← Chapters

ညဦးစီးမှုအဖွဲ့ရဲ့အစီအစဥ်အသစ်

Vol. 59 Ch. 884

ညဦးစီးမှုအဖွဲ့ရဲ့အစီအစဥ်အသစ်

Vol. 59 Ch. 884

ထုန်ရာမျိုးနွယ်စု၏ သံသရာကိုးပါးစေတီတွင် မျိုးနွယ်စု၏လျှို့ဝှက်ချက်များရှိသည်။

ထိုထဲတွင် အထွဋ်အထိပ် ဆေးဝါးပြုလုပ်နည်းများပင် ပါရှိသည်။

ထို့အပြင် ဤမှော်ဆန်သော ရှေးဟောင်းရတနာသည် ထုန်ရာမျိုးနွယ်စု၏ လက်ထဲတွင်သာ အသုံးဝင်မည် ဖြစ်သည်။

အင်မော်တယ်ထုန်ရာက စေတီကို ကိုင်ထားရင်း သွေးစက်အနည်းငယ်ချလိုက်ရာ စေတီကနေ ရွှေရောင်အလင်းတန်းများ စတင်ထွက်ပေါ်လာသည်။

“အော်ရာက အတက်အကျ အရမ်းများနေတယ်”

ဗုံးပစ်စီနီယာအင်မော်တယ်က တုန်လှုပ်သွားခဲ့သည်။

“စေတီဝိညာဉ်ကို ငါနိုးထအောင် လုပ်နိုင်ခဲ့ရင် သူက တိုက်ပွဲမှာငါနဲ့ပေါင်းစပ်ပြီး ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်တယ်”

အင်မော်တယ်ထုန်ရာက ရှင်းပြလိုက်သည်။

“ဒါပေမဲ့ ငါတို့ ထုန်ရာမျိုးနွယ်စုရဲ့သွေးကပဲ စေတီဝိညာဉ်ကိုနှိုးဆွနိုင်တယ်.. အဓိကအချက်က စေတီရဲ့ ပင်မနေရာကို သွေးနဲ့ထိဖို့ လိုအပ်တယ်”

စက္ကန့်များစွာကြာပြီးနောက်တွင် သံသရာကိုးပါး စေတီထံမှ အော်ရာအတက်အကျများက ရပ်တန့်သွားခဲ့သည်။

အင်မော်တယ်ထုန်ရာနှင့် ဗုံးပစ်စီနီယာအင်မော်တယ်တို့က အချိန်အတော်ကြာအောင် စောင့်ခဲ့ရသော်လည်း မထင်မှတ်ဘဲ သံသရာကိုးပါးစေတီထံမှ မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့ပေ။

ဗုံးပစ်စီနီယာအင်မော်တယ် “ဘာလဲဟ.. ဒါက ဘာအဓိပ္ပါယ်လဲ.. ဘာကြောင့် တုံ့ပြန်မှုမရှိရတာလဲ.. ညီနောင်ထုန်ရာ မင်းရဲ့သွေးစက်က စေတီရဲ့ ပင်မနေရာကို မထိလို့များလား”

“မဖြစ်နိုင်ဘူး.. ငါ့ရဲ့လက်ဆက အရမ်းမှန်တယ်.. ငါမှားလုပ်မိစရာအကြောင်း မရှိဘူး”

ထို့နောက်တွင် အင်မော်တယ်ထုန်ရာသည် သံသရာကိုးပါးစေတီနှင့် ပတ်သက်သည့် အချက်အလက်များကို ထုန်ရာမျိုးနွယ်စု၏ ရှေးဟောင်းမှတ်တမ်းများ၌ စတင်ရှာဖွေခဲ့သည်။

အဆုံးသတ်တွင် ဤသည်က သူ့အပြစ် မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

“အင်း.. ပြဿနာက ငါနဲ့မဆိုင်ဘူး”

“ညီနောင်ထုန်ရာ ဘာကိုဆိုလိုတာလဲ”

“ဘိုးဘေးတွေရဲ့ စာအရတော့ ဒီသံသရာကိုးပါးစေတီရဲ့ စေတီဝိညာဉ်ဆီမှာ ချို့ယွင်းချက်တစ်ခုရှိတယ်.. ပြောရရင် သူ့မှာက ပြောင်းပြန်ကိုယ်ရည်ကိုယ်သွေး ရှိတယ်”

ထိုစကားကို အင်မော်တယ်ထုန်ရာက စိတ်ချင်းဆက်သွယ်၍သာပြောခဲ့သည်။

“ပြောင်းပြန်ကိုယ်ရည်ကိုယ်သွေး ဟုတ်လား”

“ပြောရရင် ပြောင်းပြန်ကိုယ်ရည်ကိုယ်သွေး ဆိုတာက အခုနေထွက်လာဖို့မျှော်လင့်ရင် သူက ထွက်မလာတော့ဘူး.. ဒါကြောင့် သူ့ကို လျစ်လျူရှုထားလိုက်တာက အကောင်းဆုံးပဲ”

[ဟိုက် သောက်ကျိုးနဲ]

ထို့နောက်တွင် အင်မော်တယ်ထုန်ရာနှင့် ဗုံးပစ်စီနီယာအင်မော်တယ်တို့က သံသရာကိုးပါးစေတီကို လျစ်လျူရှုဟန်ဆောင်လိုက်သည်။

သိပ်မကြာခင်မှာပင် သံသရာကိုးပါးစေတီထံမှ အော်ရာအတက်အကျများ ပြန်ပေါ်လာခဲ့သည်။

ဗုံးပစ်စီနီယာအင်မော်တယ်က ချွေးများပင်ထွက်လာသည်။

“ဒီစေတီဝိညာဉ်က တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ ညီနောင်ထုန်ရာ.. ဒီပုံအတိုင်းဆို မင်း သူနဲ့ပေါင်းစပ်ဖို့ ဘယ်လိုလုပ်မှာလဲ”

ထိုမေးခွန်းကိုကြားလျှင် အင်မော်တယ်ထုန်ရာက သက်ပြင်းချလိုက်သည်။

ထိုခဏတွင် သူသည် စေတီဝိညာဉ်နှင့် ပေါင်းစပ်နိုင်မည့် နည်းလမ်းကို စဉ်းစားမိလိုက်သည်။

သူ၏နှလုံးသားက တားမြစ်နေသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက် အခြားနည်းလမ်း မရှိတော့ပေ။

အင်မော်တယ်ထုန်ရာက ချက်ချင်းပင် အဝတ်အစားများကို စုတ်ဖြဲကာ ထွားကျိုင်းသောယောက်ျားလေးများ၏ ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံခံရမည့် မိန်းကလေးငယ် တစ်ဦးကဲ့သို့ ယုန်သူငယ်တစ်ကောင်၏ အမူအရာဖြင့် ပြောလိုက်သည်။

“ရှင်...ရှင်ရှေ့တိုးမလာနဲ့နော်.. ကျွန်မကို ဘာမှလုပ်ဖို့ မစဉ်းစားနဲ့.. ကျွန်မအသားကိုမထိနဲ့”

သူ၏စကားဆုံးသည်နှင့် သံသရာကိုးပါးစေတီသည် အနည်းငယ် တုန်ခါသွားပြီး စေတီ၏ အပေါ်ဘက်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

အင်မော်တယ်ထုန်ရာက စိတ်တည်ငြိမ်မှု ပြန်ရသောအခါတွင် စေတီဝိညာဉ်က ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

၎င်းက အပြာရောင်ဝတ်စုံဝတ်ထားသည့် မိန်းကလေးတစ်ဦးဖြစ်သည်။

သူမက ခန္ဓာကိုယ်သွယ်လျ၍ အရပ်ရှည်ပြီး ချောမောလှပသည့် မျက်နှာကို ပိုင်ဆိုင်ထား၏။

သူမ၏ နှုတ်ခမ်းများက နီရဲနေပြီး ရင်သားကြီးကာ တင်ပါးကစွင့်ကားလွန်းနေ၏။

ထို့နောက်တွင် သူမသည် အလင်းရောင်တစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး အင်မော်တယ်ထုန်ရာ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခဲ့သည်။

အင်မော်တယ်ထုန်ရာက သူ၏ ခန္ဓာကိုယ်အတွင်း အံ့ဩဖွယ်ကောင်းသော ပြောင်းလဲမှုကို ခံစားလိုက်ရသည်။

သူက ယခင်ကထက် ပို၍ သန်မာလာသည်ဟု ခံစားလာရသည် ဆိုလည်းမမှားပေ။

ဗုံးပစ်စီနီယာအင်မော်တယ် “………”

အခြားတစ်ဖက်တွင်လည်း မီရှို့နိုင်ငံ၏ နယ်စပ်တွင် ညဦးစီးမှူးအဖွဲ့သည် သူတို့၏ လုပ်ငန်းများကို ဆက်လက် လည်ပတ်နေခဲ့သည်။

မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးကို နှိမ်နင်းရန် အမှောင်နက်ဝေါ့ခ်က ကျရှုံးပြီးနောက်တွင် ညဦးစီးမှူးအဖွဲ့သည် အကြီးအကျယ် အကျပ်ရိုက်ခဲ့သည်။

ဥက္ကဌပိုင်က ဘော့စ်အဖြစ် ဆောင်ရွက်သည်က မည်မျှခက်ခဲသည်ကို ပထမဦးဆုံးအကြိမ်အဖြစ် ခံစားခဲ့ရသည်။

သို့ရာတွင် သူက စိတ်ဓာတ်ကျမနေခဲ့ပေ။

သူက စီးပွားရေးအတွက် ပရိုဂရမ်အသစ်ကိုပင် စီစဉ်နေခဲ့သည်။

ထိုအစီအစဉ်မှာ နိုင်ငံတကာ ညဦးစီးမှူး ကျန်းမာကြံခိုင်ရေး ပရိုဂရမ်ဖြစ်သည်။

ထိုအစီအစဉ်ကို အသုံးပြု၍ ဥက္ကဌပိုင်သည် ရန်ပုံငွေအမြောက်အမြား ရရှိရန်အတွက် ကမ္ဘာ့လူလတ်ပိုင်းနှင့်သက်ကြီးရွယ်အိုများကို ပစ်မှတ်ထားရန် စီစဉ်ခဲ့သည်။

ထို့ကြောင့် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတကာ ကျန်းမာကြံခိုင်ရေးမီးကုထုံးSpaဟု ခေါ်သော Spaဆိုင်များသည် မိုးရွာပြီးနောက် မှိုများ ထွက်လာသကဲ့သို့ အရပ်မျက်နှာအနှံ့တွင် ပေါ်ထွက်လာခဲ့သည်။

မီးကုထုံးSpaသည် အရင်းအနှီးများစွာ မလိုအပ်ပေ။

၁၀ စတုရန်းမီတာ ကျယ်ဝန်းသော အိမ်တစ်လုံးနှင့် မီးကုထုံးအတွက် ကုတင်နှစ်လုံးသာ လိုအပ်သည်။

ကျွမ်းကျင်အနှိပ်ကုထုံး ပညာရှင်လည်း မလိုအပ်ပေ။

ထိုအချိန်တွင် လုံမင်သည် မီးကုထုံးSpaပြင်ဆင်မှုနှင့်ပတ်သက်၍ သတင်းပို့ခဲ့သည်။

“အရှင်ပိုင်.. နိုင်ငံတကာညဦးစီးမှူး ကျန်းမာကြံ့ခိုင်ရေး မီးကုထုံးSpaအတွက် အုပ်မြစ်ချပြီးပါပြီ.. လက်ရှိအချိန်ထိ ဆိုင်ခွဲ ၁၂၁ဆိုင်ကို ဖွင့်လှစ်ထားပြီး ငွေအမြောက်အမြားကိုလည်း စုဆောင်းရရှိထားပါပြီ.. ဒါ့အပြင် ကျွန်တော်တို့ရဲ့ အရောင်ကိုယ်စားလှယ်တွေက မီးကုထုံး ကိုယ်စားလှယ်တွေကို အများအပြား ရောင်းချခဲ့ရတယ်.. ဒီနှုန်းနဲ့သာဆိုရင် အမြန်ဆုံး တစ်လခွဲအတွင်း ကျွန်တော်တို့ရဲ့ စုဆောင်းငွေက ဘီလီယံပေါင်းများစွာ ရှိလာမှာ ဖြစ်တယ်”

“အရမ်းကောင်းတယ်”

ဥက္ကဌပိုင်က ခေါင်းညိမ့်လိုက်သည်။

“တွစ်တာ တရားဝင်အကောင့်မှာ တွေ့လိုက်တယ်.. ရီဗျူးကအရမ်းကောင်းတယ်.. ဒါပေမဲ့ မီးကုတင်က အနာကျက်ခြင်းဆိုင်ရာ အကျိုးသက်ရောက်မှုရှိမယ် ဆိုရင် ပိုပြီးဆွဲဆောင်မှုရှိမယ်လို့ ငါထင်တယ်”

ထိုစကားကိုကြားလျှင် လုံမင်က ချွေးများ ထွက်လာခဲ့သည်။

“ဒီလိုလုပ်လိုက်ရင် မီရှို့က စားသုံးသူအသင်းကြီးရဲ့ အာရုံစိုက်မှုကို ခံလာရနိုင်တယ်”

“ဟားဟား.. ငါတို့ရဲ့ ညဦးစီးမှူးအဖွဲ့က ဘယ်အချိန်ကစပြီး လူတွေကိုလိမ်ရမှာ ကြောက်သွားတာလဲ.. ဒါက ရေတိုရန်ပုံငွေ ရှာတာပဲလေ.. ငါတို့ကို ငွေလွှဲပြီးတာနဲ့ ရူးချင်ယောင် ဆောင်နေလို့ရတာပဲ”

ဥက္ကဌပိုင်က ပြုံး၍ ပြောလိုက်သည်။

“ထပ်မရှည်နဲ့.. ငါပြောတဲ့အတိုင်းသာလုပ်”

ထိုစကားကြောင့် လုံမင်က ချွေးများထွက်လာသည်။

သူက ဥက္ကဌပိုင်၏စကားကို မငြင်းဆိုရဲပေ။

ထို့ကြောင့် လုံမင်က မီးကုတင်၏ မှော်ဆန်သောအကျိုးသက်ရောက်မှုများကို မြှင့်တင်ရန်အတွက် ထိုညမှာပင်မှတ်ချက်ပေးမည့်လူ အမြောက်အမြားကို ငှားရမ်းခဲ့သည်။

အသုံးပြုသူ ၁ (Likeအရေအတွက် 18K)

“ငါ့ရဲ့သူငယ်ချင်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ.. သူက အခြေတည်ဝိညာဉ်အဆင့်ကို တက်ခါနီးမှာ သူ့ရဲ့အခြေတည်ဝိညာဉ်က ဒန်တျန်ထဲကနေ လွတ်မြောက်သွားခဲ့တယ်.. ဆရာဝန်က ဒန်တျန်အပြင်ဘက်မှာ အခြေတည်ဝိညာဉ်ကို ဆက်လက်ကြီးထွားဖို့ ခွင့်ပြုထားရင် သူ့ရဲ့ကျင့်ကြံခြင်းတွေ အားလုံး ဆုံးရှုံးသွားလိမ့်မယ်လို့ ပြောခဲ့တယ်.. ဒါတွေကို ပြန်ကောင်းချင်ရင် မီးကုတင်ကိုဝယ်ဖို့ ဆရာဝန်ကအကြံပေးခဲ့တယ်.. ဒါပေမဲ့ ငါ့သူငယ်ချင်းက မဝယ်ခဲ့ဘူး.. ဆရာဝန်ကို သူက မယုံကြည်ဘူးလေ.. အဆုံးသတ်မှာတော့ သူ့ရဲ့အခြေတည်ဝိညာဉ်က ဒန်တျန်ရဲ့အပြင်ဘက်မှာ မီးခိုးငွေ့တွေကို ထိတွေ့ခဲ့ပြီး အဆုတ်ယောင်ရောဂါ ခံစားရတဲ့အတွက် သေဆုံးသွားခဲ့တယ်.. အဲဒီနောက်မှာ ကျွန်တော့သူငယ်ချင်းက ဆရာဝန်ကို ထပ်ရှာခဲ့တယ်.. ဆရာဝန်က မီးကုတင်ကို မြန်မြန်လေး ဝယ်ခိုင်းခဲ့တယ်.. မဟုတ်ရင် အခြေတည်ဝိညာဉ် သေဆုံးသွားတဲ့အတွက် အသက်အန္တရာယ် ရှိနိုင်တယ်လို့ အကြံပေးခဲ့တယ်.. အဲဒီနောက် ကျွန်တော့သူငယ်ချင်းက မီးကုတင်ကို ဝယ်ယူခဲ့တယ်.. တိုက်ဆိုင်မှုအနေနဲ့ မီးကုထုံးကုတင်ကို ဝယ်ယူပြီး နှစ်ရက်အကြာမှာပဲ သူ့ရဲ့သေဆုံးသွားတဲ့ အခြေတည်ဝိညာဉ်က ပြန်လည်ရှင်သန်လာခဲ့ပြီး သူ့ရဲ့ ဒန်တျန်ကိုတောင် ကိုယ်တိုင် ကန်ကျောက်နိုင်ခဲ့တယ်”

အသုံးပြုသူ၂ (Like အရေအတွက် 16K)

“နိုင်ငံတကာ ကျန်းမာကြံခိုင်ရေး မီးကုထုံးSpaကို ကူညီပံ့ပိုးပေးကြပါ.. ကျွန်တော်တို့ အောက်ထပ်မှာနေတဲ့ အဘိုးကြီးလီက ခြေနှစ်ချောင်းလုံးမှာ ခံစားချက်မရှိဘဲ မသန်မစွမ်းနဲ့ မွေးဖွားလာတယ်.. ငယ်ငယ်က ဒီခြေထောက်နဲ့ ပတ်သက်ပြီး စော်ကားခံခဲ့ရတဲ့အတွက် ဒေါသအရမ်းထွက်ပြီး ခြေသလုံးကနေ ခြေထောက်ကို ဖြတ်ပစ်ခဲ့တယ်.. ဒါပေမဲ့ မီးကုထုံးကို အသုံးပြုပြီးနောက်မှာ ခြေထောက်အသစ်တစ်စုံ ပေါက်လာရုံသာမက ခြေထောက်တွေမှာ ခံစားချက်တွေကိုပါ ရရှိလာတယ်.. ထပ်ပြီးပြောရရင် အလယ်ခြေထောက်မှာတောင် လုံးပတ်တိုပြီး တင်းတင်းရင်းရင်း ဖြစ်သွားခဲ့တယ်”

အသုံးပြုသူ၃ (Likeအရေအတွက် 12K)

“ပြုပြင်ပြောင်းလဲမှုရဲ့ နွေဦးလေညှင်း တိုက်ခက်လာတာနဲ့အမျှ နိုင်ငံတကာ ကျန်းမာကြံခိုင်ရေး မီးကုထုံးSpaကလည်း အသက်ဝင်လာခဲ့တယ်.. မီးကုထုံး ကုတင်လေးတွေက ကျောက်ကပ်အတွက် ကောင်းမွန်တယ်.. အဲဒါက သင့်ကို ကျန်းမာသန်စွမ်းစေပြီး အသက်ရှည်စေတယ်.. ငါ့သူငယ်ချင်းရဲ့ ဝိညာဉ်သားရဲ ဆားနယ်ငါးဘုရင်က မီးကုတင်ကို သုံးပြီးနောက်မှာ ဘာဖြစ်သွားလဲသိလား.. သူက အကြီးစားဆင့်ကဲ့ပြောင်းလဲခြင်း တိုက်ရိုက် ဖြစ်ပေါ်လာခဲ့ပြီး ရွှေနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့တယ်.. အဲဒါ ကြီးမားတဲ့အမြတ်ပါပဲ.. ကဲ မီးကုထုံးကုတင်ကို သွားဝယ်တော့မှာ ဖြစ်တဲ့အတွက် ငါ့စကားကို ဒီမှာပဲ ရပ်တန့်လိုက်တော့မယ်”

အပိုင်း(၈၈၄) ပြီး၏

All Chapters