← Chapters

ရှင်းလင်းပစ်ခြင်း

Vol. 108 Ch. 1614

ရှင်းလင်းပစ်ခြင်း

Vol. 108 Ch. 1614

ကြယ်တစ်စင်းချင်းစီသည် ကောင်းကင်စင်ရော်ဝင်္ကပါ၏ စွမ်းအားကို စုစည်းစေပြီး မိုးကောင်းကင်ထက်ရှိ ကောင်းကင်ဘုံကြယ် ၃၆ စင်း၏ စွမ်းအားကို ဆက်တိုက်ဆွဲယူပေးနေ၏။

ကြယ် ၃၆ စင်းက ဖြစ်ပေါ်လာပြီး တစ်ချိန်တည်းမှာ သူတို့၏ ထိတွေ့ရိုက်ခတ်မှုကို ထုတ်ဖော်မည်ဆိုလျှင် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များပင်လျှင် အဲ့ဒါကို ရှောင်တိမ်းရပေလိမ့်မည်။

“ကြေမွစမ်း”

ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာက တည်ငြိမ်နေသော အမူအရာနှင့်အတူ သူ၏ ဘေးပတ်လည်မှာရစ်ဝဲနေသော ဧရယမကြယ်ကို ကြည့်လိုက်လေသည်။ ရုတ်တရက် သူက သူ၏ ပါးစပ်ကို ဖွင့်ဟပြီး ဟိန်းဟောက်လိုက်၏။

သူ၏ အသံက မတိုးလွန်းမကျယ်လွန်းသော်လည်း အဲ့ဒါက အလွန်တရာကြောက်စရာကောင်းသော ထိတွေ့ရိုက်ခတ်မှုတစ်ခုကို ထုတ်ဖော်လိုက်၏။

ဖျောက်... ဖျောက်... ဖျောက်...

သူ၏ ဘေးမှာ လွင့်မျောနေသော ရှေးဟောင်းကြယ် ၃၆ စင်းပေါ်ရှိ အလ​င်းရောင်သည် ချက်ချင်းပင် မှိန်ဖျော့သွားပြီး ကြယ်များ၏ မျက်နှာပြင်ပေါ်မှာ အက်ကွဲကြောင်းများပေါ်ထွက်လာ၏။

ဘုန်း...

နောက်ခဏ၌ ကြယ်၃၆ စင်းသည် ဥက္ကာခဲများစွာဖြင့် ပေါက်ကွဲထွက်သွားပြီး အဘက်ဘက်သို့ ပြန့်ကျဲကာ ဓမ္မစွမ်းအားများကို လောကဆီ ပြန်လည်ရောက်ရှိသွားစေ၏

“အဲ့ဒါက ဘယ်လိုအသံပိုင်း လျှို့ဝှက်အတတ်မျိုးလဲ”

ကောင်းကင်စင်ရော်ဂိုဏ်း ကျင့်ကြံသူများက တုန်လှုပ်သွားကြ၏။

လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်ဝတ်အမျိုးသား၏ ဟိန်းဟောက်သံတစ်ချက်ဖြင့် ဂိုဏ်းကာကွယ်ရေးဝင်္ကပါက ကြေမွပျက်စီးသွားလေသည်။

မိုးကောင်းကင်ထက်ရှိ ကောင်းကင်ဘုံကြယ် ၃၆ စင်းသည် တစ်ဖန် ပျောက်ကွယ်သွားလေသည်။

“ဘုန်း... ဘုန်း... ဘုန်း”

ထိုအသံကနေ ထုတ်ဖော်လိုက်သောစွမ်းအားက ရပ်တန့်မသွားပေ။

တောင်ထွတ် ၃၆ ခုက အဆက်မပြတ် ယိမ်းထိုးသွားပြီး အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။ ကြယ်တာရာတောင်ကြောရိုးသည်လ​​ည်း လှုပ်ခါသွားပြီး မရေမတွက်နိုင်သော ငှက်များနှင့် တောကောင်များကို တုန်လှုပ်သွားစေ၏။

အဲ့ဒါသည် လောက၏ အစစ်အမှန်ပြောင်းလဲမှုဖြစ်ပြီး တောင်တန်းများက လှုပ်ခါသွားခဲ့၏။

ထိုအသံသ​ည် ကောင်းကင်စင်ရော်ဂိုဏ်းတစ်ခုလုံး၏ အော်ရာကို ဖိနှိမ်နိုင်သည်ဟု ထင်ရ၏။

ကောင်းကင်စင်ရော်ဂိုဏ်းသားများစွာသည် ကောင်းကင်ထက်ရှိ သိုင်းတာအိုပင်မခန္ဓာကိုကြည့်ပြီး သူတို့၏ မျက်လုံးထဲတွင် တုန်လှုပ်မှုနှင့် နက်ရှိုင်းသော အကြောက်တရားက ထင်ရှားပေါ်လွင်နေ၏။

ကျင့်ကြံမှုအဆင့်နိမ့်သော အခြေတည်အဆင့် ကျင့်ကြံသူများနှင့် ရွှေအမြုတေများကို မပြောနှင့် ဓမ္မဝိသေသတာအိုအရှင်များနှင့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် တုန်လှုပ်ချောက်ချားသွားလေသည်။

သူတို့သည် ဤကဲ့သို့ ကြောက်စရာကောင်းသည့် နည်းလမ်းမျိုးကို အရင်က တစ်ခါမှမတွေ့မြင်ဖူးခဲ့ပေ။

စိတ်ဝိညာဥ်အသိစိတ်တစ်ခုက လက်ရှိကျင့်ကြံသူများအားလုံးကို ဖိနှိမ်နိုင်လေသည်။

ဟိန်းဟောက်သံတစ်သံသည် ကောင်းကင်စင်ရော်ဂိုဏ်း၏ ရှေးဟောင်း ဂိုဏ်းကာကွယ်ရေးဝင်္ကပါကို ပျက်ပြယ်သွားစေလေသည်။

ဤခရမ်းရောင်ဝတ် လျှို့ဝှက်ဆန်းကြယ်သောအမျိုးသားက မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်များဖြစ်နေမလား။

ကောင်းကင်စင်ရော်ဂိုဏ်းရှိ မည်သည့်ကျင့်ကြံသူကမှ သိုင်းတာအိုပင်မခန္ဓာ၏ ရုပ်ရည်သွင်ပြင်ကို ပုံမဖော်နိုင်ကြပေ။

သူတို့၏ မျက်လုံးထဲမှာ သိုင်းတာအိုပင်မခန္ဓာ၏ မျက်နှာကို မြူခိုးတစ်လွှာက တစ်ချိန်လုံး ဖုံးကွယ်ထားပြီး သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များက အဲ့ဒါကို မထိုးဖောက်နိုင်ပေ။

ထိုစဥ်မှာပင် တောင်ထွတ် ၆ခု မှ ကျယ်လောင်သောမြည်သံများထွက်ပေါ်လာပြီး ပုံရိပ် ၆ခုက တဖြည်းဖြည်းပျံတက်လာ၏။

ပုံရိပ်တစ်ခုချင်းစီက အလွန်တရာ စွမ်းအားကြီးမားသော အော်ရာတစ်ခုစီ ဖြာထုတ်ပေးနေ၏။

ကောင်းကင်စင်ရော်ဂိုဏ်း၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ယောက်က တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်ပေါ်လာကြလေပြီ။

“ကျုပ်က ကောင်းကင်စင်ရော်ဂိုဏ်းရဲ့ အကြီးအကဲကျန့်လုံပဲ... ကျုပ်က ဂိုဏ်းရဲ့ စည်းကမ်းထိန်းသိမ်းရေးကို တာဝန်ယူထားရတယ်... တာအိုရောင်းရင်း... ခင်ဗျားရဲ့နာမည်နဲ့ ဂိုဏ်းကို သိပါရစေ”

ကောင်းကင်စင်ရော်ဂိုဏ်း၏ အဖိုးအိုတစ်ယောက်က လေးနက်သောအသံဖြင့် မေးလိုက်၏။

“ဟမ့်”

ကောင်းကင်စင်ရော်ဂိုဏ်း၏ နောက်ထပ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက လှောင်ရယ်လိုက်၏။

“ဒီကြွက်က ဘယ်ကနေ ထွက်လာသလဲ ငါသိချင်မိတယ်.. သူက ပုံးလျှိုးကွယ်လျှိုးနဲ့ သူ့ရဲ့အစစ်အမှန် ရုပ်ရည်သွင်ပြင်ကိုတောင် မထုတ်ဖော်ပြရဲဘူး”

“မင်းက... ငါ့ကို ကြွက်လို့ခေါ်ရအောင် တကယ်ကို သတ္တိကောင်းနေတာပဲ”

သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က ထိုသူပေါ်သို့ ဆင်းသက်သွားပြီး သူက ထိုသူရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။

“ဟမ်..”

ကောင်းကင်စင်ရော်ဂိုဏ်း၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက ရင်တစ်ချက်ထိတ်သွားပြီး သူ၏ စိတ်အာရုံကို စူးစိုက်ကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ငါထင်တာမမှားဘူးဆိုရင် မင်းရဲ့ကျင့်ကြံမှုအဆင့်က တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်မှာပဲရှိသေးတယ်”

“ဒါက... ကောင်းကင်စင်ရော်ဂိုဏ်းပဲ.. ဒါက မင်းလိုမျိုး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက် မောက်မာချင်တိုင်း မောက်မာလို့ရတဲ့နေရာ မဟုတ်ဘူး”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်၍ မှင်သေသေဖြင့် ပြောလိုက်၏။

“ငါက... တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ပဲ.. ဒါပေမဲ့ မင်းကိုသတ်ဖို့ လုံလောက်တယ်”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာက ထိုသူရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

“သတ်..”

ကောင်းကင်စင်ရော်ဂိုဏ်းမှ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ နှာရောင်က တောက်ပသွားပြီး အေးစက်စက်အလင်းတစ်ချက်က ဖျတ်ခနဲလက်သွား၏။

အဲ့ဒါက ဓားပျံတစ်လက်ဖြစ်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ မျက်နှာရှိရာသို့ ထိုးစိုက်လိုက်လေသည်။

ထိုတစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ ဘေးတွင်ရှိသော နောက်ထပ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်ကလည်း တိုက်ခိုက်လာကြပြီး သူတို့၏ ဓမ္မပညာရပ်များကို ထုတ်ဖော်လာကြ၏။

ဒါ့အပြင်... ထိုဓမ္မပညာရပ်များမှာ နတ်ဘုရားစွမ်းအား တစ်စွန်းတစ်စ ပါဝင်နေ၏။

သူတို့သည် စွမ်းအားကြီးမားသော ရန်သူတော်တစ်ယောက်နှင့် တွေ့ကြုံနေရပြီဖြစ်ကြောင်း တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသုံးယောက်က သိထားကြ၏။ သူတို့တိုက်ခိုက်လိုက်သည့်ခဏမှာပင် သူတို့သည် သူတို၏ ဝှက်ဖဲများနှင့် ခွန်အားအပြည့်ကို အကဲစမ်းခြင်းမရှိဘဲ ထုတ်ဖော်လိုက်ကြ၏။

“ဟဲဟဲ..”

သိုင်းတာအိုပင်မခန္ဓာက ရယ်မောလိုက်၏။

ထိုရယ်သံမှာ အလွန်တရာအထင်အမြင်သေးမှုပါဝင်နေ၏။

သိုင်းတာအိုပင်မခန္ဓာသည် ရပ်တန့်သွားခြင်းမရှိပေ။ သို့သော်လည်း သူက ရုတ်တရက် သူ၏ လက်ဖဝါးကို ဆန့်တန်းပြီး ရှေ့သို့ဖမ်းဆွဲလိုက်၏။

ရိုးရှင်းသော ထိုအပြုအမူသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသုံးယောက် ထုတ်ဖော်ထားသော ဓမ္မပညာရပ်များကို ဆင်းသက်မလာခင်မှာပင် လေထဲမှာ ပေါက်ကွဲသွားစေ၏။

သိုင်းတာအိုပင်မခန္ဓာသည် လေဟာနယ်ကနေတစ်ဆင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသုံးယောက်၏ ဓမ္မပညာရပ်များကို ဖျက်ဆီးပစ်လိုက်သည့်အလားပင်။

တစ်ချိန်တည်းမှာပင် သူတို့သည် တစ်စုံတစ်ရာ​ဖြင့် ဆွဲယူခြင်းခံလိုက်ရသည့်အလား ဓားပျံနှစ်လက်နှင့် လေးလံသောဓားတစ်လက်သည် သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးရှိရာသို့ ကွေ့ဝင်သွားလေသည်။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးငါးယောက်၏ အမူအရာများက ပြောင်းလဲသွားကြ၏။

ထိုအခိုက်အတန့်တွင် သူတို့က သူတို့၏ မူပိုင်ဓမ္မလက်နက်များကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။

တစ်ခဏချင်းမှာပင် သူတို့၏ မူပိုင်ဓမ္မလက်နက် သုံးခုသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲသို့ ဆင်းသက်သွားလေသည်။

ရုတ်တရက်... သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ဖဝါးကို ရုပ်သိမ်းလိုက်၏။

ဖျောက်... ဖျောက်... ဖျောက်...

ချောက်ချားစရာကောင်းသော အက်ကွဲသံများက သူ၏ လက်ဖဝါးထဲကနေ ထွက်ပေါ်လာ၏။

လူတိုင်း၏ ရှေ့မှောက်မှာပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဓမ္မလက်နက်သုံးခုသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲမှာ ကြေမွသွားပြီး သေးငယ်သော အပိုင်းအစများစွာအဖြစ် ပြောင်းလဲသွားလေသည်။

ထိုအရာများက နတ်ဘုရားစွမ်းအား တစ်စွန်းတစ်စနှင့်အတူ ပေါင်းစည်းထားသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ဓမ္မလက်နက်များဖြစ်လေသည်။

သို့သော် ယခု သူတို့က သိုင်းတာအိုပင်မခန္ဓာ၏ လက်ဗလာဖြင့် ချေမွဖျက်ဆီးခြင်းကို ခံလိုက်ရ၏။

အဲ့ဒါက ပြီးဆုံးမသွားသေးပေ။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်ဖဝါးထဲရှိ အကျိုးအပဲ့အစအနများကို ဆုပ်ကိုင်ပြီး လက်နှစ်ဖက်ဖြင့် ညင်သာစွာ ပွတ်ချေလိုက်၏။

အကျိုးအပဲ့အစအနများက သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးထဲမှာ လက်သီးဆုပ်အရွယ် သံလုံးတစ်လုံးအဖြစ် လိမ့်သွားလေသည်။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်ဖဝါးနှစ်ဖက်ကို ပွတ်ချေပြီး ထိုသံလုံးကို သဲမှုန်များအဖြစ် ကြေမွသွားစေ၏။

ဂလု... ဂလု...

လူအုပ်ကြီးထဲမှ တံတွေးမျိုချသံများ ထွက်ပေါ်လာ၏။

သူသည် သတ္တုကို သဲမှုန်များအဖြစ် ချေမွပစ်လိုက်လေသည်။

ကောင်းကင်စင်ရော်ဂိုဏ်း၏ အဆင့်နိမ့်ကျင့်ကြံသူများကို မပြောနှင့် အကြီးအကဲကျန့်လုံနှင့် အခြား တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများပင်လျှင် လိပ်ပြာလွင့်မတတ်ကြောက်လန့်သွားကြ၏။ ဘယ်လိုစွမ်းအားမျိုးက ထိုသို့လုပ်နိုင်မှာလဲ။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ၆ ယောက်က တုန်လှုပ်နေစဥ် သိုင်းတာအိုပင်မခန္ဓာသည် စောစောက ကောင်းကင်စင်ရော်ဂိုဏ်း၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ သူက သူ၏ လက်ညိုးကို ဆန့်ထုတ်ပြီး ထိုသူ၏ နှာရောင်ကို ညင်သာစွာ တောက်လိုက်လေသည်။

ဖောက်...

ချက်ချင်းပင် ထိုတစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ နှာရောင်ပေါ်မှာ သွေးသံရဲရဲ အပေါက်တစ်ပေါက်က ပေါ်ထွက်လာ၏။ သွေးများက စီးကျလာပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံလိုက်ရ၏။

သိုင်းတာအိုပင်မခန္ဓာကို စော်ကားပြောဆိုပြီးနောက် ထိုသူသည် အသက်ဆယ်ရှိုက်စာ မပြည့်ခင်မှာပင် လက်ညိုးတစ်ချောင်းဖြင့် ထိုးဖောက်သတ်ဖြတ်ခြင်းခံလိုက်ရ၏။

သိုင်းတာအိုပင်မခန္ဓာက နောက်ထပ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ ပါးကိုပစ်ရိုက်လိုက်လေသည်။

ဖောင်း...

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ ဦးခေါင်းက သိုင်းတာအိုပင်မခန္ဓာထံမှ ရိုက်ချက်တစ်ချက်ဖြင့် ပေါက်ကွဲထွက်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကပါ ပျက်စီးကာ နေရာမှာပင် သေဆုံးသွား၏။ သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က နေရာကနေ ပျောက်ကွယ်သွားပြီဖြစ်ပြီး မည်သည့်သွေးမှ စွန်းထင်းခြင်းမရှိပဲ တတိယမြောက် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးရှေ့သို့ ရောက်ရှိလာခဲ့၏။

“အား...”

ထိုတစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် ကြောက်ရွံမှုဖြင့် တုံ့ပြန်အော်ဟစ်လိုက်၏။ သူသည် သူ၏ သိုလှောင်အိတ်ထဲကနေ ကာကွယ်ရေးအဆောင်များစွာကို ထုတ်ယူပြီး ချိုးချေလိုက်လေသည်။

ထိုတစ်ပိုင်းမျိုးနွယ်စုဘိုးဘေး၏ ခန္ဓာကိုယ်ပေါ်တွင် အကာအရံအလင်းလွှာများက ဆက်တိုက်ထွက်ပေါ်လာ၏။

သိုင်းတာအိုပင်မခန္ဓာက ကာကွယ်ရေးအဆောင်များကို လျစ်လျူရှုပြီး ပစ်ထိုးလိုက်​လေသည်။

ဖောက်... ဖောက်... ဖောက်...

သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးနှင့်ရင်ဆိုင်ရချိန်မှာ ထိုကာကွယ်ရေးအဆောင်များသည် စက္ကူရွက်များကဲ့သို့ ဖြစ်နေ၏။ မည်သည့် ခုခံမှုမှ မရှိသလောက်နီးပါးဖြင့် သိုင်းတာအိုပင်မခန္ဓာသည် ထိုသူကို ပစ်ထိုးပြီး သိပ်သည်းပြင်းထန်သော စွမ်းအားက ထိုသူ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဆုတ်ဖြဲကာ သူ၏ အမြုတေစိတ်ဝိညာဥ်ကို ဖျက်ဆီးပစ်လိုက်၏။

လက်ညိုးတစ်ချက် ၊ လက်ဝါးတစ်ချက်နှင့် ထိုးချက်တစ်ချက်ဖြင့် ကောင်းကင်စင်ရော်ဂိုဏ်း၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသုံးယောက်က သေဆုံးသွားလေပြီ။

ကောင်းကင်စင်ရော်ဂိုဏ်း၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ကျန့်လုံနှင့် အခြားနှစ်ယောက်သည် နေရာမှာပင် မတ်တတ်ရပ်၍ လုံးဝကြောင်အ,မှင်တက်နေ၏။ စောစောက သူတို့သည် အနည်းငယ် လှမ်းလှမ်းမှာရှိနေခဲ့ကြပြီး ခဏမျှ တွေဝေတုံ့ဆိုင်းနေခဲ့ကြ၏။ သူတို့မတိုက်ခိုက်နိုင်ခင်မှာပင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သုံးယောက်က သေဆုံးသွားလေပြီ။

ထိုအခိုက်အတန့်တွင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ကျန့်လုံနှင့် အခြားနှစ်ယောက်သည် သိုင်းတာအိုပင်မခန္ဓာကို တိုက်ခိုက်ဖို့နေနေသာ အလွန်တရာ ကြောက်လန့်နေပြီး လှုပ်ရှားရဲခြင်းပင် မရှိတော့ပေ။

ကောင်းကင်စင်ရော်ဂိုဏ်း၏ များပြားလှစွာသော ကျင့်ကြံသူများကလည်း အသံတိတ်နေကြ၏။

All Chapters