← Chapters

ကျတ်တီးမြေ ပျက်ပြယ်သွားခြင်း

Vol. 108 Ch. 1607

ကျတ်တီးမြေ ပျက်ပြယ်သွားခြင်း

Vol. 108 Ch. 1607

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးသည် အနည်းငယ်လှမ်းလှမ်းမှာ ရှိနေ၏။ သူသည် ကျတ်တီးမြေထဲသို့ ကျဆင်းနေသော်လည်း သူက ထိတ်လန့်တကြား ရှိမနေပေ။

သူသည် သူ၏ အထွတ်အထိပ်အရွယ်မှာ ရှိနေပြီး သူ့မှာ နေရဖို့အတွက် ဘဝသက်တမ်း နှစ်တစ်သောင်းကျော် ကျန်ရှိလေသည်။ ကျတ်တီးမြေက သူ၏ ဘဝသက်တမ်းကို လျင်မြန်စွာ လျော့ကျစေသော်လည်း အဲဒါက သူသည်းခံနိုင်သည့် အတိုင်းအတာအတွင်းမှာ ရှိနေသေး၏။

ဝှစ်…

သူသည် ဧရာမ ဓားကို လွှဲယမ်းပြီး ရှေ့သို့ ခုတ်ပိုင်းကာ သူ့ရှေ့တွင်ရှိသော မီးခိုးရောင် လှိုင်းဂယက်များကို ဖြတ်ကျော်၍ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာထံသို့ အလျင်အမြန် ချဉ်းကပ်လာနေ၏။

အခြားတစ်ဖက်မှာတော့…

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်းသည် သူ၏ ရွှေရောင်လှံကို ဆုပ်ကိုင်ပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ဦးခေါင်းရှိရာသို့ ပစ်ထိုးကာ ချက်ချင်းပင် ရောက်ရှိလာ၏။

ဘုန်း…

အလွန်တရာ စွမ်းအားကြီးမားသော စွမ်းအင်အတက်အကျတစ်ခုက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာထံကနေ ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ် တစ်ဖက်တစ်ချက်စီတွင် ကျောက်စိမ်းဖြူရောင် ဆင်စွယ်တစ်စုံက တဖြည်းဖြည်း ပေါ်ထွက်လာ၏။

ဆင်စွယ်တစ်စုံက ကြီးထွားလာရင်း နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ခွန်အားကလည်း မြင့်တက်လာနေ၏။

မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်က မျက်မှောင် အနည်းငယ်ကြုတ်လိုက်ကြ၏။

ထို့နောက် ချက်ချင်းပင်.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် နောက်ထပ် ဆင်စွယ်တစ်စုံက ထပ်မံပေါ်ထွက်လာ၏။

တုတ်ခိုင်၍ ထက်ရှသော ဆင်စွယ်လေးချောင်းက ကြီးထွားလာပြီး အလွန်တရာ ကြောက်စရာကောင်းသော နတ်ဘုရားစွမ်းအားတစ်ခုဖြင့် ပြည့်လျှမ်းနေ၏။ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အော်ရာက အဆက်မပြတ် မြင့်တက်လာနေ၏။

အဲဒါသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်၏ ပင်ကိုနတ်ဘုရားစွမ်းအား၊ အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အား ဖြစ်လေသည်။

မဟာယာနအဆင့်သို့ ဝင်​ရောက်လာပြီးနောက်.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ဆင်စွယ်လေးချောင်းကို ဆင့်ခေါ်နိုင်ပြီဖြစ်ကာ သူ၏ စွမ်းအားကို လေးဆတိုးစေနိုင်လေသည်။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ကျင့်ကြံမှုသည် အစောပိုင်း မဟာယာနအဆင့်မှာသာ ရှိနေသေးသော်လည်း ဆင်စွယ်လေးချောင်းကနေ ထုတ်ဖော်လိုက်သော စွမ်းအားသည် မည်သည့် အဆင့်မြင့် နတ်ဘုရားစွမ်းအားထက်မဆို.. အားနည်းခြင်း မရှိပေ။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် သူ၏ လက်ကို ဆန့်ထုတ်ပြီး မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်း၏ လှံကို သူ၏ လက်ဖဝါးထဲမှာ ဆုပ်ကိုင်ကာ ၎င်းကို တုတ်တုတ်မျှ မလှုပ်စေဘဲ တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။

“ဟမ်”

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။

ထိုနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီးနောက်.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်လာနိုင်လိမ့်မည်ဟု သူက ထင်မှတ်မထားပေ။

အခြားတစ်ဖက်မှာတော့..

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးက မီးခိုးရောင် လှိုင်းဂယက်များကို ဖြတ်ကျော်ပြီး သူ့လက်ထဲရှိ ဧရာမ ရွှေဓားနှင့်အတူ လေထဲသို့ ခုန်တက်ကာ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ဦးခေါင်းကို ခုတ်ပိုင်းချလိုက်၏။

“နတ်ဘုရားမျက်လုံး”

တစ်ချိန်တည်းမှာပင်.. မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုး၏ မျက်လုံးထဲကနေ ရွှေရောင်အလင်းတန်းတစ်ခုသည် အရာရာတိုင်းကို ထိုးဖောက်နိုင်သည့်အလား.. ပစ်လွင့်ထွက်ပေါ်လာ၏။

စက္ခုနည်းစနစ်တစ်ခု ထွက်ပေါ်လာခဲ့လေပြီ။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်၏။ မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးက သူ၏ စက္ခုနည်းစနစ်ကို ထုတ်ဖော်လိုက်သည့် ခဏမှာပင်… သူ၏ မျက်လုံးထဲမှာလည်း ချစ်ချစ်တောက် ပူလောင်သော အလင်းရောင်နှစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ မျက်လုံးများက ချစ်ချစ်တောက် ပူလောင်သော နေတစ်စင်းအဖြစ် အသွင်ပြောင်းလဲသွားသည်ဟု ထင်ရ၏။

စက္ခုနည်းစနစ်နှစ်ခုသည် လေထဲမှာ ထိတွေ့ရိုက်ခတ်ပြီး ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာကာ အဆက်မပြတ် ပြန့်ကားလာသော ဧရာမ အလင်းလုံးတစ်လုံးကို ဖြစ်ပေါ်လာစေ၏။

ဘုန်း..

အလင်းလုံးက ကျိန်းစပ်နေသော ပုံစံဖြင့် ပေါက်ကွဲထွက်သွား၏။

လူအုပ်ကြီးထဲမှ ထိတ်လန့်တကြား အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာ၏။

အငိုက်မိသွားပြီး မျိုးနွယ်စုတစ်သောင်းမှ ကျင့်ကြံသူများ အားလုံးသည် ယာယီအားဖြင့် အမြင်အာရုံ ကွယ်ပျောက်သွားကြ၏။

ကျင့်ကြံမှုအဆင့်နိမ့်သော ကျင့်ကြံသူအချို့သည် သူတို့၏ မျက်လုံးများက နာကျင်စပ်ဖျဉ်းလာသည်ဟု ခံစားရပြီး အဆက်မပြတ် အော်ဟစ်ကာ ယာယီအားဖြင့် မျက်စိကွယ်သွားကြလေသည်။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်း၏ ထိန်းထားခြင်းကို ခံနေရစဉ်မှာ မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးက တိုက်ခိုက်လာခဲ့ပြီး သူ၏ စက္ခုနည်းစနစ်ကို ထုတ်ဖော်လိုက်၏။

အစကတော့ မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးသည် ဤလှုပ်ရှားကွက်က နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို နေရာမှာတင် သတ်ဖြတ်ပစ်ဖို့ လုံလောက်သည်ဟု တွေးထင်ထားလေသည်။

ယခုတော့ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ စက္ခုနည်းစနစ်က သူ့ထက်ပင် ပို၍သန်မာနေ၏။

စက္ခုနည်းစနစ်ချင်း ထိတွေ့ရိုက်ခတ်မှုမှာ အရေးနိမ့်သွားရသူက သူသာဖြစ်ပြီး သူ၏ မျက်လုံးက စပ်ဖျဉ်းဖျဉ်းဖြစ်လာကာ သူ၏ မျက်လုံးနှစ်ဖက်ကို ကောင်းကောင်းပင် မဖွင့်နိုင်တော့ပေ။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ကျင့်ကြံမှုအဆင့်က နိမ့်ကျနေသော်လည်း သူ့မျက်လုံးထဲတွင် မီးပဒေသာကျောက်တုံးရှိပြီး ထိုစက္ခုနည်းစနစ်က အသွင်ပြောင်းလဲသွားခဲ့သည်မှာ ကြာခဲ့လေပြီ။

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားရလျှင်တောင် သူ၏ စိတ်ဝိညာဉ်အသိစိတ်အပေါ် မှီခိုပြီး သူ၏ လှုပ်ရှားမှုကို ရပ်တန့်လိုက်ခြင်း မရှိပေ။ သူသည် သူ၏ ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ ရှိရာသို့ ဆက်လက်၍ ခုတ်ပိုင်းချလိုက်၏။

ရုတ်တရက်ဆိုသလို..

သူက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ လက်ဖဝါးက သူ၏ ဧရာမ ရွှေဓားပေါ်သို့ ဆင်းသက်လာခဲ့သည်ကို သူက အာရုံခံမိလိုက်၏။

ထူးဆန်းသော အရာမှာ ထိုလက်ဖဝါးသည် နူးညံ့ပျော့ပြောင်းနေပြီး ဧရာမ ရွှေဓားကို ရစ်ပတ်၍ ဆွဲခါလိုက်လေသည်။

“ဟမ်”

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုး၏ အမူအရာက ပြောင်းလဲသွား၏။

အလွန်တရာ စွမ်းအားကြီးမားသော ဆုတ်ဖြဲစွမ်းအားတစ်ခုက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာထံမှ ထွက်ပေါ်လာသည်ကို သူက ရှင်းလင်းစွာ ခံစားမိလိုက်၏။

သူက ဧရာမ ရွှေဓားကို ဆက်လက်ဆုပ်ကိုင်ထားမည်ဆိုလျှင် သူ၏ လက်က ကျိုးပြတ်သွားရပေလိမ့်မည်။

တွေဝေတုံ့ဆိုင်းနေသည့် ခဏမှာပင် သူ၏ လက်ဖဝါးက စုတ်ပြဲသွားပြီး သွေးများက စီးထွက်လာခဲ့၏။

ဧရာမ ရွှေဓားသည် သူ၏ လက်ထဲကနေ စင်ထွက်သွားပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ လက်ဗလာဖြင့် လုယူခြင်းကို ခံလိုက်ရ၏။

ဧရာမ ရွှေဓားကို လုယူပြီးနောက်.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ၎င်းကို လေထဲရှိ မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုး ရှိရာသို့ ပစ်ပေါက်လိုက်လေသည်။

စက္ခုနည်းစနစ်ချင်း ထိတွေ့ရိုက်ခတ်မှု၊ ဓားလုယူမှုကနေ တန်ပြန်တိုက်ခိုက်မှုအထိ လှုပ်ရှားမှုများသည် မည်သည့် နှောင့်နှေးကြန့်ကြာမှုမှ မရှိဘဲ တစ်သားတည်းကျနေ၏။

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးသည် လေထဲကနေ ထိုးဆင်းလာသောအခါ ဧရာမ ရွှေဓားက ရွှေရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲပြီး သူ့ထံသို့ ပစ်ဝင်လာခဲ့ပြီဖြစ်၏။ အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အား၏ ဆေးကြောသန့်စင်မှုကို ခံယူအပြီး၌ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ခွန်အားက လေးဆမြင့်တက်လာခဲ့၏။

ဤကဲ့သို့သော ရုန်းကန်ပေါက်ကွဲအားအောက်မှာ ဧရာမ ရွှေဓားသည် အလွန်တရာ​ မြန်ဆန်ပြီး ချက်ချင်းပင် ရောက်ရှိလာခဲ့၏။ မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးက အဲဒါကို လုံးဝ မရှောင်တိမ်းနိုင်တော့ပေ။

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးသည် သူ၏ ကိုယ်ပိုင်ဓမ္မလက်နက်ဖြင့် သူက ဒဏ်ရာအပြင်းအထန် ရရှိတော့မည်ကို​ တွေ့မြင်သောအခါ.. သူသည် ရုတ်တရက် သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို စေညွှန်လိုက်၏။

သူ့လက်ပေါ်ရှိ သိုလှောင်လက်စွပ်က ဖျတ်ခနဲလက်သွားလေသည်။

ဧရာမ ရွှေဓားသည် ချဉ်းကပ်လာခဲ့ပြီဖြစ်သော်လည်း သိုလှောင်လက်စွပ်၏ စုပ်ယူခြင်းကို ခံလိုက်ရ၏။

ဆူဇီမို၏ တန်ပြန်တိုက်ခိုက်မှုက ပြီးပြည့်စုံလေသည်။

သို့သော်လည်း.. မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုး၏ တုံ့ပြန်မှုက အလွန်တရာ မြန်ဆန်ပြီး လူတိုင်းကို တုန်လှုပ်သွားစေ၏။

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးသည် ရပ်တန့်ခြင်း မရှိဘဲ ဆက်လက်ဆင်းသက်လာ၏။ သူ၏ သွေးချီကို တလိပ်လိပ်တက်လာစေပြီး သူ၏လက်ကို ဆန့်ထုတ်ကာ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာထံသို့ ထိုးချက်တစ်ချက်ကို ထုတ်ဖော်လိုက်လေသည်။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကလည်း တန်ပြန်ထိုးနှက်လိုက်၏။

ဘန်း…

လက်သီးနှစ်လုံးက ထိတွေ့ရိုက်ခတ်သောအခါ အသားနှင့်အရိုးများ ကြိတ်ချေလိုက်သော ခပ်ထိုင်းထိုင်းအသံက ထွက်ပေါ်လာ၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ဆတ်ခနဲ တုန်ယင်သွားပြီး ခပ်သဲ့သဲ့ ညည်းတွားကာ အဲဒါကို ကြိတ်မှိတ်ခံစားလိုက်ရ၏။

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးကတော့ လေထဲမှာ ကျွမ်းပစ်၍ ဆင်းသက်လာခဲ့၏။

ဤတစ်ခေါက်မှာ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ အနည်းငယ် အရေးနိမ့်သွားသော်လည်း မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးက တိတ်တဆိတ် ထိတ်လန့်သွား၏။

ယခုအချိန်တွင် သူနှင့် မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်းတို့က ပူးပေါင်းတိုက်ခိုက်နေကြခြင်း ဖြစ်၏။

ဒါ့အပြင်.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ သွေးချီသည် မဟာချိတ်စည်း နည်းစနစ်၏ နတ်ဘုရားစွမ်းအားဖြင့် ချိတ်ပိတ်ခြင်း ခံထားရပြီး သူက အစစ်အမှန်ပုံစံသို့ ပြောင်းလဲနိုင်ခြင်း မရှိပေ။

ထိုသို့ဆိုလျှင်တောင် သူတို့နှစ်ယောက်သည် သူ့ကို လုံးလုံးမဖိနှိမ်နိုင်ပေ။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလာနိုင်ခဲ့လျှင် ခွန်အားအရာမှာ သူတို့က သေချာပေါက် အရေးနိမ့်လာပေလိမ့်မည်။

ထိုသို့အတွေးဖြင့် မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုး၏ သတ်ဖြတ်လိုစိတ်က သိပ်သည်းစုဖွဲ့လာ၏။

သူသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို တတ်နိုင်သမျှမြန်မြန် သတ်ဖြတ်ရမည်ဖြစ်ပြီး ထိုသူကို မည်သည့်အခွင့်အရေးမှ ပေးလို့မဖြစ်ပေ။

နှစ်ဦးနှစ်ဖက်ကြား တိုက်ခိုက်မှုက အလွန်တရာ ပြင်းထန်သော်လည်း တကယ်တမ်းမှာတော့ အဲဒါသည် အသက်တစ်ရှိုက်စာမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်၏။

“မဟာအမှောင်နည်းစနစ်”

ထိုစဉ်မှာပင်.. မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်းသည် သူက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ခံစစ်ကို မချိုးဖျက်နိုင်တော့ဘူးဆိုတာ သိမြင်လိုက်ပြီး သူက နောက်ထပ် နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။

ထိုအဆင့်မြင့် နတ်ဘုရားစွမ်းအားသည် နတ်ဘုရားမျိုးနွယ်မှာ အလွန်တရာ ကျော်ကြားပြီး နတ်ဘုရားမျိုးနွယ် နတ်ဘုရားစွမ်းအားများကြားမှာ အသန်မာဆုံး သတ်ဖြတ်ခြင်း နတ်ဘုရားစွမ်းအားများထဲမှ တစ်ခု ဖြစ်လေသည်။ ၎င်းသည် မဟာအလင်းနည်းစနစ်နှင့် ယှဉ်နိုင်လေသည်။

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်း၏ ရင်ဘတ်ရှေ့မှာ အမှောင်ထုတစ်ခု ပေါ်ထွက်လာ​ပြီး ၄င်းသည် စွမ်းအားများ အားလုံးကို စုပ်ယူကာ သက်ရှိများအားလုံးကို ဝါးမျိုပစ်နိုင်သည့် ဧရာမ အမှောင်ထု ဝဲကတော့တစ်ခုကို ဖြစ်ပေါ်စေတော့မည့်အလား အဆက်မပြတ် လည်ပတ်လာ၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် မဟာအမှောင်နည်းစနစ် ဆင်းသက်လာသည်ကို တွေ့မြင်သောအခါ သူက ခေါင်းနပန်းကြီးလာသည်ဟု ခံစားလိုက်ရ၏။

သူက အန္တရာယ်အငွေ့အသက်ကို ခံစားနေရလေသည်။

ရုတ်တရက်ဆိုသလို…

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် အခြားတစ်ဖက်ကို မြင်မိသွားသောအခါ.. သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွား၏။

သူထုတ်ဖော်လိုက်သော ကျတ်တီးမြေ စွမ်းအားကနေ ဖြစ်ပေါ်လာသည့် မီးခိုးရောင် ဝဲဂယက်များနှင့် မြူခိုးများသည်လည်း မဟာအမှောင်နည်းစနစ်၏ ဝါးမျိုခြင်းစွမ်းအားကနေ မလွတ်မြောက်နိုင်ပေ။

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်း၏ လေးပတ်လည်ရှိ မီးခိုးရောင် မြူခိုးများသည် သူထုတ်ဖော်လိုက်သော အမှောင်ဝဲကတော့ဖြင့် ဝါးမျိုခြင်းကို ခံလိုက်ရ၏။

ကျတ်တီးမြေက ပျက်ပြယ်လာခဲ့လေပြီ။

All Chapters