← Chapters

မျိုးနွယ်စုတစ်သောင်းက အတူယှဥ်တွဲနေထိုင်ရမည်

Vol. 109 Ch. 1629

မျိုးနွယ်စုတစ်သောင်းက အတူယှဥ်တွဲနေထိုင်ရမည်

Vol. 109 Ch. 1629

ဘုန်း..

လူပုံသဏ္ဌာန်တွင်းချိုင့်တစ်ခုက ပေါက်ကွဲထွက်သွားပြီး ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်က ရုန်းထွက်လာခဲ့၏။ သူသည် သူ၏ မျိုးဆက်သွေးနယ်မြေကို လှည့်ပတ်ပြီး ဧရာမပိရမစ်တစ်ခုကို ဖန်တီးကာ နဂါးအိုကြီးရှိရာသို့ ပြေးဝင်သွားလေသည်။

ဘန်း...

နဂါးအိုကြီးက နဂါးကြေးခွံများဖြင့် ပြည့်နှက်နေသော သူ၏ တုတ်ခိုင်လှသော နဂါးအမြီးကို လွှဲယမ်းပြီး ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်၏ မျိုးဆက်သွေးနယ်မြေကို ပြင်းထန်စွာပစ်ရိုက်ကာ ၎င်းကို ကြေမွသွားစေ၏။

ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်က ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ နှုတ်ခမ်းထောင့်ကနေ သွေးများက စီးကျလာ၏။

ရွှစ်...

နဂါးအိုကြီး၏ လက်သည်းများက ဆင်းသက်လာပြီး ၎င်း၏ ထက်ရှသော လက်သည်းချွန်များသည် လေဟာနယ်ကနေတစ်ဆင့် ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်၏ ဦးခေါင်းကို ဖမ်းဆွဲလိုက်လေသည်။

ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်၏ လက်ချောင်းပေါ်မှာ နတ်ဘုရားဆန်ဆန် အလင်းတစ်ခုက တောက်ပသွားပြီး ဧရာမရွှေရောင်ဒိုင်းကာတစ်ခုက သူ၏ သိုလှောင်အိတ်ထဲကနေ ပျံသန်းထွက်ပေါ်လာ၏။

ရွှမ်း...

ဖျတ်ခနဲဆို ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်သည် သူ၏ နတ်ဘုရားစွမ်းအားကို လှည့်ပတ်ပြီး ဧရာမရွှေရောင်ဒိုင်းကာ၏ စွမ်းအားကို နှိုးဆွကာ သူ၏ ဦးခေါင်းထက်သို့ နတ်ဘုရားဆန်ဆန် အလင်းများကို ပစ်လွင့်ထွက်ပေါ်လာစေ၏။

နဂါးလက်သည်းများနှင့် ဧရာမရွှေရောင်ဒိုင်းကာက သတ္တုချင်းထိခတ်သံနှင့်အတူ ရိုက်ခတ်သွားလေသည်။

ဇီ... ဇီ...

နဂါးအိုကြီး၏ ထက်ရှသောလက်သည်းချွန်များက ဧရာမရွှေရောင်ဒိုင်းကာကို ကုတ်ခြစ်ပြီး ရွှေရောင်ဒဏ်ချက်များနှင့် စူးရှလွန်းသောအသံများကို ထွက်ပေါ်လာစေ၏။

မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် ထိုအသံကို ကြားရသောအခါ အလွန်တရာနာကျင်သော အမူအရာများထွက်ပေါ်လာပြီး သူတို့၏ နားနှစ်ဖက်ကို လက်များဖြင့် အုပ်ကိုင်လိုက်ကြ၏။

ထိုစဥ်မှာပင် နဂါးအိုကြီးက သူ၏ ခေါင်းကို မော့ကာ ဟိန်းဟောက်လိုက်၏။

“ဂါး...”

နဂါးဟိန်းဟောက်သံက အလွန်တရာအိုမင်းသော်လည်း ၎င်းတွင် အလွန်တရာကြောက်စရာကောင်းသော အသံပိုင်းစွမ်းအားတစ်ခုပါဝင်ပြီး အဆက်မပြတ် ပဲ့တင်ထပ် မြည်ဟည်းသွားလေသည်။

ကံကောင်းထောက်မစွာဖြင့် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် သူတို့၏ နားများကို ကြိုတင်ပိတ်ဆို့ထားခဲ့ကြ၏။ မဟုတ်ပါက... ထိုနဂါးဟိန်းဟောက်သံက သူတို့ထဲမှ များစွာကို ဒဏ်ရာရရှိစေပေလိမ့်မည်။

ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ နားထဲမှာ မခံမရပ်နိုင်သော နာကျင်မှုတစ်ရပ်ကို ခံစားရကာ သွေးများက စီးထွက်လာ၏။

သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားသွေးက တလိပ်လိပ်တက်လာပြီး နာကျင်မှုကို အလျင်အမြန်ဖိနှိမ်ကာ သွေးထွက်နေခြင်းက ရပ်တန့်သွား၏။

“သတ်...”

သူသည် ရွှေဓားတစ်လက်ကိုဆင့်ခေါ်ပြီး သာမန်ကာလျှံကာ ခုတ်ပိုင်းချလိုက်ရာ ထိုခုတ်ချက်က နဂါးအိုကြီး၏ လည်ပင်းထံသို့ ခုတ်ပိုင်းကျဆင်းလာပြီး အလွန်တရာ ကြောက်စရာကောင်းသည့် နတ်ဘုရားစွမ်းအားတစ်ခုကို ထွက်ပေါ်လာစေ၏။

နဂါးအိုကြီး၏ ခန္ဓာကိုယ်က ပေပေါင်းများစွာ ရှည်လျားပြီး ကြောက်စရာကောင်းသည့်ခွန်အားကို ပိုင်ဆိုင်ထားလေသည်။

သို့သော်လည်း သူ၏ ကြီးမားသော ကိုယ်ကာယအရ သူက ပေါ့ပါးဖျတ်လတ်မှု သေချာပေါက်ရှိလိမ့်မည် မဟုတ်ပေ။

နဂါးအိုကြီးအနေဖြင့် ထိုခုတ်ချက်ကို လုံးဝရှောင်တိမ်းနိုင်ဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။

နဂါးအိုကြီး၏ အမူအရာက တည်ငြိမ်နေပြီး သူ၏ နဂါးဦးခေါင်းကို လွှဲယမ်းလိုက်လေသည်။ ၎င်း၏ ဦးခေါင်းပေါ်ရှိ နဂါးဦးချိုတစ်စုံက ရွှေဓားကို ပိတ်ဆို့တားဆီးလိုက်လေသည်။

ချွမ်း...

ရွှေဓားက နဂါးဦးချိုပေါ်သို့ ဆင်းသက်သွားပြီး အဲ့ဒါကို လှီးဖြတ်ရမည့်အစား ပြန်ကန်ထွက်သွားလေသည်။ ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်၏ လက်ဖဝါးက စုတ်ပြဲသွားပြီး လတ်ဆတ်သောသွေးများက တစ်စက်စက်စီးကျလာ၏။ သူက ရွှေဓားကို ဆုပ်မကိုင်နိုင်တော့ဘဲ အဲ့ဒါက သူ၏ လက်ထဲကနေ စင်ထွက်သွား၏။

နဂါးအိုကြီးမျက်လုံးထဲကနေ နတ်ဘုရားဆန်ဆန်အလင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး အဲ့ဒါက ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်ထံသို့ ပစ်ဝင်သွားလေသည်။

စက္ခုနည်းစနစ်...။

နဂါးအိုကြီးက အဲ့ဒါကို ထုတ်ဖော်လိုက်သောအခါ ထိုစက္ခုနည်းစနစ်မှာ စွမ်းအားကြီးမားသော နတ်ဘုရာစွမ်းအား တစ်ခုပါဝင်နေပြီး လေထုကိုဆုတ်ဖြဲ၍ ချက်ချင်းပင်ရောက်ရှိလာ၏။

နတ်ဘုရားမျက်လုံး... ။

ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်၏ တုံ့ပြန်မှုက အလွန်တရာ မြန်ဆန်ပြီး သူ၏ မျက်လုံးထဲကနေ ရွှေရောင်အလင်းတန်းနှစ်ခု ပစ်လွင့်ထွက်ပေါ်ကာ နဂါးအိုကြီး၏ စက္ခုနည်းစနစ်နှင့် ထိတွေ့ရိုက်ခတ်လိုက်လေသည်။

စက္ခုနည်းစနစ်နှစ်ခု ထိတွေ့ရိုက်ခတ်သွားပြီး လေထဲမှာ ကျိန်းစပ်နေသော အရောင်အဝါတစ်ခုထွက်ပေါ်လာပြီး အဘက်ဘက်သို့ ဖြန့်ကြက်သွား၏။ ထိုအရောင်အဝါက တိုက်ပွဲနယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်၏ ပုံရိပ်ကို ဖုံးအုပ်လုနီးပါးဖြစ်သွားစေ၏။

နဂါးအိုကြိး၏ ခန္ဓာကိုယ်တစ်ပိုင်းပင်လျှင် လှပသော ထိုအလင်းရောင်ထဲမှာ လှုပ်ရှားနေသည်ကို ခပ်ရေးရေးမြင်နိုင်လေသည်။

ဘန်း...

ဧကရာဇ်နှစ်ပါးထိတွေ့ရိုက်ခတ်သောအသံများက ထပ်တလဲလဲ ထွက်ပေါ်လာပြီး သူတို့၏ ခွန်အားကြောင့် လေဟာနယ်က စကာပေါက်ဖြစ်သွား၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် စိတ်လှုပ်ရှားသွားကြလေသည်။ ကျင့်ကြံသူအချို့သည် သူတို့၏ ဘဝတစ်လျှောက်မှာ ဧကရာဇ်များကြား တိုက်ပွဲတစ်ပွဲကို တွေ့မြင်ရချင်မှ တွေ့မြင်ရပေလိမ့်မည်။

ဘန်း...

သိပ်မကြာခင် အလင်းရောင်းများကြားကနေ ပုံရိပ်တစ်ခုပစ်လွင့်ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ နောက်တစ်ဖန် ပစ်ကျသွား၏။ အဲ့ဒါက ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်ဖြစ်လေသည်။

ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်သည် ပဟေဠိနန်းတော်မှ နဂါးအိုကြီး၏ နောက်တစ်ဖန်ဖိနှိမ်ခြင်းကို ခံလိုက်ရ၏။

ဤတစ်ခေါက်မှာတော့ ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်သည် မတ်တတ်ထရပ်လိုက်သောအခါ သူက ဆိုးဆိုးဝါးဝါးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပြီး သူက မောဟိုက်၍ ဒဏ်ရာများဖြင့် ပြည့်နှက်နေ၏။

စောစောက ပဟေဠိနန်းတော်သို့ ရောက်ရှိလာစဥ်တုန်းကလို မောက်မာမှုနှင့် အထင်အမြင်သေးမှုတို့ မရှိတော့ဘဲ ဧကရာဇ်တစ်ပါး၏ ပြိုင်စံရှားဂုဏ်ကျက်သရေလည်း သူ့မှာ မရှိတော့ပေ။

“နဂါးမျိုးနွယ်ရဲ့ ဒီစီနီယာက အန္တိမနတ်ဘုရားစွမ်းအား တစ်ခုထက်ပိုပြီး နားလည်ဆင်ခြင်ထားတာဖြစ်ရမယ်”

မွေးနီတစ္ဆေက ပြောလိုက်၏။

ဘိုးဘေးနဂါးများစွာကလည်း ခေါင်းညိတ်လိုက်ကြ၏။

ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်သည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်၍ ဧကရာဇ်တစ်ပါးဖြစ်လာသော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားသည် အန္တိမနတ်ဘုရားစွမ်းအားသုံးခုကို နားလည်ဆင်ခြင်ထားသည့် လူသားမျိုးနွယ်မှ ဧကရာဇ်များနှင့် ယှဥ်နိုင်လေသည်။

ပဟေဠိနန်းတော်၏ နဂါးအိုကြီးက အန္တိမနတ်ဘုရားစွမ်းအား နှစ်ခုကို နားလည်ဆင်ခြင်ထားသည်ဆိုလျှင် သူ၏ တိုက်ခိုက်ရည်ခွန်အားသည် အန္တိမနတ်ဘုရားစွမ်းအား လေးခုကို နားလည်ဆင်ခြင်ထားသော လူသားမျိုးနွယ်မှ ဧကရာဇ်တစ်ပါးနှင့် ယှဥ်နိုင်လေသည်။

အရင်တုန်းက လူသားမျိုးနွယ်၏ ဗုဒ္ဓဧကရာဇ် ၊ မိုးကြိုးဧကရာဇ်နှင့် ဆေဘာဧကရာဇ်တို့ပင်လျှင် အန္တိမနတ်ဘုရားစွမ်းအား သုံးခုသာ နားလည်ဆင်ခြင်ထားနိုင်ကြ၏။

သို့သော်လည်း လူသားမျိုးနွယ်၏ ဤဧကရာဇ်များသည် ထူးချွန်ထက်မြက်ကြလေသည်။ သူတို့သည် အန္တိမနတ်ဘုရားစွမ်းအား သုံးခုကိုသာ နားလည်ဆင်ခြင်ထားသော်လည်း သူတို့၏ စွမ်းအားကြီးမားသော ဝှက်ဖဲများစွာနှင့်အတူ သူတို့သည် ကမ္ဘာဦးမျိုးနွယ်မှ သာမန်ဧကရာဇ်များကို ဖိနှိမ်နိုင်ကြလေသည်။

ပဟေဠိနန်းတော်၏ နဂါးအိုကြီးက အိုမင်း၍ သူ၏ ဘဝသက်တမ်းက ကုန်ခန်းလုနီးပါးဖြစ်နေသော်လည်း သူသည် ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်ကို ကောင်းကောင်းဖိနှိမ်နိုင်သည့်အကြောင်းရင်းမှာ သူက အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်ထားသောကြောင့်ဖြစ်၏။

ပဟေဠိနန်းတော်၏ နဂါးအိုကြီးက သူ၏ အရွယ်ကောင်းမှာရှိနေမည်ဆိုလျှင် သူသည် ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်ကို အချိန်တိုအတွင်းမှာ သတ်ဖြတ်နိုင်ကောင်း သတ်ဖြတ်နိုင်ပေလိမ့်မည်။

“အဖိုးကြီး”

ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်က ပျက်ယွင်းနေသော အမူအရာနှင့်အတူ မုန်းတီးစွာပြောဆိုလိုက်၏။

“ခင်ဗျားတစ်ယောက်တည်းနဲ့ ကျုပ်တို့ကမ္ဘာဦးမျိုးနွယ် ၆စု ပေါ်ထွက်လာတာကို တားဆီးနိုင်မယ် ထင်နေလို့လား”

“ဒါပေါ့... ငါက ဘယ်တားဆီးနိုင်ပါ့မလဲ”

နဂါးအိုကြီးက မှင်သေသေဖြင့် ပြောလိုက်၏။

“အဲ့ဒါက ငါတင်မဟုတ်ဘူး... ပဟေဠိနန်းတော်နဲ့ ကျင့်ကြံရေးလောကတစ်ခုလုံးက ကမ္ဘာဦးမျိုးနွယ် ၆စု ပေါ်ထွက်လာတာကို တားဆီးဖို့ တစ်ခါမှ မတွေးခဲ့ကြဘူး”

“ခင်ဗျားပြောတာ ဘာအဓိပ္ပါယ်လဲ”

ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်က မေးလိုက်၏။

“ပဟေဠိနန်းတော်က ဒီတစ်ခေါက်... မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို ကျင်းပပေးတဲ့ အကြောင်းရင်းက ငါတို့က ကမ္ဘာဦးမျိုးနွယ်တွေနဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးချင်လို့ပဲ”

ပဟေဠိနန်းတော်၏ နဂါးအိုကြီးက ပြောလိုက်၏။

“အခုကစပြီး.. မျိုးနွယ်စုတစ်သောင်းက ထျန်ွဟွမ်ကုန်းမြေတိုက်မှာ အတူယှဥ်တွဲနေထိုင်ကြလိမ့်မယ်... ကမ္ဘာဦးမျိုးနွယ်တွေက တားမြစ်ကုန်းမြေတွေမှာ အပယ်ခံဘဝနဲ့ နေစရာမလိုသလို... အပြင်ဘက်ကို လုံးဝ ထွက်လာလို့ရတယ်”

“ဒါပေမဲ့... မင်းတို့ ကမ္ဘာဦးမျိုးနွယ်တွေက မင်းတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် လူသားမျိုးနွယ်ရဲ့ ကျင့်ကြံရေးလောကကို မကျူးကျော်ဘူး မျိုးနွယ်စုတစ်သောင်းနဲ့ လူသားကျင့်ကြံသူတွေကို ထင်တိုင်းကြဲမသတ်ဖြတ်ဘူးလို့ အာမခံပေးရမယ်”

“ကြီးမားတဲ့တိုက်ပွဲတစ်ခုဖြစ်ပွားလာမယ်ဆိုရင်... ဘယ်ဘက်ကမှ အကျိုးအမြတ်ရမှာ မဟုတ်ဘူး... အဲ့ဒါက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာရှိတဲ့ သက်ရှိတွေကို ပျက်စီးထိခိုက်စေပြီး သွေးမြစ်တွေ စီးလာစေတာပဲရှိတယ်... မျိုးနွယ်စုများစွာကလည်း ရလဒ်အနေနဲ့ သေဆုံးရလိမ့်မယ်”

ကမ္ဘာဦးခေတ်စစ်ပွဲနှင့် ရှေးဟောင်းခေတ်စစ်ပွဲများမှာတုန်းက မရေမတွက်နိုင်သော မျိုးနွယ်စုများက အမြစ်ပြတ်ချေမှုန်းခံခဲ့ရ၏။

အဲ့ဒီမှာ တစ်စတစ်စဆုတ်ယုတ်လာခဲ့သော မျိုးနွယ်စုများက ပို၍ပင်များပြားလေသည်။

ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။

ပဟေဠိနန်းတော်၏ နဂါးအိုကြီးက ဆက်ပြောလိုက်လေသည်။

“ကမ္ဘာဦးမျိုးနွယ်တွေနဲ့ လူသားမျိုးနွယ်က တစ်ဖန်ထပ်ပြီး တိုက်ခိုက်ကြမယ်ဆိုရင် နှစ်ဦးနှစ်ဖက်စလုံးက ပျက်စီးထိခိုက်ရလိမ့်မယ်... အဲ့ဒီအချိန်ကျရင် တခြားသက်ရှိတွေက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ မြင့်မားပေါ်ထွက်လာလိမ့်မယ်... အဲ့ဒီအချိန်ကျရင် ကမ္ဘာဦးမျိုးနွယ်တွေနဲ့ လူသားမျိုးနွယ်တွေက တခြားသူတွေရဲ့ အညှာအတာမဲ့စွာ ဖိနှိမ်ခြင်းကို ခံရလိမ့်မယ်”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက စိတ်ထဲကနေ ချီးကျူးလိုက်၏။

ပဟေဠိနန်းတော်၏ ဤနဂါးအိုကြီးက အမျှော်အမြင်ကြီးမားသော အကြီးအကဲတစ်ယောက် တကယ်ပင်ဖြစ်လေသည်။

ထိုသူသည် ကမ္ဘာဦးခေတ်စစ်ပွဲ၏ အမှန်တရားကို သိရှိမထားသလို... ထျန်ဟွမ်ကုန်းမြေတိုက်ကို သိမ်းပိုက်ကာ အချိန်မရွေးကျူးကျော်လာနိုင်သည့် နောက်ထပ်ကြီးမားသည့် အဖွဲ့အစည်းတစ်ခုတကယ်ပင်ရှိနေသည်ကို သူက မသိရှိပေ။

သို့သော်လည်း သူက ဖြစ်နိုင်ချေရှိသော နောက်ဆက်တွဲရလဒ်များကို ကြိုတင်တွေးဆနိုင်လေသည်။

ဤတိုက်ပွဲက ပေါ်ထွက်လာပြီး နှစ်ဦးနှစ်ဖက်စလုံးက ဒဏ်ရာအပြင်းအထန် ရရှိသွားမည်ဆိုလျှင် နတ်ဘုရားကုန်းမြေတိုက်သည် သေချာပေါက် ကျူးကျော်လာမည်ဖြစ်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်က နတ်ဘုရားမျိုးနွယ်၏ အုပ်စိုးခြင်းကို သေချာပေါက်ခံရပေလိမ့်မည်။

ကမ္ဘာဦးမျိုးနွယ်များဖြစ်စေ ၊ လူသားများ သို့မဟုတ် မျိုးနွယ်စုတစ်သောင်းမှဖြစ်စေ သူတို့အားလုံးသည် နတ်ဘုရားမျိုးနွယ်း ဖိနှိမ်ခြင်းကို ခံရပေလိမ့်မည်။

နတ်ဘုရားမျိုးနွယ်၏ ပိရမစ်များအောက်မှာ သန်းနှင့်ချီသော အစေခံများသည် ရိုကျိုးခယသော အမူအရာများဖြင့် မြေပြင်ပေါ်မှာ ဒူးထောက်နေကြရ၏။

ပဟေဠိနန်းတော်၏ နဂါးအိုကြီးက ကောင်းမွန်သည့်ရည်ရွယ်ချက်ရှိသော်လည်း သူက လူရွေးမှားခဲ့လေသည်။ ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်က နတ်ဘုရားမျိုးနွယ်မှဖြစ်လေသည်။

သူသည် လူသားများနှင့် ကမ္ဘာဦးမျိုးနွယ်များကြားမှာ ကြီးမားသောတိုက်ပွဲတစ်ခု ဖြစ်ပွားပြီး နှစ်ဦးနှစ်ဖက် ပျက်စီးထိခိုက်ရှုံးဆုံးမည့်ရလဒ်ကို လိုချင်သောသူဖြစ်လေသည်။ ထိုသို့ဖြင့် နတ်ဘုရားကုန်းမြေတိုက်က ကျုးကျော်ဝင်ရောက်မည့် အခွင့်အရေးတစ်ခုကို ရရှိလာပေလိမ့်မည်။

“ဟီးဟီး”

ထိုစဥ်မှာပင် လှောင်ပြောင်ထေ့ငေါ့လိုက်သော အသံတစ်သံကထွက်ပေါ်လာ၏။

“လူသားမျိုးနွယ်က ငါတို့ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ နှစ်ဦးနှစ်ဖက် ပျက်စီးထိခိုက်မဲ့ရလဒ်မျိုးဖြစ်လာအောင်လုပ်ဖို့ ဘယ်လိုလုပ်ပြီး အဆင့်မီမှာလဲ”

All Chapters