ဧကရာဇ်များရောက်ရှိလာခြင်း
Vol. 109 Ch. 1630
ထိုစကားကို ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်က ပြောလိုက်ခြင်းမဟုတ်ဘဲ အခြားတစ်စုံတစ်ယောက်က ပြောလိုက်ခြင်းဖြစ်လေသည်။
ပဟေဠိနန်းတော်မှ နဂါးအိုကြီးသည် တည်တံ့သော အမူအရာနှင့် တောက်ပသောအကြည့်နှင့်အတူ မလှမ်းမကမ်းတွင်ရှိသော လေဟာနယ်ကို စိုက်ကြည့်လိုက်၏။
လေဟာနယ်က ကွဲထွက်သွားပြီး သန့်စင်သော ရွှေရောင်တာအိုဝတ်ရုံကိုဝတ်ဆင်ထားသည့် အရပ်အမောင်းမြင့်မားသော အမျိုးသားတစ်ယောက်က လျှောက်လှမ်းထွက်လာ၏။ သူ၏ ရွှေရောင်ဆံပင်များကို သူ၏ ပခုံးပေါ်မှာ ဖြန့်ချထားပြီး သူ၏ မျက်လုံးများက ကျောက်မျက်တုံးများကဲ့သို့ ပြာလဲ့တောက်ပနေ၏။
ထိုအမျိုးသားသည် အလွန်တရာရုပ်ရည်ချောမောပြီး သူ၏ နောက်ကျောကို ခပ်ဖျော့ဖျော့အရောင်အဝါတစ်ခုက လွှမ်းခြုံထား၏။ သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ပြီး လေထဲမှာ မတ်တတ်ရပ်ရုံဖြင့် မျိုးနွယ်စုတစ်သောင်းမှသက်ရှိများအားလုံးသည် ရိုကျိုးခယ၍ ဦးချချင်စိတ်များပေါက်လာကြ၏။
အဲ့ဒါက ပြီးပြည့်စုံလုနီးပါး အမျိုးသားတစ်ယောက် ဖြစ်လေသည်။
ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ ထိုအမျိုးသားထုတ်ဖော်နေသည့်အော်ရာသည် ဟစ်ကြွေးလောကနတ်ဘုရားဧကရဇ်နှင့် ပဟေဠိနန်းတော်မှ နဂါးအိုကြီးပင်လျှင် မယှဥ်နိုင်သော တစ်စုံတစ်ရာဖြစ်လေသည်။
နတ်ဘုရားမျိုးနွယ်၏ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်....။
“နှုတ်ဆက်ပါတယ်... ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်”
နတ်ဘုရားမျိုးနွယ် သက်ရှိများစွာက ဒူးထောက်ချကာ တစ်ပြိုင်နက်တည်း အော်ဟစ်နှုတ်ဆက်လိုက်ကြ၏။
ဟစ်ကြွေးလောကနတ်ဘုရားဧကရာဇ်လို ပညာရှင်တစ်ယောက်ပင်လျှင် ဒူးတစ်ဖက်ထောက်ထားလေသည်။
မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် တုန်လှုပ်သွားပြီး ထိုဖိအားဒဏ်ကို မခံနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကျကုန်၏။
“အဲ့ဒါက ဘယ်သူလဲ... သူ့ရဲ့အော်ရာက တော်တော်ကြောက်ဖို့ကောင်းတာပဲ”
ရှောင်းယောင်က ထိတ်လန့်တကြား အမူအရာနှင့်အတူ အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“အဲ့ဒီလူရဲ့ရှေ့မှာ ကျုပ်ရဲ့လက်ချောင်းတစ်ချောင်းကိုတောင် မလှုပ်ရှားနိုင်တော့ဘူး”
“အဲ့ဒါက ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်ပဲ”
ယင်လန်က သူမ၏စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်ပေးလိုက်၏။
“သူက ဒီဘက်မျိုးဆက် နတ်ဘုရားမျိုးနွယ်ရဲ့ အသန်မာဆုံး ပညာရှင်ဖြစ်လိမ့်မယ်... နောက်ပြီး သူက သမိုင်းတစ်လျှောက် အသန်မာဆုံး နတ်ဘုရားသက်ရှိဖြစ်ဖို့တောင်များတယ်... သူက အန္တိမနတ်ဘုရားစွမ်းအား လေးခုကို နားလည်ဆင်ခြင်ထားတယ်လို့ ငါကြားမိတယ်”
ကမ္ဘာဦးမျိုးနွယ်သည် အန္တိမနတ်ဘုရားစွမ်းအား လေးခုကို နားလည်ဆင်ခြင်နိုင်သောအခါ သူတို့၏ တိုက်ခိုက်ရည်ခွန်အားသည် အန္တိမနတ်ဘုရားစွမ်းအား ခြောက်ခုကို နားလည်ဆင်ခြင်ထားသည့် လူသားမျိုးနွယ်မှ ဧကရာဇ်များနှင့် ယှဥ်နိုင်လေသည်။
အရင်တုန်းက ထာဝရလူသားဧကရာဇ်ပင်လျှင် အန္တိမနတ်ဘုရားစွမ်းအားခြောက်ခုကိုသာ နားလည်ဆင်ခြင်နိုင်ခဲ့၏။
အဲ့ဒါသည် ထာဝရလူသားဧကရာဇ်နှင့်ပင် ယှဥ်နိုင်သော ကြောက်စရာကောင်းသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လေသည်။
ရှောင်းယောင်က တိတ်တဆိတ် ဆွံ့အသွားပြီးနောက် အလောတကြီးမေးလိုက်၏။
“အစ်မ... ခွန်မျိုးနွယ်က အသန်မာဆုံး ဧကရာဇ်တွေကြားမှာ အန္တိမနတ်ဘုရားစွမ်းအားလေးခုကို နားလည်ဆင်ခြင်ထားတဲ့သူတွေရှိလား”
“မရှိဘူး”
ယင်လန်က ပြောလိုက်၏။
“ငါသိရသလောက်ဆို... ခွန်မျိုးနွယ်မှာ အသန်မာဆုံး ဧကရာဇ်က အန္တိမနတ်ဘုရားစွမ်းအား သုံးခုကိုပဲ နားလည်ဆင်ခြင်ထားနိုင်တယ်”
ရှောင်းယောင်က စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်၏။
“တစ်ယောင်မှကို မရှိဘူးလား”
“အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ဖို့က အရမ်းကိုလွယ်ကူနေတယ်လို့ နင်ထင်နေလို့လား”
ယင်လန်က ပြောလိုက်၏။
“သမိုင်းတစ်လျှောက်မှာ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်လို ပြန်ဝင်စားမွန်းစတား အနည်းအကျဥ်းလောက်ပဲရှိတယ် နင်က သူတို့ကို ရေရင် လက်ဆယ်ချောင်းတောင်ပြည့်မှာ မဟုတ်ဘူး”
“နင့်ရဲ့ဆရာနဲ့... လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို ဘာလို့ငါ မြင့်မြင့်မားမားမတွေးထားလဲ နင်သိလား”
ယင်လန်က ထပ်ပြောလိုက်၏။
“ဘာလို့လဲ”
ရှောင်းယောင်က မေးလိုက်လေသည်။
ယင်လန်ကပြောလိုက်လေသည်။
“အဲ့ဒါ... ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်အပြင် ကမ္ဘာဦးမျိုးနွယ် ၆စု မှာ အန္တိမနတ်ဘုရားစွမ်းအား လေးခုကို နားလည်ဆင်ခြင်ထားတဲ့ ကြောက်စရာကောင်းတဲ့ တခြားဧကရာဇ်နှစ်ယောက်ရှိနေသေးလို့ပဲ... သူတို့က ရွှေကျီးကန်းမျိုးနွယ်က ရွှေကျီးကန်းမီးဧကရာဇ်နဲ့ စုန်းမျိုးနွယ်က ငရဲစုန်းဧကရာဇ်တို့ပဲ”
“ဒီဘက်မျိုးဆက်မှာ ကမ္ဘာဦးမျိုးနွယ်တွေရဲ့ မြင့်မားတိုးတက်လာတာက အရှိန်အဟုန်ရနေပြီ... ဘယ်သူမှ သူတို့ကို မတားဆီးနိုင်တော့ဘူး”
“လူသားမျိုးနွယ်က ထာဝရလူသားဧကရာဇ်လို အန္တိမပညာရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်မယ်ဆိုရင်တောင် သူတို့က ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်ချင်မှ ဖြေရှင်းနိုင်တော့မယ်”
“အား...”
ရှောင်းယောင်က ထိတ်လန့်သွားပြီး မေးလိုက်၏။
“အဲ့ဒါဆိုရင်... ကမ္ဘာဦးမျိုးနွယ် သုံးစုက သူတို့တစ်ယောက်ချင်းစီက ခွန်မျိုးနွယ်ထက်ပိုပြီးတော့ သန်မာတယ်လို့ ဆိုလိုတာလား”
“အဲ့ဒါအမှန်ပဲ”
ယင်လန်က ပြောလိုက်၏။
“အဲ့ဒါကြောင့်ပဲ ငါတို့မျိုးနွယ်က လူသားမျိုးနွယ်ဘက်ကနေ မရပ်တည်သေးတာပဲ... နောက်ပြီး နင့်ကို ဒီနေရာကိုလိုက်ပါခွင့်ပေးခဲ့ပေမဲ့ နင့်ရဲ့မျိုးဆက်သွေးနဲ့ သရုပ်သကန်ကို လုံးဝမပေါက်ကြားစေရဘူးလို့ ကလန်ခေါင်းဆောင်က ထပ်တလဲလဲ သတိပေးထားတယ်”
“အဲ့ဒီထိပ်သီးဧကရာဇ်သုံးယောက်က ကမ္ဘာဦးမျိုးနွယ် ၆စုဘက်ကပဲ”
ရှောင်းယောင်က စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်၏။
“အဲ့ဒါဆိုရင်... ဆရာနဲ့တခြားသူတွေက အခွင့်အရေးတစ်ခုတောင် လုံးဝမရှိတော့ဘူးလို့ ဆိုလိုတာလား”
“အခွင့်အရေးတစ်ခုတော့ရှိသေးတယ်... ဒါပေမဲ့ အဲ့ဒါက တကယ့်ကို ပါးပါးလေးပဲ”
ယင်လန်ကပြောလိုက်၏။
“နင့်ရဲ့ဆရာနဲ့ အစစ်အမှန်ခန္ဓာနှစ်ခုနဲ့ တဗူးဂမ္ဘီရဟို့က ကြီးပြင်းလာနိုင်မှပဲ သူတို့က တိုက်ခိုက်နိုင်လိမ့်မယ်”
“ဒါပေမဲ့... အဲ့ဒါက အရမ်းကိုခက်ခဲတယ်... ကမ္ဘာဦးမျိုးနွယ် ၆စုက နင့်ရဲ့ဆရာကို လုံလောက်တဲ့အချိန်ပေးမှာမဟုတ်တော့ဘူး”
ရှောင်းယောင်က တိတ်ဆိတ်ငြိမ်သက်သွား၏။
ယင်လန်က ဆက်ပြောလိုက်လေသည်။
“အခု... ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်ရောက်ရှိလာပြီဆိုတော့... နင့်ရဲ့ဆရာက ဒီနေ့ အသက်ရှင်နိုင်ပါ့မလား ပြောဖို့ခက်သွားပြီ... ကမ္ဘာဦးမျိုးနွယ်က တခြားဧကရာဇ်တွေကလည်း ဒီအနီးနားမှာရှိလောက်တယ်... သူတို့က ပေါ်ထွက်လာတော့မယ်လို့ ငါထင်တယ်”
“ညီကိုကောင်းကင်ဘုံနတ်ဘုရား... ခင်ဗျားက အရင်ရောက်လာတာပဲ”
ထိုစဥ်မှာပင် လေဟာနယ်က နောက်တစ်ဖန် ကွဲဟသွားပြီး ပုံရိပ်တစ်ခုလျှောက်လှမ်းထွက်လာ၏။
ထိုပုံရိပ်သည် အလွန်တရာတောင့်တင်းခိုင်မာလေသည်။ သူက လူသားတစ်ယောက်အဖြစ် အသွင်ပြောင်းလဲထားသော်လည်း သူ့မှာ အစိမ်းရောင်မျက်နှာနှင့် အလွန်တရာအကျည်းတန်သော သွားစွယ်များရှိနေဆဲ ဖြစ်၏။
“ဆိုးယုတ်လေ ယက္ခဧကရာဇ်”
ယက္ခကလန်ခေါင်းဆောင် ဦးဆောင်လာသည့် ယက္ခများစွာသည် မြေပြင်ပေါ်မှာ ဒူးထောက်ချပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နှုတ်ဆက်လိုက်ကြ၏။
ယက္ခမျိုးနွယ်၏ ဧကရာဇ်တစ်ပါးက ရောက်ရှိလာခဲ့လေပြီ။
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်ရှေ့သို့ ရောက်ရှိသွားပြီး ဆိုးယုတ်လေယက္ခဧကရာဇ်သည် သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ကာ အပြုံးတစ်ခုနှင့်အတူ အရင်ဦးစွာစ၍ နှုတ်ဆက်လိုက်၏။
သူတို့နှစ်ယောက်လုံးက ဧကရာဇ်များဖြစ်ကြသော်လည်း ဆိုးယုတ်လေယက္ခဧကရာဇ်သည် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်ထက် တစ်ဆင့်နိမ့်သည်မှာ သိသာလေသည်။
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က ဆိုးယုတ်လေယက္ခဧကရာဇ်ကို မသိမသာခေါင်းညိတ်ပြလိုက်၏။
ရုတ်တရက် သူက တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူ၏ အကြည့်က ရွေ့လျားသွားပြီး ညင်သာစွာပြုံးပြလိုက်၏။
“မင်းက ဒီကိုရောက်နေပြီဆိုမှတော့... ညီကိုစုန်း မင်းငါ့ကိုဘာလို့ ထွက်မတွေ့တာလဲ”
ရုတ်တရက် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ အကြည့် ဆင်းသက်ရာနေရာမှာ ပုံရိပ်တစ်ခုပေါ်ထွက်လာ၏။
အဲ့ဒါသည် သက်လတ်ပိုင်းအရွယ်သာရှိပြီး အစိမ်းရင့်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်လေသည်။ သူ၏ တစ္ဆေသရဲဆန်ဆန် မျက်လုံးများက သူ၏ ဖြူဖပ်ဖြူရော်မျက်နှာပေါ်မှာ အလွန်တရာထင်ရှားပေါ်လွင်နေ၏။
ကြောက်စရာကောင်းသော ထိုအစိမ်းရောင်မျက်လုံးတစ်စုံသည် ထူးဆန်းသော နတ်ဆိုးစွမ်းအားတစ်ခုကို ဖြာထုတ်ပေးနေသည်ဟုထင်ရ၏။
များစွာသောကျင့်ကြံသူများသည် ထိုမျက်လုံးတစ်စုံကို ခဏမျှစိုက်ကြည့်ရုံမျှနှင့် သူတို့သည် သူတို့၏ ဝိညာဥ်များကို ဆုံးရှုံးသွားရသည့်အလား သူတို့၏ အကြည့်များက အေးခဲရပ်တန့်သွား၏။ ခွန်မျိုးနွယ်ကြားမှာ ရှောင်းယောင်ပင်လျှင် သူ၏ မျက်လုံးကို ပြူးကျယ်ပြီး ထိုစုန်းမျိုးနွယ်ကျင့်ကြံသူ၏ မျက်လုံးများကို အလိုလိုစိုက်ကြည့်မိသွား၏။
သူ၏ မျက်လုံးထဲတွင် အရာရာတိုင်းနှင့် သက်ရှိများအားလုံးက ပျောက်ကွယ်သွားသည်ဟု ထင်ရ၏။ သူ၏ စိတ်ထဲမှာ ကြောက်စရာကောင်းသော ထိုအစိမ်းရောင်မျက်လုံးတစ်စုံသာလျှင် ကျန်ရစ်လေသည်။
ရှောင်းယောင်၏ မျက်လုံးထဲမှာ ထိုမျက်လုံးတစ်စုံသည် သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်လာတော့မည့်အလား သူ့ထံသို့ အဆက်မပြတ် ချဥ်းကပ်လာခဲ့လေသည်။ တစ်စုံတစ်ရာလွဲမှားနေသည်ကို သူသိသော်လည်း သူက အဲ့ဒါကို မထိန်းချုပ်နိုင်တော့ပေ။
“မကြည့်နဲ့”
ထိုစဥ်မှာပင် ညင်သာသောအော်ဟစ်သံက ရှောင်းယောင်၏ နားထဲသို့ ဝင်ရောက်လာ၏။ တစ်စုံတစ်ယောက်က သူ၏ ခန္ဓာကိုယ်ကို လှုပ်နှိုးလိုက်လေသည်။
ရှောင်းယောင်သည် ဆတ်ခနဲတုန်ယင်သွားပြီး ချက်ချင်းပင် သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ချလိုက်၏။
သူ့ကိုယ်သူ တည်ငြိမ်စေပြီးနောက် ရှောင်းယောင်သည် သူ၏ မျက်လုံးကို တစ်ဖန်ဖွင့်ကာ ထိုစုန်းမျိုးနွယ်ကျင့်ကြံသူကို မော့မကြည့်ရဲတော့ပေ။ ထိုအစားသူက ဘေးပတ်လည်ကို လှည့်ကြည့်လိုက်၏။
ထိုအကြည့်က ရှောင်းယောင်ကို တုန်လှုပ်သွားစေခဲ့၏။
ထိုအချိန်တိုအတွင်းမှာ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများစွာသည် နေရာမှာပင် မလှုပ်မယှက်ရပ်နေကြ၏။ သူတို့က အပေါ်ယံမှာ မည်သည့်ထိခိုက်ဒဏ်ရာမှ မရရှိသော်လည်း သူတို့၏ ခန္ဓာကိုယ်ထဲမှာ မည်သည့်အသက်ဓာတ်မှ မကျန်ရှိတော့ပေ။
ဘိုးဘေးအဆင့် ပညာရှင်များပင်လျှင် သူတို့ထဲမှာ ပါဝင်လေသည်။
သူတို့အားလုံးက သေဆုံးကုန်ကြလေပြီ။
အဲ့ဒါက အသက်ရှုချိန်အနည်းငယ်မျှသာ ကြာမြင့်ခဲ့လေသည်။
“ဘာတွေဖြစ်ကုန်တာလဲ”
ရှောင်းယောင်က ဖြူဖပ်ဖြူရော်အမူအရာနှင့်အတူ အလိုလိုမေးလိုက်၏။
ယင်လန်က လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။
“သူက ငရဲစုန်းဧကရာဇ်ပဲ... အဲ့ဒီသက်ရှိတွေက ငရဲစုန်းဧကရာဇ်ဘယ်လောက်စွမ်းအားကြီးမားတယ်ဆိုတာ မသိတဲ့အတွက် သူတို့က သူ့ရဲ့မျက်လုံးတွေကိုတောင် သွားပြီးကြည့်လိုက်သေးတယ်... သူတို့ရဲ့ဝိညာဥ်တွေက သူ့ရဲ့ဆွဲနုတ်ယူခြင်းကိုခံရပြီး သူတို့အားလုံးက သေကုန်ကြပြီ”
ရှောင်းယောင်သည် တုန်လှုပ်သွားပြီး ရင်တလှပ်လှပ်ခံစားလာရ၏။ ယင်လန်သည် စောစောက သူ့ကိုသတိပေးခဲ့ခြင်းမရှိလျှင် သူသည်လည်းပဲ ထိုသက်ရှိများကဲ့သို့ပင် အလောင်းတစ်လောင်းဖြစ်နေလောက်လေပြီ။
သူက တဗူးတစ်ကောင်၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားသည်ဆိုလျှင်တောင် သုံးစားမရပေ။
ထိုအခိုက်အတန့်မှသာလျှင် ရှောင်းယောင်သည် ထိုထိပ်သီးဧကရာဇ်များ၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို အမှန်တကယ်တွေ့ကြုံခံစားမိလိုက်၏။
သူက တဗူးတစ်ကောင်ဖြစ်သော်လည်း သူထပ်မံ၍ ကြီးထွားမလာခင်မှာ သူသည် ထိုစွမ်းအားကြီးမားသော ဧကရာဇ်များ၏ မျက်လုံးများထဲမှ အလွယ်တကူ ဖိချေသတ်ဖြတ်ခံရနိုင်သည့် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။
ရှောင်းယောင်သည် ထိုကပ်ဘေးကနေနိုးထလာစဥ်မှာပင် လေထဲတွင်ရှိသော ငရဲစုန်းဧကရာဇ်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်ကို မည်သူကမှ သတိမထားမိကြပေ။
သူသည် မည်သည့်စကားမှမဆိုဘဲ ရှောင်းယောင်ကိုအဓိပ္ပါယ်ပါပါ ကြည့်လိုက်လေသည်။