စွမ်းအားကြီးမားသော ရန်သူများ စုဝေးလာခြင်း
Vol. 109 Ch. 1622
ပဟေဠိနန်းတော်တွင် နတ်ဘုရားစွမ်းအားများက ဖြန့်ကြက်သွားပြီး လောကက လှုပ်ခါသွား၏။
မိုးကောင်းကင်ထက်တွင် နတ်နဂါးများက ရစ်ခွေ၍ နတ်ဘုရားဆန်ဆန် အလင်းများဖြင့် တောက်ပနေသော ဘိုးဘေးနတ်ဘုရားများနှင့် ဆန့်ကျင်တိုက်ခိုက်နေပြီး ကမ္ဘာတုန်လောက်သော ပေါက်ကွဲသံများကို ထွက်ပေါ်လာစေ၏။
ရွှေရောင်သွေးများက အဆက်မပြတ် ပြန့်ကြဲလာနေ၏။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် ဖြစ်ပျက်သမျှကို ငေးကြည့်နေရင်း တုန်လှုပ်နေကြ၏။
နဂါးမျိုးနွယ်သည် လုံးဝ အကဲစမ်းခြင်း မရှိဘဲ သူတို့က နက်ရှိုင်းသော ရန်ငြိုးရန်စများ ရှိနေသည့်အလား.. နတ်ဘုရားမျိုးနွယ်ကို သတ်ဖြတ်ချင်နေကြ၏။
ဘိုးဘေးနတ်ဘုရားများ၏ အရေအတွက်သည် အစကတည်းက များပြားခြင်း မရှိပေ။
နတ်ဘုရားကလန်ခေါင်းဆောင်ကတော့.. သူသည် မွေးနီတစ္ဆေ၏ သတ်ဖြတ်ခြင်းစွမ်းအားကို လုံးလုံးမခုခံနိုင်ပေ။
ထိုသို့ဖြင့် ဘိုးဘေးနတ်ဘုရား ၁၀ယောက်ကျော်သည် နဂါးများ၏ အပြတ်အသတ် ဖိချေခြင်းကို ခံရလုနီးပါးဖြစ်လာ၏။
သူတို့သည် စွမ်းအားကြီးမားသော တိုက်ခိုက်ရည်ခွန်အားနှင့် ပေါကြွယ်ဝသော အသက်ဓာတ်အားနှင့်အတူ နောက်ပိုင်းအဆင့် မဟာယာနဘိုးဘေးနတ်ဘုရားများ ဖြစ်နေခြင်းကြောင့်သာ မဟုတ်လျှင် သူတို့သည် နဂါးများ၏ သတ်ဖြတ်ခြင်းစွမ်းအားအောက်မှာ နစ်မြုပ်သွားသည်မှာ ကြာနေလောက်လေပြီ။
အဲဒီမှာ နတ်ဘုရားကလန်ခေါင်းဆောင် အပါအဝင် ဘိုးဘေးနတ်ဘုရား စုစုပေါင်း ၁၄ယောက် ရှိလေသည်။ ထိုသို့ဆိုလျှင်တောင် နာရီဝက် မကြာခင်မှာပင် သူတို့ထဲမှ ၅ယောက်က သေဆုံးသွားလေပြီ။
ထိုသူများသည် သာမန်နတ်ဘုရားမျိုးနွယ်သက်ရှိများ မဟုတ်ဘဲ သူတို့က ဘိုးဘေးနတ်ဘုရားများ ဖြစ်ကြ၏။
ဒါ့အပြင် သူတို့က ထိပ်တန်းအဆင့် ဘိုးဘေးနတ်ဘုရားများ ဖြစ်လေသည်။
သို့သော် ယခုအခါ သူတို့သည် ဤကဲ့သို့ပင် နဂါးများ၏ ဝန်းရံတိုက်ခိုက်ခြင်းကို ခံနေရ၏။
နတ်ဘုရားကလန်ခေါင်းဆောင်၏ မျက်လုံးက ပြူးကျယ်လာပြီး သူက ဟိန်းဟောက်ပြောဆိုလိုက်၏။
“ဝူဖုန့်၊ ရွှေအလင်း၊ အမှောင်ကျီးကန်း.. မင်းတို့တွေက ဘာလို့ ထွက်မလာကြသေးတာလဲ.. မင်းတို့တွေက ဘယ်အချိန်ထိ စောင့်ကြည့်နေကြဦးမှာလဲ”
ထိုသို့ သူပြောလိုက်သည့် ခဏမှာပင်.. မိုးကောင်းကင်က စတင်၍ တုန်ခါလာ၏။
ရှဲ.. ရှဲ…
မိုးကောင်းကင်တစ်ခုလုံးသည် မရေတွက်နိုင်သော စွမ်းအားကြီးမားသည့် သက်ရှိများဖြင့် ဆုတ်ဖြဲခံလိုက်ရသည့်အလား… အသံတချို့ ထွက်ပေါ်လာ၏။
အရင်ဆုံး ရောက်ရှိလာသည်မှာ.. အစိမ်းရင့်ရောင် ဝတ်ရုံများကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူ အယောက် ၂၀ကျော် ဖြစ်လေသည်။ သူတို့၏ ခေါင်းဆောင်က ပိန်လှီသော မျက်နှာ၊ ပါးလွှာသော ဆံပင်နှင့် ခပ်ဖျော့ဖျော့ တောက်ပနေသော အစိမ်းရင့်ရောင် မျက်လုံးများ ရှိပြီး သူက အဖြူရောင် အရိုးတောင်ဝှေးတစ်လက်ကို ကိုင်ဆွဲထား၏။
ပကတိ မဟာယာနအဆင့်တစ်ယောက်ဖြစ်သော ဝူဖုန့်၊ စုန်းမျိုးနွယ်၏ ကလန်ခေါင်းဆောင်…။
သူ၏ နောက်မှာရှိသော စုန်း ၂၀ကျော်ကျော်ကလည်း နောက်ပိုင်းအဆင့် သို့မဟုတ် အလယ်အလတ်အဆင့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များ ဖြစ်လေသည်။
အခြားတစ်ဖက်မှာတော့…
အလျှံညီးညီး ရွှေရောင်မီးတောက်လုံးများက ဆင်းသက်လာပြီး တောက်လောင်နေသော နေ ၁၀စင်းကျော်ကဲ့သို့ လေထဲမှာ ရစ်ဝဲကာ ပဟေဠိနန်းတော်ကို လင်းထိန်သွားစေ၏။
ကောင်းကင်ဖြန့်ကြက် တောင်ကြောရိုးတစ်ခုလုံး၏ အပူချိန်က ရုတ်တရက် မြင့်တက်လာလေသည်။
သစ်ပင်များစွာက စတင်လောင်ကျွမ်းလာ၏။
တောင်ကြောရိုးမှာ ရှိသော သက်ရှိပေါင်းများစွာက ထိုအခိုက်အတန့်မှာ လောင်ကျွမ်းပြာကျသွားလေသည်။
မျိုးနွယ်စုတစ်သောင်း၏ သက်ရှိများကြားတွင် အားအနည်းဆုံးမှာ ဓမ္မဝိသေသ တာအိုအရှင်များ ဖြစ်လေသည်။ ထိုသို့ဆိုလျှင်တောင် သူတို့ အားလုံးသည် ထိုအခိုက်အတန့်မှာ ချွေးများဖြင့် စိုရွှဲနေကြ၏။
အလျှံညီးညီး နေမင်းများက ကမ္ဘာဖျက်ကပ်ဘေးတစ်ခု ကျရောက်လာတော့မည့်အလား.. ကောင်းကင်ထက်မှာ ရစ်ဝဲနေ၏။
တဖြည်းဖြည်း အလျှံညီးညီး နေမင်းများသည် ဖြည်းဖြည်းချင်း ဖြန့်ကြက်သွားပြီး သူတို့၏ အစစ်အမှန်ပုံစံများကို ပြောင်းလဲထားကြ၏။ သို့သော်လည်း သူတို့သည် ခြေသုံးချောင်း ရွှေကျီးကန်း ၁၀ကောင်ကျော်ဖြစ်ပြီး သူတို့၏ လူသားသွင်ပြင်ကို တစ်ဖန်ပြန်ယူလိုက်ကြ၏။
ထိုအခါမှသာလျှင်.. ပဟေဠိနန်းတော်၏ အပူချိန်က တဖြည်းဖြည်း ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာ၏။
သူတို့၏ ခေါင်းဆောင်က ရွှေကျီးကန်းမျိုးနွယ်၏ ပကတိ မဟာယာနကလန်ခေါင်းဆောင်၊ ရွှေအလင်း ဖြစ်လေသည်။
ရွှေကျီးကန်းမျိုးနွယ် ရောက်ရှိလာပြီးနောက်… နက်မှောင်နေသော အရောင်များစွာက ရုတ်တရက် ကောင်းကင်ထက်ကနေ ဆင်းသက်လာ၏။ သူတို့က ပြွတ်သိပ်နေပြီး လေထဲမှာ ယှက်ဖြာကာ အဆက်မပြတ် အော်ဟစ်နေကြ၏။ သူတို့က အယောက် ၅၀ကျော် ရှိလေသည်။
ယက္ခမျိုးနွယ်က ရောက်ရှိလာကြပြီဖြစ်၏။
ယက္ခမျိုးနွယ်၏ ကလန်ခေါင်းဆောင်သည် ပကတိ မဟာယာနအဆင့်ယက္ခ အမှောင်ကျီးကန်း ဖြစ်လေသည်။
ယက္ခများကြားမှာ အစောပိုင်း၊ အလယ်အလတ်နှင့် နောက်ပိုင်းအဆင့် မဟာယာနများ ပါရှိလေသည်။
အခြားတစ်ဖက်မှာတော့.. တုတ်ခိုင်သော သွေးနွယ်ပင်များက လေထဲမှာ မထိုးဖောက်နိုင်သော ထောင်ချောက်တစ်ခုအဖြစ် ယှက်ဖြာသွားလေသည်။
ပဟေဠိနန်းတော်တစ်ခုလုံးကို သွေးရောင်က အုပ်မိုးသွားပြီး သွေးနွယ်ပင် တစ်ပင်ချင်းစီမှာ စေးကပ်သော သွေးများက တစက်စက် စီးကျနေ၏။ သွေးရနံ့က ဖြန့်ကြက်သွားပြီး သူတို့၏ အနံ့က ညှီဟောက်နေလေသည်။ သွေးနွယ်ပင်မျိုးနွယ်က ဆင်းသက်လာခဲ့လေပြီ။
အဲဒီမှာ အသွင်ပြောင်းလဲထားသော သွေးနွယ်ပင်မျိုးနွယ်စုခေါင်းဆောင် အယောက် ၂၀ကျော် ပါရှိလေသည်။
နောက်ဆုံးမှာတော့.. ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ မျိုးနွယ်စုခေါင်းဆောင် ၁၀ယောက်ကျော်က ရောက်ရှိလာပြီး သူတို့၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးများက ပွင့်ဟလာတော့မည့်အလား.. ချောက်ချားစရာကောင်းသော စွမ်းပကားတစ်ခုကို ထုတ်ဖော်လိုက်၏။
ထိုအခိုက်အတန့်တွင် ကမ္ဘာဦးမျိုးနွယ်များ၏ ကလန်ခေါင်းဆောင်များနှင့် များစွာသော မျိုးနွယ်စုခေါင်းဆောင်များက ရောက်ရှိလာခဲ့လေပြီ။
မျိုးနွယ်စုခေါင်းဆောင် ဝူထန်နှင့် အခြားသူများက အားတက်လာကြ၏။ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ ဆင်းသက်ရောက်ရှိလာပြီးကတည်းက သူတို့သည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ တစ်ချိန်လုံး ဖိနှိမ်ခြင်းကို ခံခဲ့ရ၏။ သူတို့အားလုံးသည် အလွန်တရာ ထိတ်လန့်နေခဲ့ရပြီး မဆင်မခြင် ပြုမူလှုပ်ရှားရဲခြင်း မရှိခဲ့ပေ။
ယခုအခါမှာသာ.. သူတို့သည် စိတ်သက်သာစွာ သက်ပြင်းချနိုင်တော့လေသည်။
အထီးကျန်သိုင်းသခင်သည် တဗူးနဂါးဖီးနစ်တစ်ကောင် ဖြစ်လျှင်တောင် သူသည် ဤအဆင့် တိုက်ပွဲမှာ ဝင်ပါနိုင်ခြင်း မရှိပေ။
နဂါးမျိုးနွယ်သည် ကမ္ဘာဦးမျိုးနွယ် ၆စုနှင့် ဆန့်ကျင်တိုက်ခိုက်ချင်သည်ဆိုလျှင် သူတို့က သေချင်နေတာပဲ ဖြစ်ရပေမည်။
“လုံရန်..”
စုန်းကလန်ခေါင်းဆောင်က အေးစက်စွာ ပြောလိုက်၏။
“ရပ်လိုက်တော့”
“ဟီးဟီး”
ယက္ခကလန်ခေါင်းဆောင်ကလည်း ထူးဆန်းစွာ ရယ်မောလိုက်၏။
“လုံရန်.. နှစ်တစ်သောင်းကြာအောင် အကျဉ်းချခံရပြီးတာတောင် မင်းရဲ့ စိတ်နေစရိုက်က ပြောင်းလဲမလာဘူးပဲ”
ရွှေကျီးကန်းကလန်ခေါင်းဆောင်၏ အမူအရာက အေးစက်လာပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“လုံရန်… မင်းနဲ့ ဒီနဂါးတွေကို ပူးပေါင်းသတ်ဖြစ်အောင် ငါတို့ကို ဖိအားမပေးနဲ့ “
နဂါးမျိုးနွယ် ရင်ဆိုင်နေရသည်က နတ်ဘုရားမျိုးနွယ်သာဆိုလျှင် နဂါးမျိုးနွယ်က ပကတိအသာစီးရရှိပေလိမ့်မည်။
သို့သော် ယခုအခါ နတ်ဘုရားမျိုးနွယ်အပြင်.. အခြားသော ကမ္ဘာဦးမျိုးနွယ် ၅စုမှ ကလန်ခေါင်းဆောင်များနှင့် နောက်ပိုင်းအဆင့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များက ရောက်ရှိလာခြင်းနှင့်အတူ အခြေအနေက ချက်ချင်းပြောင်းလဲသွားလေပြီ။
ကမ္ဘာဦးမျိုးနွယ်များ၏ ကလန်ခေါင်းဆောင်များ အားလုံးသည် ပကတိမဟာယာနအဆင့်မှာ ရှိကြပြီး သိပ်သည်းပြင်းထန်သော တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားကြ၏။
ကလန်ခေါင်းဆောင်များကို မပြောနှင့်… သူတို့၏ နောက်ဘက်ရှိ ကမ္ဘာဦးမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်များကပင်လျှင် အယောက် ၁၀၀ကျော် ရှိလေသည်။
သုန်မှုန်နေသော အမူအရာနှင့်အတူ မွေးနီတစ္ဆေသည် သူ၏ လက်ကို ဝှေ့ယမ်းပြီး နောက်သို့ ဆုတ်ခွာလိုက်၏။
မွေးနီတစ္ဆေက စီးပိုးခြယ်လှယ်၍ မဆင်မခြင် ပြုမူတတ်သည်ဟု ထင်ရသော်လည်း သူက အလွန်တရာ တည်ငြိမ်၍ ဣန္ဒြေရနေ၏။
ထိုကဲ့သို့သော အခြေအနေအောက်မှာ သူသည် နတ်ဘုရားမျိုးနွယ်နှင့် မဆင်မခြင် ဆက်လက်တိုက်ခိုက်မည်ဆိုလျှင် သူသည် နဂါးများ အားလုံးကို ဤနေရာမှာ သေဆုံးစေပေလိမ့်မည်။
မွေးနီတစ္ဆေ၏ အချက်ပြမှုနှင့်အတူ နဂါးများက တဖြည်းဖြည်း နောက်ဆုတ်သွားကြ၏။
ထိုသို့ဆိုလျှင်တောင် မွေးနီတစ္ဆေသည် ဖန်တီးခြင်းကြာပဒုမ္မာနှင့် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို သူ၏ နောက်မှာ ထား၍ ကာကွယ်ပေးထား၏။
“လူတိုင်းပဲ…”
နတ်ဘုရားကလန်ခေါင်းဆောင်၏ အမူအရာက အေးစက်လာပြီး ခက်ထန်စွာဖြင့် ပြောဆိုလိုက်၏။
“ကျုပ်နောက်က လိုက်ပြီး ဒီနဂါးအုပ်စုကို သတ်ဖြတ်ကြရအောင်.. ဒီပိုးကောင်တွေက ရူးသွပ်ကုန်ကြပြီ… သူတို့က ကျုပ်တို့ ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ ရန်ဘက်ဖြစ်ချင်နေတာ အသိသာကြီးပဲ”
“ဟီးဟီး”
မွေးနီတစ္ဆေက ရယ်မောလိုက်၏။
“မင်းပြောတာ မှားတယ်.. ငါက နတ်ဘုရားမျိုးနွယ်ကို သတ်ဖြတ်ချင်ရုံပဲ.. အဲဒါက တခြားကမ္ဘာဦးမျိုးနွယ်တွေနဲ့ ဘာမှ မပတ်သက်ဘူး”
“မင်းပြောတာလည်း မှားတယ်”
စုန်းကလန်ခေါင်းဆောင်ကလည်း ပြောလိုက်၏။
“ငါတို့ ကမ္ဘာဦးမျိုးနွယ် ၆စုက အတူပူးပေါင်းထားကြပြီးပြီ.. ငါတို့က တစ်ဖက်တည်းပဲ.. မင်းက နတ်ဘုရားမျိုးနွယ်ကို ကိုင်တွယ်ချင်တယ်ဆိုရင် မင်းက ငါတို့ ကမ္ဘာဦးမျိုးနွယ် ၆စုကို ဆန့်ကျင်တာနဲ့ အတူတူပဲ”
“ဝူဖုန့်၊ ရွှေအလင်း… မင်းတို့တွေကို သတိကြီးကြီးထားဖို့ ငါအကြံပေးလိုက်မယ်”
မွေးနီတစ္ဆေက လှောင်ရယ်ပြောဆိုလိုက်၏။
“မင်းတို့တွေက နတ်ဘုရားမျိုးနွယ်နဲ့ အတူပူးပေါင်းမယ်ဆိုရင်.. ကြီးကြီးမားမား ဆုံးရှုံးမှုတစ်ရပ်နဲ့ အဆုံးသတ်ရလိမ့်မယ်”
“မင်းစကားက ဘာအဓိပ္ပာယ်လဲ”
ရွှေကျီးကန်းကလန်ခေါင်းဆောင်က မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
ကောင်းကင်ဘုံမျက်လုံးကလန်ခေါင်းဆောင်က ထပ်ပြောလိုက်လေသည်။
“လုံရန်.. မင်းစိတ်ထဲမှာ ပြောစရာတစ်ခုခု ရှိတယ်ဆို ပြောလိုက်ပေါ့.. ဘာလို့ သိုသိုဝှက်ဝှက် လုပ်နေတာလဲ”
လုံရန်က ရယ်မော၍ တိတ်ဆိတ်ငြိမ်သက်နေ၏။
သူသည် အဲဒါကို မပြောချင်သောကြောင့် မဟုတ်ဘဲ.. အဲဒါထက် သူက ပြောမည်ဆိုလျှင်တောင် အလကားသာဖြစ်ပြီး မည်သူကမှ ယုံကြည်ကြလိမ့်မည် မဟုတ်သောကြောင့်ပင်။
သူသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာလောက်ပင် ထိုအကြောင်းနှင့် ပတ်သက်၍ သိရှိမထားပေ။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကသာ အဲဒါကို ရှင်းပြနိုင်ပေလိမ့်မည်။
သို့သော် ယခုအခါ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဖန်တီးခြင်းကြာခုံပေါ်မှာ နောက်ဆုံး နားလည်ဆင်ခြင်မှုကို ဖြတ်ကျော်နေဆဲဖြစ်ပြီး နိုးထမလာနိုင်သေးပေ။ ကောင်းကင်ဘုံမျက်လုံးကလန်ခေါင်းဆောင်နှင့် အခြားသူများက လုံရန်ပြောဆိုသည့် စကားနှင့်ပတ်သက်၍ များစွာ စဉ်းစားတွေးတောခြင်း မရှိပေ။
သို့သော်လည်း နတ်ဘုရားကလန်ခေါင်းဆောင်၏ အကြည့်က တဖျပ်ဖျပ်လက်လာပြီး သူက တစ်စုံတစ်ရာကို ဝိုးတဝါး ခန့်မှန်းမိလိုက်၏။
“အားလုံးပဲ.. သူ့ရဲ့ ပေါက်တတ်ကရ စကားတွေကို နားထောင်မနေနဲ့”
နတ်ဘုရားကလန်ခေါင်းဆောင်က လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ဒီတဗူးနဂါးဖီးနစ်က အထီးကျန်သိုင်းသခင်ရဲ့ အစစ်အမှန်ခန္ဓာနှစ်ခုထဲက တစ်ခုပဲ.. အခု အဲဒီ အစစ်အမှန်ခန္ဓာနှစ်ခုက ငါတို့ရဲ့ ရှေ့မှာ ရောက်နေပြီဆိုမှတော့ သူတို့ကို အရင်ဆုံး သတ်ဖြတ်လိုက်ရအောင်”
“ဟုတ်တာပေါ့”
သွေးနွယ်ပင်ကလန်ခေါင်းဆောင်ကလည်း မကောင်းဆိုးဝါးဆန်ဆန် ပြောဆိုလိုက်၏။
“အထီးကျန်သိုင်းသခင်က ငါတို့ရဲ့ သခင်လေးနှစ်ယောက်နဲ့ ငါတို့ရဲ့ ကလန်သားပေါင်းများစွာကို သတ်ဖြတ်ထားတယ်.. ငါတို့က သူ့ကို ဒီနေ့ သူ့အသက်နဲ့ ပြန်ပေးဆပ်ခိုင်းရမယ်”
“ငါက သူ့ရဲ့ မျိုးဆက်သွေးကို တစ်စက်မှ မကျန်တော့တဲ့အထိ ကိုယ်တိုင်စုပ်ယူပစ်မယ်”
“အဲဒါတော့ ဆိုးပြီ”
ခွန်မျိုးနွယ်ကြားမှာ ယင်လန်က ရှောင်းယောင်ကို ပြောလိုက်၏။
“ဒီကမ္ဘာဦးမျိုးနွယ်တွေက နင့်ရဲ့ဆရာကို သတ်ချင်နေကြတယ်.. ဒါပေမဲ့ အဲဒီ နဂါးတွေက သူတို့ကို လုံးဝ ခုခံနိုင်မှာ မဟုတ်ဘူး”
“အစ်မ.. ကလန်ခေါင်းဆောင်ကို မြန်မြန်သတင်းပေးပါ.. သူ့ကို ဒီကိုလာပြီး ကူညီဖို့ ခေါ်ပေးပါဦး”
ရှောင်းယောင်က စိုးရိမ်ကြောင့်ကြသော အမူအရာနှင့်အတူ လောဆော်လိုက်လေသည်။
ယင်လန်က သူမ၏ ခေါင်းကို ခါယမ်းပြီး ခိုင်မာစွာ ပြောလိုက်၏။
“လက်ရှိအခြေအနေက ဘာမှန်းမသိရဘူး.. ခွန်မျိုးနွယ်က နဂါးမျိုးနွယ်ဘက်ကနေ ရပ်တည်ပြီး ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ ဆန့်ကျင်တိုက်ခိုက်ဖို့ လုံလောက်တဲ့ အကြောင်းပြချက် မရှိဘူး.. နောက်ပြီး ကလန်ခေါင်းဆောင်က မျိုးနွယ်စုခေါင်းဆောင်တွေနဲ့အတူ ရောက်လာပြီး နဂါးမျိုးနွယ်နဲ့ ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင်တောင် သူတို့က ကမ္ဘာဦးမျိုးနွယ် ၆စုရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်မှာ မဟုတ်ဘူး”