← Chapters

အမြစ်ပြတ်ချေမှုန်းခြင်း

Vol. 108 Ch. 1610

အမြစ်ပြတ်ချေမှုန်းခြင်း

Vol. 108 Ch. 1610

ပဟေဠိနန်းတော်က သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွား၏။

ကမ္ဘာဦးမျိုးနွယ်၏ အလယ်အလတ်အဆင့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သည် ဤကဲ့သို့ပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။

ခုတ်ချက်နှစ်ချက်သည် နှစ်သောင်းချီ သူ၏ ဘဝသက်တမ်းကို ချက်ချင်းပင် ကုန်ခန်းသွားစေ၏။

ထိုအဆင့်မြင့်နတ်ဘုရားစွမ်းအားသည် ၎င်း၏ အကန့်သတ်ထိ အချိန်၏ ရက်စက်ကြမ်းကြုတ်မှုကို ထုတ်ဖော်လာခဲ့၏။

ရွှစ်...

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုး၏ ပုံရိပ်က ဖျတ်ခနဲလှုပ်ရှားသွားပြီး သူ၏ သွေးချီက ပေါက်ကွဲထွက်ပေါ်လာ၏။ တစ်ခဏချင်းမှာပင် သူသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာရှေ့သို့ ရောက်ရှိလာပြီး သူ၏ ဧရာမ ရွှေဓားကို ကိုင်မြှောက်ကာ ခုတ်ပိုင်းချလိုက်၏။

သူသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ထိုနတ်ဘုရားစွမ်းအား ဆက်လက်၍ ထုတ်ဖော်ခွင့်ပေးလို့မဖြစ်သည်ကို ကောင်းကောင်းသိလိုက်ပြီဖြစ်၏။

သူ့မှာ ဘဝသက်တမ်း နှစ်တစ်သိန်းကျော် ကျန်ရှိသေးသော်လည်း သူက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ဆေဘာတစ်လက်ကဲ့သို့အချိန် နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ခွင့်ပေးလိုက်မယ်ဆိုလျှင် ခုတ်ချက်အနည်းငယ်ပြီး၌ သူက ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။

ခုတ်ချက်အနည်းငယ်ကို မပြောနှင့် ခုတ်ချက်တစ်ချက်ကပင် သူ့အတွက် မခန့်မှန်းနိုင်သော ပျက်စီးထိခိုက်မှုကို ဖြစ်စေနိုင်၏။

ခုတ်ချက်တစ်ချက်သည် ဘဝသက်တမ်း နှစ်သုံးသောင်းနှင့် တူညီလေသည်။

အချိန်က ဆေဘာတစ်လက်ကဲ့သို့ဖြစ်ပြီး ခုတ်ချက်တစ်ချက်ချင်းစီက သိသိသာသာအိုမင်းရင့်ရော်စေလေသည်။

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးသည် တိုက်ပွဲအတွေ့အကြုံကြွယ်ဝပြီး ထက်ရှမှုရှိလေသည်။

ဤနတ်ဘုရားစွမ်းအားသည် ကြောက်စရာကောင်းသော်လည်း ၎င်းတွင် အားနည်းချက်မရှိသည်မဟုတ်ကို သူကပြောနိုင်လေသည်။

ထိုအဆင့်မြင့်နတ်ဘုရားစွမ်းအားကို တစ်ကြိမ်စုဖွဲ့လိုက်တိုင်း ၎င်းသည် အချိန်ဆေဘာတစ်လက်ကိုသာ စုဖွဲ့နိုင်လေသည်။

သူတို့ကြားမှာ နှောင့်နှေးကြန့်ကြာမှုရှိလေသည်။

တစ်နည်းအားဖြင့်ဆိုလျှင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို အနီးကပ်တိုက်ခိုက်ခြင်းမှာ လုံလောက်အောင်ဖိအားပေးနိုင်သည်နှင့်အမျှ ထိုသူသည် ထိုအဆင့်မြင့်နတ်ဘုရားစွမ်းအားကို ထုတ်ဖော်နိုင်တော့မည် မဟုတ်ပေ။

အဲ့ဒါကြောင့် မျိုးနွယ်စုခေါင်းဆောင်ဂမ္ဘီရစစ်ထိုးသည် ထွက်ပြေးခြင်းမရှိပေ။ ထိုအစားက သူကရှေ့သို့ပြေးဝင်လာပြီး သူ၏ သွေးချီကို တလိပ်လိပ်တက်လာစေ၏။

သူ၏ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတစ်ခုက သိပ်သည်းပြင်းထန်သော အော်ရာတစ်ခုနှင့်အတူ ပစ်လွင့်ထွက်ပေါ်လာပြီး သူက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အနီးကပ်တိုက်ခိုက်ဖို့ကို ရွေးချယ်လိုက်၏။

သို့သော်လည်း မျိုးနွယ်စုခေါင်းဆောင်ဂမ္ဘီရစစ်ထိုးက တစ်စုံတစ်ရာကို လွဲမှားတွက်ချက်ခဲ့မိ၏။

ထိုအဆင့်မြင့်နတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်ပြီး နတ်ဘုရားစွမ်းအားမုန်တိုင်း၏ ဆေးကြောသန့်စင်မှုကို ခံယူအပြီး၌ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ကိုယ်ထဲရှိ မဟာချိပ်စည်းနည်းစနစ်စွမ်းအားက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ကိုယ်ကာယ ၊ သွေးချီနှင့် အမြုတေစိတ်ဝိညာဥ်တို့၏ စွမ်းအားက တလိပ်လိပ်ထိုးတက်လာနေ၏။

ဒါ့အပြင်... နဂါးဖီးနစ်အစစ်အမှန်ပုံစံသို့ အချိန်မရွေးပြောင်းလဲနိုင်ပြီး မျိုးနွယ်စုခေါင်းဆောင်ဂမ္ဘီရစစ်ထိုနှင့် တိုက်ခိုက်နိုင်လေသည်။

“ခုတ်ပိုင်းစမ်း”

ဧရာမရွှေဓားက ခုတ်ပိုင်းကျဆင်းလာ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ရှောင်တိမ်းခြင်း သို့မဟုတ် နောက်ဆုတ်ခြင်းမရှိပေ။

သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ လက်ကို ရုတ်တရက်ဆန့်ထုတ်လိုက်၏။

လေထဲမှာပင် သူ၏ လက်က တဖျောက်ဖျောက်မြည်သံများ ထွက်ပေါ်လာပြီး ချက်ချင်းပင် ဆန့်တန်းကာ ပေပေါင်းများစွာ ရှည်လျား၍ တုတ်ခိုင်ကြီးမားလာခဲ့၏။

သူ့လက်ပေါ်ရှိကြွက်သားများက စိတ်ဝိညာဥ်မြွေများကဲ့သို့ ဖောင်းကြွလာပြီး သူတို့ပေါ်တွင် သတ္တုပြားများနှင့်ဆင်တူသော နဂါးကြေးခွံများက ချက်ချင်းပင် ပေါ်ထွက်လာ၏။

သူ၏ လက်ဖဝါးသည် အသွင်ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး ကြီးမား၍ ထက်ရှသော နဂါးဖီးနစ်လက်သည်းအဖြစ် ပြောင်းလဲသွားလေသည်။

ချွမ်း...

နဂါးဖီးနစ်လက်သည်းက ဧရာမရွှေဓားကို သူ၏ လက်ဖဝါးထဲမှာ ဖမ်းဆုပ်ပြီး မီးပွားများကို စင်ထွက်သွားစေ၏။

ဧရာမရွှေဓား၏ ထက်ရှမှုသည် နဂါးဖီးနစ်၏ ကြေးခွံများကိုပင် မဖြတ်ကျော်နိုင်ပေ။

မျိုးနွယ်စုခေါင်းဆောင်ဂမ္ဘီရစစ်ထိုးက အလိုလိုနောက်ဆုတ်ပြီး သူ၏ ဧရာမရွှေဓားကို ပြန်ရုပ်သိမ်းချင်လေသည်။

“ဟမ်...”

သူ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။

ဧရာမရွှေဓားသည် နဂါးဖီးနစ်လက်သည်းဖြင့် တင်းကျပ်စွာဖမ်းဆုပ်ထားခြင်းခံရပြီး တုတ်တုတ်မျှ မလှုပ်နိုင်တော့ပေ။ သူက သူ၏ ခွန်အားကုန်ကို​ ထုတ်ဖော်လိုက်လျှင်တောင် သူသည် ဧရာမရွှေဓားကို ပြန်ဆွဲမယူနိုင်တော့ပေ။

သူတို့နှစ်ယောက်က အရမ်းကို နီးကပ်နေပြီး အလျှော့မပေးလိုဘဲ စတင်အားပြိုင်လိုက်ကြ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ မျက်လုံးများက အေးစက်လာပြီး မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေ၏။ နဂါးဖီးနစ်လက်သည်းများမှ မီးတောက်များက စုဖွဲ့လာခဲ့၏။

ဇီ...

၎င်းသည် ပြင်းထန်သည့် နာကျင်မှုကို ခံစားလိုက်ရသည့်အလား ဧရာမရွှေဓားသည်.စတင်တုန်ယင်၍ တဇီဇီမြည်သံထွက်ပေါ်လာ၏။

ဓားပေါ်ရှိ ရွှေရောင်အလင်းက စတင်၍ မှိန်ဖျော့လာခဲ့၏။

ထိုမျှသာမက ဓားသည် နီရဲနေသော အလင်းတစ်ခုဖြင့် တောက်ပလာခဲ့လေသည်။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် အာရုံစိုက်ကြည့်လိုက်ကြပြီး တုန်လှုပ်မှုဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားကြ၏။

နဂါးဖီးနစ်မီးတောက်များ၏ ချစ်ချစ်တောက်အပူလှိုင်းအောက်တွင် ဧရာမရွှေဓားသည် စတင်၍ နီရဲလာပြီး ထွင်းဖောက်မတတ်ကြည်လင်လာခဲ့၏။ ၎င်းသည် ချစ်ချစ်တောက်အပူတစ်ခုကို ထုတ်ပေးပြီး ဓားရိုးဆီသို့ ဖြန့်ကြက်သွားလေသည်။

ဓားရိုးကလည်း စတင်၍နီရဲလာခဲ့၏။

ဝေါ... ဝေါ... ဝေါ...

မျိုးနွယ်စုခေါင်းဆောင်ဂမ္ဘီရစစ်ထိုး၏ လက်ဖဝါးထဲမှ အဖြူရောင်မီးခိုးများက အူထွက်လာ၏။

မျိုးနွယ်စုခေါင်းဆောင်ဂမ္ဘီရစစ်ထိုးသည် အန္တရာယ်နှင့်ရင်ဆိုင်နေရသော အမူအရာတစ်ခု ဖြစ်ပေါ်လာပြီး သူ၏ မျက်လုံးများက ပြူးကျယ်လာခဲ့၏။ သူသည် နာကျင်မှုကို ဆက်လက်တောင့်ခံရင်း အလျှော့ပေးဖို့ ငြင်းဆန်နေဆဲ ဖြစ်၏။

သို့သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ စွမ်းအားက ဆက်လက်၍ မြင့်တက်လာပြီး နဂါးဖီးနစ်မီးတောက်များ၏ အပူချိန်ကလည်း တိုးမြင့်လာခဲ့လေသည်။

ဓားရိုးက သူ့လက်ကိုလောင်ကျွမ်းလာခဲ့၏။

နောက်ဆုံးမှာတော့ မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးသည် အဲ့ဒါကို ဆက်လက်၍ တောင့်မခံနိုင်တော့ပဲ သူ၏ လက်ကို လွှတ်ပေးလိုက်ရ၏။

“ဟမ့်... “

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက လှောင်ရယ်၍ ဧရာမရွှေဓားကို လုယူလိုက်လေသည်။ သူက နီရဲနေသောဓားရိုးကိုဆုပ်ကိုင်ပြီး မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးကို ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်၏။

မျိုးနွယ်စုခေါင်းဆောင်ဂမ္ဘီရစစ်ထိုးက သူ၏ လက်ထဲရှိ ဧရာမရွှေရောင်ဒိုင်းကာကို အလောတကြီးပင့်မြှောက်ကာ ခုခံလိုက်လေသည်။

ဘုန်း...

ဧရာမရွှေဓားက ဧရာမဒိုင်းကာနှင့် ထိတွေ့ရိုက်ခတ်သောအခါ ကျယ်လောင်သောမြည်သံ ထွက်ပေါ်လာ၏။

ဧရာမရွှေဓားသည် အစကတည်းက နဂါးဖီးနစ်မီးတောက်များဖြင့် လောင်ကျွမ်းခံလိုက်ရပြီး အလွန်တရာကျွတ်ဆတ်နေ၏။ ယခု... ၎င်းသည် ဧရာမဒိုင်းကာနှင့် ထိတွေ့ရိုက်ခတ်သောအခါ ၎င်းသည် အပိုင်းပိုင်းကျိုးပဲ့သွားပြီး အကျိုးအပဲ့အစအနများက အဘက်ဘက်သို့ ပြန့်ကျဲထွက်သွား၏။

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ဆတ်ခနဲ တုန်ယင်သွား၏ ။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ စွမ်းအားသည် ယခင်ကထက် များသွာပိုမိုသန်မာလာပြီး သူက အဲ့ဒါကို မခုခံနိုင်တော့သည်မှာ သိသာလေသည်။

ရုတ်တရက်ဆိုသလို...

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုး၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။

ချိပ်စည်းနည်းစနစ်က ပျောက်ကွယ်သွားပြီဖြစ်ပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲနိုင်နေပြီကို သူက နောက်ဆုံးမှာ နားလည်သဘောပေါက်သွား၏။

ထိုအချိန်ကျလျှင် ထိုသူ၏ တိုက်ခိုက်ရည်ခွန်အားက နောက်တစ်ဖန် တိုးမြင့်လာပေလိမ့်မည်။

ထိုစဥ်မှာပင် မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုး၏ ဦးခေါင်းထက်မှာ ကြီးမားသောအရိပ်တစ်ခုက ပေါ်ထွက်လာ၏။

သူ၏ ဘေးပတ်လည်ရှိအပူချိန်က အလျင်အမြန်မြင့်တက်လာ၏။

သူသည် ဘေးပတ်လည်မှာ မီးတောက်များတရုန်းရုန်းထကြွကာ လောင်ကျွမ်းနေသည့် ဧရာမမီးတောင်တစ်ခုထဲကို ကျဆင်းသွားသည့်အလားဖြစ်ပြီး သူက အရည်ပျော်ကျတော့မည့်ဆဲဆဲ ဖြစ်လာလေသည်။

သူက အလိုလိုမော့ကြည့်လိုက်၏။

မိုးကောင်းကင်ထက်တွင် အလျှံညီးညီး မီးတောက်များနှင့်အတူလောင်ကျွမ်းနေသော စွမ်းအားကြီးမားသည့် သတ္တဝါတစ်ကောင်သည် သူ့ကို ငုံ့ကြည့်နေ၏။ ၎င်းတွင် နဂါးတစ်ကောင်၏ ဦးခေါင်း၊ ဖီးနစ်၏ အမြီးနှင့် တောင်ပံတစ်စုံရှိလေသည်။

၎င်း၏ တောင်ပံများအောက်တွင် ကျောက်စိမ်းဖြူရောင် ဆင်စွယ်လေးချောင်းကို ခပ်ရေးရေးမြင်နိုင်လေသည်။

သူ၏ မျက်လုံးများသည် အေးစက်၍ ခြိမ်းခြောက်နိုင်စွမ်းကြီးမားနေ၏။

ထိုမျက်လုံးများ သူ့ကိုကြည့်ပုံသည် မည်သည့်စိတ်ခံစားချက်မှမရှိဘဲ ပုရွက်ဆိတ်တစ်ကောင်ကိုကြည့်နေသည်နှင့် တူလေသည်။

တဗူးနဂါးဖီးနစ်...

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးသည် အလယ်အလတ်မဟာယာနအဆင့်ထိ ကျင့်ကြံထားသော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာဆင်းသက်လာပြီးနောက် သူက သိမ်ငယ်သွားသည်ဟု ခံစားရလေသည်။

အဲ့ဒါသည် မျိုးဆက်သွေး၏ ပကတိဖိနှိမ်မှုတစ်ရပ်ဖြစ်၏။

နတ်ဘုရားမျိုးနွယ်၏ မူလဇာစ်မြစ်သည် ဤကုန်းမြေတိုက်က မဟုတ်လျှင်တောင် သူတို့သည် တဗူးများနှင့်ရင်ဆိုင်ရာမှာ နက်ရှိုင်းသော အကြောက်တရားကို ခံစားနေရဆဲဖြစ်လေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သူ၏ ကြီးမားသောခန္ဓာကိုယ်နှင့်အတူ ထိုးဆင်းလာပြီး တဗူးတစ်ကောင်၏ ကြောက်စရာကောင်းသော စွမ်းပကားနှင့်အတူ ဆင်းသက်လာခဲ့လေသည်။

မျိုးနွယ်စုခေါင်းဆောင်ဂမ္ဘီရစစ်ထိုးသည် ပြေးစရာနေရာမရှိတော့ဘဲ ဧရာမရွှေဒိုင်းကာနှင့်အတူ နောက်တစ်ဖန်ခုခံရုံသာ တတ်နိုင်လေသည်။

ဘုန်း...

အဲ့ဒီမှာ ကျယ်လောင်သောမြည်သံတစ်သံ ထွက်ပေါ်လာ၏။

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုး၏ ပုံရိပ်က ဥက္ကာခဲတစ်ခဲကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းထန်စွာပစ်ကျသွားပြီး ကြီးမားသော မြေတွင်းချိုင့်တစ်ခုကို ဖြစ်ပေါ်သွားစေ၏။

ဧရာမရွှေဒိုင်းကာက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ လက်ချက်ဖြင့် လွင့်စင်ထွက်သွားပြီး မြေပြင်ပေါ်သို့ လဲပြိုကျသွား၏။

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုး၏ အရွတ်များနှင့် အရိုးများသည် ကွဲထွက်ကုန်ပြီဟု ခံစားလိုက်ရပြီး သူက မြေတွင်းထဲကနေ ပြန်လည်ဖက်တက်လာခဲ့လေသည်။

ထိုစဥ်မှာပင်... သွေးနီရောင်အရိပ်တစ်ခုက သူ့အပေါ်သို့ အုပ်မိုးလာခဲ့၏။

ဘုန်း...

နဂါးဖီးနစ်က ဆင်းသက်လာခဲ့ပြီး သူ၏ လက်သည်းများနှင့်အတူ မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုး၏ ခန္ဓာကိုယ်ကို ဖိချလိုက်၏။

ထက်ရှသောလက်သည်းချွန်များက သူ၏ ခန္ဓာကိုယ်ကို ချက်ချင်းပင်ထိုးဖောက်သွားပြီး လတ်ဆတ်သောသွေးများက ပန်းထွက်လာခဲ့၏။

“အား...”

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးသည် ချောက်ချားဖွယ်ရာ စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က နာကျင်မှုဖြင့် တုန်ယင်ကာ အကြောဆွဲလုနီးပါးဖြစ်နေ၏။

တောက်လောင်နေသော သံမဏိချိတ်များကဲ့သို့ လက်သည်းချွန်တစ်ခုချင်းစီသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်ထားလေသည်။ လောင်ကျွမ်းနေသော မီးတောက်များက သူ၏ အသက်ဓာတ်အားကို အဆက်မပြတ် ဖျက်ဆီးပစ်နေ၏။

“အား.. အား... အား”

သူသည် အဆက်မပြတ်ရုန်းကန်ရင်း စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။

“တော်တော်နားညီးတဲ့ကောင်ပဲ”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အသံက အဆုံးမဲ့သော စွမ်းပကားတစ်ခုနှင့်အတူ ထွက်ပေါ်လာ၏။

နဂါးဖီးနစ်သည် သူ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး ရုတ်တရက် သူ၏ ပါးစပ်ကို ဖွင့်ဟကာ မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုး၏ ဦးခေါင်းပေါ်သို့ နီရဲနေသော ချော်ရည်စီးကြောင်းများကို ထွေးထုတ်လိုက်လေသည်။

ရှဲ...

ချစ်ချစ်တောက်ပူလောင်သော ချော်ရည်များသည် မြေတွင်းချိုင့်နှင့် မျိုးနွယ်စုခေါင်းဆောင်ဂမ္ဘီရစစ်ထိုး၏ ပုံရိပ်ကို ချက်ချင်းပင် ဆွဲယူနစ်မြုပ်ကာ မီးခိုးစိမ်းများကို အူထွက်လာစေ၏။

မျိုးနွယ်စုခေါင်းဆောင်ဂမ္ဘီရစစ်ထိုး၏ အော်သံက ယတိပြတ် ရပ်တန့်သွားခဲ့ပြီဖြစ်၏။

သိပ်မကြာခင်... သူ၏ အော်ရာသည် ချော်ရည်များထံသို့ နစ်မြုပ်ပျောက်ကွယ်သွားပြီး မည်သည့်အလောင်းမှ မကျန်ရှိခဲ့ပေ။

တိုက်ပွဲ၏ ဤနေရာအရောက်တွင် ဆင်းသက်လာခဲ့ကြသော နတ်ဘုရားမျိုးနွယ်၏ အလယ်အလတ်အဆင့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ကြရပြီဖြစ်၏။

ကျန်ရှိနေသော နတ်ဘုရားမျိုးနွယ် သက်ရှိများသည် မည်သည့်ခြိမ်းခြောက်နိုင်စွမ်းမှ မရှိတော့ဘဲ အဘက်ဘက်သို့ ထွက်ပြေးကုန်ကြ၏။

မျိုးနွယ်စုခေါင်းဆောင် ဝူထန်နှင့် အခြားသူများသည် ထိုသည်ကို တွေ့မြင်သောအခါ ထိတ်လန့်တကြားဖြင့် သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်လာကြ၏။

နတ်ဘုရားမျိုးနွယ်က သွားရှာပြီကို သူတို့က ကောင်းကောင်းသိလိုက်ကြ၏။

အဲ့ဒါက အမြစ်ပြတ်ချေမှုန်းသုတ်သင်ခြင်းဖြစ်လေသည်။

All Chapters