← Chapters

သာယာသောနွေရာသီအားလပ်ရက်

Vol. 59 Ch. 876

သာယာသောနွေရာသီအားလပ်ရက်

Vol. 59 Ch. 876

တနင်္ဂနွေနေ့ ဩဂုတ်၂၀ရက်သည် နွေရာသီအားလပ်ရက်၏ သတ္တမမြောက်နေ့ ဖြစ်သည်။

ပုံမှန်အားဖြင့်ဝမ်လင်းအတွက် ဤနွေရာသီအားလပ်ရက်သည် မနက်စောစောထရန် မလိုအပ်ဘဲ စိတ်အေးလက်အေးအိပ်စက်နေသင့်သည်။

နွေရာသီအားလပ်ရက်တွင် အိမ်စာများလည်း လုပ်စရာမလိုပေ။

ဝမ်လင်း လုပ်ချင်သော တစ်ခုတည်းသောအရာမှာ ခေါက်ဆွဲခြောက်ကြွပ်ကြော်ကို စားရင်း တီဗွီရှိုးကို အေးအေးဆေးဆေးကြည့်ရှုရန် ဖြစ်သည်။

သို့သော် ဤနွေရာသီအားလပ်ရက်သည် သူထင်ထားသလောက် မငြိမ်းချမ်းခဲ့ပေ။

ဤရက်ပိုင်းတွင် ဝမ်လင်းသည် နိမိတ်ဖတ် အိပ်မက်တစ်ခုကိုမကြာခဏ မတ်ခဲ့သည်။

နောက်ဆုံးအကြိမ်က မက်ခဲ့သည့်အိပ်မက်တွင် ဗုံးပစ်စီနီယာအင်မော်တယ် အန္တရာယ်ရှိနေသည်ဟု အိပ်မက်မက်ခဲ့သည်။

ယခုအခါတွင်မူ အင်မော်တယ်ထုန်ရာ ဖြစ်နေသည်။

သို့သော် သူ၏နိမိတ်ပြအိပ်မက်ထဲမှ အင်မော်တယ်ထုန်ရာသည် ဗုံးပစ်စီနီယာအင်မော်တယ် ကဲ့သို့ သွေးအိုင်ထဲတွင်လဲလျောင်းနေခြင်း မဟုတ်ပေ။

သူ့အိပ်မက်ထဲတွင် အင်မော်တယ်ထုန်ရာသည် အသက်ထင်ရှားစွာ ရှိနေသေးသော်လည်း ပင်ကိုယ်စရိုက်ကမူ လုံးဝ ခြားနားနေ၏။

နိမိတ်ပြအိပ်မက်ထဲတွင် ကျင်းရှီနှင့်ယင်းရှီကို ညဥ်းပန်းနေသည့် ပုံရိပ်များပင် ရှိနေခဲ့သည်။

စင်စစ် အင်မော်တယ်ထုန်ရာ အတွက် ကျင်းရှီနှင့်ယင်းရှီတို့သည် သူ၏ သားသမီးများလိုပင် ဖြစ်၏။

များသောအားဖြင့် အင်မော်တယ်ထုန်ရာသည် ကျင်းရှီနှင့်ယင်းရှီတို့ကို ဆေးလုံးသန့်စင်ခြင်းတွင်သာ တင်းကျပ်လေ့ ရှိသော်လည်း အိမ်တွင်းအကြမ်းဖက်မှုမျိုးကိုမူ လုံးဝကျူးလွန်မည် မဟုတ်ပေ။

နိမိတ်ပြအိပ်မက်ထဲတွင် ကျင်းရှီနှင့်ယင်းရှီတို့၏ မျက်လုံးများသည် ပန်ဒါမျက်လုံးများ ကဲ့သို့ ရောင်ရမ်းနေသည်ကို ဝမ်လင်းက မြင်လိုက်ရသည်။

ဤသည်က နေကျွန်းမှ အကြံပက်စက်သည့် မိန်းကလေးလို သူမ မျက်နှာကို သူမကိုယ်တိုင် တမင်တကာ ထိခိုက်အောင်လုပ်ပြီး သူမ၏ ရည်းစားက ဆိုးဆိုးရွားရွား ရိုက်နှက်သည်ဟု လုပ်ကြံပြောဆိုသည့် အကြံအစည်နှင့် လုံးဝမတူပေ။

ထို့ကြောင့် ဝမ်လင်းက ဂန္ဓမာကျွန်းသို့သွားရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် သူအပြင်မထွက်ခင်မှာပင် သူ၏ လက်ပတ်နာရီ၌ လွတ်သွားသော ဖုန်းခေါ်ဆိုမှု အနည်းငယ် ရှိနေသည်ကို သတိပြုမိလိုက်သည်။

ထိုဖုန်းခေါ်ဆိုမှု အားလုံးသည် ဗုံးပစ်စီနီယာအင်မော်တယ်ထံမှ ဖြစ်သည်။

သာမန်အိပ်မက်နှင့် မတူသည့် နိမိတ်ပြအိပ်မက်ကို ဝမ်လင်းအနေဖြင့် ဖြိုခွဲရန်မလွယ်ကူပေ။

ဆိုလိုသည်မှာ ဝမ်လင်းက အိပ်မက်မက်နေစဉ်အတွင်း နိမိတ်ပြအိပ်မက်မပြီးမချင်း မည်သို့သော နည်းလမ်းနှင့်မှ နိုးထလာနိုင်မည် မဟုတ်ချေ။

“ကြည့်ရတာ ဂန္ဓမာကျွန်းမှာ တကယ်ပဲ တစ်ခုခုဖြစ်ခဲ့ပုံပဲ”

ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်ပြီး ဗုံးပစ်စီနီယာအင်မော်တယ်ထံသို့ မက်ဆေ့ချ်ကို အမြန်ရိုက်ပို့လိုက်သည်။

ထုံးစံအတိုင်းပင် သူ၏မက်ဆေ့မှာ စာချန်ပြမက်ဆေ့ဖြစ်သည်။

“ညီနောင်လင်းလား”

ဗုံးပစ်စီနီယာအင်မော်တယ်က ဝမ်လင်းကို တိုက်ရိုက်အနှောင့်အယှက် မပြုဝံ့သောကြောင့် ဖုန်းရှေ့တွင် တစ်ချိန်လုံးစောင့်နေခဲ့သည်။

ဝမ်လင်းက သူ့ထံပို့လိုက်သည့် စာချန်ပြအမှတ်အသားကို မြင်လျှင် သူက ထိတ်လန့်သွားခဲ့သည်။

“ညီနောင်လင်း ညီနောင်ထုန်ရာတော့ တစ်ခုခု ဖြစ်နေပြီထင်တယ်.. သူ့ကျွန်းကို ငါလိုက်သွားရတော့မယ်.. နောက်ပြီး ကျင်းရှီနဲ့ယင်းရှီတို့အတွက်လည်း ငါစိတ်ပူမိတယ်.. ညီနောင်ထုန်ရာက ငါ့ကို လွန်ခဲ့တဲ့ နာရီပေါင်းများစွာက စာပို့ခဲ့ပေမဲ့ အဲဒီအချိန်မှာ ငါက ဘရိုကိုလီခြံမှာ ရှိနေခဲ့တဲ့အတွက် သူ့စာကို ချက်ချင်းမတွေ့ခဲ့ဘူး.. ဒါနဲ့ ညီနောင်လင်းရဲ့ ကောင်းကင်တာအို ဘရိုကိုလီကို ငါတိုးချဲ့စိုက်ပျိုးထားပါတယ်”

မကြာသေးမီကစပြီး ဗုံးပစ်စီနီယာအင်မော်တယ်သည် ကောင်းကင်တာအို ဘရိုကိုလီနှင့် ပတ်သက်၍ အလွန်အလုပ်ရှုပ်နေခဲ့သည်။

ဗုံးပစ်စီနီယာအင်မော်တယ်သည် ကောင်းကင်တာအို ဘရိုကိုလီကို ကိုးစားပြီး ပကတိအရှင်မြတ်အဆင့်သို့ ပြောင်းလဲသွားပြီးနောက်တွင် မဟာဗျူဟာလှည့်ဖျားမှုရုံးသည် ကောင်းကင်တာအိုဘရိုကိုလီ အမှာစာများဖြင့် ပြည့်လျှံနေခဲ့သည်။

ခြံရှိ ကောင်းကင်တာအိုဘရိုကိုလီ အားလုံးသည် ကြိုတင်စာရင်းသွင်းထားပြီးပြီ ဖြစ်သည်။

ထို့ပြင် နောက်ထပ် အမှာစာများအတွက် စောင့်ဆိုင်းစာရင်းပင် ရှိနေပါသေးသည်။

စောင့်ဆိုင်းစာရင်းသည် နှစ် ၅၀ ပင်ကျော်နေခဲ့ပြီ ဖြစ်၏။

အတိုချုံး၍ ပြောရလျှင် ကောင်းကင်တာအို ဘရိုကိုလီသည် လုံလောက်စွာ မရရှိသေးပေ။

ဗုံးပစ်စီနီယာအင်မော်တယ်က အင်မော်တယ်ထုန်ရာ၏ ဂန္ဓမာကျွန်းသို့ ခရီးထွက်ရန် ပြင်လိုက်သည်။

ကံမကောင်းစွာဖြင့် ဗုံးပစ်စီနီယာအင်မော်တယ်တွင် ဝူကျီထီး မပါရှိပေ။

သို့မဟုတ်လျှင် ဝူကျီ၏ အကူအညီဖြင့် အာကာပြင်ကိုဖြတ်သန်းကာ ဂန္ဓမာကျွန်းသို့ အချိန်တိုအတွင်း ရောက်ရှိနိုင်မည် ဖြစ်သည်။

စင်စစ် ဗုံးပစ်စီနီယာ အင်မော်တယ်သည်လည်း သူ၏ခွန်အားဖြင့် အာကာပြင်ကို ဖွင့်လှစ်နိုင်ပေသည်။

သို့ရာတွင် သူက တိုတောင်းသော အကွာအဝေးကိုသာ ရွေ့လျားနိုင်ခဲ့သည်။

အကြောင်းအရင်းမှာ သူက အာကာပြင် စွမ်းအင်များကို အထူးကျင့်ကြံထားသည့် ကျင့်ကြံသူ မဟုတ်သောကြောင့်ပင်။

ဝမ်လင်း၏ သုတေသနပြုချက်အရ ဗုံးပစ်စီနီယာအင်မော်တယ်သည် သတ္တုဝိညာဉ်အရင်းအမြစ် ပါရှိသော ကျင့်ကြံသူဖြစ်သည်။

ဤကျင့်ကြံသူ အမျိုးအစားသည် ပိုမိုခံနိုင်ရည်ရှိပြီး ၎င်းတို့၏ မှော်စွမ်းရည်များသည်လည်း အလွန်အစွမ်းထက်သော ထိုးဖောက်နိုင်စွမ်းရှိ၏။

ဗုံးပစ်စီနီယာအင်မော်တယ်၏ လက်ရှိကျင့်ကြံခြင်းနယ်ပယ်အဆင့်ကြောင့် သာမန် ပြိုင်ဘက်တစ်ဦးသည် သူ့ကို လုံးဝ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

ထို့ပြင် ဗုံးပစ်စီနီယာအင်မော်တယ်ထံတွင် ဝမ်လင်း ပေးထားသည့် စိတ်ဝိညာဉ်ဖိနှိပ်ခြင်း လက်စွပ်လည်း ရှိပါသေးသည်။

ထို့ကြောင့် သူက အဆုံးမရှိသော ရှင်ပြန်ထမြောက်နိုင်သူလည်း ဖြစ်၏။

စင်စစ် ဤကဲ့သို့ ကျင့်ကြံခြင်း နယ်ပယ်အဆင့်နှင့် စွမ်းအားများကို ဗုံးပစ်စီနီယာအင်မော်တယ်ထံ လျှို့ဝှက်အပ်နှံခဲ့သူမှာ ဝမ်လင်းသာ ဖြစ်သည်။

သို့သော် သူက ဗုံးပစ်စီနီယာအင်မော်တယ်ကို ကျင့်ကြံခြင်းနယ်ပယ်အဆင့်တစ်ခု လက်ဆောင်ပေးခဲ့သော်လည်း မှော်နည်းစနစ်များကို မပေးရသေးပေ။

ထိပ်တန်းကျင့်ကြံသူ အားလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင်အမှတ်အသား မှော်နည်းစနစ်များ ရှိကြသည်။

ဥပမာပြရလျှင် မိစ္ဆာအင်ပါယာကွာဖီ၏ ပျက်စီးခြင်းစက်ဝန်း၊ ဗိုလ်ချုပ်ရီ၏ဓားလက်ဝါးနှင့် မကြာသေးမီက လူကြိုက်များခဲ့သော ဝိညာဉ်ဆင့်ခေါ်ခြင်း နည်းစနစ်တို့ ဖြစ်သည်။

ထိုဝိညာဉ်ဆင့်ခေါ်ခြင်း နည်းစနစ်သည် နာမည်ကြီးဖျော်ဖြေရေးအနုပညာရှင် ဖြစ်သည့် ဆရာချောက်၏ အမှတ်အသားဖြစ်သည်။

ဝမ်လင်းက ထိုနည်းစနစ်ဖြင့် ဈာပနခန်းမအတွင်းမှ ထွက်ခွာသွားသောဝိညာဉ်ကို တိုက်ရိုက် ဆင့်ခေါ်ခဲ့ဖူးသည်။

ဤသည်က တကယ်ကို ထူးခြားသော မှော်နည်းစနစ်တစ်ခုဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်တွင် သူ၏ ကိုယ်ပိုင်အမှတ်အသားဖြစ်သည့် နည်းစနစ်များ ရှိပုံမပေါ်ပေ။

မဟာဗျူဟာလှည့်ဖျားမှု အထွေထွေရုံး၏ ခေါင်းဆောင်တစ်ဦးထံတွင် ကိုယ်ပိုင်အမှတ်အသား နည်းစနစ်တစ်ခု မရှိခဲ့လျှင် …

ဝမ်လင်းက နဖူးကို လက်ဖြင့်ကိုင်ရင်း တွေးတောနေခဲ့သည်။

သူက ဗုံးပစ်စီနီယာအင်မော်တယ်၏ သတ္တုဝိညာဉ်အရင်းအမြစ်နှင့် ကိုက်ညီသော မှော်နည်းစနစ်ကို ဖန်တီးပေးတော့မည် ဖြစ်သည်။

မိနစ်အတော်ကြာပြီးနောက်တွင် ဓားပျံစီး၍ဂန္ဓမာကျွန်းသို့ အလျင်အမြန်သွားနေသော ဗုံးပစ်စီနီယာ အင်မော်တယ်သည် သူ၏အရှေ့တွင် အာကာပြင်ထဲမှ ထွက်လာသည့် လက်တစ်ဖက်ကို ရုတ်တရက် တွေ့လိုက်ရသည်။

ထိုလက်က ဝမ်လင်း၏လက်ဖြစ်ပြီး စာအုပ် တစ်အုပ်ကို ဗုံးပစ်စီနီယာ အင်မော်တယ်ထံ ပေးလိုက်သည်။

ထိုစာအုပ်က ကျောင်းသားများအတွက် အထူးအသုံးပြုရန် ထုတ်လုပ်ထားသည့် ဗလာစာအုပ် ဖြစ်သည်။

၎င်းက ကိုင်တွယ်ရပေါ့ပါးပြီး အိမ်စာအတွက် အဓိကအသုံးပြုသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဗလာစာအုပ်ကို ဖွင့်လိုက်သောအခါတွင် အတွင်းမှ တောက်ပနေသော ရွှေရောင်သင်္ကေတများကြောင့် မျက်စိကွယ်လုနီးပါးပင် ဖြစ်ခဲ့ရသည်။

“ဒါက…”

ဗုံးပစ်စီနီယာ အင်မော်တယ်က အံအားသင့်သွားခဲ့သည်။

ဤစာအုပ်တွင် ဝူတန်းရွှေဗုဒ္ဓလက်ဝါးဟု ခေါ်သော သတ္တုလက်ဝါးနည်းစနစ်တစ်ခု ပါရှိသည်။

“ညီနောင်လင်း”

ဗုံးပစ်စီနီယာအင်မော်တယ်က ဗလာစာအုပ်ကို သေချာကြည့်ရှုပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် မက်ဆေ့ချ်ကို ရိုက်ပို့လိုက်သည်။

ဗုံးပစ်စီနီယာအင်မော်တယ်က ဝမ်လင်းကို မည်သို့သော စကားဖြင့် ကျေးဇူးတင်ရမှန်း မသိတော့ပေ။

သူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“ဒီစာအုပ်က ဂန္ဓဝင်နည်းစနစ်တွေကို စုစည်းထားတာလား”

“အင်း.. ပေါင်းစည်းလိုက်ရုံပါပဲ”

ဝမ်လင်းက တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်သည်။

“ပေါင်းစည်းလိုက်ရုံပဲလား”

“ပေါင်းစည်းတာနဲ့ စုစည်းတာက ဘာများကွာခြားသွားလို့လဲ”

ထို့နောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ခဏမျှ မှင်တက်နေခဲ့သည်။

သူက အေးစက်သောလေကို ရှူရှိုက်လိုက်သည်။

အဆုံးသတ်တွင် ဤနည်းစနစ်က မည်မျှထူးခြားမှန်းသူသိလိုက်ရသည်။

ယနေ့ခေတ်တွင် မှော်နည်းစနစ်တစ်ခုကို ယခုလို ပေါ့ပေါပါးပါး ဖန်တီးနိုင်မည့်သူ ရှိပါမည်လော။

ဝမ်လင်းက သူတော်စင်လက်စွပ် ၁၀ကွင်းကို မိနစ်အနည်းငယ်သာအချိန်ယူ၍ ပြုလုပ်ခဲ့သည်ကို မြင်ပြီးနောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် သူ၏ကမ္ဘာ့အမြင် ကွဲအက်ပြီး တဆတ်ဆတ် တုန်ခါသွားသလို ခံစားခဲ့ရသည်။

ဤတစ်ခေါက်တွင်လည်း သူ၏ ကမ္ဘာ့မြင်ကွင်းက မလွဲမရှောင်သာ တုန်လှုပ်သွားပြီး ပျက်စီးသွားရပြန်သည်။

သို့သော် ဤအရာက ကြောက်စရာအကောင်းဆုံး အပိုင်း မဟုတ်သေးပေ။

ကြောက်စရာအကောင်းဆုံးအပိုင်းမှာ ဤဝူတန်းရွှေဗုဒ္ဓလက်ဝါးကို သင်ယူရန်အတွက် လမ်းညွှန်ချက် ဖြစ်သည်။

ဗလာစာအုပ် တစ်အုပ်လုံးသည် ဗုံးပစ်စီနီယာ အင်မော်တယ် မဖတ်နိုင်သော သင်္ကေတများဖြင့် ရေးသားထားသည်။

သူနားလည်နိုင်သည့် တစ်ခုတည်းသောအရာမှာ ပထမစာမျက်နှာရှိ ဝူတန်းရွှေဗုဒ္ဓလက်ဝါး ဟူသော စကားလုံးကြီးများနှင့် ၎င်းအောက်ရှိ လေ့လာရန် လမ်းညွှန်ချက်များ ဖြစ်သည်။

ပထမစာမျက်နှာမှ အကြောင်းအရာများ

ခေါင်းစဉ် = ဝူတန်ရွှေဗုဒ္ဓလက်ဝါး

လေ့လာရန်လမ်းညွှန်ချက်များ = ကျေးဇူးပြုပြီး ဗလာစာအုပ်ကို မျိုချလိုက်သည်နှင့် မှော်နည်းစနစ်ကို အလိုလို နားလည်လာပါလိမ့်မည်။

အပိုင်း(၈၇၆) ပြီး၏

All Chapters