← Chapters

အလုပ်ကြိုးစားခြင်း၏ အားသာချက်များ

Vol. 60 Ch. 887

အလုပ်ကြိုးစားခြင်း၏ အားသာချက်များ

Vol. 60 Ch. 887

ထုန်ရာ မျိုးနွယ်စု၏ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာသည့် ကမ္ဘာ့ဖီဆန် မှော်ရတနာ အနေဖြင့် သံသရာကိုးပါး စေတီသည် မျိုးနွယ်စုအတွက် အထွတ်အမြတ်ရတနာ တစ်ခု ဖြစ်သည်။

ထိုမှော်ရတနာက ရှေးဘိုးဘေးများ ချန်ရစ်ခဲ့သော မှော်ရတနာတစ်ခု ဆိုလည်းမမှားပေ။

ထူးဆန်းသည်မှာ သံသရာကိုးပါး စေတီ၏ စေတီဝိညာဥ်သည် ပြင်းထန်သော တိုက်ပွဲဝင်နိုင်စွမ်း ရှိခြင်းပင်။

"မင်းမှာ အနိုင်ရဖို့ အခွင့်အရေး ရှိမယ်ထင်လား"

ထိုသို့ပြောရင်း မိစ္ဆာအူမှိုတက် အရှင်က လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ မြေပြင်ပေါ်ရှိ အင်မော်တယ် ပိုးကောင်များသည် ကျိုင်းကောင်အုပ်များ ကဲ့သို့ အင်မော်တယ်ထုန်ရာ ဆီသို့ ရုတ်တရက် ပြေးလာကြ၏။

အင်မော်တယ် ပိုးကောင်များက ကောင်းကင်တစ်ခွင် ပြည့်လျှံသွားပြီး နေကို ပိတ်ဆို့သလို ဖြစ်သွား၍ အရာအားလုံးကို ကြီးမားလှသော အရိပ်တစ်ခုက ဖုံးအုပ်ထားသလို ဖြစ်ပေါ်နေခဲ့သည်။

အင်မော်တယ်ထုန်ရာက ပိုးမွှားများနှင့် စူပါဗိုင်းရပ် လှိုင်းတံပိုးများကို လုံးဝ ဂရုမစိုက်ပေ။

သာမန်တာအို၀တ်စုံသည် ဤလှိုင်းကို လုံးဝ ခံနိုင်ရည်ရှိမည်မဟုတ်ချေ။

ဗိုင်းရပ်စ်နှင့် အနည်းငယ်မျှ ထိတွေ့မိရုံဖြင့် အစအန ဘာမျှမကျန်သည်အထိ ချက်ချင်း ဝါးမျိုခံရမည် ဖြစ်သည်။

သို့သော် ဗိုင်းရပ်စ်ကို စီးနင်းထားသည့် အင်မော်တယ်ပိုးကောင်များသည် အင်မော်တယ်ထုန်ရာ အနားသို့ ကပ်ရန် လွယ်ကူမည် မဟုတ်ပေ။

"ငါ့လမ်းကနေ ဖယ်ကြစမ်း"

အင်မော်တယ်ထုန်ရာက လှိုင်းတံပိုးသဖွယ် ချီတက်လာသောအင်မော်တယ် ပိုးမွှားများကို အော်ဟစ်လိုက်သည်။

နောက်ထပ် တခဏတွင် သူ့ခန္ဓာကိုယ်သည် စေတီဝိညာဉ်၏ ထိန်းချုပ်မှုအောက်တွင် လှုပ်ရှားသွားသည်။

အစိမ်းရောင် ဝိညာဉ်အလင်းတန်း တစ်ခုက သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာပြီး ကောင်းကင်တစ်ခွင် ပြည့်လျှံနေသော အနက်ရောင် ပိုးမွှားလှိုင်းလုံးများကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။

ဤအစိမ်းရောင်ဝိညာဥ် အလင်းတန်းသည် ဆေးဝါးများကို နှစ်ပေါင်းများစွာ သန့်စင်ခဲ့သည့် အဂ္ဂိရတ်ပညာရှင်များတွင်သာ ရှိသည့် သန့်စင်သောချီ (ဝါ) သန့်စင်သော အလင်းရောင်မှလွဲ၍ အခြားမဟုတ်ပေ။

အင်မော်တယ်ထုန်ရာက စီနီယာ အဂ္ဂိရတ်ပညာရှင် တစ်ယောက်အနေဖြင့် ဆေးအမျိုးအစားပေါင်း ထောင်ချီကို သန့်စင်ခဲ့ဖူးသည်။

ထိုသို့ ဆေးဝါး သန့်စင်နေစဉ်အတွင်း ဆေးဖက်ဝင်ပစ္စည်းများနှင့် သက်ဆိုင်သော ချီအမျိုးအစားများစွာကို သူ ထိတွေ့မိခဲ့သည်။

အင်မော်တယ် ထုန်ရာသည် သံသရာကိုးပါး စေတီကို ပြန်လည်ပြုပြင်ဖို့ ငွေအလုံအလောက် ရရန်အတွက် ထူးဆန်းသော အလုပ်များကို အစွမ်းကုန် လုပ်ဆောင်ခဲ့သည်။

ဤကာလအတွင်း အင်မော်တယ်ထုန်ရာသည် မတူညီသောအလုပ် ရာပေါင်းများစွာကို လုပ်ဆောင်ခဲ့ပြီး ယခင်ကထက်ပင် ဆေးဖက်ဝင်ပစ္စည်းများနှင့် ပိုမို ထိတွေ့လာခဲ့သည်။

သူ သန့်စင်ထားသော ဆေးဝါး အများအပြားသည် ဖောက်သည်များ၏ မှာကြားမှုအပေါ် အခြေခံ၍ ဖန်တီးထားခြင်း ဖြစ်သည်။

အင်မော်တယ်ထုန်ရာက ဆေးဝါးသန့်စင်မှု ပြုလုပ်ရင်း ကျရှုံးခဲ့လျှင်ပင် အာမခံကို ဝယ်ယူထားသောကြောင့် အိတ်စိုက်လျော်ရန် မလိုအပ်ခဲ့ပေ။

ထို့အပြင် အင်မော်တယ်ထုန်ရာသည် ဆေးဝါးအသစ်များကို သုတေသနပြုခဲ့သည်။

သူဖန်တီးခဲ့သော ဝိုင်ဖိုင်ဆေး၊ ခရီးဆောင် အားသွင်းဆေး၊ အလှပြင်ဆေး နှင့် ရုပ်ချောဆေး တို့သည် မကြာသေးမီက Aအဆင့် အမျိုးသား အနုပညာရှင်များကြားတွင် ရေပန်းစားခဲ့သော အရာများ ဖြစ်သည်။

ဆေးဖက်ဝင်ပစ္စည်း အများအပြားကို ရောစပ်ပြီးနောက်တွင် ဆေးဖက်ဝင်ပစ္စည်းများသည် အမျိုးအစားသစ်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အင်မော်တယ်ထုန်ရာက သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ရှားပါး၍ ပုံမှန်မဟုတ်သော ဆေးဖက်ဝင်ပစ္စည်း ထောင်ပေါင်းများစွာကို ထိတွေ့မိခဲ့သည်။

ဤဆေးဖက်ဝင်ပစ္စည်းများမှ ထွက်ပေါ်လာသောချီနှင့် စေတီဝိညာဥ်၏ စွမ်းအားပေါင်းစပ်မှုမှ ဖြစ်ပေါ်လာသော အစိမ်းရောင် ဝိညာဥ်အလင်းတန်းသည် အမှန်တကယ်ပင် အစွမ်းထက်လွန်းလှ၏။

ထိုအလင်းရောင်က မှောင်မိုက်သောညကို ဖြတ်ကျော်ဝင်ရောက်လာသော နေရောင်ကဲ့သို့ ကောင်းကင်ကို လွှမ်းခြုံသွားပြီးနောက်တွင် အင်မော်တယ်ပိုးကောင်များသည် လောင်ကျွမ်းကာ အငွေ့များ ထွက်လာပြီး မီးလုံးငယ်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤမြင်ကွင်းကို ကြည့်ရင်း အင်မော်တယ်ထုန်ရာက ကြည်နူးနေ၏။

ဆေးအမျိုးအစား တစ်ထောင်ကျော်၏ ချီနှင့် ပေါင်းစပ်ထားသည့် သန့်စင်ရေး အလင်းရောင်သည် ဗိုင်းရပ်စ်များနှင့် အင်မော်တယ် ပိုးကောင် နှစ်ခုလုံးကို ဆန့်ကျင်ဘက် ပြုခြင်းသာဖြစ်သည်။

ယခုအခါတွင် ပြင်းထန်စွာ တိုက်ပွဲဝင်ခဲ့သော အင်းဆက်များသည် မီးထဲသို့ သူရဲကောင်းဆန်ဆန် ပျံသန်းနေသော ပိုးဖလံများ၏ ခံစားချက်မျိုးကို ပေးစွမ်းနေ၏။

ယင်းက ထောင်ပေါင်းများစွာသော ပိုးဖလံကောင်များက မီးထဲသို့ ကိုယ်တိုင် ဝင်တိုးနေသကဲ့သို့ပင်။

ဤအချိန်တွင် မိစ္ဆာ အူမှိုတက်အရှင်သည် ဆေးဖက်ဝင် ချီအမျိုးအစားပေါင်း တစ်ထောင်ကျော် ပါရှိသည့် သန့်စင်ရေး စွမ်းအားကို လျှော့တွက်ထားမိကြောင်း သဘောပေါက်လာခဲ့သည်။

ဤအလင်းရောင်တွင် ဆေးဖက်ဝင်ချီများ ပါ၀င်သည်သာမက ပဋိဇီဝဆေး အမျိုးမျိုးအပြင် ဗီတာမင် A, B, C. D, E, F, G.. တို့ပင် ပါဝင်နေ၏။

အင်မော်တယ်ပိုးကောင်များသည် အင်မော်တယ်ထုန်ရာ၏ အနီးသို့ လုံးဝ မကပ်နိုင်ခဲ့ပေ။

သို့သော် မိစ္ဆာအူမှိုတက်အရှင်သည် အနည်းငယ်မျှပင် အထိတ်တလန့် မဖြစ်ပေ။

အင်မော်တယ်ပိုးကောင်၏ တိုက်ခိုက်မှုသည် အလွန်ပင် ကြောက်စရာကောင်းသော်လည်း အမှန်တကယ်တွင် မိစ္ဆာအူမှိုတက်အရှင်သည် ခွန်အား၏ နှစ်ဆယ်ရာခိုင်နှုန်းကိုပင် အသုံးမပြုရသေးပေ။

ဆေးဝါးချီ ပါ၀င်သော ဤသန့်စင်ရေး အလင်းရောင်သည် အလွန်ပင် ဒုက္ခပေးနိုင်စွမ်း ရှိသော်လည်း သူ့တွင် ဖြေရှင်းရန် နည်းလမ်းရှိ၏။

"အင်မော်တယ် ပိုးကောင်ဆယ်သန်း…”

နောက်ထပ် အခိုက်အတန့်တွင် မိစ္ဆာအူမှိုတက်အရှင်သည် သူ့လက်ချောင်းကို တောက်လွှတ်လိုက်သည်။

ထိုအခါ မီးတောင် ပေါက်ကွဲသလိုမျိုး ကမ္ဘာမြေကြီးက တုန်ခါသွားပြီး အင်မော်တယ် ပိုးကောင်များက အဆုံးမဲ့အော်ရာနှင့်အတူ မြေပြင်ပေါ်ရှိ အက်ကြောင်းများကနေ အရူးအမူး ထွက်လာခဲ့၏။

ဤမြင်ကွင်းကြောင့် အင်မော်တယ်ထုန်ရာနှင့် စေတီဝိညာဥ်တို့က အံ့သြ တုန်လှုပ်သွားကြသည်။

ဤစွမ်းအားသည် ပကတိအင်မော်တယ် အဆင့်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ မိစ္ဆာ အူမှိုတက်အရှင်သည် အင်မော်တယ်ပိုးကောင် ဆယ်သန်း၏ စွမ်းရည်ကို လုံးဝ အဆင့်မြှင့်ထားခဲ့ခြင်းပင်။

အင်မော်တယ်ပိုးကောင် တစ်ကောင်စီကို အပြာရောင်အလင်းတန်း တစ်ခုစီက ဖုံးအုပ်ထား၏။

ဤသည်မှာ ရေဒြပ်စင်၏ စွမ်းအား ဖြစ်သည်။

ဥက္ကဌပိုင်တွင် ဒြပ်စင်များကို အသုံးပြုနိုင်သည့် စည်းပြင်ပတာအို၏ စွမ်းအားရှိ၏။

ဥက္ကဌပိုင်၏ စွမ်းအားများကို ဝါးမျိုပြီးနောက်တွင် မိစ္ဆာအူမှိုတက်အရှင်သည် သန့်စင်ရေး အလင်းရောင်ဖြင့် အလှော်ခံရသည်ကို တုံ့ပြန်သည့်အနေဖြင့် အင်မော်တယ် ပိုးကောင်များကို ရေဒြပ်စင် စွမ်းအားဖြင့် ဖုံးအုပ်ကာကွယ်ပေးခဲ့သည်။

"ငါ အခု ဘာလုပ်သင့်လဲ"

အင်မော်တယ်ထုန်ရာက လွှမ်းမိုးခံလိုက်ရသလို အနည်းငယ် ခံစားလိုက်ရသည်။

မိစ္ဆာအူမှိုတက်အရှင်သည် ဥက္ကဌပိုင်၊ လုံမင်နှင့် ညဦးစီးမှူးအဖွဲ့ ၏ အမှုဆောင်အဖွဲ့ဝင် အများအပြားကို ဝါးမျိုပြီးနောက်၌ အလွန်အမင်း တိုးတက်လာခဲ့သည်။

အင်မော်တယ်ထုန်ရာ၏ မျက်နှာသည် ဤကြောက်မက်ဖွယ်ဝိညာဉ်ရေးစွမ်းအား၏ ဖိအားအောက်တွင် နီရဲသွားခဲ့သည်။

"အချိန်ကြာလာတာနဲ့ အမျှ ငါယှဥ်နိုင်တော့မှာ မဟုတ်ဘူး""

မိစ္ဆာအူမှိုတက်အရှင်က အင်မော်တယ်ထုန်ရာ၏ အပြင်းအထန် တိုက်ခိုက်ခြင်းအောက်တွင် ပို၍ သန်မာလာခဲ့သည်။

ဤအင်မော်တယ် ပိုးကောင် ဆယ်သန်း၏ ဖိအားကို ရင်ဆိုင်ရသောအခါတွင် သန့်စင်ရေး အလင်းရောင်သည်ပင် တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့သည်။

အဆုံးသတ်တွင် အင်းဆက်ပေါင်း ဆယ်သန်းရှိသော စစ်တပ်သည် အင်မော်တယ်ထုန်ရာ၏ လက်ချောင်းများကို ကိုက်စားနေခဲ့ပြီ ဖြစ်သည်။

မိစ္ဆာအူမှိုတက်အရှင်က ဤမြင်ကွင်းအတွက် အလွန်ပင် ဝမ်းသာနေမိသည်။

“မင်းက သစ်ပင်ကြီးကို လှုပ်ခါဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်တစ်ကောင်လိုပါပဲ”

မိစ္ဆာအူမှိုတက်အရှင်က မှတ်သားလောက်သည့် စကားကို ဝင့်ကြွားစွာ ရွတ်ဆိုလိုက်သည်။

တစ်ချိန်တည်းမှာပင် သူက ဝါးမျိုခံနေရသော အင်မော်တယ်ထုန်ရာကို စူးစူးစိုက်စိုက်စိုက် ကြည့်နေခဲ့သည်။

ခဏအကြာတွင် အင်မော်တယ်ထုန်ရာ၏ အော်ရာက လုံးဝပျောက်ကွယ်သွားပြီဟု သူ ခံစားလိုက်ရသည်။

သူက အင်းဆက်များကို ဂရုတစိုက် ထိန်းချုပ်ထားသောကြောင့် အင်မော်တယ်ထုန်ရာ အနေဖြင့် အသက်ရှင်ရန် မဖြစ်နိုင်တော့ပေ။

သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး အင်မော်တယ် ပိုးကောင်ဆယ်သန်း စစ်တပ်ကို လူစုခွဲစေလိုက်သည်။

ထိုခဏတွင် စေတီဝိညာဉ်မှ ထုတ်လွှတ်သော အစိမ်းရောင်အလင်းက လုံး၀ ပျက်သုဉ်းသွားသည်ကို တွေ့လိုက်ရ၍ သူ အံ့အားသင့်သွားခဲ့သည်။

သို့သော်လည်း သေချာကြည့်ရှုလျှင် ပိုးစုန်းကြူးကဲ့သို့ သေးငယ်သော အလင်းရောင်က လေထဲတွင် လွင့်မျောကာ ရှိနေသေး၏။

နောက်ထပ် အခိုက်အတန့်မှာပင် အင်မော်တယ်ထုန်ရာ၏ ခန္ဓာကိုယ်သည် ဤပိုးစုန်းကြူး အလင်းရောင်နဲ့အတူ ပြန်လည် မွေးဖွားလာခဲ့သည်။

မိစ္ဆာအူမှိုတက်အရှင်သည် ဤရလဒ်ကို လုံးဝ မမျှော်လင့်ထားပေ။

အင်မော်တယ်ထုန်ရာက အသက်ပြန်ရှင်လာခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် အင်မော်တယ်ထုန်ရာ၏ ကျောဘက်၌ စေတီ ဝိညာဥ်နှစ်ပါး ရှိနေသည်ကို မိစ္ဆာအူမှိုတက်အရှင် တွေ့လိုက်ရသည်။

"ဒါက ဘယ်လို ဖြစ်တာလဲ"

မိစ္ဆာ အူမှိုတက်အရှင်က အလွန် အံ့သြသွားခဲ့သည်။

စေတီဝိညာဥ် နှစ်ပါးက လက်ချင်းချိတ်ကာ အင်မော်တယ်ထုန်ရာ၏ ပတ်ပတ်လည်တွင် လှည့်ပတ် ကခုန်နေကြသည်။

ထိုမြင်ကွင်းကြောင့် အင်မော်တယ်ထုန်ရာ ပြုံးလိုက်မိသည်။

အဆုံးသတ်တွင် ဤဘက်တီးရီးယားသည် ယဥ်ကျေးမှုကို နားမလည်သေးပုံရ၏။

၎င်းက နှစ်ယောက်တွဲအက ကိုပင် မသိခဲ့ပေ။

အပိုင်း(၈၈၇) ပြီး၏

All Chapters