← Chapters

ညီအစ်ကိုများ

Vol. 109 Ch. 1623

ညီအစ်ကိုများ

Vol. 109 Ch. 1623

“လုံယန်…”

ရွှေကျီးကန်းကလန်ခေါင်းဆောင်က အေးစက်စွာ ပြောလိုက်၏။

“ဘေးဖယ်ပေး.. ငါတို့က ခြေတစ်လှမ်း နောက်ဆုတ်ပေးပြီးပြီ.. ငါတို့က တဗူးနဂါးဖီးနစ်ကို အခုချိန်ထိ မသတ်ရသေးဘူး.. ငါတို့က လူသား အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ချင်ရုံပဲ”

စုန်းကလန်ခေါင်းဆောင်ကလည်း အေးစက်စွာ ပြောလိုက်၏။

“လုံယန်.. ငါတို့ ကမ္ဘာဦးမျိုးနွယ် ၆စုက အတူပူးပေါင်းပြီး သတ်ဖြတ်ခြင်း တံဆိပ်ပြားတွေကို ထုတ်ပြန်ခဲ့ကြတာ… ငါတို့က ဒီနေ့ အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ရမယ်… မင်းက အဲဒီလူသားကို ကာကွယ်ပေးချင်နေသေးတယ်ဆို ငါတို့ရဲ့ အရင်က ပတ်သက်ဆက်နွယ်မှုတွေကို ဖြတ်တောက်ရမယ့်အတွက် ငါတို့ကို​ အပြစ်မတင်နဲ့”

“နဂါးတစ်ကောင်အနေနဲ့ မင်းက ငါတို့ ကမ္ဘာဦးမျိုးနွယ် ၆စုရဲ့ သတ်ဖြတ်ခြင်းစွမ်းအားကို ခုခံနိုင်မှာ မဟုတ်ဘူး”

မွေးနီတစ္ဆေက အမူအရာ ပျက်ယွင်းလာ၏။ စုန်းကလန်ခေါင်းဆောင် ပြောသည်က မမှားသည်ကို သူကောင်းကောင်းသိလေသည်။

လက်ရှိအခြေအနေသည် နဂါးမျိုးနွယ်အတွက် အလွန်တရာ အရေးမသာ ဖြစ်လာခဲ့၏။ နဂါးမျိုးနွယ်အနေဖြင့် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို ကာကွယ်ပေးဖို့ လုံလောက်သည့် အကြောင်းရင်း ရှိလေသည်။ သို့သော်လည်း သူတို့အနေဖြင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ကာကွယ်ပေးဖို့အတွက် မည်သည့်အကြောင်းရင်းမှ မရှိပေ။ ထို့ကြောင့်ပင်လျှင် ခွန်မျိုးနွယ်နှင့် လူရိုင်းမျိုးနွယ်ကလည်း သူတို့၏ ရပ်တည်ချက်ကို ပြသမလာသေးခြင်း ဖြစ်လေသည်။ ကမ္ဘာဦးမျိုးနွယ် ၆စုက တဗူးနဂါးဖီးနစ်ကို ကိုင်တွယ်ဖို့အတွက် အတူပူးပေါင်းချင်သည်ဆိုလျှင် နောင်တစ်ချိန်မှာ ရှောင်းယောင်ကို ပစ်မှတ်ထားမလာစေဖို့အတွက် ခွန်မျိုးနွယ်က နဂါးမျိုးနွယ်နှင့် သေချာပေါက် ပူးပေါင်းရပ်တည်ပေလိမ့်မည်။

သို့သော် ယခုအခါ ကမ္ဘာဦးမျိုးနွယ် ၆စုသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုသာ ဖျက်ဆီးပစ်ချင်နေကြ၏။

ခွန်မျိုးနွယ်နှင့် လူရိုင်းမျိုးနွယ်သည် လူသားတစ်ယောက်အတွက် ကမ္ဘာဦးမျိုးနွယ် ၆စုနှင့် ဆန့်ကျင်တိုက်ခိုက်ရန် သူတို့၏ အသက်များကို မစွန့်စားလိုကြပေ။

“အားလုံးပဲ”

မွေးနီတစ္ဆေက ဝူဖုန့်၊ ရွှေအလင်းနှင့် အခြားကလန်ခေါင်းဆောင်များကို ကြည့်ပြီး ရယ်မောပြောဆိုလိုက်လေသည်။

“မင်းတို့တွေက အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ချင်တယ်ဆိုရင်လည်း ဘာလို့ အဲ့လောက်ထိ လောနေကြတာလဲ.. သူက ဒီနေရာမှာ ရှိနေတာပဲ.. သူက ထွက်သွားချင်တယ် ဆိုရင်တောင် ထွက်သွားနိုင်မှာ မဟုတ်ဘူး.. ငါတို့က မတိုက်ခိုက်ခင် သူနိုးထလာတဲ့ အချိန်ထိ ဘာလို့ မစောင့်ရမှာလဲ”

“ဟမ့်”

နတ်ဘုရားကလန်ခေါင်းဆောင်က လှောင်ရယ်လိုက်၏။

“လုံယန်.. မင်းက အချိန်ဆွဲဖို့ ကြိုးစားနေတာပဲ”

“ငါက အချိန်ဆွဲနေတယ်ဆိုရင်တောင် မင်းက ဘာကို ကြောက်နေတာလဲ”

မွေးနီတစ္ဆေက ပြန်လှန်မေးလိုက်၏။

နတ်ဘုရားကလန်ခေါင်းဆောင်က တည်ငြိမ်သော အမူအရာနှင့် အေးစက်စွာ ပြောလိုက်လေသည်။

“နတ်ဘုရားမျိုးနွယ်က ဘာမှကြောက်စရာ မရှိဘူး.. ဒါပေမဲ့ နတ်ဘုရားမျိုးနွယ်က သတ်ဖြတ်ချင်တဲ့ တစ်စုံတစ်ယောက်က သေချာပေါက် သေရလိမ့်မယ်”

“အပိုတွေ ပြောမနေကြနဲ့တော့ လမ်းဖယ်ပေး”

ကောင်းကင်ဘုံမျက်လုံးကလန်ခေါင်းဆောင်ကလည်း ဟိန်းဟောက်ပြောဆိုလိုက်ပြီး သူ၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးက ပွင့်ဟလာတော့မည်ကဲ့သို့ အလင်းရောင်ခြည်များက ထိုအထဲကနေ လျှံတက်လာ၏။

သူက အေးစက်စွာ ပြောလိုက်၏။

“လုံယန်.. ငါတို့ ကမ္ဘာဦးမျိုးနွယ် ၆စုက တဗူးနဂါးဖီးနစ်ကို မတိုက်ခိုက်ဘူးဆိုတာ မင်းကို လုံလောက်တဲ့ မျက်နှာသာပေးထားပြီးပြီ”

“မင်းက အကောင်းအဆိုး နားမလည်သေးဘူးဆိုရင်.. မင်းတို့ရဲ့ နဂါးမျိုးနွယ်ကို ဖျက်ဆီးဖို့အတွက် ငါတို့ ပူးပေါင်းရလိမ့်မယ်”

မွေးနီတစ္ဆေသည် ကမ္ဘာဦးမျိုးနွယ် ၆စုက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအား သတ်ဖြတ်မည်ကို ခွင့်ပြုမပေးနိုင်ပေ။

အကြောင်းမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကသာ ကမ္ဘာဦးစစ်ပွဲ၏ အမှန်တရားကို သိရှိထားသောကြောင့်ပင်။

“မန်ဖုန့်.. မင်းက ဘာလို့ ထွက်မလာသေးတာလဲ”

ရုတ်တရက် မွေးနီတစ္ဆေက အော်ပြောလိုက်၏။

“အား..”

လေဟာနယ်က အက်ကွဲသွားပြီး အထဲကနေ လေးတွဲ့သော သက်ပြင်းချသံက ပေါ်ထွက်လာ၏။

ပေ ၃၀ကျော် မြင့်မားသည့် ကြီးမားသော ပုံရိပ်တစ်ခုက လျှောက်လှမ်းထွက်လာ၏။ ကြမ်းတမ်းသော ရုပ်ရည်သွင်ပြင်နှင့် ခံ့ညားထည်ဝါသော အကြည့်တစ်ခုနှင့်အတူ သူက တောင်တစ်လုံးကဲ့သို့ ပဟေဠိနန်းတော် ရှေ့သို့ ရောက်ရှိလာ၏။

ပကတိမဟာယာနအဆင့် လူရိုင်းကလန်ခေါင်းဆောင် မန်ဖုန့် ဖြစ်လေသည်။

မန်ဖုန့်က ထွက်လာပြီးနောက်.. သူ့နောက်ဘက်ရှိ လေဟာနယ်စုတ်ပြဲကြောင်းက တဖြည်းဖြည်း ပိတ်ဆို့သွား၏။ သို့သော်လည်း လေဟာနယ် အနက်ပိုင်းထဲတွင် ပညာရှင်များစွာ ကျန်ရှိနေသေးသည်ကို လူတိုင်းက အာရုံခံမိကြလေသည်။

သို့သော်လည်း မည်သည့် ပညာရှင်ကမှ မန်ဖုန့်နောက်သို့ လိုက်ပါမလာကြပေ။

“ဘာလို့လဲ.. လူရိုင်းမျိုးနွယ်ကလည်း ဒီကိစ္စမှာ ဝင်ပါချင်နေတာလား”

နတ်ဘုရား ကလန်ခေါင်းဆောင်၏ အကြည့်က မန်ဖုန့် ရှိရာသို့ ရွေ့လျားသွားပြီး အေးစက်စွာ မေးလိုက်၏။

“မင်းတို့ရဲ့ လူရိုင်းမျိုးနွယ်မှာ နတ်ဘုရားမျိုးနွယ်ရဲ့ သခင်လေးက သေဆုံးသွားတာနဲ့ ပတ်သက်ပြီး ငါက လူရိုင်းမျိုးနွယ်နဲ့ စာရင်းမရှင်းရသေးတာကို မမေ့လိုက်နဲ့”

မန်ဖုန့်က အသံတိတ်နေပြီး မွေးနီတစ္ဆေနှင့် ရင်ဘောင်တန်း ရပ်တည်လိုက်လေသည်။

“ဘာလို့ မင်းတစ်ယောက်ထဲလဲ”

မွေးနီတစ္ဆေက မျက်လုံးပြူး၍ ကြည့်လိုက်၏။

“လူရိုင်းမျိုးနွယ်က မျိုးနွယ်စုခေါင်းဆောင်တွေက ဘယ်ရောက်ကုန်တာလဲ.. ချီးပဲ.. သူတို့အကုန်လုံးက သေကုန်ကြတာလား”

မန်ဖုန့်က ရှက်ကိုးရှက်ကန်း အမူအရာနှင့် ခါးသက်စွာ ရယ်မောပြီး အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“လူရိုင်းမျိုးနွယ်က အကြီးအကဲတွေက အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်… သူတို့က လူသားတစ်ယောက်အတွက်ကြောင့် ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ ပဋိပက္ခ မဖြစ်ချင်ကြဘူး”

“ဒါပေါ့… ကမ္ဘာဦးစစ်ပွဲနဲ့ ပတ်သက်​ပြီး မင်းပြောတဲ့ဟာက အမှန်ဆိုရင်တော့ လူရိုင်းမျိုးနွယ်က နဂါးမျိုးနွယ်ဘက်ကနေ သေချာပေါက် ရပ်တည်ပြီး နတ်ဘုရားမျိုးနွယ်ကို ဖျက်ဆီးပစ်လိမ့်မယ်”

“အဲဒါက သေချာပေါက် မှန်ကန်တာပေါ့”

မွေးနီတစ္ဆေက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို လက်ညိုးထိုးပြလိုက်၏။

“အဲဒါကို သူ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်တွေ့ခဲ့တယ်.. သူ့မှာ သက်သေရှိတယ်.. သူနိုးလာတာနဲ့ အမှန်တရားက ပေါ်ထွက်လာလိမ့်မယ်”

မန်ဖုန့်က အသံတိတ်၍ တွေဝေတုံ့ဆိုင်းနေ၏။

မွေးနီတစ္ဆေက လှောင်ရယ်၍ မျက်ခုံးပင့်လိုက်လေသည်။

“ဘာလို့လဲ.. လူရိုင်းမျိုးနွယ်က ငါ့ကို သံသယဝင်နေတာလား”

“မင်းကို သံသယဝင်တာတော့ ဘယ်ဟုတ်ပါ့မလဲ.. အဲဒါထက် ငါတို့က အထီးကျန်သိုင်းသခင်ကို မယုံကြတာပဲ”

မန်ဖုန့်က ပြောလိုက်၏။

“ဘာပဲပြောပြော.. သူက လူသားတစ်ယောက်ပဲ.. နောက်ပြီး သူပြောတဲ့ အမှန်တရားဆိုတဲ့ အရာက အရမ်းကို တုန်လှုပ်စရာကောင်းလွန်းတယ်… လူရိုင်းမျိုးနွယ်က အဲဒါကို သတိကြီးကြီးထားပြီး ကိုင်တွယ်ရလိမ့်မယ်”

“လုံယန်.. အဲဒီအဘိုးကြီးတွေ စိုးရိမ်နေတာက အကြောင်းရင်းရှိတယ်”

ခဏမျှ စဉ်းစားပြီးနောက်.. မန်ဖုန့်က နောက်ထပ်အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“အထီးကျန်သိုင်းသခင်က အဲဒီ အမှန်တရားဆိုတဲ့ အရာကို သူ့ဘာသာသူ ဖန်တီးထားတာဆိုရင်.. သူ့ရဲ့ အစစ်အမှန်ရည်ရွယ်ချက်က လူသားမျိုးနွယ်ရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ငါတို့နဲ့ ကမ္ဘာဦးမျိုးနွယ် ၆စုကြားမှာ သွေးထိုးလှုံ့ဆော်ဖို့ ဖြစ်နိုင်တယ်”

ထိုစကားကို ကြားသောအခါ မွေးနီတစ္ဆေက အသံတိတ်သွားလေသည်။

လူရိုင်းမျိုးနွယ် စိုးရိမ်နေသည့်အရာကို သူနားလည်ပေးနိုင်လေသည်။

ခွန်မျိုးနွယ်ကလည်း တူညီသော သံသယ ရှိနေလေသည်။

ကမ္ဘာဦးခေတ် စစ်ပွဲ၏ အမှန်တရားက မည်သို့ပင်ဆိုစေ.. တဗူးများနှင့် ရင်ဆိုင်ခဲ့ရသော ထိုတိုက်ပွဲမှာ ကမ္ဘာဦးမျိုးနွယ် ၉စုက ကြီးမားစွာ ပျက်စီးထိခိုက်ဆုံးရှုံးခဲ့ရ၏။ ထိုသို့ဖြင့် သူတို့၏ ကံကြမ္မာ အခွင့်အလမ်းက ကုန်ခမ်းသွားပြီး သူတို့သည် လူသားမျိုးနွယ်၏ အချိန်ကြာမြင့်စွာ ဖိနှိမ်ခြင်းကို ခံခဲ့ရ၏။ လူရိုင်းမျိုးနွယ်နှင့် ခွန်မျိုးနွယ်သည် တူညီသော အမှားမျိုးကို ထပ်မံ၍ မကျူးလွန်ချင်ပေ။

မျိုးနွယ်စုနှစ်စုသည် သူတို့၏ ကံကြမ္မာများကို လူသားတစ်ယောက်၏ လက်ထဲသို့ သေချာပေါက် ပုံအပ်ချင်လိမ့်မည် မဟုတ်ပေ။

မွေးနီတစ္ဆေက ဆူဇီမို ကြီးပြင်းလာသည်ကို စောင့်ကြည့်နေခဲ့ရ၏။ သူတို့နှစ်ယောက်သည် နက်ရှိုင်းသော ပတ်သက်ဆက်နွယ်မှု ရှိပြီး သူက ဆူဇီမို၏ စိတ်နေစရိုက်ကို ကောင်းကောင်းနားလည်လေသည်။

ထိုကြောင့်သာ မဟုတ်လျှင် သူကလည်း ဆူဇီမိုကို သံသယဝင်မိပေလိမ့်မည်။

သူသည် နဂါးမျိုးနွယ်၏ ကံကြမ္မာကို လူသားတစ်ယောက်ထံ ပုံအပ်လိုက်လိမ့်မည် မဟုတ်ပေ။

ထိုသို့အတွေးဖြင့် မွေးနီတစ္ဆေက စိတ်ထဲကနေ နားလည်သွားလေသည်။ သို့သော်လည်း.. သူက အပေါ်ယံအားဖြင့် မန်ဖုန့်ကို မကျေမနပ်ဟန်ဖြင့် လှောင်ပြောင်ထေ့ငေါ့လိုက်လေသည်။

“မင်းက တကယ့်ကို သုံးစားမရတဲ့ ကလန်ခေါင်းဆောင်ပဲ… မင်းမှာ နောက်လိုက်တစ်ယောက်တောင် မရှိပါလား”

“ငါက လူရိုင်းမျိုးနွယ်ရဲ့ ကလန်ခေါင်းဆောင် မဟုတ်တော့ဘူး”

မန်ဖုန့်က ပြုံးပြလိုက်၏။

“ဟမ့်”

မွေးနီတစ္ဆေက မျက်မှောင်ကြုတ်လိုက်၏။

ထိုစဉ်မှာပင်.. သွေးနွယ်ပင်ကလန်ခေါင်းဆောင်၏ သွေးချီက ဖြန့်ကြက်သွားပြီး သူက ကြမ်းကြုတ်ခက်ထန်စွာ မေးလိုက်၏။

“မန်ဖုန့်… လူရိုင်းမျိုးနွယ်ကလည်း လူသားတစ်ယောက်အတွက် ငါတို့ ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ စစ်ခင်းချင်နေတာလား”

“ငါက လူရိုင်း ကလန်ခေါင်းဆောင် မဟုတ်တော့ဘူး.. ငါ့ရဲ့ နောက်ပိုင်း ပြုမူလှုပ်ရှားမှုတွေက လူရိုင်းမျိုးနွယ်နဲ့ ဘာမှ မပတ်သက်တော့ဘူး”

မန်ဖုန့်က ထုတ်ဖော်ကြေညာလိုက်၏။

“ဒီနေ့တိုက်ပွဲက ငါ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ”

ထိုစကားကို ကြားသောအခါ.. မွေးနီတစ္ဆေသည် ဆတ်ခနဲ တုန်ယင်သွားပြီး မန်ဖုန့်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။ သူ၏သွေးများက ဆူပွက်လာသည်ဟု ခံစားရပြီး သူ၏ မျက်လုံးများက နီရဲလာလေသည်။

လူရိုင်းမျိုးနွယ်က သူ့ကို ယုံကြည်ခြင်း သို့မဟုတ် ပေါ်ထွက်လာလိုခြင်း မရှိပေ။

သို့သော်လည်း မန်ဖုန့်ကတော့ ထွက်လာခဲ့ဆဲဖြစ်၏။

မန်ဖုန့်သည် သူ၏ သရုပ်သကန်နှင့် ဂုဏ်အဆင့်အတန်းတို့ကို စွန့်လွှတ်ခဲ့လေသည်။ သူက ဤတိုက်ပွဲမှာ ရှုံးနိမ့်ရဖို့များသည်ကို သိရှိထားသော်လည်း သူက တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ လုံယန်နှင့် အတူယှဉ်တွဲကာ တိုက်ခိုက်ဖို့အတွက် ရှေ့သို့ထွက်လာဆဲဖြစ်၏။

“ဒီနေ့တိုက်ပွဲက ငါ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ.. လူရိုင်းမျိုးနွယ်နဲ့ ဘာမှမပတ်သက်ဘူး”

ထိုစကားက ရိုးရှင်းသည်ဟု ထင်ရသော်လည်း အဲဒါက မွေးနီတစ္ဆေအတွက်တော့ အရမ်းကို ကြီးကျယ်ခမ်းနားသည့် စကားသံဖြစ်လေသည်။

“မင်းက ဘယ်ကိုလာကြည့်နေတာလဲ”

မန်ဖုန့်က သွားဖြဲပြလိုက်၏။

“ငါတို့က ညီအစ်ကိုတွေပဲ… တစ်လောကလုံးက မင်းကို မယုံကြည်ဘူးဆိုရင်တောင် ငါက သေချာပေါက် မင်းကို ယုံတာပေါ့”

“ဟုတ်ပြီလေ”

လုံယန်က ရင်ထဲမှာ တလှပ်လှပ်ခံစားလိုက်ရပြီး ခေါင်းညိတ်ကာ အော်ပြောလိုက်၏။

“ငါတို့က ညီအစ်ကိုတွေကွ”

လူအုပ်ကြီးထဲမှ ရုတ်ရုတ်သဲသဲ အသံတချို့ ထွက်ပေါ်လာ၏။

ယင်လန်က တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုနှင့်အတူ သက်ပြင်းချလိုက်၏။

မန်ဖုန့်နှင့် လုံယန်သည် နက်ရှိုင်းသော ပတ်သက်ဆက်နွယ်မှုတစ်ခု ရှိသည်ကို ကမ္ဘာဦးမျိုးနွယ်များမှ ပညာရှင်အချို့က သိရှိထားကြလေသည်။

သို့သော်လည်း.. သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ညီအစ်ကိုများဟု ခေါ်ဆိုနိုင်ဖို့အတွက် သူတို့၏ အသက်များကို စွန့်လွှတ်ပြီး အရာရာတိုင်းကို လျစ်လျူရှုနိုင်သည်အထိ အရမ်းကို ရင်းနှီးနေကြလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

ရက်စက်ကြမ်းတမ်း၍ အညှာအတာ ကင်းမဲ့လှသော ကျင့်ကြံရေးလောကမှာ ဤကဲ့သို့သော ပတ်သက်ဆက်နွယ်မှုတစ်ခုသည် အရမ်းကို တစ်မူထူးခြားပြီး အလွန်တရာ အဖိုးတန်လေသည်။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၊ မျောက်၊ စိတ်ဝိညာဉ်ကျား၊ ချင်ချင်၊ ညဝိညာဉ်၊ မြေခွေးလေး၊ ရွှေခြင်္သေ့နှင့် အခြားညီအစ်ကို မောင်နှမများသည်လည်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

သူတို့ ညီအစ်ကို မောင်နှမ ၇ ယောက်သည် သူတို့၏ နှလုံးသားအနက်ပိုင်းထဲကနေ တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်ကြ၏။

သူတို့ကြားမှာလည်း ထိုကဲ့သို့ တူညီသော စိတ်သဘောထားနှင့် ခံယူချက် ရှိကြလေသည်။

All Chapters