← Chapters

ဧကရာဇ်များ၏ တိုက်ပွဲ

Vol. 109 Ch. 1628

ဧကရာဇ်များ၏ တိုက်ပွဲ

Vol. 109 Ch. 1628

ပဟေဠိနန်းတော်အထက် ကောင်းကင်တွင်..။

နတ်ဘုရားမျိုးနွယ်၏ ဧကရာဇ် ဆင်းသက်လာသောအခါ မျိုးနွယ်စုတစ်သောင်းက ဦးညွှတ်သွားရလေသည်။

ကျင့်ကြံသူများစွာက မျှော်လင့်ချက်ပျက်သုဥ်းသွားကြ၏။

ပဟေဠိနန်းတော်သည် ဤကဲ့သို့ ကြီးမားသည့် ရုတ်ရုတ်သဲသဲ အခြေအနေတစ်ရပ်ကို ဖြစ်စေခဲ့ပြီဖြစ်ပြီး ရှေးဟောင်းတိုက်ပွဲမြေမှ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပင် ပေါ်ထွက်လာခဲ့၏။ လူသားဧကရာဇ်၏ ပုံရိပ်ယောင်ပင် ထွက်ပေါ်လာခဲ့၏။ သို့သော်လည်း အဲ့ဒါသည် နတ်ဘုရားမျိုးနွယ် ဧကရာဇ်၏ အညှာအတာမဲ့စွာ ချေမွဖျက်ဆီးခြင်းကို ခံလိုက်ရ၏။

လူသားမျိုးနွယ်က နောက်ဆုံးမှာ ဒီဘက်မျိုးဆက်တွင် ကမ္ဘာဦးမျိုးနွယ် ၆စု၏ ဖိနှိမ်ခြင်းကို ခံရတော့မှာလား။

လူသားမျိုးနွယ်သည် ကမ္ဘာဦးခေတ်တုန်းက မျိုးနွယ်တိုင်း၏ အစာအဖြစ် ကျွန်ပြုခြင်းခံခဲ့ရသည့် ဝမ်းနည်းချောက်ချားစရာကောင်းသော အချိန်ကာလများကို ပြန်လည်ရောက်ရှိသွားတော့မှာလား။

“နှုတ်ဆက်ပါတယ်... ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်”

နတ်ဘုရားမျိုးနွယ် ပညာရှင်များစွာက အော်ဟစ်နှုတ်ဆက်လိုက်ကြ၏။

ဟစ်ကြွေးလောက နတ်ဘုရားဧကရာဇ်သည် မိုးကောင်းကင်ထက်ကနေ တစ်လှမ်းချင်းဖြည်းဖြည်းချင်းလျှောက်လှမ်းလာ၏။

သို့သော်လည်း မည်သူကမှ စိတ်မရှည်နိုင်သော အမူအရာများကို ပြသရဲခြင်းမရှိပေ။

“ဟမ့်...”

သူက အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။

“မင်းတို့တွေက... တော်တော်စွမ်းကြတာပဲ... မင်းတို့တွေအားလုံးက ဒီလိုမျိုး ဆိုးဆိုးဝါးဝါး အခြေအနေထိရောက်သွားပြီး လူသားမျိုးနွယ်က ပုရွက်ဆိတ်တစ်အုပ်စုကိုတောင် မဖိနှိမ်နိုင်တော့ဘူးဆိုတော့...”

“ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်”

နတ်ဘုရားကလန်ခေါင်းဆောင် မွေးနီတစ္ဆေကို လက်ညိုးထိုးပြလိုက်၏။

“အဲ့ဒါ... ကျုပ်တို့က အသုံးမကျလို့ မဟုတ်ဘူး... အဲ့ဒါ နဂါးမျိုးနွယ်က ဝင်ရောက်လာပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်ခဲ့လို့ပဲ.. မဟုတ်ရင် ကျုပ်တို့က အဲ့ဒီလူသားတွေကို ဖိနှိမ်ပြီးသွားတာ ကြာနေလောက်ပြီ”

“နဂါးမျိုးနွယ်လား”

ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်၏ အကြည့်က မွေးနီတစ္ဆေ ရှိရာသို့ ရွေ့လျားသွားပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“နဂါးမျိုးနွယ်က ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ စစ်ပွဲဆင်နွဲဖို့ ဆုံးဖြတ်လိုက်ပြီဆိုမှတော့... ရတယ်လေ... ဒီနေ့ ငါက မင်းတို့နဂါးမျိုးနွယ်ကို အရင်ဆုံးဖျက်ဆီးပစ်မယ်”

မွေးနီတစ္ဆေက လှောင်ပြောင်သရော်လိုသော အမူအရာနှင့်အတူ သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

“ဒါက... မျိုးနွယ်စုတစ်သောင်း စုဝေးပွဲတစ်ခုပဲကို.. အဲ့ဒါက ဧကရာဇ်တွေကိုတောင် ပေါ်ထွက်လာစေပြီလား... ကမ္ဘာဦးမျိုးနွယ်ခြောက်စု.. ဒီနားဝန်းကျင်မှာ ခင်ဗျားတို့ ဧကရာဇ်ဘယ်လောက်များများရှိနေသေးလဲ... ခင်ဗျားတို့ ဘာလို့တစ်ခါတည်း ထွက်မလာကြတာလဲ”

“ငါဒီကို ရောက်နေပြီဆိုမှတော့... ကမ္ဘာဦးမျိုးနွယ် ၆စုက တခြားဧကရာဇ်တွေက ပေါ်ထွက်လာစရာ မလိုတော့ဘူး”

ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်က မှင်သေသေဖြင့် ပြောလိုက်၏။

“ငါတစ်ယောက်တည်းက... လူသားမျိုးနွယ်က ဧကရာဇ်တွေအားလုံးကို ရှင်းလင်းပစ်ဖို့ လုံလောက်တယ်... ငါရှေ့ကိုထွက်လာရဲတဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်မယ်”

ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်၏ လေသံက သိပ်သည်းပြင်းထန်သော ယုံကြည်မှုဖြင့်ပြည့်နှက်နေပြီး သူက ဝံ့ကြွားစွာဖြင့် ထုတ်ဖော်ကြေညာလိုက်၏။

“ဒီနေ့... လူသားမျိုးနွယ်ရဲ့ အထွတ်အမြန်ကုန်းမြေ ပဟေဠိနန်းတော်တောင်မှ ငါ့ထံမှာ အညံ့ခံရလိမ့်မယ်”

ပဟေဠိနန်းတော်တစ်ဝန်းမှာ သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွား၏။

မည်သူကမှ ခွန်းတုံ့ပြန်ရဲခြင်း သို့မဟုတ် သူ့ကို မေးခွန်းထုတ်ရဲခြင်း မရှိပေ။

နတ်ဘုရားမျိုးနွယ်မှာ သေချာပေါက် ဧကရာဇ်တစ်ပါးထက်ပိုရှိလေသည်။ ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်သည် နတ်ဘုရားမျိုးနွယ်မှာ အသန်မာဆုံး ဧကရာဇ်လည်း မဟုတ်ပေ။

ထိုသို့ဆိုလျှင်တောင် သူ၏ တိုက်ခိုက်ရည်ခွန်အားသည် လူသားမျိုးနွယ်မှ ဧကရာဇ်များအားလုံးကို ဖိနှိမ်ဖို့ လုံလောက်ပြီး မည်သည်ကမှ သူ့ကိုမဆန့်ကျင်နိုင်ကြပေ။ ကျင့်ကြံသူများစွာသည် ငေးငိုင်နေသော အမူအရာများနှင့်အတူ သူတို့၏ ခေါင်းများကို ငုံ့ထားကြ၏။ ဤနေ့မှစ၍ လူသားမျိုးနွယ်သည် ကမ္ဘာဦးခေတ်၏ ချောက်ချားစရာကောင်းသော အချိန်ကာလများသို့ ပြန်လည်ရောက်ရှိသွားတော့မည်ဖြစ်ကြောင်း သူတို့၏ ရင်ထဲမှာ သိရှိလိုက်ကြ၏။

လူသားမျိုးနွယ်၏ ရလဒ်သည် ရှေးဟောင်းခေတ်စစ်ပွဲကြောင့် ပို၍ပင်ဆိုးရွားလာဖို့ ဖြစ်နိုင်ချေများလေသည်။

“ဘယ်လောက်တောင်မောက်မာလိုက်သလဲ”

ထိုစဥ်မှာပင်... အိုမင်းသောအသံတစ်သံက ထွက်ပေါ်လာ၏။ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက တုန်လှုပ်သွားကြ၏။

တစ်စုံတစ်ယောက်သည် ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်၏ အင်အားကြီးမားသော စွမ်းပကားနှင့်ရင်ဆိုင်နေရချိန်မှာ ထိုကဲ့သို့သော တစ်စုံတစ်ရာကို ပြောဆိုရဲသည်လား။ ဘယ်သူက ထိုသို့ပြောဖို့ အဆင့်မီတာလဲ။

ဒီဘက်မျိုးဆက် လူသားမျိုးနွယ်၏ ဂမ္ဘီရဧကရာဇ်ပင်လျှင် ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်ကို ဤကဲ့သို့သောလေသံဖြင့် ပြောဆိုရဲချင်မှ ပြောဆိုရဲပေလိမ့်မည်။

“ဟမ့်...”

ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်၏ အကြည့်က သိပ်သည်းကျစ်လျစ်သွားပြီး သူက အေးစက်စွာပြောလိုက်၏။

“အဲ့ဒီစကားကို ဘယ်သူပြောတာလဲ... မင်းရဲ့အခေါင်းထဲကနေ ထွက်လာခဲ့စမ်း”

ဘုန်း... ဘုန်း.. ဘုန်း...

ရုတ်တရက်ကျယ်လောင်သော ပေါက်ကွဲသံက ကောင်းကင်ဖြန့်ကြက်တောင်ကြောရိုးတစ်ခုလုံးကို လှုပ်ခါသွားစေ၏။ မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် သူတို့ကိုယ်သူတို့ တည်ငြိမ်အောင်ထိန်းမထားနိုင်တော့ဘဲ သူတို့၏ ခန္ဓာကိုယ်များက ယိမ်းထိုးလာကြ၏။

ကောင်းကင်ဖြန့်ကြက်တောင်ကြောရိုး၏ မြေပြင်တစ်နေရာကနေ ဧရာမအက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာပြီး ကြောက်စရာကောင်း၍ ရှေးကျသော အော်ရာတစ်ခု ဖြာထွက်လာ၏။

ထို့နောက်ချက်ချင်း... လူတိုင်း၏ ရှေ့မှောက်မှာပင် ဧရာမနတ်နဂါးတစ်ကောင်းသည် ကောင်းကင်ဖြန့်ကြက်တောင်ကြောရိုးအောက်ခြေကနေ တိုးထွက်လာခဲ့၏။

ပေပေါင်းထောင်ချီရှည်လျားသော သူ၏ ခန္ဓာကိုယ်ကို လှုပ်ခါပြီး မရေမတွက်နိုင်သော ကျောက်ခဲများက လိမ့်ဆင်းလာကာ ဖုန်များက တထောင်းထောင်းထသွား၏။

နတ်နဂါးသည် ပဟေဠိနန်းတော်ထက်မှာ ရစ်ဝဲ၍ ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်၏ အော်ရာကိုပင် ဖိနှိမ်နိုင်ကောင်း ဖိနှိမ်နိုင်မည့် အန္တိမ နတ်ဘုရာစွမ်းပကားတစ်ခုကို ထုတ်ဖော်လိုက်လေသည်။

နဂါးမျိုးနွယ်၏ ဧကရာဇ်တစ်ပါး...။

“ဒါက...”

နဂါးများက မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးကျယ်သွားကြ၏။

ပဟေဠိနန်းတော်အောက်မှာ ဤကဲ့သို့ကြောက်စရာကောင်းသော နတ်နဂါးတစ်ကောင် အိပ်မောကျနေသည်ကို သူတို့ပင်လျှင် မသိရှိကြပေ။

ဖက်တီးလေး ၊ နတ်ဆိုးမကျိနှင့် အခြားသူများကတော့ အဲ့ဒါကို သိရှိထားကြလေသည်။ အရင်သူတို့ ပဟေဠိနန်းတော်အပြင်ဘက်မှာ တိုက်ခိုက်ခဲ့စဥ်က ဤနဂါးအိုကြီးက တစ်ခါပေါ်ထွက်လာခဲ့ဖူး၏။

သို့သော်လည်း ဤနတ်နဂါးသည် အနည်းငယ်အိုမင်း၍ အချိန်ကာလအလွန်ကြာညောင်းစွာ နေထိုင်လာခဲ့သည့်ပုံပင်။ သူ၏ မုတ်ဆိတ်များက ဖြူဆွတ်နေသော်လည်း သူ၏ မျက်လုံးများက နတ်ဘုရားဆန်ဆန် အလင်းတစ်ခုနှင့်အတူ ဝင်းလက်တောက်ပနေဆဲဖြစ်၏။

“ခင်ဗျားဘယ်သူလဲ”

ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်က မျက်မှောင်ကြုတ်၍ အော်ငေါက်လိုက်လေသည်။

နဂါးမျိုးနွယ်၏ ဘဝသက်တမ်းက နတ်ဘုရားမျိုးနွယ်ထက် ပို၍ ရှည်ကြာလေသည်။

ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်၏ အတွေ့အကြုံနှင့်ပင်လျှင် သူက ဤနဂါးအိုကြီးကို မမှတ်မိနိုင်ပေ။

“ငါဘယ်သူလဲဆိုတာ... မင်းသိစရာ မလိုဘူး”

နဂါးအိုကြီးက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မင်းတို့တွေအားလုံး သိထားဖို့က ပဟေဠိနန်းတော်မှာ ငါရှိနေသရွေ့ မင်းတို့တွေက ပဟေဠိနန်း​တော်ကို ဖျက်ဆီးဖို့နေ​နေသာ နာနာခံခံနဲ့ နေကြရလိမ့်မယ်”

နဂါးအိုကြီး၏ လေသံက တည်ငြိမ်သော်လည်း သူ၏ စကားလုံးများက ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်ထက်ပင် ပို၍စီးပိုးခြယ်လှယ်မှုရှိလေသည်။

“အဖိုးကြီး... ခင်ဗျားရဲ့သွေးချီက အားနည်းနေပြီ... ခင်ဗျားမှာ ဘဝသက်တမ်းဘယ်လောက်များများ ကျန်ဦးမှာမို့လဲ”

ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်က လှောင်ရယ်လိုက်၏။

“ခင်ဗျားရဲ့မြေတွင်းထဲကို ပြန်သွားပြီး အေးအေးဆေးဆေးအိပ်နေဖို့ အကြံပေးလိုက်မယ်... နေရာတကာဝင်မပါချင်နဲ့ မဟုတ်ရင် ခင်ဗျားရဲ့ ရင့်ရော်နေတဲ့အရိုးတွေကို တစ်ချောင်းချင်းဆွဲထုတ်ပစ်မယ်”

“ဟီးဟီး...”

နဂါးအိုကြီးကလည်း ရယ်မောလိုက်၏။

“အဲ့ဒါက နတ်ဘုရားမျိုးနွယ်က မင်းတို့ရဲ့... ကောင်းကင်ဘုံ နတ်ဘုရားဧကရာဇ်ဆိုရင်တော့ ငါ့ကိုအဲ့လိုပြောဖို့ အဆင့်မီကောင်းမီလိမ့်မယ်... ကောင်လေး မင်းကတော့ အဲ့ဒီအဆင့်ကိုရောက်ဖို့ အဝေးကြီးလိုသေးတယ်”

ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်၏ မျက်နှာက ညိုမည်းသွားလေသည်။

ဧကရာဇ်တစ်ပါးအနေဖြင့် လူတိုင်း၏ ရှေ့မှောက်မှာ သူ့ကို ကောင်လေးဟုခေါ်ဆိုလိုက်ခြင်းက သူ့ကိုအရှက်ခွဲစော်ကားလိုက်ခြင်း ဖြစ်လေသည်။

“အဖိုးကြီး...”

သူက ဖြည်းဖြည်ချင်း ပြောလိုက်၏။

“ခင်ဗျားစကားကို ဆင်ခြင်ပြော... နဂါးတစ်ကောင်ကို ကိုယ်တိုင်သတ်ရအောင် ကျုပ်ကိုဖိအားလာမပေးနဲ့”

“အဲ့လိုလား”

နဂါးအိုကြီးက ညင်သာစွာ သက်ပြင်းချလိုက်၏။

“ငါ့ကို အဲ့လိုမျိုးလေသံနဲ့ ဘယ်သူမှမပြောရဲတော့တာ... နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီ”

သူ့စကားမဆုံးသေးခင်မှာပင် နဂါးအိုကြီးက ပေပေါင်းထောင်ချီရှည်လျားသော သူ၏ ခန္ဓာကိုယ်ကို ယိမ်းနွဲ့လှုပ်ရှားပြီး ရုတ်တရက် အောက်သို့ထိုးဆင်းလိုက်၏။

မနှိုင်းယှဥ်သာအောင် ကြောက်စရာကောင်းသောအော်ရာတစ်ခုက ဖြန့်ကြက်သွားပြီး ကြီးမားသောအရိပ်တစ်ခုက ဆင်းသက်လာကာ ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်၏ အမူအရာကို ပြောင်းလဲသွားစေ၏။

သူသည် မဆင်မခြင်ပြုမူရဲခြင်းမရှိဘဲ သူ၏ သွေးချီကို အလောတကြီး လှည့်ပတ်လိုက်၏။ သူက မြေပြင်ကိုခြေတစ်ချက်ဆောင့်ပြီး အပေါ်သို့ခုန်တက်ကာ နဂါးအိုကြီးဆီသို့ ပစ်ဝင်သွားလေသည်။

ဘုန်း...

ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်နှင့် နဂါးအိုကြီးသည် ကျယ်လောင်သောမြည်သံနှင့်အတူ ထိပ်တိုက်ရင်ဆိုင်လိုက်ကြ၏။ ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားလေသည်။ မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် တိုက်ပွဲနယ်မြေကနေ အလောတကြီးနောက်သို့ အဆက်မပြတ် ဆုတ်ခွာလိုက်ကြ၏။

ဧကရာဇ်နှစ်ပါးကနေ ထုတ်ဖော်လိုက်သောစွမ်းအား၏ တုန်ခါလှိုင်းသည် သက်ရှိများအားလုံးကို စိစိညက်ညက်ကြေသွားစေဖို့ လုံလောက်လေသည်။ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များပင်လျှင် သူတို့၏ တိုက်ခိုက်မှုစက်ဝန်းကနေ ရှောင်တိမ်းရပေလိမ့်မည်။

အဲ့ဒီနောက် အားလုံး၏ အကြည့်အောက်မှာ ပုံရိပ်တစ်ခုက မြေပြင်ပေါ်သို့ ​ပစ်ကျသွားပြီး ဖုန်များနှင့် သဲများက တထောင်းထောင်းထကာ ကြီးမားသော တွင်းချိုင့်တစ်ခုကို ဖြစ်ပေါ်သွားစေ၏။

ထိုထိပ်တိုက်ရင်ဆိုင်ခြင်းမှာ အရေးနိမ့်သွားရသူက ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်ဖြစ်လေသည်။

“ငါတို့ နဂါးမျိုးနွယ်မှာ ဒီလောက်ထိစွမ်းအားကြီးမားတဲ့ ဧကရာဇ်တစ်ပါးရှိနေတယ်ဆိုတော့...”

ဘိုးဘေးနဂါးတစ်ကောင်က ညင်သာစွာပြောလိုက်၏။

“အဲ့ဒီနဂါးအိုကြီးရှိတာကို အရင်တုန်းက ဘာလို့ ငါတို့မကြားဖူးရတာလဲ”

“အဲ့ဒီနဂါးအိုကြီးက မင်းအဖိုးထက်တောင်မှာ အသက်ပိုကြီးလောက်တယ်”

မွေးနီတစ္ဆေက ခဏမျှစဥ်းစားတွေးတောလိုက်၏။

“သူက ငါတို့နဂါးမျိုးနွယ်က ချန်နဂါးဧကရာဇ်နဲ့မျိုးဆက်တူတဲ့ ပညာရှင်တစ်ယောက်ဖြစ်မယ်လို့ငါထင်တယ်”

နဂါးများက ထိတ်လန့်သွားကြ၏။ ချန်နဂါးဧကရာဇ်သည် ရှေးဟောင်းနာမည်တစ်ခုဖြစ်ပြီး နဂါးများစွာပင်လျှင် သိရှိမထားသော စွမ်းအားကြီးမားသည့် တည်ရှိမှုတစ်ခုဖြစ်လေသည်။

သို့သော်လည်း ချန်နဂါးဧကရာဇ်သည် ဒီဘက်မျိုးဆက်၏ နဂါးမျိုးနွယ်မှ အသန်မာဆုံး ဧကရာဇ်ဖြစ်သည်ကို ဘိုးဘေးနဂါးများစွာက သိရှိထားကြ၏။ နတ်ဘုရားမျိုးနွယ်မှ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ် ၊ ရွှေကျီးကန်မျိုးနွယ်မှ ရွှေကျီးကန်းမီးဧကရာဇ်နှင့် စုန်းမျိုးနွယ်မှ ငရဲစုန်းဧကရာဇ်တို့သည် ဒီဘက်မျိုးဆက်၏ အသန်မာဆုံး ဧကရာဇ်များဖြစ်ကြ၏။ သို့သော်လည်း ချန်နဂါးဧကရာဇ်သည် သူတို့သုံးယောက်နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်သော တည်ရှိမှုတစ်ခုဖြစ်လေသည်။

All Chapters