← Chapters

ကြယ်ခူးဆွတ်လက်

Vol. 108 Ch. 1616

ကြယ်ခူးဆွတ်လက်

Vol. 108 Ch. 1616

သိုင်းတာအိုပင်မခန္ဓာက ထိုသို့ပြောပြီးနောက် စာကြည့်တိုက်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။

“ဟီးဟီးဟီးဟီး...”

အတန်ကြာပြီးနောက် မကောင်းဆိုးဝါးဆန်ဆန် ရယ်သံတစ်သံ စာကြည့်တိုက်ထဲကနေ ထွက်ပေါ်လာ၏။

အဖိုးအိုသည် သူ၏ ခေါင်းကို ဖြည်းဖြည်းချင်း မော့ပြီး မှုန်ရီဝေဝါးသော မျက်ဝန်းတစ်စုံကို ထုတ်ဖော်ပြလိုက်၏။ သူက သွားဖြဲ၍ ဝါကျင့်ကျင့်သွားများကို ထုတ်ဖော်ကာ သူ၏ မျက်နှာက ပါးရည်နားရည်များတွန့်နေ၏။

ကြောက်စရာကောင်းသော အပြုံးနှင့်အတူ သူက ဆိုးယုတ်တစ္ဆေတစ်ကောင်နှင့်တူနေလေသည်။

“လူငယ်လေး... မင်းက ဘယ်သူနဲ့စကားပြောနေတယ်ဆိုတာသိလား”

အဖိုးအိုသည် သိုင်းတာအိုပင်မခန္ဓာ၏ မျက်နှာကို စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း မေးလိုက်၏။

အဖိုးအိုသည် သူ့ဘဝ၏ နေဝင်ချိန်အရွယ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူ၏ အကြည့်က ထက်ရှနေဆဲဖြစ်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ မျက်နှာပေါ်ရှိ မြူခိုးများကို ထွင်းဖောက်ကာ မြင်ချင်နေလေသည်။

သို့သော်လည်း မြူခိုးများက အလွန်တရာလျှို့ဝှက်ဆန်းကြယ်ပြီး သူက မည်သို့ပင် ကြိုးစားသည်ဖြစ်စေ အဲ့ဒါကို ထွင်းဖောက်မြင်နိုင်စွမ်းမရှိပေ။

“သေခါနီးဆဲဆဲ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ပဲ”

သိုင်းတာအိုပင်မခန္ဓာက ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်၏။

“ဟမ့်”

အဖိုးအိုက ရင်တစ်ချက်ထိတ်သွားပြီး သူ၏ မျက်လုံးကို မှေးကျဥ်းကာ မေးလိုက်၏။

“မင်းက ငါ့ရဲ့ကျင့်ကြံမှုအဆင့်ကို မြင်နိုင်တာလား”

သူသည် တစ်ချိန်လုံး သူ၏ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားခဲ့၏။ အပြင်လူများ၏ မျက်လုံးထဲမှာသူသည် သာမန်ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်မျှသာဖြစ်၏။

ယခု.. သူ၏ နောက်ခံသည် သိုင်းတာအိုပင်မခန္ဓာထံမှ စကားတစ်ခွန်းဖြင့် ပေါက်ကြားသွားခဲ့လေပြီ။

တကယ်တော့... သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်စင်ရော်ဂိုဏ်းအထက်သို့ ဆင်းသက်လာပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် သူက စာကြည့်တိုက်ထဲမှာ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ပုန်းအောင်းနေသည်ကို ရှာဖွေတွေ့ရှိခဲ့ပြီးပြီဖြစ်၏။

အတိအကျဆိုရလျှင် သိုင်းတာအိုပင်မခန္ဓာသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ပြီး ဤနေရာကို စစ်ဆေးကြည့်ရှုပြီးနောက် ကောင်းကင်စင်ရော်ဂိုဏ်းမှာ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အရေအတွက်ဘယ်လောက်... ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အရေအတွက် ဘယ်လောက်လဲဆိုတာကို သိရှိထားပြီဖြစ်၏။

တကယ်ဆို သူသည် တံခါးပိတ်ကျင့်ကြံနေကြသော လူအရေအတွက်ကိုပင် သိလေသည်။

ကောင်းကင်စင်ရော်ဂိုဏ်းသည် သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးများနှင့် စိတ်ဝိညာဥ်အသိစိတ်ကနေ မည်သည့်အရာကိုမှ ဖုံးကွယ်မထားနိုင်ပေ။

“မင်း ဘယ်သူလဲ”

အဖိုးအို၏ အကြည့်က... အေးစက်လာပြီး ဖြည်းဖြည်းချင်း မေးလိုက်၏။

“ကျုပ်က အထီးကျန်သိုင်းသခင်ပဲ”

သိုင်းတာအိုပင်မခန္ဓာက ဒီတိုင်းပင် ပြန်ဖြေလိုက်၏။

“မဖြစ်နိုင်တာ”

အဖိုးအိုက ပြတ်သားစွာ ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်ရဲ့ အစစ်အမှန်ခန္ဓာနှစ်ခုက ပဟေဠိနန်းတော်မှာ ရောက်ရှိနေတယ်လို့ ငါကြားပြီးပြီ... မင်းက ဘယ်လိုလုပ်သူဖြစ်နိုင်မှာလဲ”

သိုင်းတာအိုပင်မခန္ဓာက ပြုံး၍ အဲ့ဒါကို လျစ်လျူရှုလိုက်၏။ သူ၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး ဤနေရာမှာရှိသော ရှေးဟောင်းကျမ်းစာအုပ်များအားလုံးကို စုဆောင်းဖို့ ပြင်ဆင်လိုက်လေသည်။

ရုတ်တရက်ဆိုသလို...

အဖိုးအိုက ညင်သာစွာ အော်ငေါက်လိုက်၏။

“ကြယ်တာရာမီးပဒေသာ”

စွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအားတစ်ခုက ဖြန့်ကြက်ထွက်ပေါ်လာပြီး အဖိုးအို၏ ဦးခေါင်းထက်မှာ ဧရာမကြယ်တစ်စင်း ပေါ်ထွက်လာ၏။

၎င်းသည် ပြိုးပြိုးပြက်ပြက်ကြယ်ရောင်အလင်းတစ်ခုနှင့်အတူ ဆင်းသက်လာပြီး သိုင်းတာအိုပင်မခန္ဓာဆီသို့ ထိုးဖောက်ဝင်ရောက်လာလေသည်။

“ဟီးဟီး”

သိုင်းတာအိုပင်မခန္ဓာက ရယ်မော၍ သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

“ခင်ဗျားက တကယ့်ကို သေချင်နေပြီပဲ”

ဆင်းသက်လာသော ကြယ်အလင်းရောင်နှင့် ရင်ဆိုင်ရချိန်တွင် သိုင်းတာအိုပင်မခန္ဓာသည် ကြယ်အလင်းရောင်ကိုဆန်၍ သူ၏ လက်ကို ဆန့်ထုတ်ပြီး မိုးကောင်းကင်ထက်သို့ ဖမ်းဆွဲလိုက်လေသည်။

ကြီးမားသော လက်တစ်ဖက်က ကောင်းကင်ထက်ကနေ အုပ်မိုးလာပြီး ကြယ်တာရာများကို ဟန့်တားနှောက်ယှက်ဖို့ ခြိမ်းခြောက်လိုက်၏။

ဖောက်...

နောက်ခဏ၌ ကောင်းကင်လွှမ်းခြုံလက်ဖဝါးသည် အဖိုးအို၏ ဦးခေါင်းထက်ရှိ ကြယ်ကို ဖမ်းဆွဲပြီး ၎င်းကို ကောင်းကင်ထက်ကနေ ဆောင့်ဆွဲချလိုက်လေသည်။

အဖိုးအို၏ မျက်လုံးက နက်ရှိုင်းသော တုန်လှုပ်မှုဖြင့် ပြူးကျယ်သွား၏။

သူ၏ ရင်ထဲတွင် သိုင်းတာအိုပင်မခန္ဓာက လျှို့ဝှက်ဆန်းကြယ်သော်လည်း သူက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်​ယောက်သာဖြစ်၏။

သူက အသက်ကြီးနေပြီဖြစ်သော်လည်း သူက သူ၏ နတ်ဘုရားစွမ်းအားကို ထုတ်ဖော်မည်ဆိုလျှင် သူသည် ခရမ်းရောင်ဝတ်လူထူးဆန်းကို မသတ်ဖြတ်နိုင်ဘူးဆိုလျှင်တောင် သူ့ကို သေချာပေါက် ဒဏ်ရာအပြင်းအထန် ရရှိစေမည်ဖြစ်၏။

သို့သော်လည်း သူ၏ နတ်ဘုရားစွမ်းအားသည် ဤလူဆန်း၏ လက်ဗလာဖြင့် ဖျက်ဆီးခြင်းကို ခံလိုက်ရလိမ့်မည်ဟု ထင်မှတ်မထားပေ။

သူကျင့်ကြံထားသော ​ကံကြမ္မာကြယ်သည် လျှို့ဝှက်ဆန်းကြယ်သောလူ၏ ကောင်းကင်ထက်ကနေ ဖမ်းဆွဲယူခြင်းကို ခံလိုက်ရ၏။

ပို၍အရေးကြီးသည်မှာ ထိုလူထူးဆန်း စောစောက ထုတ်ဖော်လိုက်သော နည်းစနစ်သည် ကောင်းကင်စင်ရော်ဂိုဏ်း၏ အသန်မာဆုံး လျှို့ဝှက်အတတ် ကြယ်ခူးဆွတ်လက် ဖြစ်သည်မှာ သိသာလေသည်။

ကောင်းကင်စင်ရော်ဂိုဏ်း၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်သာလျှင် ကြယ်ခူးဆွတ်လက်ကို ကျင့်ကြံဖို့ အဆင့်မီလေသည်။

ဤခရမ်းရောင်ဝတ် လူထူးဆန်းက အဲ့ဒါကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ။

အရင်တုန်းက သီဖန်း ၊ သီကြွယ်နှင့် အခြားသူများသည် အထီးကျန်သိုင်းသခင်ကို လက်စားချေဖို့အတွက် ပင်ယန်းမြို့သို့ ရောက်ရှိလာခဲ့၏။ သို့သော်လည်း သူတို့သည် သိုင်းတာအိုပင်မခန္ဓာ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ကြရ၏။

သူတို့ကြားမှာ ကောင်းကင်စင်ရော်ဂိုဏ်း၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ဖြစ်သော မီးပဒေသာပါဝင်လေသည်။

ထိုလျှို့ဝှက်အတတ်ကို သိုင်းတာအိုပင်မခန္ဓာသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး မီးပဒေသာ၏ သိုလှောင်အိတ်ထဲကနေ ရရှိထားခြင်းဖြစ်လေသည်။

ကြယ်ခူးဆွတ်လက်သည် ကောင်းကင်စင်ရော်ဂိုဏ်း၏ အသန်မာဆုံး လျှို့ဝှက်အတတ်ဖြစ်နေရသည့်အကြောင်းရင်းမှာ ၎င်းက သန်မာလွန်းသောကြောင့်သာ မဟုတ်ပေ။

အဲ့ဒါထက် ကြယ်ခူးဆွတ်လက်ထဲမှာ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ဖုံးကွယ်ထားသောကြောင့် ဖြစ်၏။

လူတစ်ယောက်သည် ကြယ်ခူးဆွတ်လက်ကို ၎င်း၏ အထွတ်အထိပ်အထိ ကျင့်ကြံနိုင်မည်ဆိုလျှင် သူသည် အန္တိမနတ်ဘုရားစွမ်းအားဖြစ်သော အစစ်အမှန် ကြယ်ခူးဆွတ်လက်ကို နားလည်ဆင်ခြင်နိုင်ဖို့ အခွင့်အရေးတစ်ခုရှိလေသည်။

အဲ့ဒါကို ထုတ်ဖော်လိုက်သောအခါ ထိုအန္တိမနတ်ဘုရားစွမ်းအားသည် ကောင်းကင်ထက်ရှိ ကြယ်များကို အမှန်တကယ် ခူးဆွတ်နိုင်ပြီး ရန်သူများနှင့် တိုက်ခိုက်ရာမှာ သူတို့ကို လက်နက်အဖြစ် အသုံးပြုနိုင်လေသည်။

“မင်း... မင်း.. မင်းက..”

အဖိုးအိုသည် ပြောစရာစကားမဲ့သွားပြီး သူ၏ အမူအရာက ညိုမည်းလာခဲ့ပြီဖြစ်၏။

ထိုနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီးနောက် သူ၏ သက်တမ်းက ကုန်ဆုံးတော့မည်ဖြစ်ကာ သူ၏ အမြုတေစိတ်ဝိညာဥ်က အလွန်တရာအားနည်းလာခဲ့ပြီဖြစ်၏။

ယခု...သူထုတ်ဖော်လိုက်သော နတ်ဘုရားစွမ်းအားသည် သိုင်းတာအိုပင်မခန္ဓာ၏ အလွယ်တကူ ဖျက်ဆီးခြင်းကို ခံလိုက်ရလေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက တည်ငြိမ်နေ၏။ သူသည် အဖိုးအိုစုဖွဲ့ထားသည့်ကြယ်ကို ခူးဆွတ်ပြီးနောက် သူ၏ လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်လိုက်၏။

ဝုန်း...

အဖိုးအို၏ ရှေ့တွင် သိုင်းတာအိုပင်မခန္ဓာ၏ လက်ချက်ဖြင့် ကြယ်က ကြေမွသွား၏။

အဖိုးအိုသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ အမူအရာက ပိုမိုပျက်ယွင်းလာကာ သူ၏ အသက်ဓာတ်အားက အလျင်အမြန် ဆုတ်ယုတ်လာခဲ့၏။

သူ၏ ကျန်ရှိနေသော ဘဝသက်တမ်းကို အဆက်မပြတ် ဆုံးရှုံးမှုနှင့် တိုက်ခိုက်မှုများကြောင့် ဆက်လက်၍ ထိန်းမထားနိုင်တော့ပေ။

သိုင်းတာအိုပင်မခန္ဓာက ဆက်လက်တိုက်ခိုက်ခြင်းမရှိလျှင်တောင် ဤမဟာယာနမျိုးနွယ်စုခေါင်းဆောင်က သေရတော့မည်ဖြစ်၏။

စာကြည့်တိုက်၏ အပြင်ဘက် ထျန်ခိုင်တောင်ထွတ်၏ အထက်မှာ...

အကြီးအကဲ ကျန့်လုံနှင့် အခြားတစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်သည် ထွက်ခွာသွားခြင်းမရှိဘဲ နောက်ဆုံးရလဒ်ကိုသိရဖို့ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေကြ၏။

သိပ်မကြာခင် ချောက်ချားစရာကောင်းသော အော်ရာတစ်ခုက စာကြည့်တိုက်ထဲကနေ ဖြန့်ကြက်ထွက်ပေါ်လာ၏။

စာကြည့်တိုက်တံခါးကို တင်းကျပ်စွာပိတ်ထားလျှင်တောင် လေထဲရှိ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သုံးယောက်သည် စာကြည့်တိုက်ထဲမှလာသော နတ်ဘုရာစွမ်းအား အတက်အကျကို ခံစားသိရှိနိုင်လေသည်။

“အကြီးအကဲစွန်းက တိုက်ခိုက်နေပြီပဲ”

အကြီးအကဲကျန့်လုံက ကျေနပ်နှစ်ခြိုက်သွားပြီး ရယ်မောလိုက်လေသည်။

နောက်ထပ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ကလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်၏။

“အဲ့ဒီ ခရမ်းရောင်ဝတ်လူထူးဆန်းက ဘယ်လောက်ပဲ သန်မာသန်မာ သူက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ပဲ... နတ်ဘုရားစွမ်းအားတစ်ခုနဲ့ ရင်ဆိုင်ရရင် သူက သေချာပေါက်သေရလိမ့်မယ်”

ထင်မှတ်ထားသည့်အတိုင်ပင်...

စာကြည့်တိုက်ထဲမှ တိုက်ပွဲဖြစ်ပွားပြီးနောက် အရာရာတိုင်းသည် ပုံမှန်အတိုင်းပြန်ဖြစ်ကာ အဲ့ဒီမှာ မည်သည့်အသက်ဓာတ် လက္ခဏာကိုမှ မတွေ့ရတော့ပေ။

“ကဲ... အောက်ကိုဆင်းပြီး အဲ့ဒီခရမ်းရောင်ဝတ်လူထူးဆန်းက ဘယ်သူလဲဆိုတာ သွားကြည့်ရအောင်”

အကြီးအကဲကျန့်လုံက ညင်သာစွာပြုံး၍ သူ့ဘေးရှိ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်နှင့်အတူ စာကြည့်တိုက်ရှေ့သို့ ဆင်းသက်လိုက်လေသည်။

ကျွိ....

သူတို့သုံးယောက် ဝင်ပေါက်ဝသို့ ရောက်ရှိလာသည့်ခဏမှာပင် စာကြည့်တိုက်တံခါးက သူ့ဘာသာသူ ပွင့်ဟသွားလေသည်။

စာကြည့်တိုက်က မဲမှောင်၍ နက်ရှိုင်းနေပြီး မကောင်းဆိုးဝါးဆန်ဆန်နှင့် တည်​ငြိမ်သောအော်ရာတစ်ခုကို ဖြာထုတ်ပေးနေကာ အကြီးအကဲကျန့်လုံနှင့် အခြားနှစ်ယောက်၏ စိတ်ဝိညာဥ်အသိစိတ်က အဲ့ဒါကို မထိုး​ဖောက်နိုင်ပေ။

ရုတ်တရက်ဆိုသလို...

ပုံရိပ်တစ်ခုက ပျံသန်းထွက်ပေါ်လာ၏။

“သတိထား..”

အကြီးအကဲကျန့်လုံနှင့် အခြားနှစ်ယောက်၏ အမူအရာတို့က ပြောင်းလဲသွားကြ၏။ သူတို့သည် အဲ့ဒါကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိဘဲ တစ်ယောက်ပြီးတစ်ယောက် နောက်သို့ဆုတ်ကာ ရှောင်တိမ်းလိုက်ကြ၏။

ပုံရိပ်တစ်ခုက မြေပြင်ပေါ်သို့ မလှုပ်မယှက် လဲကျသွား၏။

စာကြည့်တိုက်တံခါးက တဖြည်းဖြည်း ပြန်လည်ပိတ်ဆို့သွားလေသည်။ သူတို့သုံးယောက်သည် အာရုံစိုက်၍ ကြည့်လိုက်ကြပြီး မြေပြင်ပေါ်သို့ လွင့်ပျံကျလာသော ပုံရိပ်သည် စာကြည့်တိုက်ကို စောင့်ကြပ်နေသော မဟာယာနမျိုးနွယ်စုခေါင်းဆောင် အကြီးအကဲစွန်း ဖြစ်သည်ကို တွေ့ရှိလိုက်ကြ၏။

ထိုအခိုက်အတန့်တွင် အကြီးအကဲစွန်း၏ မျက်လုံးများက အဆုံးမဲ့အ​ကြောက်တရားတစ်ခုနှင့်အတူ ပြူးကျယ်နေ၏။ သူ၏ ခန္ဓာကိုယ်ထဲမှာ မည်သည့်အသက်ဓာတ်မှ ဆက်လက်၍ မရှိတော့ဘဲ သူက အေးအေးချမ်းချမ်း အနားမယူခဲ့နိုင်ပေ။

သေဆုံးလေပြီ...

သေဆုံးသွားလေပြီ..

စာကြည့်တိုက်ကို စောင့်ကြပ်နေသော မဟာယာနမျိုးနွယ်စုခေါင်းဆောင်က သေဆုံးသွားလေပြီ။

“အာ...”

အကြီးအကဲကျန့်လုံနှင့် အ​ခြားနှစ်ယောက်သည် ထိတ်လန့်တကြားရေရွတ်လိုက်ပြီး သူတို့သည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာခဲ့၏။

“ဂိုဏ်းချုပ်ကို မြန်မြန် သတင်း..သတင်းပေးကြ”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က တုန်ယင်နေသောအသံဖြင့် အလောတကြီးပြောလိုက်၏။

သူ၏ သတိပေးမှုမရှိလျှင်တောင် အကြီးအကဲကျန့်လုံက သူ၏ သိုလှောင်အိတ်ကို ပုတ်လိုက်ပြီဖြစ်၏။ သူသည် အဆောင်တစ်ခုကို ဆွဲထုတ်ပြီး အဲ့ဒါကိုချက်ချင်းပင် ချိုးချေလိုက်၏။

အဆောင်က ကြေမွသွားပြီး အလင်းတန်းတစ်ခုက လေထဲသို့ ပစ်လွင့်ကာ ပျောက်ကွယ်သွားလေသည်။

အဲ့ဒါသည် ဂိုဏ်းကနေ စစ်ကူတောင်းသော ဘေးအန္တရာယ်ကျသင့်သည့်အခါ အသုံးပြုရသည့် အဆောင်တစ်ခုဖြစ်လေသည်။ ဂိုဏ်းက ဖျက်ဆီးချေမှုန်းခံရမည့် အန္တရာယ်နှင့် ရင်မဆိုင်ရသရွေ့ ထိုအဆောင်ကို သေချာပေါက် အသုံးပြုလိမ့်မည်မဟုတ်ပေ။

All Chapters