← Chapters

လူသားဧကရာဇ်၏ စွမ်းပကား

Vol. 109 Ch. 1626

လူသားဧကရာဇ်၏ စွမ်းပကား

Vol. 109 Ch. 1626

အဲ့ဒါသည် ဘာပဲပြောပြော ပုံရိပ်ယောင်တစ်ခုသာဖြစ်ပြီး ထာဝရလူသားဧကရာဇ်၏ အစစ်အမှန်ခန္ဓာ သေချာပေါက်မဟုတ်ပေ။ ထိုသို့ဆိုလျှင်တောင် ထိုပုံရိပ်ယောင်သည် မားမားမတ်မတ် ရပ်တည်နေပြီး သက်ရှိများအားလုံးကို ငုံ့ကြည့်နေ၏။ သူ၏ အကြည့်က နက်ရှိုင်း၍ ဧကရာဇ်တစ်ပါး၏ မနှိုင်းယှဥ်သာအောင် အင်အားကြီးမားသော စွမ်းပကားတစ်ခုပါဝင်နေ၏။

ထိုဖိအားသည် အန္တိမနတ်ဘုရားစွမ်းအား နှစ်ခု သို့မဟုတ် သုံးခုကို နားလည်ဆင်ခြင်ထားသော လူသားမျိုးနွယ်မှ ဧကရာဇ်တစ်ပါးထုတ်ဖော်နိုင်သော တစ်စုံတစ်ရာသေချာပေါက်မဟုတ်ပေ။

အဲ့ဒါသည် လူသားဧကရာဇ်၏ အစစ်အမှန်စွမ်းပကားဖြစ်လေသည်။

လူသားဧကရာဇ်သည် ဧကရာဇ်များကို အုပ်စိုးလေသည်။ လူသားဧကရာဇ်၏ စွမ်းပကားနှင့် ရင်ဆိုင်ရာမှာ လူသားမျိုးနွယ်မှ ဧကရာဇ်များဖြစ်စေ ၊ ကမ္ဘာဦးမျိုးနွယ်များမှ ဧကရာဇ်များဖြစ်စေ သူတို့အားလုံးက ဦးညွှတ်ရပေလိမ့်မည်။

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ဆင်းသက်လာမှုတစ်ခုတည်းက ကမ္ဘာဦးမျိုးနွယ် ၆စု၏ ပညာရှင်များကို ဖိနှိမ်ဖို့ မလုံလောက်ပေ။

သို့သော်လည်း လူသားဧကရာဇ်၏ ပုံရိပ်ယောင်ပေါ်ထွက်လာပြီးနောက် ကမ္ဘာဦးမျိုးနွယ် ၆စု မှ ကလန်ခေါင်းဆောင်များပင်လျှင် သူတို့၏ မျက်လုံးထဲမှာ အဆုံးမဲ့ အကြောက်တရားကို ထုတ်ဖော်ပြသရပြီး တုန်လှုပ်ချောက်ချားသွားကြ၏။

ထိုပုံရိပ်ယောင်သည် ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များ၏ မှတ်ဉာဏ်အနက်ပိုင်းထဲမှ အကြောက်တရားကို နိုးထလာစေ၏။

ကမ္ဘာဦးမျိုးနွယ်များ၏ ရှေးဟောင်းကျမ်းစာအုပ်များထဲမှ ထာဝရလူသားဧကရာဇ်နှင့်ပတ်သက်သည့် ဒဏ္ဍာရီများစွာရှိလေသည်။ ကမ္ဘာဦးမျိုးနွယ်များအတွက်တော့ ထာဝရလူသားဧကရာဇ်သည် တဗူးများထက်ပင် ပို၍ကြောက်စရာကောင်းလေသည်။ ရှေးဟောင်းခေတ်စစ်ပွဲမှာတုန်းက လူသားဧကရာဇ်သည် ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များကို ဖိနှိမ်ပြီး သူတစ်ယောက်တည်းဖြင့် ဒီရေအလှည့်အပြောင်းကို ဖြစ်စေခဲ့၏။

ကမ္ဘာဦးမျိုးနွယ်များအတွက်တော့... ထာဝရလူသားဧကရာဇ်သည် ဘယ်တော့မှ ဖျောက်ဖျက်ပစ်၍ မရနိုင်မည့် အိပ်မက်ဆိုးတစ်ခုဖြစ်လေသည်။

ဒီဘက်မျိုးဆက်မှာ ကမ္ဘာဦးမျိုးနွယ်များသည် လူသားဧကရာဇ်ကို တွေ့မြင်ဖူးခြင်း သို့မဟုတ် တိုက်ခိုက်ဖူးခြင်း မရှိကြလျှင်တောင် သူ့အပေါ် သူတို့၏ အကြောက်တရားက သူတို့၏ ဝိညာဥ်များထဲထိ စိမ့်ဝင်နေခဲ့ပြီဖြစ်၏။

ဒုတ်... ဒုတ်...

ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များသည် ကြောက်လန့်တကြား အမူအရာများနှင့်အတူ မြေပြင်ပေါ်မှာ ဒူးထောက်ကျသွား၏။

ကမ္ဘာဦးမျိုးနွယ်များကြားမှာ ကလန်ခေါင်းဆောင်များသာလျှင် မတ်တတ်ရပ်နေနိုင်ကြ၏။

“အဲ့ဒါက... ဘယ်လိုဖြစ်နိုင်မှာလဲ”

“အဲ့ဒါက... ထာဝရလူသားဧကရာဇ်ရဲ့ အော်ရာပဲ... အဲ့ဒါက မှားစရာမရှိဘူး”

ကမ္ဘာဦးမျိုးနွယ်မှ ကလန်ခေါင်းဆောင်များ၏ စိတ်များသည် ​ဗြောင်းဆန်လာခဲ့ပြီး သူတို့၏ မျက်နှာများက ဖြူဖျော့လာခဲ့၏။

သူတို့သည် မတ်တတ်ရပ်နေနိုင်သေးသော်လည်း သူတို့သည် မြင့်မား၍ မြင့်မြတ်ထည်ဝါသော ထိုပုံရိပ်ကို မော့ကြည့်ရဲခြင်း မရှိပေ။

“ထာဝရလူသားဧကရာဇ်က မသေသေးဘူးလား”

လူသားဧကရာဇ်သည် ရှေးဟောင်းခေတ်၏ အန္တိမပညာရှင်တစ်ယောက်ဖြစ်ပြီး အဲ့ဒါက အချိန်ကာလ အလွန်တရာကြာညောင်းခဲ့လေပြီ။

ယခု... ထာဝရလူသားဧကရာဇ်က အသက်ရှင်နေသေးသည်ဆိုတော့...

ပို၍အရေးကြီးသည်မှာ မျိုးနွယ်စုတစ်သောင်းမှ ရုတ်ရုတ်သဲသဲအခြေအနေသည် ထာဝရလူသားဧကရာဇ်ကို နိုးထသွားစေပုံရပြီး ထိုသို့ဖြင့် ပုံရိပ်ယောင်က ဆင်းသက်လာကာ လောကကို တုန်လှုပ်သွားစေသည့်ပုံပင်။

အဲ့ဒါသည် ပုံရိပ်ယောင်တစ်ခုသာဖြစ်သော်လည်း မည်သူကမှ မဆင်မခြင် ပြုမူလှုပ်ရှားရဲခြင်းမရှိပေ။

သမိုင်းတစ်လျှောက်မှာ လူတိုင်းသည် လူသားဧကရာဇ်၏ စွမ်းပကားကို ကြောက်ရွံ့ခဲ့ရလေသည်။

. . .

ပဟေဠိနန်းတော်၏ အနက်ပိုင်းထဲမှာ လူခြောက်ယောက်က တင်ပျဥ်ခွေထိုင်နေကြပြီး သူတို့၏ အမြူတေစိတ်ဝိညာဥ်များကို လှည့်ပတ်နေကြ၏။ သူတို့သည် စွမ်းအားကြီးမားသော အော်ရာတစ်ခုကို ထုတ်ဖော်ပြီး ဧကရာဇ်တစ်ပါး၏ စွမ်ပကားကို ဖြာထုတ်ပေး​နေကြ၏။

သူတို့က လူသားမျိုးနွယ်၏ ဧကရာဇ် ၆ ပါးဖြစ်လေသည်။

သူတို့ထဲမှတစ်ယောက်သည် ပဟေဠိနန်းတော်၏ ပုံပြောအဖိုးအိုဖြစ်လေသည်။

ပုံပြောအဖိုးအိုအပြင် မတူညီသော ဝတ်ရုံများနှင့် အခြားသောဧကရာဇ် ၅ပါး ရှိလေသည်။ သူတို့က မတူညီသောဂိုဏ်းများမှလာသည်မှာ သိသာလေသည်။

ဧကရာဇ် ၆ပါး၏ ဘေးတွင် ဖြူဖပ်ဖြူရော်မျက်နှာနှင့် အမွေးအမှင်ကင်းမဲ့သော မီးခိုးရောင်ဝတ် ကျင့်ကြံသူတစ်ယောက်က မတ်တတ်ရပ်နေ၏။ သူက လင်းရွှမ်ကျီ ဖြစ်လေသည်။

ထိုအခိုက်အတန့်တွင် ဧကရာဇ် ၆ပါးသည် သူတို့၏ အမြုတေစိတ်ဝိညာဥ်များကို တစ်ချိန်တည်းမှာ လှည့်ပတ်ပြီး လျှို့ဝှက်အတတ်တစ်ခုကို လေဟာနယ်ကနေတစ်ဆင့် ထုတ်ဖော်နေကြ၏။ သူတို့က ပဟေဠိနန်းတော်၏ အထက်ရှိ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကို ထိန်းချုပ်နေကြခြင်းပင်။

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကို ပုံပြောအဖိုးအိုနှင့် အခြားသူများက ရှေးဟောင်းတိုက်ပွဲမြေကနေ ဆင့်ခေါ်ထုတ်လာခဲ့ခြင်းဖြစ်၏။

ဧကရာဇ် ၆ပါးက ဖြူဖျော့နေပြီး ချွေးများဖြင့် စိုရွှဲကာ အနည်းငယ်တုန်ယင်နေကြ၏။

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်သည် လူသားဧကရာဇ် သန့်စင်မွန်းမံထားသော ဧကရာဇ်လက်နက်တစ်ခုဖြစ်လေသည်။ ပုံမှန်အခြေအနေမှာဆိုလျှင်... နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကို ထိန်းချုပ်ဖို့အတွက် လူသားမျိုးနွယ်မှ အနည်းဆုံး ဧကရာဇ် ဆယ်ပါး လိုအပ်ပေလိမ့်မည်။

လူသားမျိုးနွယ်က အားနည်းလာပြီး သူတို့၏ ကံကြမ္မာအခွင့်အလမ်းက ဒီဘက်မျိုးဆက်မှာ ကုန်ခန်းလာသော်လည်း အဲ့ဒီမှာ ဧကရာဇ် ၃၀ ဝန်းကျင် ကျန်ရှိနေသေးလေသည်။

သို့သော်လည်း ဧကရာဇ်တိုင်းက သူတို့၏ အသက်များကိုစွန့်လွှတ်ပြီး ကမ္ဘာဦးမျိုးနွယ် ၆စု နှင့် မတိုက်ခိုက်လိုကြပေ။

သူတို့အားလုံးသည် ဧကရာဇ်များ၏ အဆင့်ထိ ကျင့်ကြံထားနိုင်ခဲ့ပြီဖြစ်၏။ နောက်ထပ်ခြေတစ်လှမ်းလှမ်းရုံဖြင့် သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကနေ ထွက်ခွာနိုင်ပေလိမ့်မည်။

သို့သော်လည်း သူတို့သည် ကမ္ဘာဦးမျိုးနွယ်များနှင့် ရင်ဆိုင်ရာမှာ အနိုင်ရဖို့ အခွင့်အရေးမရှိပေ။

သူတို့က ဒဏ်ရာအပြင်းအထန် ရရှိသွားမည်ဆိုလျှင် သူတို့အနေဖြင့် ကပ်ဘေးဖြတ်ကျော်ခြင်းမှာ အောင်မြင်ဖို့ မျှော်လင့်ချက် သေချာပေါက်မရှိတော့ပေ။

သူတို့က ဤတိုက်ပွဲမှာ သေဆုံးရမည်ဆိုလျှင် နှစ်ပေါင်းများစွာ သူတို့၏ ကျင့်ကြံမှုက တစ်ခဏချင်းမှာ ဖျက်ဆီးခံရပေလိမ့်မည်။

ဘယ်အရာက ပိုအရေးကြီးသလဲဆိုတာကို ရွေးချယ်ဖို့ လွယ်ကူလေသည်။

တကယ်တော့... ရှေးဟောင်းခေတ်တုန်းကပင်လျှင် ဧကရာဇ်တိုင်းက ကမ္ဘာဦးမျိုးနွယ်များနှင့် စုစည်းတိုက်ခိုက်နိုင်ခဲ့ကြသည် မဟုတ်ပေ။

ထာဝရလူသားဧကရာဇ် ရုတ်တရက်ပေါ်ထွက်လာပြီး သူ၏ အန္တိမတိုက်ခိုက်ရည်ခွန်အားနှင့်အတူ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို တုန်လှုပ်စေခဲ့သောအခါမှသာလျှင် ဧကရာဇ်များက ပေါင်းစည်းလာနိုင်ခဲ့ကြခြင်းဖြစ်၏။

ဒီဘက်မျိုးဆက်မှာ ပုံပြောအဖိုးအိုသည် ထာဝရလူသားဧကရာဇ်၏ ဩဇာတိက္ကမမျိုး မရှိသည်မှာ သိသာလေသည်။

ထိုသို့ဆိုလျှင်တောင် ဤနှစ်အနည်းငယ်အတွင်း ရှေ့သို့ထွက်ရပ်ပြီး လူသားမျိုးနွယ်၏ မျှော်လင့်ချက်ပါးပါးအတွက် တိုက်ခိုက်လိုသည့် လူသားမျိုးနွယ်မှ ဧကရာဇ် ၅ပါးကို သူက စည်းရုံးနိုင်ခဲ့၏။

လူသားမျိုးနွယ်သည် ဒီဘက်မျိုးဆက်မှာ ကမ္ဘာဦးမျိုးနွယ်များနှင့် ဆန့်ကျင်တိုက်ခိုက်မည်ဆိုလျှင် သူတို့သည် အနိုင်ရရှိဖို့ မည်သည့်အခွင့်အရေးမှမရှိဘဲ သေချာပေါက် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ရမည်ဖြစ်ကြောင်း ပုံပြောအဖိုးအိုက ကောင်းကောင်းသိထားလေသည်။ သူက ဧကရာဇ် ၅ပါးကိုသာလျှင် စုစည်းနိုင်ခဲ့လေသည်။

သူတို့ပေါ်ထွက်လာသည့်ခဏမှာပင် သူတို့က ကမ္ဘာဦးမျိုးနွယ်များမှ ဧကရာဇ်များ၏ ဝန်းရံသတ်ဖြတ်ခြင်းကို သေချာပေါက်ခံရပေလိမ့်မည်။

ထို့ကြောင့်ပင်လျှင် ပုံပြောအဖိုးအိုသည် ဧကရာဇ် ၅ပါးအား ဤလျှို့ဝှက်အတတ်ကို သင်ကြားပေးခဲ့ပြီး သူတို့က သန်မာသောရန်သူများကို အတူတကွ ဖိနှိမ်ဖို့အတွက် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကို ဆင့်ခေါ်ခဲ့ခြင်းဖြစ်၏။

နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်ကို ထိန်းချုပ်ရခြင်းက ဧကရာဇ် ၆ပါးအတွက် ကြီးလေးသည့် ဝန်ထုပ်ဝန်ပိုးဖြစ်လေသည်။

ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များကို ယာယီအားဖြင့် ယခုအချိန်ထိ တောင့်ခံတိုက်ခိုက်နေနိုင်ခြင်းက သူတို့၏ အကန့်အသတ်ဖြစ်နေခဲ့လေပြီ။

သူတို့က နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကို အတင်းအကျပ် ဆက်လက်ထိန်းချုပ်ပြီး သူတို့၏ နတ်ဘုရားစွမ်းအားများကို ထုတ်လွှတ်နေမည်ဆိုလျှင် ဧကရာဇ် ၆ပါး၏ အမြုတေစိတ်ဝိညာဥ်များက အရင်စ၍ အက်ကွဲလာပြီး သူတို့က ဒဏ်ရာအပြင်းအထန် ရရှိလာနိုင်လေသည်။

လင်းရွှမ်ကျီသည် သူ၏ လက်နှစ်ဖက်ကို ပွတ်သပ်ပြီး စိုးရိမ်ကြောင့်ကြသည့်ပုံပေါ်နေသော်လည်း သူက ဘာကိုမှ ကူညီမပေးနိုင်ပေ။

ထိုစဥ်မှာပင်.. ဧရာမပုံရိပ်ယောင်တစ်ခု ဆင်းသက်လာပြီး ပဟေဠိနန်းတော်၏ အထက်မှာ ရုတ်ရုတ်သဲသဲအခြေတစ်ရပ်ကို ဖြစ်ပေါ်လာစေ၏။ ၎င်းက လောကကို ငုံ့ကြည့်နေပြီး ၎င်း၏ စွမ်းပကားက နေရာတစ်ခွင်ဖြန့်ကြက်ကာ လောကကို တုန်ခါသွားစေ၏။

ထိုပုံရိပ်ယောင်ကို တွေ့မြင်သောအခါ ပုံပြောအဖိုးအိုနှင့် အခြားဧကရာဇ်များသည် တုန်လှုပ်သွားပြီး စိတ်ခံစားချက်မြင့်မားစွာဖြင့် အော်ဟစ်လုနီးပါးဖြစ်သွား၏။

“ထာဝရလူသားဧကရာဇ်”

“လူသားဧကရာဇ်က လူသားမျိုးနွယ်ရဲ့ အန္တရာယ်ကို အာရုံခံမိသွားပြီး သက်ရှိအားလုံးကို ကယ်တင်ဖို့အတွက် သူ့ရဲ့ အင်မော်တယ်လမ်းကြောင်းကို ထုတ်ဖော်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကို ဆင်းသက်လာတာများလား”

“အဲ့လိုပဲ ဖြစ်ရမယ်... လူသားမျိုးနွယ်က ကယ်တင်ခံရတော့မယ်”

ဧကရာဇ်များသည် စိတ်ခံစားချက် မြင့်မားစွာဖြင့် လေထဲသို့ ပျံတက်လိုက်ကြ၏။

“တစ်ခုခုတော့လွဲနေပြီ”

ထိုစဥ်မှာပင် ပုံပြောအဖိုးအိုက တဖြည်းဖြည်း တည်ငြိမ်လာပြီး သူ၏ ခေါင်းကို ခါယမ်းပြလိုက်၏။

“အဲ့ဒါက တကယ်ပဲ... ထာဝရလူသားဧကရာဇ်ရဲ့ ပုံရိပ်ယောင်ပဲ... ဒါပေမဲ့ အဲ့ဒါက သူနဲ့ဘာမှမပတ်သက်တဲ့ပုံပဲ”

“အဲ့ဒါက လူသားဧကရာဇ်နဲ့ ဘာလို့မပတ်သက်ရမှာလဲ”

ဧကရာဇ်တစ်ပါးက အော်ပြောလိုက်၏။

“အဲ့ဒီပုံရိပ်ယောင်ကနေ ထုတ်ဖော်လိုက်တဲ့အော်ရာက ထာဝရလူသားဧကရာဇ်ရဲ့ အော်ရာဆိုတာ ငါအာရုံခံနိုင်တယ်”

“လူသားဧကရာဇ်ကလွဲရင် တခြားဘယ်သူကများ အဲ့လိုမျိုး အတိအကျတူတဲ့အော်ရာကို ထုတ်ဖော်နိုင်မှာလဲ... လူသားဧကရာဇ်ကလွဲရင် တခြားဘယ်သူကများ အဲ့လိုမျိုးစွမ်းအားနဲ့ အသွင်အပြင်ကို တုပနိုင်မှာလဲ”

အခြားသောဧကရာဇ်များကလည်း ခေါင်းညိတ်လိုက်ကြ၏။

“တစ်ခုခုတော့ လွဲနေတုန်းပဲ”

ပုံပြောအဖိုးအိုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူ၏ ခေါင်းကို ခါယမ်းပြလိုက်၏။

“အဲ့ဒိပုံရိပ်ယောင်ကနေ ထုတ်ဖော်လိုက်တဲ့အော်ရာက ထာဝရလူသားဧကရာဇ်နဲ့ အတိအကျတူညီတယ်... ဒါပေမဲ့ အဲ့ဒီမှာ လူသားဧကရာဇ်ရဲ့ တာအိုနဲ့ ဓမ္မနည်းစနစ်တွေမရှိတဲ့ပုံပဲ”

“နောက်ပြီး... လူသားဧကရာဇ်က တကယ်ပေါ်ထွက်လာမယ်ဆိုရင်... သူက ကမ္ဘာဦးမျိုးနွယ်တွေကို ဖိနှိမ်လိုက်တာကြာပြီပေါ့... သူက ဘာလို့ အဲ့နေရာမှာ မလှုပ်မယှက်ရပ်နေမှာလဲ”

ဧကရာဇ်များကလည်း မျက်မှောင်ကြုတ်လိုက်ကြ၏။

လူသားဧကရာဇ်၏ ပုံရိပ်ယောင်က မနှိုင်းယှဥ်သာအောင် စွမ်းအားကြီးမားသော အော်ရာတစ်ခုနှင့်အတူ ဆင်းသက်လာပြီး မျိုးနွယ်စုတစ်သောင်းကို တုန်လှုပ်စေခဲ့သော်လည်း သူကတစ်ချိန်လုံးမှာ တိုက်ခိုက်လာခြင်းမရှိပေ။

အဲ့ဒါက တကယ့်ကိုထူးဆန်းလေသည်။

“ဒါပေမဲ့... အဲ့ဒါက လူသားဧကရာဇ်ရဲ့ နည်းလမ်းမဟုတ်ဘူးဆိုရင် ဘယ်သူကများ လူသားဧကရာဇ်ရဲ့ ပုံရိပ်ယောင်ကို ဆင့်ခေါ်နိုင်မှာလဲ... နောက်ပြီး အဲ့ဒါက အရမ်းကိုအစစ်အမှန်ဆန်ပြီး သူ့ရဲ့အော်ရာကတောင် အတိအကျတူညီနေတယ်”

ဧကရာဇ်တစ်ပါးက မေးလိုက်၏။

ပုံပြောအဖိုးအိုက ခဏမျှစဥ်းစားတွေးတောလိုက်လေသည်။

“အဲ့ဒီမှာ အဲ့လိုမျိုးမြင်ကွင်းမျိုးကို တကယ်ပဲ ဖြစ်စေနိုင်တဲ့ ရတနာတစ်ခုရှိတယ်... ရှေးဟောင်းခေတ်ကတည်းက လူသားဧကရာဇ်ရဲ့ နန်းတော်က ၈ ကြိမ်ပေါ်လာတယ်... ဒီဘက်မျိုးဆက်မှာ ပေါ်ထွက်လာခဲ့တဲ့... ၈ကြိမ်မြောက်မှာ အထီးကျန်သိုင်းသခင်နဲ့ မိစ္ဆာဂိုဏ်းတွေရဲ့ စင်ကြယ်အပျိုစင် ကျိယောင်ယန်က အရိုက်အရာဆက်ခံသူတွေ ဖြစ်ခဲ့ကြတယ်”

“လွန်ခဲ့တဲ့နှစ်လေးသောင်းက ခုနှစ်ကြိမ်​မြောက်အဖြစ် လူသားဧကရာဇ်နန်းတော်ဆင်းသက်လာတုန်းက ရတနာတစ်ခုကို အမွေပေးခဲ့တယ်... အဲ့ဒါက လူသားဧကရာဇ်ရဲ့ ကြေးမုံပဲ”

All Chapters