← Chapters

ခေတ်သစ်အဂ္ဂိရတ်ပညာရှင်များ အကျပ်ရိုက်ခြင်း

Vol. 60 Ch. 886

ခေတ်သစ်အဂ္ဂိရတ်ပညာရှင်များ အကျပ်ရိုက်ခြင်း

Vol. 60 Ch. 886

ဤသည်က ဆိုးရွားသည့်တိုက်ပွဲတစ်ခု ဖြစ်သည်။

လုံမင် မဆိုထားနှင့် ဥက္ကဌပိုင်ပင်လျှင် ဤကဲ့သို့ သေဆုံးမည်ဟု အနည်းငယ်မျှပင် မမျှော်လင့်ခဲ့ပေ။

မိစ္ဆာအူမှိုတက်အရှင်က သူတို့ကိုမျိုချပြီးနောက်တွင် သူတို့၏ စွမ်းအားများကို ရရှိသွားခဲ့သည်။

သို့သော် သူတို့နှစ်ဦးက အမှန်တကယ် မသေသေးပေ။

မိစ္ဆာအူမှိုတက်အရှင်သည် လူများများ မျိုလေလေ ပို၍သန်မာလာလေလေ ဖြစ်သည်။

ပိုင်မျိုးနွယ်စု၏ လျှို့ဝှက်ကျင့်စဉ်..

လုံမျိုးနွယ်စုရဲ့ လျှို့ဝှက်ကျင့်စဉ်..

ဥက္ကဌပိုင်တို့နှစ်ဦးကို စားသုံးပြီးနောက်တွင် မိစ္ဆာအူမှိုတက်အရှင်သည် သူ၏ခွန်အားအသစ်ကို လျင်မြန်စွာ ချေဖျက်နိုင်ခဲ့သည်။

ယခုဆိုလျှင် မိစ္ဆာအူမှိုတက်သခင်သည် လုံမျိုးနွယ်စု၏ အစွမ်းထက်အင်းဆက်များကို ထိန်းချုပ်နိုင်မှုစွမ်းရည် နှင့် ပိုင်မျိုးနွယ်စု၏ လျှို့ဝှက်ဖန်တီးခြင်း ကျင့်စဉ်ကို ပိုင်ဆိုင်သွား၍ ယုံကြည်မှု တိုးလာခဲ့သည်။

သူ့အနေဖြင့် ဗုဒ္ဓအလင်းရောင်ကိုပင် စိတ်ပူစရာ မလိုတော့ပေ။

ဆိုရလျှင် ဤဖန်တီးခြင်းကျင့်စဉ်သည် အလွန်အစွမ်းထက်သည်။

အစွမ်းထက်မီးလျှံဖြင့် အကင်ခံရလျှင်ပင် ပျက်စီးသွားသည့်ဘက်တီးရီးယားများကို အလျင်အမြန် ပြုပြင်နိုင်မည်ဟု မိစ္ဆာအူမှိုတက်အရှင်က ယုံကြည်ခဲ့သည်။

သူ့ဆီမှ ပေါက်ဖွားလာသည့် အန္တရာယ်ရှိသော ဘက်တီးရီးယားများသည် ပြုပြင်နိုင်သော စွမ်းရည်နှင့် မျိုးပွားနိုင်စွမ်းကို ပိုင်ဆိုင်ထားသောကြောင့် စူပါပိုးကောင်များ၏ အစွမ်းသတ္တိမျိုးရှိနေမည် ဖြစ်သည်။

မိစ္ဆာအူမှိုတက်အရှင်က ပြန်လည် နလံထနိုင်စွမ်းနှင့် မျိုးပွားမှုစွမ်းရည်များ ပိုင်ဆိုင်ထားသောကြောင့် လုံးဝကို ကျေနပ်ဝမ်းမြောက်နေမိသည်။

ထိုထက် အရေးကြီးသည်မှာ ဥက္ကဌပိုင်၏ ခန္ဓာကိုယ်တွင် စည်းပြင်ပတာအို၏ စွမ်းအား အမှန်တကယ် ရှိနေသည်ကို တွေ့လိုက်ရ၍ မိစ္ဆာအူမှိုတက်သခင် အံအားသင့်သွားခဲ့သည်။

သူဝါးမျိုလိုက်သော အရာက ကြီးကျယ်ခမ်းနားသောအရာ ဖြစ်နေခဲ့သည် မဟုတ်လော။

ဥက္ကဌပိုင်က စည်းပြင်ပတာအို ၆ခုလုံး၏ စွမ်းအားကို အပြည့်အဝ မစုဆောင်းထားရသေးသော်လည်း ၃ခုကိုစုဆောင်းထားပြီးပြီ ဖြစ်သည်။

ဤသို့ဖြင့် မိစ္ဆာအူမှိုတက်အရှင်သည် အဆုံးအစွန်သောအကျိုးကျေးဇူးများကို ခံစားခဲ့ရသည်။

ဥက္ကဌပိုင်က ရန်သူကို လျှော့တွက်ပြီး သူ၏ပြောင်းပြန်ဝင်ရိုးစွန်း စွမ်းရည်ကို အသက်သွင်းရန် အခွင့်အရေးမရမီ ဝါးမျိုခံလိုက်ရခြင်း ဖြစ်သည်။

“မျှော်လင့်ထားတဲ့အတိုင်း ငါက ကံကြမ္မာသခင်ကြီးပဲ”

မိစ္ဆာအူမှိုတက်အရှင်က အားပါးတရ ရေရွတ်လိုက်သည်။

အကယ်၍သာ ဥက္ကဌပိုင်က စည်းပြင်ပတာအိုထဲမှ ပြောင်းပြန်ဝင်ရိုးစွန်း စွမ်းရည်ကို အသုံးပြုခဲ့လျှင် သူ့ကိုမျိုချလျှင်ပင် ထိရောက်မှုရှိမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ပြောင်းပြန်ဝင်ရိုးစွန်း စွမ်းအားသည် ကောင်းကင်ကိုအံတုနိုင်ပြီး ကံကြမ္မာကို ပြောင်းလဲနိုင်‌သော စည်းပြင်ပတာအို ဖြစ်သောကြောင့်ပင်။

ဥက္ကဌပိုင်သည် သူ့အသက် အန္တရာယ်မရှိသ၍ စည်းပြင်ပတာအိုကို အလွယ်တကူ အသုံးမပြုတတ်ပေ။

ဤသည်မှာကျင့်ကြံသူများ၏ အလေ့အထ ဖြစ်သည်။

ယခုခေတ်တွင် ကျင့်ကြံသူများသည် တိုက်ပွဲတစ်ခုစသည်နှင့် အကဲစမ်းရုံသာ အရင် တိုက်ခိုက်ကြလေ့ရှိသည်။

၎င်းတို့က အားသာချက်များစွာ ရှိသော်လည်း တစ်ဖက်မှအားကုန်အင်ကုန် တိုက်ခိုက်လာသောအခါတွင် ခြေမကိုင်မီလက်မကိုင်မီ ဖြစ်ကာ ရှုံးနိမ့်သွားတတ်ကြသည်။

ဥက္ကဌပိုင်က ဥပမာတစ်ခုဟုပင် ဆိုနိုင်သည်။

ထို့ပြင်သူက တိုက်ပွဲတွင် စကားအလွန်များခဲ့သည်။

အထူးသဖြင့် သေတော့မည့်လူက စကားအလွန်များတတ်သည် မဟုတ်ပါလော။

“ငါတို့ရဲ့ပေါင်းစပ်မှုက တကယ့်ကို ထူးထူးခြားခြား ပေါင်းစပ်မှုပဲ”

မိစ္ဆာအူမှိုတက်အရှင် ကောက်ကျစ်စွာ ရယ်မောလိုက်သည်။

နောက်ထပ် အခိုက်အတန့်တွင် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ မြေပြင်အထက် လေထုထဲတွင် ဆင့်ခေါ်ခြင်း အစီအရင်များ ဖြစ်ပေါ်လာသည်။

သူက အင်းဆက်တောင်ကြားကို ဆက်သွယ်ရန်အတွက် သူ၏ ဆင့်ခေါ်ခြင်းအစီအရင်ကို လုံမျိုးနွယ်စု၏လျှို့ဝှက်ကျင့်စဉ်နှင့် ပေါင်းစပ်လိုက်ပြီး အစွမ်းထက်ဆုံးနှင့် အရက်စက်ဆုံးအင်းဆက်များကို ဆင့်ခေါ်လိုက်သည်။

“အင်မော်တယ်ပိုးကောင်…”

ထိုပိုးကောင်သည် အရှည်တစ်မီတာခွဲခန့် ရှိသည့် အနက်ရောင်ခူကောင် ဖြစ်ပြီး ခန္ဓာကိုယ်အနှံ့တွင် အဆိပ်ရှိကျောရိုးများဖြင့် ဖုံးအုပ်ထားသည်။

ထိုသတ္တဝါက အမှောင်ကို နှစ်သက်ပြီး မီး သို့မဟုတ် ရေကို မကြောက်ရွံ့သော်လည်း ရေထဲတွင် နေထိုင်ရသည်ကို ပိုမိုနှစ်သက်သည်။

ထို့ကြောင့် အင်မော်တယ်ပိုးကောင်၏ အသက်ရှင်နေနိုင်မှုသည် ရေနှင့်သက်ဆိုင်သည့် ပတ်ဝန်းကျင်တွင် အပြည့်မဝမူတည်နေသည်။

ထိုပိုးကောင်သည် ပြင်းထန်စွာ ဒဏ်ရာရပြီး ချက်ချင်းမသေသေးလျှင် ၃စက္ကန့်အတွင်း ချက်ချင်း ပြန်လည် ကောင်းမွန်လာမည် ဖြစ်သည်။

အင်မော်တယ်ပိုးကောင်က နေရောင်ခြည် ထိတွေ့ရသည်ကို မနှစ်သက်၍ မိစ္ဆာအူမှိုတက်အရှင်က သူ့ဆင့်ခေါ်ထားသည့် အင်မော်တယ်ပိုးကောင်များ အတွက် အလင်းရောင်ကိုတားဆီးရန် ဘက်တီးရီးယား အလွှာတစ်ခုကို ဖန်တီးပေးခဲ့သည်။

အင်မော်တယ်ထုန်ရာက စစ်မြေပြင်သို့ အပြေးအလွှားရောက်လာသော အခါတွင် ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခုကို တွေ့ခဲ့ရသည်။

မီရှီု့နိုင်ငံ၏ နယ်စပ်တွင် မိုင်ပေါင်းများစွာ ရှည်လျားသော နက်ရှိုင်းသည့် အက်ကြောင်းတစ်ခု ဖြစ်နေခဲ့သည်။

၎င်းနှင့်အတူ အင်မော်တယ်ထုန်ရာ၏ အာရုံကို ဆွဲဆောင်သွားသည်မှာ အင်မော်တယ်ပိုးကောင်များ ဖြစ်သည်။

ထိုအင်မော်တယ် ပိုးကောင်များသည် နက်ရှိုင်းသောအက်ကြောင်းများထဲမှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝါးမျိုနေခဲ့သည်။

၎င်းတို့က မီးတိုင်များနှင့် မော်တော်ယာဉ်များ အပါအဝင် ဆင်ခြေဖုံးလမ်းများကိုပါ တဖြည်းဖြည်း ဝါးမျိုသွားခဲ့သည်။

ဤသည်မှာ နှစ်သစ်ကူးအတွင်း ကားတိုက်မှုကို ကြုံတွေ့လိုက်ရသည့် အမှတ်ရဖွယ် မြင်ကွင်းတစ်ခုမျိုး ဖြစ်သည်။

စေတီဝိညာဉ်နှင့် ပေါင်းစပ်ပြီးနောက်တွင် အင်မော်တယ်ထုန်ရာ၏ ခန္ဓာကိုယ်သည် အပြာနှင့်အစိမ်း ဝိညာဉ်အလင်းရောင်များဖြင့် တောက်ပနေသည်။

အင်မော်တယ်ထုန်ရာ၏ ကုသရေးဝိညာဉ်သည် အစပိုင်းတွင်အပြာရောင် ဖြစ်သော်လည်း စေတီဝိညာဉ်နှင့် ပေါင်းစပ်ပြီးနောက်တွင် အစိမ်းရောင် သန်းလာခဲ့သည်။

ဤတစ်ကြိမ်က အင်မော်တယ်ထုန်ရာ၏ ပထမဆုံးအကြိမ်နိုင်ငံဖြတ်ကျော်၍ ဆောင်ရွက်ရသည့် မစ်ရှင်ဖြစ်သည်။

မစ်ရှင်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးသည် ၎င်းတို့၏ အဆင့်အတန်းကို ပြည်ပတွင်မြှင့်တင်နိုင်မည် ဖြစ်သည်။

အင်မော်တယ်ထုန်ရာက သူ့ရှေ့မှမြင်ကွင်းကို ကြည့်ရင်း နှုတ်ခမ်းများ တလှုပ်လှုပ် ဖြစ်သွားရသည်။

သူက ခရမ်းရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး မြေကြီးအောက်ရှိ ကြီးမားသော စွမ်းအင်အတက်အကျများကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူက အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤအော်ရာအတက်အကျက ဥက္ကဌပိုင်နှင့် ယခင် တွေ့ဆုံတုန်းကထက် အလွန်တရာပို၍ ပြင်းထန်နေသောကြောင့် ဖြစ်သည်။

“ဘာတွေဖြစ်နေတာများလဲ”

အင်မော်တယ်ထုန်ရာက ပြောလိုက်သည်။

ထိုအချိန်တွင် သူနှင့် ပေါင်းစပ်ထားသည့် စေတီဝိညာဉ်က အင်မော်တယ်ထုန်ရာကို ရှင်းပြလိုက်သည်။

“မိစ္ဆာအူမှိုတက်အရှင်က ပိုင်ကျယ်ရဲ့ စွမ်းအားကို ဝါးမျိုသွားခဲ့ပြီ.. သူက အခုဆိုရင် ပိုင်ကျယ်ရဲ့ စွမ်းအားတွေကိုပါ ထပ်ရသွားတဲ့အတွက် အရင်ကထက် အစွမ်းထက်လာမှာ သေချာတယ်”

“အင်း”

အင်မော်တယ်ထုန်ရာက ခေါင်းငြိမ့်လိုက်သည်။

အင်မော်တယ်ထုန်ရာက တိုက်ခိုက်ရေး စွမ်းအင်များ အမှန်တကယ် တိုးတက်လာခဲ့သော်လည်း ဤအခြေအနေကို မည်သို့ ကိုင်တွယ်ရမှန်း မသိခဲ့ပေ။

ယင်းက တိုက်ပွဲအတွေ့အကြုံ မရှိသည့် အဂ္ဂိရတ် ပညာရှင်အားလုံး ရင်ဆိုင်ကြုံတွေ့နေရသည့် မွေးရာပါ ပြဿနာတစ်ခုဖြစ်သည်။

ငြိမ်းချမ်းရေးခေတ်တွင် အဂ္ဂိရတ် ဆေးပညာရှင်များ၏ အကြီးမားဆုံးသော အခန်းကဏ္ဍမှာ ဆေးပြား၊ ဆေးဝါးနှင့်အခြားအရာများကို သန့်စင်ရန်ဖြစ်သည်။

ယခင်ကလို အဂ္ဂရိတ် ဆေးပညာရှင်နှစ်ယောက် ဆုံသည်နှင့် မီးကြာပန်းနှင့် အချင်းချင်း တိုက်ခိုက်ကြသည့် နေ့ရက်များက ကုန်ဆုံးသွားပြီ ဖြစ်၏။

ဤခေတ်တွင် ခေတ်မီအဂ္ဂိရတ် ပညာရှင်၏ အခန်းကဏ္ဍသည် နို့ထိန်းမိခင်တစ်ဦးနှင့် တူညီသည်။

(သုံးလည်းရ၊ မသုံးလည်းရ)

သို့ရာတွင် လူအများသည် ဤအခန်းကဏ္ဍကို အစဉ်အမြဲကျောခိုင်းခဲ့ကြသည်။

ထို့ကြောင့် တိုက်ပွဲများတွင် အဂ္ဂိရတ်ပညာရှင် ပါလာလျှင် အထင်သေးတတ်ကြသည်။

အဂ္ဂိရတ်ပညာရှင်များသည် တိုက်ပွဲအတွေ့အကြုံရရန် အတွက် ကျင့်ကြံသူများ အဖွဲ့လိုက်သွားသည့် အခါမျိုးတွင် ဆေးဝါးအကူအဖြစ် လိုက်လာလေ့ရှိသည်။

သို့ရာတွင် ဆေးဝါးအလုံအလောက် ကြိုတင်ပြင်ဆင်ထားသရွေ့ တိုက်ပွဲဝင် ကျင့်ကြံသူများသည် အဂ္ဂိရတ်ပညာရှင်များကို ခေါ်သွားရန်မလိုအပ်ပေ။

အကြောင်းအရင်းမှာ အဂ္ဂိရတ် ပညာရှင်များကို ငှားရမ်းရသည်က အလွန်ဈေးကြီးသောကြောင့် ဖြစ်ပြီး အကယ်၍ တစ်စုံတစ်ယောက်က အဂ္ဂိရတ်ပညာရှင်များကို ဖိတ်ခေါ်ခဲ့လျှင် လူယုတ်မာဟုပင် တံဆိပ်ကပ်ခံရနိုင်သည်။

ဤသည်က အဂ္ဂိရတ် ဆေးဆရာများပေါ်တွင် လူအများစုထင်မြင်နေသည့် အထူးအစွဲအလမ်းတစ်ခု ဖြစ်ပြီး အဂ္ဂိရတ် ပညာရှင်အများစုသည် ထိုအစွဲအလမ်းနှင့် ပတ်သက်၍ ကူကယ်ရာမဲ့ ဖြစ်ခဲ့ကြသည်။

အင်မော်တယ်ထုန်ရာက ထိုအကြောင်းကို တွေးတောနေစဉ်မှာပင် မြေကြီးက ရုတ်တရက် တုန်ခါသွားပြီး ခရမ်းရောင်နှင့် အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။

“တစ်ယောက်ယောက်ကတော့ သူတို့ကိုယ်သူတို့ ယစ်ပူဇော်ဖို့ရောက်လာတဲ့ပုံပဲ”

မြေကြီးအက်ကွဲကြောင်းမှ ထွက်ပေါ်လာသော မိစ္ဆာအူမှိုတက်အရှင်သည် အင်မော်တယ်ထုန်ရာကို အဝေးကနေ အကဲခတ်ကာ ငေးကြည့်နေခဲ့သည်။

သူက အင်မော်တယ်ထုန်ရာ၏ ခန္ဓာကိုယ်တွင် ရစ်ဖွဲ့နေသည့် အပြာရောင်နှင့် အစိမ်းရောင် အလင်းတန်းများကို သတိပြုမိသောအခါတွင် အံ့ဩသွားခဲ့သည်။

“ကမ္ဘာ့ဖီဆန်မှော်ရတနာပါလား”

တစ်ဖက်လူက သူ၏ခေါင်းကို ထိုးပေးရုံသာမက ပစ္စည်းတစ်ခုကိုပါ လက်ဆောင်ပေးချင်နေပုံရသည်။

မိစ္ဆာအူမှိုတက်အရှင်က သူ၏ ဘက်တီးရီးယားများ ပေါက်ဖွားရန်အတွက် သင့်တော်သောနေရာ မရှိသည့်အတွက် စိုးရိမ်နေခဲ့ရသည်။

“ဒီမှော်ရတနာဆိုရင် တော်တော်လေး ကောင်းမှာပဲ”

အပိုင်း(၈၈၆) ပြီး၏

All Chapters