏

All Chapters