← Chapters

နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ခြင်း

Vol. 108 Ch. 1608

နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ခြင်း

Vol. 108 Ch. 1608

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ထိတ်လန့်သွားလေသည်။

ကျတ်တီးမြေ၏ စွမ်းအားသည် မဟာအမှောင်နည်းစနစ်ကို မခုခံနိုင်ဘဲ ၎င်းသည် ဧရာမ နက်မှောင်နေသော ဝဲကတော့ ရှိရာသို့ အဆက်မပြတ် ဆွဲယူသွင်းခြင်း ခံနေရ၏။

တစ်ချိန်တည်းမှာပင်.. အမှောင်ထုက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာပေါ်သို့ အုပ်မိုးလာခဲ့၏။

သူ၏ သွေးချီနှင့် အမြုတေစိတ်ဝိညာဉ်စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲကနေ ဆွဲထုတ်ခံနေရပြီး အမှောင်ထုထဲသို့ တလိပ်လိပ်တိုးဝင်နေသည်ကို သူက ရှင်းလင်းစွာ ခံစားမိနေ၏။

တစ်ဖက်မှာတော့.. မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးသည် သူ၏ ဧရာမ ရွှေဓားကို နောက်တစ်ဖန် ဆွဲထုတ်ပြီး ဝင်ရောက်လာခဲ့ပြီဖြစ်၏။

ဤအတိုင်းသာ ဆက်သွားလျှင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် အသက်သုံးရှိုက်စာ မပြည့်ခင်မှာပင်.. နတ်ဘုရားမျိုးနွယ် မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံရဖို့ ရှိလေသည်။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ မျက်လုံးထဲတွင် အေးစက်နေသော အလင်းတစ်ချက်က ဖျတ်ခနဲလက်သွားပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို စုဖွဲ့လိုက်လေသည်။ ရုတ်တရက်.. သူ၏ နှာရောင်ထဲကနေ လက်တစ်ဖဝါးအရွယ် သွေးနီရောင် နဂါးကြေးခွံတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး အဲဒါက လခြမ်းကွေး ပုံသဏ္ဌာန် ရှိလေသည်။

နဂါးကြေးခွံ ပေါ်ထွက်လာသောအခါ လေဟာနယ်တစ်ခုလုံးက တုန်ခါသွား၏။

လောကသည် တိတ်ဆိတ်ငြိမ်သက်သွားသည်ဟု ထင်ရ၏။

အဝေးမှာရှိသော မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများပင်လျှင် ထိုနဂါးကြေးခွံထံမှ အလွန်တရာ ကြောက်စရာကောင်းသော အော်ရာတစ်ခုကို ခံစားမိကြလေသည်။

အဲဒါက နဂါးတစ်ကောင်၏ ဘက်ပြန်ကြေးခွံဖြစ်၏။

မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ဖြစ်သော ဂမ္ဘီရဆီးနှင်းနှင့် ဂမ္ဘီရစစ်ထိုးက တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

သူတို့နှစ်ယောက်စလုံးသည် သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို ချက်ချင်းပင် စုဖွဲ့ပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တို့ကို ထုတ်ဖော်လိုက်ကြ၏။

ရွှေရောင်အလင်းတန်းနှစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး နဂါးကြေးခွံနှင့် ချက်ချင်းပင် ထိတွေ့ရိုက်ခတ်သွား၏။

ထို့နောက် ချက်ချင်းပင်.. ဂမ္ဘီရဆီးနှင်းနှင့် ဂမ္ဘီရစစ်ထိုးသည် ဆတ်ခနဲ တုန်ယင်သွားပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်ကြ၏။ သူတို့၏ ပြူးကျယ်နေသော မျက်လုံးများထဲမှာ သွေးကြောများက ပေါ်ထွက်လာပြီး သူတို့မှာ အလွန်တရာ နာကျင်သော အမူအရာများ ရှိနေကြ၏။

မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ မျက်နှာများမှာ သွေးများက ဆုတ်ယုတ်သွားလေသည်။

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုး၏ ပုံရိပ်ကလည်း လေထဲမှာ ရပ်တန့်သွား​ပြီး သူက မျက်မှောင်ကြုတ်လိုက်၏။ သူ၏ သွင်ပြင်က တွန့်လိမ်နေပြီး အလွန်တရာ ပြင်းထန်သည့် ညှင်းပန်းနှိပ်စက်မှုတစ်ခုကို တွေ့ကြုံခံစားနေရသည့်အလားပင်။

သူတို့၏ အသိစိတ်ထဲရှိ မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်များအပေါ်မှာ ပါးလွှာသော စုတ်ပြဲကြောင်းများ ပေါ်ထွက်လာ၏။

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်း၏ မဟာအမှောင်နည်းစနစ်ကပင်လျှင် ပျက်ပြယ်လုနီးပါး ဖြစ်သွားလေသည်။

“မဟာကုသခြင်းနည်းစနစ်”

နတ်ဘုရားမျိုးနွယ် မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် မာန်သွင်းအော်ဟစ်ပြီး နောက်ထပ် အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်ကြ၏။

ထိုအဆင့်မြင့် နတ်ဘုရားစွမ်းအား ဆင်းသက်လာသည့် ခဏမှာပင်.. နတ်ဘုရားမျိုးနွယ် မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ ခန္ဓာကိုယ်မှာ နို့နှစ်ရောင် အလင်းတန်းများက သိပ်သည်းပြင်းထန်သော အသက်ဓာတ်နှင့်အတူ တောက်ပလာခဲ့၏။

သူတို့၏ အော်ရာများက နို့နှစ်ရောင်အလင်း၏ လွှမ်းခြုံမှုအောက်တွင် တဖြည်းဖြည်း တည်ငြိမ်လာခဲ့၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက မျက်မှောင် အနည်းငယ်ကြုတ်ပြီး အခက်တွေ့သွားလေသည်။

အဲဒါက နတ်ဘုရားစွမ်းအားများစွာကို နားလည်ဆင်ခြင်ထားခြင်း၏ အကျိုးကျေးဇူး ဖြစ်လေသည်။

အပိုနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နိုင်ခြင်းက ကိုယ်ကာယ၊ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဉ်တို့ကို ဆေးကြောသန့်စင်ကာ ခွန်အားအရာမှာ ကြီးမားစွာ တိုးမြင့်နိုင်ရုံသာမက ၎င်းသည် အန္တရာယ်များစွာကိုလည်း ရှောင်လွှဲနိုင်လေသည်။

ထိုမဟာကုသခြင်းနည်းစနစ်ကြောင့်သာ မဟုတ်လျှင်.. နတ်ဘုရားမျိုးနွယ် သက်ရှိနှစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်များသည် ပေါက်ကွဲထွက်ပြီး သူတို့က သေရဖို့ပင် ရှိလေသည်။

မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ အသိစိတ်ထဲမှာ နို့နှစ်ရောင် စွမ်းအားများက သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို လွှမ်းခြုံသွား​ပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်ပေါ်ရှိ စုတ်ပြဲကြောင်းများကို ယာယီအားဖြင့် ပြုပြင်ဖာထေးပေးလိုက်၏။

သို့သော်လည်း.. အမြုတေစိတ်ဝိညာဉ်ပေါ်ရှိ ဤကဲ့သို့သော ဒဏ်ရာများကို ကုသဖို့က အင်မတန် ခဲယဉ်းလေသည်။

မဟာကုသခြင်းနည်းစနစ် နတ်ဘုရားစွမ်းအားသည် မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ အသက်ကို ကယ်တင်ပြီး သူတို့၏ ဒဏ်ရာများကို တည်ငြိမ်စေနိုင်ရုံမျှသာ ဖြစ်လေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် နတ်ဘုရားမျိုးနွယ်၏ မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် အသက်ရှင်သန်နိုင်ခဲ့သော်လည်း သူတို့၏ အမြုတေစိတ်ဝိညာဉ်များက ဒဏ်ရာအပြင်းအထန် ရရှိသွားပြီဖြစ်ပြီး သူတို့၏ အနာဂတ်ကျင့်ကြံမှုက ရှေ့သို့ တက်လှမ်းနိုင်တော့မည် မဟုတ်ပေ။

“အထီးကျန် သိုင်း သခင်”

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုး၏ မျက်လုံးထဲတွင် အဆုံးမဲ့​ အမုန်းတရားက တလိပ်လိပ်တက်လာပြီး သူက အေးစက်စွာ ပြောလိုက်၏။

“မင်းက ငါ့ရဲ့ အနာဂတ် ကျင့်ကြံမှုကို ဖျက်ဆီးလိုက်တာပဲ… ငါ မင်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်”

သူသည် သူ၏ အရွယ်ကောင်းမှာပင် ရှိနေပြီး သူ့မှာ နေရဖို့အတွက် ဘဝသက်တမ်း နှစ်တစ်သိန်းကျော် ကျန်ရှိလေသည်။

ဤအဖြစ်အပျက်ကြောင့်သာ မဟုတ်လျှင်.. သူသည် နောင်တစ်ချိန်မှာ နောက်ပိုင်းအဆင့် သို့မဟုတ် ပကတိ မဟာယာနအဆင့်သို့ပင် သေချာပေါက် တက်လှမ်းနိုင်လိမ့်မည် ဖြစ်၏။

သူသည် နောင်တစ်ချိန်မှာ ဧကရာဇ်တစ်ပါး ဖြစ်လာဖို့ပင် အခွင့်များလေသည်။

သို့သော် ယခုအခါ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ဘက်ပြန်ကြေးခွံက သူ၏ အနာဂတ် မျှော်လင့်ချက်ကို ဖြတ်တောက်ပစ်လိုက်၏။

သူက ကုသနိုင်သည့် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နိုင်မည်ဆိုလျှင် အဲဒါသည် သူ၏ အမြုတေစိတ်ဝိညာဉ်ဒဏ်ရာများကို ကုသပေးနိုင်ကောင်း ကုသပေးနိုင်ပေလိမ့်မည်။

သို့သော်လည်း ပြဿနာမှာ သူ၏ အမြုတေစိတ်ဝိညာဉ်က ဒဏ်ရာအပြင်းအထန် ရရှိထားပြီ ဖြစ်လေသည်။ သူ့အနေဖြင့် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို မပြောနှင့်… အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ဖို့ပင် မဖြစ်နိုင်သလောက်နီးပါး ဖြစ်သွားလေပြီ။

“သူ့ကို သတ်”

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်းက သူ၏ မျက်လုံးကို မှေးကျဉ်းပြီး မုန်းတီးစွာ ပြောလိုက်လေသည်။

အစကတည်းက သူသည် သူ၏ အရွယ်ကောင်းကို ကျော်လွန်လာခဲ့ပြီဖြစ်ပြီး သူ့မှာ နေရဖို့အတွက် ဘဝသက်တမ်း နှစ်ငါးသောင်းပင် မကျန်ရှိတော့ပေ။ သို့သော်လည်း ကျတ်တီးမြေ၏ သက်ရောက်ခြင်းခံရပြီး ဘက်ပြန်ကြေးခွံဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားပြီးနောက်.. သူသည် နေရဖို့အတွက် ဘဝသက်တမ်း နှစ်သုံးသောင်းကျော်ကျော်သာလျှင် ကျန်ရှိတော့လေသည်။

အသက်ရှူချိန် အနည်းငယ်အတွင်းမှာ သူက သိသိသာသာ အိုစာသွားသည်ဟု ထင်ရ၏။

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်းသည် သူ၏ မဟာအမှောင်နည်းစနစ်ကို လှည့်ပတ်​ပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာပေါ်သို့ လွှမ်းခြုံစေလိုက်၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ငေးငိုင်နေသော အမူအရာတစ်ခုနှင့်အတူ နေရာမှာပင် မလှုပ်မယှက် မတ်တတ်ရပ်နေ၏။ သူက အတွေးထဲမှာ နစ်မျောနေပြီး ခုခံဖို့ကို လက်လျှော့လိုက်သည်ဟု ထင်ရလေသည်။

ထိုသည်ကို တွေ့မြင်သောအခါ.. မျိုးနွယ်စုခေါင်းဆောင် ဝူထန်နှင့် အခြားသူများသည် စိတ်သက်သာစွာ သက်ပြင်းချပြီး နောက်ဆုံးမှာ စိတ်လက်ပေါ့ပါးသွားလေသည်။

“ဟီးဟီး.. အထီးကျန်သိုင်းသခင်က ထွက်ပြေးဖို့အတွက် သူ့ရဲ့ နောက်ဆုံးအခွင့်အရေးကို ဆုံးရှုံးသွားပြီပဲ”

“အမှန်ပဲ.. အထီးကျန်သိုင်းသခင်က ဘက်ပြန်ကြေးခွံကို ထုတ်ဖော်ပြီး မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ကို ဒဏ်ရာအပြင်းအထန် ရရှိစေလိုက်တဲ့အချိန်မှာပဲ နောက်ဆုတ်လိုက်မယ်ဆိုရင်.. သူက သေချာပေါက် ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မယ်.. အခုတော့ နောက်ကျလွန်းသွားပြီ”

“အဲ့လိုဆိုရင်တောင် အထီးကျန်သိုင်းသခင်က တကယ့်ကို ကြောက်ဖို့ကောင်းနေပြီ… အလယ်အလတ်အဆင့် မဟာယာန နတ်ဘုရားမျိုးနွယ် မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်တောင်မှ ဒီလောက်များတဲ့ အဆင့်မြင့် နတ်ဘုရားစွမ်းအားတွေကို ပိုင်ဆိုင်ထားတာတောင် သေလုမတတ်ပဲ”

တိုက်ပွဲနယ်မြေတွင်…

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ခုခံဖို့ကို လက်လျှော့လိုက်စရာ အကြောင်းမရှိပေ။ သူသည် လျှို့ဝှက်ဆန်းကြယ်သော အခြေအနေတစ်ရပ်သို့ ဝင်ရောက်သွားခြင်းမျှသာ ဖြစ်လေသည်။

ကျတ်တီးမြေအပေါ် သူ၏ နားလည်ဆင်ခြင်မှုက ဤအဆင့်အရောက်ထိ အမြဲတမ်း အထမြောက် အောင်မြင်ခဲ့လေသည်။

ထိုနတ်ဘုရားစွမ်းအားသည် လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်ကို လျစ်လျူရှုပြီး သူတို့၏ ဘဝသက်တမ်းကို အကန့်အသတ်မဲ့စွာ လျော့ကျစေနိုင်၏။ ၎င်းက ပြန်လည်အစားမရနိုင်ဘဲ မရေမတွက်နိုင်သော ပညာရှင်များပင်လျှင် စိုးရိမ်ပူပန်ရသော တစ်စုံတစ်ရာ ဖြစ်လေသည်။

သို့သော်လည်း.. နောက်ဆုံး ဤနေ့မှာတော့ ကျတ်တီးမြေက ဓမ္မပညာရပ်တစ်ခုမျှသာ ဖြစ်နေသေး၏။

ကျတ်တီးမြေ၏ စွမ်းအားသည် ဓမ္မပညာရပ်များ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီးလေပြီ။

အဆုံးသတ်မှာတော့ ဓမ္မပညာရပ်များသည် နတ်ဘုရားစွမ်းအားများ၏ အဆင့်သို့ မရောက်ရှိနိုင်ပေ။

မဟာယာနအဆင့်များကြား တိုက်ပွဲတွင် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် ဘဝသက်တမ်း နှစ်သောင်းချီ ကျန်ရှိကြလေသည်။ တကယ်ဆို ကမ္ဘာဦးမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်အချို့သည် ဘဝသက်တမ်း နှစ်သိန်းချီထိပင် ကျန်ရှိတတ်ကြလေသည်။

ကျတ်တီးမြေ၏ ထိတွေ့ရိုက်ခတ်မှုက သူတို့အပေါ်မှာ သိသိသာသာ လျော့ကျသွားပေလိမ့်မည်။

ယခု မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်း ထုတ်ဖော်လိုက်သော အဆင့်မြင့် နတ်ဘုရားစွမ်းအားသည် ကျတ်တီးမြေ၏ စွမ်းအားကိုပင် ဝါးမျိုနိုင်လေသည်။

ကျတ်တီးမြေက တဖြည်းဖြည်း ဝါးမျိုခံနေရသည်ကို ကြည့်ရှုရင်း နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ မျက်လုံးထဲတွင် စိတ်ပျက်လက်ပျက်သည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာ၏။

အဲဒါထက် သူက မချင့်မရဲဖြစ်နေခြင်းပင်။

ဓမ္မပညာရပ်တစ်ခုအနေဖြင့်ပင်.. ကျတ်တီးမြေသည် အရမ်းကို စွမ်းအားကြီးမားပြီး မျိုးနွယ်စုခေါင်းဆောင်များပင် စိုးရိမ်ပူပန်ရလေသည်။

ကျတ်တီးမြေက နောက်ထပ်တစ်ဆင့်သို့ တက်လှမ်း​ပြီး နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်လာမည်ဆိုလျှင် အဲဒါက ဘယ်လိုစွမ်းအားမျိုးကို ထုတ်ဖော်လာနိုင်မလဲ…။

ဤကဲ့သို့ အန္တရာယ်များသော အခြေအနေမှာ အဲဒါသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ပါရမီ အလားအလာများ အားလုံးကို နှိုးဆွမိသွားလေသည်။ ဤနှစ်များအတွင်း ကျတ်တီးမြေကို ကျင့်ကြံခြင်းမှ သူရရှိထားသော နားလည်ဆင်ခြင်မှုများ အားလုံးက သူ၏ စိတ်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။

ခြုံငုံပြီးပြောရလျှင်.. ကျတ်တီးမြေသည် အချိန်စွမ်းအားကို ထုတ်ဖော်ခြင်းနှင့် ထိန်းချုပ်ခြင်း၏ ပုံစံတစ်မျိုး ဖြစ်လေသည်။

၎င်း၏ အခြေခံအုတ်မြစ်သည် ကျင့်ကြံသူတစ်ယောက်၏ အချိန်စီးဆင်းမှု အရှိန်အဟုန်ကို ပြောင်းလဲပေးဖို့ ဖြစ်၏။

၎င်းသည် ကျင့်ကြံသူတစ်ယောက်၏ ဘဝသက်တမ်းကို အချိန်တိုအတွင်းမှာ လျင်မြန်စွာ ကုန်ခမ်းစေပေလိမ့်မည်။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက မျက်မှောင်ကြုတ်လိုက်၏။

သူ့စိတ်ထဲသို့ နားလည်ဆင်ခြင်မှုများက တစ်ခုပြီးတစ်ခု လှည့်ပတ်လာပြီး သူသည် ထိုစွမ်းအား၏ နောက်ထပ်တစ်ဆင့်သို့ ဝင်ရောက်ဖို့အတွက် ထိုအကာအရံအလွှာကို ချိုးဖျက်တော့မည့်ဆဲဆဲ ရှိလေသည်။

သို့သော်လည်း.. သူက မည်သို့ပင်ဆိုစေ ထိုအကာအရံအလွှာကို မချိုးဖျက်နိုင်သေးပေ။

နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ဖို့က လွယ်ကူလှသည် မဟုတ်ပေ။

ကျင့်ကြံသူများစွာသည် နှစ်ပေါင်းရာချီ သို့မဟုတ် နှစ်ပေါင်းထောင်ချီကြာအောင် နားလည်ဆင်ခြင်ပြီး သူတို့၏ အသိအမြင်များကို အနှစ်ချ စုဆောင်းထားမည်ဆိုလျှင်တောင် နတ်ဘုရားစွမ်းအားတစ်ခုကို တတ်ကျွမ်းနိုင်ဖို့က မသေချာပေ။

“အဲဒီမှာ တစ်ခုခုတော့ လွဲနေတာပဲ”

ဖျတ်ခနဲဆို.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ဦးနှောက်က အလျင်အမြန် လှည့်ပတ်သွားပြီး သူ၏ဘဝမှာ သင်ယူခဲ့ရသော အရာရာတိုင်းကို ပြန်လည်အမှတ်ရလာ၏။ အရာရာတိုင်းသည် သူ၏မျက်လုံးထဲမှာ တစ်လှည့်စီ တဖျပ်ဖျပ်ပေါ်ထွက်လာ၏။

ရုတ်တရက်ဆိုသလို…

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ စိတ်ထဲသို့ အတွေးတစ်ချက်က ဖျတ်ခနဲ ဝင်ရောက်လာ၏။

ချက်ချင်းပင် သူသည် တာအိုအမွေအနှစ်ကုန်းမြေသို့ ရောက်ရှိသွားပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လျှပ်တပြက်၏ ကျောက်သားရုပ်တုဘေးမှာ ထိုင်ချလိုက်သည်ဟု ထင်ရ၏။

အဲဒီမှာ သူက မူလနတ္ထိအဆင့်သို့ ဝင်ရောက်ခဲ့၏။

အဲဒီမှာ သူသည် အမွေအနှစ် ကျောက်သားရုပ်တု သုံးဆယ်ကျော်ကို လက်ခံရရှိခဲ့ပြီး သိုင်းတာအိုကို ထုတ်နုတ်ဖန်တီးနိုင်ခဲ့၏။

ကျောက်သားရုပ်တု၏ ဘေးပတ်လည်မှာ အချိန်စီးဆင်းမှုက ပြောင်းလဲသွားလေသည်။

အပြင်ဘက်မှာ တစ်ရက်တာက ထိုနေရာမှာ တစ်နှစ်တာ ကျင့်ကြံခြင်းနှင့် တူညီလေသည်။

တကယ်တော့ အဲဒါသည် အချိန်ကုန်ဆုံးခြင်း၏ စွမ်းအားတစ်ခု ဖြစ်လေသည်။

သမိုင်းတစ်လျှောက် တာအိုအရှင်များဖြစ်စေ.. မျိုးနွယ်စုခေါင်းဆောင်များဖြစ်စေ.. ဧကရာဇ်များဖြစ်စေ.. သူတို့ထဲ မည်သူကမှ အချိန်၏ တိုက်စားမှုကို မခုခံနိုင်ဘဲ အိုမင်းရင့်ရော်ခြင်းကနေ မလွတ်မြောက်နိုင်ကြပေ။

အချိန်က သက်ရှိများ အားလုံးအတွက် အမျှတဆုံး ဖြစ်လေသည်။

All Chapters