← Chapters

ကြီးလေးသောပြစ်မှု

Vol. 108 Ch. 1617

ကြီးလေးသောပြစ်မှု

Vol. 108 Ch. 1617

ပဟေဠိနန်းတော်...

နတ်ဘုရားမျိုးနွယ်၏ ဝန်းရံပိတ်ဆို့ခံရမှုက အဆုံးသတ်လာခဲ့၏။

စုန်း ၊ ကောင်းကင်ဘုံ ၊ ရွှေကျီးကန်း ၊ သွေးနွယ်ပင်နှင့် ယက္ခမျိုးနွယ်များအပါအဝင် ဂိုဏ်းများနှင့် အဖွဲ့အစည်းများသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ နည်းလမ်းများမှာ မှင်တက်သွားပြီး မဆင်မခြင်ပြုမူလှုပ်ရှားရဲခြင်း မရှိတော့ပေ။

ဂိုဏ်းများနှင့် အဖွဲ့အစည်းများသည် သူတို့၏ နေရာများမှာ တစ်ဖန်ပြန်ယူလိုက်ကြ၏။

ထိုစဥ်မှာပင် ကောင်းကင်စင်ရော်ဂိုဏ်း၏ ဂိုဏ်းချုပ်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။ သူသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး ကြေမွသွားသောအဆောင်တစ်ခုကို ဆွဲထုတ်ယူကာ သူ့ကိုတုန်လှုပ်သွားစေ၏။

ထိုအဆောင် ကြေမွသွားသည်နှင့် အဲ့ဒါသည် ဂိုဏ်းက အလွန်ကြီးမားသည့် အပြောင်းအလဲတစ်ရပ်နှင့် တွေ့ကြုံနေရသည်ဟု အဓိပ္ပါယ်ရလေသည်။

အဲ့ဒါက လုံးလုံးမလိုအပ်သရွေ့ ထိုအဆောင်ကို အသုံးပြုလိမ့်မည် မဟုတ်ပေ။ ကောင်းကင်စင်ရော်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဘေးပတ်လည်ကို ကြည့်ရှုကာ သူ့ဘေးရှိ ကောင်းကင်စင်ရော်ဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်အချို့ထံ အသံတစ်ခုကို ပို့လွှတ်လိုက်လေသည်။

“မျိုးနွယ်စုခေါင်းဆောင် ရွှမ်ကွမ်း... ဂိုဏ်းမှာ ကြီးကြီးမားမားတစ်ခုတော့ဖြစ်နေပြီ... ကျေးဇူးပြုပြီး မျိုးနွယ်စုခေါင်းဆောင်အချို့နဲ့အတူ ပြန်ပြီးတော့ စစ်ဆေးကြည့်ပေးပါလား”

“ငါသိပြီ”

မျိုးနွယ်စုခေါင်းဆောင် ရွှမ်ကွမ်းက မည်သည့်စိတ်ခံစားချက်မှမရှိဘဲ ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်၏။

“အားလုံးပဲ... ကောင်းကင်စင်ရော်ဂိုဏ်းက မျိုးနွယ်စုတစ်သောင်း စုဝေးပွဲအတွက် မျိုးနွယ်စုခေါင်းဆောင်အချို့ကို ချန်ထားရစ်ခဲ့မယ်ဆိုရင် လုံလောက်နေပါပြီ... ကျုပ်က ကျုပ်ရဲ့ဂိုဏ်းသားအဖော်တချို့နဲ့အတူ အရင်ဆုံး သွားနှင့်ပါတော့မယ်”

ထိုသို့ပြောရင်း မျိုးနွယ်စုခေါင်းဆောင် ရွှမ်ကွမ်းနှင့် ကောင်းကင်စင်ရော်ဂိုဏ်း မျိုးနွယ်စုခေါင်းဆောင်အချို့သည် မတ်တတ်ထရပ်လိုက်ကြ၏။

“နှုတ်ဆက်ပါတယ်”

သူသည် ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများနှင့် ကမ္ဘာဦးမျိုးနွယ်များထံ သူ၏ လက်သီးနှစ်ဖက်ကို ယှက်ပြပြီး ခေါင်းညိတ်ပြလိုက်လေသည်။

ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများက တစ်စုံတစ်ရာပြောဆိုခြင်း မရှိပေ။

မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ၏ ဤနေရာအရောက်တွင် ကောင်းကင်စင်ရော်ဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်အချို့က အခြေအနေပေါ်သက်ရောက်စေဖို့ လုံလောက်မှု မရှိတော့သည်မှာ သိသာလေသည်။ သူတို့၏ ထွက်ခွာမှုက မည်သည့် ထူးခြားမှုမှ ရှိမလာနိုင်ပေ။

“ပြန်ထိုင်နေကြ”

ထိုစဥ်မှာပင်... နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက အေးစက်စွာဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်၏။

သူက စကားတစ်ခွန်းသာ ပြောလိုက်သော်လည်း အဲ့ဒီမှာ ငြင်းပယ်လို့ မရနိုင်သည့် ပြတ်သားမှုတစ်ခုရှိနေ၏။

မျိုးနွယ်စုခေါင်းဆောင် ရွှမ်ကွမ်း၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ပြုံးပြလိုက်၏။

“ကျုပ်က... ခင်ဗျားအတွက် ဘာများလုပ်ပေးနိုင်မလဲ တာအိုရောင်းရင်းအထီးကျန်သိုင်သခင်”

“မင်းတို့တွေက ဒီကိုရောက်လာပြီဆိုမှတော့... အေးအေးဆေးဆေးထိုင်နေကြ”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။

“ဒီမျိုးနွယ်စုတစ်သောင်း စုဝေးပွဲဆိုတာ... မင်းတို့တွေ စိတ်ရှိတိုင်း ဝင်ချင်ဝင် ထွက်ချင်ထွက်လို့ရတဲ့ နေရာလား”

မျိုးနွယ်စုခေါင်းဆောင်ရွှမ်ကွမ်းနှင့် ​အခြားသူများ၏ အမူအရာများက အလွန်တရာ ပျက်ယွင်းသွားသော်လည်း မည်သူကမှ ခွန်းတုံ့ပြန်ရဲခြင်း မရှိပေ။

မျိုးနွယ်စုတစ်သောင်းရှိ သက်ရှိများကလည်း စိတ်ထဲကနေ ​ည​ည်းတွားရေရွတ်လိုက်ကြ၏။

ထိုသူများသည် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များဖြစ်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ထိပ်ဆုံးနီးပါး တည်ရှိမှုကြီးများဖြစ်ကြ၏။

သို့သော် ယခုအခါ ကလေးငယ်များကဲ့သို့ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ဆူပူကြိမ်းမောင်းခြင်းကို ခံနေရ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ကြိမ်းမောင်းနိုင်သော စွမ်းအားတစ်ခု သူ့မှာရှိလေသည်။

ကောင်းကင်စင်ရော်ဂိုဏ်း၏ မဟာယာနမျိုးနွယ်စုခေါင်းဆောင်​ဖြစ်သော မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့ပင်လျှင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ ကောင်းကင်စင်ရော်ဂိုဏ်း၏ တခြားဘယ်မျိုးနွယ်စုခေါင်းဆောင်ကများ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနဲ့ ထိပ်တိုက်ရင်ဆိုင်ရဲပါ့မလဲ။

မျိုးနွယ်စုခေါင်းဆောင် ရွှမ်ကွမ်းနှင့် အခြားသူများက အကြည့်ချင်းဖလှယ်ပြီး နောက်တစ်ဖန် ပြန်ထိုင်လိုက်ကြ၏။

ထိုစဥ်မှာပင် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ သိုလှောင်အိတ်ကို ပုတ်ကာ နောက်ထပ်ကြေမွနေသော အဆောင်တစ်ခုကို ထုတ်ယူလိုက်၏။

ဂိုဏ်း၏ ကပ်ဘေးကျသင့်မှုအဆောင်နှစ်ခုက ဆက်တိုက်ကြေမွလာခဲ့၏။

ဒါ့အပြင်... ဒုတိယမြောက်သတင်းအချက်အလက်သည် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ထံ တိုက်ရိုက်ပေးပို့လိုက်ခြင်း ဖြစ်လေသည်။

ကောင်းကင်စင်ရော်ဂိုဏ်းသည် အလွန်တရာပြင်းထန်သော ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့နေရသည်မှာ သေချာလေသည်။

မျိုးနွယ်စုခေါင်းဆောင်ရွှမ်ကွမ်းက ဆက်လက်၍ ထိုင်မနေနိုင်တော့ပေ။ သူက နောက်တစ်ဖန်ထရပ်ပြီး ကြိုးစား၍ ပြုံးပြလိုက်၏။

“တာအိုရောင်းရင်းအထီးကျန်သိုင်းသခင်... မျိုးနွယ်စုတစ်သောင်းစုဝေးပွဲက ဘယ်လောက်ကြာကြာ ဆက်ပြီး ကျင်းပနေဦးမလဲဆိုတာ မသိရဘူး”

“ဒါပေမဲ့... မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့ရဲ့အလောင်းက အခုချိန်ထိ အေးစက်မသွားသေးဘူး... ကျုပ်တို့က သူမရဲ့အလောင်းကို ဂိုဏ်းဆီပြန်သယ်သွားပြီး သူမ အေးအေးချမ်းချမ်းအနားယူနိုင်ဖို့ မြှုပ်နှံပေးချင်တယ်... တာအိုရောင်းရင်း အထီးကျန်သိုင်းသခင် ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပါလား”

“ငါမင်းကို ပြောပြီးပြီပဲ”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အကြည့်က မျိုးနွယ်စုခေါင်းဆောင် ရွှမ်ကွမ်းထံသို့ ရွေ့လျားသွားပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါ့ရဲ့ အမိန့်မရှိပဲ ဘယ်သူကမှ ပဟေဠိနန်းတော်ကနေ ထွက်ခွာမသွားရဘူး”

“ငါ့ရဲ့ ခွင့်ပြချက်မရှိဘဲ ထွက်ခွာတဲ့ဘယ်သူမဆို... သနားညှာတာမှုမရှိ သတ်ဖြတ်ခံရမယ်”

မျိုးနွယ်စုခေါင်းဆောင် ရွှမ်ကွမ်းနှင့် အခြားသူများက ဆတ်ခနဲ တုန်ယင်သွားကြ၏။

ထိုအခိုက်အတန့်တွင် သူတို့သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထံမှ သတ်ဖြတ်လိုစိတ်ကို အမှန်တကယ်ပင် ခံစားမိနေကြ၏။

သူတို့၏ ဂိုဏ်းများနှင့် သူတို့၏ ကိုယ်ပိုင်အသက်များကြားမှာ ထိုမျိုးနွယ်စုခေါင်းဆောင်များသည် သူတို့၏ အသက်ကိုသာ ရွေးချယ်ပြီး အသာတကြည် ပြန်ထိုင်လိုက်ကြ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သိုင်းတာအိုပင်မခန္ဓာ၏ လှုပ်ရှားမှုတိုင်းကို သိရှိထားပြီး သူက မျိုးနွယ်စုခေါင်းဆောင် ရွှမ်ကွမ်းနှင့် အခြားသူများကို ပြန်သွားခွင့်ပေးလိမ့်မည် မဟုတ်ပေ။

ဘာပဲပြောပြော... သိုင်းတာအိုပင်မခန္ဓာသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်သာဖြစ်၏။ သူသည် အကြီးအကဲစွန်းကို စာကြည့်တိုက်ထဲမှာ သတ်ဖြတ်နိုင်ခဲ့သည်မှာ အကြောင်းအရင်းနှစ်ခုရှိလေသည်။

ပထမတစ်ချက် အကြီးအကဲစွန်း၏ သွေးချီက အားနည်းနေပြီး သူက သေခါနီးဆဲဆဲ အရွယ်သို့ ရောက်ရှိနေသောကြောင့်ပင်။

ဒုတိယတစ်ချက် အကြီးအကဲစွန်း၏ ကျင့်ကြံမှုအဆင့်သည် အစောပိုင်းမဟာယာနအဆင့်မှာသာ ရှိနေသောကြောင့်ပင်။

သို့သော်လည်း... မျိုးနွယ်စုခေါင်းဆောင် ရွှမ်ကွမ်းနှင့် အခြားသူများသည် အလယ်အလတ်အဆင့် သို့မဟုတ် နောက်ပိုင်းအဆင့် မဟာယာနအဆင့်များမှာ ရှိကြလေသည်။

ထိုမဟာယာနမျိုးနွယ်စုခေါင်းဆောင်များက ကောင်းကင်စင်ရော်ဂိုဏ်းသို့ ပြန်သွားမည်ဆို သိုင်းတာအိုပင်မခန္ဓာပင်လျှင် သူတို့ကို ရှောင်တိမ်းရပေလိမ့်မည်။

“နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ ဤနေရာမှာရှိနေခြင်းနှင့်အတူ ကောင်းကင်စင်ရော်ဂိုဏ်း၏ ထိုမျိုးနွယ်စုခေါင်းဆောင်များသည် ဂိုဏ်းသို့ပြန်သွားဖို့ကို ဆက်လက်၍ မကြိုးစားနိုင်တော့ပေ။

. . . .

ကောင်းကင်စင်ရော်ဂိုဏ်း...

အကြီးအကဲကျန့်လုံသည် ကပ်ဘေးကျသင့်မှုအဆောင်တစ်ခုကို ချိုးချေပြီးတာတောင် မည်သည့်တုံ့ပြန်မှုမရှိမလာသောအခါ သူ၏ အမူအရာက ငေးငိုင်ပျောက်ဆုံးသွား၏။

သူ့ဘေးတွင်ရှိသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်ကလည်း ပို၍ပင် ထိတ်ထိတ်ပျာပျာဖြစ်လာ၏။

“အကြီးအကဲကျန့်လုံ... ဘာတဲ့လဲ အဲ့ဒီမှာ ဘယ်သူမှ ဘာလို့ပြန်မလာကြတာလဲ”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က စိုးရိမ်ကြောင့်ကြသော အမူအရာတစ်ခုနှင့်အတူ လောဆော်လိုက်၏။

“ဘယ်သူကမှ ပြန်မလာဘူးဆိုရင်... ကျုပ်တို့ကောင်းကင်စင်ရော်ဂိုဏ်းရဲ့ စာကြည့်တိုက်ကို အဲ့ဒီ ခရမ်းရောင်ဝတ်လူထူးဆန်းက အ​​ပြောင်ရှင်းသွားတော့မယ်”

“အဲ့ဒီမှာ ဘာတုံ့ပြန်မှုမှ ရှိမလာဘူး”

အကြီးအကဲကျန့်လုံက ပြောလိုက်၏။

“ငါက အဆောင်တချို့ကို သုံးပြီးသွားပြီ... ဂိုဏ်းချုပ်ပဲဖြစ်ဖြစ် မျိုးနွယ်စုခေါင်းဆောင်တွေပဲ ဖြစ်ဖြစ် ဘယ်သူကမှ ပြန်​ဖြေမလာကြဘူး”

“အဲ့ဒါဆိုရင်လည်း... ဂိုဏ်းရဲ့ ဧကရာဇ်ကို သတင်းပေးလိုက်ပါလား”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က ပြောလိုက်၏။

“ဧကရာဇ်ရောက်လာမယ်ဆိုရင်... ကျုပ်တို့က အဲ့ဒီလူထူးဆန်းကို လက်ညိုးတစ်ချောင်းနဲ့တောင် ချေမွဖျက်ဆီးပစ်နိုင်လိမ့်မယ်”

အကြီးအကဲကျန့်လုံက ဒေါသထွက်လွန်းသောကြောင့် သတိလစ်မတတ်ဖြစ်သွား၏။ သူက ဆူပူငေါက်ငမ်းလိုက်လေသည်။

“ငါ့လခွမ်းထဲမှ.. ငါက... ဧကရာဇ်တစ်ပါးနဲ့ဆက်သွယ်ဖို့ ဘယ်လိုလုပ်ပြီး အဆင့်မီပါ့မလဲ မင်းရူးနေတာလား... ဂိုဏ်းမှာရှိတဲ့ ချီစုဖွဲ့စစ်သည်တော်တွေနဲ့ ရွှေအမြုတေတွေကကော ငါတို့ကို ဆက်သွယ်နိုင်လို့လား”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် ဆိုးဆိုးဝါးဝါး ဆူပူငေါက်ငမ်းခံရပြီးနောက် သူ၏ အသိစိတ်ကို တဖြည်းဖြည်း ပြန်လည်တည်ငြိမ်စေလိုက်၏။

သူတို့၏ အဆင့်အတန်းအရ သူတို့သည် အစောပိုင်းအဆင့် မဟာယာနမျိုးနွယ်စုခေါင်းများအချို့ဖြင့်သာ အလွန်ဆုံး ဆက်သွယ်နိုင်ပြီး သူတို့သည် ဧကရာဇ်များနှင့် တိုက်ရိုက်ဆက်သွယ်ဖို့ အဆင့်မမီပေ။

အဲ့ဒါသည် ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများ၏ အခြေခံအကျဆုံး စည်းမျဥ်းစည်းကမ်းဖြစ်လေသည်။

“အဲ့ဒါဆို... ကျုပ်အခုပဲ လှုပ်ရှားပြီး ဒီကိစ္စကို ပဟေဠိနန်းတော်ဆီသွားပြီး သတင်းပေးပို့ရမယ်”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

အကြီးအကဲကျန့်လုံက မျက်လုံးစွေကြည့်ပြီး အံကိုကြိတ်ပြလိုက်လေသည်။

“မင်းက ပဟေဠိနန်းတော်ကို မရောက်ခင်မှာပဲ ငါတို့ရဲ့စာကြည့်တိုက်က အပြောင်ရှင်းခံရလိမ့်မယ်”

ထိုစဥ်မှာပင် စာကြည့်တိုက်တံခါးက နောက်တစ်ဖန် ပွင့်ဟသွား၏။

သိုင်းတာအိုပင်မခန္ဓာက ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာပြီး အကြီးအကဲကျန့်လုံနှင့် အခြားသူများကိုကြည့်လိုက်၏။ သူက မသိမသာခေါင်းညိတ်ပြပြီး ချီးကျူးလိုက်လေသည်။

“အင်မော်တယ်ဂိုဏ်းတွေထဲက တစ်ဂိုဏ်းဆိုတဲ့အတိုင်းပဲ... ဒီလိုမျိုးအခြေခံအုတ်မြစ်တစ်ခုကို ပိုင်ဆိုင်ထားတာ တကယ့်ကို အထင်ကြီးစရာပဲ”

ထိုသို့ပြောပြီးသည်နှင့် သိုင်းတာအိုပင်မခန္ဓာသည် လေထဲသို့ ခုန်တက်ပြီး အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ အဝေးတစ်နေရာသို့ ပျံသန်းထွက်ခွာရင်း သိပ်မကြာခင် သူတို့၏ ရှေ့ကနေ ပျောက်ကွယ်သွား၏။

“မြန်မြန်... မြန်မြန်သွားကြည့်ရအောင်”

အကြီးအကဲကျန့်လုံနှင့် အခြားနှစ်ယောက်သည် စာကြည့်တိုက်ထဲသို့ အလောတကြီး ပြေးဝင်လိုက်ကြ၏။

စာကြည့်တိုက်ထဲသို့ ဝင်ရောက်လာပြီးနောက် အကြီးအကဲကျန့်လုံနှင့် အခြားသူများသည် သူတို့၏ ဝိညာဥ်များကို ဆုံးရှုံးလိုက်ရသည့်အလား နေရာမှာပင် ငေးမောမှင်တက်သွားကြ၏။

စာကြည့်တိုက်သည် ပေတစ်ရာမြင့်မားပြီး အထပ် ၇ ထပ်ရှိလေသည်။ အဲ့ဒီမှာ အနည်းဆုံး ကျင့်ကြံရေးနည်းစနစ် တစ်သောင်း ၊ ရှေးဟောင်းကျမ်းစာအုပ်များ ၊ လျှို့ဝှက်အတတ်များနှင့် ဓမ္မပညာရပ်များစွာရှိပြီး အရာအားလုံးက အပြောင်ရှင်းခံလိုက်ရလေသည်။

ကြီးမားသော စာကြည့်တိုက်တစ်ခုလုံးက ဗလာကျင်းသွားပြီး ဖုန်မှုန့်များသာလျှင် ကျန်ရစ်ခဲ့လေသည်။

အဲ့ဒီမှာ ဆံချည်တစ်မျှင်တောင် မကျန်ရစ်ခဲ့ပေ။

“အထဲကို တစ်ချက်သွားကြည့်ရအောင်”

ရုတ်တရက် အကြီးအကဲကျန့်လုံက အလောတကြီးတုံ့ပြန်ပြီး ပြောဆိုလိုက်၏။

“စာကြည့်တိုက်ရဲ့ ပထမထပ်မှာ မြေအောက်ကို ဆက်သွယ်ထားတဲ့ နောက်ထပ်လျှို့ဝှက်လမ်းကြောင်းတစ်ခုရှိတယ်... ငါတို့ဂိုဏ်းရဲ့ အစစ်အမှန် လျှို့ဝှက်ပညာရပ်တွေကို အဲ့ဒီနေရာမှာထားတာ”

အကြီးအကဲကျန့်လုံက သူ၏ ခြေလှမ်းကို မြန်မြန်ဆန်ဆန် လှမ်းပြီး စာကြည့်တိုက်၏ အနက်ပိုင်းထဲသို့ ရောက်ရှိလာခဲ့၏။ သို့သော်လည်း လမ်းတစ်ဝက်မှာပင် ထံထိုင်းထိုင်းအကြည့်နှင့်အတူ သူ၏ ခြေလှမ်းက ရပ်တန့်သွား၏။

လျှို့ဝှက်လမ်းကြောင်းက ဖျက်​ဆီးခံလိုက်ရပြီဖြစ်ပြီး လျှို့ဝှက်မြေအောက်ခန်းတစ်ခုလုံးက ဗလာကျင်းနေလေသည်။

“ဘယ်လိုတောင် ကြီးလေးတဲ့ပြစ်မှုလဲ... ဘယ်လောက်တောင်ရက်စက်လိုက်သလဲ”

အကြီးအကဲကျန့်လုံက ခြေပစ်လက်ပစ်လဲကျသွားပြီး အော်ငိုချင်မိ​လေသည်။

All Chapters