← Chapters

ဉာဏ်အလင်းရထားသော ဘက်တီးရီးယားများ သယ်ဆောင်လာသည့် ဘေးဒုက္ခ

Vol. 59 Ch. 874

ဉာဏ်အလင်းရထားသော ဘက်တီးရီးယားများ သယ်ဆောင်လာသည့် ဘေးဒုက္ခ

Vol. 59 Ch. 874

ဤဝတ္ထု၏စာရေးဆရာက အနည်းငယ် သောက်ကျင့်မကောင်းမှန်း သခင်မာ သဘောပေါက်လိုက်သည်။

သခင်မာ ပေါ်လာဖို့က မလွယ်သော်လည်း အဆုံးသတ်တွင် သူ၏အခန်းများက အမိုက်စား မဟုတ်ဘဲ အဆိပ်ပြင်းသည့်အညစ်အကြေးများနှင့်သာ ပြည့်နှက်နေခဲ့သည်။

လေးနက်တည်ကြည်သော အိမ်သာတစ်ခုအနေဖြင့် ရှုပ်ထွေးသော ခံစားချက်များရှိခဲ့လျှင်ပင် သူ့ဘဝသည် ဤသို့မဖြစ်သင့်ဟု လေးလေးနက်နက် ခံစားခဲ့ရသည်။

ထိုအချိန်တွင် မစ္စယုသည် အသစ်စက်စက် ပြုတ်ကျလာသော အမှိုက်ပုံကို လှမ်းကြည့်ရင်း အလွန်ပင် စိတ်မသက်မသာ ဖြစ်နေသည်။

“သခင်မာ.. ဒီအရာတွေကို ဖယ်ရှားဖို့ နည်းလမ်းရှိလား.. တစ်ခုခုမှားနေတယ်လို့ ငါခံစားရတယ်”

“ဘာကိုဆိုလိုတာလဲ မစ္စယု”

သခင်မာက ဤအီးပုံအသစ်ကို စိုက်ကြည့်နေသည်။

အနည်းငယ်မှောင်မိုက်ပြီး ထူသောအချက်မှ လွဲလျှင် ဤအမှိုက်၏ ပုံသဏ္ဍာန်သည် နဂိုရှိပြီးသား အရာများနှင့် ဆင်တူနေသည်။

အဆုံးသတ်တွင် သူ၏ကမ္ဘာထဲရှိ အရာများသည် ပုံသဏ္ဍာန်မျိုးစုံ ရှိကြသည်။

“ငါပြောတာက အပေါ်ယံကိုပြောတာ မဟုတ်ဘူး.. ဒီအမှိုက်ပုံရဲ့အတွင်းမှာ ဘာတွေပါလဲ ဆိုတာကိုပဲ.. အထဲက အရာကိုမြင်နိုင်ဖို့အတွက် တိကျတဲ့စွမ်းအားတစ်ခု လိုအပ်တယ်”

ထိုစကားကိုပြောပြီးသည်နှင့် မစ္စယု၏ ရွှေရောင်မျက်လုံးများကနေ တောက်ပသောအလင်းများ ထွက်ပေါ်လာသည်။

“အထဲမှာ တစ်ခုခုမူမမှန်တာတော့ အသေချာပဲ”

“တကယ်ကြီးလား”

သခင်မာကလည်း သူ၏အမြင်စွမ်းအားကို အသုံးပြုလိုက်ရာ သူမျက်လုံးများက အညိုရောင် အလင်းများဖြင့် တောက်ပသွားခဲ့သည်။

သူ၏မျက်လုံးစွမ်းအားက မစ္စယု၏ စကြာဝဠာစွမ်းအားနှင့် ကွဲပြားသည်။

စကြာဝဠာမျက်လုံးကမူ အမည်ကသာ အလွန်ခမ်းနားသော်လည်း သိပ်အဆင့်မမြင့်မားပေ။

တစ်ဖက်တွင်လည်း သခင်မာထံတွင် အစ၏အဆုံး မျက်လုံးရှိသည်။

တကယ်တမ်းတွင် ဤအမည်သည် စကားလုံးအချို့၏ သံတူကြောင်းကွဲ ဖြစ်သည်။

သခင်မာက ပိုမိုခမ်းနားသည့်အမည်အဖြစ် ပြောင်းလဲရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။

သခင်မာ၏ အစ၏အဆုံး မျက်လုံးများသည် သန့်စင်နိုင်စွမ်းရှိသည်။

မစ္စယုက အမှိုက်ပုံအသစ်တွင် တစ်စုံတစ်ရာမူမမှန်ဟု ပြောလိုက်သည်နှင့် သခင်မာက သူ၏ အစ၏အဆုံး မျက်လုံးများနှင့် စကင်န် ဖတ်လိုက်သည်။

အမှိုက်ပုံအသစ်ထဲတွင် ပိုးကောင်များကဲ့သို့ လှည့်ပတ်နေသော ထူးဆန်းသည့်အရာများ ရှိနေသည်ကို သူသဘောပေါက်လိုက်၏။

“ဒါ.. ဒါက ဘက်တီးရီးယားတွေပဲ.. မဖြစ်နိုင်ဘူး.. ဘက်တီးရီးယားတွေက ဘယ်လိုကြောင့် ဒီလောက်ထိ အရွယ်အစား ကြီးနေရတာလဲ”

သခင်မာက အထိတ်တလန့် ရေရွတ်လိုက်သည်။

“သခင်မာရဲ့ အတွင်းကမ္ဘာထဲကို ဘက်တီးရီးယားတွေ ပါလာတာက သဘာဝပါပဲ.. ဒါပေမဲ့ ဒီအရာတွေကတော့ ပုံမှန်မဟုတ်တာ သေချာနေတယ်..တတ်နိုင်သမျှ အမြန်ဆုံးသန့်စင်ပစ်မှရမယ် သခင်မာ”

မစ္စယုက ပြဿနာမည်မျှ ပြင်းထန်သည်ကို သဘောပေါက်၍ သခင်မာကို သတိပေးနေသည်။

“ဘာပဲဖြစ်ဖြစ် ဒီဘက်တီးရီးယားတွေက ငါ့အစာကို စားနေကြတယ်”

သခင်မာက မျက်မှောက်ကြုတ်လိုက်ပြီး ဘက်တီးရီးယားများအပေါ်တွင် သူ၏ အညိုရောင်အလင်းတန်းများ ကျရောက်စေလိုက်သည်။

ထိုအလင်းတန်းနှင့် ထိတွေ့သည့် ဘက်တီးရီးယားများသည် နာကျင်စွာဖြင့် တွန့်လိမ်သွားကြသည်။

သို့ရာတွင် တချို့တလေသာ အသတ်ခံခဲ့ရ၏။

ထို့ကြောင့် သူ၏သန့်စင်နိုင်စွမ်းက ပြဿနာကို ဖြေရှင်းရန် မလုံလောက်မှန်း သခင်မာ သဘောပေါက်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဘက်တီးရီးယားများသည် သခင်မာ၏ နေရာရှိ အခြားသော မစင်များမှ အာဟာရများကို စုပ်ယူကာ လျင်မြန်စွာ မျိုးပွားလာသောကြောင့် ဖြစ်သည်။

သခင်မာ၏ သန့်စင်နိုင်စွမ်းက ဤမျိုးပွားနှုန်းကို အမှန်တကယ် လိုက်မမီနိုင်ပေ။

ထိုထက်ပို၍ အရေးကြီးသည်မှာ ထိုဘက်တီးရီးယားများက တဖြည်းဖြည်းပို၍ အရွယ်အစား ကြီးမားလာသည်ကို သခင်မာ သတိပြုမိသောကြောင့် ဖြစ်သည်။

ဤအရာက ဘက်တီးရီးယားများဟု သခင်မာ မယုံချင်ခဲ့ပေ။

ဘက်တီးရီးယားများက အာဟာရကို စုပ်ယူရင်း ကဏန်းအရွယ်အစား အထိ ကြီးမားလာခဲ့သည်။

အာဟာရဓာတ်များ ဆက်တိုက် စုပ်ယူနေသောကြောင့် ကြီးထွားမှုက လုံးဝ ရပ်တန့်မသွားခဲ့ပေ။

သခင်မာက အေးစက်သောချွေးများ စီးကျလာပြီး ထိတ်လန့်စပြုလာသည်။

“မစ္စယု ငါတို့ ဘာဆက်လုပ်သင့်လဲ”

ဤအရာက သူလိုချင်သောအရာ မဟုတ်ခဲ့ပေ။

သူ၏ အတွင်းကမ္ဘာထဲသို့ ဤမျှ အန္တရာယ်များသော ဘက်တီးရီးယားများ ကျဆင်းလာမည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

သို့ရာတွင် ဤအန္တရာယ်ရှိသည့် ဘက်တီးရီးယားများ၏ မူလဇစ်မြစ်ကို သူရှင်းရှင်းလင်းလင်း သိခဲ့သည်။

ဤအရာအားလုံးသည် သခင်လေးလင်း ဖန်တီးခဲ့သော ဘက်တီးရီးယားပိုးတစ်ခုမှ စတင်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် လီတျောင်၏ ခန္ဓာကိုယ်ထဲရှိ ထူးဆန်းသော ဘက်တီးရီးယားများက လျင်မြန်စွာ မျိုးပွားလာလိမ့်မည်ဟု သခင်လင်း ကိုယ်တိုင် မထင်မှတ်ထားခြင်း ဖြစ်နိုင်သည်။

မစ္စယုက မျက်ခုံးပင့်လိုက်သည်။

“ဒီဘက်တီးရီးယားတွေကို တခြားနေရာတစ်ခုဆီ ရွှေ့ရမယ်.. သူတို့ကို လုံးဝဖျက်ဆီးလိုက်တာ အကောင်းဆုံးပဲ.. သူတို့ကအရမ်းအန္တရာယ်များတယ်”

သခင်မာ “မစ္စယု မင်းမှာအကြံရှိလား”

မစ္စယု “ဒီဘက်တီးရီးယားတွေကို အာကာသထဲ လွှဲပြောင်းဖို့အတွက် အာကာပြင် စွမ်းအားကို ငါအသုံးပြုမယ်.. သူတို့အနေနဲ့ စကြာဝဠာအာကာသကို ရောက်ရင် လျင်မြန်စွာအေးခဲပြီး လုံးဝ သေဆုံးသွားလိမ့်မယ်”

ထိုစကားကြောင့် သခင်မာက စိတ်လှုပ်ရှားလာခဲ့သည်။

မစ္စယုက သူ့ထက် သန်မာသည်ကို သံသယမရှိတော့ပေ။

သူမထံတွင် အာကာပြင် စွမ်းအားကို ကိုင်တွယ်နိုင်သည့် ကိုယ်ပိုင်ထူးခြားသော နည်းလမ်းရှိနေသည်။

သို့သော် ချောချောမွေ့မွေ့ ဖြစ်ပါ့မလားဆိုသည်မှာ နောက်ထပ် မေးခွန်းတစ်ခု ဖြစ်သည်။

ဆိုရလျှင် ဤသည်မှာ ထူးဆန်းသော စူပါ ဘက်တီးရီးယားတစ်မျိုး ဖြစ်၏။

ဆရာလေးလင်း ဖန်တီးထားသည့် ဘက်တီးရီးယားက မျိုးပွားပြီး သူ့ကိုယ်သူ အဆင့်မြှင့်နိုင်သည့် အရာဖြစ်ကြောင်း သခင်မာ သဘောပေါက်လိုက်သည်။

ထိုအချိန်မှာပင် မစ္စယုသည် အာကာသအသစ်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။

ထို့နောက် သူမ၏ အကိုင်းအခက်ကို တံတားတစ်ခုအဖြစ်အသုံးပြုကာ ဘက်တီးရီးယားများအား သူမ၏ အကိုင်းအခက်မှ တစ်ဆင့် စကြာဝဠာအာကာသ အတွင်းရှိ အခြားတစ်ဖက်စွန်းသို့ ထွက်သွားစေခဲ့သည်။

“မစ္စယု.. မင်း.. “

“ငါအဆင်ပြေပါတယ်.. ဘက်တီးရီးယားပိုး ရှိတဲ့အကိုင်းအခက်ကို အချိန်မရွေး ဖြတ်တောက်နိုင်တဲ့ အတွက် ထိခိုက်မှုလည်း မရှိပါဘူး”

မစ္စယု၏အမူအရာက အလွန်ပင် လေးနက်နေသည်။

သူမ၏ စတေးမှုက သခင်မာကို ဝမ်းနည်းစေခဲ့သည်။

ဤသည်မှာ လင်းယုန်ငှက်ကို အစားကျွေးရန် သူ့အသားကိုလှီးဖြတ်သည့် ဗုဒ္ဓ၏ဒဏ္ဍာရီနှင့် ဆင်တူနေ၏။

မစ္စယုက ကြောက်စရာကောင်းသော ဘက်တီးရီးယားများကိုဖယ်ရှားရန် အဖိုးအခအဖြစ် သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်းကို စွန့်လွှတ်ခဲ့သည်။

ဤအရာက အကြောက်တရား ကင်းစင်‌သော စိတ်ဓာတ်မျိုးဖြစ်သည်။

သခင်မာက သူ့မျက်လုံးကနေ တာကျိုးသကဲ့သို့ မျက်ရည်များစီးကျလာသည်ကို ခံစားလိုက်ရသည်။

အစောပိုင်းတွင် ဤမိန်းကလေးကို နားလည်မှုလွဲနေခြင်းက မတရား လုပ်မိသလိုပင် သူခံစားနေရသည်။

သူမက သူ၏အတွင်းကမ္ဘာထဲသို့ ဝင်လာသော်လည်း အလကား မစားသုံးခဲ့ပေ။

တကယ်တမ်းတွင် သူ့ကို အကူအညီများစွာ ပေးခဲ့၏။

အနီရောင် မှိုနှင့်တူသော ဘက်တီးရီးယားများသည် စကြာဝဠာနတ်သစ်ပင်၏ အကိုင်းအခက်မှတဆင့် စကြာဝဠာအာကာသထဲသို့ ရောက်ရှိသွားကြသည်။

စကြာဝဠာထဲသို့ ဘက်တီးရီးယားများကို လွှတ်ပြီးနောက်တွင် နှစ်ဦးစလုံးက သက်ပြင်းချလိုက်ကြသည်။

“ကျေးဇူးတင်ပါတယ် မစ္စယု”

“ရပါတယ်.. သူတို့သာ ဒီအတွင်းကမ္ဘာထဲမှာ ကျန်နေမယ်ဆိုရင် ငါ့ရဲ့အစားအသောက်တွေကို အမှန်တကယ် လုယူသွားနိုင်တယ်လေ”

သခင်မာ “……….”

ထို့နောက်တွင် မစ္စယုက စကြာဝဠာပတ်ဝန်းကျင်ရှိ အခြေအနေကို ကြည့်ရန် မှန်တစ်ချပ်ကို ထုတ်ယူလိုက်သည်။

ယင်းမှာ ထိုပုံမှန်မဟုတ်သော ဘက်တီးရီးယားများ အေးခဲသွားခြင်း ရှိမရှိ စစ်ဆေးရန် ဖြစ်၏။

သို့ရာတွင် သူတို့မျှော်လင့်ထားသည်နှင့် လုံးလုံးလျားလျားဆန့်ကျင်နေခဲ့သည်။

အေးခဲပြီး ဂျက်ထုပ်ဖြစ်သင့်သည့် ဘက်တီးရီးယားများသည် ရေခဲများ ကင်းစင်နေပြီး အကြီးဆုံး ဘက်တီးရီးယားပင် ကလေး မွေးကင်းစအရွယ်ထိ ကြီးထွားနေပြီ ဖြစ်သည်။

ဘက်တီးရီးယား၏ ခြေလက်များပင် ကြီးထွားလာခဲ့သည်။

မစ္စယုက ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

“ဒီဘက်တီးရီးယားက ငါ့အကိုင်းအခက်ထဲက အာဟာရတွေကို ကိုက်စားပစ်လိုက်တယ်.. ဒီဝမ်းကိုက်ပိုးကတော့ ငါနဲ့တွေ့တော့မယ်”

ထိုအချိန်မှာပင် စကြာဝဠာပတ်ဝန်းကျင်ရှိ ထူးခြားသော ဘက်တီးရီးယားက မာန်တက်စွာဖြင့် ခနဲ့လိုက်သည်။

“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ငါက ဘက်တီးရီးယားအားလုံးရဲ့ ဘုရင်ဖြစ်တယ်.. မင်းက ငါ့ကို အရှင် မှိုတက်လို့ ခေါ်နိုင်တယ်”

ဤအရှင် မှိုတက်က ခြေလက်အင်္ဂါများ ကြီးထွားရုံသာမက ဝိညာဉ်ရေးဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးပါ ဖွံ့ဖြိုးလာပြီး သူမ၏ အာကာသနှင့်ဆိုင်‌သော အာကာပြင် စွမ်းအင်များကိုပင် ခိုးယူသွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

အရှင် မှိုတက်က သူတို့နှစ်ယောက်ကို လှောင်ပြောင်ပြီးနောက်တွင် အာကာပြင်ကို တိုက်ရိုက်ဖွင့်ကာ ပျောက်ကွယ်သွားခဲ့သည်။

၎င်းက ဉာဏ်အလင်း ရရှိထားသော ဘက်တီးရီးယားပိုး တစ်မျိုး ဖြစ်သော်လည်း ခန္ဓာကိုယ်အပြင်ဘက်တွင် ကြာရှည်စွာ မနေနိုင်၍ သင့်လျော်သောအိမ်ရှင်ကို ရှာဖွေရန်လိုအပ်သည် မဟုတ်ပါလော။

အပိုင်း(၈၇၄) ပြီး၏

All Chapters