← Chapters

အချိန်ဆိုတာ ဆေဘာတစ်လက်လိုပဲ

Vol. 108 Ch. 1609

အချိန်ဆိုတာ ဆေဘာတစ်လက်လိုပဲ

Vol. 108 Ch. 1609

“အာ... တစ်ခုခုတော့လွဲနေပြီ”

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကိုကြည့်ပြီး ရုတ်တရက်ပြောလိုက်၏။

“ဒီအခြေအနေက...”

မျိုးနွယ်စုခေါင်းဆောင်ဝူထန်က အလေးအနက်စဥ်းစားတွေးတော၍ မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ ခဏမျှ တွေးဆပြီးနောက် သူက အံ့အားတသင့်ရေရွတ်လိုက်၏။

“ဉာဏ်အလင်းပွင့်နေတာ... အထီးကျန်သိုင်းသခင်က ဉာဏ်အလင်းပွင့်တဲ့အခြေအနေကို ရောက်နေတာပဲ”

ထိုအသံက ရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ဤကဲ့သို့ အကြိတ်အနယ်တိုက်ပွဲမှာ ဉာဏ်အလင်းပွင့်ခြင်းအခြေအနေတစ်ရပ်သို့ ဝင်ရောက်သွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

ဉာဏ်အလင်းပွင့်မှုအခြေအနေသည် အလွန်တရာ ကြုံတောင့်ကြုံခဲဖြစ်ပြီး ကံအကြောင်းအခွင့်တိုက်ဆိုင်မှသာ ရရှိနိုင်လေသည်။ ဤကဲ့သို့သော အခြေအနေမှာ ကျင့်ကြံသူတစ်ယောက်၏ အသိစိတ်က မနှိုင်းယှဥ်သာအောင် ထက်ရှလာပြီး လေးနက်သော အဆင့်များစွာကို နားလည်ဆင်ခြင်လာနိုင်ပေလိမ့်မည်။

သို့သော်လည်း ထိုအခြေအနေက ပျက်စီးသွားသည့်ခဏမှာပင် အပြီးတိုင်ပျောက်ကွယ်သွားပေလိမ့်မည်။

ယခုအချိန်တွင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အသက်က ကြိုးတစ်မျှင်ဖြင့် ချိတ်ဆွဲခြင်းခံထားရ၏။ အဲ့ဒါက ဘယ်လိုပင် ရှားရှားပါးပါး ဉာဏ်အလင်းပွင့်ခြင်း အခြေအနေတစ်ရပ်ဖြစ်ပါစေ သူသည် အဲ့ဒါကို လက်လျှော့ပြီး ချက်ချင်းပင် လှည့်ထွက်ပြေးသင့်လေသည်။

မျိုးနွယ်စုခေါင်းဆောင် လီယင်က လှောင်ရယ်လိုက်၏။

“သူက တကယ်ကို အကောင်းအဆိုးနားမလည်ဘူးပဲ... သူက နတ်ဘုရားစွမ်းအား တချို့ကို နားလည်ဆင်ခြင်ပြီး အခြေအနေကို အပြောင်းအလဲဖြစ်စေဖို့ မျှော်လင့်နေသေးတာလား”

ထိုစဥ်မှာပင် အားလုံး၏ အကြည့်အောက်မှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ မျက်လုံးထဲရှိ တွေဝေရှုပ်ထွေးမှုက ပျက်ပြယ်သွားပြီး ကြည်လင်ရှင်းလင်းမှုကို ပြန်လည်ရရှိလာ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး သူ၏ လက်ဖဝါးနှစ်ဖက်ကြားမှာ ပျက်ပြယ်ခြင်းမရှိသော မီးခိုး​ရောင် မီးခိုးများကို တလိပ်လိပ်တက်လာစေ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ လက်နှစ်ဖက်ကို ဖွင့်ထုတ်လိုက်သောအခါ မီးခိုးရောင်မြူခိုးများက တဖြည်းဖြည်းရှည်ထွက်လာကာ မီးခိုးရောင်ဆေဘာတစ်လက်ဖြစ်ပေါ်လာ၏။

ဘာကြောင့်ရယ်မသိ သူတို့သည် မီးခိုးရောင်ဆေဘာကို တွေ့မြင်သောအခါ လက်ရှိ မျိုးနွယ်စုခေါင်းဆောင်များသည် တုန်လှုပ်ချောက်ချားသွားပြီး သူတို့၏ အမူအရာများက အနည်းငယ်ပြောင်းလဲသွားကြ၏။

ထိုမီးခိုးရောင်ဆေဘာက ဘာဖြစ်သည်ကို မည်သူကမှ မသိရှိကြပေ။

သို့သော်လည်း... မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် ထိုမီးခိုးရောင်ဆေဘာကနေ သူတို့ကိုယ်သူတို့ ဝေးဝေးခွာထုတ်ချင်လေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထံကနေ အလွန်တရာကြောက်စရာကောင်းသော နတ်ဘုရားစွမ်းအားတစ်ခုသည် မုန်တိုင်းတစ်ခုကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ကိုယ်တွင်းအင်္ဂါများနှင့် မရီးဒါန် ၈ ခုကို ဆေးကြောကာ သူ၏ ကိုယ်ကာယ ၊ သွေးချီနှင့် အမြုတေစိတ်ဝိညာဥ်တို့ကို သန့်စင်မွန်းမံပေးနေလေသည်။

ဖျောက်... ဖျောက်... ဖျောက်...

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာအတွင်းရှိ မဟာချိပ်စည်းနည်းစနစ်၏ စွမ်းအားသည် နတ်ဘုရားစွမ်းအား မုန်တိုင်း၏ ဆေးကြောသန့်စင်မှုအောက်မှာ ချက်ချင်းပင် ပျက်ပြယ်သွားလေသည်။

အချုပ်အနှောင်အလွှာများက ကြေပျက်သွားပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ထိုချိပ်စည်းကနေ လုံးဝလွတ်ထွက်လာသည့်အလားပင်။

“အဲ့..အဲ့ဒါက... အဆင့်မြင့်နတ်ဘုရားစွမ်းအားပဲ”

မျိုးနွယ်စုခေါင်းဆောင် ဝူထန်၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားပြီး သူ၏ အသံက တုန်ယင်နေ၏။

ထိုအဆင့်မြင့်နတ်ဘုရားစွမ်းအား၏ စွမ်းအားသည် ဝူထန်နှင့် အခြားသော မျိုးနွယ်စုခေါင်းဆောင်များကို တုန်လှုပ်ချောက်ချားသွားစေ၏။

“အဲ့ဒါက ဘာနတ်ဘုရားစွမ်းအားလဲ”

“ငါမသိဘူး... အဲ့လိုမျိုး မီးခိုးရောင်ဆေဘာနဲ့ အဆင့်မြင့်နတ်ဘုရားစွမ်းအားမျိုးကို ငါတစ်ခါမှ မတွေ့ဖူးဘူး”

လက်ရှိ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များစွာက အလျင်အမြန် အပြန်အလှန် ပြောဆိုနေကြ၏။

“အဲ့ဒါက... ဘာအဆင့်မြင့် နတ်ဘုရားစွမ်းအားပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး”

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်းက သူ၏ အမြုတေစိတ်ဝိညာဥ်ကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်ပြီး ကြောက်မက်ဖွယ်ရာဟိန်းဟောက်လိုက်၏။

“အမှောင်ထုရဲ့ လွှမ်းခြုံမှုအောက်မှာ အရာရာတိုင်းက ဝါးမျိုခံရလိမ့်မယ်”

ဧရာမ အမှောင်ဝဲကတော့သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာပေါ်သို့ လွှမ်းခြုံလာခဲ့၏။

“အချိန်ဆိုတာ... ဆေဘာတစ်လက်လိုပဲ”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် မှင်သေသေအမူအရာတစ်ခုရှိနေပြီး တိုးတိတ်စွာ ရွတ်ဆိုလိုက်၏။ သူ့လက်ထဲရှိ မီးခိုးရောင်ဆေဘာက လွင့်ထွက်လာပြီး သူ့ရှေ့ရှိ အမှောင်ဝဲကတော့ကို ခုတ်ပိုင်းချလိုက်၏။

မီးခိုးရောင်ဆေဘာက ဆင်းသက်လာပြီး အမှောင်ဝဲကတော့၏ စွမ်းအားကို လျစ်လျူရှုကာ ၎င်းကို ထိုးဖောက်လိုက်လေသည်။

အဲ့ဒါက အမှောင်ဖြစ်စေ ၊ အလင်းဖြစ်စေ မည်သည့်အရာကမှ အချိန်၏ တိုက်စားမှုကို ခံနိုင်ရည်မရှိပေ။

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်း၏ အမူအရာက ပြောင်းလဲသွားပြီး သူက နောက်သို့ဆုတ်ချင်သော်လည်း နောက်ကျသွားခဲ့လေပြီ။

မီးခိုးရောင်ဆေဘာက သူ့ကိုထိခတ်မိသွား၏။

“ဆိုးပြီ... ငါက ဒီနေရာမှာ သေရတော့မှာလား”

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်းက စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။

သို့သော်လည်း သူက မည်သည့်ထိခိုက်ဒဏ်ရာမှမရရှိသည်ကို သိပ်မကြာခင် နားလည်သွားလေသည်။

မီးခိုးရောင်ဆေဘာက သူ့ကိုထိခတ်သောအခါ သူသည် မည်သည့်အရာကိုမှ မခံစားရပေ။ သူ၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားခြင်း မရှိသလို မည်သည့်ထိခိုက်ဒဏ်ရာမှလည်း လုံးဝမရရှိပေ။

“ငါက... ဘာမှမဖြစ်ဘူးလား”

ရုတ်တရက်... မျိုးနွယ်စုခေါင်းဆောင်ဂမ္ဘီရဆီးနှင်းသည် အူမြူးအားရသော အမူအရာတစ်ခုနှင့်အတူ ဟားတိုက်ရယ်မောလိုက်လေသည်။

“ဟားဟားဟားဟား... ငါဘာမှမဖြစ်ဘူး”

“အဟွတ်... အဟွတ်... အဟွတ်”

သူသည် အလောတကြီးရယ်လိုက်သောကြောင့်လား မပြောတတ်ပေ။ မျိုးနွယ်စုခေါင်းဆောင်ဂမ္ဘီရဆီးနှင်းက သုံးကြိမ်ဆင့်၍ ချောင်းဆိုးလိုက်လေသည်။ သူက လှောင်ပြောင်သရော်လိုသော အမူအရာတစ်ခုနှင့်အတူ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကိုကြည့်ပြီး လှောင်ပြောင်ထေ့ငေါ့လိုက်လေသည်။

“ငါက ဘယ်လိုအံ့မခန်း အဆင့်မြင့်နတ်ဘုရားစွမ်းအားများလဲလို့... တွေးနေတာ လတ်စသတ်တော့ အဲ့ဒါက တကယ့်ဟာသသက်သက်ပဲ... ဟားဟားဟားဟား”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ရယ်ပြုံးခြင်းမရှိဘဲ မျိုးနွယ်စုခေါင်းဆောင်ဂမ္ဘီရဆီးနှင်းကို တိတ်တဆိတ်သာကြည့်နေ၏။

မျိုးနွယ်စုတစ်သောင်းမှ မည်သည့်သက်ရှိကမှ ရယ်ပြုံးနေခြင်းမရှိကြပေ။

မသိလိုက်မသိဘာသာနှင့်ပင် သူ၏ ဘေးပတ်လည်ရှိလူအုပ်ကြီးက အလွန်တရာ တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

တိတ်ဆိတ်ငြိမ်သက်သော ဤပတ်ဝန်းကျင်မှာ မျိုးနွယ်စုခေါင်းဆောင်ဂမ္ဘီရဆီးနှင်း၏ အမူအရာက အလွန်တရာ ထူးဆန်းနေပုံရ၏။

ခဏမျှ ရယ်မောပြီးနောက် တစ်စုံတစ်ရာလွဲမှားနေသည်ကို မျိုးနွယ်စုခေါင်းဆောင်ဂမ္ဘီရဆီးနှင်းက နားလည်သဘောပေါက်သွားပြီး သူ၏ ဘေးပတ်လည်ကို အလိုလိုလှည့်ကြည့်လိုက်၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးသည် သူ့ကို တွေဝေရှုပ်ထွေးသောအကြည့်များဖြင့် ကြည့်နေကြ၏။

အဲ့ဒီမှာ ကြောက်ရွံ့မှု ၊ တုန်လှုပ်မှု ၊ လှောင်ပြောင်လိုမှုနှင့် သနားဂရုဏာသက်မှု…. တို့ ပါရှိနေ၏။

“မင်းတို့တွေက ဘာကိုလာကြည့်နေတာလဲ”

သူက အော်ငေါက်၍ အနည်းငယ် မောဟိုက်သွားလေသည်။

ဘာ့ကြောင့်ရယ်မသိ... ခဏမျှသာရယ်လိုက်သည်ဆိုလျှင်တောင် သူ၏ အသက်ရှုသံက မြန်လာသည်ဟု ခံစားရ၏။

“ဂမ္ဘီရဆီးနှင်း... ခင်ဗျားရဲ့ မျက်နှာက...”

ထိုစဥ်မှာပင် မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးက မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်း၏ မျက်နှာကို လက်ညိုးထိုးပြီး သူ၏ အသံမှာ ထူးဆန်းသော အကြောက်တရားတစ်ခုပါဝင်နေ၏။

မီးခိုးရောင်ဆေဘာက ဆင်းသက်လာသောအခါ တကယ်ပင်... မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်း၏ ခန္ဓာကိုယ်ပေါ်မှာ မည်သည့်ထိခိုက်ဒဏ်ရာမှ ရရှိမလာခဲ့ပေ။

သို့သော်လည်း အစကသူ၏ မီးခိုးရောင်ဆံပင်က စွတ်စွတ်ဖြူသွားခဲ့လေပြီ။

အစက သူ၏ မျက်နှာပေါ်တွင် အရေးအကြောင်းတချို့သာရှိနေခဲ့၏။

သို့သော်ယခုအခါ အရေးအကြောင်းများစွာပေါ်ထွက်လာပြီး ပါးရည်နားရည်များ တွန့်လာခဲ့လေသည်။

တဒင်္ဂအချိန်မှာပင် မျိုးနွယ်စုခေါင်းဆောင်ဂမ္ဘီရဆီးနှင်းသည် သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ရောက်ရှိနေသော လူအိုတစ်ယောက်အဖြစ် ပြောင်းလဲသွားလေပြီ။

သူ၏ သွေးချီက ယိုယွင်းပျက်စီးလာပြီး လေးလံထိုင်းမှိုင်းလာခဲ့ပြီဖြစ်၏။

သူ၏ အသက်ဓာတ်အားကလည်း အလွန်တရာအားပျော့လာခဲ့၏။

တစ်ခဏမျှ ရယ်မောလိုက်ခြင်းကတောင် သူ့ကိုအသက်ရှုကျပ်လာစေလေသည်။

တကယ်ဆို... သူ၏ အမြုတေစိတ်ဝိညာဥ်သည် မဟာအမှောင်နည်းစနစ်ကို ထောက်ပံ့ပေးနိုင်ခြင်း မရှိတော့ပေ။

ထိုအဆင့်မြင့်နတ်ဘုရားစွမ်းအားသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာရှေ့သို့ ရောက်ရှိမလာခင်မှာပင် ၎င်းက သူ့ဘာသာသူ လဲပြိုကျသွား၏။

“ဘယ်လိုများ ဖြစ်ရတာလဲ”

“အဲ့ဒါက ဘယ်လိုများဖြစ်နိုင်ပါ့မလဲ”

မျိုးနွယ်စုခေါင်းဆောင်ဂမ္ဘီရဆီးနှင်းသည် သူ၏ ခန္ဓာကိုယ်ထဲတွင် ဘဝသက်တမ်းအနည်းငယ်သာ ကျန်ရှိတော့သည်ကို ခံစားမိသောအခါ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

သူသည် ပဟေဠိနန်းတော်သို့ ရောက်ရှိလာစဥ်က သူ့မှာ အသက်ရှင်ဖို့အတွက် ဘဝသက်တမ်းနှစ်ငါးသောင်း ကျန်ရှိသေး​လေသည်။

သူသည် ကျတ်တီးမြေ၏ သက်ရောက်ခြင်းခံရပြီး ဘက်ပြန်ကြေးခွံကြောင့် ဒဏ်ရာအပြင်းအထန် ရရှိပြီးနောက် သူ့မှာ အသက်ရှင်ဖို့အတွက် ဘဝသက်တမ်း နှစ်သုံးသောင်းကျော်ကျန်ရှိလေသည်။

သို့သော် ယခုအခါ သူ့တွင် အသက်ရှင်ဖို့အတွက် ဘဝသက်တမ်း ထောင်ဂဏန်းမျှသာ ကျန်ရှိတော့လေသည်။

ဘဝသက်တမ်း ထောင်ဂဏန်းတချို့က ရှည်လျားသည်ဟုထင်ရသော်လည်း ဘဝသက်တမ်းနှစ်တစ်သိန်းရှိသော မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်အတွက် သူသည် သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ရောက်ရှိသွားလေပြီ။

သူ၏ ဘဝသက်တမ်း နှစ်သုံးသောင်းစလုံးက ထိုတဒင်္ဂအချိန်မှာပင် လေထဲသို့ ပျောက်ကွယ်သွားသည်ဟု ထင်ရလေသည်။

အတိအကျဆိုရလျှင်... အဲ့ဒါက လေထဲသို့ ဝင်ရောက်သွားခြင်း မဟုတ်ပေ။

အဲ့ဒါကို မီးခိုးရောင်ဆေဘာက နှုတ်ယူသွားခြင်းဖြစ်လေသည်။

ဘဝသက်တမ်း နှစ်သုံးသောင်းသည် ထိုခုတ်ချက်ဖြင့် ဖြတ်တောက်ခြင်းခံလိုက်ရ၏။

လူသားမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်များကို မပြောနှင့် ကမ္ဘာဦးမျိုးနွယ်များ၏ မျိုးနွယ်စုခေါင်းဆောင်များပင် ဤကဲ့သို့သော အဆင့်မြင့်နတ်ဘုရားစွမ်းအား၏ ထိတွေ့ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

ရုတ်တရက်... နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ထိုနတ်ဘုရားစွမ်းအားကို ထုတ်ဖော်သောအခါ ပြောခဲ့သည့်စကားကို မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်းက ပြန်လည်အမှတ်ရလိုက်၏။

“အချိန်ဆိုတာ... ဆေဘာတစ်လက်လိုပဲ”

အဲ့ဒါက အချိန်၏ စွမ်းအား ဖြစ်လေသည်။

အချိန်သည် အရက်စက်ဆုံးဖြစ်ပြီး မည်သူကမှ ၎င်း၏ တိုက်စားမှုကို ခံနိုင်ရည်မရှိပေ။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိအများစုသည် စကြဝဠာတည်တံ့နေသမျှ ထာဝရအသက်ရှင်သန်ချင်ရုံမျှသာဖြစ်လေသည်။

သမိုင်းတစ်လျှောက်မှာ မည်သူကများ အချိန်၏ တိုက်စားမှုကနေ လွတ်မြောက်နိုင်ခဲ့လို့လဲ။

“မင်း..မင်းက အဲ့လိုမျိုးစွမ်းအားကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်နေရတာလဲ”

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်း၏ အသံက အထိန်းအကွပ်မဲ့စွာ တုန်ယင်နေပြီး ခြောက်သွေ့အက်ကွဲ၍ ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေ၏။

ထို့နောက်ချက်ချင်းပင် သူ၏ မျက်လုံးက ပြူးကျယ်သွားပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တဆတ်ဆတ်လှုပ်သွားလေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ လက်ကြားမှာ မီးခိုးရောင်မြူခိုးများက တလိပ်လိပ်တက်လာပြီး စောစောကနှင့် အတိအကျတူညီသော မီးခိုးရောင်ဆေဘာတစ်လက်ကို ထပ်မံဖြစ်ပေါ်လာစေ၏။

“အချိန်ဆိုတာ... ဆေဘာတစ်လက်လိုပဲ”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သူ့လက်ထဲရှိ မီးခိုးရောင်ဆေဘာကို မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်းရှိရာသို့ လွှဲခုတ်ပြီး တီးတိုးရေရွတ်လိုက်လေသည်။

“ခုတ်ချက်တစ်ချက်ချင်းစီက အိုမင်းရင့်ရော်စေတယ်”

မီးခိုးရောင်ဆေဘာသည် လေဟာနယ်ကိုဖြတ်ကျော်ပြီး မျိုးနွယ်စုခေါင်းဆောင်ဂမ္ဘီရဆီးနှင်းပေါ်သို့ ချက်ချင်းပင် ဆင်းသက်ကာ တိုးဝင်ပျောက်ကွယ်သွားလေသည်။

ထိုခုတ်ချက်က နောက်ထပ် နှစ်သုံးသောင်းကို ကိုယ်စားပြုလေသည်။

နှစ်တစ်သောင်းပင်မကျန်ရှိတော့သည့် မျိုးနွယ်စုခေါင်းဆောင်ဂမ္ဘီရဆီးနှင်း၏ ဘဝသက်တမ်းသည် ချက်ချင်းပင် ကုန်ခန်းသွားခဲ့လေသည်။

ခုတ်ချက်တစ်ချက်ချင်းစီက အိုမင်းရင့်ရော်စေတယ်...

အဲ့ဒါသည် မျိုးနွယ်စုခေါင်းဆောင်ဂမ္ဘီရဆီးနှင်း ကြားလိုက်ရသည့် နောက်ဆုံးစကားသံဖြစ်လေသည်။

နောက်ခဏ၌ မျိုးနွယ်စုခေါင်းဆောင်ဂမ္ဘီရဆီးနှင်းသည် ညှိုးခြောက်သွားပြီး သူ၏ သက်မဲ့အလောင်းက သက်ရှိများစွာ၏ ရှေ့မှောက်မှာပင် လေထဲကနေ ပြုတ်ကျလာခဲ့၏။

သူ၏ အလောင်းက ပြုတ်ကျလာရင်း ရော်ရွက်ဝါတစ်ရွက်ကဲ့သို့ ညိုးခြောက်သွားလေသည်။

All Chapters