← Chapters

လျောင်ရွှမ်းတောင်ကြားထဲတွင် ရွေ့လျားခြင်း

Vol. 87 Ch. 1334

လျောင်ရွှမ်းတောင်ကြားထဲတွင် ရွေ့လျားခြင်း

Vol. 87 Ch. 1334

ရှစ်ခိုးကောင်က ပုစဉ်းကို ချောင်းနေစဉ် အနောက်က စာကလေးကို သတိမထားမိပေ။

ဖုန်းနှင့် လန်ယောင်အတွက်တော့ ထိုစာကလေးက ယွဲ့တုန်ဖြစ်ဟန်ရ၏။

ဤအခိုက်အတန့်မှာ လျောင်ရွှမ်းဒေသငယ်၏ တောင်ကြားထဲတွင် မြူခိုးက အပြင်းအထန် လှုပ်ခတ်နေပြီး ဝုန်းခနဲမြည်သံများက အဆုံးမဲ့စွာ ပဲ့တင်ထပ်နေသည်။ စူးရှသော အော်သံများက မြူခိုးကို ထွင်းဖောက်သွားသည်။ ထိုအော်သံများထဲမှာ နှလုံးကွဲကြေသော စိတ်ဆန္ဒပါရှိသည်။

အချိန်အတော်ကြာပြီးနောက် လေးလံသော ပစ္စည်းများက မြေကြီးပေါ်သို့ တစ်ခုပြီးတစ်ခု ပြုတ်ကျလာကြသည်။ မုန်တိုင်းတစ်ခုသည် တောင်ကြား၏ အောက်ခြေမှ ထွက်ပေါ်လာသည်။

လေကြမ်းတိုက်ခတ်မှုနှင့်အတူ တောင်ကြား၏ အောက်ခြေမှ မြူခိုးသည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသည်။ ဤသည်မှာ သဏ္ဍာန်မဲ့သော လက်ဝါးက အောက်မှ ပင့်ရိုက်လိုက်သည့်အလား ဤနေရာမှ အလွန်သိပ်သည်းသော မြူခိုးထုက အပေါ်သို့ မြှောက်တတ်သွားသည်။

တောင်ကြား၏ အောက်ခြေတွင် ယခင်က မြူခိုးဖြင့် ဖုံးလွှမ်းနေသော နေရာသည် ယခု ရှင်းလင်းစွာ ထွက်ပေါ်လာသည်။

ယင်းက အလွန်ကျယ်ပြောသော အပျက်အစီးနယ်မြေတစ်ခု ဖြစ်သည်။

အပျက်အစီးနယ်မြေထဲတွင် ရှေးဟောင်းဗိသုကာများဖြင့် တည်ဆောက်ထားသော အဆောက်အဦးအများအပြား ရှိသည်။ မျှော်စင်များ၊ လမ်းများနှင့် နေအိမ်အားလုံးက ဤနေရာမှာ တည်ရှိကြသည်။ သို့သော်လည်း ယင်းတို့အားလုံးက ပြိုကျပျက်စီးနေကြသည်။

ယေဘုယျအားဖြင့် ခြုံငုံပြောရလျှင် ယင်းက မြို့ငယ်တစ်မြို့ ဖြစ်သည်။

အတိတ်တွင် ဤနေရာမှာ သက်ရှိအများအပြား နေထိုင်ခဲ့ကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်ပေသည်။

သို့သော်လည်း ဤနေရာမှ အဆောက်အဦးအများစုက ပျက်စီးနေပြီး အနည်းအကျဉ်းသာ အကောင်းတိုင်း တည်ရှိကြသည်။

ဒြပ်နှောများကို မည်သည့်နေရာတွင်မဆို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

သို့သော်လည်း ဤနေရာတွင် မည်သည့်ရှေးဟောင်းအလောင်းကိုမှ ရှာမတွေ့ပေ။ ယင်းအစား ခေါင်းနှစ်လုံးပါငှက်များ၏ အလောင်းများကိုသာ အပျက်အစီးပုံများ ကြားထဲတွင် မြင်တွေ့နိုင်ပေသည်။ ထိုငှက်များသည် ထူးဆန်းစွာ သေဆုံးနေကြသည်။

ငှက်တချို့သည် ရုန်းကန်နေကြပြီး အော်ဟစ်ညည်းညူသံကို ထုတ်ဖော်နေကြသည်။

ထိုအခိုက်အတန့်မှာ ပုံရိပ်တစ်ခုသည် မြူခိုးထု၏ အပေါ်မှ ဆင်းသက်လာပြီး အပျက်အစီးများပေါ်သို့ ခြေချလိုက်သည်။ သူက အော်ဟစ်ညည်းတွားနေသော ငှက်တစ်ကောင်ပေါ်မှာ ရပ်လိုက်သည်။

သူက ခြေချလိုက်သည်နှင့်ချက်ချင်း ထူးဆန်းသော ငှက်၏ ခန္ဓာကိုယ်သည် အသားပုံအဖြစ် တိုက်ရိုက် ပြောင်းလဲသွားသည်။

ထိုလူသည် ဖုန်းမှလွဲ၍ တခြားလူမဟုတ်ပေ။

ချက်ချင်းဆိုသလို ပုံရိပ်နှစ်ခုသည် အပေါ်မှ ကျဆင်းလာပြီး သူ့အနောက်မှာ ခြေချလိုက်ကြသည်။

သူတို့က လန်ယောင်နှင့် ရွှီချင်းဖြစ်သည်။

ဘေးပတ်ဝန်းကျင်မှ အပျက်အစီးများကို ကြည့်နေရင်း ရွှီချင်း၏ အမူအရာက ခါတိုင်းကဲ့သို့ တည်ငြိမ်နေဆဲပင်။ သို့သော်လည်း သူက စိတ်ထဲမှာ သတိကြီးစွာ ထားလိုက်သည်။ သူ၏ အကြည့်က ဘေးပတ်ဝန်းကျင်သို့ ကျရောက်သွားပြီး ဖုန်း၏ လက်ထဲမှ ခေါင်းဆောင်ကို ကြည့်လိုက်သည်။

ခေါင်းဆောင်သည် သတိလစ်နေဆဲပင်။

ရွှီချင်းသည် တိတ်တဆိတ် အကြည့်ပြန်ရုပ်လိုက်ပြီး ထူးဆန်းသော ငှက်များ၏ အလောင်းများကို ကြည့်လိုက်သည်။

စောစောတုန်းက မြူခိုးထဲတွင် သူတို့သုံးယောက်သည် အစပိုင်းမှာ ချောမွေ့စွာ ရွေ့လျားနိုင်ခဲ့ကြသည်။ သို့သော်လည်း မကြာမီ သူတို့က ရန်သူအများအပြား၏ တိုက်ခိုက်ခံခဲ့ရသည်။ သူတို့ကို တိုက်ခိုက်သော ထိုတည်ရှိမှုများက မြူခိုးဖြင့် ပေါင်းစပ်နိုင်ဟန် ရ၏။

၎င်းတို့က အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားတွင် တည်ရှိပြီး အံ့ဖွယ်ကောင်းသော ခြိမ်းခြောက်နိုင်စွမ်းကို ပိုင်ဆိုင်ထားကြသည်။

ရွှီချင်းသည် ထုံးစံအားဖြင့် အစွမ်းကုန် ထုတ်မသုံးခဲ့ပေ။ သို့သော်လည်း ဖုန်းက အလွန်ဆန္ဒစောနေကြောင်း ထင်ရှားပေသည်။ သူက ငါးရောင်ခြယ်ငှက်မွှေးယပ်တောင်ကို ထုတ်လိုက်ပြီး တစ်ချက်ဝှေ့ယမ်းလိုက်ကာ သူတို့ကို တိုက်ခိုက်လာသော ရန်သူအများစုကို ဖျက်ဆီးပစ်လိုက်သည်။

ထို့နောက် လန်ယောင်က လှုပ်ရှားလိုက်သည်။ ရွှီချင်းသည် ဘေးမှ ကူညီပေးလိုက်ပြီး ရန်သူတစ်ရာကျော်ကို သတ်ဖြတ်ခဲ့သည်။ ထိုနည်းဖြင့် သူတို့သုံးယောက်က မြူခိုးထဲမှ ထွက်လျှောက်နိုင်သွားကြသည်။

သူတို့ကို လာတိုက်ခိုက်သည့် ရန်သူများသည် ထူးဆန်းသော ထိုငှက်များမှလွဲ၍ တခြားမဟုတ်ပေ။

“ ဒီနေရာက မည်းမှောင်နေပြီး အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်… ပုံမှန်စာကလေးတွေတောင် နတ်ဘုရားအရှိန်အဝါရဲ့ ကျူးကျော်ဝင်ရောက်မှုအောက်မှာ ဒီလိုအသွင်သဏ္ဍာန်ကို သန္ဓေပြောင်းလဲသွားကြတယ် ”

ဖုန်းက လေးနက်စွာ ပြောသည်။

“ တာအိုရောင်းရင်းလန်… လမ်းတစ်လျှောက်မှာ ဒီလိုသားရဲတွေ အများကြီး ရှိနိုင်တယ်… တကယ်လို့ စောစောတုန်းကလို မင်းတုံ့ဆိုင်းနေမယ်ဆိုရင် ငါတို့ခရီးစဉ်က ကြန့်ကြာသွားနိုင်တယ်… ပြီးတော့ မမျှော်လင့်ထားတဲ့ ကိစ္စတွေ ဖြစ်ပေါ်လာနိုင်တယ် ”

ဖုန်းက ရွှီချင်းကို ကြည့်လိုက်သည်။

“ ပြီးတော့ တာအိုရောင်းရင်းရွှမ်မီးလျှံ… တကယ်လို့ ငါ အရှေ့ဆက်သွားနေရင်း ရင်ဆိုင်ရခက်တဲ့ ရန်သူတချို့နဲ့ တွေ့ဆုံတဲ့အခါ မင်းရဲ့ စီနီယာအကိုကြီးကို ဒိုင်းကာအဖြစ် အသုံးမပြုဘူးလို့ ငါအာမမခံနိုင်ဘူး ”

ယင်းကို ရွှီချင်းကြားသောအခါ အေးစက်စက် အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက ဖုန်းကို စိုက်ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောသည်။

“ ငါမင်းနဲ့ ဒီနေရာမှာ သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲရမယ်ဆိုလည်း ကိစ္စမရှိဘူး ”

ဖုန်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ အအေးဓာတ်က သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားပြီး ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ တစ်ချိန်တည်းမှာ သူက ခေါင်းဆောင်၏ လည်ပင်းကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်သည်။

ခေါင်းဆောင်၏ ခြေလက်များသည် ပိုလီယိုသမားကဲ့သို့ အကြောဆွဲသွားပြီး သူ၏ မျက်နှာပေါ်မှာ နာကျင်သော အမူအရာ ထွက်ပေါ်လာသည်။

ရွှီချင်း၏ အမူအရာသည် ပိုပြီးအရုပ်ဆိုးသွားသည်။

ဘေးမှ လန်ယောင်သည် သူတို့နှစ်ယောက်ကြားမှ ရန်လိုမှုကို သတိပြုမိသွားသည်။

သူက တခစ်ခစ် ရယ်မောလိုက်ပြီး သူတို့နှစ်ယောက်၏ ကြားထဲသို့ လျှောက်သွားသည်။

“ ဟုတ်တယ်… တာအိုရောင်းရင်းရွှမ်မီးလျှံ… စောစောတုန်းက မင်း ငါတို့ကို အများကြီး မကူညီပေးခဲ့ဘူး… ဒါကြောင့် တာအိုရောင်းရင်းဖုန်းက မင်းအပေါ် မကျေမနပ်ဖြစ်နေတာကို မင်းအပြစ်မမြင်သင့်ဘူး ”

“ ဒါပေမဲ့ တာအိုရောင်းရင်းဖုန်း… လူတိုင်းက ပူးပေါင်းဆောင်ရွက်ဖို့ ရွေးချယ်ခဲ့မှတော့ နင် တစ်ချိန်လုံး သံယယမဝင်သင့်ဘူး ”

“ ဒီတော့ ငါအကြံပေးမယ်… နောက်တစ်ခါကျရင် စောစောကအတိုင်း ရန်သူအရမ်းများမယ်ဆိုရင် အဖွဲ့လိုက် တိုက်ခိုက်ကြမယ်… အဲ့လိုမဟုတ်ဘူးဆိုရင် တစ်ယောက်တစ်လှည့်စီ တိုက်ခိုက်ကြမယ် ”

ယင်းကို ဖုန်းကြားသောအခါ သူက နှာခေါင်းရှုံ့လိုက်ပြီး အရှေ့သို့ ပျံသန်းသွားသည်။

သို့သော်လည်း ခေါင်းဆောင်၏ လည်ပင်းကို ဖျစ်ညှစ်ထားသော သူ၏ လက်က အနည်းငယ် ဖြေလျော့သွားသည်။ သို့ဖြစ်၍ ခေါင်းဆောင်၏ အကြောဆွဲနေသော ခြေလက်များက ရပ်တန့်သွားသည်။

ရွှီချင်းသည် ဖုန်း၏ နောက်ကျောကို ကြည့်လိုက်သည်။ သူက မည်သည့်စကားမှ မပြောပေ။ လန်ယောင်က ရွှီချင်းကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်သည်။

“ သွားကြစို့…တာအိုရောင်းရင်းရွှမ်မီးလျှံ ”

သူတို့နှစ်ယောက်က သူ့ကို အနောက်မှ လိုက်ခိုင်းရန် မည်သို့မှ မဖြစ်နိုင်ကြောင်း ရွှီချင်းသိသည်။ စောစောတုန်းက မြူခိုးထဲမှာလည်း ထို့အတူပင်။ ထို့ကြောင့် သူက အရှေ့သို့ တိတ်တဆိတ် ရွေ့လျားသွားသည်။

ထိုသို့ဖြင့် သူတို့သုံးယောက်သည် ဖုန်း၏ ဦးဆောင်မှုအောက်မှာ အပျက်အစီးမြို့တော်ပေါ်မှာ မြန်ဆန်စွာ ပျံသန်းလိုက်ကြသည်။

သို့သော်လည်း သူတို့ကြားတွင် ပေတစ်ထောင်အကွာအဝေး ခြားထားကြသည်။ အထူးသဖြင့် ဖုန်းဖြစ်သည်။ သူက ပေတစ်သောင်းအကွာအဝေးမှာ ရှိသည်။

အရှေ့သို့ ရွေ့လျားနေစဉ် အပျက်အစီးမြို့တော်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ပိုပြီးကြည်လင်လာသည်။ ဤနေရာမှ အဆောက်အဦးများကြားထဲမှာ ခြောက်သွေ့နေသော သစ်ပင်အမြစ် အများအပြားရှိကြောင်း သူမြင်တွေ့သွားသည်။

သစ်ပင်အမြစ်များသည် ရှုပ်ထွေးပြွတ်သိပ်နေသော်လည်း အများစုသည် ကျိုးပဲ့နေကြသည်။

မြို့၏ အစွန်အဖျား၌ မရေမတွက်နိုင်သော သစ်ပင်အမြစ်များက တောင်ကြား၏ ကျောက်ဆောင်များထဲသို့ပင် နက်ရှိုင်းစွာ ထိုးဖောက်ဝင်နေကြသည်။

ဤသည်မှာ မြို့ကို သစ်ပင်အမြစ်များကြားတွင် တည်ဆောက်ထားသည့်အလားပင်။

ရွှီချင်း၏ စိတ်ထဲမှာ မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ တစ်ခါတုန်းက ဧရာမသစ်ပင်ကြီးတစ်ပင်သည် တောင်ကြား၏ အပြင်ဘက်မှာ ရှင်သန်ကြီးထွားခဲ့သည်။ ဖြစ်နိုင်သည်မှာ ၎င်း၏ ထိပ်ဖျားက ကောင်းကင်နှင့် ထိစပ်နေပြီး ၎င်း၏ သစ်ကိုင်းများက တိမ်တိုက်များထဲသို့ ဆန့်တန်းနေသည်။

၎င်း၏ အမြစ်များသည်တော့ မြေကြီး၏ အနက်ပိုင်းထဲသို့ ထိုးဖောက်သွားကြသည်။

ထိုမြို့၏ တည်နေရာသည်တော့ အတိတ်မှာ လှိုဏ်ခေါင်းတစ်ခု ဖြစ်ခဲ့ပုံပေါ်သည်။

တစ်နေ့မှာ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက ထွက်ပေါ်လာပြီး တစ်ချက်လှုပ်ရှားကာ ကမ္ဘာမြေကို ထက်ခြမ်းခွဲလိုက်ပြီး အလွန်ကြီးမားသော တောင်ကြားတစ်ခု ဖြစ်ပေါ်လာစေသည်။ ထိုသို့ဖြင့် လှိုဏ်ခေါင်းက အပြင်လောကမှာ ထွက်ပေါ်လာသည်။

‘ အဲ့ဒါဆို ဧရာမသစ်ပင်ကရော… အဲ့ဒါက လျောင်ရွှမ်းမျိုးနွယ်ရဲ့ ယူဆောင်သွားခြင်းခံလိုက်ရတာ ဒါမှမဟုတ် အချိန်မြစ်ရဲ့ တိုက်စားခြင်းခံလိုက်ရတာ ဖြစ်နိုင်တယ်… ဒါပေမဲ့ ဒီမှာ အမြစ်တွေတော့ ကျန်နေသေးတယ်… ပင်စည်က ပျောက်သွားတယ်ဆိုရင်တောင် ခြေရာလက်ရာတော့ ကျန်နေခဲ့သင့်တယ် ’

‘ ဒါပေမဲ့ အပြင်ဘက်မှာ ဘာသဲလွန်စမှ ကျန်မနေခဲ့ဘူး… ဒါကြောင့် သစ်ပင်က ရွှေ့ပြောင်းခံလိုက်ရတာ ပိုပြီးဖြစ်နိုင်ခြေများတယ်… ရွှေ့ပြောင်းသူတွေကျတော့… လျောင်ရွှမ်မျိုးနွယ် ဒါမှမဟုတ် တခြားမျိုးနွယ် ဖြစ်နိုင်တယ် ’

ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။ ထုံးစံအားဖြင့် တောင်ကြားအပြင်ဘက်မှာ ဖုန်းပြောခဲ့သော စကားများကို သူယုံကြည်လိမ့်မည် မဟုတ်ချေ။ ရွှီချင်း၏ အကျင့်စရိုက်အရ အမည်မသိသော မသေချာမရေရာသော အရာများနှင့် ရင်ဆိုင်ရသည့်အခါ ကိုယ်တိုင်စစ်ဆေးလေ့လာမှု၏ ရလဒ်ကိုသာ သူယုံကြည်လိမ့်မည်။

အကယ်၍ သူယုံကြည်ထိုက်သော လူထံမှ စကားမဟုတ်လျှင် လုံးဝ ယုံကြည်လိမ့်မည် မဟုတ်ချေ။

ရွှီချင်းက တွေးတောစဉ်းစားနေစဉ် သူ၏ အကြည့်က အဆောက်အဦးအပျက်အစီးများပေါ်သို့ ကျရောက်သွားသည်။ အဆောက်အဦးများ၏ အသွင်ပုံသဏ္ဍာန်သည် လူသားမျိုးနွယ်၏ ယဉ်ကျေးမှုဗိသုကာများနှင့် ဆင်တူသော်လည်း အသေးစိတ် ကြည့်မည်ဆိုလျှင် ကွဲပြားခြားနားသည်။

ယင်းက လက်ခံနိုင်ပေသည်။ ရှေးဘုရင်ရွှမ်ယုံခေတ်တွင် လူသားမျိုးနွယ်သည် ဝမ်ကူးကုန်းမြေ၏ နံပါတ်တစ်မျိုးနွယ် ဖြစ်သည်။ သို့ဖြစ်၍ တခြားမျိုးနွယ်စုများသည် လူသားမျိုးနွယ်၏ ယဉ်ကျေးမှုဗိသုကာများကို စံနမူနာအဖြစ် သတ်မှတ်ခဲ့ကြသည်။

သူက စစ်ဆေးလေ့လာနေရင်း အပျက်အစီးမြို့တော်၏ အလယ်ဗဟိုဆီသို့ ချဉ်းကပ်သွားသည်။ ထိုစဉ် ဝုန်းခနဲ မြည်သံသည် အရှေ့မှ သွားနေသော ဖုန်းထံမှ ပဲ့တင်ထပ်လာသည်။ တစ်ချိန်တည်းမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းက ပျံ့လွင့်လာသည်။

ရွှီချင်းသည် ချက်ချင်း အာရုံစိုက်လိုက်ပြီး လေထဲသို့ ပျံသန်းသွားသည်။ သူ့အနောက်မှ လန်ယောင်သည်လည်း တူညီသော ရွေးချယ်မှုကို ပြုလုပ်လိုက်သည်။

ထိုအမြင့်တွင် အရာအားလုံးက ရွှီချင်း၏ မျက်လုံးထဲမှာ ကြည်လင်ရှင်းလင်းလာသည်။ ချက်ချင်းဆိုသလို သူက အပျက်အစီးနယ်မြေ၏ အလယ်ဗဟိုကို သတိထားမိသွားသည်။ ထိုနေရာတွင် ထူးဆန်းသော မျက်နှာတစ်ခု ထွက်ပေါ်လာသည်။

ထိုမျက်နှာက မြေပြင်ပေါ်မှာ ကြီးထွားနေပြီး ပုန်းအောင်းနေဟန် ရသည်။ သို့ဖြစ်၍ စောစောတုန်းက ၎င်းကို ရှာမတွေ့ခဲ့ပေ။ ဖုန်းက မြို့ပေါ်မှာ ပျံသန်းနေစဉ် ၎င်းက ရုတ်တရက် ထွက်ပေါ်လာပြီး လျှာဆန့်ထုတ်လိုက်ကာ တိုက်ခိုက်လိုက်သည်။

သို့သော်လည်း ဖုန်းက ၎င်း၏ လျှာကို ဖမ်းဆုပ်လိုက်သည်။ သူ၏ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံခြင်းအရှိန်အဝါက ပေါ်ထွက်လာသည့်အခါ ဖုန်း၏ ခန္ဓာကိုယ်သည် လှုပ်ယမ်းသွားပြီး ငါးရောင်ခြယ်ဒေါင်းတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။ ဒေါင်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာဆီသို့ ပျံသန်းသွားသည်။

ကျယ်လောင်သော မြည်ဟိန်းသံက ပဲ့တင်ထပ်လာသည်။ နောက်အခိုက်အတန့်မှာ ထူးဆန်းသော မျက်နှာသည် ဖုန်း၏ တိုက်ခိုက်မှုအောက်မှာ တိုက်ရိုက် ပြိုကွဲပျက်စီးသွားသည်။

၎င်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဖျက်ဆီးခံလိုက်ရပြီးနောက် ထိုနေရာမှာ တွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။

ဖုန်းသည်တော့ ပုံမှန်အသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားသည်။ သို့သော်လည်း သူက နေရာမှာသာ မတ်တတ်ရပ်နေပြီး အထဲသို့ ဝင်မသွားပေ။ ယင်းအစား သူက ရွှီချင်းနှင့် လန်ယောင်ကို လှည့်ကြည့်လိုက်သည်။

“ နောက်တစ်ခါက မင်းအလှည့်ပဲ ”

ဖုန်းက တည်ငြိမ်စွာ ပြောသည်။

လန်ယောင်က ပြုံးလိုက်ပြီး တွင်းနက်ထဲသို့ ဝင်သွားသည်။

ဖုန်းသည် မလှုပ်ရှားပေ။ သူက ရွှီချင်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ရွှီချင်းသည် မည်သည့်စကားမှ မပြောပေ။ သူသည်လည်း တွင်းနက်ထဲသို့ ပျံသန်းသွားသည်။

သူတို့နှစ်ယောက် အထဲဝင်သွားပြီးနောက် ဖုန်းသည် အနောက်မှ လိုက်ဝင်သွားသည်။

တွင်းနက်သည် အပြင်မှာထက် ပိုပြီးအေးသည်။ သလင်းကျောက်များသည် ဘေးပတ်ဝန်းကျင်မှ နံရံများပေါ်မှာ ထွက်ပေါ်လာကြသည်။ တွင်းနက်၏ အထဲသို့ ရောက်သွားလေ အအေးဓာတ်က ပိုပြီးပြင်းထန်လာလေ ဖြစ်သည်။ ဘေးပတ်ဝန်းကျင်သည် မည်းမှောင်နေသည်။

သို့သော်လည်း သူတို့သုံးယောက်က သာမန်ကျင့်ကြံသူများ မဟုတ်ကြပေ။ ဤနေရာက မည်မျှမည်းမှောင်ပါစေ သူတို့က ဘေးပတ်ဝန်းကျင်ကို ရှင်းလင်းစွာ မြင်နိုင်ကြသည်။

ဤတစ်ကြိမ် သူတို့၏ ခရီးဆက်မှုက ယခင်ကထက် အများကြီး အဆင်ပြေချောမွေ့သည်။

သူတို့က ဆယ့်ငါးမိနစ်ကြာအောင် မည်သည့်အန္တရာယ်မှ မတွေ့ဘဲ ခရီးဆက်နိုင်ခဲ့သည်။ သို့သော်လည်း ဤတွင်းနက်က အလွန်နက်ရှိုင်းသည်။ သူတို့က အလျင်ကုန်အသုံးပြု၍ ရွေ့လျားနေခြင်းမဟုတ်သော်လည်း အောက်ခြေကို ယခုထိ မရောက်ရှိသေးပေ။

သို့သော်လည်း ထိုသို့အဆင်ပြေချောမွေ့မှုသည် အချိန်သိပ်မကြာမြင့်ခဲ့ချေ။ နှစ်ဆယ့်ငါးမိနစ်ကုန်ဆုံးသွားသည့်အခါ ပွင့်ချပ်များသည် လန်ယောင်၏ ဘေးတွင် ရုတ်တရက် ထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားကြသည်။

ထိုပွင့်ချပ်များက သိမ်မွေ့နူးညံ့ဟန် ထင်ရသော်လည်း ယင်းတို့ထဲမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ကိန်းအောင်းနေသည်။ ပွင့်ချပ်များက ပျံ့နှံ့ထွက်လာသည်နှင့်ချက်ချင်း ဝုန်းခနဲ မြည်သံက ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ မြွေနှင့်တူသော သတ္တဝါတစ်ကောင်သည် လန်ယောင်၏ ဘေးနားမှာ ထွက်ပေါ်လာသည်။

ထိုသက်ရှိက ဤနေရာမှာ ပုန်းအောင်းနေပြီး လန်ယောင်ကို အလစ်တိုက်ခိုက်ရန် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် လန်ယောင်က ၎င်းကို အာရုံခံမိသွားပြီး ပွင့်ချပ်များ၏ ပေါက်ကွဲမှုအောက်မှာ ၎င်းကို အတင်းအဓမ္မ ထွက်ပေါ်လာစေသည်။

ဤအခိုက်အတန့်မှာ ၎င်း၏ ထိတ်လန့်ဖွယ်ကောင်းသော အသွင်သဏ္ဍာန်က ထင်ရှားစွာ ထွက်ပေါ်လာသည်။

၎င်းက မြွေမဟုတ်ပေ။ ယင်းအစား အူနှင့်ဆင်တူသော ထူးထူးဆန်းဆန်း သတ္တဝါတစ်ကောင် ဖြစ်သည်။ ၎င်းက တွန့်လိမ်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။ လန်ယောင်က နှာခေါင်းရှုံ့လိုက်လေရာ ဘေးပတ်ဝန်းကျင်မှ ပွင့်ချပ်များက စုဝေးသွားပြီး ခုနစ်ရောင်ခြယ်ဒေါင်းအဖြစ် အသွင်ပြောင်းလဲသွားသည်။

၎င်း၏ ဦးခေါင်းပေါ်မှာ အဖြူရောင်ဦးချိုတစ်ခုလည်း ရှိသည်။

သို့ဖြစ်၍ ထိုဒေါင်းမှာ အရောင်ရှစ်ရောင်ရှိသည်ဟု ဆိုနိုင်ပေသည်။

၎င်း၏ အရှိန်အဝါသော်လည်းကောင်း သို့မဟုတ် သွေးမျိုးဆက်သန့်စင်မှုသော်လည်းကောင်း ဖုန်းထက် အများကြီး သာလွန်ကြောင်း ထင်ရှားပေသည်။

ဒေါင်းသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း အူသတ္တဝါဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

ရွှီချင်းသည် ဝင်မကူညီပေ။ ယင်းအစား သူက နှလုံးတုန်သွားပြီး ဖုန်းဆီသို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

အကြည့်တစ်ချက်နှင့်အတူ သူက ဖုန်း၏ မျက်လုံးထဲမှ အလိုရမ္မက်ကို မြင်တွေ့သွားသည်။

ရွှီချင်း၏ ရုတ်တရက် လှည့်ကြည့်မှုက ဖုန်း၏ အမူအရာကို မည်းမှောင်သွားစေသည်။

ရွှီချင်းသည် တည်ငြိမ်စွာ အကြည့်ပြန်ရုပ်လိုက်သည်။ သူက တွေးတောစဉ်းစားနေစဉ် ရှစ်ရောင်ခြယ်ဒေါင်း၏ တစ်ကိုယ်လုံးသည် ထွန်းလင်းတောက်ပလာသည်။ ၎င်းက ထူးဆန်းသော အူသတ္တဝါဆီသို့ မြန်ဆန်စွာ ချဉ်းကပ်သွားပြီး ၎င်း၏ ခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်လိုက်သည်။ ထို့နောက် ဒေါင်းသည် လန်ယောင်၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားသည်။

လန်ယောင်သည် ရပ်လိုက်သည်။ သူက အနောက်လှည့်လိုက်ပြီး ရွှီချင်းနှင့် ဖုန်းကို မူမမှန်သော အပြုံးဖြင့် ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူ၏ အကြည့်က ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။ သူက နူးညံ့စွာ ပြောသည်။

“ နောက်တစ်ခါက မင်းအလှည့်ပဲ… ”

All Chapters