ရောင်ပြန်ဟပ်အလင်းကွေ့ခြင်း
Vol. 109 Ch. 1634
“အထီးကျန်သိုင်းသခင်... မင်းက စကားတစ်ခွန်း နှစ်ခွန်းနဲ့ ငါတို့ကမ္ဘာဦးမျိုးနွယ် ၆စုကြား သွေးခွဲပြီး နတ်ဘုရားမျိုးနွယ်ကို စွပ်စွဲပုတ်ခတ်နိုင်မယ်ထင်နေရင်တော့ တကယ်ကိုရိုးအလွန်းတာပဲ”
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က လှောင်ပြောင်သရော်လိုသော အမူအရာတစ်ခုရှိနေ၏။ သူက အပေါ်ယံမှ စိတ်လက်ပေါ့ပါးသည့်ပုံပေါ်သော်လည်း သူ၏ နှလုံးသားထဲရှိ သတ်ဖြတ်လိုစိတ်က လျှံထွက်လုနီးပါးပင်။
ဆူဇီမိုပြောခဲ့သည့်အရာက နတ်ဘုရားမျိုးနွယ်၏ အကြီးမားဆုံး လျှို့ဝှက်ချက်ဖြစ်၏။
နှစ်ပေါင်းများစွာကြာအောင် နတ်ဘုရားမျိုးနွယ်သည် ဤလျှို့ဝှက်ချက်ကို ထွက်ပေါ်မလာစေရန် သတိထားခဲ့ရလေသည်။
နတ်ဘုရားမျိုးနွယ်၏ ဘိုးဘေးနတ်ဘုရားများသာလျှင် ဤကဲ့သို့သော အကြောင်းအရာနှင့် ထိတွေ့ပတ်သက်ခွင့်ရှိလေသည်။ အရင်တုန်းက ခွန်လွင်ဒေသကို ဂမ္ဘီရဟို့တို့က စောင့်ရှောက်နေခဲ့ကြပြီး သူတို့က လုံးဝမဝင်ရောက်နိုင်ခဲ့ပေ။
သူတို့သည် သူတို့၏ လျှို့ဝှက်အတတ်များ၏ အကူအညီနှင့်အတူ ထျန်ဟွမ်ကုန်းမြေတိုက်သို့ ခိုးဝင်နိုင်ခဲ့သည့်အကြောင်းရင်းမှာ ဂမ္ဘီရဟို့တစ်ကောင်က သားတစ်ယောက်ကို မွေးဖွားပြီး တခြားဂမ္ဘီရဟို့က အဲ့ဒါကို နေ့နေ့ညည စောင့်ရှောက်နေခဲ့ရသောကြောင့် ဖြစ်လေသည်။
ယခုအချိန်မှာ နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးအများစုသည် သူတို့ဘိုးဘေးများ၏ သားမြေးများဖြစ်ကြလေသည်။
သို့သော်လည်း ကမ္ဘာဦးမျိုးနွယ် ၈စုကို သွေးခွဲပြီး အခြားတဗူးနှစ်မျိုးနှင့်အတူ ခွန်လွင်တောင်တန်းဒေသသို့ ပူးပေါင်းတိုက်ခိုက်စေခဲ့သည်မှာ ထိုဘိုးဘေးများဖြစ်လေသည်။
အခြားတစ်ဘက်မှာတော့ နတ်ဘုရားမျိုးနွယ်သက်ရှိများ၏ ဤအုပ်စုသည် ထျန်ဟွမ်ကုန်းမြေတိုက်ကို ကျူးကျော်ဖို့အတွက် နတ်ဘုရားကုန်းမြေတိုက်ကို သတင်းပေးခဲ့ကြ၏။
ကမ္ဘာဦးခေတ်စစ်ပွဲက လုံးဝပေါ်ထွက်လာခဲ့လေသည်။
နောက်ပိုင်းတွင် ကမ္ဘာဦးခေတ်စစ်ပွဲအဆုံးသတ်သွားပြီးနောက် အမှန်တရားနှင့် ပတ်သက်၍ အမှန်တကယ်သိရှိထားသော ကမ္ဘာဦးတဗူး သုံးမျိုးသည် တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ရ၏။ နတ်ဘုရားမျိုးနွယ် သက်ရှိများ၏ ဤအုပ်စုသည် ကမ္ဘာဦးခေတ်စစ်ပွဲမှာ ရှင်သန်နိုင်ခဲ့သော နတ်ဘုရားမျိုးနွယ် သက်ရှိတချို့ကို တိတ်တဆိတ်ကယ်တင်ပြီး ထျန်ဟွန်ကုန်းမြေတိုက်မှာ သူတို့ကိုယ်သူတို့ အခြေချတည်ဆောက်ရင်း နောက်ပိုင်းမှာ ကမ္ဘာဦးမျိုးနွယ် ၉စုမြောက်အဖြစ် တဖြည်းဖြည်းဝင်ရောက်လာနိုင်ခဲ့၏။
ထိုစဉ်တုန်းက နတ်ဘုရားမျိုးနွယ် သက်ရှိများစွာ မရှိခဲ့သည့်အတွက် နတ်ဘုရားကုန်းမြေတိုက်က ပိုင်ဆိုင်သော လက်နက်များ ၊ သိုလှောင်လက်စွပ်များနှင့် အခြားရတနာများစွာကို ယခုအခါ နတ်ဘုရားမျိုးနွယ်ဝင်တိုင်းက မကိုင်ဆွဲနိုင်ကြပေ။
အဲ့ဒါကြောင့် ယေဘုယျအားဖြင့် ပြောရလျှင် ဘိုးဘေးနတ်ဘုရားများသာ နတ်ဘုရားကုန်းမြေတိုက်၏ လက်နက်များကို အသုံးပြုဖို့ အဆင့်မီပြီး နတ်ဘုရားမျိုးနွယ်၏ လျှို့ဝှက်ချက်ကို သိရှိနိုင်ကြလေသည်။
နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ပြီးနောက် လုံးဝချိတ်ပိတ်ခံရလုနီးပါး ဤလျှို့ဝှက်ချက်သည် လူသားမျိုးနွယ်မှ ဂျူနီယာတစ်ယောက်၏ ဖော်ထုတ်ခြင်းကို ခံလာရလိမ့်မည်ဟု ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က ထင်မှတ်မထားပေ။
ထိုအခိုက်အတန့်မှာ နတ်ဘုရားကလန်ခေါင်းဆောင်၏ မျက်လုံးများက ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခုနှင့် တဖျတ်ဖျတ်လက်သွားပြီး သူ၏ အမူအရာက ပျက်ယွင်းလာခဲ့၏။
သို့သော်လည်း ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က သူ၏ ဣန္ဒြေကို ဆက်လက်ထိန်းထားနိုင်ဆဲ ဖြစ်၏။ သူက ဧကရာဇ်တစ်ပါးဖြစ်လေသည်။
ဒါ့အပြင် သူသည် နတ်ဘုရားမျိုးနွယ်၏ အသန်မာဆုံး ဧကရာဇ်တစ်ပါးဖြစ်လေသည်။
သူ၏ နည်းလမ်းများသည် ဤလူသားဂျူနီယာကို ကိုင်တွယ်ဖို့ လုံလောက်သည်ဟု သူ့ကိုယ်သူ ယုံကြည်မှုရှိလေသည်။
ပို၍အရေးကြီးသည်မှာ အဲ့ဒါသည် ကမ္ဘာဦးခေတ်မှာ ဖြစ်ပျက်ခဲ့သော တစ်စုံတစ်ရာဖြစ်ပြီး အချိန်ကာလ လွန်စွာကြာညောင်းခဲ့လေပြီ။ ဤလူသားဂျူနီယာက အမှန်တရားကို တစ်နေရာရာကနေ သိရှိထားသည်ဆိုလျှင်တောင် သက်သေအထောက်အထားမရှိဘဲ မည်သူကမှ သူ့ကို ယုံကြည့်ကြလိမ့်မည် မဟုတ်ပေ။
ဤနှစ်များမှာ သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်နှင့် ပေါင်းစည်းလာနိုင်ခဲ့ပြီဖြစ်ပြီး သူတို့၏ နေရာသည် စကားလုံးအနည်းငယ်မျှနှင့် ဂျူနီယာတစ်ယောက်ကိုင်လှုပ်နိုင်သော တစ်စုံတစ်ရာမဟုတ်တော့ပေ။
“အထီးကျန်သိုင်းသခင်... မင်းမှာ ဘာသက်သေအထောက်အထားရှိလို့လဲ”
လူရိုင်းဧကရာဇ်က အသံနှိမ့်၍ မေးလိုက်လေသည်။
ဆူဇီမိုက ပြောလိုက်လေသည်။
“သက်သေအထောက်အထားက ခွန်လွင်အပျက်အစီးဒေသမှာပဲ”
ထိုနေရာအရောက်တွင် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က စိတ်လက်ပေါ့ပါးသွားပြီး သက်ပြင်းချလိုက်လေသည်။
“ဂျူနီယာ... မင်းက ငါတို့ကိုလာပြီး ဗရုတ်ကျဖို့ကြိုးစားနေတာပဲ”
ရွှေကျီးကန်းမီးဧကရာဇ်၏ မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်က တဖျတ်ဖျတ်လက်လာပြီး သူက အေးစက်စွာ ပြောလိုက်၏။
ငရဲစုန်းဧကရာဇ်နှင့် အခြားဧကရာဇ်များ၏ အမူအရာများကလည်း သုန်မှုန်လာကြ၏။
ခွန်ဧကရီက မျက်မှောင်ကြုတ်လိုက်လေသည်။
“ခွန်လွင်အပျက်အစီးဒေသမှာ နတ်ဘုရားစွမ်းအား တားမြစ်နယ်မြေဒေသတစ်ခုရှိတယ်... ပြီးတော့ မဟာယာနအဆင့်ရဲ့အထက်မှာရှိတဲ့ ဘယ်ပညာရှင်မဆို အဲ့ဒီထဲကိုဝင်ရောက်ရင် သေရလိမ့်မယ်”
“အဲ့ဒီမှာသက်သေအထောက်အထားရှိတယ်လို့ မင်းကပြောလိုက်တယ်ဆိုတော့... အဲ့ဒါက ဘာသက်သေအထောက်အထားမှ မရှိဘူးလို့ ပြောလိုက်တာနဲ့ အတူတူပဲ”
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က ပြုံးလိုက်၏။
“အားလုံးပဲ... ခင်ဗျားတို့ကြားကြတဲ့အတိုင်းပဲ... အဲ့ဒါက တကယ့်ကိုရယ်စရာကောင်းတဲ့ အမှန်တရားဆိုတဲ့အရာပဲ... ခင်ဗျားတို့တွေအားလုံးက အဲ့ဒါကို ဆက်ပြီးနားထောင်ချင်သေးလို့လား”
“ဒီဂျူနီယာက ကမ္ဘာဦးမျိုးနွယ် ၆စုကြားမှာ သွေးထိုးလှုံ့ဆော်ဖို့အတွက် ငါတို့ကိုလာပြီး အရူးလုပ်နေတာပဲ”
ငရဲစုန်းဧကရာဇ် နှင့် အခြားသူများ၏ အမူအရာများက အေးစက်၍ ရန်လိုခက်ထန်လာပြ၏။ သူတို့က ဆက်လက်၍ စိတ်မရှည်နိုင်ကြတော့ပေ။
“လူရိုင်းမျိုးနွယ်... ခွန်မျိုးနွယ် မင်းတို့တွေက အခုချိန်မှာ ဆုံးဖြတ်ချက်ချနိုင်ပြီမလား”
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က ပြုံး၍မေးလိုက်၏။
“ဒါက....”
လူရိုင်းဧကရာဇ်နှင့်ခွန်ဧကရီက တွေဝေတုံ့ဆိုင်းနေကြ၏။
ဆူဇီမိုက အလောတကြီးမရှိဘဲ ဆက်လက်၍ ပြောဆိုလာ၏။
“ဒီနေ့... မျိုးနွယ်စုတစ်သောင်းက စုဝေးလာကြပြီဆိုတော့... ကျုပ်က အချက်နှစ်ချက်ကို ပြောချင်တယ်... တစ်ခုကတော့ ကမ္ဘာဦးခေတ်စစ်ပွဲရဲ့ အမှန်တရားပဲ”
“နောက်တစ်ခုကတော့... “
ဆူဇီမိုသည် ခဏမျှရပ်တန့်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ အော်ပြောလိုက်လေသည်။
“ကျုပ်... တဗူးဂမ္ဘီရဟို့ရဲ့အမည်ကို ရှင်းလင်းပေးရလိမ့်မယ်”
ထိုစကားကိုကြားသောအခါ ညဝိညာဥ်က စိတ်လှုပ်ရှားသွားပြီး သူ၏ လက်သီးနှစ်ဖက်ကို အလိုလို ဆုပ်ထားလိုက်၏။
“နာမည်ကို ရှင်းလင်းမယ်... ဟုတ်လား”
နေရာတစ်ဝှမ်းကို အကဲခတ်ကြည့်ရင်း ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ အကြည့်က မလှမ်းမကမ်းရှိ ညဝိညာဥ်ပေါ်သို့ ဆင်းသက်သွားကာ သူက လှောင်ရယ်လိုက်၏။
“မင်းက ဘယ်နာမည်ကို ရှင်းလင်းချင်တာလဲ... အဲ့ဒါက သွေးဆာပြီးရက်စက်ကြမ်းကြုတ်တဲ့အမျိုးအနွယ်ပဲ... သူတို့မွေးဖွားလာတာနဲ့ မျိုးနွယ်စုတစ်သောင်းသတ်ဖြတ်ခံရမဲ့ ကပ်ဘေးတစ်ခုဖြစ်လာလိမ့်မယ်”
“အထီးကျန်သိုင်းသခင်က ရူးသွားတာလား”
“တဗူးဂမ္ဘီရဟို့က ကမ္ဘာဦးခေတ်စစ်ပွဲကို ဖြစ်စေခဲ့တယ်ဆိုတာ လူတိုင်းသိထားတာပဲ... သူက တခြားဘာများပြောနိုင်ဦးမှာလဲ”
“အထီးကျန်သိုင်းသခင်က သူ့ကိုယ်သူ အနိုင်နိုင်ကာကွယ်နေရတာကို ဒါတောင်သူက ဂမ္ဘီရဟို့ရဲ့အမည်ကို ရှင်းလင်းပေးချင်နေသေးတယ်... ဟီးဟီး”
လူအုပ်ကြီးထဲမှ ဆွေးနွေးပြောဆိုသံများထွက်ပေါ်လာပြီး တချို့က ခေါင်းခါယမ်းကာ တချို့က လှောင်ရယ်မောလိုက်ကြ၏။
ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။
“ခင်ဗျားတို့တွေက ခွန်လွင်အပျက်အစီးဒေသကို မဝင်ရောက်ရဲဘူးဆိုရင်လည်းရတယ်လေ... ကျုပ်က အဲ့ဒီကနေပြန်လာတာမကြာသေးဘူး... ကျုပ်က ကမ္ဘာဦးခေတ်စစ်ပွဲရဲ့ အမှန်တရားကို ခင်ဗျားတို့ ကိုယ်တိုင်မျက်လုံးနဲ့ မြင်တွေ့ရအောင်ပြပေးမယ်”
ဆူဇီမိုက ထိုသို့ပြောရင်း သူ၏ လက်ချောင်းများကို လှုပ်ရှားပြီး ဓမ္မပညာရပ်တစ်ခုကို ဆင့်ခေါ်လိုက်လေသည်။
ဓမ္မစွမ်းအားများက သူ၏ လက်ချောင်းထိပ်ကနေ ပစ်လွင့်ထွက်ပေါ်လာပြီး ပဟေဠိနန်းတော်၏ အထက် လေဟာနယ်ထဲသို့ ဝင်ရောက်သွား၏။
“ရောင်ပြန်ဟပ်အလင်းကွေ့ခြင်း”
ဆူဇီမိုက ညင်သာစွာ အော်ဟစ်လိုက်၏။
ဧရာမကြေးမုံတစ်ချပ်သည် ပဟေဠိနန်းတော်၏ အထက်ကောင်းကင်မှာပေါ်ထွက်လာပြီး ရေကဲ့သို့ကြည်လင်တောက်ပနေ၏။
“ရောင်ပြန်ဟပ်အလင်းပြန်ခြင်း... အဲ့ဒါက နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ ကမ္ဘာဦးခေတ်က လျှို့ဝှက်အတတ်တစ်ခုပဲ”
ခွန်ဧကရီက ထိုသည်ကို တွေ့မြင်သောအခါ အံ့အားတသင့်ရေရွတ်လိုက်၏။
ဤလျှို့ဝှက်အတတ်သည် ရေပြင်ကြေးမုံတစ်ခုကို ဖန်တီးပြီး ကီလိုမီတာ သန်းချီအကွာအဝေးမှ အရာဝတ္ထုများကို အလင်းကွေ့ခြင်းဖြင့် ထင်ဟပ်စေနိုင်လေသည်။ ဤလျှို့ဝှက်အတတ်သည် မည်သည့်တိုက်ခိုက်ရည်ခွန်အားကိုမှ မပိုင်ဆိုင်ထားသောကြောင့် အဲ့ဒါသည် ပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ ဆူဇီမိုသည် အဲ့ဒါကို ခွန်လွင်အပျက်အစီးဒေသကနေ ရရှိလာခဲ့ပြီး အချိန်နှင့် စွမ်းအင်အမြောက်အမြားသုံးစွဲကာ အဲ့ဒါကို ကျင့်ကြံလာခဲ့၏။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးက အလိုလိုမော့ကြည့်လိုက်ကြ၏။
ငရဲစုန်းဧကရာဇ်နှင့် ကမ္ဘာဦးမျိုးနွယ်မှ အခြားဧကရာဇ်များပင်လျှင် သူတို့၏ ခေါင်းများကိုမော့ပြီး ကောင်းကင်ထက်ရှိ ရေပြင်ကြေးမုံကို ကြည့်လိုက်ကြ၏။
ရေပြင်ကြေးမုံမှတစ်ဆင့် သူတို့သည် ရှေးကျ၍ကြောက်စရာကောင်းသော အပျက်အစီးဒေသတစ်ခုကို တွေ့မြင်လိုက်လေသည်။ ပေပေါင်းထောင်ချီရှည်လျားသော နဂါးရိုးများနှင့် ခြေသုံးချောင်း ရွှေကျီးကန်းများ၏ ရုပ်အလောင်းများကို တွေ့မြင်နိုင်လေသည်။
“အဲ့ဒါက ခွန်လွင်အပျက်အစီးဒေသပဲ”
များစွာသော သက်ရှိများသည် ရေပြင်ကြေးမုံပေါ်မှာ လက်ရှိပေါ်ထွက်နေသော မြင်ကွင်းက ခွန်လွင်အပျက်အစီးဒေသ၏ အပြင်ဘက်အစပ်ဖြစ်သည်ကို အလျင်အမြန် မှတ်မိသိရှိသွားကြ၏။
ရေပြင်ကြေးမုံမှတစ်ဆင့် ကျင့်ကြံသူများစွာသည် ခွန်လွင်အပျက်အစီးဒေသ၏ အပြင်ဘက်သို့ရောက်ရှိသွားပြီး အဲ့ဒါကို ကိုယ်တိုင်တွေ့ကြုံခံစားနေရသည်ဟု ထင်ရလေသည်။
ဆူဇီမိုက သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး သူ၏ ဓမ္မစွမ်းအားပညာရပ်ကို စေညွှန်လိုက်လေသည်။
ရေပြင်ကြေးမုံပေါ်ရှိမြင်ကွင်းများက အဆက်မပြတ် နောက်သို့ဆုတ်ခွာသွားလေသည်။
အထဲမှာရှိသောမြင်ကွင်းက ခွန်လွင်အပျက်အစီးဒေသသို့ ဝင်ရောက်လာခဲ့ပြီး အလျင်အမြန်ပြောင်းလဲနေလေသည်။
သိပ်မကြာခင် ရေပြင်ကြေးမုံပေါ်ရှိမြင်ကွင်းက နောက်တစ်ဖန် အေးခဲရပ်တန့်သွား၏။
ရေပြင်ကြေးမုံမှတစ်ဆင့် မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် အဲ့ဒါက နံရံလေးဖက်သာကျန်ရှိတော့သည့် စုတ်ပြတ်သတ်နေသော ဧရာမနန်းတော်တစ်ခုဖြစ်သည်ကို ပြောနိုင်ကြလေသည်။
“အဲ့ဒါဘာလဲ'
“ငါမသိဘူး... အဲ့ဒါက သက်သေအထောက်အထားလို့ပြောတဲ့အရာလား”
“ကြည့်စမ်း... အဲ့ဒီနန်းတော်က နံရံပေါ်မှာ ပန်းချီကားတစ်ချပ်ရှိနေတဲ့ပုံပဲ”
တစ်စုံတစ်ယောက်က ရေပြင်ကြေးမုံကို လက်ညိုးထိုးပြီး ထူးခြားမှုတစ်စုံတစ်ရာကို တွေ့ရှိသွားသောအခါ များစွာသော သက်ရှိများစွာသည် နန်းတော်၏ နံရံလေးဖက်ပေါ်ရှိ ပန်းချီကားများကို အာရုံစိုက်၍ကြည့်လိုက်ကြပြီး တဖြည်းဖြည်းနစ်မျောသွားကြ၏။
ပထမပန်းချီကားချပ်ကို တွေ့မြင်သောအခါ သူတို့က တွေဝေရှုပ်ထွေးနေဆဲ ဖြစ်၏။
သူတို့သည် ဒုတိယမြောက်ပန်းချီကားကို တွေ့မြင်သောအခါ လူအုပ်ကြီးထဲမှ ရုတ်ရုတ်သဲသဲအသံများ ထွက်ပေါ်လာ၏။
“အာ... အဲ့ဒါက ကမ္ဘာဦးခေတ်က ဂမ္ဘီရဟို့နှစ်ကောင်ပဲ”
“နတ်ဘုရားကုန်းမြေတိုက်ဆိုတာက တကယ်ပဲရှိနေတာလား”
များစွာသောသက်ရှိများသည် သံသယဝင်၍ တုန်လှုပ်လာကြ၏။
သူတို့သည် တတိယမြောက် ၊ စတုတ္ထမြောက်နှင့် ပဉ္စမမြောက် ပန်းချီကားများကို တွေ့မြင်သောအခါ မျိုးနွယ်စုတစ်သောင်းမှသက်ရှိများ၏ မျက်လုံးများထဲသို့ တုန်လှုပ်မှုများက ဝင်ရောက်လာ၏။
အဲ့ဒါက အလွန်အမင်း တုန်လှုပ်စရာကောင်းလေသည်။
အဲ့ဒါက ကမ္ဘာဦးခေတ်စစ်ပွဲရဲ့ အမှန်တရားလား။
မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် သူတို့၏ မျက်လုံးများ ပြူးကျယ်သွားပြီး အသက်ရှုဖို့ပင် ခက်ခဲလာသည့်အလား ခံစားရလေသည်။
သတ္တမမြောက် ၊ အဋ္ဌမမြောက်နှင့် တဗူးပန်းချီကားများ၏ အဆုံးသတ်၌ ပဟေဠိနန်းတော်တစ်ခုလုံးက နောက်တစ်ဖန်တိတ်ဆိတ်ငြိမ်သက်သွားပြီး ဝမ်းနည်းစရာ ဆွတ်ပျံ့မှုတစ်ခုက ပဟေဠိနန်းတော်ကောင်းကင်ထက်ကနေ လွှမ်းခြုံလာခဲ့၏။
ပန်းချီကားရှစ်ချပ်မှတစ်ဆင့် မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် ကမ္ဘာဦးခေတ်သို့ ပြန်လည်ရောက်ရှိသွားပြီး တုန်လှုပ်စရာကောင်းသော တိုက်ပွဲနှင့် ချောက်ချားစရာကောင်းသော အချိန်ကာလများကို ကိုယ်တိုင်မြင်တွေ့နေရသည့်အလား ခံစားလိုက်ရလေသည်။
အဋ္ဌမမြောက်ပန်းချီကားသည် လူတိုင်း၏ နှလုံးသားနှင့် ဝိညာဥ်များ၏ အနက်ပိုင်းထဲထိ ရိုက်ခတ်သွားသည်ဟုထင်ရလေသည်။
လက်ရှိ ဧကရာဇ်အချို့ပင်လျှင် လှုပ်ရှားယိမ်းယိုင်လာကြ၏။
ယခုအချိန်တွင် သူတို့၏ စိတ်ထဲမှာ စကားစုတစ်စုသာ ကျန်ရှိတော့လေသည်။
အဲ့ဒါက ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ နောက်ကျော ခွန်လွင်ဒေသကို ကာကွယ်ဖို့ဖြစ်လေသည်။