နောက်ထပ် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် သတ်ဖြတ်ခံရခြင်း
Vol. 108 Ch. 1618
ပဟေဠိနန်းတော်တွင်...
နတ်ဘုရားမျိုးနွယ်၏ အစုအဖွဲ့က ကျရှုံးသွားပြီး နဂါးများက တိုက်ပွဲနယ်မြေကို ရှင်းလင်းလိုက်ကြ၏။
စောစောက ကောင်းကင်စင်ရော်ဂိုဏ်းဘက်တွင် ဖြစ်ပွားခဲ့သော ရုတ်ရုတ်သဲသဲ အခြေအနေက လှုပ်ခတ်မှုများစွာ မဖြစ်စေခဲ့ပေ။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် မဟာယာနအဆင့်သို့ ချိုးဖျက်တက်လှမ်းသွားပြီဖြစ်သော်လည်း သူသည် နိုးထမလာသေးပဲ... နားလည်ဆင်ခြင်ခြင်းနှင့် သူ၏ ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်စေခြင်းမှာ နစ်မျောနေဆဲဖြစ်၏။
ထိုဖြစ်စဥ်က အလွန်တရာအရေးကြီးလေသည်။
လူတစ်ယောက်သည် မဟာယာနအဆင့်သို့ ချိုးဖျက်တက်လှမ်းပြီးနောက် သူ၏ ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်အောင်မလုပ်နိုင်ဘူးဆိုလျှင် သူတို့က ကျဆုံးသွားဖို့ အခွင့်များလေသည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ဘေးကနေစောင့်ကြပ်၍ မတ်တတ်ရပ်နေ၏။
ရုတ်တရက်ဆိုသလို...
ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ဂိုဏ်းချုပ်က ရင်တစ်ချက်ထိတ်သွား၏။ သူသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး အထဲကို သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးကြည့်ရှုလိုက်၏။
ချက်ချင်းပင် သူ၏ အမူအရာက ပြောင်းလဲသွားလေသည်။
သူ၏ သိုလှောင်အိတ်ထဲမှာ အဆောင်တစ်ခုက ကြေမွသွားလေသည်။
ထိုအဆောင်ပျက်စီးသွားခြင်းသည် သူ၏ ဂိုဏ်းက ကြီးမားသော ကံကြမ္မာဆိုးတစ်ခုနှင့် ကြုံတွေ့နေရသည်ဟု အဓိပ္ပါယ်ရလေသည်။
ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူ၏ ဘေးတွင်ရှိသော မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်ထံသို့ သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို အလောတကြီးပို့လွှတ်လိုက်၏။
“မျိုးနွယ်စုခေါင်းဆောင်... ဂိုဏ်းမှာတစ်ခုခုတော့ဖြစ်နေပြီ... အခြေအနေအတိအကျကိုတော့ မသိရဘူး ဒါပေမဲ့ ဂိုဏ်းရဲ့ ကပ်ဘေးကျသင့်ခြင်းအဆောင်က ကြေမွပျက်စီးသွားပြီ”
“ဟမ်..”
မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး စောစောက ဖြစ်ပျက်ခဲ့သည့်အရာကို ပြန်လည်အမှတ်ရလိုက်၏။
ကောင်းကင်စင်ရော်ဂိုဏ်းသည်လည်း ကြီးမားသောအပြောင်းအလဲတစ်ရပ်နှင့် တွေ့ကြုံနေရသည့်အလားပင်။
အဲ့ဒါက တိုက်ဆိုင်မှုတစ််ခုပေပဲလား။
တစ်စုံတစ်ယောက်က ဤအခိုက်အတန့်မှာ သူတို့၏ ဂိုဏ်းများကို ပစ်မှတ်ထားလာနေတာလား။
မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်သည် မလှမ်းမကမ်းတွင်ရှိသော နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကိုကြည့်ရင်း သူက အမူအရာကင်းမဲ့နေ၏။
သူက ယခုအချိန်မှာ ရှေ့သို့ထွက်ပြီး နှုတ်ဆက်ပြောဆိုမည်ဆိုလျှင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ့ကိုသေချာပေါက်တားဆီးပေလိမ့်မည်။
ထိုအချိန်ကျလျှင် ပဠိပက္ခတစ်ခုဖြစ်ပွားလာဖို့က မလွဲဧကန်ဖြစ်ပြီး သူက ထွက်ခွာနိုင်ပါ့မလားဆိုတာ မသေချာတော့ပေ။
သူက ဤနေရာကနေ ထွက်ခွာချင်သည်ဆိုလျှင် သူကအဲ့ဒါကို ရုတ်တရက်ပြုမူလှုပ်ရှားရပေလိမ့်မည်။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်အဖြစ် သူ၏ အစွမ်းအစအရ သူသည် လေဟာနယ်ကို ဆုတ်ဖြဲပြီး အဲ့ဒီကနေ လွတ်လပ်စွာ ထွက်သွားနိုင်လေသည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက တုံ့ပြန်မှုနှေးကွေးသွားသည်နှင့်အမျှ သူသည် ဤနေရာကနေ ထွက်ခွာနိုင်ပေလိမ့်မည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ကာကွယ်ပေးနေရပြီး သူက သူ့နောက်သို့ လိုက်လံဖမ်းဆီးနိုင်လိမ့်မည် မဟုတ်ပေ။
မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်သည် သူ၏ မျက်လုံးနှစ်ဖက်ကို မှေးကျဥ်းထားပြီး သူက အနားယူနေသည့်ပုံပေါ်လေသည်။ သို့သော်လည်း တကယ်တမ်းတွင်တော့ သူသည် သူ၏ ဘေးပတ်လည်ရှိလူတိုင်း၏ ပြုမူလှုပ်ရှားမှုတိုင်းကို အကဲခတ်နေခြင်းဖြစ်၏။
အရေးကြီးဆုံး အရာမှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာဖြစ်လေသည်။ မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်၏ အသိစိတ်အရ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် တိတ်တဆိတ် အားဖြည့်၍ သူ့ကိုလုံးဝသတိမထားမိသည့်အလား သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားလေသည်။
မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သည့်အလင်းတစ်ချက် ဖျတ်ခနဲလက်သွားပြီး သူက ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်၏။
ရုတ်တရက်ဆိုသလို...
မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်သည် မတ်တတ်ထရပ်ပြီး သူ၏ လက်ဖဝါးကို ဆန့်ထုတ်ကာ သူ့ဘေးရှိ လေဟာနယ်ကို ခုတ်ပိုင်းချလိုက်၏။
ရှဲ...
ဘေးတွင်ရှိသော လေဟာနယ်က ဧရာမပိတ်စတစ်ခုကဲ့သို့ မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်၏ လက်ဝါးဖြင့် လှီးဖြတ်ခြင်းခံလိုက်ရ၏။
အက်ကွဲကြောင်းတစ်ခုပေါ်ထွက်လာပြီး မကောင်းဆိုးဝါးဆန်ဆန် လေပြင်းများက အထဲကနေ တိုက်ခတ်လာ၏။
အက်ကွဲကြောင်းက မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်၏ ဘေးတည့်တည့်မှာဖြစ်လေသည်။
ဖျတ်ခနဲဆို... မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်က အထဲသို့ခုန်ဝင်လိုက်လေသည်။ သူ၏ ပြုမူလှုပ်ရှားမှုသည် ရုတ်တရက်ဆန်လွန်းပြီး မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်သည် သူ၏ နေရာကနေ ပျောက်ကွယ်သွားသည့်အခါမှသာ ကျင့်ကြံသူများက တုံ့ပြန်လာနိုင်ကြ၏။
ဖြစ်စဥ်တစ်ခုလုံးက ရေကဲ့သို့ ပြေပြစ်နေပြီး သူက လေဟာနယ်ကို ဆုတ်ဖြဲကာ ခုန်ဝင်သွားခဲ့လေသည်။ ၎င်းသည် မည်သည့်ရပ်နားမှုမှမရှိဘဲ တစ်ချိန်တည်းနီးပါး ဖြစ်ပွားခဲ့လေသည်။
ဂါး...
ထိုစဥ်မှာပင် ကမ္ဘာတုန်လောက်သော ဟိန်းဟောက်သံတစ်သံက ပဟေဠိနန်းတော်ကနေ ထွက်ပေါ်လာ၏။ ထိုအသံသည် နဂါးတစ်ကောင်နှင့် ဖီးနစ်တစ်ကောင်၏ အော်သံနှင့် ဆင်တူပြီး အဲ့ဒီမှာ အဆုံးမဲ့ စွမ်းပကားနှင့် အမျက်ဒေါသတို့ပါဝင်နေ၏။
မသိလိုက်မသိဘာသာနှင့်ပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက လေဟာနယ်အက်ကွဲကြောင်းရှေ့သို့ ရောက်ရှိလာခဲ့၏။
ဘေးပတ်ဝန်းကျင်ရှိ ဆိုးယုတ်မြေကမ္ဘာဂိုဏ်း မျိုးနွယ်စုခေါင်းဆောင်များက အငိုက်မိသွားကြ၏။ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အနီးဆုံးမှာရှိနေကြသည့် ထိုလူများသည် ဟိန်းဟောက်သံကြောင့် သူတို့၏ နားစည်များက ကွဲထွက်ကုန်ပြီဟု ခံစားလိုက်ရ၏။
ဆိုးယုတ်မြေကမ္ဘာဂိုဏ်း မျိုးနွယ်စုခေါင်းဆောင်အချို့သည် အလွန်နာကျင်နေသော အမူအရာများရှိပြီး သူတို့၏ နားများကို လက်များဖြင့် အုပ်ကိုင်ကာ မြေပြင်ပေါ်မှာ ဒူးထောက်ကျသွား၏။ သူတို့၏ နားများနှင့် နှာခေါင်းများမှ သွေးများက စီးကျလာ၏။
လေဟာနယ်ထဲမှာရှိနေသော မျိုးနွယ်စုခေါင်းဆောင်ဖေးသွမ်ပင်လျှင် တုန်လှုပ်၍ အေးခဲရပ်တန့်သွားလေသည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ တုံ့ပြန်မှုက အရမ်းကို မြန်ဆန်လွန်းလေသည်။
ထိုတုံ့ပြန်မှုသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့လေပြီ။
ထိုစဥ်မှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အသံက မျိုးနွယ်စုခေါင်းဆောင်ဖေးသွမ်၏ နားထဲမှာ နောက်တစ်ဖန် ထွက်ပေါ်လာ၏။
“အချိန်က ဆေဘာတစ်လက်လိုပဲ”
“အဲ့ဒါက ဟိုကြောက်စရာကောင်းတဲ့ အဆင့်မြင့်နတ်ဘုရားစွမ်းအားပဲ”
မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်က ထိတ်လန့်သွားလေသည်။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် သူသည် လှုပ်ရှားမှုအရင်ပြုလုပ်၍ လေဟာနယ်ထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်တာကြောင့် သူသည် ထိုအဆင့်မြင့်နတ်ဘုရားစွမ်းအား၏ သတ်ဖြတ်ခြင်းစွမ်းအားကို သေချာပေါက်ရှောင်လွှဲနိုင်ပေလိမ့်မည်။ သို့သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အသံက သူ့ကိုရပ်တန့်သွားစေ၏။
ထိုတဒင်္ဂရပ်တန့်မှုသည် အခြေအနေတစ်ရပ်လုံးကို ပြောင်းလဲသွားစေပြီး သူ၏ သေခြင်းရှင်ခြင်းကိုပင် ဆုံးဖြတ်လိုက်လေသည်။
ထိပ်တန်းအဆင့် ပညာရှင်များအကြား တိုက်ပွဲတစ်ခုမှာ တဒင်္ဂအချိန်က အရာရာဖြစ်လေသည်။
မီးခိုးရောင်ဆေဘာက လေဟာနယ်အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားပြီး မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်ကို ထိခတ်သွား၏။
“အား...”
မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်က ထိုခုတ်ချက်ဖြင့် ဒဏ်ရာရရှိမသွားသော်လည်း သူက ညည်းတွားအော်ဟစ်လိုက်၏။
အချိန်က ဆေဘာတစ်လက်လိုဖြစ်ပြီး ခုတ်ချက်တစ်ချက်က ဘဝသက်တမ်းနှစ်သုံးသောင်းကို ဖြစ်တောက်ပစ်လိုက်၏။
မျိုးနွယ်စုခေါင်းဆောင်ဖေးသွမ်သည် ပကတိမဟာယာနအဆင့်သို့ ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး ယခု သူက နှစ်ခြောက်သောင်းကျော်ကို နေထိုင်ခဲ့ပြီးလေပြီ။ သူ့မှာနေရဖို့အတွက် ဘဝသက်တမ်းနှစ်သုံးသောင်းကျန်ရှိလေသည်။
သူက ထိုခုတ်ချက်ဖြင့် အသတ်ခံရလုနီးပါး ဖြစ်သွား၏။
မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်၏ ဘဝသက်တမ်းက ဖြတ်တောက်ခံလိုက်ရသော်လည်း သူ့အပေါ် ထိတွေ့ရိုက်ခတ်မှုက ထိုမျှသာမကပေ။ အစက မျိုးနွယ်စုခေါင်းဆောင်ဖေးသွမ်သည် သူ၏ အထွတ်အထိပ်မှာ ရှိနေခဲ့၏။ သူ၏ သွေးချီက စွမ်းအားကြီးမားပြီး သူ၏ လှုပ်ရှားမှုနည်းစနစ်နှင့် သူ၏ တိုက်ခိုက်ရည်ခွန်အားကပင် သူတို့၏ အထွတ်အထိပ်အခြေအနေမှာ ရှိနေခဲ့ကြ၏။
သို့သော် ယခုအခါ ထိုခုတ်ချက်နှင့်အတူ မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်သည် သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ချက်ချင်းပင်ဝင်ရောက်သွား၏။
ဘဝသက်တမ်းနှစ်သုံးသောင်းကျော် ကျန်ရှိနေရာကနေ ယခုအခါ သူ့မှာ ဘဝသက်တမ်း နှစ်ထောင်ဂဏန်းတချို့သာ ကျန်ရှိတော့လေသည်။
သူ၏ သွေးချီက အလျင်အမြန် ယိုယွင်းပျက်စီးလာ၏။
သူ၏ မျက်နှာက အိုစာလာပြီး သူ၏ လှုပ်ရှားမှုနည်းစနစ် ၊ တိုက်ခိုက်ရည်ခွန်အားနှင့် သူ၏ အမြုတေစိတ်ဝိညာဥ်စွမ်းအားကပါ ကျဆင်းလာနေ၏။
မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်သည် ရုတ်တရက်ဆန်သော ဤပြောင်းလဲမှုမှာ ခံနိုင်ရည်မရှိဘဲ အသားမကျဖြစ်နေ၏။
သူက ဒယီးဒယိုင်လှုပ်ရှားသွားလေသည်။
ထိုစဥ်မှာပင် ကြောက်စရာကောင်းသော ဧရာမလက်သည်းတစ်ဖက်က အက်ကွဲကြောင်းထဲကနေ ဆန့်တန်းထွက်ပေါ်လာပြီး မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်၏ နောက်ဘက်သို့ တစ်ခဏချင်းရောက်ရှိလာ၏။
အဲ့ဒါက နဂါးဖီးနစ်လက်သည်းဖြစ်၏။
ဗြစ်...
နဂါးဖီးနစ်လက်သည်းက မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်၏ ခန္ဓာကိုယ်ကို ထိုးစိုက်လိုက်၏။
အလျှံညီးညီး မီးတောက်များက မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားကို လောင်ကျွမ်းပစ်လုနီးပါးပင်။
“အား...”
မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်က စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
ပဟေဠိနန်းတော်တွင်...
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ အကြည့်များအောက်မှာ မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်သည် ရုတ်တရက် လေဟာနယ်ကို ဆုတ်ဖြဲပြီး ထွက်ခွာခဲ့၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ခုတ်ချက်တစ်ချက်ကို ထုတ်ဖော်ပြီးနောက် လေဟာနယ်ထဲသို့ သူ၏ နဂါးဖီးနစ်လက်သည်းကို ဆန့်ထုတ်ကာ မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်ကို တိုက်ရိုက်ဖမ်းဆီးလိုက်၏။
“အား... အား... အား”
မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်၏ ခန္ဓာကိုယ်က နဂါးဖီးနစ်လက်သည်းဖြင့် လုံးဝထိုးဖောက်ခံလိုက်ရပြီး သူက အလွန်တရာနာကျင်စွာဖြင့် ရုန်းကန်အော်ဟစ်နေ၏။
အဲ့ဒါသည် လွန်ခဲ့သည့် အသက်နှစ်ရှိုက်စာ သို့မဟုတ် သုံးရှိုက်စာကသာဆိုလျှင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထံကနေ ရုန်းထွက်ပြီး တိုက်ခိုက်ဖို့ပင် သူ့မှာ ခွန်အားရှိပေလိမ့်မည်။
သို့သော် ယခုအခါ သူ၏ ဘဝသက်တမ်း ၊ အမြူတေစိတ်ဝိညာဥ်နှင့် သွေးချီက ကုန်ခန်းလာပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာလျော့ကျသွားကာ သူသည် နဂါးဖီးနစ်လက်သည်း၏ ချုပ်နှောင်မှုကနေ ရုန်းမထွက်နိုင်တော့ပေ။
“ငါ့ရဲ့ခွင့်ပြုချက်မရှိပဲ ထွက်ခွာတဲ့ဘယ်သူမဆို သနားညှာတာမှုမရှိပဲ သတ်ဖြတ်ခံရမယ်လို့ ငါပြောပြီးပြီပဲ”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သူ၏ လက်သည်းများကို စုပြီး ဖျစ်ညစ်ရင်း အေးစက်စွာပြောလိုက်၏။
ဗြစ်...
လူတိုင်း၏ ရှေ့မှောက်မှာပင် ခံ့ညားထည်ဝါသော ပကတိမဟာယာနအဆင့် မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်သည် နဂါးဖီးနစ်လက်သည်းများဖြင့် ဖျစ်ညစ်ခြင်းခံလိုက်ရပြီး သွေးမြူတစ်ခုအဖြစ် ပြောင်းလဲသွားရ၏။
သွေးမြူများက လေထဲသို့ပြန့်ကျဲမသွားခင်မှာပင် ၎င်းသည် နဂါးဖီးနစ်မီးတောက်များဖြင့် ဘာမှမကျန်အောင် လောင်ကျွမ်းခံလိုက်ရ၏။ မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်က သေဆုံးသွားလေပြီ။
“အထီးကျန်သိုင်းသခင်က တကယ့်ကို ရက်စက်ကြမ်းတမ်းတာပဲ”
“အထီးကျန်သိုင်းသခင်ရဲ့ အစစ်အမှန်ခန္ဓာ နှစ်ခုလုံးက တစ်ယောက်ထက်တစ်ယောက်ပိုပြီး ရက်စက်ကြမ်းတမ်းပြနေတာပဲ”
“အဲ့ဒီမှာ ကိုယ်ပွားသုံးခုထိကျင့်ကြံနိုင်တဲ့ ထိပ်တန်းအဆင့် ကိုယ်ပွားခြင်း လျှို့ဝှက်ပညာရပ်အချို့ရှိတယ်လို့ ငါကြားဖူးတယ်...အထီးကျန်သိုင်းသခင်က အစစ်အမှန်ကိုယ်ပွားသုံးခုကို မကျင့်ကြံထားတာ ကံကောင်းတာပဲ... မဟုတ်ရင် သူက ဘယ်လိုသွေးလွှမ်းမှုမျိုးကို ဖြစ်စေမလဲ ဘယ်သူသိနိုင်မလဲ”
ထိပ်သီးဂိုဏ်းကြီး သုံးဂိုဏ်းဖြစ်သော ကောင်းကင်စင်ရော်ဂိုဏ်း ၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနှင့် ဖန်းလိုင်ကျွန်းသည် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များကို အရင်စေလွှတ်ခဲ့၏။ တကယ်ဆို... သူတို့ထဲမှ သုံးယောက်သည် ပကတိမဟာယာနအဆင့်မှာပင်ရှိပြီး အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ချင်ခဲ့ကြ၏။ အခုတော့... ထိုပကတိမဟာယာနသုံးယောက်ထဲမှ နှစ်ယောက်က သေဆုံးသွားခဲ့လေပြီ။
ယခုအချိန်တွင် ဖန်းလိုင်ကျွန်း၏ မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းသာလျှင် ကျန်ရှိတော့လေသည်။
မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းသည် အမူအရာပျက်ယွင်းနေပြီး အသံတိတ်နေလေသည်။