← Chapters

ကျင့်ခယ်၏ဓားအိမ်

Vol. 60 Ch. 895

ကျင့်ခယ်၏ဓားအိမ်

Vol. 60 Ch. 895

ကြာသပတေးနေ့ ဩဂုတ်လ၂၄ရက်။

နွေရာသီအားလပ်ရက်၏ ၁၁ရက်မြောက်နေ့ဖြစ်သည်။

ကျိုးရီ၏ ဝန်ထမ်းတိုက်ခန်းအတွင်း ဖောက်ထွင်း ဝင်ရောက်ခဲ့သည့် အမှောင်နက်ဝေါ့မှ လုပ်ကြံသတ်ဖြတ်သူ ခုန်းရူယဲ့၏ စစ်ဆေးမေးမြန်းမှု ကနဦးရလဒ်များက ထွက်ပေါ်နေခဲ့ပြီဖြစ်သည်။

အစပိုင်းတွင် ခုန်းရူယဲ့သည် ဝန်မခံဘဲ ခေါင်းမာနေခဲ့သည်။

ထို့နောက်တွင် ထောင်အုပ်လျန့်နှင့် ကျိုးရီတို့သည် အကြည့်ချင်းဖလှယ်ခဲ့ပြီး စကားတစ်ခွန်းမှ ဆက်မပြောတော့ဘဲ ခုန်းရူယဲ့ကို မာကျောက် အခန်းထဲသို့ တိုက်ရိုက် စေလွှတ်လိုက်သည်။

၅မိနစ်ခန့်အကြာတွင် ခုန်းရူယဲ့သည် သူကျူးလွန်ခဲ့သမျှကို ဝန်ခံခဲ့တော့သည်။

သို့သော် သူကိုယ်တိုင်လည်း သိပ်သိပုံမရပေ။

ကျိုးရီ၏ ဆံပင်အတွက် ငွေအမြောက်အမြား ပေးခဲ့သည့် အလုပ်ရှင်နှင့် ပတ်သက်၍ ခုန်းရူယဲ့ သိထားသည့် တစ်ခုတည်းသောအရာမှာ ငွေလွှဲထားသည့် ဘဏ်အကောင့်နံပါတ်သာ ဖြစ်သည်။

ကျိုးရီက စစ်ဆေးကြည့်လိုက်ရာ ထိုအကောင့်သည် နိုင်ငံခြားပုဂ္ဂလိက ဘဏ်လုပ်ငန်းအဖွဲ့အစည်း တစ်ခုနှင့် သက်ဆိုင်နေကြောင်း တွေ့ရှိလိုက်ရသည်။

ထို့ကြောင့် သူတို့တွင် တစ်ဖက်လူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဝင်ရောက်ကြည့်ရှုရန် အခွင့်အလမ်းမရှိပေ။

ထောင်အုပ်လျန့် “တစ်ဖက်လူက ခုန်းရူယဲ့ကို ငွေကြေးအမြောက်အမြားပေးပြီး ငှားရမ်းခဲ့တယ်.. အခုကစပြီး မင်းသတိထားဖို့လိုပြီ ညီလေးကျိုး.. တစ်ဖက်လူက မင်းဆံပင်ကို ဘာလို့လိုချင်နေမှန်း ငါတို့မသိဘူး.. DNA စစ်ဖို့များဖြစ်နေမလား.. နိုင်ငံရပ်ခြားမှာ နှစ်ရှည်လများ ပျောက်ကွယ်သွားတဲ့ ချမ်းသာတဲ့ အဘိုးအဘွားတွေ ရှိနေတာများလား"

ကျိုးရီက ချွေးစေးများပင် ထွက်လာခဲ့သည်။

"မင်းအရမ်းအတွေးလွန်နေပြီ ထောင်အုပ်လျန့်.. ငါက ဟူကျန့်ဇာတိပါ.. ငယ်စဉ်ကတည်းက ဆင်းဆင်းရဲရဲနဲ့ ကြီးပြင်းလာခဲ့တာပါ.. အတန်းတွေမှာ အဆင့်ကောင်းပြီး အထူးထောက်ပံ့မှု ရတဲ့ အတွက်သာ စုန့်ဟိုင်မြို့မှာ ကျောင်းလာတက်နိုင်တာပါ"

"ဒါဆို ရန်သူများဖြစ်နေမလား.. ဒါမှမဟုတ် ငယ်ငယ်တုန်းက စော်ကားခဲ့မိတဲ့သူများ ရှိနေမလား.. ဒါကရန်သူတော့ ဖြစ်နိုင်တယ်"

“ဒါပေမဲ့ ငါငယ်ငယ်တုန်းက ဘယ်သူ့ကိုမှ မစော်ကားခဲ့ဘူး.. ငါတို့ ကျိုးမိသားစုက ညဘက် အပြင်မထွက်ဖို့ အမြဲဆုံးမလေ့ရှိတယ်.. ငါငယ်ငယ်ကဆို ငါတို့ ဟူကျန့်လူမျိုးတွေ အပြင်ထွက်ရင် ငါတို့ကို ကွမ်းတုံကလူတွေ ဖမ်းစားလိမ့်မယ်လို့ မိဘတွေက ပြောခဲ့ဖူးတယ်”

ထိုစကားကိုပြောရင်း ကျိုးရီ၏ အမူအရာက အနည်းငယ် ကူကယ်ရာမဲ့သွားသည်။

ရန်သူအကြောင်းနှင့် ပတ်သက်၍ပြောရလျှင် ဤရာထူးကိုဆက်ခံပြီးကတည်းက ရန်သူရှိမရှိ ဆိုသည်မှာ ပြောဖို့ခက်သွားသည်။

အပင်မြင့်လေ လေတိုက်လေ ဟူသောဆိုရိုးစကားကို ကျိုးရီကောင်းစွာ သဘောပေါက်သည်။

မကြာသေးမီ လများအတွင်း၌ သူသည် လှိုင်းလုံးအမြောက်အမြားကို ခေါ်ဆောင်ခဲ့ပြီး လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

ထို့ကြောင့် သူ့အပေါ်တွင် မနာလိုမုန်းတီးသူ အနည်းနှင့်အများရှိနိုင်သည်မှာ သေချာသည်။

လူ့အဖွဲ့အစည်းတွင် ဤသို့သောသူ များစွာရှိခဲ့ပြီး အများစုမှာ မြွေများ၊ အင်းဆက်များ၊ ကြွက်များနှင့် ပုရွက်ဆိတ်များကဲ့သို့ အလင်းရောင်ကို မခံနိုင်ဘဲ ကျောရိုးမရှိသော သူရဲဘောကြောင်သူများ ကဲ့သို့ ကျောက်ဆောင်များ၏ နောက်တွင်သာ ပုန်းအောင်းနေလေ့ ရှိသည်။

ကျိုးရီက ကျောင်းပေါင်း၁၀၀ အထွေထွေအုပ်ချုပ်ရေးဒါရိုက်တာအဖြစ် ဆောင်ရွက်ပြီးကတည်းက ဤကဲ့သို့သော လူအမျိုးအစားများကို ပို၍မြင်လာသည်။

ထိုကဲ့သို့ လူများကို သူသိသော်လည်း အမြဲတမ်း ဂရုမစိုက်ဟန်သာ ဆောင်နေခဲ့သည်။

အနည်းငယ် မကျေနပ်သည်ကို ပြသလိုက်သည်နှင့် ၎င်းတို့လိုချင်သည့်အတိုင်း အတိအကျ ဖြစ်လာမည်ကို သူကောင်းစွာသိသည်။

ဤကမ္ဘာမြေပေါ်တွင် မည်သူက သူ့ကို စောင့်ကြည့်နေပါသနည်း။

အဘယ်ကြောင့် သူ၏ခေါင်းက ဆံပင်ကို လိုချင်နေရပါသနည်း။

ဤသည်က ကျိုးရီအတွက် ပဟေဠိတစ်ခုလို ဖြစ်နေခဲ့သည်။

နေ့ခင်းဘက်တွင် ဖက်တီးလောသည် ဝမ်လင်းကို သတင်းကောင်း တစ်ခု ပေးခဲ့သည်။

ကျင့်ခယ်အတွက် ဓားအိမ်ပြုလုပ်မှုမှာ အောင်မြင်သွားပြီဖြစ်သည်။

ကျင့်ခယ်နှင့် သင့်လျော်သောဓားအိမ် ပြုလုပ်ရန်အတွက် ဖက်တီးလောသည် ပစ္စည်းများကို ခက်ခက်ခဲခဲ ကာလအတန်ကြာ စုဆောင်းခဲ့ရသည်။

သို့သော် ပစ္စည်းများကို စုဆောင်းခြင်းသည် ပန်းပဲဆရာများ ကြုံတွေ့ရလေ့ရှိသော အခက်အခဲတစ်ခု ဖြစ်သည်။

ထိုအခက်အခဲများကို မွန်းစတားမုဆိုး ကစားသမားများ၏ ဇွဲလုံ့လနှင့် အမှောင်စိတ်ဝိညာဉ် ကစားသမားများ၏ လုံ့လဝီရိယမျိုးဖြင့် ကျော်ဖြတ်ရန် လိုအပ်သည်။

ကံကောင်းထောက်မစွာပင် ဖက်တီးလောသည် ပစ္စည်းများကိုစုဆောင်းနိုင်ခဲ့သည်။

ဖက်တီးလောသည် ဓားအိမ် ပြုလုပ်ရာတွင် ထူးထူးခြားခြားအောင်မြင်ခဲ့ပြီး ကျင့်ခယ်အတွက် ဓားအိမ် ၃ခုကို ပြုလုပ်ခဲ့သည်။

ထိုဓားအိမ်များက တူညီသောပစ္စည်းမှ ပြုလုပ်ထားခြင်း ဖြစ်သော်လည်း အရွယ်အစား အနည်းငယ် ကွဲပြားသည်။

နေ့ခင်းဘက်တွင် ဝမ်လင်းကိုယ်စား ဗုံးပစ်စီနီယာအင်မော်တယ်က ဖက်တီးလော၏ ဆိုင်သို့ ရောက်လာခဲ့သည်။

ထိုအခါတွင် ဆိုင်၏တံခါးက ပျောက်ကွယ်သွားသည်ကို သူတွေ့ရှိခဲ့သည်။

ထိုတံခါးက အေမိထိယက်စ် သစ်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။

၎င်းကိုဖြိုဖျက်လိုက်သူမှာ ဖက်တီးလောပင် ဖြစ်သည်ကို သူတွေ့ရှိလိုက်ရသည်။

ဆိုရလျှင် ဖက်တီးလောသည် ဓားအိမ် ၃ခုကို ပြုလုပ်ရာတွင် အဓိကပစ္စည်းအဖြစ် အေမိထိယက်စ် သစ်သားကို အသုံးပြုထားခဲ့ခြင်း ဖြစ်၏။

“အေမိထိယက်စ် သစ်သားက ညီနောက်လောတို့ မိသားစုရဲ့ အဓိကအမွေခံပစ္စည်း ဆိုတာ ငါမှတ်မိတယ်”

ဗုံးပစ်စီနီယာအင်မော်တယ်က ဖက်တီးလော၏ စိတ်အားထက်သန်မှုကြောင့် အလွန်ပင် အံ့အားသင့်ကာ ရေရွတ်လိုက်သည်။

“ငါ့ရဲ့သခင်ကျင့်ခယ်အတွက် ဆိုရင် ဒီသေးငယ်တဲ့ စွန့်လွှတ်မှုလေးက ဘာမှမဟုတ်ပါဘူး”

ဖက်တီးလောက သူ့လက်ကိုဝှေ့ယမ်း၍ ပြောလိုက်သည်။

“လာပါ စီနီယာအင်မော်တယ်.. ဒီဓားအိမ် ၃ခုကိုကြည့်လိုက်ပါဦး”

ထို့နောက်တွင် ဖက်တီးလောက ကျင့်ခယ်၏ဓားအိမ်များ ထည့်ထားသည့် စတုဂံပုံ သေတ္တာကို ဖွင့်လိုက်သည်။

ဖက်တီးလောက ဂုဏ်ယူစွာဖြင့် ဓားအိမ်များကို မိတ်ဆက်ပေးလိုက်သည်။

“ပထမဆုံးဓားအိမ်ကတော့ Type-C မျက်နှာပြင်နဲ့ ဒီဇိုင်းထုတ်ထားတဲ့ မွန်မြတ်တဲ့သမီး အေမိထိယက်စ် ဓားအိမ်ပဲ.. သခင်ကျင့်ခယ်သာ အလိုရှိရင် အရှေ့ကနေတင် မဟုတ်ဘဲ အနောက်ကနေလည်း ဝင်လို့ရတယ်”

“……….”

“ဒုတိယဓားအိမ်က ပိုးသားလိုချောမွေ့တဲ့ အေမိထိယက်စ်ဓားအိမ်ပဲ.. ဒီဓားအိမ်က အပြင်ဘက်မှာတော့ အေမိထိယက်စ်သစ်သားနဲ့ ပြုလုပ်ထားပေမဲ့ အတွင်းပိုင်းမှာတော့ အရိုးခြောက်တစ်ထောင်နဲ့ ချောမွေ့တဲ့ကျောက်တုံးတွေ ပေါင်းစပ်ထားတယ်.. သခင်ကျင့်ခယ်က အတွင်းထဲကို ဝင်လိုက်တာနဲ့ ခန္ဓာကိုယ်က ရေဓာတ်ဖြည့်ထားသလိုမျိုး ထူးခြားတဲ့အစိုဓာတ်နဲ့ ချောမွေ့မှုကို ခံစားရမှာပဲ”

“……….”

“တတိယဓားအိမ်ကတော့ အပေါက်ကျဉ်းတဲ့(Virgo) အေမိထိယက်စ်ဓားအိမ်ပဲ.. ဒီဓားအိမ်ရဲ့အပေါက်က ကျဉ်းလွန်းတဲ့အတွက် သခင်ကျင့်ခယ်အထဲကို ထိုးသွင်းလိုက်တာနဲ့ စိတ်ကျေနပ်ဖွယ်ခံစားမှုကို ခံစားရမှာဖြစ်တယ်.. ဒါ့အပြင်ဓားအိမ်အတွင်းပိုင်းက အနားကွပ် နှုတ်ခမ်းသားတွေကလည်း အရမ်းမိုက်တဲ့ ခံစားချက်ကို ပေးစွမ်းမှာဖြစ်တယ်.. တစ်နေ့တစ်မျိုး ပြောင်းလို့ရတော့ သခင်ကျင့်ခယ်က မရိုးရဘူးပေါ့”

'ဖက်တီးလော'က ပြောလိုက်သည်။

“ဒါနဲ့ဒီတတိယဓားရှည်နဲ့ Virgoနဲ့က ဘာဆိုင်လို့လဲ”

ဗုံးပစ်စီနီယာအင်မော်တယ်က မမေးဘဲမနေနိုင်တော့ချေ။

“အပေါ်ယံမှာတော့ Virgoဆိုတဲ့နာမည်က ဆန်းပြားတယ်လို့ထင်ရတယ်.. ဒါပေမဲ့ ‘o’ နေရာကို ‘in’ နဲ့အစားထိုးလိုက်ရင် ဘာအဓိပ္ပါယ်လဲဆိုတာ မင်းနားလည်မှာပါ”

'ဖက်တီးလော'က ရှင်းပြလိုက်သည်။

{Virgin=အပျိုစင်}

ထိုစကားကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်က အချိန်အတော်ကြာ မှင်တက်သွားခဲ့သည်။

သူ့အတွက် ဖက်တီးလော၏ ဓားအိမ် ၃ခုဒီဇိုင်းများက အလွန်ပင်အံ့အားသင့်စရာကောင်းနေသည်။

ကျိုးရီက ဤဓားအိမ် ၃ခုအား မည်ကဲ့သို့ ခံစားရမည်ကို အမှန်တကယ်မသိ၍ အခြားမေးခွန်းတစ်ခု မေးလိုက်ကာ ခေါင်းစဉ်ကို ပြောင်းလဲလိုက်သည်။

“ညီနောင်လောက မျှော်လင့်ထားသလိုပဲ.. ဒီဓားအိမ် ၃ခုလုံးက အရမ်းကောင်းတယ်.. ဒါပေမဲ့ ဓားအိမ်တွေက အရွယ်အစားအနည်းငယ် ကွဲပြားနေတာကို ငါသတိပြုမိတယ်.. အဲဒါက ဘာအကြောင်းကြောင့်လဲ”

“ဒါက ဘာမှမထူးခြားပါဘူး.. ဒီဓားအိမ် ၃ခုလုံးကို သခင်ကျင့်ခယ်အတွက် ပြုလုပ်ထားပေမဲ့ သူက ဘာကြိုက်တတ်လဲ ငါ မသိဘူးလေ.. အချို့ဓားဝိညာဉ်တွေက သက်သောင့်သက်သာရှိတဲ့ဓားအိမ်တွေကို နှစ်သက်ကြတယ်.. အချို့ကတော့ တင်းတင်းကျပ်ကျပ်ရှိတဲ့ ဓားအိမ်တွေကို နှစ်သက်ကြတယ်.. ပြောရရင်ဒါက ကွန်ဒုံးစွပ်တာနဲ့ သဘောတရား ခပ်ဆင်ဆင်ပဲ.. စီနီယာအင်မော်တယ်ကရော ပေါ့ပေါ့ပါးပါးလား.. တင်းတင်းကျပ်ကျပ်လား. ဒါမှမဟုတ် ပါးပါးလှပ်လှပ်လေးကို ကြိုက်တာလား”

ဗုံးပစ်စီနီယာအင်မော်တယ် “……….”

ဖက်တီးလောက သူ၏လက်ရာကို လုံးလုံးလျားလျား ယုံကြည်နေခဲ့သည်။

“ဒီဓားအိမ်တွေကို သခင်ကျင့်ခယ် တွေ့တာနဲ့ နက်နက်ရှိုင်းရှိုင်းချစ်မိသွားမှာ သေချာတယ်.. သခင်ကျင့်ခယ် ထိုးသွင်းဖို့အတွက် ဓားအိမ်တွေ ခံနိုင်ရည်ရှိဖို့က ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံးဆန္ဒပဲ.. သခင်ကျင့်ခယ်က ကြိုက်မလား မကြိုက်ဘူးလားဆိုတာကိုတော့ ကျွန်တော်မသိဘူး.. ဘာပဲဖြစ်ဖြစ် သခင်ကျင့်ခယ်က ငါ့ရဲ့ခံစားချက်ကို သေချာပေါက်သိနိုင်မယ်လို့ ငါယုံကြည်တယ်”

ဗုံးပစ်စီနီယာအင်မော်တယ်က သူ၏ချွေးများကို သုပ်လိုက်သည်။

ဖက်တီးလော၏ စိတ်အားထက်သန်နေမှုကို သူ မဖျက်ဆီးလိုပေ။

“ဖြစ်နိုင်ပါတယ်.. ညီနောင်ကျင့်ခယ်က ဓားအိမ်တွေကို မြင်တာနဲ့ အရမ်းကိုသဘောကျသွားလောက်တယ်”

“သူကြိုက်လောက်မှာပါလေ”

ဖက်တီးလော၏ နှုတ်ခမ်းထောင့်များက ကွေးတက်သွားသည်။

“ဘာလို့လဲဆိုတော့ ဓားအိမ်၃ခုလုံးကို ဒီဇိုင်းထုတ်ရတဲ့ ငါ့ရဲ့ရည်ရွယ်ချက်က သခင်ကျင့်ခယ်ကို ဓားအိမ်ထဲကနေ မထွက်ချင်တဲ့အထိ အဆင်ပြေစေဖို့ပဲ.. ဘယ်သူသိနိုင်မှာလဲ.. သခင်ကျင့်ခယ်က အထဲရောက်တာနဲ့ ဘယ်တော့မှ ထပ်မရွေ့လျားချင်တော့တာမျိုးလဲ ဖြစ်လာနိုင်တာပဲ”

အပိုင်း(၈၉၅) ပြီး၏

All Chapters