← Chapters

အင်မော်တယ်ထုန်ရာ၏ အရေးပေါ်ကုသခြင်း အစီအစဥ်

Vol. 59 Ch. 873

အင်မော်တယ်ထုန်ရာ၏ အရေးပေါ်ကုသခြင်း အစီအစဥ်

Vol. 59 Ch. 873

လီဟောင်က သူတို့အနေဖြင့် သွားစရာနေရာ မရှိမှန်း သိသောကြောင့် အင်မော်တယ်ထုန်ရာ ဆီသို့ လာခဲ့ခြင်းဖြစ်သည်။

အင်မော်တယ်ထုန်ရာက ဆေးပညာလောကတွင် သဘောကောင်းသူအဖြစ် လူသိများသည်။

DG အထက်တန်းကျောင်းနှင့် အဆက်အသွယ်ဖြတ်ပြီးနောက်တွင် သူတို့ကို အကူအညီပေးနိုင်မည်ဟု တွေးမိသည့်သူမှာ အင်မော်တယ်ထုန်ရာ ဖြစ်သည်။

လီဟောင်က ယခုအခါတွင် အလွန် နောင်တရနေခဲ့သည်။

(Tieba)တွင် ပါးစပ်ဆော့မှုက သူနှင့်သူ့ဖေကို ညတွင်းချင်း ဤကဲ့သို့ ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိစေမည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပေ။

လီဟောင်က အဆိုးဆုံးဖြစ်လာလျှင် လီရှို့နိုင်ငံကို ပြန်ရုံသာရှိသည်ဟု အစောပိုင်းက တွေးခဲ့သည်။

သို့သော်လည်း DG အထက်တန်းကျောင်းသည် ၎င်းတို့၏ ဂုဏ်သတင်းကို ထိန်းသိမ်းရန်အတွက် သူတို့သားအဖကို စစ်တုရင်အပိုင်းအစများ အဖြစ် သဘောထားပြီး စွန့်ပစ်ရန် ပြင်ဆင်နေမည်ဟု သူတို့တစ်ခါမှမထင်ခဲ့မိပေ။

ကျောင်းရှိဒါရိုက်တာများသည် သူတို့ကို လီရှို့၏ သွေးစုပ်ဖုတ်ကောင်ထိန်းချုပ်ရေးဌာနသို့ ပို့ရန် အကြောင်းကြားထားခဲ့သည်။

ထို့ကြောင့် သူတို့က လီရှို့နိုင်ငံသို့ ခြေချမိသည်နှင့် တစ်ပြိုင်နက် သွေးစုပ်ဖုတ်ကောင် ထိန်းချုပ်ရေးဌာန၏ ထိန်းချုပ်မှုအောက်သို့ ချက်ချင်းပင် ရောက်ရှိသွားမည်ဖြစ်သည်။

ဤသည်က သူတို့အနေဖြင့် အိမ်မပြန်နိုင်သည့် အကြောင်းအရင်းမှန်ပင် ဖြစ်၏။

GCM…

“ဒီစာလုံး၃လုံးက ဘာကိုဆိုလိုတာပါလိမ့်”

လီဟောင်က ဤစာလုံးများ၏ အဓိပ္ပါယ်ကို လုံးဝမသိခဲ့ပေ။

လီဟောင်က ကုန်းပိုး၍ အင်မော်တယ်ထုန်ရာ ခေါ်ရာနောက်သို့လိုက်လာသည်။

ထိုအချိန်တွင် လီတျောင်က အလွန်အားပျော့သောလေသံဖြင့် ရုတ်တရက် ပြောလိုက်သည်။

“လီဟောင်”

လီတျောင်၏ ခေါ်သံကိုကြားလျှင် လီဟောင်က မျက်နှာကို အနည်းငယ် လှည့်လိုက်သည်။

“ဘာဖြစ်လို့လဲအဖေ”

“ငါ ငါမထိန်းနိုင်တော့ဘူး”

လီတျောင်၏အသံတွင် နာကျင်ခြင်းများနှင့် ပြည့်နှက်နေသည်။

သူက အဆက်မပြတ် ဝမ်းလျှောသည်ကို တားဆီးရန် သူ့ဖင်တွင် အဆို့တပ်ထားသော်လည်း အဆင်မပြေခဲ့ပေ။

“အဖေ ကျွန်တော်တို့ ရောက်ခါနီးပါပြီ.. ခဏလေး တောင့်ထားပါဦး”

လီဟောင်၏ မျက်နှာပေါ်တွင် အေးစက်သော ချွေးစေးများ စီးကျလာသည်။

ထိုအခိုက်အတန့်မှာပင် အင်မော်တယ်ထုန်ရာသည် ကျယ်လောင်သောအသံကို ကြားလိုက်ရသည်။

သူက အနောက်သို့ လှည့်ကြည့်လိုက်ရာ လီဟောင် ကျောပိုးထားသည့် လီတျောင်ထံကနေ အီးတုံးတစ်တုံးက ဒုံးကျည်ကဲ့သို့ လွင့်ထွက်သွားသည်ကို မြင်လိုက်ရသည်။

“ဘုရားရေ”

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် အင်မော်တယ်ထုန်ရာက အထိတ်တလန့် ရေရွတ်လိုက်မိသည်။

သူက အီးနံ့နံမည်စိုး၍ လျင်မြန်စွာပင် ပျံသန်းလာခဲ့သည်။

နာရီဝက်ခန့်အကြာတွင် သူတို့က အင်မော်တယ်ထုန်ရာ၏ နေရာသို့ ရောက်ရှိလာသည်။

နှာခေါင်းအုပ်များ တပ်ဆင်ထားသော ကျင်းရှီနှင့် ယင်းရှီတို့က ကျွန်းပေါ်ရှိ အညစ်အကြေးများကို သန့်စင်ရန်အတွက် သန့်စင်ရေး အဆောင်လက်ဖွဲ့များကို အသုံးပြုခဲ့ကြသည်။

ထိုအတောအတွင်း အင်မော်တယ်ထုန်ရာသည် လီတျောင်၏ နာကျင်မှုကို သက်သာစေမည့် ယာယီအရေးပေါ် အစီအစဉ်ကို ရှာဖွေတွေ့ရှိခဲ့သည်။

လီဟောင်က အင်မော်တယ်ထုန်ရာ၏ ရောဂါရှာဖွေရေး အစီအရင်ခံစာကို ကြည့်ရှုနေခဲ့သည်။

တကယ်တမ်းတွင် သူက အစီအရင်ခံစာထဲမှ စကားလုံးများကို တစ်လုံးမှ နားမလည်ပေ။

အဘယ်ကြောင့်ဆိုသော် ဆရာဝန်များ၏ လက်ရေးသည် အရူးများ စိတ်ကူးပေါက်ရော ရေးခြစ်ထားသည်ထက်ပင် ပို၍ ဆိုးရွားသောကြောင့် ဖြစ်သည်။

သူကအရာအားလုံးကို နားမလည်နိုင်ခဲ့ပေ။

လီဟောင်က ထိုအစီအရင်ခံစာထဲတွင် နံပါတ် 365000000 ကိုတွေ့လိုက်ရသည်။

သို့သော် ထိုအရာက ဘာကိုဆိုလိုမှန်း သူမသိခဲ့ပေ။

ထိုအချိန်မှာပင် ကျင်းရှီက ရုတ်တရက် ပြောလိုက်သည်။

“နားမလည်ရင်မေးပါ.. မဟုတ်ရင် မင်းနားမလည်တာ ဘယ်သူမှသိမှာမဟုတ်ဘူး”

လီဟောင် “……….”

ထို့နောက် ကျင်းရှီက ရောဂါရှာဖွေရေး အစီအရင်ခံစာကို လီဟောင်အတွက် ဘာသာပြန်ပေးလိုက်သည်။

“ဆရာရေးထားတာက အရမ်းရှင်းပါတယ်.. အဆိပ်ကို အဆိပ်နဲ့ပြန်တိုက်ဖို့ပဲ.. ဒီရောဂါလက္ခဏာကို အခြေခံပြီး ဆရာက မင်းရဲ့အဖေကို ဆေးစာပေးလိမ့်မယ်.. အဲဒါက အူလမ်းကြောင်းကို သန့်စင်စေပြီး အဆိပ်အတောက်တွေကိုသန့်စင်ပေးနိုင်တဲ့ အစွမ်းထက် ဝမ်းနုတ်ဆေးပဲ.. ဆရာ သုံးသပ်ချက်အရတော့ မင်းအဖေရဲ့ အခြေအနေက အူထဲကိုရောက်သွားတဲ့ ဘက်တီးရီးယားကြောင့်လို့ သိရတယ်”

“အဆိပ်ကို အဆိပ်နဲ့ ပြန်တိုက်မလို့လား”

လီဟောင်က မေးလိုက်သည်။

“ဒါက မင်းအဖေကို ကယ်တင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ”

ကျင်းရှီက ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ ဒီနည်းလမ်းက အရမ်းအန္တရာယ်များတယ်.. မင်းအဖေက အိမ်သာထဲမှာ ဝမ်းလျှောပြီးသေဖို့ အခွင့်အလမ်းအများကြီးရှိတယ်.. မင်းနားလည်ထားရမှာက မင်းအဖေရဲ့ရှင်သန်နိုင်တဲ့နှုန်းက ၂၈%ပဲရှိတယ်.. ဒါ့အပြင် လောလောဆယ်မှာ မင်းအဖေကို ကယ်တင်ဖို့ဒီနည်းလမ်းကလွဲပြီး မရှိတော့ဘူး.. ပြောရရင် မင်းအဖေရဲ့ အူထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေက တော်တော်လေးကို ဆိုးရွားတဲ့ ဘက်တီးရီးယားတွေပဲ”

ကျင်းရှီ၏ ဘာသာပြန်ချက်ကို ကြားပြီးနောက်တွင် လီဟောင်က အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။

ဤသည်က အလွန်ခက်ခဲသော ရွေးချယ်မှု ဖြစ်ခဲ့သည်။

သို့ရာတွင် အင်မော်တယ်ထုန်ရာက လွဲလျှင် လက်တလောတွင်သူတို့ကို ကူညီနိုင်မည့်သူ မရှိမှန်း လီဟောင် ကောင်းစွာသိထားသည်။

“အင်မော်တယ်ထုန်ရာရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုကို ကျွန်တော်ယုံကြည်ပါတယ်.. ကျွန်တော် လက်မှတ်ထိုးပေးပါ့မယ်”

အဆုံးသတ်တွင် လီဟောင်က သူ့အဖေ မတော်တဆ သေဆုံးသွားလျှင် အင်မော်တယ်ထုန်ရာနှင့် သက်ဆိုင်မှုမရှိစေရန် လက်မှတ်ထိုးပေးခဲ့သည်။

ထို့နောက်တွင် ကျင်းရှီသည် သူ၏သိုလှောင်အိတ်ထဲမှ(POS) စက်ကို ထုတ်ယူလိုက်သည်။

"ဆေးကုသစရိတ်က HNY ၃၅၆သန်းပါ.. ကတ်၊ Wechat ဒါမှမဟုတ် (Alipay)နဲ့လည်း ပေးချေလို့ရပါတယ်”

လီဟောင်က တုန်လှုပ်သွားခဲ့သည်။

“ဒီလောက်ထိတောင်‌ ဈေးကြီးတာလား”

“ဒီနှုန်းက ရောဂါရှာဖွေရေး အစီအရင်ခံစာထဲမှာ ပါပြီးသားပါ.. မင်းဂဏန်းတော့ ဖတ်တတ်တယ် မဟုတ်လား”

ကျင်းရှီက ပြောလိုက်သည်။

လီဟောင် “……….”

သူက ရောဂါရှာဖွေရေးအစီအရင်ခံစာထဲမှ ဂဏန်းနှင့်ပတ်သက်၍ နားလည်သွားပြီ ဖြစ်သည်။

သို့သော် ပြဿနာမှာ သူနှင့် သူ့အဖေထံတွင် ပိုက်ဆံအများကြီး မရှိပေ။

HNY ၃၆၅သန်း ဟူသော ပမာဏအတွက်ဆိုလျှင် လီရှို့နိုင်ငံရှိ သူတို့၏ အိမ်ခြံမြေအချို့ကို ရောင်းချရမည် ဖြစ်သည်။

"အခုငါ့မှာ HNYသန်း၅၀ပဲ ရှိတယ်.. တစ်စိတ်တစ်ပိုင်းကိုပဲ အရင်ပေးလို့ရမလား.. ကျန်တာကို အရစ်ကျနဲ့ ငါပေးပါ့မယ်”

လီဟောင်က တောင်းတောင်းပန်ပန်ဖြင့် ပြောလိုက်သည်။

“ရပါတယ်.. အသက်တစ်ချောင်းကို ကယ်တင်ဖို့ကnပိုအရေးကြီးတယ်.. ငါတို့က နတ်ဆိုးတွေလည်း မဟုတ်ဘူးလေ.. လူတိုင်းမှာ အခက်အခဲတွေရှိကြတာ ငါတို့နားလည်ပါတယ်”

ကျင်းရှီက ယဉ်ကျေးစွာပင် အဖြေပြန်ပေးခဲ့သည်။

အင်မော်တယ်ထုန်ရာက ဘေးတစ်ဖက်တစ်ချက်ကနေ လှမ်းကြည့်လိုက်သည်။

မြို့သို့ ခေါ်ဆောင်သွားပြီးနောက်တွင် ကျင်းရှီ၏ မာကက်တင်း စကေးလ်က တစ်ဟုန်ထိုး တိုးတက်လာသည်ဟု သူခံစားခဲ့ရသည်။

ငွေပေးချေပြီးနောက်တွင် ကျင်းရှီနှင့် ယင်းရှီတို့သည် အင်မော်တယ်ထုန်ရာ ညွှန်ကြားခဲ့သည့် ဆေးညွှန်းအတိုင်း ဆေးကိုပြုတ်ရန် ပြင်ဆင်ခဲ့ကြသည်။

ထိုအချိန်တွင် လီဟောင်က သူ့အဖေကိုကျောပိုး၍ အိမ်သာသို့လိုက်ပို့ခဲ့သည်။

ထိုအိမ်သာက အင်မော်တယ်ထုန်ရာ၏ ကိုယ်ပိုင်အိမ်သာဖြစ်သည်။

ပုံမှန်အားဖြင့် ပြင်ပလူနာများကို သုံးစွဲခွင့် မပြုသော်လည်း လီတျောင်၏ ဝမ်းပျက်ဝမ်းလျော ရောဂါက ဤမျှအထိ ဆိုးရွားလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် သူ၏ ကိုယ်ပိုင်အိမ်သာကို အသုံးပြုခွင့်ပေးရန်မှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သာမန်အိမ်သာ တစ်ခုသည် လီတျောင်၏ တွန်းကန်အားကို မခံနိုင်သောကြောင့် ဖြစ်သည်။

အင်မော်တယ်ထုန်ရာ၏ အိမ်သာထဲမှအိမ်သာအိုးသည် တကယ်တမ်းတွင် ဝမ်လင်း ကောင်းချီးပေးခဲ့သောအရာ ဖြစ်သည်။

ဤအိမ်သာက သခင်မာ2 ဖြစ်ပြီး မူလသခင်မာနှင့် ကွဲပြားသည်။

သခင်မာ2တွင် ကိုယ်ပိုင် ဝိညာဉ်ဉာဏ် မရှိခဲ့ပေ။

သူက သာမန်အိမ်သာအိုးထက် ပိုမိုခိုင်ခံ့သည်။

ထို့ပြင် သခင်မာ2၏ အတွင်းကမ္ဘာသည် မူလသခင်မာနှင့်ချိတ်ဆက်ထားသည်။

ဤအတောအတွင်း စကြာဝဠာနတ်သစ်ပင်နှင့် ညှိနှိုင်းဆွေးနွေးနေသော မူလသခင်မာသည် သူ၏ အတွင်းကမ္ဘာထဲသို့ လတ်ဆတ်သည့် ပစ္စည်းအမြောက်အမြား ကျရောက်လာသည်ကို တွေ့လိုက်ရသည်။

မစ္စယု “ဒီမြေဩဇာရဲ့ပိုင်ရှင်က သွေးစုပ်ဖုတ်ကောင်ပဲ ဖြစ်ရမယ်”

ထိုစကားကြောင့် သခင်မာက အံ့အားသင့်သွားခဲ့သည်။

“မစ္စယုက အဲဒီလောက်ထိတောင် ပြောနိုင်တာလား”

သူ၏ စကားကိုကြားလျှင် စကြာဝဠာနတ်သစ်ပင်က လတ်ဆတ်ပြီး ရေစိုနေသော အီးပုံကြီးကို လက်ညိုးထိုးပြလိုက်သည်။

“ဒါက အေသွေးပိုင်ရှင်ရဲ့အီးတုံး.. ဒါက ဘီသွေးပိုင်ရှင်.. ဒါကအေဘီသွေးပိုင်ရှင်.. ဒါကတော့ အိုသွေးပိုင်ရှင်…”

သခင်မာ “……….”

ထိုခဏမှာပင် မစ္စယုသည် ရုတ်တရက် ထအော်လိုက်သည်။

“အိုး မကောင်းတော့ဘူး”

သခင်မာ “ဘာဖြစ်လို့လဲ”

မစ္စယု “ဒီလူက ရောဂါကူးစက်ခံထားရတာ ထင်တယ်.. သူ့ရဲ့မြေဩဇာက တကယ်ကို အဆိပ်ပြင်းလွန်းတယ်”

အပိုင်း(၈၇၃) ပြီး၏

All Chapters