← Chapters

မဟာချိတ်စည်း နည်းစနစ်

Vol. 108 Ch. 1606

မဟာချိတ်စည်း နည်းစနစ်

Vol. 108 Ch. 1606

“မင်းက​ တဗူးနဂါးဖီးနစ်လား”

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်းက ရယ်မောလိုက်၏။

“ကံဆိုးစွာနဲ့ပဲ.. မင်းက မဟာယာနအဆင့်ကို အခုမှ ဝင်ရောက်လာတာ.. မင်းက အတွေ့အကြုံနုလွန်းသေးတယ်”

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုး၏ အမူအရာက တည်တံ့လာပြီး သူက အေးစက်စွာ ပြောလိုက်၏။

“မင်းက အထီးကျန်သိုင်းသခင်ပဲဖြစ်ဖြစ်.. နဂါးဖီးနစ်ပဲဖြစ်ဖြစ်.. ကိစ္စမရှိဘူး.. မင်းက နတ်ဘုရားမျိုးနွယ်ရဲ့ စွမ်းပကားကို စိန်ခေါ်ရဲတယ်ဆိုမှတော့ သေရလိမ့်မယ်”

“ဟုတ်ပါ့မလား”

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက အေးစက်စက် အမူအရာတစ်ခု ရှိနေပြီး ကြမ်းကြုတ်ခက်ထန်စွာ ပြောလိုက်၏။

“ငါက ဒီနေ့ နတ်ဘုရားမျိုးနွယ်ကို ဖိနှိမ်ပြမယ်”

“ကောင်းကင်ဘုံနတ်ဘုရား ဆင်းသက်ခြင်း”

မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ဖြစ်သော ဂမ္ဘီရဆီးနှင်းနှင့် ဂမ္ဘီရစစ်ထိုးသည် တစ်ချိန်တည်းမှာ အော်ငေါက်လိုက်ကြ၏။ ရှေးဟောင်းနတ်ဘုရားစွမ်းအား၏ အကူအညီနှင့်အတူ သူတို့၏ ခန္ဓာကိုယ်ရှိ အော်ရာများက တလိပ်လိပ်ထိုးတက်လာပြီး သူတို့၏ နောက်ဘက်တွင် ဧရာမ ပုံရိပ်ယောင်တစ်ခုကို ဖြစ်ပေါ်လာစေ၏။

“ဂါး…”

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာအတွင်းရှိ သွေးချီက တလိပ်လိပ်တက်လာပြီး သူက ကောင်းကင်ထက်သို့ ကျယ်လောင်စွာ ဟိန်းဟောက်ကာ မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ကို သူတို့၏ နားထဲမှာ တဝီဝီမြည်သွားစေ၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ခန္ဓာကိုယ်က လျင်မြန်စွာ ပြန့်ကားလာပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် သွေးနီရောင် ကြေးခွံများ ပေါ်ထွက်လာ၏။

သူသည် သူ၏ နဂါးဖီးနစ်ပုံစံသို့ ပြောင်းလဲပြီး သူ၏ အစွမ်းကုန် ရှိသမျှနှင့် တိုက်ခိုက်ချင်လေသည်။

“မဟာချိတ်စည်း နည်းစနစ်..”

ရုတ်တရက်ဆိုသလို…

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်း၏ အသံက ထွက်ပေါ်လာ၏။

အလွန်တရာ ထူးဆန်းသော စွမ်းအားတစ်ခုက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာပေါ်သို့ ဆင်းသက်လာခဲ့၏။

သူက သူ၏ အစစ်အမှန်ပုံစံသို့ အသွင်မပြောင်းလဲနိုင်ခင်မှာပင်.. သူ၏ လူသားပုံစံသို့ အလျင်အမြန် ပြောင်းလဲလိုက်ရ၏။

“ဟမ်”

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အမူအရာက ပြောင်းလဲသွား၏။

သူ၏ သွေးချီက အလွန်တရာ ထူးဆန်း၍ စွမ်းအားကြီးမားသော အင်အားတစ်ခုဖြင့် ပိတ်ဆို့ခံလိုက်ရသည့်အလား.. ၎င်းက ဖိနှိမ်ခံလိုက်ရသည်ကို သူက ရှင်းလင်းစွာ ခံစားမိလိုက်၏။

ထိုမျှသာမက… ထိုစွမ်းအားသည် သူ၏ အသိစိတ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကိုပါ ချိတ်ပိတ်ချင်နေလေသည်။

သို့သော်လည်း.. ၎င်းသည် သူ၏ အသိစိတ်ထဲရှိ သားရဲဘုရင် ၁၁ပါး၏ စွမ်းအားဖြင့် ပျက်ပြယ်သွားရလေသည်။

မဟာချိတ်စည်း နည်းစနစ်က အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်မျိုး ဖြစ်၏။

၎င်းကို ထုတ်ဖော်လိုက်သည်နှင့်.. ၎င်းသည် ကျင့်ကြံသူတစ်ယောက်၏​ သွေးချီနှင့် အမြုတေစိတ်ဝိညာဉ်ကို ချိတ်ပိတ်နိုင်ပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို သိသိသာသာ လျော့ကျစေမည် ဖြစ်၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက အစောပိုင်း မဟာယာနအဆင့်မှာသာ ရှိသော်လည်း သူက ဘာပဲပြောပြော ကမ္ဘာဦးတဗူးတစ်ကောင် ဖြစ်၏။ သူ၏ သွေးချီက သန်မာပြီး ထိုချိတ်စည်းနည်းစနစ်သည် သူ၏ သွေးချီကို လုံးလုံး မပိတ်ဆို့နိုင်ပေ။

သို့သော်လည်း.. ထိုအဆင့်မြင့် နတ်ဘုရားစွမ်းအား မပျက်ပြယ်ခင်အထိ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာအနေဖြင့် သူ၏ အစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲဖို့က ခက်ခဲပေလိမ့်မည်။

အဲဒါသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာအပေါ် ကြီးမားသည့် ရိုက်ချက်ဖြစ်လေသည်။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ စွမ်းအားနှင့် အလျင်အဟုန်က လျော့ကျသွားပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားကလည်း အနည်းဆုံး ၃၀% လျော့ကျသွားပေလိမ့်မည်။

“ဟမ်”

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်း၏ အနည်းငယ် အိုမင်းနေသော မျက်နှာပေါ်တွင် အေးစက်နေသော အပြုံးတစ်ခု ပေါ်ထွက်လာ၏။

“သားပေါက်လေး.. မင်းက မင်းရဲ့ အထွတ်အထိပ်ကို ရောက်ဖို့ အဝေးကြီးလိုသေးတယ်”

“သူ့ရဲ့ အထွတ်အထိပ်မှာ ရှိမနေတဲ့ တဗူးတစ်ကောင်က ငါတို့ကို မခြိမ်းခြောက်နိုင်ဘူး”

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးကလည်း လှောင်ရယ်လိုက်၏။

မျိုးနွယ်စုခေါင်းဆောင်၏ သွေးချီက ရုန်းကန်ပေါက်ကွဲလာပြီး သူတို့သည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ ရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာကာ တစ်ချိန်တည်း တိုက်ခိုက်လာကြ၏။

ဝှစ်…

ရွှေရောင်လှံသည် နတ်ဘုရားဆန်ဆန် ရောင်ခြည်စက်ဝန်းတစ်ခုကို ရေးဆွဲကာ လေဟာနယ်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်၏။ ၎င်းဆင်းသက်မည့် နေရာကို ထောက်လှမ်းဖို့ရန် ခက်ခဲပြီး ၎င်းသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာပေါ်သို့ လုံးဝ လွှမ်းခြုံလာခဲ့၏။

ရွှစ်…

ဧရာမ ရွှေဓားသည် ကျိန်းစပ်နေသော နတ်ဘုရားဆန်ဆန် အလင်းဖြင့် တောက်ပလာပြီး ပြိုင်ဘက်ကင်း စွမ်းပကားတစ်ခုနှင့်အတူ ကောင်းကင်ထက်ကနေ ဆင်းသက်လာခဲ့၏။

ပထမ.. သူတို့သည် သူတို့၏ ရုန်းကန်ပေါက်ကွဲစွမ်းအားကို တိုးမြင့်စေဖို့အတွက် ကောင်းကင်ဘုံနတ်ဘုရား ဆင်းသက်ခြင်းကို အသုံးပြုလိုက်၏။ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ သွေးချီကို ချိတ်ပိတ်ဖို့အတွက် မဟာချိတ်စည်း နည်းစနစ်ကို အသုံးပြုလိုက်ခြင်းနှင့်အတူ ထိုသူသည် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲနိုင်တော့မည် မဟုတ်ဘဲ သူ၏ တိုက်ခိုက်ရည်ခွန်အားကလည်း ကြီးမားစွာ လျော့ကျသွားပေလိမ့်မည်။

သူတို့နှစ်ယောက်သည် အတူပူးပေါင်း၍ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို အနီးကပ် တိုက်ခိုက်လိုက်ကြ၏။

တိုက်ခိုက်မှုတွဲလုံးများက ရေကဲ့သို့ ပြေပြစ်နေပြီး မည်သည့် ဟာကွက်မှ မရှိဘဲ မွန်းကျပ်ဖွယ်ရာကောင်းနေ၏။

ရွှစ်…

ရွှေရောင် အလင်းတစ်ချက်က ဖျတ်ခနဲလက်သွား၏။

မဟာယာနမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ ဓမ္မရတနာများကနေ ယှက်ဖြာထားသော မထိုးဖောက်နိုင်သည့် ထောက်ချောက်ထဲကနေ ၎င်းသည် ပွတ်ကာသီကာ ကပ်၍ ပျံသန်းထွက်လာ၏။

လူအုပ်ကြီးထဲမှ တုန်လှုပ်မှုနှင့် အံ့အားသင့်မှု အသံများ ထွက်ပေါ်လာ၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် တိုက်ပွဲမြေပြင်ကို မမှိတ်မသုန် စောင့်ကြည့်နေကြသော်လည်း.. ဖြစ်ပျက်နေသည့်အရာကို ရှင်းလင်းစွာ တွေ့မြင်နိုင်သောသူက များစွာမရှိပေ။

လူတိုင်း နားလည်လိုက်သည့်အချိန်မှာ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ တိုက်ခိုက်မှုကနေ ရုန်းထွက်လာခဲ့ပြီဖြစ်ပြီး လေထဲမှာ မတ်တတ်ရပ်လိုက်၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ကျောပေါ်တွင် ဧရာမ တောင်ပံနှစ်စုံ ရှိနေ၏။

တောင်ပံတစ်စုံသည် သွေးနီရောင် မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး သူတို့ကို တစ်ချက်ခတ်လိုက်တိုင်း မီးမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေနိုင်၏။

အခြားသော တောင်ပံတစ်စုံသည် မည်သည့် ညစ်ညမ်းမှုမှ မရှိဘဲ ပကတိ ရွှေရောင်ဖြစ်ပြီး တောင်ပံများကို အပြည့်အဝ ဖြန့်ကြက်ထား၏။ သူတို့သည် နဂါးဖီးနစ် တောင်ပံများထက် ပို၍ပင် ကြီးမားပြီး ပို၍ သန်မာသည့်ပုံပေါ်လေသည်။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် သူ၏ အစစ်အမှန်ပုံစံသို့ မပြောင်းလဲနိုင်သော်လည်း.. သူသည် သူ၏ နဂါးဖီးနစ်တောင်ပံများနှင့် အဆုံးစွန် အလျင်အဟုန် နတ်ဘုရားစွမ်းအားကို ထုတ်ဖော်နိုင်ဆဲဖြစ်၏။

သူ၏ ဝှက်ဖဲနှစ်ချပ်၏ အကူအညီနှင့်အတူ.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ ဝန်းရံပိတ်ဆို့မှုကနေ ရုန်းထွက်လာနိုင်၏။

“စိတ်ဝင်စားစရာပဲ”

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးက သဘောမကျဟန်ဖြင့် မဲ့ပြုံးပြုံးလိုက်လေသည်။

“မင်းက ငါတို့ရဲ့ တိုက်ခိုက်မှု ဘယ်လောက်များများကို ရှောင်နိုင်မလဲ ကြည့်ရသေးတာပေါ့”

“သတ်”

မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် သူတို့၏ လက်နက်များကို ကိုင်ဆွဲပြီး ရှေ့သို့တစ်ဖန် ပြေးဝင်လာကြ၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် သူ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ကာ ကောင်းကင်ထက်သို့ စေညွှန်လိုက်လေသည်။

ဘုန်း.. ဘုန်း..

ကျယ်လောင်သော မြည်သံက ကောင်းကင်ထက်ကနေ ထွက်ပေါ်လာပြီး ကြီးမားတုတ်ခိုင်သော ရှေးဟောင်းကျောက်တိုင်တစ်တိုင်က ကောင်းကင်ထက်ကနေ ဆင်းသက်လာ၏။ လက်သည်းငါးဖက် နတ်နဂါးတစ်ကောင်က အဆုံးမဲ့ စွမ်းပကားတစ်ခုနှင့်အတူ ၎င်းပေါ်မှာ နွယ်တက်နေလေသည်။

ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်…

“ဂါး…”

နတ်ဘုရားကျောက်တိုင်ပေါ်ရှိ လက်သည်းငါးဖက် နတ်နဂါးသည် ရုတ်တရက် အသက်ဝင်လာခဲ့၏။ ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ၎င်းသည် ကျောက်တိုင်ပေါ်ကနေ ရုန်းထွက်လာပြီး ကျောက်သားနဂါးတစ်ကောင်က နတ်ဘုရားမျိုးနွယ်၏ မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက် ရှိရာသို့ ပြေးဝင်လာခဲ့၏။

“ဘာမဟုတ်တဲ့ လှည့်ကွက်နဲ့များ”

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးသည် သူ၏ ဧရာမ ရွှေဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး ဝင်ရောက်လာသော ကျောက်နဂါးရှိရာသို့ ခုတ်ပိုင်းချလိုက်၏။

ဘုန်း..

ဧရာမ ရွှေဓားက ကျောက်နဂါးနှင့် ထိတွေ့ရိုက်ခတ်သွား၏။

ချက်ချင်းပင်… ကျောက်နဂါးသည် တောင့်တင်း၍ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး ၎င်း၏ မျက်လုံးထဲရှိ အလင်းရောင်က မှေးမှိန်သွား၏။

“ကြေမွစမ်း”

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်း၏ မီးခိုးရောင် ဆံပင်များက ယိမ်းနွဲ့သွားပြီး သူ၏ ရွှေရောင်လှံကို ကိုင်မြှောက်ကာ သူ၏ ဦးခေါင်းထက်ရှိ ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်ကို ပစ်ထိုးလိုက်လေသည်။

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်းသည် သူ၏ အရွယ်ကောင်းကို ကျော်လွန်လာခဲ့ပြီဖြစ်သော်လည်း သူက သူ့ဘဝ၏ နှောင်းပိုင်းအချိန်သို့ ဝင်ရောက်ဖို့ မည်သည့် လက္ခဏာမှ မပြသေးပေ။ သူ၏ သွေးချီက သန်မာနေဆဲဖြစ်ပြီး ပြိုင်ဘက်ကင်း စွမ်းပကားကို ပိုင်ဆိုင်ထားလေသည်။

ဘုန်း.. ဘုန်း.. ဘုန်း..

တစ်ချိန်တည်းနီးပါးမှာပင်.. ဘိုးဘေးနဂါးနတ်ဘုရားကျောက်တိုင်နှင့် ကျောက်နဂါးသည် စတင်လဲပြို၍ ကျောက်တုံးကျောက်ခဲများစွာက လိမ့်ဆင်းလာ၏။

ဤနတ်ဘုရားစွမ်းအားသည် ဆက်လက်၍ မစုဖွဲ့နိုင်တော့ဘဲ အလျင်အမြန် ပျက်ပြယ်သွား၏။

ရုတ်တရက်ဆိုသလို…

ရွှေနီရောင်အလင်းက ဖျတ်ခနဲလက်သွားပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်း​ ရှေ့သို့ ရုတ်တရက် ဆင်းသက်လာကာ အော်ငေါက်လိုက်လေသည်။

“ကျတ်တီးမြေ”

ရွှစ်..

ရုတ်တရက်.. မီးခိုးရောင် ဝဲဂယက်တစ်ခုက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ခန္ဓာကိုယ်ထဲကနေ ပစ်လွင့်ထွက်ပေါ်လာပြီး အဘက်ဘက်သို့ ရေလှိုင်းဂယက်များကဲ့သို့ ဖြန့်ကြက်သွား၏။ ချက်ချင်းပင် ၎င်းသည် မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်းနှင့် မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးတို့ကို လွှမ်းခြုံသွားလေသည်။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ပေါင်းစည်းခန္ဓာအဆင့်မှာ ရှိခဲ့စဉ်က ကျတ်တီးမြေ၏ အလယ်ဗဟို၌ ဘဝသက်တမ်း လျော့ကျမှုနှုန်းသည် အသက်တစ်ရှိုက်စာမှာ နှစ်နှစ်ထောင် ဖြစ်လေသည်။

ယခု နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက မဟာယာနအဆင့်သို့ ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး ကျတ်တီးမြေ၏ စွမ်းပကားကလည်း တိုးပွားလာကာ ၎င်း၏ ဘဝသက်တမ်း လျော့ကျမှုနှုန်းသည် အသက်တစ်ရှိုက်စာမှာ နှစ်ရှစ်ထောင် ဖြစ်လာခဲ့၏။

အဲဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။

ကျတ်တီးမြေ၏ လွှမ်းခြုံမှုအောက်တွင် လူတစ်ယောက်သည် အသက် ဆယ်ရှိုက်စာမှာ ဘဝသက်တမ်း နှစ်ရှစ်သောင်းကို ဆုံးရှုံးရပေလိမ့်မည်။

အဲဒါက ပြန်လည်အစားမရနိုင်ပေ။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် လူသားမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ ဘဝသက်တမ်းက နှစ်တစ်သိန်းသာ ဖြစ်လေသည်။

သို့သော်လည်း.. မဟာယာနမျိုးနွယ်စုခေါင်းဆောင် အများစုသည် မဟာယာနအဆင့်သို့ ဝင်ရောက်လာသောအခါ သူတို့၏ နေထိုင်ခဲ့ပြီးသော ဘဝသက်တမ်းက နှစ်သုံးသောင်း ကျော်လာခဲ့လေပြီ။

တစ်နည်းအားဖြင့်ဆိုလျှင်.. ကျတ်တီးမြေ၏ လွှမ်းခြုံမှုအောက်မှာ အသက် ဆယ်ရှိုက်စာကြာအောင် ရှင်သန်နိုင်သော မဟာယာနမျိုးနွယ်စုခေါင်းဆောင် မရှိသလောက်နီးပါးပင်။

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်းက သူ၏ အရွယ်ကောင်းကို ကျော်လွန်လာခဲ့သည်မှာ သိသာလေသည်။

ကျတ်တီးမြေက သူ့အပေါ် သိပ်သည်းပြင်းထန်သည့် ပျက်စီးထိခိုက်မှုကို ဖြစ်စေနိုင်၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ကျတ်တီးမြေ၏ သက်ရောက်မှုထဲမှာ မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်းနှင့် အကြိတ်အနယ် တိုက်ခိုက်နိုင်မည်ဆိုလျှင် ထိုသူက သေသည့်တိုင်အောင် အားအင်ကုန်ခမ်းသွားဖို့ အခွင့်များလေသည်။

တကယ်ပင် ကျတ်တီးမြေ ဆင်းသက်လာသောအခါ နတ်ဘုရားမျိုးနွယ် မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်၏ အမူအရာက ပြောင်းလဲသွားပြီး သူတို့၏ ဘဝသက်တမ်းများ လျော့ကျလာနေသည်ကို အာရုံခံမိသွား၏။

သို့သော် မကြာခင် ဘိုးဘေးနတ်ဘုရားနှစ်ယောက်က ပြန်လည်တည်ငြိမ်လာကြ၏။

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်း၏ မျက်လုံးထဲမှာပင် လှောင်ပြောင်သရော်လိုမှုက ထင်ဟပ်လာ၏။

“အဲဒါက ကျတ်တီးမြေတဲ့လား.. နာမည်နဲ့ လိုက်ဖက်သားပဲ”

သူက တီးတိုးရေရွတ်လိုက်၏။

“ငါတို့က အလယ်အလတ် မဟာယာနအဆင့်ထိ ရောက်နေတာတောင် အဲဒါကို မခုခံနိုင်ဘူးပဲ”

ခဏမျှ ရပ်တန့်ပြီးနောက်.. သူက ဆက်ပြောလိုက်၏။

“ကံဆိုးစွာနဲ့ပဲ.. မင်းက ငါ့ကို အထင်သေးနေတာပဲ.. နတ်ဘုရားမျိုးနွယ်ရဲ့ ဘဝသက်တမ်းက လူသားမျိုးနွယ်ရဲ့ နှစ်ဆပဲ.. ငါက အသက်ကြီးတဲ့ပုံပေါ်ပေမဲ့ ငါ့မှာ ဘဝသက်တမ်း နှစ်ငါးသောင်း ကျန်သေးတယ်.. ဘဝသက်တမ်း နှစ်ငါးသောင်းက အသက် ငါးရှိုက်စာ ခြောက်ရှိုက်စာတောင် တောင့်ခံနိုင်ဖို့ လုံလောက်တယ်.. ဒါပေမဲ့ ငါ မင်းကို သတ်ဖို့ အသက်သုံးရှိုက်စာပဲ လိုတယ်။”

All Chapters