← Chapters

မကောင်းဆိုးဝါးနှင်ပြိုင်ပွဲ

Vol. 60 Ch. 898

မကောင်းဆိုးဝါးနှင်ပြိုင်ပွဲ

Vol. 60 Ch. 898

သူဌေးသည်လည်း ကျိုးရီ၏ "မေဘေးခွေးကို ဆော်ပလော်တီးမဲ့ ရက်ကွန်း အတိုင်းအဆမဲ့ လက်သီး" ထိုးချက်ကြောင့် မှင်တက်သွားခဲ့သည်။

ဝမ်လင်းအတွက်မူ သူ့တပည့် ဖြစ်သည့် ကျိုးရီသည် မျှော်လင့်ထားသည့်အတိုင်းဟုပင် ပြောနိုင်သည်။

ကျိုးရီက အမှန်တကယ်ပင် အလားအလာရှိသော ပါရမီရှင် တစ်ဦး ဖြစ်သည်။

ကျိုးရီကို သူ့တပည့်အဖြစ် လက်ခံခဲ့သည်က အချည်းနှီးမဖြစ်ခဲ့ပေ။

ဆိုင်ရှင်က သူ့လက်သီးကို ကျိုးရီ ပိတ်ဆို့ထားကြောင်း သိလိုက်ရသောအခါတွင် အံ့အားသင့်သွားခဲ့သည်။

သူက လက်ဦးအောင် ပထမဆုံး တိုက်ခိုက်ခဲ့သော်လည်း တစ်ဖက်သား၏ တုံ့ပြန်မှုသည် အလွန်လျင်မြန်နေ၏။

သူ၏ အစွမ်းအစကို အပြည့်အဝ မပြခင်မှာပင် တဖက်လူက သူ့ကို တားဆီးပြီးသား ဖြစ်နေသည် မဟုတ်ပါလား။

တကယ်တမ်းတွင် ကျိုးရီသည် ဆိုင်ရှင်လောက် မသန်မာပေ။

သူ၏ ခွန်အားက ဝမ်လင်း သူ့ကိုပေးထားသည့် ပစ္စည်းကြောင့်သာ ဖြစ်သည်။

စင်စစ် ကျိုးရီ ဝတ်ထားသည့် သားရေလက်အိတ်သည် သာမန်အရာ မဟုတ်ပေ။

ဝမ်လင်းက သူ့မိသားစု၏ "သားရေဆိုဖာစစ်စစ်"မှ သားရေဖြင့် ထိုလက်အိတ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သူက သားရေဆိုဖာကိုလည်း ဉာဏ်အလင်းပေးခဲ့သည်။

ယခုအခါတွင် ဆိုဖာသည် ၎င်း၏သားရေကို အလိုအလျောက် ပြန်လည်ထုတ်လုပ်နိုင်စွမ်း ရှိနေပြီ ဖြစ်သောကြောင့် ဝမ်လင်းအတွက် သားရေပစ္စည်းအချို့ကို ဖြတ်တောက်သည်က ကိစ္စ ကြီးကြီးမားမား မဟုတ်တော့ပေ။

သို့သော် သားရေပြန်ပေါက်ဖို့ အချိန်ယူရသည့်အတွက် ဝမ်လင်းသည် ​​မထင်မရှား နေရာမှ အပိုင်းတစ်ပိုင်းသာ ဖြတ်ထုတ်နိုင်ခဲ့၏။

ထိုသို့မလုပ်လျှင် ဖေဖေဝမ်က သူ့ကို ဗျင်းလိမ့်မည် ဖြစ်သည်။

ဆိုင်ရှင်က ချွေးစေးများ ထွက်လာသည်။

သူက ဦးအောင်တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ရဲအရာရှိကို တိုက်ခိုက်သည်က အပြစ်ရှိမှန်း သူသိသည်။

သူက ကျိုးရီကို ပြင်းပြင်းထန်ထန်ပင် စိုက်ကြည့်လိုက်သည်။

"စျေးပြောလိုက် ရဲသားကြီး.. မင်းဘယ်လောက် လိုချင်လဲသာပြောလိုက်"

"နားလည်မှုလွဲနေပြီထင်တယ်.. ငါ ဒီကိုလာတာ ပိုက်ဆံအတွက် မဟုတ်ဘူး"

ကျိုးရီက ဆိုင်ရှင် သူ့ကို နားလည်မှုလွဲနေပြီဟု ခံစားမိလိုက်သည်။

“ငါရဲ့ အမှားကို ငါသိတယ်.. စိတ်မြန်လွန်းပြီး အရာရှိတစ်ယောက်ကို တိုက်ခိုက်ခဲ့တယ်.. မင်းလိုချင်သလောက် ငါပေးမယ်.. ငါတို့တွေ အေးအေးဆေးဆေး ဖြေရှင်းလိမင်းလိုချင်သလိုက်ရအောင်ျွေးများပင် ထွက်လာသည်။

"ငါ ရဲ မဟုတ်ပါဘူး... မင်း တစ်ယောက်ယောက်နဲ့ မှားနေပြီထင်တယ်"

"မင်းက ရဲ မဟုတ်ဘူးလား"

ဆိုင်ရှင်က မယုံသင်္ကာဖြစ်ကာ ကျိုးရီကို သံသယရှိသော အမူအရာဖြင့် ကြည့်လိုက်သည်။

“လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က နတ်ဆိုးတွေ သောင်းကျန်းစဥ်မှာ နတ်ဆိုးဘုရင်ကို အနိုင်ယူခဲ့တာ မင်း မဟုတ်လား.. လွန်ခဲ့တဲ့ လများစွာက မိစ္ဆာအင်ပါယာ ကွာဖီကို ဖမ်းမိခဲ့သူကလဲ မင်းပဲ မဟုတ်လား.. မင်းကြောင့် အကြီးမားဆုံး အမှောင်အင်အားစုဖြစ်တဲ့ အင်မော်တယ်စံအိမ် ပြိုကွဲသွားခဲ့တယ်.. ဒါ့အပြင် မိစ္ဆာဓားနတ်ဘုရားကို ဖမ်းဆီးရာမှာလည်း မင်းက အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်.. မင်းရုပ်ကြီးကို တီဗီမှာ ခဏခဏတွေ့ဖူးနေတာမို့ ငါမမှားနိုင်ဘူး ထင်တယ်"

ဝမ်လင်း “..........…”

ကျိုးရီ “…..........”

ကျိုးရီက ဖြေရှင်းရခက်ပြီဟု ခံစားခဲ့ရသည်။

ဆိုရလျှင် သူက ရဲအရာရှိ မဟုတ်ပေ။

သို့သော် ထိုလူ​ပြောသည့်သူများကို ဖမ်းမိခဲ့သူ ဖြစ်သည်။

ကျိုးရီက သူ့နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်ပြီး ရှင်းပြရန် နည်းလမ်းမရှိသလို ခံစားလိုက်ရသည်။

ယခုခေတ်တွင် ရှင်းမပြနိုင်သည့် အရာတွေ များလွန်း၍ မြစ်ဝါမြစ်ပင် အဝါရောင် ပြောင်းလဲနေပြီ မဟုတ်လော။

“ငါက ရဲအရာရှိ မဟုတ်ပါဘူး.. ပညာရေးဌာနရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ကျင့်ကြံခြင်း ကျောင်းပေါင်း ၁၀၀ အထွေထွေအုပ်ချုပ်ရေးရုံးမှာ အလုပ်လုပ်တာပါ.. ငါ ဒီနေ့လာတာ ပြဿနာရှာဖို့လည်း မဟုတ်ပါဘူး.. လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က မက်မွန်သစ်သားဓားနဲ့ ပတ်သက်တဲ့ ဓားအိမ် အကြောင်းကို မေးချင်လို့ပါ”

ထိုစကားကိုပြောရင်း ကျိုးရီက သူ့ဖုန်းထဲမှ ဓာတ်ပုံကို ပြလိုက်သည်။

ဆိုင်ရှင်က စခရင်ကို စိုက်ကြည့်နေခဲ့သည်။

မက်မွန်သစ်သားဓား၏ ဓာတ်ပုံများ ကျန်ရှိနေသေးသည်ဟု သူထင်သောကြောင့် တစ်ဖက်သို့ ပွတ်ဆွဲလိုက်ရာ ကျိုးရီ၏ ဆယ်လ်ဖီပုံနှင့် ဆီလီကွန် လူသား အရုပ်တစ်ရုပ်ကို ရုတ်တရက် မြင်လိုက်ရသည်။

ထို့အပြင် အရုပ်က ဆိုင်ထဲရှိ အခြား လူငယ်တစ်​ယောက်နှင့် ဆင်တူ၏။

ဆိုင်ရှင်က မှင်တက်သွားပြီး တစ်ခုခုကို သဘောပေါက်လိုက်သည်။

သူက ပထမ ဓာတ်ပုံဘက်ကို အမြန်ပြန်လှည့်လိုက်ပြီး ဘာမှမမြင်ခဲ့သလို ဟန်ဆောင်လိုက်သည်။

ယနေ့ခေတ်တွင် လျှို့ဝှက်ချက်များစွာကို သိလိုက်ရခြင်းသည် သေလောက်သည်အထိ အန္တရာယ်ရှိသည် မဟုတ်ပါလား။

ဆိုင်ရှင်က အသက်ခပ်ပြင်းပြင်းရှူကာ ရှင်းပြလိုက်သည်။

“အင်း.. ဒီဓားကိုရောင်းတဲ့ဆိုင်က ငါ့ဆိုင်အမှန်ပဲ.. ငါမှတ်မိသေးတယ်.. အဲဒီ မက်မွန်သစ်သားဓားကို 998 HNYနဲ့ ရောင်းလိုက်တာလေ.. ဟုတ်တယ်မလား"

ဝမ်လင်း နှင့် ကျိုးရီတို့ နှစ်ဦးစလုံးက ဆိုင်ရှင်၏ မှတ်ဉာဏ်ကို အံသြသွားကြသည်။

ဤသူဌေးက လွန်ခဲ့သော ဆယ်နှစ်ကျော်က ရောင်းထုတ်လိုက်သည့် ပစ္စည်း၏ စျေးနှုန်းကို အတိအကျ သိနေဆဲပင်။

ကျိုးရီ "သူဌေး.. မင်းဘယ်လိုလုပ် သေချာပြောနိုင်တာလဲ.. လင်ဟွမ် ပြောတော့ ဆိုင်က ပြေစာတွေ အားလုံး မီးလောင်ပြီး ပျောက်သွားတယ်ဆို”

“မမှားလောက်ပါဘူး.. ဘာလို့လဲဆိုတော့ ဒီဓားကို လွန်ခဲ့တဲ့ ဆယ်နှစ်က ဘက်ဂျက်နည်းနည်နဲ့ ငါကိုယ်တိုင် ပြုလုပ်ခဲ့လို့ပဲ..

ရောင်းချထားတဲ့ ပြေစာ ပျောက်သွားပေမဲ့လည်း ဒီသစ်သားဓား ပုံစံကို အမှတ်ရနေဆဲပဲ"

ဆိုင်ရှင်က ဓာတ်ပုံကို ဝမ်းနည်းကြေကွဲစွာကြည့်ရင်း ပြောလိုက်သည်။

"ဒီဓားက ငါ့ရည်းစားကို အချစ်သင်္ကေတ အဖြစ် ဟိုတုန်းကပေးဖို့ လုပ်ထားတဲ့ပစ္စည်းပဲ.. ဓားကို ထုလုပ် ပြီးစီးတာနဲ့ သုံးရက်အကြာမှာ ဖူပိုင် မြစ်ကမ်းဆီ သူမကို ချိန်းဆိုလိုက်တယ်.. ဒါပေမယ့် သူမက ချိန်းဆိုတဲ့နေရာကို မလာခဲ့ဘူး.. ဒါတင်မကသေးပါဘူး.. သူမ အဲဒီနေ့ကစပြီး လုံးဝ ပေါ်မလာတော့ဘူး"

ထိုစကားကိုကြားလျှင် ဝမ်လင်း နှင့် ကျိုးရီက နှုတ်ဆိတ်သွားခဲ့သည်။

ကြည့်ရသည်မှာ ဆိုင်ရှင်တွင်လည်း ဇာတ်လမ်းတစ်ပုဒ် ရှိပုံရ၏။

ဆိုင်ရှင် “ငါ ရှင်းရှင်းလင်းလင်း မှတ်မိသေးတယ်.. သူမ ပေါ်မလာတဲ့အခါ ငါ သူမကို အကြာကြီး လိုက်ရှာနေမိတယ်.. အဲဒီအချိန်မှာ အတော်လေး စိတ်ဓာတ်ကျနေတာမို့ 998 HNY နဲ့ စျေးချိုချို ထားပေးပြီး ရောင်းလိုက်တာပါ.. ဒီဓားက မက်မွန်သစ်သားနဲ့ ပြုလုပ်ထားပေမဲ့ အရည်အသွေး အကောင်းဆုံးဓားတစ်လက်ပဲ.. အဲဒီခေတ်က မက်မွန်သစ်သားဓားရှည်တွေက တအား အရောင်းလိုက်တယ်.. ကုန်သည်တွေက အမြတ်ပိုကျန်ပြီး သစ်သားကုန်ကျစရိတ် သက်သာဖို့အတွက် မက်မွန်သစ်သားဓားရှည်တွေကို အခေါင်းပေါက်မှာ သဲတွေနဲ့ ဖြည့်ကြတယ်”

ဝမ်လင်း နှင့် ကျိုးရီ “…..........”

ဆိုင်ရှင်က ကျိုးရီကို ဖုန်းပြန်ပေးလိုက်သည်။

"ဒါနဲ့ ဘာလို့ ဒီဓားအကြောင်းကို မေးတာလဲ"

"သူ့ရဲ့ဓားအိမ်ကို ရှာချင်လို့ပါ"

“ငါ ဓားအိမ်ကို တစ်နေရာမှာ သိမ်းထားတယ်.. ငါနဲ့ စေ့စပ်ထားတဲ့ မိန်းကလေးက လက်သမား အတတ်ပညာ တတ်တယ်လေ.. သူမက ဓားအိမ်လုပ်ပြီး ငါက ဓားကို လုပ်ခဲ့တယ်.. ဒီနှစ်ခု ပေါင်းစပ်လိုက်မှသာလျှင် မက်မွန်သစ်သားဓားက ပြီးပြည့်စုံမှာ ဖြစ်တယ်.. ဒါက ငါတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာသင်္ကေတပဲ.. ဒါနဲ့ မင်းတို့က ဓားအိမ်ကို ဝယ်ချင်လို့လား"

ဆိုင်ရှင်က လက်ကို ဝှေ့ယမ်းသည်။

“နှစ်တွေ အတော်ကြာပြီးနောက်မှာ ငါ့မိန်းကလေးနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရခဲ့ဘူး.. ဒါကြောင့် ဓားအိမ်ကို ထိန်းသိမ်းထားရတာလည်း အဓိပ္ပါယ် မရှိတော့ပါဘူး.. ငါ မင်းတို့ကို အလကားပေးလို့တောင် ရတယ်.. ဒါပေမယ့် ငါ့မှာ တောင်းဆိုစရာ အခြေအနေတစ်ခုတော့ ရှိတယ်"

ကျိုးရီက ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်သည်။

"ပြောကြည့်လေ သူဌေး"

“ဒီနှစ်ပိုင်းမှာ စီးပွားရေးကျလာတဲ့ အတွက် ငါ့ဆိုင်က သိပ်မကြာခင် ပိတ်ရတော့မယ်.. မင်းတို့သိလား.. ငါ့ဆိုင်နံပါတ် 83 က ပန်းငှက်ဈေးမှာ သက်တမ်းအရင့်ဆုံးပဲ”

ဆိုင်ရှင် “ဒါက လွယ်လွယ်နဲ့ စွန့်လွှတ်လို့ မရနိုင်တဲ့ မိသားစု အမွေအနှစ် တစ်ခုလိုပဲ.. ဒါကြောင့် ဒီနှစ်အတွက် မကောင်းဆိုးဝါးနှင် ပြိုင်ပွဲမှာ ဝင်နွှဲဖို့ ငါ စာရင်းသွင်းခဲ့တယ်..

အဲဒီပြိုင်ပွဲမှာ ငါ့ဆိုင်ကို အဆနှစ်ဆယ်ချဲ့ပြီး အဆတစ်ရာ ပြန်မွမ်းမံဖို့ လုံလောက်တဲ့ ဆုတစ်ခု ရှိတယ်"

ကျိုးရီ"ဒါဆို.."

“ဒီနှစ် မကောင်းဆိုးဝါးနှင် ပြိုင်ပွဲကို ဝင်နွှဲမဲ့ သူတွေထဲမှာ အတွေ့အကြုံရှိတဲ့ သူတွေ အများကြီး ပါဝင်နေတယ်.. အမှန်အတိုင်း ဝန်ခံရရင် ငါ့အတွက် အနိုင်ရဖို့ အခွင့်အလမ်းက အရမ်းနည်းလွန်းတယ်.. ငါမင်းကို မကောင်းဆိုးဝါးနှင် ပြိုင်ပွဲမှာ ငါနဲ့အတူ ပါဝင်စေချင်တယ်.. မိစ္ဆာအင်ပါယာကွာဖီ၊ အင်မော်တယ် စံအိမ်သခင်နဲ့ မိစ္ဆာဓားနတ်ဘုရားကို ဖမ်းနိုင်ခဲ့တာကြောင့် မင်းက အားမနည်းဘူးလို့ ငါယုံကြည်တယ်"

ထိုစကားကိုပြောပြီးနောက်တွင် ဆိုင်ရှင်က ဝမ်လင်းကို ကြည့်လိုက်သည်။

"မင်းရဲ့ အနောက်က ခပ်ချောချော ကောင်လေးက မင်းတပည့်လား.. ငါ့အထင် သူ့ရဲ့ အရည်အချင်းလည်း မဆိုးလောက်ဘူး.. မကောင်းဆိုးဝါးနှင် ပြိုင်ပွဲအတွက် စာရင်းသွင်းတဲ့ အဖွဲ့တွေက အဖွဲ့ဝင် လေးဦးစီ ရှိရမယ်.. အတော်ပဲ ငါတို့ လေးယောက်က အသင်းဖွဲ့ဖို့ ကွက်တိပဲ”

ဝမ်လင်း“…........”

ကျိုးရီ "သူဌေး.. ငါ တစ်ခုလောက် မေးလို့ရမလား.. မင်းနာမည်ဘယ်လိုခေါ်လဲ"

"ကျင့်ခယ်"

“….......”

"ကျင့်က ရွှေ.. ခယ်က ခရိုင်အကြီးအကဲ"

“…........”

အပိုင်း(၈၉၈) ပြီး၏

All Chapters