← Chapters

အင်မော်တယ်ထုန်ရာ၏ သံသရာကိုးပါးစေတီ

Vol. 59 Ch. 880

အင်မော်တယ်ထုန်ရာ၏ သံသရာကိုးပါးစေတီ

Vol. 59 Ch. 880

ဤမဟာခေါင်းခေါက်တာအိုသည် မှော်စွမ်းရည် အားလုံးကို ရပ်တန့်စေနိုင်သည့် မဟာတာအို သုံးထောင်ထဲမှ တာအိုတစ်ခုဖြစ်သည်။

ထိုတာအိုက ကောင်းကင်တာအိုများကိုပင် အနှောင့်အယှက် ဖြစ်စေနိုင်သည်။

အကယ်၍ မှော်စွမ်းရည်ကို မရပ်တန့်နိုင်ခဲ့ပါက တစ်ဖက်သား၏ စွမ်းအားသည် သင့်ထက် သာလွန်သည် သို့မဟုတ် သင်က မဟာခေါင်းခေါက်တာအိုတာအိုက လုံလောက်စွာ မကျွမ်းကျင်သေးဟု ဆိုလိုခြင်း ဖြစ်သည်။

သို့သော် ဤအခြေအနေနှစ်ခုစလုံးသည် ဝမ်လင်း အတွက် သက်ရောက်မှုမရှိပေ။

သူက ခွန်အားကို ချိန်ဆမနေဘဲ ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဦးခေါင်းကို အနည်းငယ် ခပ်ပြင်းပြင်း ခေါက်လိုက်သည်။

ယင်းက ဗုံးပစ်စီနီယာ အင်မော်တယ်၏ အဆုံးစွန်သော လှုပ်ရှားမှုကို ရပ်တန့်စေခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဦးခေါင်းက လုံးဝ ကြေမွသွားခဲ့သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က စိတ်ဝိညာဥ် ဖိနှိပ်ခြင်း လက်စွပ် စွမ်းအားဖြင့် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နေမှန်း သိမှသာ အစောပိုင်းက သူတကယ် သေသွားမှန်း သိလိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် စိတ်ဝိညာဥ်ဖိနှိပ်ခြင်း လက်စွပ်၏ စွမ်းအားသည် သူ့ကို အသက်ပြန်ရှင်လာစေခဲ့သည်။

[ညီနောင်လင်းက တကယ် အစွမ်းထက်တာပဲ]

ဗုံးပစ်စီနီယာ အင်မော်တယ်က တိတ်တဆိတ် ကြောက်လန့်သွားခဲ့သည်။

သူက သေဆုံးသွားပြီးနောက်တွင် နာကျင်မှုကို အနည်းငယ်မျှပင် မခံစားခဲ့ရပေ။

ဤသည်မှာ ခွန်အား အဆင့်အတန်းတစ်ခုသို့ ရောက်မှသာ ပြုလုပ်နိုင်သော အရာ ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်နိုင်ခဲ့သည်။

ကျင်းရှီနှင့် ယင်းရှီတို့က ဗုံးပစ်စီနီယာ အင်မော်တယ် တစ်ယောက် ဦးခေါင်း ကြေမွသွားပြီးနောက်တွင် ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်လိုက်သည်အား မြင်တွေ့ခဲ့ရသည်။

မောင်နှမနှစ်ယောက်က ထိုအချိန်တွင် သူတို့ ခံစားခဲ့ရသည့် ခံစားချက်ကို ဖော်ပြရန် မည်သည့်စကားလုံးကိုပင် အသုံးပြုရမည်အား မသိတော့သည်အထိ အံသြသွားကြသည်။

"တွေ့လား.. ငါ့သခင်က မင်းတို့ရဲ့ဆရာကို ကယ်တင်မယ်လို့ ငါမပြောခဲ့ဘူးလား"

တောက်ပသောအောင်ပွဲခံဓားက ကျင်းရှီ နှင့် ယင်းရှီ တို့၏ ထိတ်လန့်မှုကို လုံးလုံး သတိမထားမိဘဲ သူတို့၏ဆရာ ကယ်တင်ခံရခြင်းအတွက် အံ့အားသင့်နေသည်ဟု ထင်နေခဲ့သည်။

တောက်ပသောအောင်ပွဲခံဓားက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

အဆုံးသတ်တွင် ၎င်းတို့သည် စိတ်ချုပ်တည်းမှု နည်းပါးသော ငယ်ရွယ်သူများ ဖြစ်နေကြဆဲပင်။

ရှင်ပြန်ထမြောက်လာပြီးနောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ် ပထမဆုံး လုပ်ဆောင်သည့်အရာမှာ အင်မော်တယ်ထုန်ရာ၏ ဒဏ်ရာများကို စစ်ဆေးရန် ဖြစ်သည်။

သူ့တွင် ဒဏ်ရာတွေကို မြန်ဆန်စွာ သက်သာပျောက်ကင်းစေနိုင်သည့် ရှန်းထွင်းသန်းယန်း ဆေးလုံးရှိ၏။

ထိုဆေးလုံး၏ အဓိကပါဝင်ပစ္စည်းမှာ ကောင်းကင်တာအို ဘရိုကိုလီမှ ထုတ်ယူထားသည့် အဆီအနှစ် ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ် ကိုယ်တိုင် ယခင်က ထိုဆေးလုံးကို စားခဲ့ဖူးသည်။

အထူးသဖြင့် အတွင်းဒဏ်ရာများပေါ်တွင် အံ့ဖွယ်ပျောက်ကင်းစေသော အကျိုးသက်ရောက်မှု ရှိ၏။

သို့သော် ယခုအခါတွင် အင်မော်တယ်ထုန်ရာက သတိလစ်နေ၍ လုံးဝ မျိုချရန် မဖြစ်နိုင်ပေ။

အကယ်၍ ဗုံးပစ်စီနီယာ အင်မော်တယ်က ၎င်းအား ရှေးဦးပြုစုနည်းဖြင့် ဆေးလုံးကို တိုက်ကျွေးလိုက်လျှင် ဂေးဟု အထင်ခံသွားရနိုင်၏။

ထို့အပြင် ဤနေရာတွင် ကျင်းရှီနှင့် ယင်းရှီတို့လည်း ရှိနေသည်။

ကလေးတွေရှေ့တွင် ထိုသို့ လုပ်ဆောင်သည်က သင့်တော်မည်မဟုတ်ပေ။

ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့ဦးနှောက်ကို အနည်းငယ် အလုပ်ပေးလိုက်သည်။

သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။

သူက အင်မော်တယ်ထုန်ရာ၏ အဝတ်အစားများကို ဆုတ်ဖြဲကာ ​ဆေးလုံးကို ဝမ်းဗိုက်အောက်ဘက်ရှိ ​ချက်ကနေ တိုက်ရိုက်​ တွန်းထည့်​လိုက်​သည်​။

စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင် အင်မော်တယ်ထုန်ရာက သတိရလာခဲ့သည်။

သူ့ခန္ဓာကိုယ်ထဲသို့ မိစ္ဆာအူမှိုတက်အရှင် ဝင်ရောက်လာသည်က သူ၏စိတ်ဝိညာဉ်ကို ကြီးမားစွာ ထိခိုက်ပျက်စီးစေခဲ့သော်လည်း ရှန်းတူတန်ယန်း ဆေးလုံးသည် အံ့ဖွယ်အကျိုးအာနိသင်ရှိသောကြောင့် သူ၏ ဝိညာဉ်ပျက်စီးမှုကိုပါ တစ်ခါထဲ ကုစားပေးခဲ့သည်။

"ညီနောင်ထုန်.. အဆင်ပြေရဲ့လား"

ဗုံးပစ်စီနီယာ အင်မော်တယ်ကက အင်မော်တယ်ထုန်ရာ ထနိုင်ရန် ကူညီပေးခဲ့သည်။

“အင်း…”

အင်မော်တယ်ထုန်ရာက ခေါင်းညိတ်လိုက်သည်။

သူ၏နောက်ဆုံးအမှတ်ရမှုမှာ ဧရာမ ရွှေရောင် လက်ဝါးကြီးကိုယ်ပေါ်သို့ ကျရောက်တော့မည့် မြင်ကွင်း ဖြစ်၏။

ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်တွင်းရှိ မိစ္ဆာ၏ ကြောက်လန့်နေမှုကို သူခံစားမိခဲ့သည်။

ထို့နောက်တွင် မိစ္ဆာက သူ၏ကိုယ်ထဲမှ ထွက်ပြေးသွားခဲ့သည်။

သူ့ဝိညာဉ်က သူ့ခန္ဓာကိုယ်၏ သခင်အဖြစ် နေရာမှန်ကို ပြန်ရောက်လာသောအခါတွင် မည်သည့်အရာများ ဆက်လက် ဖြစ်ပျက်ခဲ့သည်ကို သူ မသိတော့ပေ။

ဆိုရလျှင် သူ၏ ဝိညာဉ်က သူ့ခန္ဓာကိုယ်သို့ ပြန်ဝင်ရောက်လာသည့် အခိုက်အတန့်တွင် သူက သတိလစ်သွားခြင်း ဖြစ်၏။

အင်မော်တယ်ထုန်ရာက သတိရလာပြီးနောက်တွင် ခံစားချက်များ ကင်းမဲ့သွားခဲ့သည်။

“အားလုံး ပျက်စီးသွားပြီ”

မြေပြင်ပေါ်တွင်ထိုင်ရင်း အင်မော်တယ်ထုန်ရာက သက်ပြင်းချလိုက်သည်။

သူဝတ်ထားတဲ့ ကောင်းကင်ပိုးထည် အဖိုးတန် အဝတ်အစားဖြစ်စေ၊ ဂန္ဓမာကျွန်းဖြစ်စေ နှစ်ခုစလုံးက ဖျက်ဆီးခံခဲ့ရပြီ မဟုတ်လော။

သူ့ရဲ့ ဂန္ဓမာကျွန်း.. ဂန္ဓမာပင်များစွာ စိုက်ပျိုးထားသည့် ဧရာမကျွန်း..

တခဏချင်းမှာပဲ အားလုံးက ပျောက်ကွယ်သွားခဲ့သည်။

"အရာအားလုံးကို ပြန်တည်ဆောက်ဖို့ အချိန်အတော်ကြာ ယူရလိမ့်မယ်"

အင်မော်တယ်ထုန်ရာက သက်ပြင်းချလိုက်သည်။

ဤကျွန်းရှိ ဂန္ဓမာခင်းသည် သူ့ဘိုးဘေးများ ချန်ထားခဲ့သည့် အရာဖြစ်သောကြောင့် သူ့အနေဖြင့် ပြန်လည်စိုက်ပျိုးရမည် ဖြစ်၏။

နောင်လာနောက်သားများ၏ ကျိန်ဆဲခြင်းကို သူ မလိုချင်ခဲ့ပေ။

“စိတ်မပူပါနဲ့ ညီနောင်ထုန်.. ဂန္ဓမာကျွန်းကို ပြန်တည်ဆောက်ဖို့ လူတချို့ကို ငါစေလွှတ်လိုက်မယ်.. ဓမ္မရာဂျာနဲ့ ညီနောင်လောတို့ရဲ့ ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့က ဒီအတွက်ပဲ ဖွဲ့စည်းထားတာ မဟုတ်လား”

ဗုံးပစ်စီနီယာ အင်မော်တယ်က နှစ်သိမ့်လိုက်သည်။

ဂန္ဓမာကျွန်းက ဤအတိုင်းအတာအထိ ပျက်စီးသွားလိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ထားပေ။

ကျွန်းက လုံးလုံးလျားလျား ပျက်စီးသွားပြီး မီးခိုးနံ့များက နေရာအနှံ့တွင် ရှိနေသည်။

စင်စစ် ဤအရာအားလုံးသည် မိစ္ဆာအူမှိုတက်အရှင်ကြောင့် ဖြစ်သည်။

သို့သော် ဤသည်က အဆုံးသတ်မဟုတ်မှန်း အင်မော်တယ်ထုန်ရာ နဲ့ ဗုံးပစ်စီနီယာ အင်မော်တယ်တို့ နှစ်ယောက်စလုံးက ကောင်းစွာသိသည်။

အဘယ်ကြောင့်ဆိုသော် မိစ္ဆာ အူမှိုတက်အရှင်က မသေသေး၍ ဖြစ်သည်။

အင်မော်တယ်ထုန်ရာက ဂန္ဓမာကျွန်းမှာ ဖြစ်ပေါ်နေသည့် အပျက်အစီးများကို ကြည့်လိုက်သည်။

ဒေါသကြောင့် တဆတ်ဆတ် တုန်နေသော သူ၏ ခန္ဓာကိုယ်ကြောင့် သူဝတ်ထားသည့် တာအိုဝတ်စုံကပင် အနည်းငယ် လှုပ်ခတ်နေ၏။

“စီနီယာ အင်မော်တယ်… ဖြစ်နိုင်တာက…”

“ညီနောင်ထုန်.. ငါ မင်းကို ကယ်တင်ခဲ့ပေမဲ့ မင်းငါ့ကိုကျေးဇူးတင်ဖို့ မလိုပါဘူး.. တကယ်တော့ ဒါတွေအားလုံးရဲ့ နောက်ကွယ်က ကယ်တင်ရှင်က ညီနောင်လင်းပဲ"

"စီနီယာ အင်မော်တယ်.. ငါ အလေးအနက် ကတိပြုတယ်.. ငါ ဟိုမေဘေး မိစ္ဆာအူမှိုတက်အရှင်ကို လက်စားချေချင်တယ်.. ဒီမိစ္ဆာအူမှိုတက်အရှင်ကို ငါနဲ့ပဲ လွှဲထားလို့ရမလား"

"ဒီမိစ္ဆာအူမှိုတက်အရှင်က အလွန်အားကောင်းပြီး လိမ္မာပါးနပ်တယ်.. ညီနောင်ထုန်ရာရဲ့ လက်ရှိ တိုက်ပွဲအင်အားနဲ့ဆို သူ့ကို ကိုင်တွယ်ရခက်မှာ ငါစိုးရိမ်မိတယ်”

ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းချကာ ပြောလိုက်သည်။

"ငါနားလည်ပါတယ်"

အင်မော်တယ်ထုန်ရာက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ဒါပေမယ့် ငါ့မှာ ဝှက်ဖဲတစ်ခု ရှိပါသေးတယ်"

စကားပြောနေရင်း အင်မော်တယ်ထုန်ရာက သူ၏ လက်ဖဝါးကို ဖြန့်လိုက်ရာ သူ့လက်ဖဝါး ထဲတွင် ဝိညာဉ်အလင်းရောင်များ တောက်ပလာပြီး ခမ်းနားထည်ဝါသည့် စေတီငယ်တစ်ဆူ ထွက်ပေါ်လာခဲ့သည်။

သို့သော် ဤစေတီက အက်ရာများစွာဖြင့် ပျက်စီးနေပြီ ဖြစ်၏။

ဤစေတီက အင်မော်တယ်ထုန်ရာ၏ အမွေဆက်ခံပစ္စည်းမှန်း ဗုံးပစ်စီနီယာ အင်မော်တယ် သိထားသည်။

သံသရာကိုးပါးစေတီ..

“ညီနောင်ထုန်က သံသရာကိုးပါးစေတီကို ပြုပြင်မလို့လား”

"ဟုတ်တယ်.. ပြု​ပြင်ဖို့ အချိန်တန်ပြီလို့ ငါယုံကြည်တယ်”

အင်မော်တယ်ထုန်ရာက ပြောလိုက်သည်။

“ဒီစေတီမှာ ငါတို့ ထုန်ရာ မျိုးနွယ်ရဲ့ လျှို့ဝှက်ချက်တွေ ပါ၀င်ပြီး အဲဒီလျှို့ဝှက်ချက်တွေက ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို တိုးတက်အောင် ကူညီပေးရာမှာ အဓိကကျတဲ့ အချက်တစ်ခု ဖြစ်လာလိမ့်မယ်.. သံသရာကိုးပါးစေတီ ပျက်စီးသွားတာ နှမြောစရာပဲ.. ဒါကြောင့် စေတီကို ပြုပြင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို နှစ်ပေါင်းများစွာ ရှာဖွေခဲ့တယ်.. နောက်ဆုံးတော့ လိုအပ်တဲ့အရာ အားလုံးကို စုဆောင်းနိုင်ခဲ့ပြီ”

ဗုံးပစ်စီနီယာ အင်မော်တယ်က ချွေးများ ထွက်လာသည်။

"ဒါဆို ညီနောင်ထုန်က ဒီပစ္စည်းတွေကို တစ်ချိန်လုံး စုဆောင်းနေခဲ့တာလား"

အင်မော်တယ်ထုန်ရာက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်.. ဒီနှစ်တွေ အတွင်းမှာ စေတီကို ပြုပြင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို အကုန်ဝယ်ခဲ့တယ်"

"ဒါနဲ့ ညီနောင်ထုန်"

ဗုံးပစ်စီနီယာ အင်မော်တယ်က စကားဖြတ်ပြောလိုက်သည်။

"ညီနောင်လင်းကို တောင်းဆိုပြီးပြီလား"

“မတောင်းဆိုရ​သေးဘူး.. လင်းကျန်းရန်က ရှေးဟောင်းပစ္စည်းတွေကို သန့်စင်တဲ့နေရာမှာ ထက်မြက်တယ်လို့တော့ ကြားဖူးတယ်.. သူသာ စေတီကို ပြုပြင်ပေးမယ်ဆိုရင် ဒူးထောက်ရလည်း ငါ့အတွက် ကိစ္စမရှိဘူး.. အဆုံးသတ်ပြောရရင် ငါ့မှာလည်း သန့်စင်ဖို့အတွက် ပစ္စည်းတွေက တစ်စုံစာပဲ ရှိတယ် မဟုတ်လား"

ဗုံးပစ်စီနီယာ အင်မော်တယ်"အဲဒါဆို ဘာလို့ မမေးသေးတာလဲ"

အင်မော်တယ်ထုန်ရာ "အခုလား.. ဘယ်လို​မေးမှာလဲ"

ထိုခဏတွင် ဗုံးပစ်စီနီယာအင်မော်တယ်သည် ကောင်းကင်ယံကို မော့ကြည့်ကာ အော်ဟစ်လိုက်သည်။

“ညီနောင်လင်း မင်းကြည့်နေတာငါသိတယ်"

ဝမ်လင်းက အာကာပြင်ကို ဖွင့်လိုက်ပြီး သူ့လက်ကို ဆန့်ထုတ်လိုက်ကာ အင်မော်တယ်ထုန်ရာ၏ သံသရာကိုးပါး စေတီ၏ ထိပ်ကို တစ်ချက် ပုတ်လိုက်သည်။

ထို့နောက်တွင် စေတီပေါ်ရှိ အက်ကွဲကြောင်းများ အားလုံးက ပျောက်ကွယ်သွားခဲ့သည်။

အင်မော်တယ်ထုန်ရာ ".........…"

ဗုံးပစ်စီနီယာ အင်မော်တယ်“ တွေ့လား ညီနောင်ထုန်.. လင်းကျန်းရန်နဲ့ဆို ဘာပစ္စည်းမှ လုံးဝ မလိုအပ်ဘူး”

အင်မော်တယ်ထုန်ရာက ယခုတိုင် အံသြနေဆဲပင်။

“ဒါ…”

ဗုံးပစ်စီနီယာ အင်မော်တယ် “ညီနောင်ထုန်.. နောက်တစ်ခါ မင်းမှာ ပြဿနာရှိလာရင် ငါတို့ကို အရင်ပြောပြပါ.. မင်းဘာမှမပြောရင် မင်းက ရောင်စုံငါးတစ်ကောင် ဘယ်လိုဖြစ်လာလဲဆိုတာ ငါတို့ ဘယ်လိုလုပ်သိမှာလဲ"

(Koi fish=ရောင်စုံငါး၊ လောကဓံကို ဇွဲလုံ့လဖြင့် ရုန်းကန်သည့်သင်္ကေတ)

အင်မော်တယ်ထုန်ရာ"…........"

အပိုင်း(၈၈၀) ပြီး၏

All Chapters