← Chapters

ဝမ်လင်းလေး မရိုမသေလုပ်ခြင်း

Vol. 59 Ch. 882

ဝမ်လင်းလေး မရိုမသေလုပ်ခြင်း

Vol. 59 Ch. 882

အင်မော်တယ်ထုန်ရာက အနည်းငယ် စိတ်ပျက်အားလျော့စွာဖြင့် အသက်ကိုရှူရှိုက်လိုက်သည်။

သူက နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရပြီး အဆုံးသတ်တွင် ခေါက်ဆွဲခြောက်ထုပ် အနည်းငယ်မျှဖြင့် ဖြေရှင်းနိုင်သည့် တစ်စုံတစ်ရာအတွက် ပြဿနာ အများအပြားကို ရင်ဆိုင်လိုက်ရသည်။

သူကအလုပ်ကို အာရုံစိုက်နေရ၍ ကျင့်ကြံခြင်းတွင် အလွန်နှေးကွေးသွားခဲ့သည်။

အင်မော်တယ်ထုန်ရာက အပြစ်ကင်းစင်စွာ ပြန်လည်ကောင်းမွန်လာသော သံသရာကိုးပါး စေတီကို ငေးကြည့်ရင်း စိတ်ခံစားချက်များ ရောထွေးနေခဲ့သည်။

အဆုံးသတ်တွင် လင်းကျန်းရန်သည် လင်းကျန်းရန်ဟုသာ ပြောနိုင်တော့သည်။

၎င်းက ဤကဲ့သို့သော မှော်ရတနာကိုပင် ချက်ချင်းဆိုသလို ပြီးပြည့်စုံအောင် ပြုပြင်နိုင်ခဲ့သည်။

ဤသည်က သာမန်လူတစ်ယောက် လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ။

ဗိုလ်ချုပ်ရီတို့ ဗိုလ်ချုပ် ၁၀ပါးပင် ထိုအရာမျိုး လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

သံသရာကိုးပါးစေတီသည် ကမ္ဘာ့ဖီဆန် မှော်ရတနာတစ်ခုဖြစ်သည်။

ဤကဲ့သို့ ကမ္ဘာ့ဖီဆန် မှော်ရတနာတစ်ခုကို ချက်ချင်း ပြုပြင်နိုင်လိုက်သည်မှာ ကြောက်စရာကောင်းလွန်းလှ၏။

အခြားတစ်ဖက်တွင်လည်း ဝမ်လင်းက ရေချိုးခန်းထဲ၌ သူ့လက်ကို ဆုပ်ချီဖြန့်ချီ လုပ်ခဲ့သည်။

ဟုတ်ပါသည်၊ သူက မှော်ရတနာကို ပြုပြင်ပေးနိုင်ခဲ့ခြင်း မဟုတ်ပေ။

စစ်စစ် သံသရာကိုးပါးစေတီကို လုံးလုံးလျားလျားပြုပြင်သည်ဟု ယူဆ၍မရနိုင်သည့် အချိန်ပြောင်းပြန်မှော်စွမ်းရည်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ဤအချိန်ပြောင်းပြန် မှော်စွမ်းရည်တွင် ကန့်သတ်အချိန်ကာလ ရှိသည်။

သို့သော် ထိုအချိန်ကာလသည် အလွန်တရာ ရှည်လျား၏။

ဝမ်လင်းက သူ၏ခေါက်ဆွဲခြောက်ထုပ်များကို ဤမှော်စွမ်းရည်အသုံးပြု၍ ပြန်ယူရန် တစ်ကြိမ်ကြိုးစားခဲ့ဖူးသည်။

ဥပမာအားဖြင့် သူစားခဲ့ပြီးသား ခေါက်ဆွဲခြောက်ကို နဂိုအခြေအနေသို့ပြန်ပြောင်းရန် ဤနည်းလမ်းကို အသုံးပြုနိုင်၏။

ဝမ်လင်း ငယ်စဉ်က ကမြင်းကြောထကာ ဤနည်းစနစ်ကို အသုံးပြုခဲ့ဖူးသည်။

သူက ဖေဖေဝမ်၏ ဖိုင်တွဲထဲရှိ စာမူကြမ်းများကို ဖျက်ပစ်ရန် အချိန်ပြောင်းပြန်မှော်စွမ်းရည်ကို အသုံးပြုခဲ့သည်။

ထို့ကြောင့် ဖေဖေဝမ်က ဝက်ဘ်ဆိုက်တွင် တင်ရန် စာမူကြမ်း မရှိသောကြောင့် ထိုလတွင် ဝင်ငွေအနည်းငယ်သာ ရရှိခဲ့သည်။

အကျိုးဆက်အနေဖြင့် ဝမ်လင်း၏ မုန့်ဖိုးကလည်း သိသိသာသာပင် လျော့နည်းသွားခဲ့သည်။

ဝမ်လင်းတွင် စွမ်းရည်ရှိသော်လည်း ဝမ်မိသားစုတွင် ရိုးသားသောနည်းလမ်းဖြင့်သာ ဝင်ငွေရှာရမည့် စည်းကမ်းရှိသည်။

ထို့ကြောင့် အိမ်စားရိတ်အများစုမှာ စာရေးဆရာဖြစ်သည့်ဖေဖေဝမ်၏ ဝင်ငွေပေါ်တွင် များစွာ မူတည်နေခဲ့သည်။

ဝမ်လင်းက သူ ထိုသို့ပြုလုပ်ခဲ့သည်ကို ဖေဖေဝမ် သိရှိသွားမည်ဟု ပထမတွင် မသိခဲ့ပေ။

သေသေချာချာ စဉ်းစားကြည့်မှသာ ထိုအချိန်က ဖေဖေဝမ် သိလိမ့်မည်ဟု သူတွေးမိခဲ့သည်။

သို့သော် အဆုံးသတ်တွင် ဝမ်လင်းသည် စာမူရေးရသည်က ဖေဖေဝမ်အတွက် မလွယ်ကူမှန်း နားလည်သွားခဲ့သည်။

ထိုအချိန်မှစ၍ ဘယ်သောအခါမှ ကမြင်းကြောထ၍ မနောက်ပြောင်တော့ပေ။

သူကလေးဘဝက ပညာပေးရန်အတွက် ဖေဖေဝမ်နှင့်မေမေဝမ်၏ ချဉ်းကပ်ပုံမှာ အလွန်ပင် စံထားလောက်သည်။

ဖေဖေဝမ်တို့က သူ့ကို ပညာပေးသည့်အခါတွင် အကြမ်းဖက်မှုမျိုးကို ဘယ်သောအခါမှ မပြုလုပ်ခဲ့ပေ။

အိမ်တွင်းအကြမ်းဖက်မှုသည် မိသားစုအတွင်းတွင် မလုပ်သင့်သောအရာဖြစ်သည် မဟုတ်ပါလော။

အဓိကအကြောင်းအရင်းမှာ ဝမ်လင်းကို အကြမ်းဖက်၍မရသောကြောင့် ဖြစ်သည်။

အကယ်၍ဝမ်လင်းကို တစ်စုံတစ်ခု လုပ်မိလိုက်လျှင် ဝမ်လင်း၏ ခန္ဓာကိုယ်မှတုံ့ပြန်မှုကြောင့် သူတို့က နာကျင်မှုကို ခံစားရမည် ဖြစ်သည်။

ထို့ကြောင့် ဝမ်လင်းငယ်စဉ်က အမှားတစ်ခု လုပ်မိတိုင်းတွင် ဖေဖေဝမ်နှင့်မေမေဝမ်သည် သူ့ကို အပြစ်ပေးသည့်အနေဖြင့် နံရံကိုကျောကပ်ကာ မတ်တပ်ရပ်ခိုင်းခဲ့သည်။

နောက်ထပ် အပြစ်ပေးသည့်နည်းလမ်းမှာ သူ၏မုန့်ဖိုးများကို လျော့ချခြင်းနှင့် သရေစာခေါက်ဆွဲခြောက်များ စားသုံးခွင့်မပေးခြင်းတို့ ဖြစ်သည်။

ဤကဲ့သို့ နံရံကို ကျောကပ်၍ မတ်တပ်ရပ်ခိုင်းခြင်းမျိုးသည် ဝမ်လင်း၏ ကျောရိုးနှင့် ခြေထောက်ကြွက်သားများကို သန်မာစေသည်။

စာကြည့်စားပွဲရှေ့ရှိ ဝမ်လင်း၏ စိတ်သည် ကလေးဘဝသို့ ရုတ်တရက် ပြန်လည်ရောက်ရှိသွားခဲ့သည်။

ရိုးသားစွာဝန်ခံရလျှင် ဖေဖေဝမ်နှင့် မေမေဝမ်တို့၏ မှန်ကန်သောလမ်းညွှန်မှုကြောင့်သာ မဟုတ်လျှင် သူမည်ကဲ့သို့သောလူအဖြစ် ပြောင်းလဲသွားမည်ကို သူ မသိနိုင်ပေ။

များသောအားဖြင့် လူတစ်ယောက်သည် လွန်ကဲသောစွမ်းအားကို ပိုင်ဆိုင်ထားလျှင် အကြီးအကျယ် အောက်ခြေလွတ်သွားတတ်သည်။

ထို့ကြောင့် ဤကဲ့သို့ပုံစံမျိုးဖြင့် ကြီးပြင်းလာရခြင်းက ကံကောင်းသည်ဟု ဝမ်လင်း ထင်မြင်မိသည်။

ဤတစ်ကြိမ်တွင် ဝမ်လင်းသည် အင်မော်တယ်ထုန်ရာကို သံသရာကိုးပါးစေတီအား ပြုပြင်ပေးရန်အတွက် အချိန်ပြောင်းပြန် မှော်စွမ်းရည်ကို အသုံးပြုခဲ့သည်။

သို့ရာတွင် ဤသည်က ဝမ်လင်း၏လျော်ကြေး ဖြစ်သည်။

သူက မိစ္ဆာအူမှိုတက် အရှင် နှင့် ဗုံးပစ်စီနီယာအင်မော်တယ်တို့၏ တိုက်ပွဲကို အသေးစိတ်ကြည့်ရှုခဲ့သည်။

သူဖန်တီးခဲ့သော ဘက်တီးရီးယားက ဤမျှအထိ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ဆိုရလျှင် ဤသည်က သူ၏အမှားပင် ဖြစ်သည် မဟုတ်ပါလား။

ထို့ကြောင့် သံသရာကိုးပါးစေတီကို ပြုပြင်ပြီးနောက်တွင် ဝမ်လင်းသည် ဘက်တီးရီးယားကို မည်ကဲ့သို့ သတ်ရမည်အား စဉ်းစားနေခဲ့သည်။

ဤသည်က အနည်းငယ်ဒုက္ခပေးနိုင်သော ထူးဆန်းသည့် ဘက်တီးရီးယားမျိုး ဖြစ်သည်။

အတိတ်က သူဉာဏ်အလင်းပေးခဲ့သည့် မှင်စာများသည် ဖွံ့ဖြိုးနိုင်စွမ်းမရှိပေ။

သို့သော် ဤမိစ္ဆာအူမှိုတက်သခင်သည် ဖွံ့ဖြိုးနိုင်ရုံသာမက အခြားသူများ၏ စွမ်းအားကိုပါ သူအသုံးပြုရန်အတွက် ဝါးမြိုသွားနိုင်ပေသည်။

ယခုထက်ပို၍ အဆများစွာ အဆင့်မြင့်သွားခဲ့လျှင် သူ့အနေဖြင့် ဘက်တီးရီးယာကို နှိမ်နှင်းရန် နည်းလမ်းရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် ဝမ်လင်းလုပ်ရမည့်အရာမှာ မိစ္ဆာအူမှိုတက်အရှင်ကို လုံးဝ ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။

“ငါ့ကို ဘက်တီးရီးယားရဲ့ တည်နေရာရှာပေးပါ”

ဝမ်လင်းက စားပွဲပေါ်ရှိ သူတော်စင်အင်မော်တယ်ကျမ်းကို စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ အရှင်”

မိစ္ဆာအူမှိုတက်အရှင်၏ တည်နေရာကို ရှာဖွေနေစဉ် သူတော်စင်အင်မော်တယ်ကျမ်း၏ ဖန်သားပြင်၌ ရေဒါစကင်န် တစ်ခုကို ဖော်ပြနေခဲ့သည်။

မိစ္ဆာအူမှိုတက်အရှင်က စကြာဝဠာနတ်သစ်ပင်၏ အာကာပြင် စွမ်းအင်များကို ဝါးမျိုပြီးနောက်တွင် အာကာပြင် အတွင်းသွားလာရန် သင်ယူနိုင်ခဲ့သော်လည်း စကြာဝဠာကို ကျော်လွန်၍ ခုန်ကူးနိုင်စွမ်း မရှိပေ။

ဆိုရလျှင် သတ္တမ စကြာဝဠာအတွင်း ရှိနေသရွေ့ သူတော်စင်အင်မော်တယ်ကျမ်းသည် ၎င်း၏ ရေဒါရှာဖွေမှုလုပ်ဆောင်ချက်ဖြင့် မိစ္ဆာအူမှိုတက်အရှင်၏ တည်နေရာကို အမြန်ဆုံး ရှာဖွေနိုင်မည် ဖြစ်သည်။

“ရှာတွေ့ပြီသခင်လေး”

စက္ကန့်များစွာကြာပြီးနောက်တွင် သူတော်စင်အင်မော်တယ်ကျမ်းသည် တည်နေရာကို ရှာတွေ့သွားခဲ့သည်။

“GPSအရတော့ မိစ္ဆာအူမှိုတက်သခင်က နိုင်ငံခြားကို ထွက်ပြေးသွားတယ်.. သူက အခု မီရှို့နိုင်ငံနယ်စပ်မှာ လှုပ်ရှားနေတယ်”

“ပြည်ပကို ထွက်ပြေးသွားတာလား”

ဝမ်လင်းက အံ့ဩသွားသည်။

“ပညာရှိသခင်က မိစ္ဆာအူမှိုတက်အရှင်ကို ဘယ်လိုမျိုး ဖယ်ရှားရမလဲဆိုတာ စဉ်းစားနေပုံပဲ.. ကျွန်တော်က နည်းလမ်းပေါင်းတစ်ထောင်ကို တီထွင်ခဲ့ပြီး သခင်လေး သေချာပေါက် စဉ်းစားနေတယ်လို့ ယုံကြည်ရတဲ့နည်းလမ်းကို ခွဲခြမ်းစိတ်ဖြာပြီးပါပြီ”

သူတော်စင်အင်မော်တယ်ကျမ်း “မိစ္ဆာအူမှိုတက်သခင်က မီရှို့နိုင်ငံနယ်စပ်မှာ လှုပ်ရှားနေတယ်.. သူက ညဦးစီးမှူးအဖွဲ့ရဲ့ ဥက္ကဌပိုင် ခန္ဓာကိုယ်ထဲဝင်ဖို့ ၇၈%အခွင့်အလမ်းရှိတယ်လို့ ကျွန်တော်ဆန်းစစ်ထားတယ်.. သူတို့နှစ်ဦးသာ တွေ့ဆုံခဲ့ရင် မိစ္ဆာအူမှိုတက်အရှင်က တိုက်ပွဲကိုအနိုင်ရဖို့ ၉၇% အခွင့်အရေးရှိတယ်.. ဥက္ကဌပိုင်ရဲ့ အစွမ်းတွေကို ဝါးမျိုပြီးရင် သူ့ရဲ့ခွန်အားက အလွန်အမင်းတိုးတက်လာမှာ ဖြစ်ပေမဲ့ ကျွန်တော့ရဲ့ ကောင်းကင်သခင်ကြီးကိုတော့ လုံးဝချိန်းခြောက်နိုင်ဦးမှာမဟုတ်ဘူး.. သူက ဥက္ကဌပိုင်ရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးလိုက်တဲ့အတွက် ကျွန်တော့ရဲ့သခင်လေး အနေနဲ့ ဥက္ကဌပိုင်ရဲ့ အန္တရာယ်ကို စိုးရိမ်နေစရာ မလိုတော့ဘူး.. အချိန်တန်တဲ့အခါ ကျွန်တော့ရဲ့သခင်လေး ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို ပစ်တဲ့နည်းကို အသုံးပြုပြီး မိစ္ဆာအူမှိုတက်အရှင်ကို အဆုံးသတ်ဖို့အတွက် ကိုယ်ပွားတစ်ခုကို စေလွှတ်လိုက်ရုံပါပဲ”

ဝမ်လင်း “……….”

“ဒုတိယနည်းလမ်းကတော့ ပိုမိုရိုးရှင်းပြီးပြတ်သားတယ်.. ကျွန်တော့ရဲ့သခင်လေးက မိစ္ဆာအူမှိုတက်အရှင်ဆီကို သွားဖို့အတွက် အာကာပြင်ကို တိုက်ရိုက်ဖွင့်လှစ်နိုင်တယ်.. ဒါပေမဲ့ ဒီနည်းလမ်းကို အသုံးပြုရင် ကျွန်တော့ရဲ့သခင်ကို မီရှို့နိုင်ငံကလျှို့ဝှက်အေးဂျင့်တွေက တွေ့ရှိသွားနိုင်ဖွယ် ရှိတယ်.. လက်ရှိအချိန်မှာ မီရှို့နိုင်ငံက ညဦးစီးမှူးအဖွဲ့ကို အနီးကပ်လေ့လာ စောင့်ကြည့်နေပြီး FCIကလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်.. ကျွန်တော်တို့က ညဦးစီးမှူးအဖွဲ့ကို ဒီအတိုင်း လွှတ်ထားပေးလိုက်ရင် အနာဂတ်မှာ FCIက သူတို့ကို ဖယ်ရှားနိုင်ဖို့ ၆၇%ရှိပြီး ဥက္ကဌပိုင်ကို သတ်နိုင်ဖို့က ၃၄%ရှိတယ်.. အကယ်၍ ကျွန်တော့်ရဲ့သခင်လေးကသာ တိုက်ရိုက် အရေးယူမယ်ဆိုရင်တော့ ညဦးစီးမှူးအဖွဲ့ရဲ့ ဖျက်ဆီးခံရနိုင်ချေက ၁၀၀၀%ရှိပြီး ဥက္ကဌပိုင် သေဖို့က ၂၀၀၀%ရှိတယ်.. မိစ္ဆာအူမှိုတက်အရှင် သေဆုံးနိုင်ချေက ၃၀၀၀% ဖြစ်ပေမဲ့ FCIက ရှာဖွေတွေ့ရှိနိုင်ချေက ၄၇%ဖြစ်တယ်”

ဝမ်လင်း “……….”

"တတိယနည်းလမ်းကတော့ ကျွန်တော့ရဲ့သခင်လေးက တခြားသူကို ကိုယ်စားခိုင်းစေတာပဲ.. ကျွန်တော့ရဲ့သခင်လေးက မိစ္ဆာအူမှိုတက်အရှင်ကို နှိမ်နင်းဖို့ နိုင်ငံရပ်ခြားစီ အင်မော်တယ်ထုန်ရာကို စေလွှတ်နိုင်တယ်.. သံသရာကိုးပါးစေတီနဲ့သာ ဆိုရင် အင်မော်တယ်ထုန်ရာရဲ့ ညဦးစီးမှူးအဖွဲ့ကို ဖယ်ရှားနိုင်ချေက ၇၂%ရှိပြီး ဥက္ကဌပိုင်နဲ့ မိစ္ဆာအူမှိုတက်အရှင် အသတ်ခံရနိုင်ချေက ၆၈%နဲ့ ၅၄% အသီးသီးရှိတယ်.. အကယ်၍ ကျွန်တော့ရဲ့ သခင်လေးက လက်တစ်ဖက်ကို ငှားပေးရင်တော့ ကိစ္စတစ်ခုစီမှာ ဖြစ်နိုင်ချေက ၁၀၀% သို့မဟုတ် ပိုတောင် တိုးလာနိုင်တယ်”

သူတော်စင်အင်မော်တယ်ကျမ်း “ကျွန်တော့ရဲ့ သခင်လေး အမူအရာကို ကြည့်ပြီး သခင်လေး ဘယ်လို ဆုံးဖြတ်ချက်ချလိုက်လဲ ဆိုတာ ကျွန်တော် မှန်းဆမိတယ်.. ကျွန်တော့ရဲ့သခင်လေးက တတိယနည်းလမ်းကို အသုံးပြုဖို့ စဉ်းစားနေတယ် မဟုတ်လား”

ဝမ်လင်း “……….”

အပိုင်း(၈၈၂) ပြီး၏

All Chapters