← Chapters

ချင်းနှင့် ညိုက ဖုန်းကို နင်းချေခြင်း(ဃ)

Vol. 87 Ch. 1330

ချင်းနှင့် ညိုက ဖုန်းကို နင်းချေခြင်း(ဃ)

Vol. 87 Ch. 1330

ဤသည်ကိုမြင်သောအခါ အဝေးမှ လန်ယောင်၏ အမူအရာသည် ပိုပြီးတည်ကြည်လေးနက်သွားသည်။

ဖုန်းသည်လည်း ထို့အတူပင်။ သူ၏ သူငယ်အိမ်က ကျုံ့သွားလေရာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ကောင်းကင်အရွေးချယ်ခံတွေလို့ မျှော်လင့်ထားသလိုပါပဲ… သူတို့က ဗလာနတ္ထိအဆင့်မှာတောင် ဝိညာဉ်စုစည်းခြင်းအဆင့်ရဲ့ မဟာလောကကို ထုတ်ဖော်နိုင်တယ် ”

“ ကောင်းပြီလေ… အစွမ်းထက်တဲ့ လူတွေကို ဆန့်ကျင်တဲ့ အကျိုးဆက်က ဘာလဲဆိုတာ မင်းတို့မြင်အောင် ငါပြမယ် ”

သူ၏ စကားဆုံးသည်နှင့်ချက်ချင်း ဖုန်း၏ ပခုံးနှစ်ဖက်ပေါ်မှ မဟာလောကနှစ်ခုသည် ဝုန်းခနဲ မြည်သွားပြီး အပြင်ဘက်မှာ ဒြပ်ထည်ဖွဲ့စည်းလာကာ ရွှီချင်းနှင့် ခေါင်းဆောင်ပေါ်သို့ ဖိနှိပ်လိုက်သည်။

တစ်ချိန်တည်းမှာ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်လေရာ ငွေရောင်အလင်းက သူ၏ ပါးစပ်ထဲမှာ ထွက်ပေါ်လာသည်။ ယင်းက သူ၏ မျက်နှာနှင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ နောက်အခိုက်အတန့်မှာ သူက ပြဒါးလူသား ဖြစ်လာသည်။

ထို့နောက် ငွေရောင်အလင်းသည် ထက်ရှသော ဓားသွားတစ်ခုနှယ် အရပ်မျက်နှာအသီးသီးဆီသို့ ပျံသန်းထွက်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် ဖုန်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

ငွေရောင်အလင်းသည် ဝိညာဉ်ချည်မျှင်များဖြင့် ဖွဲ့စည်းထားသော ရွှီချင်း၏ မဟာလောကဖြင့် တွေ့ဆုံသွားလေရာ မဟာလောကသည် တုန်ယင်လာပြီး ပြိုကွဲသွားတော့မည့် လက္ခဏာများ ပြလာသည်။

ခေါင်းဆောင်၏ အပြာရောင်မဟာလောကသည်လည်း ထို့အတူပင်။

ယင်းကို ကြည့်ခြင်းအားဖြင့် ထိုအလင်းက မည်မျှအစွမ်းထက်ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

“ သူတော်စင်ကုန်းမြေရဲ့ အလင်း… ဂျူနီယာညီလေး မြန်မြန် အနောက်ဆုတ်ရအောင် ”

ခေါင်းဆောင်၏ မျက်လုံးသည် ရုတ်တရက် ကျဉ်းမြောင်းသွားပြီး သူက အလန့်တကြား အော်ပြောလိုက်ကာ အမြန်အနောက်ဆုတ်သွားသည်။

ယင်းကို ရွှီချင်းကြားသောအခါ သူ၏ အမူအရာက ပြောင်းလဲသွားသည်။ ထိုအလင်းက မည်သည့်အရာဖြစ်ကြောင်း သူမသိသော်လည်း ‘ သူတော်စင်ကုန်းမြေ ’ဟူသော စကားက သူ့အပေါ် ကြီးမားသော ဖိအားကို ဖြစ်ပေါ်စေသည်။ သို့သော်လည်း ခေါင်းဆောင်၏ စကားက တစ်စုံတစ်ခု မူမမှန်ကြောင်း သူခံစားမိသည်။

ခေါင်းဆောင်အပေါ် သူ၏ နားလည်မှုအရ တစ်ဖက်လူက ထိုသို့စကားမျိုး ပြောလိမ့်မည် မဟုတ်ချေ။

မည်သို့ဖြစ်ပါစေ သူတို့မှာ ဝှက်ဖဲကတ်များစွာ ရှိနေသေးသည်။ ထို့ပြင် သူတို့မှာ အင်ပါယာအလောင်းပင် ရှိနေသေးသည်။

‘ စီနီယာအကိုကြီးမှာ အစီအစဉ်တစ်ခုရှိရမယ်… ’

ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။ သို့သော်လည်း အပြင်ပန်းမှတော့ သူက ထိတ်လန့်သွားသည့်ပုံစံ ဟန်ဆောင်လိုက်ပြီး အမြန်ထွက်ပြေးသွားသည်။

“ မင်းက သူတော်စင်ကုန်းမြေရဲ့ အလင်းကိုတောင် သိတယ်… စိတ်ဝင်စားစရာပဲ ”

ပြဒါးလူသားအသွင် ပြောင်းလဲထားသော ဖုန်းက နှာခေါင်းရှုံ့လိုက်သည်။ သူက နေရာမှ ချက်ချင်း ပျောက်ကွယ်သွားပြီး အားညို၏ အရှေ့မှာ ပြန်ပေါ်လာသည်။ သူက ထွက်ပေါ်လာသည်နှင့်ချက်ချင်း အားညိုကို ရိုက်ချလိုက်သည်။

အားညို၏ ခန္ဓာကိုယ်အပြင်ဘက်မှ အပြာရောင်အလင်းသည် တိုက်ရိုက် ပြိုကွဲသွားသည်။ သူ၏ ခန္ဓာကိုယ်က ပယ်ဖျက်ခံလိုက်ရသည့်အလား ပျောက်ကွယ်သွားသည်။

“ ဟမ် ”

ဖုန်း၏ အကြည့်သည် လင်းလက်သွားပြီး သူက ထပ်မံပျောက်ကွယ်သွားသည်။ သူက ပြန်ပေါ်လာသည့်အခါ အမြန်အနောက်ဆုတ်သွားနေသော ရွှီချင်း၏ အရှေ့သို့ ရောက်ရှိသွားသည်။ သူက လက်ဝါးကို နောက်တစ်ကြိမ် ထုတ်လိုက်ပြီး ရိုက်ချလိုက်သည်။

ကြောက်စရာကောင်းသော ဖိအားက ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာသည်။ ဝိညာဉ်ချည်မျှင်များဖြင့် ဖွဲ့စည်းထားသော မဟာလောကက ပြိုကွဲပျက်စီးသွားပြီး ထိုလက်ဝါးက သူ၏ ရင်ဘက်ပေါ်သို့ ကျဆင်းလာသည်။

ဗုန်းဟူသော ပေါက်ကွဲသံနှင့်အတူ ရွှီချင်း၏ ခန္ဓာကိုယ်က ပေတစ်ထောင်အဝေးသို့ လွင့်စင်သွားသည်။

သူ၏ မျက်နှာက ဖြူဖျော့သွားသော်လည်း မည်သည့်ဒဏ်ရာမှ မရရှိသွားပုံပေါ်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ မဟာရွှမ်ထျန်းစစ်ချပ်ဝတ်က လင်းလက်တောက်ပလာပြီး သူ၏ ဘေးပတ်ပတ်လည်မှ ကျူးလီ၏ ဦးခေါင်းကိုးလုံးက ဟိန်းဟောက်လိုက်ကြသည်။ ထို့အတူ ဂမ္ဘီရမှော်ဝင်စစ်ချပ်ဝတ်လည်း ရှိသေးသည်။

ထို့ပြင် ရွှမ်မီးလျှံ၏ မဖျက်ဆီးနိုင်သော အင်ပါယာလက်သီးထံမှ ရုပ်ခွန်အားကလည်း သူ့ကို ခုခံကာကွယ်ပေးလိုက်သည်။ ထိုအချက်အားလုံးကို စုပေါင်းလိုက်သည့်အခါ ရွှီချင်း၏ ခုခံကာကွယ်မှုသည် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားသည်။

ဤတစ်ကြိမ်တွင် ဖုန်းက ထိတ်လန့်သွားသည်။

“ ဒီလိုခုခံကာကွယ်မှုက… ဒါဆိုရင် ဥပဒေသတွေကရော မင်းကို ထိခိုက်နာကျင်အောင် လုပ်နိုင်မလား ကြည့်ရသေးတာပေါ ”

ဖုန်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ကောင်းကင်ကို ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလို မရေမတွက်နိုင်သော ချည်မျှင်များက လေထဲမှာ ထွက်ပေါ်လာကြပြီး သူ၏ ဘေးပတ်ပတ်လည်မှာ သိပ်သည်းသွားကြသည်။ ထို့နောက် ယင်းတို့က ကြီးမားသော ကွန်ချာတစ်ခုကို ဖွဲ့စည်းလိုက်သည်။

ထိုကွန်ချာကို ဥပဒေသများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ နောက်အခိုက်အတန့်မှာ ငွေရောင်အလင်း၏ လွှမ်းမိုးမှုအောက်မှာ ကွန်ချာက ငွေရောင်အဖြစ် ပြောင်းလဲသွားပြီး ပျံသန်းထွက်သွားသည်။

ငွေရောင်ကွန်ချာ ဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံးက ဖြတ်တောက်ခံလိုက်ရသည်။

ရွှီချင်းသည် သူ၏ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ပြီး သူ၏ ခုခံကာကွယ်မှုအစွမ်းအားလုံးကို အဆုံးစွန်ထိ ထုတ်ဖော်လိုက်သည်။ သူက ငွေရောင်ကွန်ချာဖြင့် ထိတွေ့သွားသည်နှင့်ချက်ချင်း ဆုတ်ဖြဲခံနေရသော အသံက ထွက်ပေါ်လာသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က ယင်းကို တောင့်ခံနိုင်သည့် အရိပ်အယောင်ကို ဖော်ပြနေသည်။

သူက ဥပဒေသအစွမ်းကို တောင့်ခံနိုင်သည့်တိုင်အောင် အဝေးသို့ လွင့်ထွက်သွားဆဲပင်။

ဖုန်းနှင့် မနီးမဝေးတွင် ငွေရောင်ကွန်ချာဖြင့် အရာအားလုံးကို ဖုံးလွှမ်းသွားသည့်အခါ ဟင်းလင်းပြင်ထဲမှာ ပုန်းအောင်းနေသော ခေါင်းဆောင်သည် ပြန်ပေါ်လာသည်။

သို့သော်လည်း ခေါင်းဆောင်သည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်သည်။ သူ၏ အသွေးအသား အစိတ်အပိုင်းများက မရေမတွက်နိုင်သော အပြာရောင်ပိုးကောင်များအဖြစ် အသွင်ပြောင်းလဲသွားကြသည်။ ၎င်းတို့က အပြာရောင်အရိုးခြောက်လက်ကို ဝန်းရံလိုက်ပြီး ဖုန်းဆီသို့ အံ့ဖွယ်ကောင်းသော အလျင်နှင့်အတူ တန်းမတ်စွာ ပျံသန်းသွားသည်။

အရိုးခြောက်လက်၏ အလျင်နှင့် အရှိန်အဝါက ချောက်ချားဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားသည်။ ၎င်းက ငွေရောင်အလင်းကို အလွယ်တကူ ချိုးဖောက်သွားသည်။ ၎င်းက ဖုန်းနားသို့ ချဉ်းကပ်သွားသည့်အခါ ဖုန်းကို အကြင်နာမဲ့စွာ ဖမ်းဆုပ်လိုက်သည်။ တစ်ချိန်တည်းမှာ အရိုးခြောက်လက်၏ ဘေးမှ အပြာရောင်ပိုးကောင်များက တစ်ပြိုင်နက် ပါးစပ်ဟလိုက်ကြပြီး လေအေးကို မှုတ်ထုတ်လိုက်ကြသည်။

သူတော်စင်ကုန်းမြေ၏ အလင်းက ချိုးဖောက်ခံလိုက်ရကြောင်း မြင်သွားသောအခါ ဖုန်းသည် အကြီးအကျယ် ထိတ်လန့်သွားသည်။ သူက အရိုးခြောက်လက်၏ ဖမ်းဆုပ်မှုကို ခုခံကာကွယ်ရန် အချိန်မီသော်လည်း အရာအားလုံးကို ဖုံးလွှမ်းသွားမည့် အေးစက်စက် လေကိုတော့ မရပ်တန့်နိုင်ပေ။

အဆုံးမဲ့သော အအေးဓာတ်သည် သူ့ကို တိုက်ရိုက် လွှမ်းခြုံသွားပြီး သူ၏ ခန္ဓာကိုယ်ကို ရပ်တန့်သွားစေသည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ဤအခိုက်အတန့်မှာ သူက တုံ့ဆိုင်းခြင်းမရှိဘဲ လက်မြှောက်လိုက်လေရာ သွေးနီရောင်ဓားမြှောင်တစ်လက်က ထွက်ပေါ်လာသည်။ ရက်စက်ကြမ်းကြုတ်သော တစ္ဆေမျက်နှာသည် ဓားမြှောင်ပေါ်မှာ ဒြပ်ထည်ဖြစ်ပေါ်လာသည်။ သူက ဓားမြှောင်ဖြင့် အရှေ့သို့ လွှဲခုတ်လိုက်သည်။

ဆုတ်ဖြဲခံနေရသော အသံက ထွက်ပေါ်လာသည်။

ဥပဒေသကွန်ချာသည် ဓားမြှောင်ဖြင့် ဖြတ်တောက်ခံလိုက်ရသည်။ နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ခန္ဓာကိုယ်သည် ဖုန်း၏ အနောက်မှာ ဘွားခနဲ ထွက်ပေါ်လာသည်။ သူက ဓားမြှောင်ဖြင့် ဖုန်း၏ လည်ပင်းကို အကြင်နာမဲ့စွာ ပိုင်းဖြတ်လိုက်လေသည်။

ဖုန်း၏ အမူအရာသည် သိသာစွာ ပျက်ယွင်းသွားသည်။ ထိုအခိုက်အတန့်မှာ အဝေးမှ ရပ်ကြည့်နေသော လန်ယောင်သည် မျက်လုံးမှေးကျဉ်းလိုက်ပြီး ရုတ်တရက် လက်မြှောက်လိုက်သည်။

ချက်ချင်းဆိုသလို ပွင့်ချပ်များသည် ရွှီချင်းနှင့် အားညိုရှိနေသော နေရာမှာ ထွက်ပေါ်လာသည်။

လန်ယောင်သည် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး တိုက်ပွဲထဲသို့ ဝင်ရောက်ရန် ပြင်လိုက်သည်။

သို့သော်လည်း ရွှီချင်းနှင့် ခေါင်းဆောင်က လန်ယောင်ကို မည်သို့ကြောင့် အစကတည်းက လျစ်လျူရှုထားမည်နည်း။ လန်ယောင်က လှုပ်ရှားတော့မည်နှင့်ချက်ချင်း အပြာရောင်ကျောရိုးသည် သူ့အရှေ့မှာ ရုတ်တရက် ထွက်ပေါ်လာပြီး ကြာပွတ်သဖွယ် အကြင်နာမဲ့စွာ ရိုက်ချလိုက်သည်။

တစ်ချိန်တည်းမှာ မီးတောက်မှုတ်ထုတ်နေသော တစ္ဆေကင်းခြေများများသည် ရုတ်တရက် ဦးတည်ရာပြောင်းသွားကြပြီး လန်ယောင်ဆီသို့ ပျံသန်းသွားကြသည်။

၎င်းတို့က အရိပ်လေး၏ ထိန်းချုပ်ခံလိုက်ရပြီ ဖြစ်သည်။

ထို့ပြင် အပြာရောင်အလင်းတန်းသည် ဤအခိုက်အတန့်မှာ ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး အကာအကွယ်အလွှာတစ်ခုအနေဖြင့် လန်ယောင်ကို ဖုံးလွှမ်းသွားသည်။

All Chapters