← Chapters

ဆိုင်နံပါတ် 83

Vol. 60 Ch. 897

ဆိုင်နံပါတ် 83

Vol. 60 Ch. 897

နွေရာသီအားလပ်ရက်၏ ဆယ့်သုံးရက်မြောက်နေ့ဖြစ်သည်။

ကျိုးရီသည် ယနေ့တွင် ထူးထူးခြားခြား စိတ်ကြည်နေ၏။

အကြောင်းရင်းမှာ သူ၏ ဆရာဝမ်လင်းက သူ့ကို လွန်ခဲ့သည့်ဆယ်နှစ်ကျော်က ဓားအိမ်၏ သဲလွန်စကို ရှာဖွေရန် ပန်းငှက်ဈေးသို့ လိုက်ပို့ဖို့ ဖိတ်ကြားခဲ့သောကြောင့်ပင်။

ဝမ်လင်းသည် ဓားများကို ရောင်းချသော စျေးသည်များအား စီစစ်ခဲ့ပြီးပြီ ဖြစ်သည်။

ဈေးဆိုင်များအားလုံးတွင် ကိုယ်ပိုင် ဆိုင်နံပါတ်များ ရှိကြ၏။

ဝမ်လင်းနှင့်ကျိုးရီတို့က ဆိုင်နံပါတ် 83သို့ ရောက်လာကြသည်။

ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် တံခါးဝတွင် 'ဆယ်နှစ်ရွှေဆိုင်' ဟူသော စာတန်းပါ ပိုးဆိုင်းဘုတ်ကို တွေ့လိုက်ရသည်။

ပန်းငှက်ဈေးသည် လွန်ခဲ့သော ဆယ်နှစ်အတွင်း သိသိသာသာ ပြောင်းလဲလာသောကြောင့် ဆိုင်သည် ဤကာလအတွင်း နှစ်ကြာရှည်စွာ ရပ်တည်နိုင်ခဲ့သည်မှာ အမှန်တကယ်ပင် ချီးကျူးဖွယ်ကောင်း၏။

ဝမ်လင်းသည် ကျိုးရီ၏ အနောက်ကနေ လိုက်သွားခဲ့သည်။

သူက အပြာရောင် ခေါင်းစွပ် ဆွယ်တာအင်္ကျီကို ၀တ်ဆင်ထားပြီး အိတ်ကပ်ထဲတွင် လက်ထည့်ထားသည်။

သူ့မျက်နှာပေါ်ရှိ ဟန်အမူအရာ ကင်းမဲ့မှုက သူ့ကို မပျော်မရွှင် ဖြစ်နေသည့်ပုံ ပေါက်စေသည်။

သို့သော် အမှန်တရားမှာ ဤသည်က သူ၏ ပုံမှန်အသွင်အပြင်သာ ဖြစ်သည်။

ကျိုးရီအတွက် သူ့ဆရာ ဒေါသထွက်မထွက် သိရန်မှာ အရမ်းလွယ်ကူ၏။

သူ့ဆရာ၏ ခံစားချက်မဲ့ ငါးမသာမျက်လုံးများ ကျုံ့သွားခြင်း ရှိမရှိကို ကြည့်ရန်သာ လိုအပ်သည်။

ထိုမျက်လုံးများ ကျုံ့သွားလျှင် သူ့ဆရာ ဒေါသထွက်နေသည်ဟု အဓိပ္ပါယ်ရ၏။

သူ့ဆရာ၏ ဒေါသကို ပြေပျောက်စေရန်အတွက် ထိုကဲ့သို့အချိန်မျိုးတွင် ခေါက်ဆွဲခြောက်ကြော်များကို ပြင်ဆင်ရပေမည်။

ခေါက်ဆွဲခြောက်ကြော်ကို ဝမ်လင်း၏ မျက်လုံးများ ကျုံ့သွားသည့် အတိုင်းအတာပေါ် မူတည်၍ အသုံးပြုရမည် ဖြစ်၏။

ခေါက်ဆွဲခြောက်က သူ့ဆရာ၏ မျက်လုံးများကို ပုံမှန်ပြန်ဖြစ်အောင် လုပ်နိုင်သည့် တစ်ခါတည်းသောအရာဟု ကျိုးရီ ခံစားမိသည်။

"မင်္ဂလာပါသူဌေး.. ဘာအလိုရှိပါသလဲ"

ကျိူးရီက ပုံမှန်အတိုင်း သူ့အလုပ်ဝတ်စုံကို ၀တ်ဆင်ထား၍ အထက်တန်းစား တစ်ယောက် ပုံစံပေါက်နေသည်။

"ကျနော်တို့ သူဌေးက ကိစ္စတစ်ခုနဲ့ အပြင်ခဏ ထွက်သွားတယ်.. ခဏနေ ပြန်ရောက်မှာပါ.. ကျနော့် နာမည်ကတော့ လင်ဟွမ်ပါ.. ဒီဆိုင်က ဆိုင်အကူဝန်ထမ်းပါ"

ကျိုးရီ နှင့် ဝမ်လင်း တို့သည် ယနေ့အတွက် သူတို့ဆိုင်၏ ပထမဆုံး ဖောက်သည်များ ဖြစ်သောကြောင့် လင်ဟွမ်က အလွန်ပျော်ရွှင်စွာ ပြုံးနေခဲ့သည်။

ဝမ်လင်းက ဆိုင်ကို အကဲခတ်ပြီးနောက် မှော်ပညာနှင့် ပတ်သက်သည့် ပစ္စည်းများကို အထူးပြုလုပ် ရောင်းချသည့် ဆိုင် ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ဆိုင်ထဲတွင် မကောင်းဆိုးဝါးနှင် ပစ္စည်း အမျိုးမျိုးကို နံရံများ သို့မဟုတ် ဗီဒိုများတွင် စီတန်းကာ ပြသထားသည်။

စာသင်နှစ် စစချင်းတွင် ဆရာမဖန်၏ တာအိုအစီအရင် အတန်းချိန်၌ တစ္ဆေသရဲများကို ဆင့်ခေါ်ခြင်းနှင့် နှင်ထုတ်ခြင်းဆိုင်ရာ အခြေခံနည်းစနစ်များ သင်ပေးခဲ့သည်ကို ဝမ်လင်း မှတ်မိသေးသည်။

စင်စစ် ဆရာမဖန် သင်ကြားပေးခဲ့သည်မှာ အပေါ်ယံလောက်သာ ဖြစ်၏။

ရွှေအမြူတေ တက္ကသိုလ်များတွင်မူ တစ္ဆေသရဲများ ခေါ်ယူခြင်းနှင့် နှင်ထုတ်ခြင်းကို အထူးပြုသည့် မကောင်းဆိုးဝါးနှင် မေဂျာဘာသာရပ် ရှိသည်။

“ကျနော်တို့ဆိုင်က ပန်းဌက်စျေးထဲမှာ ပစ္စည်းမှန် စျေးမှန်တဲ့ ဆိုင်ပါ.. မင်းတို့ကို အတိုချုံးပြီး မိတ်ဆက်ပေးပါရစေ"

ဆိုင်အကူ လင်ဟွမ်သည် အလွန်ဖော်ရွေသော အမူအရာဖြင့် ကောင်တာရှေ့မှ ပစ္စည်းများကို ညွှန်ပြလိုက်သည်။

"မက်မွန်သစ်သားဓား၊ အဝါရောင် အစီအရင်စာရွက် ၊ သစ်သားငါးရုပ်နဲ့ ဖန်ခွက်နဲ့ အုပ်ထားတဲ့ ဖယောင်းတိုင်ကို တွေ့လား.. အဲဒီပစ္စည်းတွေကို ဘုရင်ကြီးက သွေးစုပ်ဖုတ်ကောင်တွေကို ထိန်းချုပ်ရာမှာ အဲဒီတုန်းက အသုံးပြုခဲ့တယ်.. အခုခေတ်မှာ အသုံးမပြုတော့ပေမယ့် ကျနော်တို့ ဆိုင်ရှင်က အဲဒါတွေကို စျေးကြီးပေး ပြန်ဝယ်ပြီး ကျနော်တို့ဆိုင်ရဲ့ ဂုဏ်ကျက်သရေ ပစ္စည်း အဖြစ် ပြသထားခဲ့တယ်"

"ပြန်ရောင်းမလား"

ကျိုးရီက မျက်ခုံးပင့်၍ မေးလိုက်သည်။

“မရောင်းပါဘူး”

လင်ဟွမ်က ခေါင်းခါလိုက်ပြီး "ကျနော် တို့ဆိုင်ရဲ့ အဖိုးတန်ဆုံးရတနာက ရောင်းဖို့ မဟုတ်ပါဘူး" ဟု ဖြောင့်မတ်သောအမူအရာဖြင့် ပြောလိုက်သည်။

"HNY ဆယ်သန်း"

ကျိုးရီက စျေးပေးလိုက်သည်။

လင်ဟွမ် အသက်ခပ်ပြင်းပြင်း ရှူလိုက်သည်။

"WeChat... ဒါမှမဟုတ် Alipay ရှိလား"

ဝမ်လင်း“.........…”

ကျိုးရီ "မင်းရဲ့သမာဓိက ဘယ်မှာလဲ"

လင်ဟွမ် သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။

"အခုခေတ်မှာ သမာဓိနဲ့ အသက်မွေးဝမ်းကြောင်းပြုပြီး ဘယ်လို ရပ်တည်နိုင်မှာလဲ"

"ဆိုင်မှာ မင်း သူဌေးကလွဲရင် မင်းတစ်ယောက်တည်း ရှိတာလား"

ကျိုးရီ မေးလိုက်သည်။

ကောင်လေး၏ စိတ်အားထက်သန်မှုကို မထိခိုက်စေချင်၍ ကျိုးရီက သူ့အိတ်ကပ်ထဲမှ HNY ငါးရာကို မုန့်ဖိုးအဖြစ် ပေးလိုက်သည်။

လင်ဟွမ်က မုန့်ဖိုးရပြီးနောက်တွင် လေသံ ပြောင်းသွားခဲ့သည်။

"ဟီးး.. ဟုတ်တယ် ကျနော်တစ်ယောက်ပဲရှိတာ.. ကျနော် ဒီမှာလုပ်နေတာ အတော်ကြာပြီ.. ကျနော်က သူဌေးရဲ့ တစ်ဦးတည်းသော ဆိုင်အကူပဲ.. သူဌေးက အရမ်းအလုပ်များတယ်.. ပုံမှန်အားဖြင့်တော့ မကောင်းဆိုးဝါးနှင်ဖို့ အတွက် အပြင်ထွက်သွားလေ့ ရှိတယ်”

ကျိုးရီက ခေါင်းညိတ်လိုက်ပြီး သူ့အိတ်ကပ်ထဲရှိ ဖုန်းထဲမှ ကျင့်ခယ်၏ ဓာတ်ပုံကို ပြလိုက်သည်။

“ဒီမက်မွန်သစ်သားဓားကို မင်းမြင်ဖူးလား.. လွန်ခဲ့တဲ့ ဆယ်နှစ်က မင်းတို့ဆိုင်ကပဲ ဝယ်ခဲ့တာ"

ကျိုးရီ၏စကားကို ကြားလျှင် လင်ဟွမ်၏ မျက်နှာက ချက်ချင်းပင် ပြောင်းလဲသွားသည်။

“ဆယ်နှစ်လား… အဲဒါဆို သူ့ရဲ့ အာမခံချက် ပြီးသွားပြီလေ.. ကျနော်တို့ ဆိုင်ရဲ့ မူဝါဒအရတော့ ကုန်ပစ္စည်းတွေကို ဝယ်ယူပြီး ဆယ်မိနစ်အတွင်း ပြန်မလဲပေးတော့ဘူး.. မမျှော်လင့်ထားတဲ့ ပျက်စီးမှုတွေ အတွက်ကတော့ မတော်တဆမှု တစ်ခု ဖြစ်ကြောင်း သက်သေပြပေးဖို့ လိုအပ်တယ်”

“…..........”

ဝမ်လင်း နှင့် ကျိုးရီက အသက်ရှုပင် ကြပ်သွားသည်။

ကျိုးရီ "ပြန်လဲဖို့ ငါဒီလာတာ မဟုတ်ဘူး.. ဒီမက်မွန်သစ်သားဓား ဘယ်က လာတာလဲလို့ မေးချင်တာပါ.. မင်းတို့ဆိုင်က ဒီဓားကိုရောင်းတဲ့ဆိုင် ဆိုတော့ ဓားရဲ့ဇစ်မြစ်ကို သိချင်လို့ပါ.. အဲဒီဓားကို ဝယ်တုန်းက ဓားအိမ် မပါဘူးလေ.. အဲဒါကြောင့်ဓားအိမ်ရဲ့ သဲလွန်စကို ရှာနေတာပါ"

"ဒါပဲလား"

လင်ဟွမ်က သက်ပြင်းချကာ မျက်မှောင်ကြုတ်လိုက်သည်။

“လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကဆိုရင် ကျနော်တို့ဆိုင်က ထုတ်ကုန်တွေကို ကုန်ပစ္စည်းဝယ်ယူမှုနှင့် ရောင်းချမှုတွေ အတွက် ပြေစာ အားလုံးကို လက်ရေးနဲ့ပဲ မှတ်တမ်းတင်ခဲ့တယ်"

"လွန်ခဲ့တဲ့ ဆယ်နှစ်က မင်းရဲ့ မက်မွန်သစ်သားဓားဟာ လူကြိုက်များတဲ့ ထုတ်ကုန်တစ်ခု ဖြစ်လိမ့်မယ်.. အဲဒီတုန်းက မက်မွန်သစ်သားဓားရှည်တွေဟာ ကျန့်ယင်ရဲ့ ကျေးဇူးကြောင့် အရမ်းရောင်းရခဲ့တယ်.. အဲဒီအချိန်က မက်မွန်သစ်သားဓားကောင်းတစ်လက်ရဲ့ စျေးနှုန်းက စျေးကွက်ထဲမှာ မိုးလောက်ထိ မြင့်မားတယ်”

"မင်းမှာ လက်ရေးနဲ့ ရေးထားတဲ့ ပြေစာတွေ ရှိနေသေးလား

ငါကြည့်ချင်တယ်"

ကျိုးရီက တောင်းဆိုလိုက်သည်။

"ကံမကောင်းစွာပဲ လွန်ခဲ့တဲ့ငါးနှစ်က ကျွန်တော်တို့ဆိုင်မှာ မီးလောင်မှုကြီးဖြစ်ခဲ့ပြီး ကျွန်တော်တို့လက်ရေးနဲ့ ရေးထားတဲ့ ပြေစာတွေအားလုံး မီးလောင်သွားခဲ့တယ်"

လင်ဟွမ်က ကျိုးရီ ပြသသည့် ဓာတ်ပုံကို အသေအချာ ကြည့်လိုက်သည်။

“ဒီမက်မွန်သစ်သားဓားက ဟိုတုန်းက ရောင်းတဲ့ ဒီဇိုင်းပုံစံပဲ.. ကျွန်တော်တို့ ဂိုဒေါင်ဟောင်းမှာ ဓားအိမ်တချို့ ကျန်နေဦးမယ်တယ်.. မင်းလိုချင်ရင် ငါသွားကြည့်ပေးပါ့မယ်"

"မက်မွန်သစ်သားဓားတစ်လက်ရဲ့ စျေးနှုန်းက 998 HNYလား"

ကျိုးရီ မေးလိုက်သည်။

လင်ဟွန်"ဒါက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က စျေးနှုန်းပါ.. အခုက 9.9 HNY ပဲ ရှိတော့တယ်"

ဝမ်လင်း “…..........”

ကျိုးရီ “….........”

လင်ဟွမ် “ဒီဘက်ခေတ်မှာတော့ မက်မွန်သစ်သားဓားတွေက မူကြိုကစားစရာတွေ ဖြစ်ကုန်ပါပြီ.. အခြေခံအားဖြင့် မူလတန်းနဲ့ အလယ်တန်းကျောင်းတွေမှာ ကလေးတွေကို ဝိညာဉ်ဓားတွေ စိတ်ဝင်စားလာစေဖို့ အတွက် သင်ထောက်ကူပစ္စည်းတွေ အဖြစ် ရောင်းချကြတယ်”

လင်ဟွမ် ရှင်းပြနေစဉ်မှာပင် လူလတ်ပိုင်းအရွယ် ဦးလေးကြီး တစ်ယောက်သည် ဆိုင်ထဲသို့ ဝင်လာသည်။

ထိုလူက ဝက်ဝံကြီးကဲ့သို့ ကိုယ်လုံးကိုယ်ထည် ကြီးမားကာ အလွန် အရပ်ရှည်သည်။

ထိုလူ၏ အရိပ်က ဝမ်လင်းကို လုံးဝ ဖုံးလွှမ်းသွားခဲ့၏။

"သူဌေး"

လင်ဟွမ်က လူထွားကြီးကို နှုတ်ဆက်လိုက်သည်။

သူဌေးပြန်လာသည်ကိုမြင်လျှင် ကျိုးရီက သူဌေးကို မေးခွန်း မေးရန် ပြင်လိုက်သည်။

သို့သော် သူဌေးက ကျိုးရီကို မြင်လိုက်သည့် အခိုက်အတန်တွင် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားလိမ့်မည်ဟု မည်သူသိနိုင်ပါမည်နည်း။

သူဌေး "သေတာပဲ.. ရဲအရာရှိဟ"

ကျိုးရီ "???"

ဝမ်လင်း“…..........”

ထို့နောက်တွင် သူဌေးသည် သံမဏိအမြောက်ကဲ့သို့ မြန်ဆန်သောလက်သီးတစ်လုံးကို ကျိုးရီ၏ မျက်နှာဆီသို့ ပစ်သွင်းလိုက်သည်။

"ငါ့ကို ကူညီစေချင်လား"

ဝမ်လင်းက ကျိုးရီကို စူးစိုက်ကြည့်ကာ စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။

"ဒီလိုအသေးအမွှား ကိစ္စလေးအတွက် ဆရာ့ကို အကူအညီတောင်းဖို့ မလိုအပ်သေးပါဘူး"

ထို့နောက်တွင် ကျိုးရီက မာန်သွင်းလိုက်ပြီး ရှေ့ကို ​ခြေလှမ်းလိုက်သည်နှင့် သူ့သွေးကြောများသည် မြေသန်ကောင်များကဲ့သို့ ဖောင်းကားလာပြီး သူ့ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင် စီးကြောင်းများနှင့် ပေါင်းစပ်ကာ ကောင်းကင်ယံတွင် ဧရာမ ရက်ကွန်းဌက်ပုံသဏ္ဍာန် အမှန်တကယ် ဖြစ်ပေါ်လာခဲ့သည်။

"မေဘေးခွေးကို ဆော်ပလော်တီးမဲ့ ရက်ကွန်း အတိုင်းအဆမဲ့ လက်သီး"

သူက သူဌေး၏ လက်သီးကို ပိတ်ဆို့ရန် ရက်ကွန်းကို ဝိညာဥ်ချီဖြင့် ဖန်တီးပြီးနောက် ကြွေးကြော်လိုက်သည်။

ဝမ်လင်းက ကောင်းကင်ယံမှ ရက်ကွန်းငှက်ကို စူးစိုက်ကြည့်ပြီးနောက် လက်ခုပ်မတီးဘဲ မနေနိုင်တော့ပေ။

သူ ကိုယ်တိုင်ဖန်တီးထားသည့် ဤဘောင်ဆင် နည်းစနစ်က အလွန်မိုက်သည် မဟုတ်ပါလော။

အပိုင်း(၈၉၇) ပြီး၏

All Chapters