← Chapters

သတ်ဖြတ်လိုစိတ်

Vol. 109 Ch. 1635

သတ်ဖြတ်လိုစိတ်

Vol. 109 Ch. 1635

မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် ဆူဇီမို စောစောကပြောခဲ့သည့်အရာကို နောက်ဆုံးမှာ နားလည်သဘောပေါက်သွားကြပြီဖြစ်၏။

ထိုပန်းချီကားများက အစစ်အမှန်ဆိုလျှင် မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် ယနေ့ သူတို့အလိုရှိရာကို သွားလာနေနိုင်သည်မှာ တဗူးဂမ္ဘီရဟို့တို့က ထျန်ဟွမ်ကုန်းမြေတိုက်ကို တိတ်တဆိတ် စောင့်ရှောက်ခဲ့ကြသောကြောင့်ဖြစ်၏။

တဗူးဂမ္ဘီရဟို့တို့သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အစစ်အမှန် နတ်ဘုရားများဖြစ်လေသည်။

သို့သော် ယခုအခါ... အချိန်ကာလက တဖြည်းဖြည်း ကုန်ဆုံးလာခဲ့၏။ ဒီဘက်မျိုးဆက်မှာ အတိတ်ကာလတုန်းက ထျန်ဟွမ်ကုန်းမြေတိုက်ကို ကာကွယ်ပေးခဲ့သော တဗူးဂမ္ဘီရဟို့မျိုးနွယ်သည် မျိုးနွယ်စုတစ်သောင်း၏ အမဲလိုက်ခြင်းကို ခံနေရ၏။

မျိုးနွယ်စုတိုင်းက သူတို့ကိုသတ်ဖြတ်ချင်နေကြ၏။

အဲ့ဒါက ဘယ်လောက်တောင် ကြောင်တိကြောင်တောင်နိုင်လိုက်သလဲ။ ငရဲစုန်းဧကရာဇ် ၊ ရွှေကျီးကန်းမီးဧကရာဇ်နှင့် အခြားဧကရာဇ်များသည် သူတို့၏ မျက်လုံးကို မှေးကျဥ်းပြီး ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်နှင့် အခြားသော နတ်ဘုရားမျိုးနွယ်ဝင်များကို သတိကြီးကြီးထား၍ စေ့စေ့စပ်စပ်အကဲခတ်ကြည့်ရှုလိုက်ကြ၏။

ခွန်ဧကရီနှင့် လူရိုင်းဧကရာဇ်တို့ကတော့ သူတို့သည် ချန်နဂါးဧကရာဇ်၏ ဘေးမှာ လုံးဝရပ်တည်လိုက်ကြပြီဖြစ်ပြီး နတ်ဘုရားမျိုးနွယ် သက်ရှိများအပေါ် သိပ်သည်းပြင်းထန်သော ရန်လိုစိ​တ်ကို ထုတ်ဖော်နေကြ၏။

ဘိုးဘေးနတ်ဘုရားများစွာသည် ဖြူဖပ်ဖြူရော်ဖြစ်လာပြီး ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်ကို အလိုလိုလှည့်ကြည့်လိုက်ကြ၏။

ထိုအခိုက်အတန့်မှာပင်လျှင် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က တည်ငြိမ်နေဆဲ ဖြစ်ပြီး အမူအရာကင်းမဲ့နေ၏။

ထိုအခိုက်အတန့်မှာ သူသည်လည်းပဲ စိတ်ထဲကနေ မချင့်မရဲဖြစ်နေလေသည်။

ဆူဇီမို၏ ရွှေ့ကွက်က သူမျှော်လင့်ထားသည်ထက် တကယ့်ကိုကျော်လွန်သွားခဲ့လေပြီ။ သို့သော်လည်း သူသည် သိပ်သည်းပြင်းထန်သော စိတ်စွမ်းအားကို ပိုင်ဆိုင်ထားပြီး ခံစားချက်ကင်းမဲ့စွာဖြင့် ရပ်တည်နိုင်လေသည်။ သူ၏ စိတ်ခံစားချက် သို့မဟုတ် အတွေးအကြံများကို မည်သူကမှ မမှန်းနိုင်ကြပေ။

“မျိုးနွယ်စုတစ်သောင်းက ခင်ဗျားတို့တွေအားလုံးက ဒီနေ့ဒီနေရာကို ရောက်နေကြပြီဆိုတော့... ခင်ဗျားတို့တွေထဲ ဘယ်သူကများ ညဝိညာဥ်ကို သတ်ဖြတ်ချင်ကြသေးလဲ”

ဆူဇီမိုက ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး လေးနက်သောအသံဖြင့် မေးလိုက်၏။

မည်သူကမှ ပြန်မဖြေကြပေ။

သည့်ယခင်က သက်ရှိတိုင်းနီးပါးသည် ညဝိညာဥ်ကို တတ်နိုင်သမျှ မြန်မြန်သတ်ဖြတ်ချင်နေခဲ့ကြ၏။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သက်ရှိများစွာက မလုံမလဲခံစားချက်နှင့်အတူ သူတို့၏ ခေါင်းများကို ငုံထားကြ၏။

သူတို့သည် ယနေ့ထျန်ဟွမ်ကုန်းမြေတိုက်မှာ ကျင့်ကြံပြီး ရှင်သန်နေထိုင်ခဲ့ရသည့်အကြောင်းရင်းမှာ ကမ္ဘာဦးခေတ်တုန်းက တဗူးဂမ္ဘီရဟို့သည် ထျန်ဟွမ်ကုန်းမြေတိုက်ကို နောက်ကျောပေး၍ ခွန်လွင်ဒေသကို စောင့်ကြပ်နေခဲ့သောကြောင့် ဖြစ်သည်ဟုဆိုလျှင် ချဲ့ကားရာကျမည် မဟုတ်ပေ။

တဗူးဂမ္ဘီရဟို့တစ်ကောင်က တောင်ကြားထဲမှာ တစ်ယောက်တည်းရပ်တည်ပြီး နတ်ဘုရားမျိုးနွယ် သက်ရှိများအားလုံးကို သတ်ဖြတ်ခဲ့လေသည်။

“ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်... ခင်ဗျားမှာ ဘာပြောစရာသေးလဲ”

ငရဲစုန်းဧကရာဇ်က အေးစက်စွာဖြင့် မေးလိုက်၏။

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က ရယ်မောလိုက်လေသည်။

“ဒီလိုမျိုး... ကောက်ကျစ်တဲ့နည်းလမ်းမျိုးကို ဘယ်သူကယုံမှာလဲ... မင်းက ပန်းချီကား ၈ချပ်လောက်နဲ့ နတ်ဘုရားမျိုးနွယ်ကို စွပ်စွဲပြောဆိုနိုင်မယ် ထင်နေတာလား”

ငရဲစုန်းဧကရာဇ်နှင့် တခြားသူများက တိတ်ဆိတ်ငြိမ်သက်သွား၏။

တကယ်ပင် ပန်းချီကား ၈ချပ်က တစ်စုံတစ်ရာကို သက်သေပြမပေးနိုင်ပေ။ လူရိုင်းဧကရာဇ် ၊ ခွန်ဧကရီနှင့် သက်ရှိအများစု၏ ရင်ထဲမှာ အဲ့ဒါသည် ကမ္ဘာဦးခေတ်စစ်ပွဲ၏ နောက်ကွယ်မှ အမှန်တရားဖြစ်သည်ဆိုတာကို သေချာသလောက်နီးပါး လက်ခံယုံကြည်ထားကြလေသည်။

သို့သော်လည်း အဲ့ဒါက မလုံလောက်ပေ။

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က လှောင်ရယ်လိုက်၏။

“နတ်ဘုရားမျိုးနွယ်က ပန်းချီဆရာကောင်းကောင်းတစ်ယောက်ကို ရှာပြီးရင် အချိန်အနည်းငယ်သုံးပြီး ဒီလိုမျိုးပန်းချီကားတွေကို ထောင်နဲ့ချီပြီး အလွယ်တကူဖန်တီးပြလို့ရတယ်... ဒီလိုမျိုး ဘာမဟုတ်တဲ့အရာတွေကို သက်သေအထောက်အထားအဖြစ် ဘယ်လိုသုံးနိုင်မှာလဲ... ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်သလဲ”

“ရတယ်လေ”

ဆူဇီမို၏ အမူအရာက လှောင်ပြောင်သရော်နေသည့်ပုံပေါ်လေသည်။

“မင်းက အဲ့ဒါကို ဝန်ခံမှာမဟုတ်ဘူးဆိုတာကို ငါသိသားပဲ”

“အားလုံးပဲ... ကျေးဇူးပြုပြီး ဆက်ကြည့်ပေးကြပါဦး”

ဆူဇီမိုက လှောင်ရယ်၍ သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ကာ လက်ဟန်ချိပ်စည်းများကို ပြောင်းလဲလိုက်လေသည်။

မိုးကောင်းကင်ထက်ရှိ ရေပြင်ကြေးမုံမှမြင်ကွင်းများက ဆက်လက်၍ ရှေ့သို့တိုးလာခဲ့၏။ တဖြည်းဖြည်း... ရှည်လျား၍ ကြီးမားသောတောင်ကြားတစ်ခုက သူတို့ရှေ့မှာ ပေါ်ထွက်လာ၏။ အဲ့ဒီမှာ သွေးများနှင့် အလောင်းများ ပြည့်နှက်နေလေသည်။

“အား... အဲ့ဒါက စောစောက ပန်းချီကားထဲက တောင်ကြားဖြစ်တဲ့ပုံပဲ”

“ပန်းချီကားထဲက သက်တံလိုဏ်ဂူက တောင်ကြားရဲ့အစွန်းမှာရှိနေတာပဲ”

“တောင်ကြားရဲ့တစ်ဘက်တစ်ချက်စီမှာရှိတဲ့ ကြီးမားတဲ့အလောင်းနှစ်လောင်းက ကမ္ဘာဦးခေတ်က ဂမ္ဘီရဟို့နှစ်ကောင်ဖြစ်ရမယ်... သူတို့က ဒိလောက်အချိန်ကြာမြင့်ပြီးတာတောင် ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ အော်ရာကို ပိုင်ဆိုင်ထားနိုင်တုန်းပဲဆိုတော့...”

“ဘုရားရေ... တောင်ကြားထဲမှာ အလောင်းတွေအများကြီးပဲ”

“သူတို့အားလုံးက နတ်ဘုရားမျိုးနွယ်ဝင်တွေပဲ”

“သူတို့ရဲ့ အသွေးအသားတွေကျန်ရှိနေသေးတဲ့ နတ်ဘုရားမျိုးနွယ်ဝင်တွေရဲ့ အလောင်းတွေ ဒီလောက်အများကြီးက ဘာလို့ရှိနေတာလဲ... သူတို့က သေထားတာမကြာသေးတဲ့ပုံပဲ”

လူအုပ်ကြီးက အံအားတသင့်ရေရွတ်ပြောဆိုလိုက်ကြ၏။

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်လာခဲ့၏။ သူက နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားထဲရှိ နတ်ဘုရားမျိုးနွယ်အလောင်းများကို စိုက်ကြည့်ရင်း နောက်ပစ်ထားသော သူ၏ လက်ဖဝါးက လက်သီးအဖြစ်ဆုပ်သွားခဲ့ပြီဖြစ်ပြီး အနည်းငယ်တုန်ယင်နေ၏။

ထိုနတ်ဘုရားမျိုးနွယ်သက်ရှိများသည် သေဆုံးသွားခဲ့သည်မှာ မကြာသေးသည်ကို သူပြောနိုင်လေသည်။

အဲ့ဒါက လွန်ခဲ့သည့်နှစ်တစ်ရာလောက်က ဖြစ်ပေလိမ့်မည်။ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ လည်ပင်းပေါ်တွင် သွေးကြောများက ဖောင်းကြွလာခဲ့၏။ သူက စိတ်ခံစားချက် ဘယ်လောက်တောင် မြင့်တက်လာသလဲ သိသာလေသည်။

ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။

“လွန်ခဲ့တဲ့ နှစ်၈၀ က ခွန်လွင်အဟန့်အတားရဲ့ ချိတ်စည်းက အားလျော့သွားပြီး နတ်ဘုရားကုန်းမြေတိုက်က နောက်တစ်ဖန်ကျူးကျော်လာခဲ့တယ်... ကျုပ်က ညဝိညာဥ်နဲ့ ပူးပေါင်းပြီးတော့ နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားမှာ အဲ့ဒီနတ်ဘုရားမျိုးနွယ်တွေအားလုံးကို သတ်ပစ်ခဲ့တယ်”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ အမူအရာက လုံးဝညိုမည်းလာခဲ့ပြီဖြစ်၏။

သူသည် မလှမ်းမကမ်းရှိ ဆူဇီမိုကို စိမ်းစိမ်းဝါးဝါး လှည့်ကြည့်လာခဲ့ပြီး သူ၏ ရင်ထဲရှိ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားနိုင်တော့ပေ။

ထိုတောင်းကြားထဲရှိ ရုပ်အလောင်းများစွာက သူ၏ မျိုးနွယ်ဝင်များ ဖြစ်လေသည်။

အဲ့ဒီမှာ နတ်ဘုရားမျိုးနွယ် သက်ရှိများစွာ ​ရှိကြလေသည်။ သူတို့သည် ထျန်ဟွမ်းကုန်းမြေတိုက်ကြီးသို့ ဝင်ရောက်လာနိုင်မည်ဆို... သူသည် နတ်ဘုရားကုန်းမြေတိုက်နှင့် ချိတ်ဆက်ကာ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို အုပ်စိုးနိုင်မည့်အခွင့်အလမ်းတစ်ရပ်ကို ရှာဖွေနိုင်ပေလိမ့်မည်။

သို့သော် ယခုအခါ... သူတို့၏ သရုပ်သကန်နှင့် နောက်ခံများက ဖော်ထုတ်ခံလိုက်ရလေပြီ။

ထိုနတ်ဘုရားမျိုးနွယ် သက်ရှိများအားလုံးကလည်း သတ်ဖြတ်ချေမှုန်းခံခဲ့ရ၏။

ထိုအခိုက်အတန့်မှာ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် ဆူဇီမိုကို အရိုးထိတိုင်မုန်းတီးနေ​လေသည်။

ချန်နဂါးဧကရာဇ်က သုန်မှုန်နေသော အမူအရာနှင့်အတူ သတိကြီးကြီး ထားနေ၏။ သူက ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်ကို စိုက်ကြည့်ပြိး အချိန်မရွေးတိုက်ခိုက်ဖို့ ပြင်ဆင်ထားလေသည်။

“ခင်ဗျားတို့တွေ​က ကျုပ်ကို မယုံကြည်သေးဘူးဆိုရင် ဒါကို တစ်ချက်ကြည့်လိုက်ဦး”

ဆူဇီမိုက သူ၏ သိုလှောင်အိတ်ကိုပုတ်ပြီး တလက်လက်တောက်ပနေသော ရွှေရောင်လက်နက်များကို အပုံလိုက်ပစ်ချကာ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျလာစေလေသည်။

ထိုလက်နက်များအားလုံးသည် ဧကရာမရွှေရောင်ဓားများ ၊ လှံများ ၊ ဒိုင်းကာများနှင့် သိုလှောင်လပ်စွပ်များဖြစ်ကြလေသည်။

ထိုဂမ္ဘီရလက်နက်များကို နတ်ဘုရားမျိုးနွယ်ကသာလျှင် ပိုင်ဆိုင်နိုင်လေသည်။

ထိုလက်နက်များကို နတ်ဘုရားမျိုးနွယ်ကသာလျှင် ထိန်းချုပ်နိုင်လေသည်။ အဲ့ဒါကြောင့် ဆူဇီမိုသည် သူတို့ကို သာမန်ကာလျှံကာ ပစ်ထုတ်ပြလိုက်ရသည့်အတွက် မည်သည့်နာကျင်မှုကိုမှ မခံစားရပေ။

နတ်ဘုရားမျိုးနွယ် သက်ရှိများစွာက ဒေါသူပုန်ထသွားပြီး သတ်ဖြတ်လိုစိတ်က တလိပ်လိပ်တက်လာကြ၏။

ထိုလက်နက်များသည် နတ်ဘုရားမျိုးနွယ် သက်ရှိများစွာ၏ စိတ်ပိုင်းဆိုင်ရာ အခုအခံကို လုံးဝ ကြေမွပျက်စီးသွားစေ၏။

“အထီးကျန်သိုင်းသခင်”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က အံကိုတင်းတင်းကြိတ်ပြီး အေးစက်စွာပြောလိုက်၏။

“ကောင်းတယ်ကွာ... သိပ်ကောင်းတယ်”

ရွှစ်...

ဖျတ်ခနဲဆို သူက နေရာကနေပျောက်ကွယ်သွား၏။

ချန်နဂါးဧကရာဇ်၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ အမူအရာက သုန်မှုန်ခက်ထန်လာခဲ့၏။ သူ၏ သွေးချီကို လှည့်ပတ်ပြီး သူ၏ လက်ဖဝါးထဲမှာ နတ်ဘုရားစွမ်းအားတစ်ခုကို ဆင့်ခေါ်ကာ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်ဆင်လိုက်၏။

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က ဒေါသထွက်နေသည့်အတွက် သူသည် မုန်တိုင်းတစ်ခုကဲ့သို့ သေချာပေါက် တိုက်ခိုက်လာပေလိမ့်မည်။

သို့သော် မကြာခင်မှာ ချန်နဂါးဧကရာဇ်က မျက်မှောင်ကြုတ်လိုက်၏။ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် ဆူဇီမိုကို လုံးဝတိုက်ခိုက်မလာသည်ကို သူက သိရှိနားလည်လိုက်၏။

ထိုအစား သူက အခြားတစ်ဘက်သို့ ပြေးဝင်သွားခဲ့လေသည်။

အဲ့ဒါက ညဝိညာဥ်ရှိရာဘက်ဖြစ်လေသည်။

အား...

လူအုပ်ကြီးက အံ့အားတသင့်ရေရွတ်လိုက်ကြ၏။

ချန်နဂါးဧကရာဇ်သည် အနည်းငယ်တွေဝေတုံ့ဆိုင်းသွားသော်လည်း သူက ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်ကို တား​ဆီးဖို့အတွက် ရှေ့သို့တက်လှမ်းသွားခြင်း မရှိပေ။

သူက ဆူဇီမို၏ ဘေးကနေ ထွက်ခွာမသွားရဲပေ။

သူက ညဝိညာဥ်ကို ကယ်တင်ဖို့အတွက် ရှေ့သို့တက်လှမ်းသွားသည်နှင့်အမျှ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က သူ၏ ပစ်မှ​တ်ကို ရုတ်တရက်ပြောင်းလဲပြီး ဆူဇီမိုဘက်သို့လှည့်ကာ သတ်ဖြတ်ဖို့ကြိုးစားလာမည်ဆိုလျှင် သူက နောင်တရဖို့အတွက် နောက်ကျလွန်းသွားပေလိမ့်မည်။

တကယ်တော့... အဲ့ဒါသည် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ ရက်စက်ကောက်ကျစ်သော စိတ်ဆန္ဒလည်း ဖြစ်ပေသည်။

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က ဒေါသထွက်နေသော်လည်း သူက သူ၏ စိတ်ကို ကောင်းကောင်းထိန်းချုပ်ထားနိုင်၏။

ချန်နဂါးဧကရာဇ်၏ ကာကွယ်နှင့်အတူ သူ့အနေဖြင့် ဆူဇီမိုကိုသတ်ဖြတ်ဖို့က မဖြစ်နိုင်သလောက်နီးပါးပင်ဆိုတာကို သူက ကောင်းကောင်းသိလေသည်။

သို့သော်လည်း သူက ကျားကို သူ၏ တောအုပ်ကနေ ထွက်လာအောင် မျှားခေါ်ထုတ်ရပေမည်။

ချန်နဂါးဧကရာဇ်က ညဝိညာဥ်အပေါ် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ် တိုက်ခိုက်မှုကို တားဆီးမည်ဆိုလျှင် ဆူဇီမိုက အကာအကွယ်မဲ့သွားပေလိမ့်မည်။

ထိုအခါသူက အခွင့်အလမ်းကို ချိန်ဆပြီး ဆူဇီမိုကို သတ်ဖြတ်နိုင်ပေလိမ့်မည်။

ချန်နဂါးဧကရာဇ်က ထိုသို့လှုပ်ရှားမလာဘူးဆိုလျှင် သူက ထို အခြေအနေကို အသုံးချကာ ဒီဘက်မျိုးဆက်၏ တဗူးဂမ္ဘီရဟို့ကို ဤနေရာမှာ သတ်ဖြတ်ရပေမည်။ အဲ့ဒါသည် တောင်ကြားထဲမှာ သေဆုံးခဲ့ရသော နတ်ဘုရားမျိုးနွယ် သက်ရှိများစွာအတွက် လက်စားချေပေးခြင်းဖြစ်ပေလိမ့်မည်။

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ ကျင့်ကြံမှုအဆင့်နှင့် စွမ်းအားကြီးသော တိုက်ခိုက်ရည်ခွန်အားအရ လ​က်ရှိ လူသုံးယောက်ကသာလျှင် သူ၏သတ်ဖြတ်ခြင်းကို တားဆီးနိုင်ပေလိမ့်မယ်။

ချန်နဂါးဧကရာဇ်က ​ဆူဇီမိုကို စောင့်ကြပ်နေပြီး ထွက်ခွာမလာရဲပေ။

ငရဲစုန်းဧကရာဇ်နှင့် ရွှေကျီးကန်းမီးဧကရာဇ်တို့က မည်သည့်အရာကိုမှ မတွေ့မြင်သည့်အလား အမူအရာကင်းမဲ့ မျက်လွှာချထားကြ၏။

သူတို့သည် ကမ္ဘာဦးခေတ်စစ်ပွဲ၏ အမှန်တရားကို သိရှိထားပြီဆိုလျှင်တောင် သူတို့သည် ညဝိညာဥ်ကို ကယ်တင်ဖို့ ရွေးချယ်ကြလိမ့်မည် မဟုတ်ပေ။

ဘာပဲပြောပြော သူတို့၏ ဘိုးဘေးများသည်လည်း ကမ္ဘာဦးခေတ်စစ်ပွဲမှာ ဝင်ပါခဲ့ကြ၏။

တဗူးဂမ္ဘီရဟို့က ကြီးပြင်းလာပြီးနောက် သူတို့အပေါ် လက်စားချေမလာပါဘူးဟု မည်သူက အာမခံနိုင်မလဲ။ တစ်စုံတစ်ယောက်က တဗူးဂမ္ဘီရဟို့ကို သတ်ဖြတ်နိုင်မည်ဆိုလျှင် အဲ့ဒါက သူတို့အတွက် အနာဂတ်ပြဿနာကို ဖြေရှင်းပေးပြီးသားဖြစ်သွားပေလိမ့်မည်။

ယခုအချိန်မှာ... ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က ကိုယ်တိုင်တိုက်ခိုက်လာသည့်အတွက် ညဝိညာဥ်က သေဆုံးရဖို့ သေချာသလောက်နီးပါး ဖြစ်သွားခဲ့လေပြီ။

All Chapters