← Chapters

မကောင်းဆိုးဝါးနှင် ပြိုင်ပွဲတွင် အရေးပါသူများ စုဝေးခြင်း

Vol. 60 Ch. 900

မကောင်းဆိုးဝါးနှင် ပြိုင်ပွဲတွင် အရေးပါသူများ စုဝေးခြင်း

Vol. 60 Ch. 900

တနင်္ဂနွေ၊ သြဂုတ်လ ၂၇ရက်သည် နွေရာသီအားလပ်ရက်၏ ဆယ့်လေးရက်မြောက်နေ့ ဖြစ်သည်။

မကောင်းဆိုးဝါးနှင် ပြိုင်ပွဲကို မနက်ဖြန် သြဂုတ်လ ၂၈ ရက်နေ့တွင် တရားဝင် စတင်မှာ ဖြစ်၏။

မနေ့ညက အဖွဲ့များ ကိုယ်စီ ဖွဲ့ပြီးနောက်တွင် ပြိုင်ပွဲဝင်ဖို့ စာရင်းသွင်းရန်အတွက် လူတိုင်းက သဘောတူခဲ့ကြသည်။

စုန့်ဟိုင်ခေတ်မီ မကောင်းဆိုးဝါးနှင် ဌာနသည် ငှက်ကုလားအုတ်ဥနှင့်တူသော အဆောက်အဦး ဖြစ်ပြီး ၎င်းကို ဤနေရာ၌ တည်ဆောက်ရသည့် အကြောင်းရင်းလည်း ရှိသည်။

လွန်ခဲ့သော အနှစ်တစ်ထောင်က ကမ္ဘာမြေကြီးကို နှောင့်ယှက်ခဲ့သော တစ္ဆေသရဲကြီးသည် ခေတ်သစ် မကောင်းဆိုးဝါးနှင် ဌာန တည်ရှိရာ ဤနေရာ၌ နှိမ်နင်းခံခဲ့ရသည်ဟု အဆိုရှိသည်။

ဤကြီးကျယ်သော တစ္ဆေသရဲသည် လူသားအသွင် ဟန်ဆောင်နိုင်ပြီး မကြာခဏဆိုသလို သူ့ကိုယ်သူ ရေပိုက်ပြင် သမားအဖြစ် အသွင်ယူလေ့ရှိသည်။

၎င်းက လက်နက်အဖြစ် ခွရှင်ကို အသုံးပြုခဲ့သည်။

ထိုအချိန်တွင် ဝမ်လင်းတို့ အဖွဲ့သည် မကောင်းဆိုးဝါးနှင်ဌာန၏ ဝင်ပေါက်သို့ ရောက်ရှိလာသည်။

ဝမ်လင်းက အကဲခတ်လိုက်ရာ မကောင်းဆိုးဝါးနှင် ဌာန၏ ဧည့်ခန်းမ အလယ်တွင် မှန်ပုံးတစ်ပုံးကို တွေ့လိုက်ရသည်။

ထိုမှန်ပုံးထဲတွင် အစိမ်းရောင်သွေးများဖြင့် စွန်းထင်းနေသော ခွရှင်တစ်လက်ရှိသည်။

စင်စစ် ထိုလက်နက်သည် ထိုအချိန်က တစ္ဆေသရဲကြီး အသုံးပြုခဲ့သည့် လက်နက်ဖြစ်သည်။

အကြောင်းတစ်ခုခုကြောင့် ဝမ်လင်းက အနည်းငယ်ရင်းနှီးသလို ခံစားခဲ့ရ၏။

ကျိုးရီသည် လက်ထောက်ဒါရိုက်တာ ဘဝက အလုပ်ကိစ္စကြောင့် မကောင်းဆိုးဝါးနှင် ဌာနကို ရောက်ဖူးခဲ့သည်။

မကောင်းဆိုးဝါးနှင် ဌာနတွင် အလုပ်လုပ်သည့် အဆင့်နိမ့်ခေါင်းဆောင်တချို့သည် သူ့ကို ဖုန်းဆက်ပြီး သူတို့ကလေး၏ ကျောင်းကိစ္စနှင့် ပတ်သက်ပြီး အကူအညီတောင်းခဲ့သည်။

သို့သော် သူတို့၏ စကားပြောပုံက တောင်းဆိုတာထက် ခြိမ်းခြောက်မှုတစ်ခုလို ဖြစ်နေ၍ စိတ်မသက်မသာ ဖြစ်ခဲ့ရ၏။

၎င်းတို့က လက်ဆောင်များကိုပင် ထုတ်ယူပြီး ကျိုးရီ လက်ခံအောင် အတင်းအကျပ် လုပ်ခဲ့ကြသည်။

ကျိုးရီက သမာဓိရှိသူတစ်ဦးဖြစ်၍ တံစိုးလက်ဆောင်ပေးခြင်းကို လုံးဝ မယူခဲ့ပေ။

သူက ၎င်းတို့၏ တောင်းဆိုချက်များကို ပယ်ချခဲ့သည်။

ထိုအချိန်က မကောင်းဆိုးဝါးနှင်ဌာနမှ အဆင့်နိမ့်ခေါင်းဆောင်များသည် ဒေါသတကြီးဖြစ်ကာ အခြားသော ဌာနများမှ သူတို့၏ မိတ်ဆွေများမှတဆင့် ရာထူးမှ ထုတ်ပစ်မည်ဟုပင် ပြောခဲ့သည်ကို သူ မှတ်မိသေးသည်။

သို့ရာတွင် သူ့ကံကြမ္မာက ပြောင်းလဲသွားလိမ့်မည်ဟု မည်သူက ထင်မိမည်နည်း။

သူက ရာထူးမှအထုတ်မခံရသည့်အပြင် ဒါရိုက်တာရာထူးကိုပင် ရာထူးတိုးခံခဲ့ရသည်။

ထို့အပြင် ယခုအခါ သူသည် ဟွာရှို့မဟာမိတ် အဖွဲ့အစည်း၏ ကိုယ်စားလှယ်လည်း ဖြစ်သည်။

ယင်းအတွက်ကြောင့် ထိုအချိန်က ပြဿနာ လုပ်ခဲသော အဆင့်နိမ့်အရာရှိများသည် သူ့ကို မခြိမ်းခြောက်နိုင်တော့ပေ။

ဤလူများသည် သူ လက်တုံ့ပြန်မည် စိုးရိမ်သဖြင့် အခြားနေရာများသို့ ပြောင်းရွှေ့သွားလောက်ပြီဟု ကျိုးရီ တွက်ဆခဲ့သည်။

သူတို့က ဝင်ပေါက်တွင် ခဏစောင့်ခဲ့ကြသည်။

ခဏအကြာတွင် ဗုံးပစ်စီနီယာအင်မော်တယ် နှင့် ဖန့်ရှင်း ဦးဆောင်သော အဖွဲ့နှစ်ဖွဲ့လည်း အသီးသီး ရောက်ရှိလာကြသည်။

သို့သော် ၎င်းတို့က အချင်းချင်း စကားမပြောရန် တိတ်တဆိတ် သဘောတူညီမှု ရယူထားကြသည်။

ခေတ်မီ မကောင်းဆိုးဝါးနှင် ဌာနသို့ လာရောက်ရသည့် ရည်ရွယ်ချက်မှာ သူတို့ ရောက်ရှိလာကြောင်း အတည်ပြုရုံမျှသာ ဖြစ်သည်။

သူတို့၏ ရည်မှန်းချက်က ထိပ်ဆုံးနေရာ (၃)နေရာကို အရယူရန်သာ ဖြစ်၍ သူတို့ အချင်းချင်း အပြန်အလှန် ပြောဆိုဆက်ဆံနေပုံကို တခြားသူများ မြင်တွေ့စေရန် စိတ်ကူးမရှိပေ။

ထို့ကြောင့် ဤနေရာသို့ မရောက်မီတွင် ဗုံးပစ်စီနီယာအင်မော်တယ်သည် သူတို့၏ အသွင်အပြင်ကို ဖုံးကွယ်ရန် ဝမ်လင်း နှင့် ကျိုးရီ အပါအဝင် လူတိုင်းအတွက် မျက်နှာဖုံးများကို ပြင်ဆင်ပေးထားခဲ့သည်။

ဖက်တီးလောသည် ထိုမျက်နှာဖုံးများ ပြုလုပ်ရန် ညလုံးပေါက် အလုပ်လုပ်ခဲ့ရ၏။

မျက်နှာဖုံးတွင် အခြားသူများ၏ အမြင်အာရုံ ထောက်လှမ်းမှုကို တားဆီးနိုင်သည့် အလွှာပါဝင်သည်။

မျက်နှာဖုံးကို ဝတ်ထားလည်း အသွင်အပြင်ကို ဖျောက်ဖျက်၍ မရနိုင်သည့် တစ်ဦးတည်းသောသူမှာ ထွင်ထျန်းဟာ ဖြစ်၏။

ထွင်ထျန်းဟာက မျက်နှာဖုံးကို ၀တ်ဆင်ထားသော်လည်း လူ်များ မျက်စိကို ဖမ်းစားနိုင်သည့် အစိမ်းရောင် အမွေးများကြောင့် မျက်နှာဖုံးကို ​ဝတ်ထားလည်း အသုံးမ၀င်ခဲ့ပေ။

ထို့အပြင် နောက်ထပ် ဖုံးကွယ်၍မရသော အစိတ်အပိုင်းမှာ အမြီး ဖြစ်သည်။

ယင်းအတွက်ကြောင့် ထွင်ထျန်းဟာ အနေဖြင့် မျက်နှာဖုံးတပ်ဖို့ လိုအပ်မည် မထင်ပေ။

ဆိုရလျှင် ထွင်ထျန်းဟာသည် မကြာသေးမီက စပြီး လုံ့လစိုက်ထုတ် ကျင့်ကြံကာ လူသားအဖြစ်သို့ အသွင်ပြောင်းနိုင်ရန် ကြိုးစားခဲ့သည်။

ထွင်ထျန်းဟာက လူသားအသွင် ပြောင်းနိုင်ခဲ့လျှင် မည်သို့သောပုံစံ ရှိမည်ကို မည်သူက သိနိုင်ပါမည်နည်း။

တကယ်တမ်းတွင် မကောင်းဆိုးဝါးနှင် ပြိုင်ပွဲ၌ နှာခေါင်းစည်းတပ်သည်မှာ ပုံမှန်ကိစ္စပင် ဖြစ်သည်။

လူအများစုသည် ပရော်ဖက်ရှင်နယ် မကောင်းဆိုးဝါးနှင်သမားများ ဦးဆောင်သည့် အဖွဲ့များအဖြစ် ပါဝင်ခဲ့ကြသည်။ အဆိုပါ အဖွဲ့များတွင် ပါဝင်သော ကျင့်ကြံသူ အများစုမှာ ငှားရမ်းထားသော ယာယီဝန်ထမ်းများ ဖြစ်သည်။

ထုံးစံအတိုင်း သူတို့၏ အထောက်အထားများကို ဖုံးကွယ်ထားလေ့ ရှိ၏။

နောက်တစ်ချက်မှာ ဆုငွေက အမြောက်အများ ဖြစ်သောကြောင့် ကိုယ့်ကို ဘယ်သူမှမသိအောင် ကာကွယ်ခြင်းသည် သင့်ကို စိတ်အေးချမ်းသာစေမည် မဟုတ်ပါလား။

ယင်းက ထီပေါက်ပြီးနောက် ဆုလက်ခံယူဖို့ မျက်နှာဖုံးတပ်ထားရသလိုပင်။

"သူဌေးကျင့်.. ရှင်နောက်တစ်ကြိမ် စာရင်းသွင်းဦးမလို့လား"

စာရင်းသွင်းရန် တာဝန်ယူနေသော ကောင်တာမှ အမျိုးသမီးလေးသည် မကောင်းဆိုးဝါးနှင် စင်တာ၏ စီနီယာအလုပ်သမား တစ်ဦးလည်း ဖြစ်သည်။

သူဌေးကျင့်က ထိုအမျိုးသမီးကို ပြုံးပြလိုက်ပြီး လူလေးယောက်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပါဝင်သည့် ဖိုင်တွဲတစ်ခုကို ပေးလိုက်သည်။

ပုံမှန်အားဖြင့် စာရင်းသွင်းသည့် လုပ်ငန်းစဉ် တစ်ခုလုံးကို လျှို့ဝှက်ထားသည်။

ဒေတာကို စစ်ဆေးနေစဉ် အမျိုးသမီး၏ သွယ်လျသောလက်ချောင်းများသည် ကီးဘုတ်ပေါ်တွင် ကခုန်နေသော်လည်း စတုတ္ထလူ၏ အချက်အလက်ကို ကြည့်မိလိုက်သောအခါတွင်မူ သူမ မှင်တက်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤသည်က ဝမ်လင်း၏ ပရိုဖိုင် ဖြစ်နေခြင်းပင်။

"ဒီတစ်ယောက်က အသက်မပြည့်သေးဘူး မဟုတ်လား"

အမျိုးသမီးက သူဌေးကျင့်ကို အော်ပြောလိုက်ရာ ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော လူများ၏ အကြည့်များကို ဆွဲဆောင်သွားခဲ့သည်။

"သူဌေးကျင့်.. အကျင့်ပျက်ခြစားမှု ဌာနရဲ့ စည်းမျဉ်းတွေအရအရွယ် မရောက်သေးတဲ့ သူတွေကို မိဘ ဒါမှမဟုတ် သက်ဆိုင်ရာအာဏာပိုင်တွေဆီက ခွင့်ပြုချက် စာရွက်စာတမ်း မပါဘူးဆိုရင် ယှဉ်ပြိုင်ခွင့်မပြုပါဘူး"

"ငါ အဲဒါကိုသိပါတယ်"

သူဌေးကျင့်က သူမကိုကြည့်ကာ ချွေးများကို သုတ်၍ ပြောလိုက်သည်။

“အချက်အလက်တွေကို ပြန်စစ်ကြည့်ပါဦး”

အမျိုးသမီးက ဖိုင်တွဲကို အသေအချာ လှန်ကြည့်ပြီးနောက်တွင် ထောက်ခံချပ် စာရွက်စာတမ်း အမှန်တကယ် ပါရှိကြောင်း သဘောပေါက်သွားခဲ့သည်။

ထို့အပြင် ၎င်းက ကျောင်းပေါင်း100 အထွေထွေအုပ်ချုပ်ရေးရုံး၏ ထောက်ခံချက်ပင် ဖြစ်နေခဲ့သည်။

စာရွက်စာတမ်းတွင် ရုံး၏ တရားဝင် တံဆိပ်တောင် ပါဝင်၏။

“အိုး.. တောင်းပန်ပါတယ်.. စောနက မတွေ့မိလိုက်ဘူး”

မိန်းကလေးက အလျင်အမြန်ပင် တောင်းပန်လိုက်သည်။

မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ဒေတာအားလုံးကို စာရင်းသွင်းပြီး သွားခဲ့သည်။

အမျိုးသမီးက ဖိုင်တွဲကို သူဌေးကျင့်ထံ ပြန်ပေးလိုက်၏။

"ကံကောင်းပါစေ သူဌေးကျင့်.. အချိန်တိုအတွင်း နောက်ဆုံးထွက်ရှိမဲ့ စွန့်စားမှုအဆင့်စာရင်းကို ဖုန်းကနေ လက်ခံရရှိမှာ ဖြစ်တယ်.. နတ်ဆိုး နဲ့ တစ္ဆေသရဲတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အဖွဲ့နဲ့ ဆွေးနွေးထားလို့ရပါပြီ"

“မကောင်းဆိုးဝါးနှင် ဌာနက လုပ်ဆောင်ချက် အစီအစဉ်ကို သူဌေးကျင့်ရဲ့ ဖုန်းဆီ မက်ဆေ့ချ် ပေးပို့ပါ့မယ်.. မနက်ဖြန် ညသန်းခေါင်မှာ ပြိုင်ပွဲက တရားဝင် စတင်တော့မှာမို့ အသင်းသားတွေနဲ့အတူ ကြိုတင်ပြင်ဆင်ထားကြပါ”

"ကျေးဇူးတင်ပါတယ်"

သူဌေးကျင့်က ခေါင်းညိတ်လိုက်သည်။

ဖိုင်တွဲကို သိမ်းယူတော့မည့် အချိန်မှာပင် မကောင်းဆိုးဝါးနှင်သည့် အဖွဲ့ခေါင်းဆောင်တစ်ဦးက သူ၏ အသင်းဖော်များကို ဦးဆောင်ကာ သူဌေးကျင့်ဆီ လျှောက်လာသည်။

ထိုလူက သူဌေးကျင့် နှင့် အသက်အရွယ်တူသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး မေးစေ့ပေါ်တွင် မှဲ့ကြီးတစ်လုံးလည်းရှိကာ ထိုမှည့်မှ အနက်ရောင်ဆံခြည်မျှင် များစွာ ထွက်နေခဲ့သည်။

ထိုအမျိုးသားသည် မျက်နှာဖုံး မတပ်ထားပေ။

၎င်းက ဝါရင့် မကောင်းဆိုးဝါးနှင်သမား တစ်ဦး ဖြစ်ပုံရသည်။

"မတွေ့တာကြာပြီ သူဌေးကျင့်.. နေကောင်းရဲ့လား.. သူဌေးကျင့်က နောက်ဆုံး မကောင်းဆိုးဝါးနှင် ပြိုင်ပွဲကြီးတွေမှာ ဆက်တိုက် ရှုံးနိမ့်ခဲ့တယ်နော်.. ဒါတောင် လာပြိုင်သေးတယ်ဆိုတော့ အရှက်တရားက မလုံလောက်သေးလို့လား"

ထိုလူက စကားကို ကျယ်ကျယ် ပြောလိုက်သောအခါ လူအများအပြားက သူတို့ဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။

"အဲဒါ မစ္စတာဖန့်ပဲ"

"မစ္စတာဖန့်က ဘယ်သူလဲ"

"နောက်ဆုံးအကြိမ်က ကျင်းပတဲ့ မကောင်းဆိုးဝါးနှင် ပြိုင်ပွဲမှာ ဒုတိယရတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ.. မစ္စတာဖန့်က ဒီနယ်ပယ်မှာတော့ အတော်လေး နာမည်ကြီးတယ်"

လူအများအပြားက ဆွေးနွေးပွဲကို စတင်ခဲ့ကြသည်။

သူတို့၏ စကားကို ကြားလျှင် ဝမ်လင်းက သူဌေးကျင့် နဲ့ မစ္စတာဖန့်တို့၏ သမိုင်းကြောင်းကို သိလိုက်ရသည်။

မစ္စတာဖန့်သည် မနှစ်က သူဌေးကျင့်ကို မတရား အခွင့်ကောင်းယူခဲ့သည်။

သူဌေးကျင့်က တစ္ဆေသရဲ တစ်ကောင်ကို ရှာတွေ့ခဲ့ပြီး သတ်ပစ်ခါနီးတွင် မစ္စတာဖန့်က ဦးအောင်သတ်ပစ်ကာ လူလည်ကျခဲ့၏။

အားလုံးပြောပြီးနောက်တွင် ဝမ်လင်းသည် ယမန်နှစ်က ကျင်းပသည့် မကောင်းဆိုးဝါးနှင်ပြိုင်ပွဲကို မပါဝင်ခဲ့၍ မနှစ်က မည်သည့် အရာများ ဖြစ်ပျက်သွားလဲ ဆိုသည်ကို အတိအကျမသိခဲ့ပေ။

မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် သူဌေးကျင့်ကို ယခုနှစ်ပြိုင်ပွဲတွင် အနိုင်ရအောင် ကူညီရန်သာ လိုအပ်သည်။

သူဌေးကျင့်က မစ္စတာဖန့်နှင့် စကားပြောဖို့ စိတ်မ၀င်စားခဲ့ပေ။

သူက တစ်ဖက်လူကို မမြင်ဟန် ဆောင်ကာ ချက်ချင်းထွက်ခွာရန် စီစဉ်နေသော်လည်း မစ္စတာဖန့်က ဟန့်တားခဲ့သောကြောင့် ခြေတစ်လှမ်းသာ လှမ်းခွင့်ရခဲ့သည်။

မစ္စတာဖန့်က လှောင်ပြောင်သော အမူအရာဖြင့် ရယ်မောကာ ပြောလိုက်သည်။

"ဒီနှစ် သူဌေးကျင့်ရဲ့ အဖွဲ့မှာ ကလေးတစ်ယောက် ပါဝင်နေတယ်လို့ ငါကြားမိတယ်.. ငါတို့ရဲ့ သူဌေးကျင့်က ကလေးအလုပ်သမား သုံးရတဲ့ အထိ ဒုက္ခရောက်နေပြီလို့ ငါတကယ် မထင်ခဲ့မိဘူး…”

သူဌေးကျစ် မတုံ့ပြန်ခင်မှာပင် မစ္စတာဖန့် အပေါ်သို့ အင်အားကြီးမားသော ဝိညာဉ်ရေး ဖိအားက ကျဆင်းလာသည်။

ယင်းမှာ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ အမှုဆောင် အဖွဲ့ဝင်များ ဖြစ်သည့် ဗုံးပစ်စီနီယာ အင်မော်တယ်၊ ဖန့်ရှင်း၊ ငွေရောင်လေး၊ထွင်ထျန်းဟာ၊ကျိုးရီ၊အင်မော်တယ်ထုန်ရာ၊ချိုက်လျန်တို့၏ ဝိညာဉ်ရေးဆိုင်ရာ ပေါင်းစပ်မှုတစ်ခု ဖြစ်သည်။

မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးမှ လူတိုင်းသည် မစ္စတာဖန့်၏ စကားကို ကြားသောအခါတွင် ဒေါသအိုးပေါက်ကွဲသွားကြပြီး အထူးတလည် တိုင်ပင်မထားဘဲ ဝိညာဥ်ရေးဖိအားများကို ပြိုင်တူထုတ်သုံးမိခဲ့ကြသည်။

ထို့နောက်တွင် ဤနာမည်ကျော်အဖွဲ့သည် လင်းကျန်းရန်ကို စော်ကားမှုကြောင့် ပျက်စီးသွားပြီ ဖြစ်သည်။

အပိုင်း(၉၀၀) ပြီး၏

All Chapters