← Chapters

အမှန်တရား

Vol. 109 Ch. 1633

အမှန်တရား

Vol. 109 Ch. 1633

“ဟီးဟီး”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် အထင်သေးစွာ ပြုံး၍ သူ၏ မျက်လုံးက ကြိမ်ကြုတ်ခက်ထန်စွာ တောက်ပလာပြီး အေးစက်စွာဖြင့် ပြောလိုက်၏။

“အသက်တစ်ထောင်တောင်မရှိတဲ့ ဂျူနီယာတစ်ယောက်က ကမ္ဘာဦးစစ်ပွဲနဲ့ပတ်သက်ပြီး ဘာများသိနိုင်မှာလဲ... မင်းက လူတိုင်းကို တွေဝေရှုပ်ထွေးအောင် လုပ်ကြံဖန်တီးထားတာတွေ လျှောက်ပြောမလို့ဘဲဖြစ်ရမယ်”

သူ့စကားမဆုံးသေးခင်မှာပင်... တဖျတ်ဖျတ်တလက်လက်နတ်ဘုရားဆန်ဆန်အလင်းနှစ်ခုက သူ၏ မျက်လုံးထဲကနေ ပစ်လွင့်ထွက်ပေါ်လာ၏။

စက္ခုနည်းစနစ်၏ စွမ်းအားက အရမ်းကိုမြန်ဆန်ပြီး လျှပ်တပြက်ချက်ချင်း ရောက်ရှိနိုင်လေသည်။

ဆူဇီမိုသည် မဟာယာနအဆင့်သို့တက်လှမ်းပြီး တမလွန်မီးရောင်မျက်လုံးကို ပိုင်ဆိုင်ထားသော်လည်း သူ့အနေဖြင့် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ စက္ခုနည်းစနစ်ကို ဆန့်ကျင်ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ထိုစက္ခုနည်းစနစ်မှာပါဝင်သော နတ်ဘုရားစွမ်းအားသည် ပဟေဠိနန်းတော်မှ နဂါးအိုကြီးကိုပင် သတ်ဖြတ်နိုင်လေသည်။

ရွှစ်...

သို့သော်လည်း ထိုစက္ခုနည်းစနစ်၏ စွမ်းအားက ဆူဇီမိုနှင့် ထိတွေ့တော့မည့်ဆဲဆဲမှာပင် ဘေးဘက်ကနေ မီးတောက်စီးကြောင်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး နတ်ဘုရားဆန်ဆန်အလင်းနှစ်ခုကို ထိတွေ့ရိုက်ခတ်လိုက်လေသည်။

ဘုန်း...

အဲ့ဒီမှာ ကျယ်လောင်သောမြည်သံတစ်သံ ထွက်ပေါ်လာ၏။

ချန်နဂါးဧကရာဇ်က တိုက်ခိုက်လိုက်ခြင်းဖြစ်လေသည်။ သူ၏ စက္ခုနည်းစနစ်ကို ထုတ်ဖော်ပြီး ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ နတ်ဘုရားမျက်လုံးကို တားဆီးလိုက်လေသည်။

သူ၏ခန္ဓာကိုယ်က ကုပ်ကိုင်း၍ ပိန်ပါးသည့်ပုံရှိလေသည်။ သို့သော်လည်း သူသည် ဆူဇီမိုကို ကာပေးပြီး စက္ခုနည်းစနစ်နှစ်ခု ထိတွေ့ရိုက်ခတ်မှုကနေ ထွက်ပေါ်လာသော စွမ်းအားကို လုံးဝ ပိတ်ဆို့တားဆီးပေးလိုက်၏။

“ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ် မင်းကဘာလို့အဲ့လောက်ထိ စိုးရိမ်ကြောင့်ကြနေတာလဲ”

ချန်နဂါးဧကရာဇ်က ဆူဇီမိုကို သူ၏နောက်မှာ ကာပေးထားပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“သူက အခုချိန်ထိ ဘာစကားမှတောင် မပြောရသေးဘူး... သူပြောမဲ့စကားက ဘယ်လိုလုပ်ပြီး လူတိုင်းကို တွေဝေရှုပ်ထွေးစေမဲ့ လုပ်ကြံဖန်တီးထားတဲ့စကားတွေ ဖြစ်သွားရတာလဲ”

လက်ရှိကျင့်ကြံသူများအားလုံးတွင်... အထူးသဖြင့် ဧကရာဇ်များသည် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့သူများဖြစ်ပြီး အရူးများမဟုတ်ကြပေ။

ချန်နဂါးဧကရာဇ်က အဲ့ဒါကို ခုတ်ဖော်ပြောဆိုခြင်းမရှိလျှင်တောင် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ ပြုမူလှုပ်ရှားမှုမှာ တကယ်ပင် တစ်ခုခုမူမမှန်တာရှိနေကြောင်း ငရဲစုန်းဧကရာဇ်နှင့် အခြားသူများက ပြောနိုင်ကြလေသည်။ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က သူ့ကိုယ်သူ အလျင်အမြန်တည်ငြိမ်စေပြီး အေးစက်စွာဖြင့် ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်က ငါတို့ကမ္ဘာဦးမျိုးနွယ် ၆စုက ကလန်သားတွေအများကြီးကို သတ်ဖြတ်ထားတယ်... သူက သေသင့်တာကြာနေပြီ”

“အဲ့လိုရော ဟုတ်ရဲ့လား”

ချန်နဂါးဧကရာဇ်က ငရဲစုန်းဧကရာဇ်နှင့် အခြားသူများကို ကြည့်လိုက်လေသည်။

“သူပြောတာကို နားထောင်ဖို့ ဘာမှထိခိုက်ဆုံးရှုံးစရာမရှိဘူးလို့ ငါထင်တယ်... မင်းတို့တွေရော ဘယ်လိုထင်လဲ”

သွေးဧကရာဇ်ကပြောလိုက်၏။

“ငါတို့ကမ္ဘာဦးမျိုးနွယ် ၆စုက အထီးကျန်သိုင်းသခင်ပေါ်မှာ သတ်ဖြတ်ခြင်းတံဆိပ်ပြားတွေကို ထုတ်ပြန်ထားတယ်... သူက ငါတို့သတ်ရမဲ့ လူပဲ... ဒါပေမဲ့ အဲ့ဒါက အလောတကြီးလုပ်နေစရာတော့မလိုပါဘူး... သူဘာပြောနိုင်မလဲ ကြည့်ရသေးတာပေါ့”

“ဟမ့်...”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က လှောင်ရယ်လိုက်၏။

“နို့နံ့တောင်မစင်သေးတဲ့ကောင်လေးတစ်ကောင်က သေချာပေါက် ပေါက်တတ်ကရစကားတွေကိုပဲ ပြောမှာပေါ့... သူက ဘာများပြောနိုင်မှာလဲ... အဲ့ဒီအဖိုးကြီးက သူ့ကိုကာကွယ်ပေးပြီး အချိန်ဆွဲဖို့ ကြိုးစားနေရုံပဲ”

“သွေးဧကရာဇ်... သွေးနွယ်ပင်များစွာနဲ့ မင်းတို့ရဲ့သခင်လေးနှစ်ယောက်က အဲ့ဒီကောင်လေးရဲ့လက်ထဲမှာသေခဲ့ရတယ်ဆိုတာ မေ့သွားပြီလား”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က အေးစက်စွာပြောလိုက်၏။

“အဲ့လိုမျိုးနက်ရှိုင်းတဲ့ ရန်ငြိုးရန်စအရဆို မင်းက သူပြောတာကို နားထောင်ချင်နေသေးလို့လား”

သွေးဧကရာဇ်၏ အမူအရာက ညိုမည်းသွား၏။

အဲ့ဒါသည် သွေးနွယ်ပင်မျိုးနွယ်အတွက် တကယ်ပင်ကြီးမားသည့် ရိုက်ချက်ဖြစ်ပြီး သူတို့အားလုံးကို အရှက်ရစေလေသည်။

ရွှေကျီးကန်းမီးဧကရာဇ်ကလည်း တင်းမာခက်ထန်စွာ ပြောလိုက်၏။

“အဲ့ဒါ အမှန်ပဲ...ဘာလို့သူ့ရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို နားထောင်နေရမှာလဲ... ငါတို့ ဧကရာဇ်တွေက သားပေါက်လေးတစ်ကောင် ပေါက်တက်ကရပြောမဲ့စကားတွေကို နားထောင်ဖို့ ဒီကိုရောက်လာတာလား”

“ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ် မင်းက ဘာကိုကြောက်နေတာလဲ”

ချန်နဂါးဧကရာဇ်က ပြုံးစစဖြင့် မေးလိုက်၏။

“ငါက ဘာကိုကြောက်ရမှာလဲ”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူက အော်ပြောလိုက်၏။

“ငါက... အန္တိမနတ်ဘုရားစွမ်းအား လေးခုကို နားလည်ဆင်ခြင်ထားတယ်... ငါက ထာဝရလူသားဧကရာဇ်ဆင်းသက်လာရင်တောင် သူနဲ့တိုက်ခိုက်နိုင်တယ်”

လူရိုင်းဧကရာဇ် ၊ ခွန်ဧကရီနှင့် အခြားသူများက ဘေးကနေ အေးစက်စွာစိုက်ကြည့်နေ၏။

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က အကြောက်အလန့်ကင်းမဲ့သည့်ပုံပေါ်သော်လည်း သူက တကယ်ပင် မလုံမလဲခံစားနေရပြီဖြစ်၏။

ရုတ်တရက် ငရဲစုန်းဧကရာဇ်က ပြောလိုက်လေသည်။

“တကယ်တော့... အဲ့ဒီကောင်လေးကို သတ်ဖို့က အလောတကြီးလုပ်နေစရာ မလိုပါဘူး... သူပြောတာကို ငါတို့ဘာလို့ နားမထောင်ရမှာလဲ... သူက တကယ်ပဲ ပေါက်တတ်ကရစကားတွေပြောလာမယ်ဆိုရင်တော့ ငါအရင်စတိုက်ခိုက်ပြီး သူ့ရဲ့ဝိညာဥ်ကို ဝါးမျိုပစ်မယ်”

ဧကရာဇ်ခြောက်ပါးကြားမှာ ငရဲစုန်းဧကရာဇ်၏ စကားက အတော်လေးသာသွားလေသည်။ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က အေးစက်စွာနှာတစ်ချက်မှုတ်ပြီး ခွန်းတုံ့မပြန်နိုင်တော့ပေ။

ချန်နဂါးဧကရာဇ်က ဆူဇီမိုကိုခေါင်းညိတ်ပြပြီး ထိုသူကို ဆက်လက်ပြောဆိုဖို့ အချက်ပြလိုက်၏။ ဆူဇီမိုက ထုတ်ဖော်ပြောဆိုလိုက်လေသည်။

“ကမ္ဘာဦးခေတ်တုန်းက ကမ္ဘာဦးမျိုးနွယ် ၈စုပဲရှိပြီး နတ်ဘုရားမျိုးနွယ် မပါဘူးဆိုတာ ဧကရာဇ်တွေအားလုံးပဲ သိထားကြမှာပါ”

“နတ်ဘုရားမျိုးနွယ် ပေါ်ထွက်လာပြီးမကြာခင်မှာပဲ ကမ္ဘာဦးခေတ်စစ်ပွဲ ဖြစ်ပွားခဲ့တယ်”

ထိုစကားကိုကြားသောအခါ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က လှောင်ရယ်လိုက်၏။

“ဘာလို့လဲ... ကမ္ဘာဦးခေတ်စစ်ပွဲက နတ်ဘုရားမျိုးနွယ်ကြောင့်ဖြစ်ခဲ့တာလို့ မင်းကပြောချင်တာလား”

“အဲ့ဒါအမှန်တရားပဲ”

ဆူဇီမိုက ပြန်ဖြေလိုက်၏။

“ဟားဟားဟားဟား”

သူ့စကားမဆုံးသေးခင်မှာပင် ကမ္ဘာဦးမျိုးနွယ် ၆စုဘက်မှ ဟားတိုက်ရယ်မောသံများ ဆက်တိုက်ထွက်ပေါ်လာ၏။

“မင်းပြောတဲ့အမှန်တရားဆိုတာ... အဲ့ဒါလား”

ငရဲစုန်းဧကရာဇ်၏ အမူအရာက တဖြည်းဖြည်း အေးစက်လာခဲ့၏။

ဆိုးယုတ်လေယက္ခဧကရာဇ်ကလည်း သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

“အထီးကျန်သိုင်းသခင်... အို အထီးကျန်သိုင်းသခင်... မင်းက ကလေးကလားလှည့်ကွက်တချို့နဲ့ ငါတို့ကမ္ဘာဦးမျိုးနွယ် ၆စုကြားမှာ သဘောထားကွဲလွဲအောင် လုပ်နိုင်လိမ့်မယ်လို့ ထင်နေတာလား”

“ငါတို့အားလုံးက အလကားသက်သက် နှစ်ပေါင်းများစွာကြာအောင် ရှင်သန်နေထိုင်လာခဲ့တယ်လို့ မင်းထင်လို့လား”

“ခင်ဗျားတို့တွေက တကယ်ကို အလကားသက်သက်ရှင်သန်နေထိုင်ခဲ့ကြတာပဲ”

ဆူဇီမိုက ပျစ်ပျစ်နှစ်နှစ်ပြောဆိုလိုက်၏။

“ဒီနေ့ဒီအချိန်ထိကို ခင်ဗျားတို့ရဲ့ဘိုးဘေးတွေ ဘယ်လိုသေခဲ့ရသလဲတောင် ခင်ဗျားတို့ မသိကြဘူး... အဲ့ဒီအစား ခင်ဗျားက စိတ်အေးသက်သာစွာနဲ့ ဒီလိုမျိုးရယ်နေနိုင်သေးတယ်”

ရယ်သံက ယတိပြတ်ရပ်တန့်သွား၏။

မျိုးနွယ်စုတစ်သောင်းမှသက်ရှိများကလည်း ခေါင်းနပန်းကြီးလာသည်ဟု ခံစားလိုက်ကြရ၏။

ထိုပုဂ္ဂိုလ်များက ဘယ်သူတွေပါလဲ...။

သူတို့က ထျန်ဟွန်ကုန်းမြေတိုက်ကြီး၏ ထိပ်သီးဧကရာဇ်များဖြစ်ကြ၏။

ဆူဇီမိုသည် ထိုဧကရာဇ်များထံ ဤကဲ့သို့သော တစ်စုံတစ်ရာကို ဘယ်လိုတောင် ပြောဆိုရဲတာလဲ”

“အထီးကျန်သိုင်းသခင်... မင်းကတော့ အသက်ရှင်ရတာ... တကယ်ကိုငြီးငွေ့နေပြီပဲ”

သွေးဧကရာဇ်က အေးစက်စွာပြောလိုက်၏။

“ငါ မင်းပြောမဲ့ တခြားဘာစကားကိုမှ နားမထောင်ချင်တော့ဘူး... ငါမင်းကို အခုပဲသတ်မယ်”

ဆူဇီမိုက သွေးဧကရာဇ်၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုပြီး ဆက်ပြောလိုက်၏။

“နတ်ဘုရားမျိုးနွယ်ရဲ့ လက်နက်တွေက ထျန်ဟွမ်ကုန်းမြေတိုက်က ဓမ္မလက်နက်တွေနဲ့ ဓမ္မရတနာတွေအားလုံးနဲ့ ဘာလို့လုံးဝကွဲပြားခြားနားနေလဲ ခင်ဗျားတို့ မတွေးမိကြဘူးလား”

“နတ်ဘုရားမျိုးနွယ်က မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်မှာ သိုလှောင်အိတ်တစ်အိတ်အစား ဘာလို့ သိုလှောင်လက်စွပ်တစ်ကွင်းရှိနေရတာလဲ”

“နတ်ဘုရားမျိုးနွယ်ရဲ့ လျှို့ဝှက်အတတ်တွေနဲ့ ကျင့်ကြံရေးနည်းစနစ်တွေကို တခြားမျိုးနွယ်ဝင်တွေက ဘာလို့မကျင့်ကြံနိုင်ရတာလဲ”

“နတ်ဘုရားမျိုးနွယ်ရဲ့ ဘာသာစကားစာလုံးတွေက ထျန်ဟွမ်ကုန်းမြေတိုက်က တခြားဘာသာစကားတွေနဲ့ ဘာလို့လုံးဝကွဲပြားခြားနားနေရတာလဲ”

မေးခွန်းတစ်ခုထွက်ပေါ်လာတိုင်း ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က ပိုမိုနက်ရှိုင်းလာ၏။

ငရဲစုန်းဧကရာဇ်နှင့် အခြားသူများကလည်း အလေးအနက်စဥ်းစားတွေးတောရင်း မျက်မှောင်အနည်းငယ်ကြုတ်လိုက်ကြ၏။

နောက်ဆုံးမှာ ဆူဇီမိုက ထပ်၍မေးလိုက်၏။

“ထျန်ဟွမ်ကုန်းမြေတိုက်မှာ မူလက ကမ္ဘာဦးမျိုးနွယ် ၈စုပဲ ရှိခဲ့တာဆိုတော့... နတ်ဘုရားမျိုးနွယ်က ဘယ်နေရာကနေ ရောက်လာသလဲ ခင်ဗျားတို့ တွေးမိကြဖူးလား”

လက်ရှိ မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် ငေးငိုင်သွားပြီး ကမ္ဘာဦးမျိုးနွယ်ဝင်များစွာကလည်း အတွေးနက်သွားကြလေသည်။ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ အကြည့်က ညိုမည်းလာပြီး သူကအေးစက်စွာပြောလိုက်၏။

“နတ်ဘုရားမျိုးနွယ်မှာ ငါတို့ရဲ့ ကိုယ်ပိုင်ဘာသာစကားနဲ့ ကျင့်ကြံရေးနည်းစနစ်တွေ အများကြီးရှိတာပဲ... အဲ့ဒါက ဘာများမှားနေလို့လဲ”

အဲ့ဒါက နတ်ဘုရားမျိုးနွယ်သာလျှင် မဟုတ်ပေ။ ကမ္ဘာဦးမျိုးနွယ်ဝင်တိုင်းမှာ သူတို့မျိုးနွယ်၏ ကိုယ်ပိုင်တစ်မူထူးခြားသော ဘာသာစကားများရှိကြလေသည်။

အဲ့ဒါက တစ်စုံတစ်ရာကို သက်သေမပြပေးနိုင်သည့်ပုံပင်။

“မင်းက ဘာကိုပြောဖို့ကြိုးစားနေတာလဲ”

ငရဲစုန်းဧကရာဇ်က လေးနက်သောအသံဖြင့် မေးလိုက်၏။

ဆူဇီမိုက ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်ကို လက်ညိုးထိုးပြီး ဖြည်းဖြည်ချင်း ပြောလိုက်၏။

“နတ်ဘုရားမျိုးနွယ်က ပြင်ပလူမှုအဖွဲ့အစည်းတစ်ခုပဲ.. သူတို့က ထျန်ဟွန်ကုန်းမြေတိုက်နဲ့ ရင်ဘောင်တန်းရပ်တည်နိုင်တဲ့ နတ်ဘုရားကုန်းမြေတိုက်ကနေ ရောက်လာကြတာပဲ”

“နတ်ဘုရားမျိုးနွယ်က မဟာတဗူးသုံးမျိုးကြားမှာ ကြီးမားတဲ့တိုက်ပွဲတစ်ခုဖြစ်လာအောင် သွေးထိုးလှုံ့ဆော်ပြီးတဲ့နောက် ကမ္ဘာဦးခေတ်စစ်ပွဲဖြစ်ပွားလာပြီး ထျန်ဟွန်ကုန်းမြေတိုက်ကြီးက ဖရိုဖရဲ ဖြစ်သွားခဲ့တာပဲ... သူတို့ရဲ့ အစစ်အမှန် ရည်ရွယ်ချက်က နတ်ဘုရားကုန်းမြေတိုက်က ထျန်ဟွမ်ကုန်းမြေတိုက်ကို ကျူးကျော်သိမ်းပိုက်ပြီး မျိုးနွယ်စုတစ်သောင်းကို အုပ်စိုးနိုင်ဖို့ပဲ”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ကြီးမားသော ပဟေဠိနန်းတော်က သေလောင်အောင်တိတ်ဆိတ်ငြိမ်သက်သွား၏။

ဆူဇီမို ထုတ်ဖော်ပြောဆိုလိုက်သော အမှန်တရားသည် အရမ်းကိုကြောက်စရာကောင်းလွန်းပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ စိတ်ကူးနိုင်စွမ်းနှင့် အသိပညာထက် ကျော်လွန်သွားခဲ့လေပြီ။ သူတို့အနေဖြင့် အဲ့ဒါကို ချက်ချင်းလက်ခံနိုင်ဖို့က ခဲယဥ်းလေသည်။

ငရဲစုန်းဧကရာဇ်နှင့် အခြားသူများကလည်း တိတ်ဆိတ်ငြိမ်သက်သွားပြီး သူတို့၏ မျက်နှာပေါ်မှာ မည်သည့်စိတ်ခံစားချက်ကိုမှ မတွေ့မြင်နိုင်ပေ။

အမှန်တရားက သူတို့သိရှိထားသည့်ရာရာတိုင်းကို ကျွမ်းထိုးမှောက်ခုံဖြစ်သွားစေ၏။

ဆူဇီမို၏ စကားလုံးများက သူတို့ကို ယခုအချိန်ထိ လက်ခံယုံကြည်လာဖို့ မလုံလောက်သေးပေ။

ဖြောင်း... ဖြောင်း... ဖြောင်း...

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က ပြုံး၍ လက်ခုပ်လက်ဝါးတီးကာ ခေါင်းညိတ်ပြလိုက်၏။

“ကောင်းလိုက်တဲ့ဇာတ်ကွက်... မင်းက တော်တော်လျှာစောင်းထက်တယ်လို့ ဆိုရမှာပဲ”

“မင်းက... ဒီလိုရယ်စရာကောင်းတဲ့ အမှန်တရားကို ဟိတ်ဟန်တစ်ခွဲသားနဲ့ ပြောဆိုနိုင်တယ်ဆိုတော့... ငါတောင်မင်းကို ချီကျူးရလိမ့်မယ်”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က ပြောလိုက်၏။

“ငါ့အထင်တော့... ကမ္ဘာဦးခေတ်စစ်ပွဲက လူသားမျိုးနွယ်ရဲ့ အကောက်ကြံမှုတစ်ခုပဲဖြစ်ရမယ်... ဘာလို့လည်းဆိုတော့ ကမ္ဘာဦးခေတ်စစ်ပွဲပြီးတဲ့နောက် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို အုပ်စိုးခဲ့တာက လူသားမျိုးနွယ်ပဲ... ငါတို့နတ်ဘုရားမျိုးနွယ် မဟုတ်ဘူး”

ထိုစကားကိုကြားသောအခါ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက သူတို့ဘာသာသူတို့ ခေါင်းညိတ်လိုက်ကြ၏။

“ကမ္ဘာဦးခေတ်စစ်ပွဲကြောင့် ကမ္ဘာဦးမျိုးနွယ် ၉စုက ကြီးကြီးမားမား ပျက်စီးထိခိုက်ဆုံးရှုံးခဲ့ပြီး လူသားမျိုးနွယ်က မြင့်မားတိုးတက်ဖို့အတွက် အခွင့်အလမ်းကို ချိန်ဆနိုင်ခဲ့တာပဲ”

“အဆုံးသတ်မှာ အကျိုးအမြတ်ရရှိခဲ့တဲ့လူက လူသားမျိုးနွယ်ပဲ”

လူအုပ်ကြီးက ဆွေးနွေးပြောဆိုလိုက်ကြ၏။

All Chapters