မျှော်လင့်ချက်ပျက်သုဥ်းခြင်း
Vol. 109 Ch. 1624
“ဟီးဟီး”
နတ်ဘုရားကလန်ခေါင်းဆောင်က လှောင်ရယ်လိုက်၏။
“မင်းတို့နှစ်ယောက်နဲ့ ဘိုးဘေးနဂါး ၃၀ ကျော်က ငါတို့ရဲ့ ကမ္ဘာဦးမျိုးနွယ် ၆စု မဟာမိတ်အဖွဲ့ကို တားဆီးနိုင်မယ်ထင်နေတာလား”
သူတို့နှစ်ဖွဲ့ကြား ခွန်အားကွာခြားချက်က အရမ်းကိုကြီးမားပြီး မန်ဖုန့်တစ်ယောက် ရောက်ရှိလာရုံဖြင့် အခြေအနေကို ပြောင်းလဲပေးနိုင်လိမ့်မည် မဟုတ်ပေ။
“လုံရန်... မန်ဖုန့်”
စုန်းကလန်ခေါင်းဆောင်က ရယ်မောလိုက်၏။
“မင်းတို့နှစ်ယောက်က တကယ့်ကို စိတ်ဝင်စားစရာပဲ အထီးကျန်သိုင်းသခင်က လူသားမျိုးနွယ်ရဲ့ ပြိုင်စံရှားတစ်ယောက်ဆိုတာ... ဒီလောက်ထိ သိသာနေတာတောင် လူသားမျိုးနွယ်က မျိုးနွယ်စုခေါင်းဆောင်တွေကိုယ်စား မင်းတို့နှစ်ယောက်က သူ့အသက်ကို ကာကွယ်ပေးချင်နေတာပဲ... ဘာလို့အဲ့လောက်ထိ ဒုက္ခခံနေရတာလဲ”
“ဟားဟား”
ယက္ခကလန်ခေါင်းဆောင်က သွားဖြဲပြလိုက်၏။
“လူသားမျိုးနွယ်က မျိုးနွယ်စုခေါင်းဆောင်တွေက ကြွက်တွေလို ငကြောက်ကောင်တွေပဲ... သူတို့က အကြောက်လွန်ပြီးတော့... ရှေးဟောင်း တိုက်ပွဲမြေမှာ ပုန်းကွယ်နေကြတာ... သူတို့က လုံးဝထွက်လာရဲမှာ မဟုတ်ဘူး”
“လူသားမျိုးနွယ်က မျိုးနွယ်စုခေါင်းဆောင်တွေက ငါတို့အတွက် စားစရာထက် မပိုဘူး”
သွေးနွယ်ပင်ကလန်ခေါင်းဆောင်ကလည်း ရယ်မောလိုက်၏။
“အဲ့ဒီစားစရာတွေက ရှေးဟောင်းခေတ်စစ်ပွဲတုန်းက အခြေအနေပေါ် အမြတ်ထုတ်ခဲ့ကြရုံပဲ... သူတို့က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ အရှင်သခင်တွေဖြစ်ဖို့ အဆင့်မီတယ်လို့ သူတို့ကိုယ်သူတို့ ထင်နေကြတာလား”
“လုံရန်... အဲ့ဒီဘိုးဘေးနဂါးတွေက နဂါးမျိုးနွယ်ရဲ့ ထိပ်တန်းအဆင့် ပညာရှင်တွေပဲ”
ဝူထန်က ပြုံးစစဖြင့် ပြောလိုက်၏။
“မင်းက... လူသားတစ်ယောက်အတွက်နဲ့ အဲ့ဒီဘိုးဘေးနဂါးတွေကို ဘာလို့အသေခံခိုင်းနေရတာလဲ”
“အဲ့ဒီလူသားမျိုးနွယ်စုခေါင်းဆောင်တွေက သူတို့မျိုးနွယ်ကာ ပြန်ဝင်စားမွန်းစတားတစ်ယောက်ကို ကာကွယ်ပေးရမဲ့အစား သူတို့က မင်းတို့နဂါးတွေကို သေစေချင်နေတာပဲ... တကယ့်ဟာသပဲ”
ဝူထန်၏ စကားများက နတ်ဘုရားလက်နက်များထက် ပိုပြီးကြောက်စရာကောင်းလေသည်။
နဂါးများသည် တဗူးနဂါးဖီးနစ်ကို ကာကွယ်ဖို့အတွက် သူတို့၏ အသက်များကို စွန့်နိုင်သော်လည်း သူတို့သည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ကာကွယ်ဖို့အတွက် အဲ့လောက်ထိ ဆုံးဖြတ်ချက် မပြတ်သားနိုင်ကြပေ။
ထိုသို့သူပြောလိုက်သည့်အခါ လုံရန်၏ နောက်ဘက်ရှိ ဘိုးဘေးနဂါးသုံးဆယ်ကျော်ကျော်သည် ထူးဆန်းသော အမူအရာများကို ထုတ်ဖော်ပြသလာပြီး သူတို့က အကြည့်ချင်းဖလှယ် လိုက်ကြ၏။ သူတို့သည် အသံများကိုပို့လွှတ်ကာ ဆက်သွယ်ပြောဆိုနေကြသည့်ပုံပင်။
“ကလန်ခေါင်းဆောင်... ကျုပ်တို့က အထီးကျန်သိုင်းသခင်ရဲ့ လူသားကိုယ်ပွားအတွက် ကျုပ်တို့ရဲ့ အသက်တွေကို စွန့်စရာတော့ မလိုလောက်ဘူးထင်တယ် ဟုတ်တယ်မလား”
“အဲ့ဒါအမှန်ပဲ... အထီးကျန်သိုင်းသခင်ရဲ့ လူသားကိုယ်ပွားကို လူသားမျိုးနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင်တွေကပဲ ကာကွယ်ပေးရမှာပေါ့”
ဘိုးဘေးနဂါးအချို့က စတင်၍ မကျေမနပ်ပြောဆိုလာကြ၏။
လုံရန်၏ အမူအရာက ပျက်ယွင်းလာ၏။
မျိုးနွယ်စုခေါင်းဆောင် ဝူဟွားက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ရှေ့သို့ထွက်ရပ်ကာ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။
“အားလုံးပဲ.. မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို ဒီတစ်ခေါက် ပဟေဠိနန်းတော်ကနေ ကျင်းပပေးတာ... ခင်ဗျားတို့ ပညာရှင်တွေအားလုံး ရောက်ရှိလာပြီဆိုမှတော့... ကျုပ်တို့က အေးဆေးထိုင်ပြီး အဲ့ဒါကို ဆွေးနွေးလို့ မရဘူးလား”
“စစ်မီးတောက်တွေက... ထျန်ဟွမ်းကုန်းမြေတိုက်ကို တောက်လောင်နေပြီး သွေးမြစ်တွေကလည်း နေရာတိုင်းမှာ စီးဆင်းနေတယ်... ပဟေဠိနန်းတော်က ရှေးဟောင်းခေတ်တုန်းကလို ဝမ်းနည်းစရာ မြင်ကွင်းမျိုးတွေ ထပ်ပြီး မမြင်တွေ့ချင်တော့ဘူး..”
မျိုးနွယ်စုခေါင်းဆောင် ဝူဟွားက သူ၏ စကားကို ဆုံးအောင်မပြောရသေးခင်မှာပင် နက်မှောင်နေသော အလင်းတစ်ချက်က လေထုကိုဖြတ်သန်းလာခဲ့၏။
“သတိထား”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက အော်ဟစ်သတိပေးလိုက်၏။
ဖောက်...
ရုတ်တရက် သွေးရောင်အလင်းက လူအုပ်ကြီးထဲကနေ ပစ်လွင့်ထွက်ပေါ်လာ၏။
ကြီးမားသောဦးခေါင်းတစ်လုံးက လေထဲသို့ ပျံတက်လာခဲ့၏။ ၎င်း၏ ပုံပန်းသဏ္ဌာန်အရ အဲ့ဒါက ပဟေဠိနန်းတော်မှ မျိုးနွယ်စုခေါင်းဆောင် ဝူဟွား၏ ဦးခေါင်းဖြစ်လေသည်။
စောစောက မျိုးနွယ်စုခေါင်းဆောင်ဝူဟွားသည် စကားပြောဆိုနေဆဲ ဖြစ်၏။ သို့သော်လည်း တစ်ခဏချင်းမှာပင် သူ၏ ဦးခေါင်းက ဖြတ်တောက်ခံလိုက်ရလေသည်။
အဲ့ဒါက အရမ်းကို မြန်ဆန်လွန်း၏။
ယက္ခကလန်ခေါင်းဆောင်က တိုက်ခိုက်လိုက်ခြင်းဖြစ်လေသည်။ ပကတိမဟာယာန ယက္ခတစ်ယောက်၏ တိုက်ခိုက်ရည်ခွန်အားသည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ထားသော ဧကရာဇ်တစ်ပါးနှင့် တူညီလေသည်။ လူသားမျိုးနွယ်၏ သာမန်ဧကရာဇ်များပင်လျှင် ဤနေရာမှာ သေရပေလိမ့်မည်။
သို့သော်လည်း မျိုးနွယ်စုခေါင်းဆောင်ဝူဟွားကတော့ အစောပိုင်းမဟာယာနအဆင့်မှာသာရှိနေ၏။
သူက လုံးဝကို ခုခံနိုင်စွမ်းကင်းမဲ့နေလေသည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏ ကြောက်စရာကောင်းသော အာရုံခံသတိစိတ်နှင့်အတူ အန္တရာယ်ကို ခံစားမိလိုက်ရုံမျှသာဖြစ်လေသည်။
သို့သော်လည်း မျိုးနွယ်စုခေါင်းဆောင် ဝူဟွားက တစ်ချိန်လုံး မတုံ့ပြန်နိုင်ခဲ့ပေ။
ဖောက်...
ဧရာမသွေးနွယ်ပင်တစ်ပင်က လေထုကို ဆုတ်ဖြဲ၍ မျိုးနွယ်စုခေါင်းဆောင် ဝူဟွား၏ ဦးခေါင်းကို ထိုးဖောက်၍ သွေးများကို ပြန့်ကျဲထွက်သွားစေ၏။
မျိုးနွယ်စုခေါင်းဆောင် ဝူဟွား၏ အမြုတေစိတ်ဝိညာဥ်က ထွက်မပြေးနိုင်ခင်မှာပင် ၎င်းသည် သွေးနွယ်ပင်ကလန်ခေါင်းဆောင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
မျိုးနွယ်စုခေါင်းဆောင် ဝူဟွား၏ ရုပ်အလောင်းက ဝုန်းခနဲ မြည်သံနှင့်အတူ လဲကျသွားလေသည်။
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။
ထိုအခါမှသာ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက တုံ့ပြန်လာနိုင်ကြ၏။
ယက္ခကလန်ခေါင်းဆောင်က ကြောက်မက်ဖွယ်ရာ ရယ်မောလိုက်လေသည်။
“လူသားမျိုးနွယ်က ငါတို့ ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုလုပ်ပြီး ညှိနှိုင်းဆွေးနွေးနိုင်မှာလဲ... မင်းတို့တွေက ပုရွက်ဆိတ်တစ်အုပ်စုပဲ... မင်းတို့မှာ ဘာအခွင့်အာဏာရှိလို့လဲ”
“ဟီးဟီး...”
သွေးနွယ်ပင်ကလန်ခေါင်းဆောင်ကလည်းရယ်မောလိုက်၏။
“လူသားမျိုးနွယ်ရဲ့... ဧကရာဇ်တွေက ရှေးဟောင်းတိုက်ပွဲမြေမှာ ပုန်းကွယ်နေတဲ့... ကြွက်တစ်အုပ်စုပဲ... သူတို့က ရှေ့ကိုထွက်လာရဲမှာ မဟုတ်ဘူး... မင်းတို့တွေက ငါတို့ ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ ညှိနှိုင်းဆွေးနွေးနိုင်ဖို့ မျှော်လင့်နေသေးတာလား”
“အတင့်ရဲလိုက်တာ”
“ဧကရာဇ်တွေက အရှက်ခွဲမခံနိုင်ဘူး”
ပဟေဠိနန်းတော်မှ မျိုးနွယ်စုခေါင်းဆောင်များက အော်ဟစ်ပြောဆိုလိုက်ကြ၏။
ကျင့်ကြံသူများစွာကလည်း ဒေါသချောင်းချောင်း ထွက်လာကြ၏။
မည်သို့ပင်ဆိုစေ လူသားမျိုးနွယ်၏ ဧကရာဇ်များသည် ကျင့်ကြံရေးလောကမှာ အမြင့်မြတ်ဆုံး ဂုဏ်အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားပြီး သူတို့ကို အရှက်ခွဲလို့ မရပေ။
သို့သော် ယခုအခါ... ဧကရာဇ်များ၏ ဂုဏ်သိက္ခာသည် ကမ္ဘာဦးမျိုးနွယ် ၆စု၏ အညှာတာမဲ့စွာ နင်းချေဖျက်ဆီးခြင်းကို ခံနေရ၏။
ကောင်းကင်ဘုံမျက်လုံးကလန်ခေါင်းဆောင်က သူ၏ ကောင်းကင်ဘုံမျက်လုံးကိုဖွင့်ဟပြီး အလင်းတန်းတစ်ခုကို ပစ်လွင့်ထွက်ပေါ်စေကာ လူသားမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို ချက်ချင်းပင် ထိုးဖောက်စေလိုက်၏။
လူသားမျိုးနွယ်စုခေါင်းဆောင်၏ ခန္ဓာကိုယ်က သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်သွား၏။ သူသည် သူ၏ အမြုတေစိတ်ဝိညာဥ် ဖျက်ဆီးခံရခြင်းနှင့်အတူ နေရာမှာပင် သေဆုံးသွား၏။
စုန်းကလန်ခေါင်းဆောင်ကလည်း ဂါထာမန္တန်တစ်ခုကို တိတ်တဆိတ် ရွတ်ဆိုလိုက်၏။
လူသားမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ အကြည့်သည် ရုတ်တရက်ရပ်တန့်သွားပြီး သူ၏ အမူအရာက တောင့်တင်းသွားလေသည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်က ဆုတ်ယုတ်သွားပြီး သူက တောင့်တင်းစွာဖြင့် လဲပြိုကျသွား၏။
လူသားမျိုးနွယ်စုခေါင်းဆောင်၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမှ မရှိသော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်က သေဆုံးသွားခဲ့လေပြီ။
သူ၏ ဦးခေါင်းထက်ကနေ အစိမ်းရောင်မြူခိုးတစ်မျှင်က စုန်းကလန်ခေါင်းဆောင်ရှိရာသို့ လွင့်မျောသွားလေသည်။
စုန်းကလန်ခေါင်းဆောင်က သူ၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟပြီး ထိုမြူခိုးကို မျိုချလိုက်၏။ သူက သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်ပြီး သက်ပြင်းချလိုက်၏။
“တကယ့်ကို အားနည်းလွန်းတာပဲ”
“လူသားဧကရာဇ်တစ်ယောက်ရဲ့ အမြုတေစိတ်ဝိညာဥ်ကို ဝါးမျိုနိုင်မယ်ဆိုရင်တော့ အဲ့ဒါက စိတ်ဝင်စားစရာကောင်းရင်ကောင်းဦးမယ်”
ထိုသို့နှင့်ပင် လူသားမျိုးနွယ်စုခေါင်းဆောင်သုံးယောက်က ဆက်တိုက်သေဆုံးသွားရ၏။ လူသားမျိုးနွယ်၏ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် ကျင့်ကြံရေးလောက၏ ထိပ်ဆုံးနီးပါး တည်ရှိမှုများဖြစ်ကြ၏။ သို့သော်လည်း ဤကမ္ဘာဦးမျိုးနွယ် ကလန်ခေါင်းဆောင်များ၏ လက်ထဲမှာ သူတို့သည် ပုရွက်ဆိတ်များကဲ့သို့ဖြစ်နေ၏။ သူတို့သည် အလွယ်တကူဖိချေသတ်ဖြတ်ခံရနိုင်လေသည်။
“လုံရန်...”
စုန်းမျိုးနွယ် ကလန်ခေါင်းဆောင်က ညင်သာစွာ ပြုံးပြလိုက်၏။
“လူသားတွေက ဒီလောက်အများကြီးရှိတာ... နဂါးတွေက သူတို့အားလုံးကို ကာကွယ်ပေးဦးမှာလား”
ရွှေကျီးကန်းကလန်ခေါင်းဆောင်က သူ၏ တောင်ပံများကိုခတ်ပြီး လေထဲရှိ လူသားမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို ဖမ်းဆွဲလိုက်၏။ သူက ထိုသူကို အပိုင်းပိုင်းဆုတ်ဖြဲရင်း လှောင်ရယ်လိုက်လေသည်။
“နဂါးမျိုးနွယ်က... လူသားမျိုးနွယ်နဲ့ ပူးပေါင်းချင်တာလား... ဟားဟား စိတ်ဝင်စားစရာပဲ နဂါးမျိုးနွယ်က ပုရွက်ဆိတ်တစ်အုပ်စုနဲ့ ပူးပေါင်းချင်နေတယ်တဲ့”
လုံရန်က အသံတိတ်နေ၏။
မန်ဖုန့်က အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“လုံရန်... ငါတို့လက်လျှော့လိုက်သင့်လား... လူသားမျိုးနွယ်ရဲ့ ကံကြမ္မာက ဒီဘက်မျိုးဆက်မှာ တကယ့်ကို ကုန်ခန်းနေပြီ... ငါတို့က ကမ္ဘာဦးမျိုးနွယ်တွေရဲ့ မြင့်မားတိုးတက်လာတာကို တားဆီးနိုင်မှာ မဟုတ်ဘူး”
“အဲ့ဒါက လူသားမျိုးနွယ်ရဲ့ ကံကြမ္မာပဲ”
ကျင့်ကြံသူများစွာ၏ မျက်လုံးထဲမှာ ဒေါသမီးများက လျှံတက်လာ၏။ သို့သော်လည်း ထိုအခိုက်အတန့်မှာ မည်သူကမှ ရှေ့သို့မတက်လှမ်းနိုင်ကြပေ။
လူသားမျိုးနွယ်စုခေါင်းဆောင်များပင်လျှင် ကမ္ဘာဦးမျိုးနွယ်မှ ကလန်ခေါင်းဆောင်များ၏ လှုပ်ရှားကွက်တစ်ကွက်ကို ခံနိုင်ရည်မရှိကြပေ။ သူတို့က ရှေ့သို့ထွက်လာမည်ဆိုလျှင်... သူတို့ကိုယ်သူတို့ သတ်သေခြင်းနှင့်သာ တူနေပေလိမ့်မည်။
“ဒေါသထွက်နေကြတဲ့ပုံပဲ”
ယက္ခမျိုးနွယ်စုခေါင်ဆောင်က လှောင်ရယ်လိုက်၏။
“အဲ့လောက်လည်း စိတ်တိုမနေကြစမ်းပါနဲ့... ဒီဘက်မျိုးဆက်ရဲ့ လူသားဧကရာဇ်တွေအားလုံးက သုံးစားမရတဲ့ အမှိုက်တွေပဲ”
ကျင့်ကြံသူများစွာက အသံတိတ်နေကြ၏။
လူသားမျိုးနွယ်၏ ဂုဏ်သိက္ခာက ကမ္ဘာဦးမျိုးနွယ်များ၏ နင်းချေဖျက်ဆီးခြင်းကို ခံနေရသော်လည်း လူသားမျိုးနွယ်၏ မည်သည့်ဧကရာဇ်ကမှ ပေါ်ထွက်မလာကြပေ။
ကျင့်ကြံသူများစွာ၏ မျက်လုံးထဲရှိ အမျက်ဒေါသများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး စိတ်ပျက်မှု ၊ ဝမ်းနည်းမှုနှင့် နောက်ဆုံးမှာ တွေဝေရှုပ်ထွေးမှုအဖြစ် ပြောင်းလဲသွားကြ၏။
လူသားမျိုးနွယ်၏ ဧကရာဇ်များက ဤနေရာသို့ ရောက်ရှိလာကြသည်ဆိုရင်ရော ဘာဖြစ်မလဲ။
လူသားမျိုးနွယ်၏ သာမန်ဧကရာဇ်များသည် ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များ၏ တိုက်ခိုက်မှုကို လုံးဝခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ပို၍အရေးကြီးသည်မှာ ကမ္ဘာဦးမျိုးနွယ်များ၏ ဧကရာဇ်များက ပေါ်ထွက်မလာကြသေးပေ။
ကမ္ဘာဦးမျိုးနွယ်၏ ဧကရာဇ်များပေါ်ထွက်လာမည်ဆိုလျှင် သူတို့ကို မည်သူက ခုခံနိုင်မှာလဲ။
လူသားမျိုးနွယ်၏ ဧကရာဇ်များသည် ထျန်ဟွမ်ကုမ်းမြေတိုက်ရှိ လူသားမျိုးနွယ်ကို လက်လျှော့ပြီးသွားတာ ဖြစ်ကောင်းဖြစ်နိုင်လေသည်။
လူသားမျိုးနွယ်၏ ဧကရာဇ်များသည် ရှေးဟောင်းတိုက်ပွဲမြေမှာ ကပ်ဘေးဖြတ်ကျော်ခြင်းကို ကြိုးပမ်းပြီး ဤကုန်းမြေကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြတာ ဖြစ်ကောင်း ဖြစ်နိုင်လေသည်။
အဲ့ဒါသည် လူသားမျိုးနွယ်၏ ကံကြမ္မာဖြစ်ကောင်းဖြစ်နိုင်လေသည်။
ထိပ်သီးဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများရှိ ကျင့်ကြံသူများသည် ထံထိုင်းသောအကြည့်များနှင့် သူတို့မျက်လုံးထဲရှိ မျှော်လင့်ချက်ပျက်သုဥ်းမှုများနှင့်အတူ ပဟေဠိနန်းတော်မှာ မတ်တတ်ရပ်နေကြ၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကသာ သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ထား၏။
လူသားမျိုးနွယ်၏ ဧကရာဇ်များအားလုံးသည် လောကရှိသက်ရှိများအားလုံးကို စွန့်လွှတ်စတေးလိမ့်မည်ဟု သူက မယုံကြည်ပေ။
တစ်စုံတစ်ယောက်ကတော့ ရှေ့သို့သေချာပေါက်ထွက်လာပေလိမ့်မည်။
ရုတ်တရက်... ကောင်းကင်နှင့်မြေကြီးက တရုန်းရုန်းထကြွလာ၏။