ကမ္ဘာမြေသတ်ဖြတ်ခြင်း စိတ်ဆန္ဒ
Vol. 108 Ch. 1619
မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်၏ သေဆုံးမှုသည် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးကို ငြိမ်သက်သွားစေ၏။
အစက ဂနာမငြိမ်ဖြစ်နေသော မျိုးနွယ်စုခေါင်းဆောင် အချို့သည် ထပ်မံ၍ မဆင်မခြင်ပြုမူရဲခြင်း မရှိတော့ပေ။
မျိုးနွယ်စုခေါင်းဆောင် ဝူထန် ၊ မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်နှင့် အခြားသူများသည် သူတို့ဂိုဏ်းများမှ ပညာရှင်များရောက်အလာကို စောင့်စားရင်း ပို၍ပင် ငြိမ်သက်သွားကြ၏။
မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းကလည်း ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်၏။
‘ဘယ်လိုပဲဖြစ်လာဖြစ်လာ ငါဒီနေရာကနေ ထွက်သွားလို့မဖြစ်ဘူး... အထီးကျန်သိုင်းသခင် တိုက်ခိုက်ဖို့အတွက် ငါဘယ်လိုအကြောင်းပြချက်ကိုမှ ပေးလို့မဖြစ်ဘူး’
အနည်းဆုံးတော့... နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အကြောင်းအရင်းမရှိပဲ အရမ်းကာရော သတ်ဖြတ်လိမ့်မည် မဟုတ်သည်ကို သူပြောနိုင်လေသည်။
သူက ဤနေရာမှာ နာနာခံခံ နေသည်နှင့်အမျှ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သူတို့ကို ဒုက္ခပေးလိမ့်မည် မဟုတ်ပေ။
နောက်ထပ်တစ်နာရီ ကုန်ဆုံးသွား၏။
ဖန်းလိုင်ကျွန်း၏ ကျွန်းသခင်သည် တစ်စုံတစ်ရာကို ခံစားမိသွားပြီး သူ၏ သိုလှောင်အိတ်ကို တိတ်တဆိတ်ဖွင့်ကာ အထဲသို့ ခိုးကြည့်လိုက်၏။
“မကောင်းတော့ဘူး”
ဖန်းလိုင်ကျွန်း၏ ကျွန်းသခင်က ထိတ်လန့်သွားပြီး မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းထံ အသံတစ်ခုကို အလောတကြီး ပို့လွှတ်လိုက်၏။
“ဂိုဏ်းမှာ တစ်ခုခုတော့ ဖြစ်နေပြီ”
“ငါတို့အလှည့်ရောက်လာပြီပဲ”
မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းက သူ့ဘာသူတွေးလိုက်၏။
သူသည် အဲ့ဒါကို ခန့်မှန်းမိနေခဲ့ပြီဖြစ်၏။
စောစောက ကောင်းကင်စင်ရော်ဂိုဏ်းနှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းဘက်ခြမ်းမှာ ဖြစ်ပွားခဲ့သော အရာရာတိုင်းကို သူက တွေ့မြင်ထား၏။
သူ၏ ထင်မြင်ချက်အရ အဲ့ဒါသည် တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်လောက်ပေ။
အဲ့ဒါသည် သူတို့ဂိုဏ်းသုံးဂိုဏ်းကို ပစ်မှတ်ထားသော ကပ်ဘေးတစ်ခုဖြစ်ရပေမည်။
သို့သော်လည်း ဤတိုက်ခိုက်မှု၏ နောက်ကွယ်က အဖွဲ့အစည်းသည် ဘယ်နေရာလာသလဲ... သူမခန့်မှန်းနိုင်ပေ။
ဖန်းလိုင်းကျွန်း၏ အလှည့်ကို ဤမျှအထိ မြန်မြန်ဆန်ဆန် ရောက်ရှိလာလိမ့်မည်ဟု သူက ထင်မှတ်မထားပေ။
သင်ခန်းစာက သူ့ရှေ့မှာပြထားခဲ့၏။ မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းသည် သူ့ဂိုဏ်းကို ဘယ်လောက်ပင် ဂရုစိုက်သည်ဖြစ်စေ သူသည် ဤနေရာကနေ ထွက်ခွာသွားခြင်း သို့မဟုတ် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ သတ်ဖြတ်လိုစိတ်ကို ဆွဲဆောင်ခြင်းပြုလိမ့်မည် မဟုတ်ပေ။
သူသည် သူ၏ သိုလှောင်အိတ်ဆီသို့ ခိုးကြောင်ခိုးဝှက်ပုံစံဖြင့် လက်လှမ်းလိုက်လေသည်။
သူ၏ သိုလှောင်အိတ်ထဲမှာ အဆောင်တစ်ခုရှိပြီး အဲ့ဒါသည် ဖန်းလိုင်ကျွန်း၏ ဧကရာဇ်ကို တိုက်ရိုက်သတင်းပေးပို့နိုင်လေသည်။
သူက ထွက်ခွာဖို့မရွေးချယ်ခဲ့သော်လည်း သူသည် ဖန်းလိုင်ကျွန်း၏ ဧကရာဇ်ကို သတင်းပေးနိုင်လေသည်။
ဖန်းလိုင်ကျွန်းကို ပစ်မှတ်ထားနေသည်က မည်သည့်ဂိုဏ်း သို့မဟုတ် မည်သည့်အဖွဲ့အစည်း ဖြစ်ပါစေ ဧကရာဇ်တစ်ပါးရောက်ရှိလာခြင်းက အရာရာတိုင်းကို ဖိနှိမ်နိုင်ဖို့ လုံလောက်လေသည်။
ရှုကျင်းက အမူအရာကင်းမဲ့နေပြီး သူ၏ လက်ဖဝါးက သူ၏ သိုလှောင်အိတ်နှင့် ထိတွေ့သွားပြီဖြစ်၏။
“ရှုကျင်း.. မင်းအဲ့ဒါ ဘာလုပ်နေတာလဲ”
ရုတ်တရက် ရှုကျင်း၏ နားထဲမှာ အသံတစ်သံထွက်ပေါ်လာ၏။
“ဟာ...”
မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းသည် ပင့်သက်ကိုရှိုက်ပြီး အလိုလိုမော့ကြည့်လိုက်၏။ မသိလိုက်မသိဘာသာနှင့်ပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ့ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး တောက်လောင်ပြင်းပြသောအကြည့်နှင့် မကောင်းဆိုးဝါးဆန်ဆန် လေသံနှင့်အတူ သူ့ကိုငုံ့ကြည့်နေ၏။
မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းသည် ထိုအကြည့်နှင့်ဆုံမိသောအခါ လိပ်ပြာလွင့်ထွက်လုနီးပါး ကြောက်လန့်သွား၏။ သူ၏ လက်က တုန်ယင်နေပြီး အလိုလိုပြန်လည်ရုပ်သိမ်းလိုက်လေသည်။
“ဘာ..ဘာမှ မဟုတ်ပါဘူး”
သူ၏ အသံက တုန်ယင်နေ၏။
သူသည် မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်ကဲ့သို့ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထံမှ အချိန်ဆေဘာခုတ်ချက်တစ်ချက်ကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။ သူ၏ လက်ကျန်ဘဝသက်တမ်းက နှစ်သုံးသောင်းပင် မကျန်ရှိတော့ပေ။
ထိုခုတ်ချက်တစ်ချက်အပြီး၌ သူက သေရပေလိမ့်မည်။
“ဆင်ဆင်ခြင်ခြင် နေစမ်း”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက အေးစက်စွာ ပြောလိုက်၏။
“နောက်တစ်ခါဆိုရင်တော့...”
သူက ဆက်မပြောတော့ပေ။ သူ၏လက်ထဲတွင် မီးခိုးရောင်မြူခိုးတစ်ခုက ရစ်သိုင်းလာပြီး မီးခိုးရောင်ဆေဘာတစ်လက်က ခပ်ရေးရေးဖြစ်ပေါ်လာ၏။
“နောက်.. နောက်မလုပ်တော့ဘူး”
မျိုးနွယ်စုခေါင်းဆောင်ရှုကျင်းသည် နှလုံးခုန်ရပ်တန့်သွားသည်ဟုထင်ရပြီး သူ၏ မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်လာ၏။
သူ၏ မျက်လုံးထဲတွင် မီးခိုးရောင်ဆေဘာသည် အချိန်ဆေဘာမဟုတ်ပဲ မရဏဆေဘာဖြစ်လေသည်။
ထိုဆေဘာက သူ့ကိုအိုမင်းရင့်ရော်စေမည်မဟုတ်ဘဲ သူ၏ အသက်ကို တစ်ခါတည်း နုတ်ယူသွားပေလိမ့်မည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းကို လျစ်လျူရှုပြီး ပြန်လှည့်ထွက်သွား၏။ သူသည် ဖန်တီးခြင်းကြာပဒုမ္မာဘေးသို့ ပြန်လည်ရောက်ရှိလာပြီး သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ကာ ဆက်လက်အနားယူနေ၏။
“အစ်မ...”
ခွန်မျိုးနွယ်ကြားတွင် ရှောင်းယောင်သည် သူ၏ ပခုံးကိုလှုပ်ပြီး သူ့ဘေးတွင်ရှိသော ယင်လန်ကို တွန်းထိုးလိုက်၏။
“ကျုပ်ဆရာက ဘယ်လိုလဲ... တကယ့် အံ့မခန်းပဲ... ဟုတ်တယ်မလား”
“အစ်မတို့နှစ်ယောက်စလုံးက အစောပိုင်းမဟာယာနတွေဆိုရင်တောင် အစ်မက ကျုပ်ဆရာကိုနိုင်မှာ မဟုတ်ဘူး”
ရှောင်းယောင်က စိတ်လှုပ်ရှားမှုအနည်းငယ်နဲ့အတူ ဝံ့ကြွားစွာပြောနေ၏။
“ဟမ့်...”
ယင်လန်က အေးစက်စွာနှာတစ်ချက်မှု၍ ခွန်းတုံ့ပြန်ခြင်း မရှိပေ။
သူမသည် မာန်မာနကြီးမားပြီး ခွန်မျိုးနွယ်၏ ပြိုင်စံရှားတစ်ယောက်ဖြစ်လေသည်။ သူမသည် အဆင့်တူခြင်းမှာ အခြားတစ်ယောက်ထံ ဘယ်တော့မှ အညံ့မခံပေ။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ရှောင်းယောင်ပြောနေသည်က အမှန်တရားဖြစ်ကြောင်း သူမက ဝန်ခံရပေလိမ့်မည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏ တဗူးမျိုးဆက်သွေးအပေါ် မှီခိုနေခြင်းသာဖြစ်သည်ဆိုလျှင် ယင်လန်က တကယ်ပင်အထင်ကြီးမိလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထုတ်ဖော်လိုက်သော မျိုးဆက်သွေးနယ်မြေနှင့် မီးခိုးရောင်ဆေဘာက သူမကို လက်ခံယုံကြည်သွားစေ၏။
ခွန်မျိုးနွယ်တွင် တဗူးနဂါးဖီးနစ်နှင့် ပတ်သက်သည့် မှတ်တမ်းအချို့ရှိလေသည်။
သို့သော်လည်း အဲ့ဒီမှာ ဤကဲ့သို့ စွမ်းအားကြီးမားသည့် နည်းလမ်းများကို ဖော်ပြထားခြင်း မရှိပေ။
ရှောင်းယောင်က ရယ်မောရင်း နောက်ထပ်အသံတစ်ခုကို တိတ်တဆိတ် ပို့လွှတ်လိုက်၏။
“အစ်မ... ခင်ဗျားကို ကျုပ်ဆရာနဲ့ မိတ်ဆက်ပေးပြီး အောင်သွယ်တော်လုပ်ပေးရမလား”
“နင်ဘာတွေ ပေါက်ကရပြောနေတာလဲ ကောင်လေး”
ယင်လန်က ညင်သာစွာ ငေါက်ငမ်းလိုက်သော်လည်း သူမက ရင်တစ်ချက်ထိတ်သွား၏။ သို့သော်လည်း သူမကိုယ်သူမ အလျင်အမြန်တည်ငြိမ်စေလိုက်၏။
“သိပ်ပြီး အူမြူးမနေနဲ့... အစစ်အမှန်စမ်းသက်ချက်က ထပ်လာဦးမှာ... ငါထင်တာမမှားဘူးဆိုရင် ကမ္ဘာဦးမျိုးနွယ်တွေရဲ့ ကလန်ခေါင်းဆောင်တွေက မကြာခင်ရောက်လာလိမ့်မယ်”
. . . . .
အရှေ့ပင်လယ် ဖန်းလိုင်ကျွန်း...
လေထဲတွင် နတ်ဘုရားအလင်းစီးကြောင်းများက တောက်ပလာပြီး မရေမတွက်နိုင်သော ဓမ္မလက်နက်များသည် လေထုကိုဆုတ်ဖြဲ၍ မထိုးဖောက်နိုင်သော ထောင်ချောက်တစ်ခုအဖြစ် ယှက်ဖြာသွားလေသည်။
ဖန်းလိုင်ကျွန်း၏ နေရာတစ်ဝှမ်း အလောင်းများက ပြန့်ကျဲနေပြီး မီးတောက်များက နေရာတိုင်းမှာ တလိပ်လိပ်ထိုးတက်နေ၏။
ဖန်းလိုင်ကျွန်း၏ ပတ်ဝန်းကျင်သည် သွေးများဖြင့် နီစွေးနေ၏။
“ခင်ဗျားဘယ်သူလဲ “
ဖန်းလိုင်ကျွန်း၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က အော်ငေါက်လိုက်၏။
“ဖန်းလိုင်ကျွန်းရဲ့ ကျင့်ကြံရေးနည်းစနစ်နဲ့ လျှို့ဝှက်အတတ်တွေကို ထားခဲ့လိုက်... မဟုတ်ရင်တော့ ကျုပ်က ဒီနေရာမှာသေရမယ်ဆိုရင်တောင် ခင်ဗျားကို ထွက်သွားခွင့်ပေးမှာ မဟုတ်ဘူး”
“အဲ့ဒါဆိုလည်း မင်းဆန္ဒကို ငါဖြည့်ပေးရတာပေါ့”
သိုင်းတာအိုပင်မခန္ဓာက ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်၏။
ဘုန်း..
သူသည် ရှေ့သို့ ခြေတစ်လှမ်းရွေ့ပြီး လေဟာနယ်တစ်ခုလုံးကို ဖြတ်ကျော်လာသည်ဟု ထင်ရ၏။
သိုင်းတာအိုပင်မခန္ဓာသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးရှေ့သို့ ရောက်ရှိလာပြီး ပစ်ထိုးလိုက်လေသည်။
ထိုထိုးချက်က မီးကဲ့သို့ ပြင်းထန်ကြမ်းကြုတ်နေ၏။ အဲ့ဒါသည် ရုတ်တရက်ပေါက်ကွဲလာသော သိုင်းတာအိုမီးဖို၏ စွမ်းအားကဲ့သို့ဖြစ်လေသည်။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် အဲ့ဒါကို လုံးဝခံနိုင်ရည် မရှိပေ။ သူ၏ မူပိုင်ဓမ္မလက်နက်ပင်လျှင် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် ကြေမွသွားပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားလေသည်။
“သူ့ကိုသတ်”
ဖန်းလိုင်ကျွန်းမှ ကျင့်ကြံသူအချို့သည် အကြောက်အလန့်ကင်းမဲ့နေဆဲ ဖြစ်ပြီး သိုင်းတာအိုပင်မခန္ဓာရှိရာထံသို့ ပြေးဝင်လာကြ၏။
သိုင်းတာအိုပင်မခန္ဓာက ဖန်းလိုင်ကျွန်း၏ ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များအားလုံးကို ရရှိထားပြီးလေပြီ။
အစကတော့ သူသည် ဒီတိုင်းပင်ထွက်ခွာသွားချင်ခဲ့၏။ သို့သော်လည်း သူ့ကို ဖန်းလိုင်ကျွန်းမှ ကျင့်ကြံသူများစွာက ပိတ်ဆို့တားဆီးထား၏။
ဖန်းလိုင်ကျွန်းသည် ကမ္ဘာဦးမျိုးနွယ် ၆စုထံ အညံ့ခံထားပြီးတာတောင် သိုင်းတာအိုပင်မခန္ဓာက ဖန်းလိုင်ကျွန်းတစ်ခုလုံးကို မဖျက်ဆီးခြင်းက သနားညှာတာမှုကို ပြသခဲ့ပြီးပြီဖြစ်၏။
ထိုဖန်းလိုင်ကျွန်းကျင့်ကြံသူများက အကောင်းအဆိုးနားမလည်ဘူးဆိုမှတော့ သိုင်းတာအိုပင်မခန္ဓာက ဆက်လက်၍ ငဲ့ကွက်နေတော့မည် မဟုတ်ပေ။
“သတ်”
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ဓားလက်ချောင်းကို ဆင့်ခေါ်ပြီး ရှေ့သို့ညင်သာစွာ ခုတ်ပိုင်းချလိုက်၏။
ချောက်ချားစရာကောင်းသော သတ်ဖြတ်လိုစိတ်က ပေါက်ကွဲထွက်ပေါ်သွားပြီး လောကက လှုပ်ခါသွား၏။
ကမ္ဘာမြေ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာသောအခါ နဂါး ၊ မြွေတို့က ပေါ်ထွက်လာပေလိမ့်မည်။
“ဂါး...”
“ရွှီး...”
သိုင်းတာအိုပင်မခန္ဓာ၏ ဓားလက်ညိုးက ခုတ်ပိုင်းကျဆင်းလာပြီး ဖန်းလိုင်ကျွန်း၏ မြေပြင်က တုန်ခါသွား၏။ မြေပြင်က ကွဲထွက်သွားပြီး ဧရာမ မိုးပျံမြွေနဂါးတစ်ကောင်က လျှောထိုးထွက်လာခဲ့၏။ ၎င်းသည် မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး လေထဲသို့ ပျံတက်သွား၏။
နဂါးဟိန်းသံက ကောင်းကင်ထက်ကနေ ထွက်ပေါ်လာပြီး လက်သည်းငါးဖက် နတ်နဂါးတစ်ကောင်သည် လူအုပ်ကြီးဆီသို့ ထိုးဆင်းလာကာ အဘက်ဘက်သို့ ဝင်ရောက်သတ်ဖြတ်လာလေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ ခုတ်ချက်က နဂါး မြွေတို့ကို ထွက်ပေါ်လာစေ၏။
ဖန်းလိုင်ကျွန်း၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများပင်လျှင် လက်သည်းငါးဖက်နတ်နဂါးနှင့် ကမ္ဘာဦးမိုးပျံမြွေနဂါး၏ သတ်ဖြတ်ခြင်းစွမ်းအားကို မခုခံနိုင်ပေ။
ကောင်းကင်ထက်မှာ သွေးများက စီးကျလာပြီး မြေပြင်က မိုင်ပေါင်းထောင်ချီ နီရဲသွားလေသည်။
ချော်ရည်များက ဖန်းလိုင်ကျွန်းထက်ကနေ ပန်းထွက်ကျဆင်းလာပြီး မီးမိုးတစ်ခုက ကောင်းကင်ထက်မှာ ပြည့်နှက်သွား၏။ ကမ္ဘာဖျက်ကပ်ဘေးတစ်ခုရောက်ရှိလာသည့်အလားဖြစ်ပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှင့် စွမ်းအားကြီးပုဂ္ဂိုလ်များစွာသည် မည်သည့်အသက်ဓာတ်မှမရှိဘဲ လေထဲကနေ ပြုတ်ကျလာ၏။
နောက်ဆုံးမှာတော့ ဖန်းလိုင်ကျွန်းမှ ကျင့်ကြံသူများက ကြောက်ရွံ့လာကြလေသည်။
ကျင့်ကြံသူများစွာသည် သူတို့၏ စိတ်ဓာတ်များ စတင်ပြိုလဲသွားပြီး ခြေဦးတည့်ရာ လှည့်ထွက်ပြေးကုန်ကြ၏။
မည်သူကမှ ဤလျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်ဝတ်လူကို ထပ်မံ၍ တားဆီးရဲခြင်း မရှိတော့ပေ။
ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။ ခဏမျှ စဥ်းစားချင့်ချိန်ပြီးနောက် သူ၏ အမူအရာက ပြောင်းလဲသွား၏။
ဤလောကမှာ သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာကို ပြောင်းလဲစေနိုင်သော အရာများစွာမရှိပေ။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်ကို ဆန့်ထုတ်ပြီး သူ၏ ရှေ့တွင် ဝေ့ယမ်းကာ လေဟာနယ်ထဲမှာ အက်ကွဲကြောင်းတစ်ခုဖြစ်အောင် ဆုတ်ဖြဲလိုက်၏။
သူက တစ်ခဏချင်းမှာပင် ထိုလေဟာနယ်အက်ကွဲကြောင်းထဲသို့ ခုန်ဝင်ကာ ပျောက်ကွယ်သွားလေသည်။
လေဟာနယ်ကို ဆုတ်ဖြဲခြင်းသည် မဟာဟာနမျိုးနွယ်စုခေါင်းဆောင်များသာ ပိုင်ဆိုင်နိုင်သော နည်းလမ်းတစ်ခုဖြစ်လေသည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်မှာပင် အဲ့ဒါကို ထိန်းချုပ်နိုင်နေပြီဖြစ်၏။