← Chapters

သဲလွန်စအရင်းအမြစ်

Vol. 60 Ch. 896

သဲလွန်စအရင်းအမြစ်

Vol. 60 Ch. 896

ဒီဓားအိမ် ၃ခုကို ဝမ်လင်း သဘောမတွေ့လောက်သော်လည်း အဆုံးသတ်တွင် ဖက်တီးလောသည် ၎င်း၏နှလုံးသားတစ်ခုလုံးကို ထိုအထဲတွင် နှစ်မြှုပ်ထားသောကြောင့် ဝမ်လင်းအနေဖြင့် ဓားအိမ်များကို တိုက်ရိုက် ငြင်းဆိုလိမ့်မည်ဟု ဗုံးပစ်စီနီယာအင်မော်တယ် မထင်ခဲ့ပေ။

ထို့နောက်တွင် ဗုံးပစ်စီနီယာအင်မော်တယ်သည် ဓားအိမ်များကိုယူ၍ ဝမ်လင်းအား ကိုယ်တိုင်ပေးအပ်ရန် အတွက် ဝမ်မိသားစုအိမ်ငယ်လေး ဆီသို့ ရောက်လာခဲ့သည်။

ဗုံးပစ်စီနီယာအင်မော်တယ် ရောက်လာသောအခါတွင် ဝမ်မိသားစုအိမ်ငယ်လေး၌ ကြုံတောင့်ကြုံခဲ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

ဖိုးဖိုးဝမ်၊ ဖေဖေဝမ်နှင့် မေမေဝမ်တို့သည် ဆိုဖာပေါ်တွင်ထိုင်၍ တီဗွီဒရာမာတစ်ခုကို အတူတကွ ကြည့်ရှုနေကြသည်။

ထို တီဗွီဒရာမာသည် မကြာသေးမီက လူကြိုက်များနေသော ရှေးခေတ်ဒရမ်မာစီးရီးတစ်ခု ဖြစ်သည့် "Do You Know" ဖြစ်သည်။

ထိုဇာတ်ကားမှာ ထိုင်းနိုင်ငံတွင် လိင်ပြောင်းပြီးနောက် အိမ်သို့ပြန်လာသူ တစ်ယောက်အကြောင်းကို ဖော်ပြထားခြင်းဖြစ်သည်။

အိမ်ထောင်ပြုရန် ရည်ရွယ်ချက်ကြောင့် အိမ်တွင်းရေး ပဋိပက္ခများ၊ ထူးခြားသော ဇာတ်လမ်းဇာတ်ကွက်များနှင့် ဇာတ်အလှည့်အပြောင်းများ အပါအဝင် ရှုပ်ထွေးသော ဆက်ဆံရေးများကို အသားပေး ဖော်ပြထားသောကြောင့် လူကြိုက်များသောဇာတ်လမ်း ဖြစ်သည်။

ထိုဇာတ်လမ်းသည် "တစ်ချိန်ကယန်ရှီးနန်းတော်"နှင့် ရှုရီ၏ "နန်းတော်အတွင်းမှ တော်ဝင်အချစ်ဇာတ်လမ်း" တို့ကိုပင် ကျော်လွန်သွားခဲ့သည်။

ဗုံးပစ်စီနီယာအင်မော်တယ် အိမ်ထဲ ဝင်လာသောအခါတွင် သူ့ကိုဧည့်ခံရန် မေမေဝမ်က မအားမလပ် ဖြစ်နေသည်။

အကြောင်းအရင်းမှာ တီဗွီဒရမ်မာက ဆွဲဆောင်ထားခြင်းကြောင့်ဖြစ်၏။

“လစ်လေး.. မီးဖိုချောင်မှာ လက်ဖက်ရည်ရှိတယ်.. သောက်ချင်ရင် ကိုယ့်ဘာသာ ယူသောက်လိုက်နော်.. ကိုယ့်အိမ်လိုပဲသဘောထား.. ငါမင်းအတွက် ဘရိုကိုလီဝိုင်ကို အချဉ်ဖောက်ထားပြီးပြီ.. မြေအောက်ခန်းထဲမှာ ရှိတယ်.. သောက်ချင်ရင်ကိုယ့်ဘာသာ ယူသောက်လိုက်နော်”

မေမေဝမ်က ဗုံးပစ်စီနီယာအင်မော်တယ်ကို ရင်းနှီးစွာ ပြောဆိုလိုက်သည်။

ယခုအခါတွင် သူသည် ကမ္ဘာ့ပထမဆုံး ပကတိအရှင်မြတ်ဟု လူသိများသော်လည်း ဝမ်မိသားစု အိမ်ကလေးတွင် ဂျူနီယာတစ်ဦးမျှသာ ဖြစ်သည်။

ဆိုဖာပေါ်တွင် တီဗွီဒရာမာကို ကြည့်နေသည့် စီနီယာကြီး ၃ဦးကိုကြည့်ရင်း ဗုံးပစ်စီနီယာ အင်မော်တယ်က လေးနက်သောအတွေးတစ်ခု ဝင်လာခဲ့သည်။

သာမန်ဘဝဖြင့် ဇာတ်မြှုပ်နေထိုင်သည့် စီနီယာ ၃ဦးကို ဤမျှလောက်ထိ တီဗွီဒရာမာက အဘယ်ကြောင့် ဆွဲဆောင်နိုင်ပါသနည်း။

“အိမ်ပြန်ရောက်ရင် ဒီဇာတ်ကားကို ကြည့်ဖြစ်အောင်ကြည့်ရမယ်”

ဗုံးပစ်စီနီယာအင်မော်တယ်က စိတ်ထဲတွင် တေးထားလိုက်သည်။

တကယ်တမ်းတွင် ဤဇာတ်လမ်းသည် တစ်ဝက်တစ်ပျက်သာ ထုတ်လွှင့်ရသေးသည်။

မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးသည် မြေဧရိယာအချို့ကို ငှားရမ်းရန် စီစဉ်ဆောင်ရွက်ထားသည့် အတွက် ရုပ်ရှင်ရိုက်ကူးသည့် ထုတ်လုပ်ရေးကုမ္ပဏီများသည် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်လိုကြသည်။

ထို့ကြောင့် သူ၏ ဖုန်းထဲတွင် ထုတ်လုပ်ရေးကုမ္ပဏီမှ အရေးပါသူများ၏ အဆက်အသွယ်များစွာ ရှိ၏။

သူသိချင်သည့် ဒရမ်မာအတွက် ၎င်းတို့ကို တိုက်ရိုက် မေးနိုင်ပေသည်။

သူ့အနေဖြင့် ကောင်းကင်တာအိုကို နားလည်ရန်အတွက် ထိုကိစ္စကို အမြန်ဆုံးလုပ်ဆောင်ရမည် မဟုတ်လော။

“ညီနောင်လင်း”

ဗုံးပစ်စီနီယာအင်မော်တယ်က အပေါ်ထပ်သို့ မတက်မီ ဦးစွာအော်ခေါ်လိုက်သည်။

ထိုခဏတွင် ဝမ်လင်းသည် ဗုံးပစ်စီနီယာအင်မော်တယ်၏လက်ထဲမှ ဓားအိမ် ၃ခုကို မြင်လိုက်ရသည်။

ထိုအရာက အမှန်တကယ်ပင် ဓားအိမ်များ ဖြစ်သော်လည်း ဖက်တီးလော၏ ဖော်ပြချက်များက ညစ်ပတ်လွန်းသောကြောင့် ကျင့်ခယ်အနေဖြင့် နှစ်သက်ရန်မဖြစ်နိုင်ပေ။

ဝမ်လင်းက အမှတ်၆၀ အထက်တန်းကျောင်းသို့ မဝင်မီတွင် သူ့ကိုယ်သူ အလွန်ဖြူစင်သူတစ်ယောက်ဟု ထင်ခဲ့သည်။

ယခုအခါတွင် သူက လမ်းလွဲခြင်းကို ခံနေရပြီဖြစ်သည်။

အကြောင်းအရင်းမှာ ပထမနှစ် အခန်း ၃ရှိ ကော်ဟောက်ကြောင့်ဖြစ်သည်။

အတင်းပြောခြင်းအပြင် ကော်ဟောက် အကြိုက်ဆုံးအရာမှာ ညစ်ညစ်ပတ်ပတ် စကားများကို ပြောဆိုခြင်းဖြစ်သည်။

အတန်းတိုင်းလိုလိုတွင် ထိုသို့ ညစ်ပတ်သောစကားများကို ပြောဆိုတတ်သော ဘုရင်များ ရှိကြသည်။

အခန်းထဲသို့ ရောက်သောအခါတွင် ဗုံးပစ်စီနီယာအင်မော်တယ်သည် ဓားအိမ်များကို ဝမ်လင်း၏ စားပွဲပေါ်တွင် တင်လိုက်သည်။

သူက ဝမ်လင်း တစ်စုံတစ်ရာ သုတေသန ပြုနေသည်ကို တွေ့လိုက်ရသည်။

“ညီနောင်လင်း ဘာလုပ်နေတာလဲ”

ဗုံးပစ်စီနီယာအင်မော်တယ်က မေးလိုက်သည်။

“ဆရာလေးလင်းက ဓားအိမ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာအချက်အလက်တွေကို ရှာနေတာပါ”

ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည့် ထွင်ထျန်းဟာက ပျင်းတိပျင်းတွဲ အမူအရာဖြင့် ပြောလိုက်သည်။

ဗုံးပစ်စီနီယာအင်မော်တယ် “အင်း ညီနောင်လောရဲ့ ဓားအိမ်၃ခုက အဆင်မပြေဘူး”

ထွင်ထျန်းဟာ “ဟုတ်တယ်.. ဆရာလေးလင်းက သူစိတ်ဓာတ်ကျသွားမှာစိုးလို့သာ မကောင်းတတ်လို့ ယူလိုက်တာပါ.. တကယ်တော့ ဓားအိမ်မှာ ပြဿနာရှိတာမဟုတ်ဘူး.. ဖက်တီးလောက သူ့မိသားစုရဲ့ ဘိုးဘွာပိုင် အေမိထိယက်စ်သစ်ပင်ကိုတောင် အသုံးပြုခဲ့တာလေ.. ဒါက သူဘယ်လောက်ထိကတိတည်လဲဆိုတာ ထင်ရှားနေတာပဲ.. ဒါပေမဲ့ ကျင့်ခယ်အနေနဲ့ကတော့ အဲဒီဓားအိမ်ထဲမှာနေဖို့က မလွယ်ကူဘူး.. ငါပြောတာမယုံရင် ကျင့်ခယ်ကို ဓားအိမ်ထဲကို ထည့်စမ်းကြည့်လေ”

ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းညိမ့်လိုက်သည်။

သူက တင်းကျပ်သော Virgo အေမိထိယက်စ်ဓားအိမ်ကို အမှတ်တမဲ့ ကောက်ယူလိုက်ပြီး ကျင့်ခယ်နားသို့ ထားလိုက်သော်လည်း ပြင်းထန်သောခုခံမှုကိုသာ ခံစားလိုက်ရသည်။

“တွေ့ပြီလား.. ကျင့်ခယ်က ဓားအိမ်မပါဘဲ နေရတာ ကျင့်သားရနေတော့ ဓားအိမ်ထဲမှာ မနေတတ်တော့ဘူး.. ဓားအိမ်နဲ့ သူ့ရဲ့ဆက်ဆံရေးက ပစ်ကာချူးနဲ့ ပိုကီဘောလ်ရဲ့ ဆက်ဆံရေးလိုပဲ.. သူ့ကို ဓားအိမ်ထဲဝင်ခိုင်းလို့ရမှာ မဟုတ်ဘူး”

ဗုံးပစ်စီနီယာအင်မော်တယ် “……….”

ထွင်ထျန်းဟာ “ဒါပေမဲ့ ဆရာလေးလင်း အပြောအရဆိုရင် သခင်ကျင့်ခယ်က သူ့ရဲ့ စစ်မှန်တဲ့စွမ်းအားကို မူလဓားအိမ်ထဲမှာပဲ ပြသနိုင်တယ်”

ဗုံးပစ်စီနီယာအင်မော်တယ် “ဒါနဲ့ညီနောင်ခွေး မင်းဘာလို့အခုနောက်ပိုင်း ဝုတ်ဆိုပြီးတော့ မဟောင်တော့တာလဲ”

ထွင်ထျန်းဟာ “ဝုတ်လား.. အင်း.. ငါခွေးတစ်ကောင်ဖြစ်ပြီးနောက်မှာတော့ ဝုတ်ထက် ဖားလို အုံးအွမ်လို့ အော်ရတာပဲ ငါ့အတွက် ပိုအဆင်ပြေတယ်”

ဗုံးပစ်စီနီယာအင်မော်တယ် “……….”

ဝမ်လင်းက ယခုအချိန်တွင် ကျင့်ခယ်၏ဓားအိမ်ကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။

ကျင့်ခယ်အတွက် ဓားအိမ်ကို မည်ကဲ့သို့ပင် စိတ်ကြိုက်လုပ်ထားသည်ဖြစ်စေ မူရင်းဓားအိမ်လောက် ကောင်းမွန်မည်မဟုတ်ပေ။

ဖက်တီးလောက အေမိထိယက်စ် သစ်သားကိုအသုံးပြု၍ ဓားအိမ်ကို စိတ်တိုင်းကျ ပြုလုပ်ခဲ့သည်။

သို့သော် ဝမ်လင်းသည် ကျင့်ခယ်၏ မူလဓားအိမ်ကိုသာ ရှာဖွေလိုခဲ့သည်။

ကျင့်ခယ်က ပန်းငှက်ဈေးတွင် 998 HNY ဖြင့် ‌ဖေဖေဝမ် ဝယ်ခဲ့သည့် မက်မွန်သစ်သားဓားတစ်လက် ဖြစ်ကြောင်း လူတိုင်းသိထားကြသည်။

ထိုအချိန်က ကျင့်ခယ် မနိုးထလာသေးပေ။

ကျင့်ခယ်၏ မူလဇစ်မြစ်မှာ အမြဲလိုလိုပင် လျှို့ဝှက်ဆန်းကြယ် နေခဲ့သည်။

ဝမ်လင်းက ဤနှစ်များတလျှောက်လုံးတွင် ဓားဝိညာဉ်အများအပြားကို တိတ်တဆိတ် စုံစမ်းခဲ့သော်လည်း သူအတည်ပြုနိုင်ခဲ့သည့် တစ်ခုတည်းသော အချက်မှာ ကျင့်ခယ်၏ ဝိသေသလက္ခဏာသည် ဓားဝိညာဉ်တို့၏ အရှင်သခင်ဖြစ်သည်။

ကျင့်ခယ်၏ အချက်အလက်မှာ အလွန်ပင် နည်းပါးသည်။

ကျင့်ခယ်ကို ဘုရင်မင်းမြတ်ဟုခေါ်သော ဓားဝိညာဉ်များသည်ပင် အဘယ်ကြောင့် ကျင့်ခယ်၏စကားကို နာခံနေမိမှန်း မသိကြပေ။

ထိုအချိန်က မိစ္ဆာဓားနတ်ဘုရား၏ ဓားဝိညာဉ်သည် တမင်တကာလုပ်ယူခြင်း မဟုတ်ဘဲ ထိန်းမနိုင်သိမ်းမရ ကြောက်စိတ်ဝင်ခဲ့ခြင်း ဖြစ်သည်။

ကျင့်ခယ်၏ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိသောအခါတွင် ဓားဝိညာဉ်က ဒူးတုန်သွားပြီး အကြောင်းပြချက်မရှိဘဲ ဘုရင်မင်းမြတ်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဓားဝိညာဉ်များသည် ၎င်းတို့၏သခင်ကို ရိုသေကိုင်းရှိုင်းကြသည့် တိုင်းပြည်တစ်ခုမှ လူမျိုးနှင့်ပင် ဆင်တူနေသည်။

ဝမ်လင်းက လွန်ခဲ့သည့် ၁၀နှစ်က အချက်အလက်များကို ကြည့်ရှုနေသည်။

ဖေဖေဝမ်တွင် ကျင့်ခယ်ကိုဝယ်ခဲ့သည့် ပြေစာပင်မရှိတော့ပေ။

ထို့ကြောင့် ပန်းငှက်ဈေးတွင် ကျင့်ခယ်၏နောက်ခံကို စူးစမ်းရန်သာ ရှိတော့သည်။

ကျင့်ခယ်၏ ဓားအိမ်ကိုရှာဖွေရာတွင် အကူအညီဖြစ်ရန်အတွက် ထိုအချိန်က ဖေဖေဝမ်ထံ ကျင့်ခယ်ကို ရောင်းချခဲ့သည့် ဈေးသည်ကို ကနဦး ရှာဖွေရမည် မဟုတ်ပါလော။

အပိုင်း(၈၉၆) ပြီး၏

All Chapters