သံသယကြီးသော တာအိုရောင်းရင်းဖုန်းနှင့် အရူးနှစ်ယောက်(ခ)
Vol. 87 Ch. 1326
ဤအခိုက်အတန့်မှာ အဝေးမှ မိုးကုပ်စက်ဝိုင်းထဲတွင် အနီရောင်မြူခိုးက တအိအိလှုပ်ရှားနေပြီး သွေးအရှိန်အဝါက သူတို့၏ စိတ်အာရုံထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်လာပြန်သည်။
ထို့ပြင် ယင်းက မကြာသေးခင်ကမှ ဖွဲ့စည်းသွားခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ဤအခိုက်အတန့်မှာ သွေးမြူခိုးက ဆက်လက် ပျံ့ပွားသွားနေသည်။
ရွှီချင်း၏ အမူအရာသည် ချက်ချင်း မည်းမှောင်သွားသည်။ ခေါင်းဆောင်၏ မျက်လုံးသည်လည်း ရက်စက်ကြမ်းကြုတ်သော စိတ်ဆန္ဒနှင့်အတူ တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။
သူတို့နှစ်ယောက်သည် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ကြပြီး သွေးမြူခိုးကို ကြည့်လိုက်ကြသည်။
ခေါင်းဆောင်၏ မျက်လုံးထဲတွင် အပြာရောင်အလင်း ထွက်ပေါ်လာပြီး ရွှီချင်း၏ မျက်လုံးသည် မည်းနက်သွားသည်။ သူတို့၏ အကြည့်သည် မြူခိုး၏ အတားအဆီးကို ထိုးဖောက်သွားပြီး မြူခိုးအတွင်းမှ ကြေးချွတ်သန့်စင်ဘုံမြင်ကွင်းကို မြင်တွေ့သွားကြသည်။
“ အဲ့ဒါက… ”
ခေါင်းဆောင်က ရပ်လိုက်သည်။ သူ၏ အသံထဲမှာ အံ့ဩမှုဖြင့် ပြည့်နှက်နေသည်။
ရွှီချင်းသည်လည်း မျက်မှောင်ကြုတ်လိုက်သည်။
သူတို့၏ အကြည့်ထဲမှာ သူတို့က သွေးမြူခိုး၏ ဇစ်မြစ်ကို မြင်တွေ့သွားကြသည်။
ယင်းက မျိုးနွယ်စုငယ်တစ်ခု၏ မြို့တစ်မြို့ ဖြစ်သည်။
ထိုမြို့ကို သွေးမြူခိုးက ဝန်းရံထားပြီး မြို့သည် လုံးဝတိတ်ဆိတ်နေသည်။ မြို့ထဲမှာ မည်သည့်အသက်ဓာတ်အရိပ်အယောင်မှ မရှိပေ။ ကျန်ရှိနေသည်မှာ မရေမတွက်နိုင်သော အလောင်းများဖြင့် စုပုံထားသော အရိုးမျှော်စင်(၉၉)ခု ဖြစ်သည်။
အရိုးမျှော်စင်တစ်ခုစီမှာ အလောင်းတစ်သောင်းခန့် ရှိသည်။
ထိုမျိုးနွယ်စုသည် အမြစ်ဖြတ်သုတ်သင်ခံခဲ့ရပြီး အရိုးမျှော်စင်များအဖြစ် စုပုံခံထားရသည်။ ထို့ပြင် မျိုးနွယ်ဝင်တိုင်း၏ နဖူးပေါ်မှ တတိယမျက်လုံးသည်လည်း အထုတ်ခံထားရသည်။
အလွန်ပြင်းထန်သော သွေးနံ့သည် တတိယမျက်လုံးရှိသော ထိုမျိုးနွယ်စုထံမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။
ထိုမျှသိပ်သည်းသော သွေးက ဤသွေးမြူခိုးကို ဖြစ်ပေါ်လာစေသည်။
“ သွေးယဇ်ပူဇော်ခြင်း ”
ခေါင်းဆောင်က တီးတိုးရေရွတ်လိုက်သည်။
“ ဒီမျိုးနွယ်စုက မျိုးနွယ်ဝင်အားလုံးက ဝိညာဉ်ဆွဲထုတ်ခံထားရတယ်… ဒီသွေးယဇ်ပူဇော်ခြင်းက နတ်ဘုရားတွေအပေါ် ယဇ်ပူဇော်တဲ့ ရိုးရာဓလေ့တစ်ခု မဟုတ်ဘူး… အဲ့ဒါက အစွမ်းထက် ရတနာတချို့ကို သန့်စင်နေတာနဲ့ ပိုပြီးဆင်တူတယ် ”
ရွှီချင်း၏ အကြည့်က မြို့ကို ဖြတ်သန်းသွားသည်နှင့် သူက လေးနက်စွာ ပြောသည်။
“ ကြည့်ရတာ လျောင်ရွှမ်းဒေသငယ်ထဲက သွေးမြူခိုးကလည်း ဒီပုံစံအတိုင်း ဖြစ်ပေါ်လာတာ ဖြစ်ရမယ် ”
ခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။ သူက သွေးမြူခိုးကို စစ်ဆေးကြည့်ပြီးနောက် ရုတ်တရက် ပြောသည်။
“ ဒါပေမဲ့ သွေးမြူခိုးက အဝေးကို မယူဆောင်ခံရသေးဘူး… ဒီဟာကို လုပ်နေတဲ့ လူက သန့်စင်မှုမပြီးမြောက်သေးတာ ထင်ရှားတယ်… ”
“ အဲ့ဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူး… ငါတို့တွေ အရှိန်ထပ်မြှင့်ပြီး လူသားမျိုးနွယ်ဆီ အရင်ပြန်ကြမယ်… ဒီကိစ္စမှာ ငါတို့ဝင်ပါဖို့ မလိုအပ်ဘူး ”
ခေါင်းဆောင်က ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းသည် မျိုးနွယ်ခြားများအပေါ် အကြင်နာကရုဏာ မရှိပေ။ ခေါင်းဆောင်၏ စကားကို ကြားသောအခါ သူက ခေါင်းညိတ်လိုက်ပြီး မဟာအတောင်ပံကို ပြန်သိမ်းဆည်းလိုက်သည်။ ထို့နောက် သူတို့က ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ပြီး အရှေ့သို့ မြန်ဆန်စွာ ပျံသန်းသွားကြသည်။
တစ်ချိန်တည်းမှာ ထိုနေရာနှင့် သိပ်မကွာဝေးသော ဧရိယာတစ်ခုထဲတွင် ဖုန်းနှင့် လန်ယောင်သည် ဒေသခံမျိုးနွယ်စုငယ်တစ်ခု၏ အသက်များကို သန့်စင်နေကြသည်။
“ သွေးယဇ်ပူဇော်မှုတွေက ပြီးမြောက်သွားပြီ… လိုအပ်ချက်တွေအားလုံးလည်း ပြည့်စုံသွားပြီ… ဒီနည်းနဲ့ဆိုရင် အဲ့ဒီနေရာကို ဝင်ရောက်တဲ့အခါ ဘာအတားအဆီးမှ ရှိတော့မှာ မဟုတ်ဘူး ”
ဖုန်းသည် သူ၏ လက်ထဲမှ သွေးအလံတိုင်ကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ မည်းမှောင်နေသော သူ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင် ထွက်ပေါ်လာသည်။
“ ဝိညာဉ်သန်းနှစ်ဆယ်… အဲ့ဒီထဲမှာ သေမျိုးတွေရော ကျင့်ကြံသူတွေရော ပါဝင်တယ်… သွေးက ပင်လယ်ကြီးတစ်စင်းလို ပြည့်လျှံနေပြီး အလောင်းတွေက တောင်ကြီးတစ်တောင်လို စုပုံနေတယ်… ဒီလိုနည်းလမ်းတွေကို သူတော်စင်ကုန်းမြေမှာ အသုံးပြုမယ်ဆိုရင် ကြီးမားတဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ခံရပြီး ဝိညာဉ်ရော ခန္ဓာကိုယ်ရော အမြစ်ဖြတ်သုတ်သင်ခံရလိမ့်မယ်… တာအိုရောင်းရင်းဖုန်းက အဲ့ဒီပစ္စည်းကို ရဖို့အတွက် ဘာကိုမှ ဂရုမစိုက်တော့ဘူးပဲ ”
လန်ယောင်က တည်ငြိမ်စွာ ပြောသည်။
“ တာအိုရောင်းရင်းလန်… မင်းငါ့ကို လှောင်စရာမလိုပါဘူး… ဒီဟာကို ငါ့ကိုယ်ကျိုးအတွက်ပဲ လုပ်နေတာ မဟုတ်ဘူး… အဲ့ဒီပစ္စည်းကို ငါရတဲ့အခါကျရင် မင်းလည်းပဲ ကြီးမားတဲ့ အကျိုးအမြတ်တွေကို ရရှိလိမ့်မယ် ”
“ ပြီးတော့ သူတော်စင်ကုန်းမြေမှာဆိုရင် ဒီလိုကိစ္စကို ငါဘယ်လုပ်ရဲပါ့မလဲ… ဒါပေမဲ့ ဒီနေရာမှာတော့ ခြားနားတယ်… ပြီးတော့ တာအိုရောင်းရင်းလန်… အောင်မြင်သွားတဲ့အခါကျရင် ငါတို့ကြားက သဘောတူညီမှုကို မမေ့ပါနဲ့… မင်းပြောခဲ့တဲ့ စကားကို ပြန်မရုပ်သိမ်းပါနဲ့… မဟုတ်ရင်… ”
ဖုန်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး လန်ယောင်ကို ကြည့်လိုက်သည်။
“ တာအိုရောင်းရင်းဖုန်းက အရမ်းသံသယကြီးတာပဲ… တကယ်လို့ အားလုံးက မင်းပြောခဲ့တဲ့အတိုင်း အမှန်ဆိုရင် ငါတို့ရဲ့ သဘောတူညီမှုကို ငါပြန်ရုပ်သိမ်းမှာ မဟုတ်ဘူး ”
လန်ယောင်က နူးညံ့စွာ ပြုံးလိုက်သည်။
ဖုန်းက ခေါင်းညိတ်လိုက်သည်။ သူက တစ်စုံတစ်ခု ပြောတော့မည့်အချိန် သူ၏ အမူအရာက ရုတ်တရက် မည်းမှောင်သွားသည်။ သူက ခေါင်းမော့လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။ အေးစက်စက် အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
“ ထပ်ပြီးတော့လား ”
“ လွန်ခဲ့တဲ့ရက်တုန်းက ပထမဆုံးအကြိမ် သူတို့ထွက်ပေါ်လာတော့ သူတို့က ဖြတ်သွားဖြတ်လာတွေပဲ ဖြစ်မယ်လို့ ငါထင်ခဲ့တယ်… ဒါကြောင့် သူတို့ရဲ့ ထွက်ခွာမှုက ပုံမှန်ကိစ္စပဲ… ဒါပေမဲ့ အခု သူတို့က လမ်းကြောင်းပြောင်းပြီး နောက်တစ်ကြိမ် ထပ်ပေါ်လာပြန်ပြီ ”
“ သူတို့က တကယ်ပဲ ဖြတ်သွားဖြတ်လာတွေ ဖြစ်နိုင်တယ်ဆိုပေမဲ့ သူတို့မှာ တခြားရည်ရွယ်ချက်ရှိတာလည်း ဖြစ်နိုင်တယ် ”
“ ပြီးတော့ သူတို့က သွေးယဇ်ပူဇော်တာကို အာရုံခံမိသွားတယ်… ဒီကနေ သူတို့ထွက်သွားတဲ့အခါ ဒီအကြောင်းတွေကို အပြင်မှာ ပြန်မဖွနိုင်ဘူးလို့ ပြောရခက်တယ် ”
ဖုန်းသည် မျက်မှောင်ကြုတ်လိုက်သည်။ သူ့မှာ သံသယများသော အကျင့်ရှိသည်။ ထို့ပြင် ဤအစီအစဉ်သည် အလွန်အရေးကြီးသည်။ ထိုကဲ့သို့ တစ်စုံတစ်ယောက်က ထပ်ခါထပ်ခါ ထွက်ပေါ်လာနေခြင်းသည် သူ၏ စိတ်ထဲမှာ အတွေးများစွာကို ဖြစ်ပေါ်လာစေသည်။
နောက်ဆုံးမှာတော့ သံသယစိတ်က သတ်ဖြတ်ခြင်းစိတ်ဆန္ဒအဖြစ် ပြောင်းလဲသွားသည်။
‘ ဘာအမှားမှ မဖြစ်ရအောင် အဲ့ဒီဗလာနတ္ထိအဆင့် ကျင့်ကြံသူနှစ်ယောက်ကို သတ်ပစ်လိုက်တာ အေးတယ် ’
ထိုသို့တွေးမိသောအခါ ဖုန်းသည် အဝေးသို့ တန်းမတ်စွာ ဦးတည်သွားသည်။ လန်ယောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး တာအိုရောင်းရင်းဖုန်းနောက်သို့ လိုက်သွားသည်။
ချက်ချင်းဆိုသလို သူတို့နှစ်ယောက်က မည်သည့်သဲလွန်စမှ မကျန်ဘဲ ပျောက်ကွယ်သွားကြသည်။
တစ်ရက်ကြာပြီးနောက် လူသားမျိုးနွယ်၏ နယ်နိမိတ်ဆီသို့ ရောက်ရန် နှစ်ရက်သာ ကွာဝေးတော့သော ဧရိယာတစ်နေရာတွင် မြန်ဆန်စွာ ပျံသန်းနေသော ရွှီချင်းနှင့် ခေါင်းဆောင်၏ အရှေ့မှာ ကောင်းကင်သည် ရုတ်တရက် မည်းမှောင်သွားသည်။ မိုးကြိုးသွားများက ဆင်းသက်လာပြီး ထိတ်လန့်ဖွယ်ကောင်းသော မုန်တိုင်းတစ်ခုက လေထဲမှာ ထွက်ပေါ်လာသည်။
အေးစက်စက် နှာခေါင်းရှုံ့သံသည် မုန်တိုင်းထဲမှ ပျံ့လွင့်လာသည်။
“ မင်းတို့နှစ်ယောက်… ရပ်စမ်း ”
ထိုအသံ၏ ထွက်ပေါ်လာမှုနှင့်အတူ လေနှင့် မိုးကြိုးဖြင့် ဖွဲ့စည်းထားသော ဧရာမလက်တစ်ဖက်သည် မုန်တိုင်းထဲမှ ဆန့်တန်းထွက်လာပြီး ရွှီချင်းနှင့် အားညိုကို ဖမ်းဆုပ်လိုက်သည်။
ထိုဧရာမလက်သည် ကောင်းကင်၏ တစ်ဝက်နီးပါးကို ဖုံးအုပ်သွားသည်။ ယင်းက အလွန်ကြီးမားကျယ်ပြောပြီး အဖျက်စွမ်းအားဖြင့် ပြည့်နှက်နေသည်။ ဧရာမလက် ဖြတ်သန်းသွားသည့်နေရာတိုင်း လျှပ်စီးများက အကြမ်းပတမ်း ပေါ်လျှိုးလာလိမ့်မည်။
ရွှီချင်းနှင့် ခေါင်းဆောင်သည် ရပ်တန့်သွားသည်။ သူတို့၏ အမူအရာက သိသာစွာ ပျက်ယွင်းသွားပြီး အမြန်အနောက်ဆုတ်လိုက်သည်။ သို့သော်လည်း အလွန်နောက်ကျသွားချေ၏။
ဧရာမလက်သည် ကျဆင်းလာပြီး ရွှီချင်းနှင့် အားညိုကို တိုက်ရိုက် လွှမ်းခြုံသွားသည်။ သူတို့ကို ဖမ်းဆုပ်ပြီးနောက် ဧရာမလက်သည် အကြင်နာမဲ့စွာ ဖျစ်ညှစ်လိုက်သည်။
ဗုန်းဟူသော မြည်သံနှင့်အတူ ရွှီချင်းနှင့် ခေါင်းဆောင်သည် ချက်ချင်း ပျက်စီးသွားသည်။
“ ဟမ် ”
သူတို့နှစ်ယောက် ပျက်စီးသွားသည်နှင့်ချက်ချင်း အံ့အားသင့်သော အသံသည် မုန်တိုင်းထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် ပုံရိပ်နှစ်ခုသည် အပြင်သို့ ထွက်လျှောက်လာကြသည်။ သူတို့သည် ဖုန်းနှင့် လန်ယောင်မှလွဲ၍ တခြားလူမဟုတ်ပေ။
လေနှင့် မိုးကြိုးဖြင့် ဖွဲ့စည်းထားသော ဧရာမလက်ထဲမှ အသွေးအသားအပိုင်းအစများကို ကြည့်နေရင်း ဖုန်း၏ အမူအရာသည် မည်းမှောင်သွားသည်။
“ အဲ့ဒါက သွေးသားရုပ်သေးရုပ်တွေပဲ… သူတို့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်မဟုတ်ဘူး ”
“ ဒါပေမဲ့ ဒီလှည့်ကွက်သေးသေးလေးနဲ့ ငါ့လက်ထဲကနေ လွတ်မြောက်နိုင်မယ်လို့ မင်းတို့ထင်နေလား ”
ဖုန်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်တစ်ဖက်တည်းဖြင့် ချိပ်တံဆိပ်လက်ဟန်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ သူက ဝေဝါးသွားပြီး အဝေးတစ်နေရာမှာ ပြန်ပေါ်လာသည်။ သူက ရွှီချင်းနှင့် ခေါင်းဆောင်နောက်သို့ ဆက်ပြီး လိုက်ဖမ်းသည်။
တစ်ချိန်တည်းမှာ ထိုနေရာမှ နေ့တစ်ဝက်အချိန်သာ ကွာဝေးသော ဧရိယာတစ်နေရာတွင် ရွှီချင်းနှင့် ခေါင်းဆောင်၏ အမူအရာသည် ပြောင်းလဲသွားသည်။
“ ငါ့ရဲ့ သွေးသားရုပ်သေးရုပ်နှစ်ခုက ဖျက်ဆီးခံလိုက်ရတယ်… ဆိုလိုတာက သူတို့မှာ ငါတို့အပေါ် ရန်လိုစိတ်ရှိတယ်… လူသားမျိုးနွယ်ဆီ ရောက်ဖို့က အချိန်နှစ်ရက်လိုသေးတယ်… ဒီပုံစံတိုင်းဆိုရင် ငါတို့ အချိန်မမီလောက်ဘူး ”
အေးစက်စက် အလင်းသည် ခေါင်းဆောင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ရွှီချင်းသည် စကားမပြောပေ။ သူ၏ အကြည့်က ဘေးပတ်ဝန်းကျင်သို့ ဖြတ်သန်းသွားပြီး တောင်ငယ်တစ်လုံးပေါ်သို့ ကျရောက်သွားသည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်လေရာ တောင်ထိပ်ပေါ်သို့ ဆင်းသက်သွားသည်။ သူက လက်ဝှေ့ယမ်းလိုက်သည်နှင့်ချက်ချင်း မရေမတွက်နိုင်သော ဝိညာဉ်ချည်မျှင်များက ပျံ့နှံ့ထွက်လာပြီး ဘေးပတ်ဝန်းကျင်နှင့် ပေါင်းစပ်သွားသည်။
တစ်ချိန်တည်းမှာ အတားအဆီးအများအပြားက ပျံ့နှံ့ထွက်လာပြီး ဘေးပတ်ဝန်းကျင်မှာ ဖုံးကွယ်သွားကြသည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်ပေါ်မှာ မဟာရွှမ်ထျန်းစစ်ချပ်ဝတ်က ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ သူက လက်ကို လှုပ်ခါလိုက်လေရာ သွေးနီရောင်ဓားမြှောင်တစ်လက်က သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။
ထိုဓားမြှောင်၏ မျက်နှာပြင်ပေါ်တွင် ချောက်ချားဖွယ်ကောင်းသော တစ္ဆေမျက်နှာတစ်ခု ရှိသည်။ ထိုတစ္ဆေမျက်နှာကို လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတအများအပြားဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဓားမြှောင်ထွက်ပေါ်လာသည်နှင့်ချက်ချင်း ၎င်းက ရွှီချင်း၏ လက်ဝါးကို ကိုက်လိုက်သည်။
ရွှီချင်းသည် တစ္ဆေမျက်နှာကို သူ၏ သွေးအား စုပ်ယူခွင့်ပြုထားသည်။ သွေးကို ဝါးမျိုပြီးနောက် တစ္ဆေမျက်နှာသည် ရက်စက်ကြမ်းကြုတ်သော အမူအရာကို ထုတ်ဖော်လိုက်ပြီး ဓားမြှောင်ထဲမှာ ပုန်းကွယ်သွားသည်။ ရွှီချင်းက ဓားမြှောင်ကို ဖျစ်ညှစ်လိုက်လေရာ ဓားမြှောင်သည် သူ၏ လက်ဝါးထဲသို့ ပေါင်းစပ်သွားပြီး ပျောက်ကွယ်သွားသည်။
ရွှီချင်း၏ လက်ဖဝါးထဲမှာ အသက်ရှူသံ မသဲမကွဲ ထွက်ပေါ်နေကြောင်း ကြားရနိုင်ပေသည်။
ထိုအသက်ရှူသံသည် လေးလံပြီး အလိုရမ္မက်ဖြင့် ပြည့်နှက်နေသည်။ ယင်းက အလွန်ထူးဆန်းသည်။
ဤသည်မှာ မဟာရွှမ်ထျန်းစစ်သူကြီးဘွဲ့ကို သူရရှိပြီးနောက် ဆုလာဘ်အဖြစ် ချီးမြှောက်ခံခဲ့ရသော ဝိညာဉ်ဝါးမျိုဓားဖြစ်သည်။
ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းသည် ခေါင်းမော့လိုက်သည်။ သူ၏ မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်သွားသည်။
“ အဲ့လိုဆိုမှတော့ တိုက်ခိုက်ကြတာပေါ့ ”
ခေါင်းဆောင်သည် ချောက်ချားဖွယ်ကောင်းစွာ ရယ်မောလိုက်ပြီး ရွှီချင်း၏ ဘေးသို့ ဆင်းသက်လာသည်။ သူ၏ တစ်ကိုယ်လုံးမှ ထွန်းလင်းတောက်ပသော အပြာရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။
အပြာရောင်အလင်းသည် ကီလိုမီတာ(၅၀)အချင်းဝက်ကို ပျံ့နှံ့သွားသည်။ ထို့နောက် အလင်းရောင်က ပျောက်ကွယ်သွားသည်။
ထို့နောက် ထူးဆန်းသော မျက်နှာများက ခေါင်းဆောင်၏ မျက်လုံးထဲမှာ ထပ်ဆင့်ပုံရိပ်များနှင့်အတူ ထွက်ပေါ်လာသည်။ ထို့ပြင် ပထမဆုံးအကြိမ် ထိုမျက်နှာများက အပြင်ဘက်မှာ ထွက်ပေါ်လာကြသည်။ ယင်းတို့က ပုံရိပ်ယောင်မျက်နှာတစ်ရာကျော်ကို ဖွဲ့စည်းလိုက်ပြီး ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားကြသည်။ ထို့နောက် ယင်းတို့က နေရာအသီးသီးမှာ ပုန်းအောင်းလိုက်ကြသည်။
ထို့နောက် သူက ရင်ဘက်ကို လက်သီးဖြင့် ထိုးလိုက်သည်။ ချက်ချင်းဆိုသလို တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်ကို လှုပ်ခါစေမည့် နက်ရှိုင်းသော ဟိန်းသံသည် သူ၏ နောက်ကျောမှ မြည်ဟိန်းထွက်လာသည်။ နောက်အခိုက်အတန့်မှာ အသားပိုတစ်ခုသည် သူ၏ ကျောပေါ်မှာ တိုက်ရိုက် ထွက်ပေါ်လာသည်။ မကြာမီ အသားပိုက အထဲမှ ကွဲထွက်သွားပြီး အပြာရောင်အရိုးတစ်ချောင်း ထွက်ပေါ်လာသည်။
ထိုလက်ကို မြင်လိုက်သောအခါ ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ ယင်းထံမှ ထုတ်လွှတ်နေသော အန္တရာယ်ကို သူအာရုံခံနိုင်သည်။
အရိုးခြောက်လက်သည် လေထဲမှာ လှုပ်ယမ်းသွားပြီး သူ့ဘာသာ ဖုံးကွယ်သွားသည်။
ယင်းက အဆုံးသတ် မဟုတ်သေးပေ။ ခေါင်းဆောင်သည် အံကြိတ်လိုက်ပြီး သူ၏ ဇတ်ပိုးကို ဖိချလိုက်သည်။ ထို့နောက် သူက ကျောရိုးကို ဆောင့်ဆွဲထုတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်က ပျော့ခွေသွားသည်။ သို့သော်လည်း မကြာမီ သူက ပြန်မတ်တတ်ရပ်နိုင်သွားသည်။ သူ၏ မျက်နှာပေါ်မှ အပြုံးသည် ပိုပြီးထင်ရှားလာသည်။
“ ဂျူနီယာညီလေး… စောစောက ငါမင်းကို ကိစ္စတစ်ခု မပြောခဲ့ဘူး ”
“ ရတနာတွေကို ငါအနံ့ခံမိတယ် ”
“ အနံ့က အရမ်းမွှေးတယ် ”
ခေါင်းဆောင်သည် စကားပြောပြီးသည်နှင့် နှုတ်ခမ်းသပ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ရူးသွပ်မှု ထွက်ပေါ်လာသည်။
ယင်းကို ရွှီချင်းကြားသောအခါ သူက နှလုံးတုန်သွားသည်။ တစ်ခဏတွေးတောပြီးနောက် သူက ချိပ်တံဆိပ်လက်ဟန်များစွာကို ဖွဲ့စည်းလိုက်သည်။ ချက်ချင်းဆိုသလို သူ၏ ခြေဖဝါးအောက်မှ အရိပ်လေးသည် ဝေဝါးလာပြီး အရပ်မျက်နှာအသီးသီးသို့ ပျံ့ပွားသွားသည်။ တစ်ချိန်တည်းမှာ ငရဲမီးအိမ်ခုနစ်ခုက သူ၏ အနောက်မှာ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်နှင့် ချက်ချင်း ပေါင်းစပ်သွားသည်။
ထို့နောက် သူက မျက်လုံးမှိတ်လိုက်သည်။
နှစ်နာရီကြာပြီးနောက် ရွှီချင်းက မျက်လုံးပြန်ဖွင့်လိုက်သည်။ ခေါင်းဆောင်၏ မျက်လုံးထဲမှ ရူးသွပ်မှုသည် ပိုပြီးပြင်းထန်လာသည်။ သူတို့နှစ်ယောက်က တစ်ပြိုင်နက် ခေါင်းမော့လိုက်ပြီး အဝေးမှ ကောင်းကင်ကို ကြည့်လိုက်ကြသည်။
ကောင်းကင်ပေါ်တွင် သွေးနီရောင်တိမ်တိုက်များက ပေါ်လျှိုးလာပြီး အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။ လျှပ်စီးသည် ကောင်းကင်ပေါ်မှာ ဝင်းလက်သွားပြီး မိုးခြိမ်းသံသည် ကျယ်လောင်စွာ မြည်ဟိန်းထွက်လာသည်။ ထို့နောက် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်သည် ဟင်းလင်းပြင်ထဲမှ ထွက်လျှောက်လာကြသည်။