← Chapters

လူတိုင်းမှာ ကိုယ်စီရည်ရွယ်ချက်ရှိတယ်

Vol. 87 Ch. 1336

လူတိုင်းမှာ ကိုယ်စီရည်ရွယ်ချက်ရှိတယ်

Vol. 87 Ch. 1336

အလွန်သိပ်သည်းသော အလောင်းအရှိန်အဝါသည် ဥမင်လှိုဏ်ခေါင်းထဲမှ အရူးအမူး ပျံ့လွင့်ထွက်လာသည်။ တစ်ချိန်တည်းမှာ ပုံရိပ်နှစ်ခုက ပြေးထွက်လာကြသည်။

ဖုန်း၏ အကြည့်သည် တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ သူ၏ ခန္ဓာကိုယ်က တဒင်္ဂမျှ ရပ်တန့်သွားသော်လည်း သူက အနောက်မဆုတ်သွားခဲ့ပေ။

သို့သော်လည်း လန်ယောင်က ချိပ်တံဆိပ်လက်ဟန်များစွာကို ဖွဲ့စည်းလိုက်ပြီး အကာအကွယ်တစ်ခုကို အသက်သွင်းလိုက်သည်။

နောက်အခိုက်အတန့်မှာ လန်ယောင်က အနောက်ဆုတ်သွားသည်နှင့် ဝုန်းခနဲ မြည်သံက ပဲ့တင်ထပ်လာသည်။ အလောင်းကောင် သို့မဟုတ် ရုပ်သေးရုပ်နှင့်ဆင်တူသော ပုံရိပ်နှစ်ခုက သူ့အရှေ့မှာ ထွက်ပေါ်လာကြသည်။

ပုံရိပ်တစ်ခုစီတွင် ခေါင်းနှစ်လုံးရှိပြီး ၎င်းတို့၏ မျက်လုံးက သွေးဆာသော အနီရောင်အလင်းကို ထုတ်လွှတ်နေသည်။ ၎င်းတို့က ကျယ်လောင်စွာ ပါးစပ်ဟလိုက်လေရာ အစွယ်များဖြင့် ပြည့်နှက်နေသော သွားများက ထင်ရှားစွာ ထွက်ပေါ်လာသည်။ ၎င်းတို့၏ ခန္ဓာကိုယ်မှလည်း ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေသည်။

လန်ယောင်ကို တိုက်ခိုက်ပြီးနောက် ရုပ်သေးရုပ်တစ်ရုပ်သည် ဦးတည်ရာပြောင်းလိုက်ပြီး ရွှီချင်းဆီသို့ ပြေးသွားသည်။

၎င်းက ရွှီချင်းနှင့် စတင်တိုက်ခိုက်လိုက်သည်။ ရွှီချင်းသည် ထိတ်လန့်သွားသည်။ ထိုရုပ်သေးရုပ်မှာ အကန့်အသတ်မဲ့သော ခွန်အားနှင့် ကြောက်မက်ဖွယ်ကောင်းသော ရုပ်ခန္ဓာကိုယ်ရှိကြောင်း သူအာရုံခံနိုင်သည်။ နတ်ဘုရားစွမ်းရည်များသည်ပင် ၎င်းပေါ်မှာ သက်ရောက်မှုမရှိပေ။

ယင်းကို ကြည့်ခြင်းအားဖြင့် ထိုရုပ်သေးရုပ်များက မည်မျှထူးခြားကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်ပေသည်။

သို့သော်လည်း ရွှီချင်းသည် ရုပ်သေးရုပ်နှင့် တိုက်ခိုက်နေရင်း ပွင့်နေသော ဥမင်လှိုဏ်ခေါင်းကို လှမ်းကြည့်လိုက်သည်။ သူက ဘေးပတ်ပတ်လည်မှ တစ္ဆေကင်းခြေများများဆီသို့ ရုတ်တရက် အတွေးတစ်ခု ပို့လွှတ်လိုက်သည်။

ထိုအတွေးသည် နတ်ဘုရားစိတ်အာရုံမဟုတ်ပေ။ ယင်းအစား ရွှီချင်းက ခရမ်းသလင်းကျောက်မှတဆင့် ပို့လွှတ်လိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ အပြင်လူများသည် ယင်းကို အာရုံမခံနိုင်ပေ။

ချက်ချင်းဆိုသလို တစ္ဆေကင်းခြေများများသည် ရွှီချင်း၏ ဘေးပတ်ပတ်လည်မှာ စုဝေးသွားကြသည်။ ၎င်းတို့က တစ်ကောင်ပြီးတစ်ကောင် ပျံသန်းသွားကြပြီး ရုပ်သေးရုပ်ကို အကြင်နာမဲ့စွာ တိုက်ခိုက်လိုက်ကြသည်။ တချို့ကင်းခြေများများဆိုလျှင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ကြသည်။

လန်ယောင်သည် နှလုံးတုန်သွားသည်။ သူသည်လည်း အန္တရာယ်များသော ရုပ်သေးရုပ်ဖြင့် ရင်ဆိုင်နေရသည်။

ချက်ချင်းဆိုသလို ရွှီချင်းနှင့် လန်ယောင်သည် အနောက်မှာ ချုပ်ထိန်းခံလိုက်ရသည်။

ဖုန်းသည်တော့ ထိုရုပ်သေးရုပ်နှစ်ရုပ်၏ လျစ်လျူရှုခြင်းခံထားရသည်။

ထိုမြင်ကွင်းသည် လန်ယောင်၏ အမူအရာကို ချက်ချင်း မည်းမှောင်သွားစေသည်။ သူက ရှစ်ရောင်ခြယ်ဒေါင်းကို ဒြပ်ထည်ဖွဲ့စည်းလိုက်ပြီး ရုပ်သေးရုပ်ကို တိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းမှာ သူက ဖုန်းကို ကြည့်လိုက်သည်။

“ ဖုန်းလင်းတောင်… ဒါဘာသဘောလဲ… ငါတို့ ခရီးမထွက်ခင်မှာ ငါ့ယောင်္ကျားကို ငါ့အကြောင်းတွေနဲ့ ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကိုပါ ပြောပြခဲ့တယ် ”

ဖုန်း၏ အကြည့်သည် လှုပ်ခတ်သွားသည်။ သူက ချက်ချင်း ထွက်ခွာချင်သည်။ သို့သော်လည်း သူ့မှာ သံသယတချို့ရှိသည်။ သို့ဖြစ်၍ အဆုံးမှာတော့ သူက ရှင်းပြလိုက်ဆဲပင်။

“ တာအိုရောင်းရင်းလန်… နားလည်မှုမလွဲပါနဲ့… အခု ငါ့ကိုယ်ထဲမှာ လျောင်ရွှမ်းသွေးမျိုးဆက်တစ်ခုလုံး ရှိတယ်… ဒါ့အပြင် ဒီနေရာက ငါ့ဘိုးဘေး အစီအစဉ်ချမှတ်ခဲ့တဲ့ နေရာပါ… ဒါကြောင့် ဒီက အတားအဆီးတွေက ငါ့အပေါ် အများကြီး သက်ရောက်မှုမရှိဘူး ”

“ ဒီအလောင်းကောင်နှစ်ကောင်ကိုတော့ တာအိုရောင်းရင်းလန် ယုံမလားတော့ မပြောတတ်ပေမဲ့ အဲ့ဒီအကြောင်းကို အရင်က ငါတကယ်မသိခဲ့ဘူး… ဒါပေမဲ့ ပုံစံကြည့်ရတာတော့ သူတို့က ငါ့ဘိုးဘေး ဒီနေရာမှာ အစောင့်အကြပ်အဖြစ်ထားဖို့ ရုပ်သေးရုပ်တွေအဖြစ် သန့်စင်ခဲ့တဲ့ လျောင်ရွှမ်းမျိုးနွယ်ဝင်တွေ ဖြစ်မယ် ”

“ ဒီနေ့ အပြင်လူတွေ မရောက်လာဘူးဆိုရင် သူတို့က အသက်ဝင်လာမှာ မဟုတ်ဘူး… အဲ့ဒါက ငါမျှော်လင့်ထားတာထက် ကျော်လွန်နေတယ်… ဒါပေမဲ့ ဘာမှမစိုးရိမ်ပါနဲ့ တာအိုရောင်းရင်းလန်… ငါ အထဲသွားပြီး လျောင်ရွှမ်းသူတော်စင်အရည်ကို သွားယူလိုက်မယ်… ပြီးသွားရင် ငါတို့ရဲ့ သဘောတူညီမှုအတိုင်း မင်းကို ခွဲပေးမယ် ”

ထိုသို့ပြောပြီးနောက် ဖုန်း၏ ခန္ဓာကိုယ်သည် တစ်ချက်လှုပ်ယမ်းသွားပြီး သူက ဥမင်လှိုဏ်ခေါင်းထဲသို့ အမြန်ပြေးဝင်သွားသည်။

ဤနေရာမှ စွမ်းအင်လှိုင်းဂယက်များသည် အလွန်ပြင်းထန်သည်။ လန်ယောင်က ရုပ်သေးရုပ်နှင့် အပြင်းအထန် တိုက်ခိုက်နေပြီး ဖုန်းက လန်ယောင်ကို အာရုံစိုက်နေသောကြောင့် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်သော တစ္ဆေကင်းခြေများတစ်ကောင်ဆီမှ အရိပ်တစ်ခု ထွက်ပေါ်လာကြောင်း သူတို့သတိမထားမိကြချေ။ အရိပ်သည် မည်သည့်သဲလွန်စမှ မချန်ရစ်ဘဲ မည်သူမှ မသိအောင် ဥမင်လှိုဏ်ခေါင်းထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားသည်။

ဖုန်းက ထွက်ခွာသွားကြောင်း မြင်သောအခါ လန်ယောင်၏ အမူအရာသည် ပိုပြီးအရုပ်ဆိုးသွားသည်။ ဤအခိုက်အတန့်မှာ သူ၏ တိုက်ခိုက်မှုအောက်တွင် ကျယ်လောင်သော မြည်သံများက ပဲ့တင်ထပ်သွားသည်။ သို့သော်လည်း သူ့အရှေ့မှ ရုပ်သေးရုပ်က အစွမ်းကုန်အသုံးပြု၍ သူ့ကို တားဆီးနေဆဲပင်။ သို့ဖြစ်၍ ထိုရုပ်သေးရုပ်ကို အချိန်တိုအတွင်း သူမရှင်းထုတ်ပစ်နိုင်ပေ။

အနက်ရောင်အလင်းသည် သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက ခုနစ်ရောင်ခြယ်ပုလဲကို ထုတ်လိုက်ပြီး တိုက်ရိုက် မျိုချလိုက်သည်။ ထိုအခါ သူ၏ ကျင့်ကြံခြင်းက ပေါက်ကွဲထွက်လာပြီး မှေးမှိန်သော ပုံရိပ်တစ်ခုက သူ၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာသည်။

ပုံရိပ်က ဝေဝါးနေသောကြောင့် ၎င်းကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ သို့သော်လည်း ၎င်းမှ ထုတ်လွှတ်နေသော ကျင့်ကြံခြင်းစွမ်းအားသည် အလွန်ကြောက်စရာကောင်းသည်။ ပုံရိပ်သည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ၎င်းအရှေ့မှ ရုပ်သေးရုပ်ထံသို့ အမြန်ခုန်အုပ်လိုက်သည်။

ရုပ်သေးရုပ်က မည်မျှတိမ်းရှောင်ပါစေ ပုံရိပ်ကို မရှောင်ရှားနိုင်ပေ။ ပုံရိပ်နှင့် ရုပ်သေးရုပ်တို့ တွေ့ဆုံသွားသည်နှင့်ချက်ချင်း ကမ္ဘာမြေတုန်ဟီးစေမည့် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံက မြည်ဟိန်းထွက်လာသည်။ အလွန်သန်မာသော ရုပ်သေးရုပ်သည် တိုက်ရိုက် ပြိုကွဲပျက်စီးသွားပြီး အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။

ပုံရိပ်သည်လည်း လွင့်ပြယ်သွားသည်။

လန်ယောင်၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားသည်။ သို့သော်လည်း သူက လုံးဝတုံ့ဆိုင်းမနေပေ။ သူက ရွှီချင်းကို တစ်ချက်ပင် လှည့်မကြည့်ဘဲ ဥမင်လှိုဏ်ခေါင်းထဲသို့ တန်းမတ်စွာ ပြေးသွားသည်။

ထိုအရာအားလုံးကို ရွှီချင်းက မြင်တွေ့သွားသည်။ တစ်ဖက်လူ၏ လျှို့ဝှက်အတတ်ပညာက သူ့အား ထိတ်လန့်စေခဲ့သည်။ သူ၏ အကြည့်က တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ သို့သော်လည်း သူက မြန်ဆန်စွာ ပြန်တည်ငြိမ်သွားသည်။ သူက မည်သည့်ဝှက်ဖဲကိုမှ အသုံးမပြုဘဲ ရုပ်သေးရုပ်ကို ဆက်ပြီး တိုက်ခိုက်လိုက်သည်။

အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် လေခွင်းသံသည် ဥမင်လှိုဏ်ခေါင်းထဲမှ ရုတ်တရက် ပဲ့တင်ထပ်လာသည်။ နောက်အခိုက်အတန့်မှာ လန်ယောင်နှင့် ဖုန်းသည် အမြန်ပြေးထွက်လာကြသည်။

သူတို့နှစ်ယောက်၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူတို့က ဥမင်လှိုဏ်ခေါင်းထဲမှ ပျံသန်းထွက်လာပြီးနောက် လေထဲမှာ ရပ်တန့်လိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များစွာကို ကိုယ်စီထုတ်ဖော်လိုက်ကြသည်။ ဤသည်မှာ သူတို့က မဟာရန်သူတော်တစ်ယောက်နှင့် ရင်ဆိုင်နေရသည့်အလားပင်။

ချက်ချင်းဆိုသလို ဝုန်းခနဲ မြည်သံများက ဥမင်လှိုဏ်ခေါင်းထဲမှ ပေါက်ကွဲထွက်လာသည်။ တစ်ချိန်တည်းမှာ ရွှေရောင်အလင်းတန်းသည် သူတို့၏ အနောက်မှ လိုက်လာသည်။

၎င်းက ဧရာမရွှေကြွက်ဖြစ်သည်။

၎င်း၏ တစ်ကိုယ်လုံးပေါ်မှ ရွှေရောင်အမွှေးများက ထောင်မတ်နေပြီး ၎င်း၏ မျက်လုံးက ရွှေရောင်တောက်ပနေသည်။ ၎င်း၏ သွားများက အလွန်အမင်း ချွန်ထက်သည်။

၎င်း၏ ထောင်မတ်နေသော ရွှေရောင်အမွှေးများကြားတွင် မရေမတွက်နိုင်သော မျက်နှာများ ရှိသည်။ ထိုမျက်နှာများသည် တစ္ဆေမျက်နှာများအလား အလွန်ချောက်ချားဖွယ်ကောင်းသည်။

ဧရာမရွှေကြွက်သည် ထွက်ပေါ်လာသည့်နှင့်ချက်ချင်း ဖုန်းနှင့် လန်ယောင်ကို စိုက်ကြည့်၍ ဟိန်းဟောက်လိုက်သည်။

၎င်း၏ ခန္ဓာကိုယ်ပေါ်မှ မရေမတွက်နိုင်သော မျက်နှာများသည်လည်း အော်ဟစ်လိုက်ကြပြီး ဝိညာဉ်လှုပ်ခတ်စေနိုင်သော အသံကို ထုတ်ဖော်လိုက်သည်။

ထို့နောက် ၎င်း၏ ခန္ဓာကိုယ်က တစ်ချက်လှုပ်ရှားသွားပြီး နေရာမှ ပျောက်ကွယ်သွားသည်။ ၎င်းက ပြန်ပေါ်လာသည့်အခါ ဖုန်း၏ အရှေ့သို့ ရောက်ရှိသွားသည်။ ၎င်းက ကျယ်လောင်စွာ ပါးစပ်ဟလိုက်လေရာ လွှာသွားသဖွယ် ချွန်ထက်သော သွားများက ထွက်ပေါ်လာသည်။ ၎င်းက ဖုန်းကို ရက်စက်ကြမ်းကြုတ်စွာ ကိုက်လိုက်သည်။

ဖုန်း၏ အမူအရာသည် သိသာစွာ ပျက်ယွင်းသွားပြီး သူက ချက်ချင်း အနောက်ဆုတ်လိုက်သည်။ တစ်ချိန်တည်းမှာ ဒိုင်းတစ်ခုက ထွက်ပေါ်လာသည်။ ထိုဒိုင်းသည် ရွှီချင်းနှင့်တိုက်ခိုက်ခဲ့စဉ်က သူအသုံးပြုခဲ့သော ရှေးဟောင်းဒိုင်းဖြစ်သည်။

ဗုန်းဟူသော ပေါက်ကွဲသံနှင့်အတူ ရွှေကြွက်သည် ဒိုင်းဖြင့် တွေ့ဆုံသွားသည်။

သို့သော်လည်း အတိတ်တွင် ရွှီချင်း၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ခဲ့သော ဒိုင်းသည် ရွှေကြွက်၏ တိုက်ခိုက်မှုအောက်မှာ အပိုင်းပိုင်းအစစ အက်ကွဲထွက်သွားသည်။

ရွှေကြွက်၏ ခန္ဓာကိုယ်သည်လည်း တုန်ယင်သွားသည်။ သို့သော်လည်း ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုက ပိုပြီးအားကောင်းလာသည်။

၎င်းက ဖုန်းကို ဆက်လက် တိုက်ခိုက်တော့မည့်အချိန် လန်ယောင်၏ အကြည့်က ဝင်းလက်တောက်ပသွားသည်။ သူက ထိုအခွင့်အရေးကို အသုံးပြု၍ ဥမင်လှိုဏ်ခေါင်းဆီသို့ ပြေးသွားသည်။

ရွှေကြွက်သည် ဟိန်းဟောက်လိုက်ပြီး နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။ နောက်အခိုက်အတန့်မှာ ၎င်းက လန်ယောင်၏ အရှေ့မှာ ပြန်ထွက်ပေါ်လာပြီး တစ်ဖက်လူ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ တစ်ချိန်တည်းမှာ ရွှေရောင်အလင်းက ၎င်း၏ တစ်ကိုယ်လုံးမှာ ထွန်းလင်းတောက်ပလာသည်။

လန်ယောင်သည် ရွှေကြွက်ကို ခုခံတားဆီးရန် ရှစ်ရောင်ခြယ်ဒေါင်းကို အမြန်ဖွဲ့စည်းလိုက်သည်။ သို့သော်လည်း ရွှေကြွက်၏ ရွှေရောင်အလင်းနှင့် တွေ့ဆုံသွားသည့်အခါ ဒေါင်းသည် ပြိုကွဲပျက်စီးသွားသည်။

ထိုမြင်ကွင်းကို မြင်တွေ့သွားသောအခါ ရွှီချင်းက အံ့ဩထိတ်လန့်သွားသည်။

ထိုရွှေကြွက်က နတ်ဘုရားသက်ရှိဖြစ်ကြောင်း သူပြောနိုင်သည်။ ထို့ပြင် ၎င်း၏ နတ်ဘုရားအစွမ်းက အလွန်သိပ်သည်းလေရာ ၎င်းက နတ်ဘုရားမီးတောက်ကို ထွန်းညှိနိုင်ရန် သိပ်မကွာဝေးတော့ပေ။

“ မဟုတ်ဘူး… အဲ့ဒီကောင်က နတ်ဘုရားမီးတောက်ကို မထွန်းညှိရသေးတာမဟုတ်ဘူး… အဲ့ဒီကောင်က နတ်ဘုရားမီးတောက်ကို ထွန်းညှိပြီးသွားပြီ… ဒါပေမဲ့ အကြောင်းအရင်းတချို့ကြောင့် သူ့ရဲ့ နတ်ဘုရားမီးတောက်က ငြိမ်းသတ်သွားတယ်… အခု သူက နတ်ဘုရားမီးတောက်ကို နောက်တစ်ကြိမ် ထပ်ထွန်းညှိဖို့အတွက် စွမ်းအင်စုဆောင်းနေတဲ့ အဆင့်မှာပဲ ”

ရွှီချင်းသည် နတ်ဘုရားအများကြီးဖြင့် ထိတွေ့ဆက်ဆံဖူးသည်။ ယခု သူက ရွှေကြွက်ကို အနီးကပ်ကြည့်လိုက်သည့်အခါ ဆုံးဖြတ်မှုတစ်ခုကို ချက်ချင်း ပြုလုပ်နိုင်သွားသည်။

ဖုန်း၏ အမူအရာသည် အရုပ်ဆိုးသွားသည်။ သူက လက်တစ်ဖက်ဖြင့် ချိပ်တံဆိပ်လက်ဟန်များကို မြန်ဆန်စွာ ဖွဲ့စည်းလိုက်ပြီး ပြောသည်။

“ တာအိုရောင်းရင်းရွှမ်မီးလျှံ… အဲ့ဒီမှာပဲ ရပ်မနေပါနဲ့… ဒီနတ်ဘုရားကြွက်က လျောင်ရွှမ်းသူတော်စင်အရည်ရဲ့ တည်နေရာဆီကို တခြားဦးတည်ရာကနေ ဝင်ရောက်ခဲ့တယ်… ဒါ့အပြင် အဲ့ဒီကောင်က ဒီမှာ နှစ်တွေအကြာကြီး ပုန်းအောင်းနေခဲ့တာ သေချာတယ်… စောစောက သူက ဥမင်လှိုဏ်ခေါင်းထဲမှာ အိပ်မောကျနေခဲ့တာ ”

“ ဥမင်လှိုဏ်ခေါင်းရဲ့ လမ်းတစ်ဝက်မှာ ငါသူနဲ့ တွေ့ဆုံပြီး လိုက်ဖမ်းတာခံခဲ့ရတယ်… တကယ်လို့ ငါတို့တွေ ဒီကြွက်ကို ထောင်ချောက်ဆင်ပြီး မသတ်ပစ်နိုင်ဘူးဆိုရင် လျောင်ရွှမ်းသူတော်စင်အရည်ကို ရယူဖို့ဆိုတာ မဖြစ်နိုင်ဘူး ”

“ လျောင်ရွှမ်းအရည်ကတော့ အဲ့ဒါကို ငါ့မျက်စိနဲ့ ကိုယ်တိုင်မမြင်ရသေးဘူးဆိုပေမဲ့ စောစောက ဥမင်လှိုဏ်ခေါင်းထဲမှာ အဲ့ဒါကို ငါအနံ့ခံမိတယ်… လျောင်ရွှမ်းအရည်က ဥမင်လှိုဏ်ခေါင်းထဲမှာ ရှိတယ် ”

“ ဒါကြောင့် ငါတို့အားလုံး အတူတကွ အစွမ်းကုန် ထုတ်သုံးမှပဲ အခွင့်အရေးရလိမ့်မယ်… ငါ့မှာလည်း ဝှက်ဖဲကတ်တချို့ရှိတယ်… ပြီးတော့ မင်းတိုက်ခိုက်နေတဲ့ ရုပ်သေးရုပ်ကို ငါထိန်းချုပ်နိုင်တယ် ”

ဖုန်းသည် စကားပြောနေရင်း ရွှီချင်းကို ခြိမ်းခြောက်ရန်အတွက် အားညို၏ လည်ပင်းကို ဖျစ်ညှစ်ရန် မမေ့ခဲ့ပေ။

သူ၏ နှလုံးသားထဲတွင်တော့ အလွန်ဒေါသထွက်နေသည်။ စောစောက သူပြောခဲ့သည်မှာ အမှန်ဖြစ်သည်။ သူက ဥမင်လှိုဏ်ခေါင်းထဲသို့ အရင်ဝင်ရောက်သွားသော်လည်း လျောင်ရွှမ်းရေကန်ဆီသို့ မရောက်ရှိသွားခဲ့ပေ။ ယင်းအစား သူက ဤရွှေကြွက်နှင့် တွေ့ဆုံခဲ့သည်။

ရွှေကြွက်၏ ထွက်ပေါ်လာမှုက သူ၏ အစီအစဉ်ထဲမှာ မပါဝင်သလို ယင်းက သူ့ဘိုးဘေး၏ စီစဉ်မှုလည်း မဟုတ်ပေ။

သို့သော်လည်း ယခု သူ့မှာ တခြားရွေးချယ်စရာ မရှိပေ။ သူက အံတင်းတင်းကြိတ်လိုက်ပြီး ပါးစပ်အပြည့် သွေးတစ်ပွက်ကို အန်ထုတ်လိုက်ကာ လျှို့ဝှက်အတတ်ပညာတစ်ခုကို အသက်သွင်းလိုက်သည်။ ချက်ချင်းဆိုသလို ရွှီချင်းကို တိုက်ခိုက်နေသော ရုပ်သေးရုပ်သည် တုန်ယင်သွားပြီး အနောက်ဆုတ်သွားသည်။ ၎င်းက ရုတ်တရက် အနောက်လှည့်လိုက်ပြီး ရွှေကြွက်ဆီသို့ ဦးတည်သွားသည်။

ယင်းကို လန်ယောင်ကြားသောအခါ သူက ဒေါသထွက်သွားသည်။ သို့သော်လည်း သူက ဖုန်း၏ မကောင်းသော ရည်ရွယ်ချက်ကို ဆက်ပြီး အပြစ်ရှာမနေတော့ပေ။ မည်သို့ဖြစ်ပါစေ ဤအခိုက်အတန့်မှာ အရေးကြီးဆုံးသည် ရွှေကြွက်ဖြစ်သည်။ ထို့ကြောင့် သူက ရွှေကြွက်ကို ခုခံနေရင်း အနောက်ဆုတ်သွားပြီး အမြန်ပြောသည်။

“ တာအိုရောင်းရင်းရွှမ်မီးလျှံ… သူပြောတာ အမှန်ပဲ ”

ရွှီချင်းသည် တုံ့ဆိုင်းသော အမူအရာကို ထုတ်ဖော်လိုက်သည်။ သူတို့နှစ်ယောက်က အမှန်ကို ပြောနေခြင်းဖြစ်ကြောင်း ထုံးစံအားဖြင့် သူသိသည်။

ထို့နောက် သူက တိုးညင်းစွာ ပြောသည်။

“ လျောင်ရွှမ်သူတော်စင်အရည်ရဲ့ (၃၀)ရာခိုင်နှုန်းကို ငါလိုချင်တယ် ”

ယင်းကို ဖုန်းကြားသောအခါ သူက အံတင်းတင်းကြိတ်လိုက်သည်။

“ ကောင်းပြီ ”

လန်ယောင်သည်လည်း ယခုအချိန်က တွက်ချက်နေရမည့်အချိန်မဟုတ်ကြောင်း သိသည်။ သို့ဖြစ်၍ သူက ချက်ချင်း ခေါင်းညိတ်လိုက်သည်။

သူတို့နှစ်ယောက်၏ သဘောတူညီမှုကို မြင်သွားသောအခါ ရွှီချင်းက တစ်စုံတစ်ခုပြောရန် ပြင်လိုက်သည်။

သို့သော်လည်း သူ၏ အပြုအမူက တစ်ဖက်လူကို တစ်မျိုးထင်သွားစေနိုင်ကြောင်း တွေးမိသောအခါ သူက ဘာမှမပြောတော့ပေ။ သူက ဆက်ပြီး တုံ့ဆိုင်းမနေတော့ဘဲ ညာလက်ကို မြှောက်လိုက်သည်။ ဝိညာဉ်ဝါးမျိုဓားက သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်နှင့်ချက်ချင်း သူက ဖုန်း၊ လန်ယောင်၊ ရုပ်သေးရုပ်နှင့် အတူတကွ ပူးပေါင်းလိုက်ပြီး ရွှေကြွက်ကို တိုက်ခိုက်လိုက်သည်။

တစ်ချိန်တည်းမှာ သူက ဥမင်လှိုဏ်ခေါင်းကို တစ်ချက်ကြည့်လိုက်ပြီး အရိပ်လေးဆီသို့ လျှို့ဝှက်စွာ အတွေးပို့လွှတ်လိုက်သည်။

“ အကုန်မယူသွားနဲ့… နည်းနည်း ချန်ထားဦး ”

All Chapters