← Chapters

မဟာယာနအဆင့်

Vol. 108 Ch. 1612

မဟာယာနအဆင့်

Vol. 108 Ch. 1612

သစ်သားနတ်ဘုရားမိုးကြိုးဆင်းသက်လာမှုသည် ဆူဇီမိုကို ဒဏ်ရာအပြင်းအထန် မရရှိစေရုံသာမက ၎င်းသည် သူနှင့် သူ့အောက်ဘက်တွင်ရှိသော ဖန်တီးခြင်းကြာပဒုမ္မာကိုပါ အားဖြည့်ပေးလိုက်ရလေသည်။

ရေနတ်ဘုရားမိုးကြိုးကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ဒဏ်ရာများသည် သစ်သားနတ်ဘုရားမိုးကြိုး၏ အားဖြည့်ပေးမှုအောက်တွင် လုံးဝသက်သာပျောက်ကင်းသွားပြီဖြစ်၏။

ဆူဇီမို၏ အော်ရာက ဆက်တိုက်မြင့်တက်လာနေ၏။

သိပ်မကြာခင် သစ်သားနတ်ဘုရားမိုးကြိုးကို အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ကုန်စင်အောင် စုပ်ယူပြီးစီးသွားလေသည်။ အခြေအနေအရဖြစ်စေ... ခွန်အားအရဖြစ်စေ သူက သူ၏ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

တတိယမြောက် နတ်ဘုရားမိုးကြိုးက ဆင်းသက်လာခဲ့၏။

မီးသည် သစ်သားကနေ မွေးဖွားပေါ်ထွက်လာ၏။

တတိယမြောက် နတ်ဘုရားမိုးကြိုးက မီးနတ်ဘုရားမိုးကြိုးဖြစ်လေသည်။

ရေနတ်ဘုရားမိုးကြိုးသည် ဒြပ်စင်ငါးမျိုး နတ်ဘုရားမိုးကြိုးများထဲမှာ အားအနည်းဆုံးဖြစ်သည်ဆိုလျှင် မီးနတ်ဘုရားမိုးကြိုးသည် ဒြပ်စင်ငါးမျိုး နတ်ဘုရားမိုးကြိုးမှာ အသန်မာဆုံးဖြစ်ပေလိမ့်မည်။

ဒါ့အပြင် မီးနတ်ဘုရားမိုးကြိုးသည် အပင်မျိုးနွယ်အတွက် အဖျက်စွမ်းအား ပိုမိုကြီးမားလေသည်။

ဘုန်း...

သွေးနီရောင်မိုးကြိုးတစ်စင်းက နက်မှောင်နေသော တိမ်စိုင်များကြားကနေ ဆင်းသက်လာပြီး ဆူဇီမိုကို ပစ်ချလိုက်လေ၏။

ရွှစ်...

ချက်ချင်းပင် ဆူဇီမို၏ ခန္ဓာကိုယ်က သွေးနီရောင်လျှပ်စီးများနှင့် ဒေါသူပုန်ထနေသော မီးတောက်များဖြင့် လွှမ်းခြုံခံလိုက်ရ၏။ သူ၏ ပုံရိပ်ကို မီးနတ်ဘုရားမိုးကြိုးအတွင်းမှာ ခပ်ရေးရေးသာ မြင်ရတော့လေသည်။

ဆူဇီမို၏ အသားများသည် မီးနတ်ဘုရားမိုးကြိုးဖြင့် ကွဲထွက်သွားသည်ကို မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက ရှင်းလင်းစွာ မြင်လိုက်ရ၏။

လတ်ဆတ်သောသွေးများက စီးထွက်မလာခင်မှာပင် ၎င်းက အငွေ့ပြန်သွားပြီး ပြာကျသွားလေသည်။

ဆူဇီမိုသည် အနည်းငယ်တုန်ယင်၍ နာကျင်နေသော အမူအရာတစ်ခုနှင့်အတူ မျက်မှောင်ကြုတ်နေ၏။

ဖန်တီးခြင်းကြာပဒုမ္မာ၏ အော်ရာပင်လျှင် မီးနတ်ဘုရားမိုးကြိုး၏ ဖိနှိမ်ခြင်းကို ခံလိုက်ရ၏။ သို့သော်လည်း အစကနေ ယခုအချိန်ထိ သူသည် အသံတစ်ချက်မှ မထွက်ပေ။ သူ၏ အော်ရာက ဆက်တိုက်အားနည်းလာ၏။

အဆုံးသတ်မှာတော့... ၎င်းသည် မီးနတ်ဘုရားမိုးကြိုးထဲမှာ နစ်မြုပ်သွားပြီး ပျောက်ကွယ်လုနီးပါးဖြစ်သွားလေသည်။

ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များက ထိုသည်ကိုတွေ့မြင်သောအခါ တွေဝေရှုပ်ထွေးသော အမူအရာများဖြစ်ပေါ်လာကြ၏။

ဆူဇီမိုသည် ယခုအချိန်တွင် အားအနည်းဆုံး အ​ခြေအနေမှာရှိနေသည်ကို သူတို့က ကောင်းကောင်းသိလိုက်ကြ၏။

မည်သည့်ပေါင်းစည်းခန္ဓာစွမ်းအားပြီးပုဂ္ဂိုလ်မဆို... သို့မဟုတ် ဓမ္မဝိသေသတာအိုအရှင်များပင်လျှင် သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိစေနိုင် သို့မဟုတ် သတ်ဖြတ်နိုင်လေသည်။

သို့သော်လည်း မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးသည် လေထဲတွင်ရှိသော စွမ်းအားကြီးမားသည့် အခြားသောပုံရိပ်ကို ခိုးကြည့်လိုက်ကြ၏။

မီးတောက်များကဲ့သို့ လောင်ကျွမ်းနေသော သွေးနီရောင်ဆံပင်နှင့် တောက်လောင်ပြင်းပြသော အကြည့်တစ်ခုရှိသည့် ထိုပုံရိပ်ထံမှ ကြမ်းကြုတ်ခက်ထန်၍ ချစ်ချစ်တောက်ပူလောင်သော စွမ်းပကားတစ်ခုဖြာထွက်နေ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ ရှိနေသည်နှင့်အမျှ မည်သူကမှ မဆင်မခြင် ပြုမူလှုပ်ရှားရဲခြင်းမရှိပေ။

ထိုသည်ကို တွေ့မြင်သောအခါ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပဲ ဝင်ရောက်စွက်ဖက်ဖို့ စိတ်ကူးလည်းမရှိပေ။

ဤကဲ့သို့သော ကပ်ဘေးဖြတ်ကျော်ခြင်းအတွက် လူတစ်ယောက်သည် သူ၏ ကိုယ်ပိုင်ခွန်အားပေါ်သာ မှီခိုရပေလိမ့်မည်။

အခြားတစ်စုံတစ်ယောက်က ဝင်ရောက်စွက်ဖက်မည်ဆိုလျှင် အဲ့ဒါသည် ပို၍ပင်ကြောက်စရာကောင်းသော ကပ်ဘေးတစ်ခုကို ခေါ်ဆောင်မိပေလိမ့်မည်။

မိုးကြိုးနှင့် မီးရောင်တဖျတ်ဖျတ်ကြားမှာ ဆူဇီမိုက လုံးဝမလှုပ်ရှားတော့ပေ။ သူ၏ ခန္ဓာကိုယ်ထဲရှိသွေးချီက တလိပ်လိပ်တက်လာပြီး မီးနတ်ဘုရားမိုးကြိုးကို ခုခံကာ သူ၏ ထိခိုက်ဒဏ်ရာများကို သက်သာပျောက်ကင်းစေဖို့အတွက် သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားစီးကြောင်းများကို ထုတ်ပေးနေ၏။

မီးနတ်ဘုရားမိုးကြိုးက အဆက်မပြတ် လောင်ကျွမ်းဖျက်ဆီး၍ တရုန်းရုန်းထကြွနေစဥ် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် သူ့ကိုယ်သူအဆက်မပြတ် ပြုပြင်ပြီး အားဖြည့်ကုသနေ၏။

အဆက်မပြတ် ပြုပြင်ဖာထေးမှုနှင့် ခုခံမှုအောက်တွင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ပို၍ပင် ကြည်လင်သန့်စင်ပြီး ချို့ယွင်းချက်ကင်းမဲ့လာ၏။

ဒါ့အပြင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ပြန်လည်ကုသနိုင်စွမ်းသည် ပို၍ပင် သန်မာလာပြီး ပို၍ပင်ကြောက်စရာကောင်းလာခဲ့၏။

နောက်ဆုံးမှာတော့ မီးနတ်ဘုရားမိုးကြိုးက ပျက်ပြယ်သွား​လေသည်။

ဖန်တီးခြင်းကြာခုံပေါ်တွင် ဆူဇီမိုက ပုံပျက်ပန်းပျက်ဖြစ်နေပြီး သူသည် မီးနတ်ဘုရားမိုးကြိုးကြောင့် မည်းတူးနေသော လူပုံသဏ္ဌာန် မီးသွေးတုံးတစ်တုံးအဖြစ် ပြောင်းလဲသွားလေသည်။

ရုတ်တရက်ဆိုသလို...

လူပုံသဏ္ဌာန် မီးသွေးတုံးထံမှ နတ်ဘုရားဆန်ဆန် အလင်းနှစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။

အဲ့ဒါက ဆူဇီမို၏ မျက်လုံးများဖြစ်လေသည်။

ဆူဇီမိုက သူ၏ မျက်လုံးများကို ဖွင့်လိုက်၏။ ထိုလှုပ်ရှားမှုအနည်းငယ်နှင့်အတူ တွဲဖက်၍ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အမဲရောင်အလွှာက တဖြည်းဖြည်း ကွာကျသွား၏။ သူ၏ အရေပြားသေများက ကွာကျသွားပြီး သူ၏ ဆွေးရိနေသောအသားများက ပြာကျသွားကာ သူ၏ နုနယ်၍ ဖြူဖွေးသော အရေပြားတစ်လွှာကို ဖြစ်ပေါ်လာစေ၏။

သူသည် မွေးကင်းစကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေပြီး သူ့ထံမှ ခပ်ဖျော့ဖျော့ မွှေးရနံ့တစ်ခုပင် ဖြာထွက်နေ၏။

ဆူဇီမို၏ ခန္ဓာကိုယ်သည် ကျောက်စိမ်းလိုကြည်လင်နေသော အရောင်အဝါတစ်ခုဖြင့် ပြည့်နှက်နေပြီး ချို့ယွင်းချက်ကင်းမဲ့နေ၏။ သူ၏ ခန္ဓာကိုယ်က အစစ်အမှန် ဖန်တီးခြင်းကြာပဒုမ္မာကဲ့သို့ဖြစ်လေသည်။

ဘုန်း...

စတုတ္ထမြောက် နတ်ဘုရားမိုးကြိုးက ရွှေရောင်အလင်းနှင့်အတူ ဆင်းသက်လာခဲ့၏။

မီးကနေ ကမ္ဘာမြေက မွေးဖွားပေါ်ထွက်လာ၏။

အဲ့ဒါက ကမ္ဘာမြေနတ်ဘုရားမိုးကြိုးဖြစ်လေသည်။

ရွှေရောင်မိုးကြိုးက ဆင်းသက်လာပြီး ဆူဇီမိုက ဆတ်ခနဲတုန်ယင်သွားကာ မခံမရပ်နိုင်သော ဖိအားတစ်ခုကို ခံစားနေရပြီး မွန်းကျပ်လုနီးပါးဖြစ်လာခဲ့၏။

သူ၏ အောက်ဘက်ရှိ ဖန်တီးခြင်းကြာပဒုမ္မာက အဲ့ဒါကို ခံနိုရည်မရှိဘဲ အနည်းငယ်ကွေးညွှတ်သွားလေသည်။

မြေနတ်ဘုရားမိုးကြိုးသည် အလွန်တရာကြောက်စရာကောင်းသော စွမ်ပကားတစ်ခုကို ပိုင်ဆိုင်ထား၏။

ဆူဇီမိုသည် နတ်ဘုရားမိုးကြိုးတစ်ခုကို တောင့်ခံနေရခြင်းမဟုတ်ဘဲ ကမ္ဘာမြေတစ်ခုလုံးနှင့် ရင်ဆိုင်နေရသည့်အလားပင်။ အဲ့ဒါက တုတ်ခိုင်ကျယ်ပြန့်၍ အကန့်အသတ်မဲ့စွာ ဖြန့်ကြက်ထားလေသည်။

ဆူဇီမို၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ကွေးညွှတ်လာခဲ့၏။

အခြေအနေ၏ ဖိအားအောက်မှာ သူသည် ရွေးချယ်စရာမရှိတော့ဘဲ ဦးညွှတ်လာရ​လေသည်။

သူ၏ ခန္ဓာကိုယ်က ကိုင်းညွှတ်နေလေသည်။

သူ၏ အောက်ဘက်ရှိ ဖန်တီးခြင်းကြာပဒုမ္မာကလည်း ကွေးညွှတ်နေ၏။

မြေနတ်ဘုရားမိုးကြိုး၏ စွမ်းအားက ရပ်တန့်မသွားပဲ အကန့်အသတ်မဲ့သည်ဟု ထင်ရ၏။

နတ်ဘုရားမိုးကြိုးသည် သူ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးခြေမွှပစ်ချင်ရုံသာမက ၎င်းသည် သူ့ကို ကောင်းကင်နှင့် မြေကြီးထံမှာ ဒူးထောက်အညံခံစေချင်လေသည်။

သူက ခြေမွှဖျက်ဆီးခံရမည်ဆိုလျှင်...

သူ၏ အောက်ဘက်ရှိ ဖန်တီးခြင်းကြာပဒုမ္မာကလည်း ပျက်စီးကြေမွသွားမည်ဟု အဓိပ္ပါယ်ရလေသည်။

ဆူဇီမိုသည် ဖန်တီးခြင်းကြာပဒုမ္မာနှင့် တစ်သားတည်းကျ ပေါင်းစည်းသွားခဲ့သည်မှာ ကြာခဲ့လေပြီ။

သူတို့သည် အကောင်းအဆိုးကို အတူတကွဖြတ်ကျော်လာခဲ့၏။

မြေနတ်ဘုရားမိုးကြိုး၏ ဆင်းသက်လာမှုသည် စောစောက နတ်ဘုရားမိုးကြိုး သုံးစင်းပေါင်းစည်းထားခြင်းထက် ပိုမိုကြာမြင့်လေသည်။

ဒါ့အပြင် သူ၏ ခန္ဓာကိုယ်တွင်းရှိ စွမ်းအားက ဆက်လက်မြင့်တက်လာနေဆဲ ဖြစ်သည်ကို ဆူဇီမိုက ရှင်းလင်းစွာခံစားမိနိုင်၏။

ရုတ်တရက်ဆိုသလို... ဆူဇီမို၏ စိတ်ထဲမှာ အတွေးတစ်ချက်က ဖျတ်ခနဲပေါ်ထွက်လာ၏။

မြေကြီးက တုတ်ခိုင်၍ကျယ်ပြန့်ပြီး ရပ်တန့်၍ မရနိုင်ပေ။

ကမ္ဘာမြေကွဲထွက်ခြင်းက အရာရာတိုင်းကို ဝါးမျိုပစ်နိုင်၏။

ကမ္ဘာမြေပြို​ခြင်းက သက်ရှိများအားလုံးကို မြှုပ်နှံပစ်နိုင်၏။

သို့သော်လည်း ကမ္ဘာမြေသည် သက်ရှိများအားလုံးကို ဝင်ဆံ့စေနိုင်ပြီး အသက်ဓာတ်အားကို ဖြည့်ဆည်းပေးလေသည်။

ကမ္ဘာမြေ၏ စွမ်းအားသည် အရာရာတိုင်းကို ဖျက်ဆီးပစ်ဖို့ လုံလောက်သော်လည်း အားအနည်းဆုံး မြက်ပင်တစ်ပင်ကပင် မြေကြီးထဲကနေ ထိုးထွက်၍ ကြီးထွားလာနိုင်၏။

ထိုအတွေးက ဝင်းလက်တောက်ပနေပြီး ရုတ်တရက် ဆူဇီမိုသည် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဖိအားက လျော့ကျသွားသည်ကို ခံစားလိုက်ရ၏။

မျိုးနွယ်တစ်သောင်းမှ သက်ရှိများအားလုံး၏ အကြည့်များအောက်တွင် ဆူဇီမို၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ဖြောင့်တန်းလာခဲ့၏။

သူ၏ အောက်ဘက်ရှိ ဖန်တီးခြင်းကြာပဒုမ္မာကလည်း စတင်ကြီးထွားလာခဲ့၏။

အစိမ်းရောင်ကြာပင်တစ်ပင်သည် မြေကြီးထဲကနေ ထိုးထွက်လာသည့်အလား အထွတ်အထိပ်အော်ရာတစ်ခုနှင့်အတူ ပေါကြွယ်ဝသော အသက်ဓာတ်အားတစ်ခုကို ဖြာထုတ်ပေးနေ၏။

ဝုန်း...

မိုးကြိုးသံက တစ်ဖန်ထပ်မြည်လာ၏။ ပဉ္စမမြောက် နတ်ဘုရားမိုးကြိုးက ဆင်းသက်လာခဲ့လေပြီ။

ကမ္ဘာမြေကနေ သတ္တုက မွေးဖွားပေါ်ထွက်လာ၏။

သတ္တုသည် သတ်ဖြတ်ခြင်းကို ကိုယ်စားပြုလေသည်။

သတ္တုနတ်ဘုရားမိုးကြိုးသည် ဒြပ်စင်ငါးမျိုးကြားမှာ အသန်မာဆုံးဖြစ်ပြီး အရာရာတိုင်းကို ထိုးဖောက်နိုင်လေသည်။ ၎င်း၏ သတ်ဖြတ်ခြင်းစွမ်းအားက အကန့်အသတ်မဲ့လေသည်။

အလျှံညီးညီး မိုးကြိုးတစ်စင်းက ပြိုးပြိုးပြက်ပြက် ရွှေ​ရောင်အလင်းတစ်ခုနှင့်အတူ ဆင်းသက်လာခဲ့ပြီး ဆူဇီမို၏ ဦးခေါင်းကို ချက်ချင်းပင်ပစ်ချလိုက်၏။

ရုတ်တရက် ဆူဇီမို၏ ခန္ဓာကိုယ်က အေးခဲရပ်တန့်သွားပြီး လုံးဝလှုပ်ရှားမလာတော့ပေ။

ချက်ချင်းပင် လူတိုင်း၏​ ရှေ့မှောက်မှာ ဆူဇီမို၏ ခန္ဓာကိုယ်က သွေးမြူတစ်ခုအဖြစ် ရုတ်တရက်ပေါက်ကွဲထွက်သွားပြီး ကောင်းကင်တစ်ခြမ်းကို နီစွေးသွားစေ၏။

“အား.. အထီးကျန်သိုင်းသခင်က သူ့ရဲ့ကပ်ဘေးဖြတ်ကျော်ခြင်းမှာ ကျရှုံးသွားပြီ”

“အဲ့ဒီ သတ္တုနတ်ဘုရားမိုးကြိုးက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ဖျက်ဆီးနိုင်လောက်အောင် သန်မာလွန်းနေတာကိုး”

လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး အာမေဋိတ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။

ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များက စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။ သူတို့သည် တစ်စုံတစ်ရာပြောဆိုခြင်းမရှိသော်လည်း သူတို့၏ မျက်လုံးများထဲမှ ဝမ်းသာပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ပေ။

ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကလည်း သူတို့အတွက် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လေသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် မဟာယာနအဆင့်သို့ ဝင်ရောက်သွားပြီးနောက် သူက တိုက်ခိုက်ရည်ခွန်အား ဘယ်လောက်များများကို ပိုင်ဆိုင်လာမလဲ မည်သူကမှ မသိရှိကြပေ။

“တစ်ခုခုတော့ လွဲနေပြီ”

မျိုးနွယ်စုခေါင်းဆောင် ဝူထန်၏ စိတ်ဝိညာဥ်အသိစိတ်က အလွန်တရာစွမ်းအားကြီးမားပြီး သူ၏ အာရုံအသိစိတ်က ထက်ရှလေသည်။ သူက မျက်မှောင်ကြုတ်လိုက်၏။

“အထီးကျန်သိုင်းသခင်က မသေသေးဘူး”

ထိုစဥ်မှာပင် ဖန်တီးခြင်းကြာပဒုမ္မာပေါ်ရှိ သွေးမြူလုံးက တဖြည်းဖြည်း စုစည်းလာခဲ့၏။ တစ်ခဏချင်းမှာပင် ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက နောက်တစ်ဖန် ပေါ်ထွက်လာ၏။

ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ရင်း ဆူဇီမို၏ ခန္ဓာကိုယ်သည် ပြိုးပြိုးပြက်ပြက် အရောင်အဝါတစ်ခုဖြင့် တောက်ပလာခဲ့၏။

သူ၏ ဟိန်းဟောက်သံနှင့်အတူ ဖန်တီးခြင်းကြာပဒုမ္မာသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး ကောင်းကင်ထက်သို့ ထိုးတက်သွားလေသည်။ ၎င်း၏ ကြီးမားသော ကြာရွက်များက လေထဲမှာကခုန်နေပြီး ၎င်း၏ ကြာခုံက ယိမ်းနွဲ့လှုပ်ရှားနေ၏။

ဆူဇီမို၏ ဦးခေါင်းထက်မှာ ရစ်ဝဲနေသော ညိုမည်းနေသည့် တိမ်စိုင်များသည် ဖန်တီးခြင်းကြာပဒုမ္မာဖြင့် ခြေမွဖျက်ဆီးခြင်းခံရပြီး တဖြည်းဖြည်း ပျက်ပြယ်သွားလေသည်။

နတ်ဘုရားစွမ်းအားကပ်ဘေးကို ဘေးကင်းလုံခြုံစွာ ဖြတ်ကျော်ခဲ့ပြီးလေပြီ။

ဆူဇီမို၏ အော်ရာသည် အဟန့်အတားတချို့ကို ချိုးဖျက်သွားပုံရပြီ၏ အလျင်အမြန် မြင့်တက်လာနေ၏။

သူသည် ကောင်းကင်နှင့်မြေကြီး၏ အချုပ်အနှောင်ကနေ နောက်တစ်ဖန် လွတ်မြောက်လာခဲ့ပြီး သူ၏ ဘဝသက်တမ်းက တိုးချဲ့သွားလေသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် မဟာယာနအဆင့်သို့ ဝင်ရောက်သွားလေပြီ။

ဆူဇီမိုသည် တင်ပျဥ်ခွေထိုင်ပြီး ချက်ချင်းထွက်ခွာမလာခဲ့ပေ။

သူသည် မဟာယာနအဆင့်သို့ ဝင်ရောက်ခါစဖြစ်ပြီး သူ၏ အဆင့်ကို တည်ငြိမ်စေဖို့အတွက် ဆက်လက်ကျင့်ကြံပြီး နားလည်ဆင်ခြင်ရပေဦးမည်။

All Chapters