← Chapters

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်

Vol. 109 Ch. 1625

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်

Vol. 109 Ch. 1625

ရုတ်တရက်... ဧရာမအက်ကွဲကြောင်းတစ်ခုက ပဟေဠိနန်းတော်၏ မိုးကောင်းကင်ထက်မှာ ပေါ်ထွက်လာပြီး ကျိန်းစပ်နေသော ရွှေရောင်အလင်းက အထဲကနေ ပစ်လွင့်ထွက်ပေါ်ကာ ကောင်းကင်ဖြန့်ကြက်တောင်ကြောရိုးတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

အလွန်တရာကြောက်စရာကောင်းသော စွမ်းပကားတစ်ခု ဆင်းသက်လာ၏။

ကမ္ဘာဦးမျိုးနွယ်မှ ကလန်ခေါင်းဆောင်များပင်လျှင် တုန်လှုပ်သွားရလေသည်။

“ဟမ်...”

“ဧကရာဇ်တစ်ပါးရဲ့အော်ရာပဲ”

“မဖြစ်နိုင်ဘူး”

“လူသားမျိုးနွယ်က ဒီလောက်စွမ်းအားကြီးမားတဲ့ ဧကရာဇ်တစ်ပါးကို ဘယ်လိုလုပ်ပြီး ​ပိုင်ဆိုင်ထားတာလဲ”

ကမ္ဘာဦးမျိုးနွယ်မှ ကလန်ခေါင်းဆောင်များသည် အံ့အားသင့်မှင်တက်သွားကြပြီး အလိုလိုမော့ကြည့်လိုက်ကြ၏။

အက်ကွဲကြောင်းထဲကနေ ဆယ်ပေကျော်ရှည်လျားသော ဧရာမ ယင်းစာလိပ်တစ်ခုက ပျံသန်းထွက်ပေါ်လာပြီး ရွှေရောင်အလင်းဖြင့် တောက်ပနေ၏။

ယင်းစာလိပ်ပေါ်တွင် အမည်များကိုပင် ခပ်ရေးရေးတွေ့မြင်နိုင်လေသည်။

ဆယ်ပေကျော်ရှည်လျားသော ယင်းစာလိပ်သည် နယ်မြေဒေသ ရှစ်ခုကို ဖိနှိမ်နိုင်သော ထကြွသောင်းကျန်းသည့် စွမ်းပကားတစ်ခုနှင့်အတူ ဧကရာဇ်တစ်ပါး ကိုယ်တိုင်ဆင်းသက်လာသကဲ့သို့ ပဟေဠိနန်းတော်အထက်မှာ ရစ်ဝဲနေ၏။

ကမ္ဘာဦးမျိုးနွယ်များမှ ပညာရှင်များပင်လျှင် ဧရာမယင်းစာလိပ်၏ အောက်မှာ ဖြူဖပ်ဖြူရော်ဖြစ်နေကြ၏။

“နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်”

ပဟေဠိနန်းတော်၏ မျိုးနွယ်စုခေါင်းဆောင်အချို့က ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် အံ့အားတသင့်ရေရွတ်လိုက်ကြ၏။

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်က ဆင်းသက်လာခဲ့လေပြီ။

ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များသည် သူတို့၏ မျက်လုံးများကို မှေးကျဥ်းပြီး နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ စွမ်းပကားကို ခုခံဖို့အတွက် ကြမ်းကြုတ်ခက်ထန်သော အကြည့်များနှင့်အတူ သူတို့၏ သွေးချီကို လှည့်ပတ်လိုက်ကြ၏။

နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်သည် ရှေးဟောင်းတိုက်ပွဲမြေမှာ ရှိသော အဆင့်သတ်မှတ်ချက်တစ်ခုဖြစ်ပြီး အဲ့ဒါကို နတ်မိမယ်လင်းလုံက ဖန်တီးခဲ့ခြင်းဖြစ်လေသည်။

သို့သော်လည်း အဲ့ဒါကို လူသားဧကရာဇ်ကိုယ်တိုင် မွန်းမံပြင်ဆင်ပေးခဲ့လေသည်။ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်သည် အစစ်အမှန်ဧကရာဇ်လက်နက်တစ်ခုဖြစ်၏။ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်သည် ရှေးဟောင်းတိုက်ပွဲမြေကို အမြဲတမ်းစောင့်ကြပ်နေခဲ့၏။

ရှေးဟောင်းတိုက်ပွဲမြေမှာ အလွန်တရာ စွမ်းအားကြီးမားသော ချိတ်စည်းတစ်ခုရှိနေသည့်အချက်အပြင် ကမ္ဘာဦးမျိုးနွယ်များသည် ရှေးဟောင်းတိုက်ပွဲမြေသို့ မဝင်ရောက်နိုင်သည့် နောက်ထပ်အကြောင်းရင်းမှာ ဤနတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ တည်ရှိမှုကြောင့်လည်းဖြစ်လေသည်။

ရှေးဟောင်းခေတ်စစ်ပွဲမှစတင်၍ နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်သည် ရှေးဟောင်းတိုက်ပွဲမြေကနေ တစ်ခါမှ ထွက်ခွာမလာခဲ့ပေ။

ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေတစ်ခုမှာ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်သည် ရှေးဟောင်းတိုက်ပွဲမြေကနေ ထွက်ခွာလာပြီး ပဟေဠိနန်းတော်သို့ ဆင်းသက်ရောက်ရှိလာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကလည်း အားတက်သွားပြီး သူ့ဘာသာသူတွေးလိုက်၏။

“အဲ့ဒါက ပဟေဠိနန်းတော်ရဲ့ ဝှက်ဖဲလား”

အစကနေ ယခုအချိန်ထိ ပုံပြောအဖိုးအိုက ပေါ်ထွက်မလာပေ။ ဧကရာဇ်များအားလုံးက လူသားမျိုးနွယ်ကို စွန့်ပယ်သွားကြမည်ဆိုလျှင်တောင် ပုံပြောအဖိုးအိုက သေချာပေါက် ထိုသို့မလုပ်မည်ကို နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ယုံကြည်လေသည်။

“ဂျေးတက်နေတဲ့ အဆင့်သတ်မှတ်ချက်တစ်ခုက ငါတို့ကမ္ဘာဦးမျိုးနွယ် ၆စုကို ဖိနှိမ်ဖို့ ဘယ်လိုတောင်ကြိုးစားရဲတာလဲ... ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်သလဲ”

ယက္ခမျိုးနွယ်စုခေါင်းဆောင် တစ်ယောက်က ငေါက်ငမ်းပြောဆို၍ သူ၏ ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားသွား၏။ သူ၏ ကျောပေါ်မှာ တောင်ပံများက ဖြန့်ကြက်ထွက်ပေါ်လာပြီး နက်မှောင်နေသော အလင်းတန်းတစ်ခုအသွင်ပြောင်းလဲသွားလေသည်။ သူ၏ လက်ထဲမှာ ဆေဘာနှစ်လက်ကို ကိုင်ဆွဲထားပြီး နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ရှိရာသို့ ပြေးဝင်သွားလေသည်။

ဇီ...

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်က တုန်ခါသွားပြီး နက်မှောင်နေသော အလင်းထံသို့ ရွှေရောင်အလင်းတန်း တစ်ခုကို ပစ်ထုတ်လိုက်လေသည်။

ယက္ခမျိုးနွယ်စုခေါင်ဆောင်၏ ပုံရိပ်က ချက်ချင်းပင်ပေါ်ထွက်လာ၏။

လူတိုင်း၏ ရှေ့မှောက်မှာပင် ယက္ခမျိုးနွယ်စုခေါင်းဆောင်၏ ခန္ဓာကိုယ်က သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်သွား၏။

မျိုးနွယ်စုတစ်သောင်းမှသက်ရှိများက တူန်လှုပ်သွားကြလေသည်။

ယက္ခမျိုးနွယ်စုခေါင်းဆောင်သည် နောက်ပိုင်းအဆင့် မဟာယာနတစ်ယောက်ဖြစ်လေသည်။ သူ၏ ခွန်အားသည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ထားသော လူသားမျိုးနွယ်မှ ဧကရာဇ်များနှင့် တူညီလေသည်။

သို့သော်လည်း ထိုယက္ခမျိုးနွယ်စုခေါင်းဆောင်သည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ထံမှ ပစ်လွင့်လာသော ရွှေရောင်အလင်းဖြင့် သွေးမြူတစ်ခုအဖြစ် လှီးဖြတ်ခံလိုက်ရ၏။

ရွှစ်...

ယက္ခမျိုးနွယ်စုခေါင်းဆောင်၏ အမြုတေစိတ်ဝိညာဥ်က ပျံသန်းထွက်ခွာပြီး သွေးကနေ ပြန်လည်မွေးဖွားခြင်းကို လှည့်ပတ်ကာ အကြောက်မပြေသေးဟန်ဖြင့် သူ၏ ခန္ဓာကိုယ်ကို အလျင်အမြန်တည်ဆောက်လိုက်၏။

သူ၏ တုံ့ပြန်မှုက လုံလောက်အောင်မြန်ဆန်ခဲ့သည်မှာ ကံကောင်းလေသည်။ မဟုတ်ပါက သူသည် စောစာက ရွှေရောင်အလင်းဖြင့် သတ်ဖြတ်ခြင်းခံရပေလိမ့်မည်။

ဇီ...

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်က နောက်တစ်ဖန် တုန်ခါသွား၏။

နောက်ထပ် ရွှေရောင်အလင်းတစ်ခုက ဆင်းသက်လာခဲ့လေသည်။

ယက္ခမျိုးနွယ်စုခေါင်းဆောင်သည် သူ၏ ခန္ဓာကိုယ်ကို တည်ဆောက်လိုက်ခါစဖြစ်၏။

သို့သော်လည်း သူက မတုံ့ပြန်နိုင်ခင်မှာပင် သူသည် ရွှေရောင်အလင်းဖြင့် ထိုးဖောက်ခြင်းခံလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်က ကြေမွသွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံရကာ နေရာမှာပင် သေဆုံးသွား၏။

နောက်ပိုင်းအဆင့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က သေဆုံးသွားလေပြီ။

ကျင့်ကြံသူများစွာက စိတ်လှုပ်ရှားတက်ကြွစွာဖြင့် အော်ဟစ်အားပေးလိုက်ကြ၏။

သူတို့သည် ကမ္ဘာဦးမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်များ၏ အော်ရာဖြင့် ဖိနှိမ်ခံနေရသည်မှာ အရမ်းကိုကြာခဲ့ပြီး သူတို့က အသက်ပင်ကောင်းကောင်းမရှုနိုင်ခဲ့ပေ။ ယခု... ဧကရာဇ်လက်နက်ဖြစ်သော နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်က ဆင်းသက်လာပြီး သူတို့က စိတ်အားမာန်တက်ကြွလာ၏။

“ပုရွက်ဆိတ်တစ်အုပ်စု... မင်းတို့က ဘာတွေလာပြီး အော်ဟစ်နေကြတာလဲ”

သွေးနွယ်ပင်မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ဒေါသူပုန်ထသွားပြီး ရာနှင့်ချီသော သွေးနွယ်ပင်များကို စေညွှန်ကာ ဂိုဏ်းကြီးများမှ ကျင့်ကြံသူများထံသို့ ဝင်ရောက်သွားစေလေသည်။

ဇီ...

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်က လှုပ်ခါသွားပြီး ရွှေရောင်အလင်းများက ထိုးဆင်းလာခဲ့၏။

ရွှေရောင်အလင်းများသည် သိပ်သည်းစွာ ရွာသွန်းလာပြီး အလွန်တရာကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များကို လွှမ်းခြုံသွားလေသည်။

ဘန်း... ဘန်း... ဘန်း...

ကမ္ဘာဦးမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်များစွာသည် သူတို့၏ ဓမ္မရတနာများကို အလောတကြီးထုတ်ဖော်ပြီး သူတို့၏ သွေးချီကို လှည့်ပတ်ကာ ရွှေရောင်အလင်းတန်းများနှင့် တိုက်ခိုက်ဖို့အတွက် သူတို့၏ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်ကြ၏။

လေဟာနယ်က တုန်ခါသွားလေသည်။

ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်အချို့သည် အဲ့ဒါကို မခုခံနိုင်ဘဲ သူတို့သည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ ရွှေရောင်အလင်းဖြင့် နေရာမှာပင် သတ်ဖြတ်ခံလိုက်ရ၏။

ကမ္ဘာဦးမျိုးနွယ်များမှ မျိုးနွယ်စုခေါင်းဆောင်အချို့သည် ကပ်ဘေးကနေ ရှောင်လွှဲနိုင်ခဲ့သော်လည်း သူတို့၏ ခန္ဓာကိုယ်များကလည်း ရွှေရောင်အလင်းများဖြင့် ထိုးဖောက်ခံလိုက်ရ၏။ သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ထွက်ပြေးလွတ်မြောက်သွားပြီး သူတို့သည် သူတို့၏ ခန္ဓာကိုယ်ကို နောက်တစ်ဖန် တည်ဆောက်ကာ သူတို့၏ မျက်နှာများက ကြောက်လန့်တကြား ဖြူဖပ်ဖြူရော်ဖြစ်နေ၏။

ကမ္ဘာဦးမျိုးနွယ် ၆ စုက ဖရိုဖရဲဖြစ်လာကြ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည်လည်း ထိုသည်ကို တွေ့မြင်သောအခါ စိတ်လှုပ်ရှားသွား၏။

မွေးနီတစ္ဆေက တည်တံ့စွာဖြင့် ပြောလိုက်လေသည်။

“တစ်ယောက်ယောက်ကတော့... နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကို ထိန်းချုပ်နေတာဖြစ်ရမယ်... ငါထင်တာမမှားဘူးဆိုရင် အဲ့ဒါက မင်းတို့လူသားမျိုးနွယ်က ဧကရာဇ်တစ်ပါးဖြစ်လိမ့်မယ်”

“အင်း..”

မန်ဖုန့်က ခေါင်းညိတ်ပြလိုက်၏။

“နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ရဲ့ တိုက်ခိုက်မှုတွေက သီးသန့်ဆန်တယ်... အဲ့ဒါက ငါတို့ကိုပစ်မှတ်မထားဘူး”

“နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ရဲ့စွမ်းအားက အရမ်းကိုသန်မာတာပဲ”

လုံရန်က ခဏမျှအာရုံခံပြီးနောက် ရုတ်တရက်ပြောလိုက်၏။

“အဲ့ဒီ ဧကရာဇ်လက်နက်ကို ထိန်းချုပ်ဖို့အတွက် ဧကရာဇ်ဆယ်ပါးလိုတယ်လို့ ငါကြားဖူးတယ်”

“ကံဆိုးစွာနဲ့ပဲ... ဒီနတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်တစ်ခုတည်းက မလုံလောက်ဘူး”

မန်ဖုန့်က သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်က အဆက်မပြတ်လှုပ်ခါ၍ ရွှေရောင်အလင်းတန်းများကို ပစ်လွှတ်နေ၏။ ကမ္ဘာဦးမျိုးနွယ် ၆စု မှကလန်ခေါင်းဆောင်များသည် အတူပူးပေါင်း၍ သူတို့၏ ပင်ကိုနတ်ဘုရားစွမ်းအားများကို လှည့်ပတ်ကာ တိုက်ခိုက်မှုအများစုကို ခုခံကာကွယ်ပေးနေ၏။ သူတို့သည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်နှင့် ယှဥ်နိုင်နေပြီဖြစ်ပြီး ဆက်လက်၍ အရေးမနိမ့်တော့ပေ။

ရွှေကျီးကန်းကလန်ခေါင်းဆောင်က အေးစက်စွာ ပြောလိုက်၏။

“လူသားမျိုးနွယ်ရဲ့ ဧကရာဇ်တွေက ပေါ်ထွက်မလာတာ မထူးဆန်းတော့ဘူး... သူတို့က အမှောင်ထဲမှာပုန်းကွယ်ပြီး အဲ့ဒီဧကရာဇ်လက်နက်ကို ဆင့်ခေါ်နေကြတာပဲ”

“ဟမ့်...”

စုန်းကလန်ခေါင်းဆောင်က လှောင်ရယ်လိုက်၏။

“ဒီဧကရာဇ်လက်နက်က အရင်တုန်းက လူသားဧကရာဇ် ချန်ထားရစ်ခဲ့တဲ့ပစ္စည်းပဲ... ဒီဘက်မျိုးဆက်မှာ လူသားမျိုးနွယ်က ဧကရာဇ်တွေက အဲ့ဒါကိုထိန်းချုပ်ဖို့ လုံလောက်အောင် မသန်မာတော့ဘူး”

“မင်းတို့လူသားမျိုးနွယ်က မင်းတို့ဧကရာဇ်တွေက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”

ကမ္ဘာဦးမျိုးနွယ်၏ ကလန်ခေါင်းဆောင်များသည် အတူပူးပေါင်း၍ တန်ပြန်တိုက်ခိုက်လိုက်ကြ၏။ သူတို့သည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ထံသို့ စွမ်းအားကြီးမားသော နတ်ဘုရားအလင်းများကို အဆက်မပြတ်ထုတ်ဖော်လိုက်ကြ၏။

နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်ပေါ်ရှိ အရောင်အဝါက တုန်ခါလာပြီး ၎င်း၏ စွမ်းအားက ယခင်ကကဲ့သို့ ကြောက်စရာမကောင်းတော့ပေ။

ထိုစဥ်မှာပင်... နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ အထက်မှာ ပုံရိပ်ယောင်တစ်ခုပေါ်ထွက်လာ၏။ ၎င်းသည် ရှေးကျသောအော်ရာတစ်ခုနှင့် ပြည့်နှက်နေပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကို ကျောပေးထားလေသည်။

ထိုနောက်ကျောကို တွေ့မြင်သောအခါ ကမ္ဘာဦးမျိုးနွယ်များမှ ပညာရှင်များသည် အလွန်တရာ ကြောက်စရာကောင်းသော တစ်စုံတစ်ရာကို တွေ့မြင်လိုက်ရသည့်အလား အိုးတိုးအမ်းတမ်းအမူအရာများနှင့်အတူ အလွန်အမင်း အံ့အားသင့်တုန်လှုပ်ကုန်ကြ၏။

“ဒါက...”

“ဒီအော်ရာက...”

ထိုစဥ်မှာပင် ထိုပုံရိပ်က ကမ္ဘာဦးမျိုးနွယ် ၆စု မှပညာရှင်များဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကာ စိုက်ကြည့်လာခဲ့၏။ ၎င်း၏ မျက်လုံးများက နက်ရှိုင်း၍ အန္တိမစိတ်စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားလေသည်။ ထိုပုံရိပ်လှည့်လာသည့်ခဏမှာပင် တိတ်ဆိတ်မှုက ကြီးစိုးသွားလေသည်။

ကမ္ဘာဦးမျိုးနွယ် ၆စုမှ ပညာရှင်များ၏ မျက်လုံးအိမ်များက ပြင်းထန်စွာ တဆတ်ဆတ်လှုပ်လာ၏။

ကမ္ဘာဦးမျိုးနွယ်များ၏ နောက်ပိုင်းအဆင့် မဟာယာနပညာရှင်များစွာသည် အရမ်းကို ကြောက်လန့်သွားပြီး သူတို့၏ ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်တော့ဘဲ လေထဲကနေ လျင်မြန်စွာလိမ့်ဆင်းကာ မြေကြီးပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားလေသည်။

လုံရန်နှင့် မန်ဖုန့်ပင်လျှင် ဆတ်ခနဲတုန်ယင်သွားပြီး သူတို့၏ မျက်လုံးများက အဆုံးမဲ့ အံ့အားသင့်တုန်လှုပ်မှုဖြင့် ပြည့်နှက်ကာ တီးတိုးရေရွတ်လိုက်၏။

“ထာဝရ လူသားဧကရာဇ်”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည်လည်း သူ့မျက်လုံးထဲရှိ မယုံကြည်နိုင်မှုနှင့်အတူ ထိုပုံရိပ်ယောင်ကို ကြည့်လိုက်လေသည်။

သူသည် ရှေးဟောင်းကျမ်းစာအုပ်များထဲမှ လူသားဧကရာဇ်၏ ပန်းချီကားများကို တွေ့မြင်ဖူးလေသည်။

သို့သော် ယခုအခါ ထာဝရလူသားဧကရာဇ်က သူ့ရှေ့မှာ အမှန်တကယ်ပင် ပေါ်ထွက်လာခဲ့ပြီး အဲ့ဒါသည် ပန်းချီကားများထဲမှာထက် အဆတစ်သောင်းပို၍ တုန်လှုပ်စရာကောင်းလေသည်။

ကျင့်ကြံသူများစွာက စိတ်ခံစားချက်မြင့်မားစွာဖြင့် ဒူးထောက်လိုက်ကြ၏။

ဒုတ်... ဒုတ်...

လူသားကျင့်ကြံသူများသာလျှင် မဟုတ်ဘဲ မျိုးနွယ်စုတစ်သောင်းမှသက်ရှိများကလည်း မြေပြင်ပေါ်မှာ ဒူးထောက်ကျသွား၏။ ကမ္ဘာဦးမျိုးနွယ် ၆ စုပင်လျှင် လူသားဧကရာဇ်ပုံရိပ်ယောင်၏ ဖိအားကို ခံနိုင်ရည်မရှိဘဲ မြေပြင်ပေါ်မှာ ဒူးထောက်ကျသွား၏။

All Chapters