← Chapters

တစ်ယောက်တစ်လှည့်

Vol. 4 Ch. 45

တစ်ယောက်တစ်လှည့်

Vol. 4 Ch. 45

“ အလို.. ယန်အိမ်တော်၊ ကျောက်အိမ်နဲ့ လျိုအိမ်က လူတွေပါ ပါလာတာလား၊ ဟားဟားဟားဟားဟား ကြည့်ရသလောက်ကတော့ ဒါတွေအားလုံး ပြီးသွားရင် ဒီမြို့မှာ မိသားစုကြီးဆိုလို့ နှစ်ခုပဲ ရှိတော့မယ်နဲ့ တူပါတယ်။ “

ဖုန့်ကျန်းရှန်က ခပ်အေးအေးပြောလိုက်သည်။ ရောက်လာသောသူများကို ကြည့်ပြီး ကြောက်လန့်ရမည့်အစား ဖုန့်ကျန်းရှန်က ပို၍ပင် စိတ်အားတက်ကြွသွားသည့်ဟန် ရှိသည်။

ထိုအပြုအမူကြောင့် နံဘေးမှ ဘေးထိုင်ဘုပြောနေကြသော ပွဲကြည့်သူများနှင့် ကာယကံရှင် ယန်အိမ်တော်တို့အဖွဲ့ပါ အူကြောင်ကြောင်ဖြစ်သွားကြသည်။ လူတိုင်းထင်ကြသည်မှာ ဖုန့်အိမ်ရဲ့ မဟာအကြီးအကဲက အကြောက်လွန်ပြီး ရူးသွားသည်ဟု ထင်နေကြပါ၏။

ဒါမျိုးက မဆန်းပါ။ ယန်မိသားစု၊ ကျောက်မိသားစုနှင့် လျိုမိသားစုတို့ ပူးပေါင်းပြီး တိုက်ခိုက်သော အင်အားစုက မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် အင်မတန်ကြောက်မက်ဖွယ် ကောင်းလှပေလိမ့်မည်။

“ ဟမ့် မင်းက တကယ့်အဖြစ်အပျက်ကို မမြင်နိုင်ဘူးပဲ၊ မင်းကော ဖုန့်အိမ်တော်ကော ဒီနေ့ပျက်စီးပြီသာ မှတ်တော့။ အကုန်လုံးသေရမယ်၊ ကလေးရော ခွေးရောမကျန် သေရမယ်။ ကောင်မလေးငယ်ငယ်လေးတွေ ဆိုလို့ရှိရင် မုဒိမ်းကျင့်ခံရပြီးတော့ ပြည့်တန်ဆာအိမ်ကို အကုန်ရောက်ပြီသာမှတ်။ “

ယန်ကျန်းက ယုတ်မာပက်စက်စွာ ပြောလိုက်သည်။

“ ဟင်းဟင်းဟင်း... ဖုန့်အိမ်တော်ကို ဖျက်ဆီးချင်တယ်ဟုတ်လား။ ဘာနဲ့ဖျက်ဆီးမှာလဲ၊ မင်းရဲ့ သောက်သုံးမကျတဲ့ အမှိုက်လိုမျိုး ကျင့်ကြံခြင်းအဆင့်နဲ့ ဖျက်ဆီးချင်တာလား။ “

ဖုန့်ကျန်းရှန်က ဒေါသမထွက်ဘဲ ပြန်လှောင်ပြောင်လိုက်သည်။ ယန်ကျန်း၏ မျက်နှာအမူအရာက ဒေါသဖြင့် တွန့်လိမ်သွားသည်။ ဖုန့်ကျန်းရှန်၏ လှောင်ပြောင်မှုက သူ့အရှိုက်ကို ထိသွားသည်မဟုတ်ပါလား။

သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ချက်ချင်းပင် သူ့ထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက သတ်ဖြတ်လိုစိတ်အပြည့်နှင့် ထွက်ပေါ်လာ၏။ အချိန်မရွေးတိုက်ခိုက်ရန် သူ ဟန်ပြင်ထားသည်။

လမ်းကြားတွင် လေထုက ပိုမို၍ လေးလံလာသည်။ မြူခိုးချိုင့်ဝှမ်းမြို့အတွင်းရှိ ဘေးမှ ထိုင်ကြည့်နေကြသော အဖွဲ့များကလည်း အသက်ကို အောင့်ထားပြီး တိတ်ဆိတ်စွာ ကြည့်နေကြသည်။ တားဆီး၍ မရနိုင်သော တိုက်ပွဲကြီးဖြစ်လာတော့မည်ကို စောင့်စားနေကြသည်။

“ မင်းတို့ရဲ့ ဘဝင်မြင့်မှုကပဲ မင်းတို့ရဲ့ အဆုံးသတ်ကို ဖြစ်စေခဲ့တာပဲ၊ မိသားစုကြီးသုံးစုရဲ့ ပူးပေါင်းထားတဲ့ အင်အားစုကို မင်းတို့နိုင်မယ်များ ထင်နေလား။ ဒီနေ့မှာ ဖုန့်အိမ်တော်ဆိုတာ သမိုင်းကနေပြီး ပျောက်ကွယ်သွားစေရမယ်။ “

ယန်‌ကျန်းက ကျယ်လောင်စွာဖြင့် ကြွေး‌ကြော်လိုက်သည်။

“ ဟားဟားဟားဟား “

ဖုန့်ကျန်းရှန်က ခပ်ဖျော့ဖျော့ရယ်လိုက်ပြန်သည်။ သူ့အသံက တင်းမာနေသော လေထုအလယ်တွင် တည်ငြိမ်စွာပေါ်နေသည်။ ယန်ကျန်းနှင့် တခြားသောယန်အိမ်၊ ကျောက်အိမ်နှင့် လျိုအိမ်မှ လူများအားလုံးကို စိုက်ကြည့်သော သူ၏ မျက်ဝန်းထဲမှ အကြည့်သည် အန္တရာယ်အရိပ်အယောင်များ စတင်၍ ပေါ်လာသည်။

“ ယန်ကျန်း မင်း လူနည်းနည်းလောက်လေး ခေါ်လာနိုင်တာနဲ့ ဖုန့်အိမ်ကို ကိုင်တွယ်နိုင်ပြီလို့ မင်း တကယ်ပဲ ထင်နေတာလား။ “

ဖုန့်ကျန်းရှန်၏ အသံက တည်ငြိမ်နေ၏။ သူ၏ ယုံကြည်မှုကလည်း မယိမ်းမယိုင်ပါ။

“ ငါတို့ ဖုန့်အိမ်တော်က ရှိသမျှလျှို့ဝှက်ချက်တွေ အကုန်လုံး ထုတ်ပြလိုက်ပြီလို့ မင်းတို့ တကယ်ပဲ ထင်နေတာလားဟ၊ အဲ့ဒါဆိုရင်တော့ လုံးဝ မင်းတို့ မှားသွားပြီ။ ငါတို့အိမ်တော်ကို မင်းတို့က လွယ်လွယ်ကူကူနဲ့ ခြေမုန်းနိုင်မယ်လို့ ထင်တယ်ဆိုရင် မင်းတို့ရဲ့ ယုံကြည်မှုကို ပြိုကွဲသွားစေရမဲ့ မြင်ကွင်းကို ငါ ပြပါရစေ။ “

ထိုသို့ပြောလိုက်ပြီးနောက် ဖုန့်ကျန်းရှန်က သူ့လက်ကို မြှောက်လိုက်သည်။ ထို့နောက် လက်ဖျောက်တစ်ချက် တီးလိုက်၏။

ဖျောက်

သူ့လက်ဖျောက်တီးသံသည် လမ်းကြားတစ်ခုလုံးနှင့် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တစ်ခုလုံးကို ကျယ်လောင်သည့်အသံ ဖြစ်သွားစေခဲ့ပါသည်။ ရုတ်တရက် မြေပြင်တစ်ခုလုံးက တဆတ်ဆတ်တုန်ခါလာသည်။ လေထုတစ်ခုလုံးသည် ပဲတင့်သံခတ်လာပြီး ယိမ်းခါလာသည်။ ထိုအရာများအားလုံးက ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအားများကြောင့် ဖြစ်ပေါ်လာသော အရိပ်အယောင်များ ဖြစ်သည်။

လမ်းကြားလေး၏ မှောင်မိုက်နေသော အရိပ်ထဲမှ ပုံရိပ်ငါးခုက ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ပထမတစ်ယောက်ထက် ဒုတိယတစ်ယောက်က အရှိန်အဝါပိုကြီးသည်။ ဒုတိယတစ်ယောက်ထက် တတိယတစ်ယောက်က ပို၍ အရှိန်အဝါကြီးသည်။

ထိုကဲ့သို့ တစ်ယောက်ထက်တစ်ယောက် ကြီးမားသော အရှိန်အဝါငါးခုက ထွက်လာ၏။ ထိုအရှိန်အဝါများသည် ယန်၊ ကျောက်နှင့် လျိုမိသားစုမှ စွမ်းအားရှင်များ၏ အရှိန်အဝါများကို မဖိနှိပ်နိုင်ရင်တောင် တန်းတူထက်တော့ မြင့်မားလွန်းလှပါသေးသည်။

ထိုမြင်ကွင်းကြောင့် ဘေးမှ ပွဲထိုင်ကြည့်နေသော သူများအားလုံးလည်း ပင့်သက်များ ရှိုက်လိုက်ကြသည်။ ထိုရောက်လာသော သူများအားလုံး၏ အရှိန်အဝါကို သူတို့အာရုံလိုက်ကြသောအခါ ပို၍ ထိတ်လန့်သွားသည်။ အားလုံးမှာ ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူများ ဖြစ်နေကြပါ၏။

“ နောက်ကျသွားလို့ ဆောရီးပဲ ကျန်းရှန်ရေ။ “

ဖုန့်ကျီလန်းက ခပ်ဖျော့ဖျော့ပြုံးရင်း ပြောလိုက်၏။ သူမ၏ လေသံသည် တိုက်ခတ်နေသော လေပြေလေညင်းလေးအလား ဖြစ်နေ၏။

“ ဒီခွေးသားတွေ ပေါ်လာအောင်လို့ ငါတို့က ထိုင်စောင့်နေရတာကွာ။ “

ဖုန့်လီဝေ့ကလည်း လက်ပိုက်လျက် ဘာမထီသော ဟန်ပန်ဖြင့် ပြောလိုက်သည်။ သူ့အကြည့်က ရန်သူများကို အထင်မြင်သေးနေသည့်အပြင် ဒေါသပုန်လည်း ထနေပါ၏။

အကြီးအကဲလောတစ်ယောက် တိုက်ပွဲထဲသို့ ဝင်လာသည်နှင့် သူအပါအဝင် တခြားသောသူများအားလုံး လှုပ်ရှားရန် ပြင်နေခဲ့သည်။ ဒါပေမဲ့ သူတို့ကိုယ်သူတို့ စိတ်ထိန်းပြီး နေခဲ့ရခြင်းမှာ ရန်သူဘက်မှလည်း တခြားသူများပုန်းအောင်းနေသည်ကို သတိပြုမိသောကြောင့်ပင် ဖြစ်သည်။

“ နောက်‌ဆုံးတော့လည်း မိသားစုသုံးစုက လှုပ်ရှားလိုက်ပြီပဲ၊ ငါတို့က ဒီလိုမျိုး အချိန်ရောက်ဖို့အတွက် အကြာကြီးကို စောင့်လိုက်ရတာပဲ။ “

ဖုန့်လျန်ချန်းက တွေးတွေးဆဆနှင့် ပြောလိုက်သည်။ နောက်ဆုံးတွင် သူတို့သည် ထိုမုန်းတီးဖွယ်၊ စက်ဆုပ်ဖွယ်ကောင်းသော မိသားစုများကို ရှင်းပစ်၍ ရပါပြီ။ ဖုန့်မိသားစုအိမ်တော်မှ မဟာအကြီးအကဲများ ထွက်ပေါ်လာမှုက အခြေအနေတင်းမာမှုကို နောက်တစ်ဆင့်သို့ ရောက်သွားခဲ့၏။

စစချင်းတုန်းက ဖုန့်အိမ်တော်၏ အခြေအနေက အနိမ့်ဘက်သို့ ရောက်နေပြီဖြစ်သည်။ ယခုအချိန်တွင်တော့ အကြီးအကဲများ ပေါ်လာခြင်းကြောင့် အခြေအနေမှာ သာတူညီမျှသော အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ။ စောင့်ကြည့်နေသော သူများအားလုံးက တီးတိုးသံများဖြင့် ဆွေးနွှေးနေကြပါသည်။

“ ဖုန့်အိမ်တော်က ဒီလိုမျိုး ကြီးကြီးမားမားလျှို့ဝှက်ထားမယ်လို့ ဘယ်သူထင်မှာလဲ။ “

“ ငါလခွမ်းနဲ့မှ နောက်ထပ် ချီအရည်ဖွဲ့ခြင်းအဆင့် ငါးယောက်တောင် ထပ်ထွက်လာပြန်တယ်။ “

“ ငါထင်တာက ဖုန့်အိမ်တော်မှာ ဖုန့်ချန်းတစ်ကောင်ပဲ လောက်လောက်‌လားလား စွမ်းအားကြီးတဲ့လူလို့ ထင်ထားတာ၊ ငါတော့ အကြီးကြီးမှားပြီ။ “

“ အခြေအနေကြည့်ရသလောက်ကတော့ ယန်၊ ကျောက်နဲ့ လျိုမိသားစု‌တွေက ဖုန့်အိမ်တော်ကို ဒီနေ့ အမြစ်ဖြုတ်ဖို့ဆိုရင် ထင်သလောက် လွယ်ပုံမရဘူး။ “

“ ဖုန့်ချန်းသာ တိုက်ပွဲထဲ ရောက်လာလို့ရှိရင်တော့ မိသားစုသုံးစုလုံးကတော့ အကုန်သေပြီပဲဟေ။ “

လူတိုင်းက ဖုန့်အိမ်တော်မှ မဟာအကြီးအကဲများကို မြင်ပြီးနောက် ထိတ်လန့်နေကြသည်။ ယခုမှသာ ဖုန့်အိမ်တော်ကို သူတို့ မည်မျှပင် အထင်သေးခဲ့မိသည်ကို ကောင်းကောင်းနားလည်သွားခဲ့သည်။ မိသားစုငါးစုတွင် ဖုန့်အိမ်တော်က အားအနည်းဆုံးဟု သူတို့ ထင်မြင်ခဲ့မိ၏။ တကယ့်တကယ်တော့ ဖုန့်အိမ်တော်က အင်အားအကြီးဆုံးပင် ဖြစ်နေခဲ့သည်မဟုတ်ပါလား။

All Chapters